Friday, June 29, 2012

ချစ်စနိုးနဲ့ ခေါ်ကြသော နာမည်လေးများ … ( ♫Dear - Honey - Sweety - Love♫ )

မင်္ဂလာပါ …
စီးပွားရေး လုပ်ငန်းခွင်တွေမှာ …
များသောအားဖြင့် … သုံးတတ်ကြတာက … Formal ဆန်ဆန် အသုံးအနှုန်းလေးတွေပါ …
တယောက်ယောက်နဲ့ စကားပြောတဲ့အခါ … တဖက်က အာရုံစိုက်မှုကို ရဖို့ …
“Excuse me , Sir”  …. “Pardon me , Madam / Ma’am” နဲ့ စပြီး … ပြောရပါတယ် …

မြန်မာလိုဆိုရင် … တဆိတ်လောက် ပေါ့ …
တစိပ် လောက် ညီရေ … တခြမ်းလောက် … အကိုရေ … ခဏလောက် … ဆရာရေ … ပေါ့ … အဟက် …

ရုံးလုပ်ငန်းခွင် လူကြီး တယောက်ယောက်ကို နှုတ်ဆက်ရတော့မယ် ဆိုရင်တော့ …
Hello .. Sir ! …. Good morning Madam/Ma’am …. သုံးပြီး
… နှုတ်ဆက်သင့်ပါတယ် …
ရောမရောက် ရောမလို နေသလိုပေါ့ … Formal ဆန်ဆန် Standardize ရှိတဲ့နေရာမှာ …
သင့်တော်တဲ့စကားကို … သင့်တော်သလို ပြောသင့်ပါတယ် …
သူငယ်ချင်းရော … ပြောသင့်တယ်လို့ မထင်ဘူးလားဟင် …

မထင်ရင်လဲ … မထူးပါဘူး … ရုံးက Boss ကို …
“သဲလေးရေ … morning” … “ဟေ့ကောင်ကြီး … နေကောင်းလား” သာ ပြောလိုက်ပါတော့ .. ဟိ

ခေါင်းစဉ်လေးနဲ့ လိုက်သွားအောင် … နာမည် အခေါ်အဝေါ်လေးတွေ အကြောင်း ထပ်ပြောပြချင်သေးပါတယ် …

Keen ရဲ့ အင်္ဂလိပ်နာမည်က … James Keen ပေါ့နော် …
 
My name is Keen ………… James Keen ………… ( 007 အသံ )
ဟိ … ဒီတော့ … Keen ရဲ့ First name က James … Last name က … Keen ပေါ့ …
Mr. တပ်ပြီး ပြောချင်တဲ့အခါ … last name နဲ့ တပ်ပြောရပါတယ် …
ဒါကြောင့်လဲ … မစ္စတာကင်း … ငကင်း … မိကင်း … အဲလေ … မောင်ကင်း ဖြစ်လာတာပေါ့နော် …
ဒါဆို … Mary Susan ဆိုရင် … Miss Susan လို့ ပြောရမှာပေါ့ …

Miss Susan ဆိုလို့ ... သတိရသွားတယ် …
Miss ဆိုတာက … လက်မထပ်ရသေးတဲ့ ကောင်မလေးကို ခေါ်တာပါ …
လက်ထပ်ပြီးရင်တော့ … Mrs. ထည့်သုံးရပါမယ် …
ပိုင်ရှင်ရှိသလား … မရှိသလား မသေချာရင်တော့ … Ms. နဲ့တွဲသုံးပေါ့ …
Mistine တော့ မဟုတ်ဘူးနော် … အဟက် …

တခြားခေါ်လို့ ရနိုင်တာတွေလဲ ရှိပါတယ် …
ဆရာ့ ဆရာကြီး … ဆိုရင် … Sir ဘာညာ ပေါ့ …
ဆရာဝန်ဆိုရင် … Dr. အာပလာပေါ့ … ဟိ

ချစ်စနိုးနဲ့ ခေါ်ကြတဲ့ နာမည်လေးတွေလဲ ရှိသေးတယ် … ဘာတဲ့ …

Honey - ပျားရည်
Dear - သမင်ကြီး
Sweetie - သကြားတုံး
Love - အုန်းခြစ် တို့ပေါ့ …

ခေါ်ချင်လဲ ခေါ်ပေါ့ … အဓိပ္ပာယ်ကတော့ … အဲလိုပဲ ထင်တာပဲ … ဟိဟိ

ချာတိတ်လေးတွေ … လူငယ်ပေါက်စလေးတွေကို Kiddo … Buddy …လို့လဲ ခေါ်ကြတယ် …
ဒါပေမယ့် … အဲလိုခေါ်ရင် … သူက ကလေးပဲ ရှိပါသေးတယ်ကွာ .. ပေါက်စနလေး …
လက်တောက်လောက်လေးလို့ ပြောတဲ့သဘောပဲ …

ကဲ … ဘာကျန်သေးလဲ … ကုန်သလောက်တော့ ရှိပါပြီ …
နောက်ဆုံး နဲ့ အကောင်းဆုံး ခေါ်တဲ့နည်းရှိသေးတယ် … အဲဒါကတော့ …

“လာပါဦး…………………” တဲ့ …
ဟိဟိ …

0 ကွန်မန့်ရေးရန်:

Post a Comment