ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ပုဏ္ဍားကျွန်းကျေးရွာတွင်အခြေခံ ပညာကျာင်းများ ပြန်လည်ဖွင့်ထားသော်လည်း ကျောင်းသားများမှာ စာသင်ခန်းထဲမရောက်ရှိနိုင်ဘဲမိ သားစုစားဝတ်နေရေးကိုကူညီနေရဆြဲ ဖစ်ကြောင်း (၈၈)မျိုးဆက်ကျောင်းသားများ၏ ရခိုင်ပြည်နယ်ခရီးစဉ်ကသိရှိရသည် ။
"ကျောင်းတွေကိုမေလ(၅)ရက်နေ့က စပိတ်ထားတာမေ(၁၈)ရက်နေ့ကြတော့ဗိုလ်မှူးလှမင်းကလာပြီးကျောင်းတွေ ပြန်ဖွင့် ပါဆိုပြီးပြန်ဖွင့်ခိုင်းထားတယ် လို့ဒေသခံတွေကပြောပြတယ်” ဟု (၈၈)မျိုးဆက်ကျောင်းသူတစ်ဦြး ဖစ်သူမမီးမီးကပြောသည်။
ကျောင်းများပြန်လည်ဖွင့်နိုင်ေ သ်ာလည်း ကျောင်းနေအရွယ်ကလေးများအားကျော င်းသားမိဘများက စားဝတ်နေရေး အခက်အခဲကြောင့် စာသင်ခန်းထဲသို့မရောက်ရှိနိုင်ြ ကသေးကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်တွင်စစ်တွေမြို့ မှအပကျန်မြို့နယ်နှင့်ကျေးရွာ အချို့တွင်အစိုးရကျောင်းမျာြး ပန်လည်ဖွင့်လှစ်လာကြောင်းကိုလည်း သိရှိရသည်။
"ကျောင်းပြန်ဖွင့်ထားပေမဲ့ ကျောင်းသားမိဘတွေကစားဝတ်နေရေး အတွက်လှုပ်ရှားရုန်းကန်နေရတာ ကြောင့် ကျောင်းနေအရွယ်ကလေးတွေကို ကျောင်းထားဖို့မစီစဉ်သေးနိုင်တာ ပါ" ဟု ၈၈ မျိုးဆက်ကျောင်းသူတစ်ဦးဖြစ်သူ မနီလာသိန်းက ပြောသည်။
(၈၈)မျိုးဆက်ကျောင်းသားများက ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများကိုပစ္စည်းများ သွားရောက်လှူဒါန်းရင်း ယခုကဲ့သို့ သိရှိခဲ့ခြင်းဖြစ်သည်။“ကျွန်မတို့က(၂၀)ရက်နေ့ကရောက်ပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ဒုက္ခသည် စခန်းအကုန်လုံးကို သွားရောက်ပြီး ဒေသခံတွေကိုနှစ်သိမ့်အားပေးစကား ပြောတာပါ၊ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအရပ်ရပ်ကိုလေ့ လာနေပါတယ်၊ လှူဒါန်းမယ့် ပစ္စည်းတွေကတော့(၂၄)ရက်နေ့မှရော က်မယ်"ဟု၈၈မျိုးဆက်ကျောင်းသူ မမီးမီးက ပြောသည်။
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ပစ္စည်းများလှူနိုင်ရန်(၈၈)မျိုး ဆက်ကျောင်းသားများအဖွဲ့ ရုံးတွင် အလှူခံဌာန ဖွင့်လှစ်ထားကြောင်းသိရှိရသည်။" ကျွန်တော်တို့ ရုံးခန်းမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကိုပစ္စည်း၊ ဆေးဝါး၊ အသုံးအဆောင်၊ အဝတ်အထည်၊ငွေကြေးတို့ကိုလာရောက် လှူဒါန်းနိုင်ဖို့ အလှူခံဌာနဖွင့်ထားပြီး အကူအညီလိုအပ်နေသူတွေကို သွားလှူမှာပါ "ဟု (၈၈) မျိုးဆက်ကျောင်းသားတဦးဖြစ်သူကိုဘောင်းဘောင်းမှပြောသည်။
ဝေယံမိုးဦး(မြစ်မခ)
by Myit Makha Mediagroup
"ကျောင်းတွေကိုမေလ(၅)ရက်နေ့က စပိတ်ထားတာမေ(၁၈)ရက်နေ့ကြတော့ဗိ
ကျောင်းများပြန်လည်ဖွင့်နိုင်ေ
ရခိုင်ပြည်နယ်တွင်စစ်တွေမြို့
"ကျောင်းပြန်ဖွင့်ထားပေမဲ့ ကျောင်းသားမိဘတွေကစားဝတ်နေရေး
(၈၈)မျိုးဆက်ကျောင်းသားများက ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများကိုပစ္စည်းများ သွားရောက်လှူဒါန်းရင်း ယခုကဲ့သို့ သိရှိခဲ့ခြင်းဖြစ်သည်။“ကျွန်မတု
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ပစ္စည်းများလှူနိုင်ရန်(၈၈)မျိုး
ဝေယံမိုးဦး(မြစ်မခ)
by Myit Makha Mediagroup
0 ကွန်မန့်ရေးရန်:
Post a Comment