
ဒီနှစ်ဟာ
တနင်္သာရီတိုင်း၊ ရေလုပ်ငန်းလုပ်ကိုင်သူတွေအတွက်ကတော့
ထူးခြားတဲ့နှစ်တစ်နှစ်ပဲ- တစ်သက်လုံးမကြုံဖူး၊၊ မကြားဖူးတဲ့
စီမံချက်တွေချမှတ်တဲ့နှစ်မို့လို့ပေါ့ ၊
ကမ်းဝေး ၊ ကမ်းလတ် လှေတွေ
ငါးသားပေါက်ရာသီ ဇွန်၊ဇူလိုင်၊သြဂုတ် လတွေမှာ ငါးဖမ်းခွင့်ပိတ်ထားပါတယ်။
ရေလုပ်ငန်းရှင်ကြီးတချို့ရဲ့ အကြံပေးချက်ကြောင့်လို့ ဆိုပါတယ်။
ပင်လယ်ပြင်ကြီးမှာ ငါးတွေ ပေါများလာအောင် ဒီလို အကြံပေးတာ တဲ့။
ပင်လယ်ပြင်မှာ
ငါးပေါမပေါတော့ မသိဘူး ၊ ယိုးဒယားနိုင်ငံ ရနောင်းမှာတော့ အရင်ထက်
ငါးပိုပေါလာတာတော့ အမှန်ပဲလို့ ယိုးဒယားက ပြန်လာတဲ့သူတွေက ပြောပါတယ်။
လိုင်းကြေး ပေးရင် ဗမာရေထဲမှာ ကြိုက်တဲ့သူ ငါးဖမ်းလို့ရတယ် ၊ ယိုးဒယား
မကလို့ ဘာကောင်ဖြစ်ဖြစ် တဲ့။
ကျန်နော်တို့တစ်သက်
မကြားဖူးတာတွေ ကြားနေရတယ်၊ ခေတ်အဆက်ဆက် ဘယ်တုန်းကမှ ငါးသားပေါက်ရာသီ
ငါးဖမ်းခွင့်ပိတ်တယ် လို့ မကြားဖူးဘူး၊ သက်ကြီးရွယ်အိုတွေကို
မေးကြည့်တာတောင် တစ်ခါမှ မကြားဖူးဘူးပြောတယ်။ ငါးတွေကလည်း
ရေနက်ပိုင်းကမ်းဝေး၊ ကမ်းလတ်မှာ ငါးသားမပေါက်ဘူး၊ ကမ်းနီးရေတိမ်ပိုင်းနဲ့
ကျွန်းကြား၊ ချောင်းလက်တက်တွေမှာသာ သားပေါက်ကြတာပါ။
ဘယ်လိုဘဲဖြစ်ဖြစ်
အခုကမ်းဝေး၊ ကမ်းလတ် ငါးဖမ်းလှေတွေ ငါးဖမ်းခွင့် ပိတ်လိုက်ပါပြီ။
ဒီလိုငါးဖမ်းခွင့်ပိတ်လိုက်တဲ့အတွက် မြိတ်မှာရှိတဲ့ကမ်းဝေးလှေ အစင်း (၇၀၀)က
လှေသား(၁၅,၀၀၀)က အလုပ်လက်မဲ့ဖြစ်နေရပြီ၊
ဒီလှေသားတွေကို
မှီခိုစားသောက်နေတဲ့ မိသားစုဝင် (၄၅,၀၀၀)လောက်က စားရမဲ့သောက်ရမဲ့
ဖြစ်နေရပြီ၊ ကမ်းလတ်လှေက အစင်း(၃၀၀)လောက် ရှိတယ် ၊ အဲဒီကလှေသား (၃,၀၀၀)နဲ့
မှီခိုသူ (၁,၀၀၀၀)လောက်ရှိတယ်၊ လောလောဆယ် လူပေါင်း (၇၃,၀၀၀)ယောက် လောက်က
ဘ၀ပျက်နေရပြီ။
ဒီငါးဖမ်းလှေတွေကို မှီခိုပြီးလုပ်ကိုင်
စားသောက်နေရတဲ့ အအေးခန်းအလုပ်သမား၊ ငါးမှုန့်ကြိတ်စက်၊ ရေခဲစက် ၊
