Wednesday, July 18, 2012

ဂျပန်ရေဘေးကြောင့် အနည်းဆုံး ၂၆ ဦး သေဆုံး


  Sithu Linn

Inline image 19
တနင်္ဂနွေနေ့ ကျိုတိုမြို့ မြင်ကွင်း (ဓာတ်ပုံ-Reuters)

မိုးအကြီးအကျယ် ရွာသွန်းပြီး မြေပြိုတဲ့ဒဏ် ခံခဲ့ရတဲ့ ဂျပန်နိုင်ငံတောင်ပိုင်းမှာ သေဆုံးသူ အရေအတွက်ဟာ အနည်းဆုံး ၂၆ ဦး ရှိသွားပါပြီ လို့ အာဏာပိုင်တို့က
ဆိုပါတယ်။

လူဦးရေ တသန်းလောက်ကို နေရာရွှေ့ပြောင်းခဲ့ရပေမယ့် အခုတော့ အများအပြားကို အိမ်ပြန်ခွင့်ပြုခဲ့ပါပြီ တဲ့။

ဒါပေမယ့်လည်း မြေပြို၊ သစ်ပင်ကြီးတွေ လဲပြီးတဲ့နောက် တောင်ထူထပ်တဲ့ဒေသများမှာ လမ်း ပိတ်နေကြတာကြောင့် ထောင်ပေါင်းများစွာသော ဒေသခံတွေ အိမ်မပြန်နိုင်ကြသေးပါဘူး။

သေဆုံးသူတွေထဲမှာ အများစုက အသက် ၇၀၊ ၈၀ ကျော်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မူရင်းသတင်းအပြည့်အစုံကို irrawaddy.org/archives/9187 မှာ ဖတ်နိုင်ပါပြီ။

0 ကွန်မန့်ရေးရန်:

Post a Comment