Tuesday, May 29, 2012

KIA and Myanmar Military စစ်အကြီးအကျယ် ဖြစ်ဖို့ရှိတယ်။

Inbox
x

မု ယော tycoonlay1@gmail.com
11:50 AM (13 hours ago)

to mrsorcererKNG

၂၈ရက်နေ့ကစပြီး မြန်မာ့တပ်မတော်က ကေအိုင်အိုကို အပြီးသတ် ချေမှုန်းတော့မည်
ဖြစ်ကြောင်း သတင်းထွက်လာတယ် ဆိုလိုတာက ငြိမ်းချမ်းရေးဆိုတဲ့ဘက်ကို
မသွားတော့ဘူးပေါ့ တဘက်မှာ ကောင်းသလို တဘက်မှာလည်း မကောင်းတာတွေ အများကြီး
ရှိနေပြန်ရော ကျနော်ကတော့ ဒီသတင်းက ကောလဟာလ ဖြစ်ပါစေလို့ဘဲ
ဆုတောင်းချင်တယ်။မူဆယ်ဘက်က လာတဲ့ သတင်းအရ ခုရက်ပိုင်း အတွင်းမှာဘဲ
ကုန်ကားတွေကို လက်နက်ကိုင်တချို့က ဖောက်ခွဲဖြစ်တယ်လို့ ကြားရတယ်
ကျနော်ကတော့ မယုံဘူး ဒါပေမဲ့ သေသေချာချာ မေးကြည့်တော့ ဒီသတင်းက
မှန်နေပြန်ရော။ကျနော်ကတော့ သူတို့တွေ ရူးများနေသလားလို့ အောက်မေ့တယ်
ကိုယ့်နယ်မြေ ကိုယ့်ဒေသမှာ ကိုယ်ကစပြီး အမှားမလုပ် သင့်ဘူးလို့ထင်တယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ အစိုးရအဖွဲ့ထဲက လုံခြုံရေးကောင်စီဘက်ကတော့
မိုးရာသီအပြီးသတ် ချေမှုန်းရေးဘက်ကို အားသာနေကြတယ်။ပေါ်လစီအရ
ပြန်ကြည့်ရင်လဲ အစိုးရစစ်တပ်အနေနဲ့ကလဲ ပြည်တွင်းလက်နက်ကိုင်တွေအပေါ်မှာ
စစ်ရေးအရ အားသာချက်ရပြီးမှ ငြိမ်းချမ်းရေးကို
ဦးတည်ခြင်ကြတယ်။မြန်မာ့စစ်တပ် သမိုင်းမှာလဲ မိုးရာသီ ထိုးစစ်က
သူတို့အတွက် ပိုပြီးအားသာမှုနဲ့ အောင်မြင်မှုတွေကို ရစေတယ်။ အခု
KIAနဲ့ကိစ္စက စစ်ရေး၊နိုင်ငံရေးနဲ့ လူမျိုးရေးအရပါ အဆုံးအရှုံးမခံနိုင်တဲ့
အနေအထားမျိုး ဖြစ်နေတယ်။သိသလောက် ပြောရရင် လက်ရှိ KIA ထဲမှာ ကချင်လူမျိုး
အတော်ကို နည်းပါးပါတယ် ဒူးဝါးလား ဂျိန်းဖောလား မေးနေလို့ကတော့ အပိုဘဲ
အားလုံးလိုလိုက ကချင်လိုလို၊ရှမ်းလိုလိုနဲ့ တရုတ်နိုင်ငံ
ယူနန်နယ်ထဲကများတယ်။နောက်ပြီး”၀”ဒေသဆိုရင်လဲ ယူနန်ပြည်နယ်ရဲ့
အုပ်ချုပ်ရေးအောက်မှာ ရှိနေတယ် ကြာရင်တော့ ကျနော်တို့နိုင်ငံ
ဒုက္ခများလိမ့်မယ်။
အခုတော့ ကကကြည်းက ဗိုလ်ချုပ်ကြီးအောင်သန်းထွဋ် မူဆယ်ဘက်ကိုသွားလေရဲ့
ငြိမ်းချမ်းရေးထက် ဘာတွေဖြစ်လာမလဲ ဆိုတာတော့ ကျနော်လည်း
မခန့်မှန်းတတ်ဘူးဗျာ။ဘယ်နိုင်ငံသား ဘာလူမျိုးဘဲဖြစ်နေပါစေ စစ်ပွဲကြောင့်
ရလာမယ့်အကျိုးက အရပ်သားတွေ၊နှစ်ဖက်စစ်သားတွေ ဘယ်သူ့အတွက်မှာ
မကောင်းနိုင်ဘူးဆိုတာပါဘဲ။ ဒါကလဲ သာမန်ပြည်သူ တယောက်အနေနဲ့
တွေးကြည့်တာပါ။
ဒီတော့ ငြိမ်းမှာလား ငြှိမ်းမှာလား ဆိုတာကတော့ နှစ်ဦးနှစ်ဖက်ပေါ်တွင်သာ
မူတည်ကြောင်း ရင်မောစွာဖြင့်………………..

0 ကွန်မန့်ရေးရန်:

Post a Comment