ဆီရောင်းတဲ့သူတွေ၊ ကုန်းစိမ်း၊ ကုန်ခြောက် ရောင်းတဲ့သူတွေလက်လုပ်လက်စားတွေ
အများကြီး အလုပ်လက်မဲ့ဖြစ်ရပါတယ်။
တနင်္သာရီတိုင်းဒေသကြီးမှာ
တိုင်းမှူးလုပ်သွားတဲ့ မွေးရေ ပြည်ထောင်စုဝန်ကြီးတစ်ယောက်အနေနဲ့
မြိတ်မြို့ဟာ တခြား ဘာလုပ်ငန်းကိုမှ လုပ်ကိုင်လို့မရဘဲ
ရေလုပ်ငန်းတစ်ခုတည်းမှာ ရပ်တည်မှီခိုနေရတာကို သိရဲ့သားနဲ့
ကိုယ်ကျိုးလောက်ပဲကြည့်တဲ့ လုပ်ငန်းရှင်တွေရဲ့ သဘောထားကို လိုက်လျောပြီး
လုပ်ချင်တာ လုပ်နေတာ ကတော့ ဒီမိုကရေစီ မဆန်ပါဘူး၊ လူသားချင်းစာနာမှု
ကင်းမဲ့လွန်းရာကျပါတယ်။
တနင်္သာရီတိုင်း၊
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် တို့မှာ
ရေလုပ်ငန်း လုပ်ကိုင်နေကြပါတယ်။ အဲဒီ(၅)ခုထဲမှာမှ တနင်္သာရီတိုင်း
ဒေသကြီးရေထဲမှာမှ ငါးက သားလာပေါက်ရလား၊ ကျန်တဲ့ နေရာတွေမှာ ငါးတွေ
သားမပေါက်လို့လား၊ တနင်္သာရီတိုင်း ဒေသကြီးတစ်ခုထဲဘဲ ငါးသားပေါက်လား။
ဒါဆိုရင်တော့တနင်္သာရီတိုင်းသားတွေ ကံဆိုးတာဘဲ ၊ ပြည်နယ်နဲ့တိုင်း အားလုံးက
ငါးတွေက သားပေါက်ခါနီးမှာ တနင်္သာရီတိုင်းထဲကို သားလာပေါက်တယ် ၊ ပြီးမှ
သူ့နေရပ်ဇာတိကို ပြန်ကြတာလား လို့ မေးရမလိုဖြစ်နေပါတယ် ၀န်ကြီးခင်ဗျား။
သူတို့ကိုသာ ဧည့်စာရင်း တိုင်ခိုင်းလိုက်ရင် ရပ်ကွက်
အုပ်ချုပ်ရေးမှူးတွေတော့ တစ်ချီထဲနဲ့ချမ်းသာလောက်တယ်။
မွေးရေပြည်ထောင်စုဝန်ကြီးခင်ဗျား -
မြိတ်မြို့မှာနေထိုင်လုပ်ကိုင် စားသောက်နေတဲ့ရေလုပ်သားများရဲ့ဘ၀ကို
စာနာသနားငဲ့ညှာ ထောက်ထားပြီး ၊ ကမ်းဝေး ၊ ကမ်းနီး ငါးဖမ်းလှေများကို
ပြန်လည် ငါးဖမ်းခွင့်ပြုဘို့ တောင်းပန်ပါတယ်။ လုပ်ငန်းရှင်ကြီးတွေက
ဆယ်သက်စားလို့လဲ မကုန်နိုင်အောင် ချမ်းသာနေကြပါပြီး ၊ တစ်နေ့လုပ် တစ်နေ့စား
ဆင်းရဲသားများဘ၀ကို ကယ်တင်ပေးပါလို့ ပြောကြားပါရစေ။
by-irrawaddy.
0 ကွန်မန့်ရေးရန်:
Post a Comment