Tuesday, May 29, 2012

သူငယ်ချင်းဆိုတာ

Inbox
x

soe naing
5:41 PM (7 hours ago)

to mrsorcerer


သူငယ်ချင်းဆိုတာ
------------------------------------------------------


သူငယ်ချင်းဆိုတာ
နာမည်သိရုံနဲ့
သူငယ်ချင်းမဟုတ်သေးဘူး။
တစ်ဦးရဲ့ခံစားချက်ကိုတစ်ဦးသိမှ
သူငယ်ချင်း။

သူငယ်ချင်းဆိုတာ
မျက်နှာမြင်ဖူးရုံနဲ့
သူငယ်ချင်းမဟုတ်သေးဘူး။
တစ်ဦးရဲ့မျက်နှာကဲကိုတစ်ဦးအရိပ်အကဲခပ်တတ်မှ
သူငယ်ချင်း။

သူငယ်ချင်းဆိုတာ
အလုပ်အတူတူကူလုပ်ရုံနဲ့
သူငယ်ချင်းမဟုတ်သေးဘူး။
တစ်ဦးရဲ့ ဘဝအခက်အခဲကိုတစ်ဦးက ကူညီလုပ်ကိုင်ပေးမှ
သူငယ်ချင်း။

သူငယ်ချင်းဆိုတာ
စကားပြောဖြစ်ရုံနဲ့
သူငယ်ချင်းမဟုတ်သေးဘူး။
တစ်ဦးရဲ့ ရင်ဖွင့်စကားကို တစ်ဦးက
တစ်ဦးက နားနဲ့မနာဘဲ
နှလုံးသားနဲ့နားထောင်ပေးမှ
သူငယ်ချင်း။

သူငယ်ချင်းဆိုတာ
အတူနေ အတူစား ရုံနဲ့
သူငယ်ချင်းမဟုတ်သေးဘူး။
တစ်ဦးမှားရင် တစ်ဦးက ပြင်ပေးမှ
တစ်ဦးကအပြစ်လုပ်မိရင် တစ်ဦးက ခွန့်လွှတ်ပေးမှ
တစ်ဦးက စိတ်ညစ်နေရင် တစ်ဦးက ဖြေသိမ့်ပေးမှ
တစ်ဦးကတင်းနေရင် တစ်ဦးကအလျှော့ပေးမှ
အဲဒါမှ....သူငယ်ချင်း။

ချစ်သူမရှိဘဲ
အသက်ရှင်နေထိုင်သွားခဲတဲ့
အပျိုကြီး၊လူပျိုကြီးတွေရှိတယ်။

ဒါပေမယ့်
သူငယ်ချင်းမရှိဘဲ
အသက်ရှင်နေထိုင်သွားခဲ့တဲ့လူရယ်လို့
မရှိဘူး။

written by ကိုရုပ်ဆိုး

0 ကွန်မန့်ရေးရန်:

Post a Comment