Friday, June 29, 2012

RAM အကြောင်းသိကောင်းစရာ

RAM အကြောင်းသိကောင်းစရာ
RAM ဆိုတာကတော့ Random Access Memory လို့ခေါ်ပါတယ်။
RAM ကိုတစ်နည်းအားဖြင့် Memoryလို့လည်းခေါ်တတ်ကြပါတယ်။
RAM ဟာဆိုရင် CPU အားဖြင့် လက်ရှိအသုံးပြုနေတဲ့ Data တွေ၊ Programတွေကို Storeလုပ်ပေးတာပါ။
RAM ဟာ Temporary Storage Unit ဖြစ်ပါတယ်။
ဒါကြောင့် RAMပေါ်မှာသိုလှောင်ထားတဲ့ Data
တွေ၊Program တွေဟာဆိုရင် Computer ပိတ်လိုက်တာနဲ့ Dataတွေမရှိတော့ပါဘူး။ ပြောခဲ့တယ်လေ။
RAM ကလက်ရှိအသုံးပြုနေတဲ့ Data တွေကိုသိမ်းဆည်းပေးတာလို့။
RAM ပေါ်သိမ်းနိုင်တဲ့ Dataပမာဏကို Bytes Unitတိုင်းတာပါတယ်။
  အခုခေတ် PC တွေမှာ အသုံးပြုတဲ့ RAM ပမာဏ တွေက
Bytersပေါင်းသန်းနဲ့ချီပြီးရှိလာတဲ့အတွက်Megabytes ( MB ) တို့ Gigabytes ( GB ) တို့နဲ့တိုင်းတာပါတယ်။
ပုံမှန်အားဖြင့်တော့ RAM ရဲ့ Speed တွေကတော့16 MB၊ 32MB၊ 64MG၊ 128MB၊ 256MB၊ 512MB၊ 1 GB နဲ့ 2GB စသဖြင့်ရှိပါတယ်။ RAMအကြောင်းကိုလေ့လာမယ်ဆိုရင်လည်း သူ့ရဲ့ Name ၊ Purpose ( ရည်ရွယ်ချက် )တွေနဲ့ Characterisitics  တွေကိုအသေးစိတ်သိထားဖို့လိုအပ်ပါတယ်။ RAM မှ မဟုတ်ပါဘူး။ ဘယ်ပစ္စည်းမဆိုလေ့လာရင်ဒီအပိုင်းတွေတော့သိထားဖို့လိုအပ်ပါတယ်။ပထမသဦးဆုံးမနေနဲ့သင့်ကွန်ပျူတာမှာRAMဘယ်လောက်ရှိသလဲလို့မေးလိုက်ရင်လယ်လိုဖြေမလဲ။ဒီလိုမေးခွန်းမျိုးမေးလိုက်တဲ့မခါမှာ မိမိ က RAMအကြောင်းကိုသိမထားဘူးဆိုရင် ဘယ်လိုပြန်ဖြေမလဲ။ ဟုတ်ပါပြီအခုမေးခွန်းကို ဖြေဖို့က မိမိက RAM တွေရဲ့Speed ကိုသိထားမှ ဖြေနိုင်မှာပါ။




မိမိ PCမှာရှိတဲ့ RAM ရဲ့ Speedကိုသိချင်တယ်ဆို ရင်တော့ My Computer ကိုRight Click နှိပ်ပြီး PropertiesကိုClickလိုက်ပါ။
၎င်းနောက် General Tab မှာ မိမိရဲ့ pc မှာ RAM ဘယ်လောက်ရှိတယ် ဆိုတာကို ဖော်ပြပေးပါလိမ့်မယ်။
အော် .. ဒါအပြင် နောင်တစ်နည်းအနေနဲ့  PC ရဲ့ System အဖုံးကိုဖွင့်ပြီး တပ်ထားတဲ့ RAM ကိုဖြုတ်ပြီး ကြည့်လည်းရတယ်နော်။ ၎င်းRAM Stickပေါ်မှာဘလည်း RAM ရဲ့ Speed တို့အမျိုးအစားတို့ပါပါတယ်။ CMOS Setting ကလည်းဝင်ကြည့်လို့ရပါတယ်။
 ကဲဒါဆိုရင်မိမိ PC မှာ RAM ဘယ်လောက်ရှိသလဲဆိုတာဖြေတတ်ပြီးနော်။
နောက်တစ်ခုက pc တိုင်းမှာ RAM ကဘာကြောင့်အရေးကြီးတာလဲ။ ဘာကြောင့်လဲလိုအပ်တာလဲပေါ့။
အဲဒီလိုမေးခဲ့ရင်တောင် ဘယ်လိုဖြေမလဲ။ RAM ကဘာကြောင့် အရေးကြီးလဲဆိုတော့ သူက Hard Drive နဲ့ CPUရဲ့ကြားခံပဲလေ။ သူတို့နှစ်ခုကြားမှာ RAM က အဆင်ပြေအောင် အလုပ်လုပ်ပေးရတာဗျ။ အစောပိုင်းကပြောခဲ့တယ်လေ။ RAM က CPU ကလက်ရှိအလုပ်လုပ်နေတဲ့ Data တွေ၊ Programs တွေကို Storeလုပ်ပေးထားတာပါလို့။အဲဒါကိုရှင်းအောင်ပြောရမယ်ဆိုရင် ....... CPU ကသူအလုပ်လုပ်ချင်တဲ့ Data တွေကို Hard Drive ဆီကနေလှမ်းပြီးAccess လုပ်ရတယ်။ CPU ရဲ့ Speed ကအရမ်းမြန်တယ်။ Hard Drive ရဲ့ Speedက အရမ်းနှေးတယ်။ ဒါကြောင့် Matchမဖြစ်ဘူး ဒီတော့ RAM ကကြားနေ၀င်ကူညီရတာပေါ့။ဘယ်လိုကူညီတာလဲဆိုတော့ CPU က ယခုလောလောဆယ်သူအသုံးပြုနေတဲ့ Data တွေကို Hard Drive ဆီကိုသွားမယူတော့ဘူး။ လက်ရှိအသုံးပြုမယ့် Data တွေကို RAM ပေါ်မှာဆွဲတင်ထားလိုက်တယ်။ အဲဒီနောက် CPUကသူလိုချင်တဲ့ Data တွေကို Hard Drive ကနေလှမ်းမယူတော့ပဲနဲ့ RAMဆီကနေပဲ လှမ်းယူအသုံးပြုပါတယ်။ဒါကြောင့် မိမိလုပ်နေတဲ့ အလုပ်တွေလည်း နှောင့်နှေးကြန့်ကြာမှု မရှိတော့ဘူးလေ။ကဲ..ဒီလောက်ဆိုရင်RAM ကPC တိုင်းမှာဘာကြောင့် အရေးကြီးတာလည်းဆိုတာကို သိလောက်ပြီလို့ထင်ပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment