Friday, June 29, 2012

ရေစက်လား ? ဖူးစာလား ?

                          အင်တာနက်ဆိုတဲ့  အရာကြီးပေါ်လာပြီးတဲ့ နောက် gtalk  မှာ chatting ဆိုတဲ့  အရာကလည်း
ခေတ်စားလာတယ်လေ...အဲမှာမမြင်ရပဲနဲ့  ချစ်စကားတွေပြောကြ...ချစ်သူတွေဖြစ်ကြ....ပြီးရင် ကွဲသွားတဲ့  သူတွေ
လည်းရှိသလို..စုံဖက်ကြရတဲ့  ချစ်သူစုံတွဲတွေလည်းရှိကြသေးတယ်... ဒီအကြောင်းအရာလေးကလည်း online ပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ 
အကြောင်းအရာလေးတစ်ခုအပါအ၀င်ပေါ့...
                         တခါက ကောင်မလေးတစ်ယောက်ရှိတယ်လေ....အဲဒီကောင်မကလေးကလည်း အင်တာနက်ဆိုတဲ့
့အရာခေတ်စားလာတဲ့ အချိန်မှာ chatting ဆိုတဲ့ အရာနဲ့ ပျော်ရွှင်ခဲ့တယ်...သူမက
online ပေါ်မှာ သူငယ်ချင်းတွေနဲ
့ပြောရတာပျော်ရွင်သလို သူငယ်ချင်းတွေနဲ့ အဲလို မျိုးပြောနေရတာကို ကျေနပ်နေမိတယ်...အဲဒီကောင်မလေးက online ပေါ်မှာ
ဌာနဆိုင်ရာတစ်ခု ကအရာရှိအမျိုးသမီးတစ်ဦးနဲ့  ခင်မင်ရင်းနှီးခဲ့တယ်....အဲဒီ အမျိုးသမီးကလည်း အဲဒီကောင်မလေးကို
တော်တော်ခင်တယ်..တစ်ယောက်နဲ့ တစ်ယောက် မမြင်ဘူးကြပေမဲ့ ခင်မင်ကြတယ်....အဲဒီအမျိုးသမီးမှာ မိသားစုလည်း ရှိတာကြောင့်
သူ့ မိသားစုနဲ့ လည်း မိတ်ဆက်ပေးတယ်...ဒီလိုနဲ့ တစ်နေ့ တော့အဲဒီအမျိုးသမီးက သူ့ တပည့်လို အားကိုးပြီးချစ်ခင်ရတဲ့ 
သူတစ်ယောက်ကို အဲဒီကောင်မလေးအကောင့်ကို ပေးပြီး မိတ်ဆက်ပေးလိုက်တယ်...အဲဒီကောင်မလေးနဲ့  အဲဒီကောင်လေးလည်း
တစ်ယောက်နဲ့ တစ်ယောက် chatting နဲ့ စကားပြောကြတယ်လေ.မမြင်ဘူးကြဘူးလေ..ဒီလိုနဲ့ ရက်တွေ ကြာလာတော့ ကောင်လေးက
ကောင်မလေးကိုချစ်စကားပြောတယ်...ကောင်မလေးက ငြင်းလိုက်တယ်..ဘာလို့ လည်း ဆိုရင်ကောင်လေးက ကောင်မလေးထက်
အသက်ငယ်လွန်းတယ် ..ပြီးရင် ကောင်လေးပြောလာတဲ့ စကားတွေကိုလည်း မယုံနိုင်ဘူးလေ..့ ကောင်မလေးလည်း သူ
့ကိုမိတ်ဆက်ပေးတဲ့ အမျိုးသမီးကိုတိုင်ပြောတာပေါ့....အဲဒီအမျိုးသမီးက ကောင်လေးကို ဆူလိုက်တယ်ထင်ပါရဲ့ ..ကောင်လေးက
လက်တော့ မလျှော့ချင်ဘူး...online ပေါ်မှာ ဆုံဖြစ်ပေမဲ့ .ကောင်မလေးကပြန်မပြောတော့ဘူး..နောက်ပိုင်း ကောင်လေးနဲ
့ကောင်မလေးအဆက်အသွယ်ပြတ်သွားကြတယ်ဆိုပါတော့...အဆက်အသွယ်ပြတ်သွားတာ ( ၄ ) နှစ်ဆိုတဲ့အချိန်ကာလ
တစ်ခုတောင်ကြာသွားတယ်..အဲဒီအချိန်ကာလမှာ ကောင်မလေးနဲ့  ခင်မင်ခဲ့တဲ့  အဲဒီအမျိုးသမီးလည်း ဆုံးသွားတယ်..အဲဒီအချိန်မှာ
အဲဒီကောင်လေးနဲ့ ကောင်မလေး ပြန်ဆုံကြတယ်.....
                        အချိန်ကာလ ( ၄ ) နှစ်ကြာခဲ့ပေမဲ့  ကောင်လေးရဲ့ စိတ်သဘောထားက ကောင်မလေးအပေါ်မှာ မပြောင်းလဲဘူး
ဆိုတဲ့ အကြောင်းကို ပြောလာတယ်လေ...အခုဆိုရင် အဲဒီကောင်လေးက  ဌာနဆိုင်ရာတစ်ခုမှာ သူရှိသင့်ရှိထိုက်တဲ့ 
ရာထူးလေးလည်းရှိလာပြီ ကောင်မလေးဆီကိုလည်း အချိန်ရရင်ရသလို ဖုံးဆက်တယ်....ညတိုင်းလည်း ဖုံးတွေအကြာကြီးပြော
ဖြစ်ကြတယ်...အရင်တုန်းက ငြင်းခဲ့တဲ့  ကောင်မလေးက ကောင်လေးအသံကိုကြားလာဖန်များလာတဲ့ အခါ သံယောဇဉ်လိုဖြစ်လာတယ်..
ကောင်လေးဆီက ဖုံးမလာရင်တောင် မျှော်နေမိတယ်လေ...ကောင်မလေးက ကောင်လေးကိုမေးတယ်....ငါတို့ နှစ်ယောက်အဖြစ်က
ဘယ်လိုအဖြစ်အပျက်လဲ? ..ရေစက်လား ? ဖူးစာလား ? တဲ့  ကောင်လေးကတော့ ဖူးစာလို့  ပြန်ဖြေတယ်....ဒီစာကို ဖတ်နေတဲ့ 
့သူတွေကကော ဘယ်လို အဖြေကိုပေးကြမလဲဟင် ?

0 ကွန်မန့်ရေးရန်:

Post a Comment