Tuesday, June 19, 2012

ထားဝယ်မှာ မိုးသည်း၊ ကားလမ်းများ ရေကျော်



~

လွန်ခဲ့သည့်နှစ်ရက်ခန့ှ်မှစပြီး ထားဝယ်မြို့ပတ်ဝန်းကျင်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ကားလမ်းအချို့ ရေကျော်မှုများ ဖြစ်ပေါ်ပြီး သွားလာရ ခက်ခဲလျက်ရှိကြောင်း တွေ့ရသည်။

အထူးသဖြင့် ယနေ့ (၁၈.၆.၂၀၁၂) နံနက်ပိုင်းတွင် ထားဝယ်မြို့ အထွက် ကျောက်မော်နှင့် ပေါက်တိုင်းတံတားအကြား ကားလမ်းပေါ် ရေကျော်မှု ဖြစ်ခဲ့ကြောင်း တွေ့ရသည်။

အဆိုပါကားလမ်းသည် ထားဝယ် - မြိတ်ကားလမ်းပေါ်တွင် အရေးပါသဖြင့် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းပါက လမ်းပန်းဆက်သွယ်ရေး ထိခိုက်နိုင်ကြောင်း သိရသည်။
ကားလမ်းရေကျော်တုန်းလေး......ခါတော်မီ...


ကွင်းကျယ်အဝေးဝေး............ (ပေါက်တိုင်းနားမှာ..)

ဖိုးဇော် (ထားဝယ်) ရဲ့ Facebook စာမျက်နှာ http://www.facebook.com/phoe.zaw.507 မှာ ဖော်ပြထားတဲ့ သတင်း နဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment