| ယခုဖော်ပြပါဇာတာတော်မှာ ပဉ္စမမြောက် တိပိဋကဆရာတော် အရှင်သီရိန္ဒာဘိဝံသ၏ ဇာတာတော်မြတ် |
|်ဖြစ်ပါသည်။ဤဇာတာတော်အား ဦးမြင့်သွင်R.A(C.P.A)ရေးသားသော စလေဆရာကြီးဦးပုညအဖွင့်ကျမ်းမှ |
ကောက်နုတ်ဖော်ပြပါသည်။

|
|
|
|
|
|
|
|
|
| ဇာတာတော်တွင် တနင်္ဂနွေ(၁)၊ဗုဒ္ဓဟူး(၄)တို့သည် ကြာသပတေး(၅)ပိုင် မိန်ရာသီ၌ ပူးပြီး ၅-တေးသည် |
| လဂ်မှ ၅-တန့် မေထုန်ရာသီတွင်တည်နေ၏။ထို့ကြောင့် ၁-နွေ၊၄-ဟူး၊၅-တေးဂြိုဟ်သုံးလုံးတို့သည် ပူးယှဉ်သကဲ့ |
| သို့ပင် အကျိုးတရားကိုရရှိပြီး ပညာရှိသုခမိန်ဖြစ်ရ၏။ဇာတာတွင် ဘာဝသခင်ဂြိုဟ်တို့၏သမ္ဗန္ဓအရလည်း |
| (၁၊၄၊၅၊၉)တန့်များသည် သမ္ဗန္ဓဖြစ်၏။ထို့အပြင် ဇာတာ၌ကိန်း(၁၊၄၊၇၊၁၀တန့်များ)အိမ်များသည် ပထမတန်းစား၊ |
| တြိကောဏ(၁၊၅၊၉တန့်များ)အိမ်များသည် ဒုတိယ၊ဥပစယ(၃၊၆၊၁၁တန့်များ)အိမ်များသည် တတိယနှင့် ဒုဋ္ဌာန |
| (၆၊၈၊၁၂တန့်များ)အိမ်များသည် အညံ့ဆုံးဖြစ်ရာတွင် ၂-တန့်ကား ဘာဝစာရင်း၌ မပါဝင်သော်လည်း ၂-တန့် |
| သည် စီးပွားရေး၊ပညာရေး၊အိမ်ထောင်ရေး၊ကျန်းမာရေးအားလုံးတွင် အကျုံးဝင်သောအတန့်ဟု ယေဘုယ |
| သတ်မှတ်ထားရပေမည်။အဘယ်ကြောင့်ဆိုသော် ၂-တန့်သည် ရေနှင့်တူ၏။ရေကို အနီရောင်ဆိုးလျှင် နီ၏။ |
| အပြာရောင်ဆိုးလျှင် ပြာ၏။အစိမ်းရောင်ဆိုးလျှင် စိမ်း၏။ |
|
|
|
|
|
| ယခုဆရာတော်ဘုရားကြီး၏ဇာတာတွင် ၂-တန့်နှင့် ၅-တန့်သခင်တို့သည် ပရိဝတ္တနသမ္ဗန္ဓ အိမ်ချင်းလဲလှယ် |
| နေကြသဖြင့် ပညာအရောင်ဆိုးကာ ပညာဘာဝဖြစ်ရလေသည်။ |
|
|
|
|
| ဤသို့ပင်လျှင် လူတို့တွင်လည်း ထိုသို့ ၁-နွေ၊၄-ဟူး၊၅-တေး ပူးယှဉ်ခြင်း၊သမ္ဗန္ဓ ဖြစ်ခြင်းတို့ တွေ့ရှိပါက ပါရဂူ |
| မြောက် ပညာတတ်မြောက်သော သုခမိန်ပညာရှိများဖြစ်ရမည်မှာ မြေကြီးလက်ခတ်မလွဲဟု ဆိုရချေလိမ့်မည်။ |
| အထူးကား တြကောဏအိမ်တို့သည် ဉာဏ်ပညာ၊ဂုဏ်သိက္ခာနှင့်သက်ဆိုင်ပေရာ သုခမိန်ပညာရှိယုဂ် ရရှိရန် |
| အတွက်ဆိုပါလျှင် တြိကောဏအိမ်တို့သည်ပထမတန်းစားဟုမှတ်လိုက်ပါ။၁-နွေ၊၄-ဟူး၊၅-တေးတို့သည် ၁-တန့်၊ |
| ၅-တန့်၊၉-တန့်တည်းဟူသော တြိကောဏတွင်တည်မှသာလျှင် အကျိုးတရားအပြည့်အဝခံစားရပါလိမ့်မည်။ |
| သုခမိန်ယုဂ်ဟောကွက်ကို စလေဆရာကြီးဦးပုည၏တေးထပ်ကို ဖော်ပြလိုက်ပါမယ်။“ဂဠုန်နှင့်ဆဒ္ဒန် ကြွက်၊ |
| တစ်စက်တည်းစံပျော်၊ဥစ္စာရှိ ကံပေါ်၊ဉာဏ်အမြင်ထင်ရှား၊ကျမ်းဂန်တတ်သုခမိန် ဖြစ်လိမ့်မမှား၊လက်မှုတတ် |
| တုမမှီ၊နုပန်းချီထင်ရှား။ ။”တေးထပ်သဘောမှာ ဇာတာတော်တွင် တနင်္ဂနွေ(၁)၊ဗုဒ္ဓဟူး(၄)၊ကြာသပတေး(၅) |
| တို့သည် တစ်ရာသီအတွင်း၌ အတူပူးယှဉ်၍မွေးဖွားလာသောဇာတာရှင်တို့သည် ဉာဏ်အမြော်အမြင်ကြီးမား၍ |
| ကျမ်းဂန်စာပေတွင် တတ်သိနားလည်သော ပညာရှိသုခမိန်ဖြစ်မည်။အနည်းဆုံး အနုပညာ သုခုမပညာ၊ပန်းချီ၊ |
| ပန်းပု စသည့် လက်မှုပညာတတ်ကျွမ်းသော လက်မှုပညာရှင်ဖြစ်ပေလိမ့်မည်။ဂြိုဟ်ပရိယာယ်အရ ၁-နွေသည် |
| ဦးခေါင်းကိုညွှန်းဆိုပြီး၊၄-ဟူးက တင်္ခဏုပ္ပတ္တိဉာဏ်ကို ညွှန်းဆိုကာ၊၅-တေးက ပညာကို ညွှန်းဆိုသောဂြိုဟ် |
| ဖြစ်၍ ထို ၁-နွေ၊၄-ဟူး၊၅-တေးတို့သည် မည်သည့်နေရာတွင်ပူးပူး ဉာဏ်ပညာအမြော်အမြင်ကြီးမားပြီး စာပေ |
| ကျမ်းဂန်တတ် ပညာရှိသုခမိန်ဖြစ်မည်ဟုတော့ ပုံသေကားကျမမှတ်သင့်သော်လည်း ၁-တန့်၊၅-တန့်၊၉-တန့် |
| ဖြစ်သော တြိကောဏအိမ်တို့တွင်ဖြစ်က သုခမိန်ယုဂ်အကျိုးပြည့်ဝစွာပေးပေလိမ့်မည်ဟုမှတ်လိုက်ပါ။ |
0 ကွန်မန့်ရေးရန်:
Post a Comment