Sunday, July 1, 2012

Data Backup ပြုလုပ်ဖို့

 တစ်ချို့က လိုအပ်တယ် ပြောကြသလို တစ်ချို့က မလိုအပ်ဘူး ပြောကြတာ သင်ကိုယ်တိုင် ကြားဖူးမှာပါ။ ဘယ်ဟာက အမှန်လို့ သင်ယူစပါသလဲ? Data Backup ပြုလုပ်ဖို့ လိုအပ်ခြင်းဟာ အမှန် ဖြစ်ပါတယ်။ Data Backup ပြုလုပ်ဖို့ မလိုအပ်ဘူး ပြောနေတဲ့ သူတွေဟာ ဗဟုသုတ နည်းကြလို့ ဖြစ်ကောင်း ဖြစ်နိုင်သလို Data Backup ဘယ်လို ပြုလုပ်ရမလဲ မသိလို့ ဖြစ်နိုင်ပါတယ်။ Data Backup tools တွေနဲ့ ပါတ်သတ်လို့ software တွေ အမြောက်အများ ရှိတာ သင်လဲ သိပြီး ဖြစ်ပါလိမ့်မယ်။ ငွေကုန်ကျေးကျလဲ သက်သာ အသုံးပြုရလဲ လွယ်ကူတဲ့ Data Backup tools ဆိုရင်တော့ အဝေးကြီး လိုက်ရှာ နေစရာ မလိုပါဘူး။ သင်ဟာ
Windows အသုံးပြုသူ ဖြစ်မယ်ဆိုရင်တော့ အလွယ် အကူဆုံးနဲ့ အခမဲ့ ရနိုင်တဲ့ Data Backup tools ကို Windows ထဲမှာ ပါပြီးသား ဖြစ်ကြောင်း သင်တွေ့ ရပါလိမ့်မယ်။
Data Backup
Start >All Programs >Accessories >System tools >Back up ကို click ပြုလုပ် ပေးလိုက်ပါ။ Data Backup ပြုလုပ် ဖို့စတင် ပါပြီ။ Next button ကိုပဲ ရွေးခြယ် ပေးလိုက်ပါ။ ဒုတိယ အဆင့် အနေနဲ့ Backup လုပ်မှာလား ဒါမှမဟုတ် Restore လုပ်မှာလား မေးပါလိမ့်မယ်။ Backup ပြုလုပ်မှာ ဖြစ်တဲ့အတွက် Backup file and setting ကို ရွေးခြယ် ပေးလိုက်ပါ။ တတိယ အဆင့် အနေနဲ့ ဘယ်လိုပုံစံ Backup ပြုလုပ်မှာလဲ သင့်ကို မေးပါလိမ့်မယ်။ သင့်စိတ်ကြိုက်ရွေးခြယ်နိုင်ပါတယ်။ My Document and Setting ဆိုတာကတော့ သင့်လက်ရှိ အသုံးပြုနေတဲ့ user account ထဲမှာ ရှိတဲ့ My Document ထဲက Data တွေကို Backup ပြုလုပ်ဖို့ပါ။ Everyone’s Documents and setting ဆိုတာကတော့ သင့် computer ထဲမှာ ရှိနေတဲ့ user account တွေအားလုံးထဲမှာ ရှိတဲ့ My Documnet ထဲက Data တွေကို Backup ပြုလုပ်ဖို့ပါ။ All Information On This Computer ဆိုတာကတော့ သင့် OS အတွက် restore disk ပုံစံ ပြုလုပ် ပေးမှာပါ။ Let Me Choose What To Backup ကတော့ သင့်စိတ်ကြိုက် Data တွေပဲ ရွေးပြီး Backup ပြုလုပ်ဖို့ပါ။ အခု ဒီ article မှာ Let Me Choose What to Backup ကို ရွေးပါတယ်။
အပေါ်မှာ ပါဝင်တဲ့ My Document and Setting, Everyone’s Documents and Setting နဲ့ All Information On This Computer ဆိုတဲ့ လုပ်ငန်းစဉ်တွေထက် Let Me Choose What To Backup လုပ်ငန်းစဉ်က တစ်ဆင့်ပိုပါတယ်။ စတုတ္ထ အဆင့် မှာတော့ သင် Backup ပြုလုပ်လိုတဲ့ Data တွေကို ရွေးခြယ်ပေးပြီး Next button ကို click လုပ်လိုက်ပါ။ နောက်တစ်ဆင့်မှာ Backup file ကို save မယ့်နေရာနဲ့ နာမည်ကို ဖြည့်ပေးပြီး Next button ကို click နှိပ်လိုက်ပါ။ နောက်ဆုံး အဆင့်မှာ Finish button ကို click နှိပ်ပြီး processes ပြုလုပ်တာကို ခေတ္တခဏ စောင့်လိုက်ပါ။ The backup is complete ဆိုတဲ့ စာသား ပေါ်လာရင် Close ကိုရွေးခြယ် ပေးလိုက်ပါ။ Data Backup လုပ်ငန်းစဉ် ပြီးဆုံးပါပြီ။
Backup Restore
Start >All Programs >Accessories >System tools >Back up ကို click ပြုလုပ် ပေးလိုက်ပါ။ Backup Restore ပြုလုပ် ဖို့စတင် ပါပြီ။ Next button ကိုပဲ ရွေးခြယ် ပေးလိုက်ပါ။ ဒုတိယ အဆင့် အနေနဲ့ Backup လုပ်မှာလား ဒါမှမဟုတ် Restore လုပ်မှာလား မေးပါလိမ့်မယ်။ Restore ပြုလုပ်မှာ ဖြစ်တဲ့အတွက် Restore Files and Setting ကို ရွေးခြယ်ပေးလိုက်ပါ။ ဒုတိယ အဆင့်မှာတော့ သင် Backup ပြုလုပ်ထားပြီး Restore ပြန်လည် ပြုလုပ်လိုတဲ့ Backup File ကိုရွေးခြယ်ပေးပြီး Next button ကို Click နှိပ်လိုက်ပါ။ Processes ပြုလုပ်တာကို ခေတ္တခဏ စောင့်လိုက်ပါ။ Restore is complete ဆိုတဲ့ စာသားပေါ်လာရင် close ကိုရွေးခြယ် ပေးလိုက်ပါ။ Backup Restore လုပ်ငန်းစဉ် ပြီးဆုံးပါပြီ။

0 ကွန်မန့်ရေးရန်:

Post a Comment