Wednesday, August 15, 2012

ဒုသမ္မတ အမည် ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ကြေညာမည်


     လစ်လပ်နေသော ဒုတိယ သမ္မတနေရာ အတွက် တပ်မတော်သား ကိုယ်စား လှယ်များ အစုအဖွဲ့က တင်သွင်းသည့် ဒုတိယသမ္မတ အမည်ကို ယနေ့ (သြဂုတ်လ ၁၅ရက်) တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်၌ ထုတ်ပြန်ကြေညာ မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၏ အခမ်းအနား အစီအစဉ် တွင် ဖော်ပြထားချက် အရသိရသည်။
     ယင်းနေ့တွင်ပင် အမည်စာရင်းတင်သွင်းခံရသော ပုဂ္ဂိုလ်က ဒုတိယသမ္မတ အဖြစ် ကတိသစ္စာပြုမည်ဖြစ်သည်။ စစ်တက္ကသိုလ် အမှတ်စဉ် (၁၆) ဆင်း ဗိုလ်ချု
ပ်ကြီး ဥာဏ်ထွန်းကို ဒုသမ္မတလောင်း အဖြစ် ရွေးချယ်လိုက်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။
     ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း သည် ယခု စက်မှု့ဝန်ကြီး ဦးစိုးသိန်း နောက် ရေတပ် အကြီးအကဲ ဖြစ်လာသူဖြစ်သည်။
   ကိုရင်ငတေ
     Frpm >>> ရိုးရာလေး

0 ကွန်မန့်ရေးရန်:

Post a Comment