Friday, June 29, 2012

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ သဘောထားထုတ်ပြန်ချက်

Inbox
x






Narinjara website မှကူးယူဖော်ပြသည်..။



ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ သဘောထားထုတ်ပြန်ချက်

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)

ပဋိပက္ခအလွန် ပြန်လည်နေရာချထားရေးနှင့် ပတ်သက်သော

ပါတီ၏ သဘောထား ကြေငြာချက်။

ကြေငြာချက်အမှတ် -၀၄/၂၀၁၂

၂၀၁၂-ခုနှစ်၊ ဇွန်လ (၂၆) ရက်။

၁။ ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးများသည် ၂၀၁၂-ခုနှစ် ဇွန်လ
(၈)ရက်နေ့မှ စတင်ဖြစ်ပွားသည့် အဓိကရုဏ်းကို အကြောင်းပြု၍
အမျိုးသားရေးဆိုင်ရာ ပြင်းထန်သည့် အခက်အခဲများစွာကို ရင်ဆိုင်ကြုံတွေ့
နေကြရပါသည်။

၂။ ယင်းအခက်အခဲများကို ပြည်ထောင်စု အစိုးရနှင့် ပြည်ထောင်စုတ၀ှမ်းလုံးရှိ
တိုင်းရင်းသား ပြည်သူတစ်ရပ် လုံးက ပူးပေါင်းပါဝင် ဖြေရှင်းရန်
လိုအပ်သည်ဟု ကျွန်ုပ်တို့ပါတီမှ ရှုမြင်ပါသည်။

၃။ ဘင်္ဂလီလူမျိုးများသည် ခေတ်အဆက်ဆက်တွင် တရားမ၀င်သော
နည်းလမ်းမျိုးစုံဖြင့် ရခိုင်ပြည်နယ်အတွင်း သို့
ဝင်ရောက်နေထိုင်လာခဲ့ကြရာ လက်ရှိ ဘင်္ဂလီလူမျိုးဦးရေမှာ ရခိုင်ပြည်သူ
တစ်ရပ်လုံးနှင့် အခြားတိုင်းရင်း သားများအတွက် အထူးစိုးရိမ်ရသော
အခြေအနေဖြစ်ကြောင်း ယခုဖြစ်ပွားနေသည့် ဖြစ်ရပ်များအရ သုံးသပ်သိ
ရှိနိုင်ပါသည်။

၎။ မြန်မာနိုင်ငံသားများနှင့် ဘင်္ဂလီလူမျိုးများ အကြား ဖြစ်ပွားခဲ့သော
သမိုင်းတွင်သည့် ၁၉၄၂-ခုနှစ် အဓိက ရုဏ်းနောက်ပိုင်းတွင် ရခိုင်ပြည်နယ်
အတွင်း၌ ထိုသို့သောအဓိကရုဏ်းများ အကြိမ်ကြိမ်ဖြစ်ပွားမှုများ ရှိခဲ့ပါ
သည်။ ရခိုင်ပြည်နယ်တွင် ၁၉၈၈။ ၁၉၉၆။ ၂၀၀၁ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော
ဖြစ်ရပ်များထက် ယခု ၂၀၁၂ -ခုနှစ် အဖြစ်အပျက်သည် ရခိုင်ပြည်သူများနှင့်
မြန်မာတနိုင်ငံလုံး၏ အမျိုးသားအကျိုးစီးပွားကိုပါ ထိပါးနေသည့်
အခြေအနေသို့ ရောက်ရှိနေပြီဟု ကျွန်ုပ်တို့ပါတီမှ ရှုမြင်ပါသည်။

၅။ တရားမ၀င် အခြေချနေထိုင်လာသည့် ဘင်္ဂလီလူမျိုးများသည် “ရိုဟင်ဂျာ”
အမည်သစ် သမိုင်းလိမ်ကို ဖန်တီး ၍ အကြမ်းဖက်ဝါဒဖြင့် ရခိုင်ပြည်သူ
တစ်ရပ်လုံးနှင့်တကွ နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုပါ ထိပါးလာခဲ့
ကြခြင်းဖြစ်ရာ ရခိုင်ပြည်သူ တစ်ရပ်လုံး၏ အသက်အိုးအိမ်
စည်းစိမ်လုံးခြုံမှုနှင့် တစ်မျိုးသားလုံး၏ လုံခြုံရေးအ တွက်
အပြီးသတ်အဖြေထုတ်၍ ဖြေရှင်းရန်လို အပ်သည်ဟု ကျွန်ုပ်တို့ ပါတီမှ
ရှုမြင်ပါသည်။

၆။ ထိုသို့ဖြေရှင်းနိုင်ရန် အတွက် ကျွန်ုပ်တို့ပါတီ၏
အောက်ပါသဘောထားများကို ထုတ်ပြန်ကြေငြာ အပ်ပါ သည်။ -

(က) ရခိုင်ပြည်နယ်အတွင်း ရခိုင်ပြည်သူ တစ်ရပ်လုံး၏ လတ်တလောလုံခြုံမှု
ရှိစေရေးအတွက် အစိုးရနှင့် ရခိုင် ပြည်သူတို့ ပူးပေါင်းပါဝင်သော
လုံခြုံရေးအစီ အစဉ်များချမှတ် ဆောင်ရွက်ရန်။

(ခ)ရခိုင်ပြည်နယ် အတွင်းရှိ မြို့၊ ရွာများ၌ ရခိုင်လူမျိုးများနှင့်
ဘင်္ဂလီလူမျိုးများ နီးကပ်စွာရောနှောနေထိုင်မှု မရှိရအောင်
ဘင်္ဂလီလူမျိုးများအား သင့်တော်ရာ၌ ယာယီသီးခြား နေရာချထားရန်။

(ဂ) ရခိုင်ပြည်နယ် အပါအ၀င် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးသို့ နည်းလမ်း
ပေါင်းစုံဖြင့် ဘင်္ဂလီလူမျိုး ကျူးကျော် ၀င်ရောက်မှုများကို
ဟန့်တားရေးအတွက် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးအားလုံးက
ဝိုင်းဝန်းပါဝင် ဆောင် ရွက်ပေးရန်။

(ဃ) ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ညှိနှိုင်းမှုများရယူပြီး မြန်မာနိုင်ငံ
သားမဟုတ်ကြသည့် ဘင်္ဂလီများကို ကာလ တစ်ခုသတ်မှတ်၍ တတိယနိုင်ငံများသို့
ရွှေ့ပြောင်း နေထိုင်စေရန်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ

ဗဟိုဌါနချုပ်၊ စစ်တွေမြို့

0 ကွန်မန့်ရေးရန်:

Post a Comment