Tuesday, June 19, 2012

နယ်ဖုန်းများ ရန်ကုန်သို့ ယူဆောင်မည် ဆိုပါက အကြောင်းကြားရန် လိုအပ်



နယ်ဒေသ များတွင် အသုံး ပြုသော ကျပ်နှစ်သိန်းတန် ဂျီအက်စ် အမ်ဖုန်းများနှင့်
ကျပ်နှစ်သိန်းခွဲ တန်WCDMA ဖုန်းများကို ရန်ကုန်သို့ သယ်ဆောင်မည် ဆိုပါက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ အကြောင်းကြားပေးရန် လိုအပ် ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှသိရသည်။
အဆိုပါ ဖုန်းများကိုနယ်ဒေ သများမှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်လာမည်ဆိုပါက မိမိ ဝယ်ယူထားသော ကုမ္ပဏီများမှ တဆင့် မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသို့ အကြောင်းကြားရန်လိုအပ် ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှပြောသည်။
ယခင်က ဝယ်ယူ ထားသော ကျပ်နှစ်သိန်းတန် ဖုန်းများနှင့်
ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများကို မူ
ရန်ကုန်သို့ သယ်ဆောင်ရန်Roaming ဖွင့်ပေး ထားပြီး နောက်ပိုင်းဝယ်ယူသည့် မိုဘိုင်းဖုန်းများကိုမူRoaming ကွန်ရက်ကို ဖွင့်လှစ်ပေးမည် မ ဟုတ်ကြောင်း သိရသည်။
ယင်းသို့ နယ်ဒေသများမှဖုန်း များကိုသယ်ယူလိုပါကRoaming ကွန်ရက်ကိုဖွင့်လှစ်ပေးရန် လို အပ်ပြီး ယင်းသို့ဖွင့်လှစ်ပေးခြင်းကိုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆောင်ရွက်ပေးမည်ဖြစ်သည်။ ယင်းသို့Roaming ကွန်ရက်ကို နယ်ဒေသများမှဖုန်းများ ရန်ကုန် တွင် အသုံးပြုမရခြင်းနှင့် ပတ်သက် ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ မို ဘိုင်းဖုန်းဆိုင်တစ်ဆိုင်က “တချို့ ဆိုင်တွေက နယ်ဖုန်းတွေကို လိုင်း ဖွင့်ပြီး ရန်ကုန်ယူရောင်းတာ ရှိပါ တယ်။ ဒါပေမယ့် အခုကတော့ နယ်ဖုန်းတွေ ရန်ကုန်ယူသွားချင် ရင် လိုင်းဖွင့်ရမယ်ဆိုတော့ နယ် ဖုန်းတွေ ယူရောင်းဖို့ အခက်အခဲ ဖြစ်တာပေါ့။ ဒါကြောင့် နယ်ဖုန်း တွေလည်း ရန်ကုန်ဈေးကွက်မှာ ရောင်းမယ့်သူ သိပ်မရှိတော့ပါဘူး။နယ်ဖုန်းတွေက လိုင်းပွင့်တာမပွင့် တာ ပြဿနာရှိတယ်လေ။ အဲဒါကို ဖြေရှင်းရတာ မဖြေရှင်းချင်တာနဲ့ ဖုန်းဆိုင်တွေက ယူမရောင်းတော့ ဘူး။ ဒါကြောင့် ရန်ကုန်ဈေးကွက် မှာ နယ်ဖုန်းတွေ သိပ်မရောင်းတော့ တာပါ”ဟုပြောသည်။
မိုဘိုင်းဖုန်း ကျွမ်းကျင်သူတစ်ဦးကလည်း “နယ် ဖုန်းတွေရန်ကုန်ကို သယ်ခွင့်မပေး တာ ရန်ကုန်မှာဖုန်းလိုင်းကျပ်မှာစိုး လို့ ဖြစ်နိုင်ပါတယ်။ ရန်ကုန်က လိုင်းဖွင့်ပေးမယ်ဆိုရင် နယ်က ဖုန်းတွေ ယူရောင်းကြမယ်။ ဒါဆို ရောင်းတဲ့သူများလာနိုင်တယ်။ ဒါ ကြောင့် တကယ်သုံးမယ့် ဖုန်းတွေ ကိုပဲလိုင်းဖွင့်ပေးမယ့် သဘောထင်ပါတယ်။ ရန်ကုန်က လိုင်းလည်း တော်တော်ကျပ်ပါတယ်။ ရန်ကုန် မှာ သုံးနေတဲ့ဖုန်းကိုက တော်တော် များတယ်။ နယ်တွေကသယ်လာ ပြီး သုံးတဲ့သူတွေကလည်းများ တယ် ဆိုတော့ရန်ကုန်က လိုင်း ကျပ်တယ်ပြောရမယ်” ဟု ပြော သည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ နယ်မြို့များတွင် နှစ် သိန်းတန် ဂျီအက်စ်အမ်ဖုန်းများကို မတ်လအတွင်းတွင်လည်း ကောင်း၊ နှစ်သိန်းခွဲတန်WCDMA ဖုန်း များကို ဧပြီလအတွင်းတွင်လည်း ကောင်းချထားပေးခြင်း ဖြစ်သည်။
တင်ဇာအောင်
Mobile Guide

0 ကွန်မန့်ရေးရန်:

Post a Comment