Tuesday, May 29, 2012

232ပါရမီ ယာဉ်လိုင်းကားများ 178အဓိပတိ နမ်မည်ဖြင့် 4ရက်နေ့ တွင်လိုင်းပြန်ဆွဲမည်



571ဒဂုံဆိပ်ကမ်း ယုဇန ဥယာဉ် မြို့တော် တွင် လွန်ခဲ့သော ၂၀၁၂ ခုနှစ် မေလ ၁၂ ရက်နေ့ ည ၇ နာရီနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဈေးကြိုပို့ယာဉ်မောင်းနှင့် ၂၃၂ ပါရမီယာဉ်နောက်လိုက်များ ယာဉ်ပိတ်ရပ်ခြင်းကြောင့် စကားများခဲ့ပြီးနောက် ဈေးကြိုပို့ ယာဉ်မောင်း နှင့်အဖွဲ့ ၂၃၂ ဂိတ်ရုံးသို့ လာရောက်စကားပြောစဉ် ပါရမီယာဉ် နောက်လိုက်၏ ဖခင်နှင့်အဖွဲ့က ဓားဖြင့်ဝိုင်းခုတ်ခဲ့ကြောင်း သိရှိရပါသည်။ ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် ဈေး ကြိုပို့ယာဉ်မောင်းနှင့် ပါလာသည့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့သည်။    အခင်းဖြစ်ပွားပြီးနောက် ဖျက်သိမ်းလိုက်သော   232ပါရမီ ယာဉ်လိုင်းကားများ 178အဓိပတိ နမ်မည်ဖြင့် 4ရက်နေ့ ယုဇန ဥယာဉ် မြို့တော်တွင်လိုင်းပြန်ဆွဲမည် ဖြစ်ကြောင်း သတင်းရရှိပါသည်

0 ကွန်မန့်ရေးရန်:

Post a Comment