Wednesday, July 18, 2012

မင်းကိုနိုင်၏ နောက်ကြည့်မှန် လုံးချင်းဝတ္တု ရုပ်ရှင်ရိုက်ကူးရန် အနုပညာကြေး အမြင့်ဆုံးပေး၍ ၀ယ်ယူ



ပေါ်ပြူလာနယူးစ်ဂျာနယ်တွင် ရက်သတ္တပတ် ၁၄ ပတ်ကြာ ဖော်ပြခဲ့ပြီးနောက် အရှေ့ကြယ်စာပေတိုက်မှ ထုတ်ဝေခဲ့သည့် မင်းကိုနိုင်၏ နောက်ကြည့်မှန်လုံးချင်းဝတ္တုစာအုပ်ကို ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရန် အမြင့်ဆုံးအနုပညာကြေးပေး၍ ဒါရိုက်တာ ၀င်းထွန်းထွန်းက ၀ယ်ယူထားကြောင်းသိရသည်။

မင်းကိုနိုင်ကို ဂုဏ်ပြုသောအားဖြင့် ကဗျာဆရာ ၊ ဇာတ်ညွှန်းရေးဆရာ အကယ်ဒမီမြင့်ဦးဦးမြင့်၏ ဆောင်ရွက်ပေးမှုဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး အဆိုပါ ၀တ္တုအား ဒါရိုက်တာချိုတူးဇော်ကို လက်ဆောင်ပေး၍ ရိုက်ကူးစေမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လုံးချင်းအတွက် အနုပညာကြေးပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၈ ရက် မွန်းလွဲတစ်နာရီတွင် ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Popular Myanmar News journal' Facebook

0 ကွန်မန့်ရေးရန်:

Post a Comment