Tuesday, June 19, 2012

ဗိုလ်ချုပ်အောင်ဆန်း နေရာတွင် သရုပ်ဆောင် ရန်ဒုတိယ အကြိမ် လူတွေ့ စစ်ဆေး



ဇွန်၁၁ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး

အဖွဲ့ရုံးခန်း၌ ဇာတ်ညွှန်းအဖွဲ့ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ဇာတ်ညွှန်းအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသော ဦးကြည်စိုးထွန်း၊ ဦးချစ်ဦးညို၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးဇော်သက်ထွေး၊ ဒေါ်ကြည်ဖြူသျှင်နှင့် သမိုင်းသုတေသီတစ် ဦးဖြစ်သူ ဦးဇော်လင်းတို့ တက်ရောက်ခဲ့ကြပါသည်။

ထိုအစည်းအဝေးတွင် ဇာတ်ညွှန်းအကြမ်း ထွက်ရှိရေး အတွက် ဆွေးနွေး ခဲ့ကြသည်။ ဇွန်လ၁၂၊၁၃ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ရုံးခန်း ၌ ဗိုလ်ချုပ်အောင်ဆန်း၏နေရာတွင် သရုပ်ဆောင်ရန် ဒုတိယအကြိမ် လျှောက်ထားသူ များအား ဒုတိယနေ့ လူတွေ့စစ်ဆေးခြင်းပြုလုပ် ခဲ့ကြပါသည်။ သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့မှ ဦးလူမင်း၊ ဦးအရိုင်း၊ဒေါ်အိအိခိုင်၊ ဒေါ်ကြည်ဖြူသျှင်နှင့် ပြင်ပပညာရှင် များ ဖြစ်ကြသော ဦးကြည်စိုးထွန်း၊ ဦးအောင်လွင် တို့က ဒိုင်အဖြစ် ရွေးချယ် အမှတ် ပေးခဲ့ကြပါသည်။

ဒုတိယအကြိမ် လျှောက်ထားသူ ၈၈ဦး အနက် လာရောက် ဆက်သွယ်သူများကို လူတွေ့စစ်ပြီး ဖြစ်ပါသည်။ မကြာမီ ဆန်ခါတင် အဖြစ် ထပ်မံရွေးချယ်ပြီးလျှင် အရွေးချယ်ခံရသူ စာရင်းကို သတင်းထုတ်ပြန် ကြေညာပေးမည်ဖြစ်ပါသည်။ သရုပ်ဆောင်ရွေး ချယ်ရေးနှင့် ပတ်သက်၍ အခြား သတင်းထုတ်ပြန်ချက်များ ရှိလျှင်လည်း ဆက်လက်ပြီး အသိပေးထုတ်ပြန် ပေးသွားမည်ဖြစ်ပါသည်။

By Popular Myanmar News Journal

0 ကွန်မန့်ရေးရန်:

Post a Comment