Thursday, June 21, 2012

ချစ်သူတွေအဖြစ် ကြေညာလိုက်တဲ့ မြတ်သူအောင်နဲ့ ခင်ရူပ


မော်ဒယ်လောကတွင် နာမည်ရလာပြီး ဆုများ စွာ ပိုင်ဆိုင် ရရှိကာ ဇာတ် ကားများ

စတင်ရိုက်ကူး လာသူ ခင်ရူပက သူမ ၏ချစ်သူမှာ အနုပညာ လောကမှ မင်းသား မြတ် သူအောင်ဖြစ်ကြောင်း ပြောကြားလိုက်ပြီး ချစ် သူသက်တမ်း ရှစ်လရှိပြီ ဖြစ်ကြောင်း ခင်ရူပက ပြောသည်။

"ညီမကတော့ မဖုံး ကွယ်ပါဘူး။ ညီမနဲ့ သူနဲ့က ချစ်သူတွေပေါ့။ ချစ်သူသက်တမ်း ရှစ်လလောက်ရှိပြီ" ဟု ခင်ရူပကပြောသည်။ သူမတို့ နှစ်ဦး သည် Valentine's Day နှင့်ပတ်သက်သောကာဗာများရိုက်ကူး ထားကြောင်း ခင်ရူပကပြောသည်။ အောင်မြင်တဲ့ အနုပညာသမားတစ်ယောက်ဖြစ်ဖို့အ တွက် ဘာတွေလိုအပ်လဲဟု မေးမြန်းရာ "အဓိကကတော့ အနု ပညာသမားအတွက် အချိန်ပေါ့။ အချိန်လေးစားတာပေါ့။ ကိုယ်ကျင့်တရားရယ်၊ အဲဒါတော့လိုအပ်မယ်ထင်တယ်။ အဲဒါ တော့ အဓိကပါပဲ။ ကိုယ့်ရဲ့ကြိုးစား မှု၊ ပကာသနတွေက ညီမအတွက် သိပ်မလိုအပ်ဘူး။ညီမဒီလိုအောင် မြင်နေမှ ဘယ်လိုမှ မစဉ်းစားဘူး။ အရည်အချင်းရှိမယ်ဆိုရင် အ ချိန်ဘယ်လောက်ပဲကြာပါလေ့စေ အောင်မြင်ဖို့ ညီမှာ ကံပါလာရင်၊ စန်းပါလာရင်အောင်မြင်ရင်အောင် မြင်မှာပါ။ ညီမကြိုးစားမှာပါ။ အရမ်းလည်း လောဘမကြီးဘူး" ဟု ခင်ရူပကပြောသည်။

ခင်ရူပ ပထမ ဆုံး ပါ ဝင် သရုပ်ဆောင်ထားသော " ချစ်ခြင်း ၏ ဒုတိယနှမတော်" ဇာတ်ကား တွင်အိန္ဒြာကျော်ဇင်၊ ဟိန်းဝေယံ နှင့်အတူ ပါဝင်သရုပ်ဆောင်ထား ပြီး မကြာမီထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။ သူမအနေဖြင့် ပရိ သတ်အတွက် အမြဲကြိုးစားနေပြီး ပရိသတ်က တကယ့်အမြင်မှန်နှင့် ဆုံးဖြတ်ပေးစေလိုကြောင်း ခင် ရူပကပြောသည်။

ကြူကြူဟန် - By 7Day News

0 ကွန်မန့်ရေးရန်:

Post a Comment