Sunday, July 1, 2012

မော်တော်ကားလှောင်သူတွေရှုံးသလို-ဟင်းချိုမှုန့် လှောင်သူတွေရှုံးဖို့ သာပြင်

ဒီသတင်းကိုဖတ်လိုက်ရတော့အရမ်းကိုအံ့သြမိတယ်။
မကြာသေးသောအချိန်က ဟင်းချိုမှုန့် ရဲ့
ဆိုးကျိုးတွေကို
သတင်းစာတွေထဲမှာ+ဟိုစာစောင်ဒီစာစောင် စုံနေတာပဲ
ညီညီညာညာဝိုင်းသမလိုက်ကြတာ။
ဖတ်တောင်ဖတ်မိလိုက်သေးတယ် အဲသည်သတင်း။
ဓါတ်ပုံတောင်ပါလိုက်သေး၊ ဘာတဲ့-သိမ်းဆည်းရမိတဲ့
ဟင်းချိုမှုန့် အိတ်ကြီးကိုလှေပေါ်ကနေဖေါက်ပြီးရေထဲသွန်
ချနေတဲ့ပုံလေ။ အဲလောက်စေတနာကြီးမားစွာနဲ့ ကျနော်
တို့ ကိုဂရုစိုက်၊အလေးထား-ကျန်းမာရေးကိုဂရုစိုက်ခဲ့တာ။
ကျနော်ဆို ”အိမ်မှာဟင်းချိုမှုန့် လုံးဝမသုံးရ”  လို့ အမိန့် 
တောင်ထုတ်ပြန်ခဲ့တဲ့အထိ။
ခု တော့-ဒီသတင်းကြီးလည်းဖတ်လိုက်ရရော-အိမ်မှာဘာအမိန့် 
ဆက်ထုတ်ပြန်ရကောင်းမှန်းတောင်မသိတော့ပါဗျာ။
မြန်မာနိုင်ငံကျန်းမာရေးဌာနကြီးခင်ဗျား-ရှင်းပြဖို့ ခင်ဗျားတို့ 
တာဝန်နော်။ တားသင့်ရင်လည်းတားဗျာ၊ ဒါမှမဟုတ် - အရင်
ပြောခဲ့ရေးခဲ့ဖါးခဲ့တာတွေဘွာတေးပြောတောင်းပန်။ ဒါမှမဟုတ်
အရှက်ပြေ-”နည်းနည်းတော့စားနိုင်ပါတယ်” လို့ ပြင်ပြောပေး။
ဒါမှအရပ်သားကျနော်တို့ ဘာဆက်လုပ်ရမယ်
ဆိုတာသိမှာ-
ဝမ်းနည်းစွာဖြင့်
အဘ။

0 ကွန်မန့်ရေးရန်:

Post a Comment