Friday, June 29, 2012

BROUK အဖွဲ့ ဥက္ကဋ္ဌက ရိုဟင်ဂျာတွေရဲ့ အခြေအနေ ဗြိတိသျှပါလီမန်မှာ တင်ပြ

Inbox
x






from RFA by May Zaw Khin
အဲသလိုတင်ပြခဲ့ရာမှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေဟာ အစိုးရအဖွဲ့တွင်းက မြန်မာပြည်အပြောင်းအလဲကို မလိုလားတဲ့ သဘောထားတင်းမာသူတွေနဲ့ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ (RNDP) တို့ရဲ့ သေသေချာချာ ပြင်ဆင်စီမံခဲ့တဲ့ လုပ်ရပ်တွေဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရန်ကုန်နဲ့ ရခိုင်ပြည်နယ်မှာ RNDP က ကမကထပြု ဆောင်ရွက်ခဲ့တဲ့ အစည်းအဝေးပွဲတွေ အပါအ၀င် ရိုဟင်ဂျာ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တိုးတက် များပြားလာခဲ့ကြောင်း ပြောသွားပါတယ်။
ဒါ့အပြင် ဦးထွန်းခင်က - ပြီးခဲ့တဲ့ ပဋိပက္ခအတွင်း ရိုဟင်ဂျာ အနည်းဆုံး (၆၅၀) သေဆုံးခဲ့ပြီး၊ အနည်းဆုံး (၁၂၀၀) လောက် ပျောက်ဆုံးနေကြောင်း၊ ရွာ (၂၂) ရွာနဲ့ ဗလီ (၁၄) ခု မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး ရိုဟင်ဂျာ ရှစ်ထောင်ကျော် နေရာပြောင်းရွှေ့ ခံရကြောင်း၊ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာလှေ အနည်းဆုံး (၁၆) စင်းကို ဘင်္ဂလားဒေ့ရှ်က လက်မခံဘဲ ပြန်နှင်ထုတ်ခဲ့ကြောင်း၊ သမ္မတ ဦးသိန်းစိန် ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရ ကာဖျူးအမိန့်ဟာ ရိုဟင်ဂျာတွေ အပေါ်မှာသာ သက်ရောက်နေကြောင်း ဗြိတိသျှ ပါလီမန် အမတ်တွေကို ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အခုအခါ အဓိကရုဏ်းတွေ မရှိတော့ပေမဲ့ တချို့နေရာတွေမှာ ရိုဟင်ဂျာအိမ်တွေ မီးရှို့ခံနေရဆဲမို့ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ စောင့်ကြည့်လေ့လာသူတွေ ထားရှိဖို့ လိုအပ်နေကြောင်း၊ လုယက်မှုတွေ၊ အဓမ္မ ပြုကျင့်ခံရမှုတွေ ရှိနေသေးကြောင်း၊ ဒါကြောင့် ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေ ရပ်တန့်အောင် ဗြိတိသျှအစိုးရနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ မြန်မာအစိုးရအပေါ် ထိထိရောက်ရောက် ဖိအားပေးဖို့ တိုက်တွန်းလိုကြောင်း Burmese Rohingya Orgnization uk အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောဆိုခဲ့တယ်လို့ ကြေညာချက်မှာ ပါရှိတယ်။
အဲဒီအစည်းအဝေးမှာ ကမ္ဘာ့ခရစ်ယာန် သွေးစည်းညီညွတ်ရေးအဖွဲ့ အရှေ့အာရှအဖွဲ့ခေါင်းဆောင် Benedict Rogers နဲ့ Arakan Project ညှိနှိုင်းရေးမှူး Chris Lewa တို့က ဦးထွန်းခင်နဲ့အတူ သက်သေခံ ခဲ့ကြတယ်လို့ သိရပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment