Wednesday, July 18, 2012

အပျိုလေးမို့ပါ

Inbox
x






တိုက်နယ်ဆေးရုံကလေးသို့လှည်း တစ်စီးနှင့် တင်လာသော လူနာတစ်ဦး ရောက်လာသည်။ လူနာမှာ အမျိုးသမီး လူနာဖြစ်သည်။ အသက်အရွယ် ငယ်ငယ်ဖြစ်သည်။ နုနယ်ပျိုမြစ်သော  မိန်းကလေး လူနာမှာ တော၏ သမီးပီပီ နွားစာစဉ်းရင် ၀ဲဘက်လက်မှာ ဓားစက် ထိသွားကာ သွေးများအထွက်ပြီး သတိပင် မရတစ်ချက်၊ ရတစ်ချက် ဖြစ်နေခဲ့သည်။အတော်ခေါင်သော ရွာမှ ဤတိုက်နယ်ဆေးရုံထိ လာပို့ခြင်း ဖြစ်ရာ လှည်းမောင်းသူ အကူအညီ အမျိုးသားအပြင် လူနာ၏ မိခင် အဘွားကြီး ငိုကြီး ချက်မနှင့် လိုက်ပါလာ၏။တာဝန်ရှိ ဆရာဝန်၊ သူနာပြုများ လုပ်ငန်း စဉ်အရ စမ်းသပ်ပြီးနောက် ဆရာဝန်က လူနာ၏ သွေးအမျိုး အစားကို စစ်ပြီး လူနာကို “အိုသွေး” သွင်းရမယ်ဟု ပြောသော အခါ၊ ရိုးသားလှသော လူနာရှင် မိခင်ကြီးက ကျွန်မသမီး နုနုထွတ်ထွတ်လေးကို အိုသွေးတော့ မသွင်းပေးပါနဲ့ ဆရာဝန်ကြီးရယ်။ အပျိုလေးမို့ အပျိုသွေးပဲ သွင်းပါနော်တဲ့။

--
အားလုံးပျော်ရွင်ပါစေ

0 ကွန်မန့်ရေးရန်:

Post a Comment