Tuesday, May 29, 2012

နှစ်နှစ် ဝန်းကျင် အရွယ် ကလေးငယ်များကို အသုံးချ၍ တောင်းရမ်းစား သောက်မူများ များပြားလာ



လူပွဲစားများ၏ လက်ထဲသို့ အချိန် မရွေး ရောက်ရှိသွားချိန် နေပြည်တော် ဥတ္တ ရသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ် များတွင် လူစည်ကားသည့် နေရာများတွင် နှစ်နှစ် ၀န်းကျင် အရွယ်ရှိ ကလေးငယ်များကိုအ သုံးချ၍ မိသားစု အသွင်စုဖွဲ့ကာ တောင်း ရမ်းစား သောက်သူများ ထံရောင်းစား လာ ကြောင်း နေပြည်တော် ဥတ္တရမြို့နယ် မြို့မ ဈေးကြီးရှိစတိုးဆိုင်တစ်ခုမှ ရှင်းပြသည်။

“တစ်ဦးချင်း တစ်ယောက်ချင်းပဲ တောင်းရမ်းကြတယ်။ အခုတော့ အဖွဲ့ တွေနဲ့ တောင်းရမ်းနေကြတယ်။ အဖွဲ့တွေ  တိုင်းမှာ အမျိုးသမီးလူလတ်ပိုင်းနဲ့ လူကြီး ပိုင်းတွေပါတယ်။ တစ်ဖွဲ့မှာ အနည်းဆုံးလေး ယောက် လောက်ပါတယ်။ တချို့အဖွဲ့ တွေ ဆိုရင် ခုနစ်ယောက်၊ ရှစ်ယောက် ထိရှိကြ တယ်။ ခေါင်းဆောင် အမျိုးသမီးက လသား အရွယ် ကလေးငယ်ကို အ၀တ်စ တစ်ခုနဲ့ ရင် မှာ သိုင်းထားပြီး မနီးမဝေး တစ်နေရာမှာ ထိုင်ပြီး ကလေးငယ် တွေကိုတောင်းရမ်း ခိုင်း တယ်။ ကလေးငယ် တွေက နှစ်နှစ်ဝန်းကျင် ကနေ ခြောက်နှစ် အထိအရွယ်စုံပါတယ်။ တချို့ကလေးတွေက မပေးမချင်းကို တစ်စာ စာအော်ပြီး တောင်းရမ်းကြတယ်။ မြန်မာ လူမျိုး တွေက သနားကြ တော့ ပေးကမ်းကြ တယ်။ အဲဒီကလေးငယ် တွေကလည်း ပိုက် ဆံရဖို့အရေးကြီး တာဆိုတော့ ဆိုင်ကယ်တို့ ကားတို့ တိုက်မိမှာလည်း မကြောက် တော့ဘဲ အတင်းကို တောင်းရမ်း နေကြတာ။ စိတ် ပျက်ဖို့လည်း ကောင်းတယ်” ဟု ၎င်းက သူ၏ မျက်မြင် ကိုယ်တွေ့ကိုပြောပြသည်။
မလေးရှား၊ ယိုးဒယားနှင့် အခြားသော နိုင်ငံများတွင် လူပွဲစားများက ကလေးငယ် များကို မိဘ၊ အုပ်ထိန်း သူများထံမှ အပြီးပိုင် ၀ယ်ယူ၍ သော်လည်းကောင်း၊ စာချုပ်ဖြင့် ငှားရမ်း၍ သော်လည်းကောင်း၊ ကလေးသူ တောင်းစား အဖြစ် တောင်းရမ်းနိုင်စေခြင်း များပြုလုပ်လျက်ရှိပြီး ကြီးပွားချမ်းသာလျက် ရှိကြောင်း၊ နယ်စပ်တွင် နေထိုင်ကြသည့် ကလေးငယ်များ ကို တစ်ဦးလျှင် တစ်လငှား ရမ်းခဘတ် ၂,၀၀၀ မှ ၇,၀၀၀ အထိရှိပြီး အပြီးပိုင် ၀ယ်ယူပါက တစ်ဦးလျှင် မြန်မာငွေ ကျပ်သုံးသိန်းမှ ၁၀ သိန်းအထိပေး၍၀ယ်ယူ မှုများရှိပြီး သူတောင်းစား အဖြစ်ခိုင်းစေလျက် ရှိကြောင်း နေပြည်တော်ရှိ မြန်မာ နိုင်ငံရဲ တပ်ဖွဲ့ဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယခုအခါ တောင်းရမ်း စားသောက် သည့် ကလေးတစ်ယောက် အနေနှင့် အမျိုး သမီးကြီးတစ်ဦး၏ ဦးဆောင်မှု အောက်တွင် ရှိနေပြီး လမ်းဆုံ လမ်းခွများ၊ စတိုးဆိုင်ကြီး များ၊ မုန့်ဆိုင်ကြီး များနှင့် လူစည်ကား သည့် နေရာများတွင် မိသားစု အသွင်စုဖွဲ့ ၍ တောင်းရမ်း စားသောက်သူများပြား လာပြီး အဆိုပါ ကလေးငယ်များသည် လူ ပွဲစားများ၏ စည်းရုံးခေါ်ဆောင်မှုကြောင့် တစ်ဖက် နိုင်ငံသို့ သူတောင်းစားအဖြစ် ရောက်ရှိ သွားနိုင်ကြောင်းနှင့် ထိုကဲ့သို့ ရောက်ရှိ သွားပါက ကလေးငယ် များကို မီးစနှင့်ထိုးခြင်း၊ နှိပ်စက်မှု အမျိုးမျိုးပြုလုပ် ခြင်း၊ သုံးရက်ခန့် ထမင်းမကျွေးဘဲ ထားခြင်း၊ ခြေလက် အချို့ကိုဖြတ်တောက်၍ မစွမ်း မသန် အဖြစ် တောင်းရမ်း ခိုင်းစေမှုများပြု လုပ် လေ့ရှိကြောင်း ၎င်းက ဆက်လက်ရှင်း ပြသည်။
ခိုင်မင်း(နေပြည်တော်

0 ကွန်မန့်ရေးရန်:

Post a Comment