Wednesday, July 18, 2012

အမေရိကန် ဒဏ်ခတ်ထားမှုကိစ္စ ဒေါ်အောင်ဆန်းစုကြည် ဖုန်းဆက်



ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ- NLD


ဒေါ်အောင်ဆန်းစုကြည်နှင့် ဆီးနိတ်အမတ်မစ်ခ်ျမက္ကောနယ်ဆွေးနွေး
ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး နပြည်တော်ဥတ္တရသီရိ၌ တက် ရောက်နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ခု၊ ဇူလိုင်၊ ၁၆ရက် နေ့ည(၈)နာရီက အမေရိကန် အထက်လွှတ်တော် အမတ် မစ်ခ်ျမက္ကောနယ်နှင့် တယ်လီဖုန်းဖြင့်ဆက်သွယ်ကာ Burma Freedom and Democracy Act -2003 (BFDA) ကိုဆွေးနွေးသည်။
အမတ် မစ်ခ်ျ မက္ကောနဲလ်
ယင်းသို့ဆွေးနွေးရာတွင် မြန်မာ- အမေရိကန် ချစ်ကြည်ရေး တိုးတက်လာစေရန်ကိစ္စ၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့်လာစေရန်နှင့် မြန်မာပြည်လူထု ဘ၀များ ပိုမိုကောင်းမွန် တိုးတက်လာစေရန် တို့ကို အခြေခံပြီးဆွေးနွေးကြကြောင်းသိရသည်။
တာဝန်ခံ
ဗဟိုပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

0 ကွန်မန့်ရေးရန်:

Post a Comment