Sunday, July 1, 2012

သင့် မျိုးရိုးဗီဇက သင့်အပြုအမူတွေကို ဖော်ပြနေသလား

Inbox
x

မာမာ marmarmyint1981@gmail.com




သင့်ရဲ့အပြုအမူတချို့က မျိုးရိုးလိုက်ပြီးဖြစ်တာလား ဆိုတဲ့မေးခွန်းကို ဖြစ်နိုင်ခြေများတယ်လို့ ဆိုရပါမယ်။
အောက်ပါတို့ကတော့ မျိုးရိုးဗီဇနဲ့ အပြုအမူဆက်စပ်နေကြောင်း လတ်တလောတွေ့ရတဲ့အချက်တွေကို သိပ္ပံပညာရှင်တွေက ဖော်ပြထားတာဖြစ်ပါတယ်။
ဟောက်ခြင်း
အရီဇိုးနားတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရ ဟောက်တဲ့သူအများစုရဲ့ မိခင်တွေကလည်း
ဟောက်တတ်ကြတာကို တွေ့ရှိခဲ့ရကြောင်းသိရပါတယ်။
လူမှုရေးဝင်ဆံ့ခြင်း
လန်ဒန် မျိုးရိုးဗီဇဆိုင်ရာ လေ့လာသူအသင်းရဲ့ လေ့လာမှုတစ်ရပ်အရ ကလေးတွေမှာ လူမှုရေးဝင်ဆံ့တဲ့ အပြုအမူရှိရင် ဖခင်ဆီကမျိုးရိုးလိုက်တာဖြစ်ကြောင်း သိရပါတယ်။ ဉာဏ်ရည်ထက်မြက်သူ ကိန်းဘရစ်ခ်ျတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရ ဦးနှောက်ရဲ့တွေးခေါ်နိုင်တဲ့ အစိတ်အပိုင်းဟာ မိခင်ဘက်က မျိုးရိုးလိုက်တဲ့ ဗီဇလွှမ်းမိုးမှုရှိတတ်ကြောင်းသိရပါတယ်။
အလိုလိုသိစိတ်
 အမျိုးသမီးတွေမှာ သဘာဝတရားအရ ခန္ဓာကိုယ်အမူအရာ(Body Language) ကို ဘာသာပြန်နိုင်စွမ်း ရှိကြပြီး အလိုလိုသိစိတ်ရှိနေတတ်တာက ဖခင်ဘက်ကရတဲ့ ခရိုမိုဇုမ်း X-ကြောင့်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။
အထီးကျန်ခြင်း
အသက်ရာကျော်ရှည်တဲ့ ဂျပန်လူမျိုးတွေကို လေ့လာမှုတစ်ရပ်အရ မိခင်ဘက်ကပါတဲ့ မျိုးရိုးဗီဇကြောင့်အ သက်ရှည်ရတာဖြစ်ကြောင်းနဲ့ တစ်ချို့ရောဂါတွေကို မဖြစ်အောင် ခုခံတွန်းလှန်နိုင်တာဖြစ်ကြောင်း သိရပါတယ်

--
အားလုံးပျော်ရွင်ပါစေ

0 ကွန်မန့်ရေးရန်:

Post a Comment