Friday, June 29, 2012

ပင်လယ်နီ၌ ထူးခြားဆန်းပြားသည့် ကြောက်စရာငွေရောင်ငါးမျိုးများကို တွေ့ရ

ပင်လယ်နီ၌ ထူးခြားဆန်းပြားသည့် ကြောက်စရာငွေရောင်ငါးမျိုးများကို တွေ့ရ
ပင်လယ်နီကြမ်းပြင်တစ်ဝိုက်မှာ ကျင်လည်ကျက်စားနေကြသော ထူးခြားဆန်းပြားသည့် ငါးမျိုးတစ်မျိုးကို ဗြိတိန်မှသိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြကြောင်း ဇွန်လ၁၃ရက်က သိရှိရသည်။ဗြိတိန်အပျော်တမ်း ဓာတ်ပုံဆရာများအဖွဲ့က သိပ္ပံပညာရှင်များနှင့်အတူ ပင်လယ်နီကို မှတ်တမ်းတင်ရိုက်ကူးရန် သွားရောက်လေ့လာခဲ့ကြရာမှ
ငွေရောင်ငါးမျိုးတစ်မျိုးအား တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ''ဒီငါးမျိုးအသစ်ကိုတွေ့ရတာ
အမေဇုန်တောထဲမှာ တိရစ္ဆာန်အသစ်တစ်မျိုးကို တွေ့ရသလိုပါပဲ''ဟု အဆိုပါအဖွဲ့ကို ဦးဆောင်ခဲ့သည့် ဒေါက်တာတက်တာဆောက သူအတွေ့အကြုံကိုပြန်ပြောင်း ပြောပြသည်။ အဆိုပါ ငါးမျိုးသစ်များမှာ ပင်လယ်ရေအောက်အပူချိန် ၆၃ ဒီဂရီဖာရင်ဟိုက်မှာ ရှင်သန်နိုင်ကြကြောင်းလည်း လေ့လာတွေ့ရှိရသည်။ ဗြိတိန်အပျော်တမ်း ဓာတ်ပုံဆရာများအဖွဲ့က အရောင်တလက်လက် ထနေသော ငါးများကို SilverFish ငွေငါးများဟု တင်စားခေါ်ဝေါ်လိုက်ကြသည်။

0 ကွန်မန့်ရေးရန်:

Post a Comment