Wednesday, August 15, 2012

လက်နက်ချ ကေအိုင်အေ ရှမ်းတပ်ဖွဲ့ဝင်များ ဗန်းမော်သို့ ရောက်လာ


ကော့လီ

ပြီးခဲ့တဲ့လက အစိုးရတပ်ထံ လက်နက်ချခဲ့သူ ရှမ်းလူမျိုး တပ်ဖွဲ့ဝင်နှစ်ဦးကို မိသားစုဝင်များနဲ့အတူ ဗန်းမော်မြို့ ရွှေကျီးနား ကျောင်းတိုက် ရှိ ဒုက္ခသည်စခန်းကို ရောက်ရှိလာတယ်လို့ ဗန်းမော်ဒေသခံများရဲ့ အဆိုအရ သိရပါတယ်။

ဩဂုတ်လ ၁၁ ရက်နေ့က ရောက်လာတာ၊ ကေအိုင်အေ နှစ်ယောက်၊ သူတို့မိန်းမတွေ၊ သားသမီးတွေ လည်းပါတယ်၊ အားလုံး ၁၁ ယောက်၊ ရှမ်းတွေချည်းပဲ၊ သူတို့နှစ်ယောက်စလုံး ကေအိုင်အေရဲ့ စုဆောင်း ရေးထဲပါသွားတာတဲ့ – လို့ အဆိုပါ ဗန်းမော်ဒေသခံက ကော့လီကို ပြောပြ ပါတယ်။

အဆိုပါ ကေအိုင်အေ တပ်ဖွဲ့ဝင်များဟာ ဦးလှိုင်ထွန်းနဲ့ စိုင်းသန်းထွေး တို့ဖြစ်ကြပြီး ပြီးခဲ့လက လက်နက်အပြည့်အစုံနဲ့ မိုးမောက်မြို့နယ် ဒေါ့ ဖုန်းယန် မြို့နယ်ခွဲမှာရှိတဲ့ အစိုးရတပ်ဆီမှာ လက်နက်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လက်နက်ချပြီး တစ်လကျော်ကြာမှ အစိုးရ တပ်က ၎င်းတို့နှစ်ယောက်နဲ့ မိသားစုဝင်များကို အခုလို ဒုက္ခသည်စခန်းဆီ ပို့ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment