Wednesday, July 18, 2012

"ငွေ"ပေါက်ဈေး မြန်မာ App အသစ်ထွက်ရှိ...


နိုင်ငံရပ်ခြားမှာ နေထိုင် အလုပ်လုပ်ကိုင်ကြပြီး အိမ်ကို အချိန်မှန်မှန် ငွေပြန်ပေးပို့  ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများ အတွက် အခု ကျွန်တော် မိတ်ဆက်ပေးမယ့် App လေးက အင်မတန်မှ အသုံးဝင်ပါလိမ့်မယ်။
"CyberCurrency" လို့  အမည်ရတဲ့ App လေးက Singapore, US, Thai, Malaysia, China, Japan, Euros, Korea, Australia, UK နိုင်ငံတို့ ရဲ့  ငွေကြေးများနှင့် မြန်မာ ကျပ်ငွေ လက်ရှိ ပေါက်ဈေးကို ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။




ဒါ့အပြင် ရန်ကုန်၊ မန္တလေး ရဲ့  ရွှေ ပေါက်ဈေးနှုန်း၊ Currency converter တို့ ပါဝင်ပြီး တရားဓမ္မ အသံများကိုလည်း Straming အနေနဲ့  နားယူနိုင်ပါတယ်။ "More" အောက်မှာတော့ ကုမ္ပဏီ ကြော်ငြာ၊ Sell / Buy တို့ အပြင် အခြား Features လေးများကိုလည်း ထည့်သွင်းထားပါတယ်။

"CyberCurrency" App ကို စင်ကာပူနိုင်ငံ အခြေစိုက် Cyber Code Technologies က Developer အောင်အောင်ဖြိုး ရေးဆွဲထားပြီး AppStore မှာ "Free" အနေနဲ့  Download ရယူ အသုံးပြုနိုင်ကြပါပြီ။

Credit: သတင်းမျှဝေပေးသူ FB မှ "ပညာရှာသူ" ကို အထူးကျေးဇူးတင်ပါသည်။

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

0 ကွန်မန့်ရေးရန်:

Post a Comment