Tuesday, May 29, 2012

အသက် ၁၀ နှစ် အရွယ် မိန်းကလေး တစ်ဦး ရေမြောင်းထဲ ကျပြီး သေဆုံး


ဗဟန်းမြို့နယ်၊ကြားတောရ ရပ်ကွက်၊ ရေတာရှည်လမ်းပေါ် တွင်ရှိသော ဦးအရိယကျောင်း တိုက်အတွင်း ရှိရေမြောင်းထဲသို့ ဇူလိုင် ၂၇ ရက် ညနေ ၄ နာရီခန့် တွင် ၁၀ နှစ်အရွယ် စတုတ္ထတန်း ကျောင်းသူ တစ်ဦးရေမြောင်းအတွင်း ပြုတ်ကျပြီး ရေနှင့်အတူမျောသွား ရာ ည ၉ နာရီခန့်မှ အလောင်းကို ပြန်လည် ရှာတွေ့ခဲ့သည်ဟု အဆို ပါဖြစ်ရပ်တွင် ကူညီခဲ့သူများက ပြောသည်။
28/07/2011
မိန်းကလေးငယ် ရေထဲ မျောပါသွားသည့် နေရာကို တွေ့ရစဉ်
မိန်းကလေးငယ် ရေထဲမျောပါသွားသည်ကို ရေမြောင်း တစ်နေရာတွင် ရှာဖွေနေစဉ်
“ကစားပြီးလို့ ကလေးကို အ၀တ်အစားလဲခိုင်းတယ်။ ရေက စီးနေတာ။ ရေစီးအားနဲ့ဆိုတော့ ချော်ပြီး ကျသွားတယ်။ အဲဒီနေရာ ကနေတောက်လျှောက်ဆင်းပြီး တော့ရှာကြတယ်။ အဲဒီအချိန် တုန်းက ရေက တအားများနေတဲ့ အချိန်ဆိုတော့ သိပ်ဆင်းလို့မရ သေးဘူး။ ဒီကနေရှာရင်းနဲ့ ဗဟန်း ၃ လမ်းထိပ်မှာ ထပ်ရှာကြတယ်။ ပထမတစ်ခါသွားရှာကြတယ်။ ဘာမှမတွေ့ကြဘူး။ဒေါ်သိန်းတင် တံတား အောက်ကို ရောက်တယ်။ အဲဒီမှာ အမှိုက်တွေ ပိတ်နေတဲ့ အခါ အမှိုက်တွေ အကုန်ဖယ်ပြီး ၀ိုင်းပြီး ရေငုပ်ရှာကြတယ်။ ရှာလို့ မတွေ့ဘူး။ ၃ လမ်းကို ပြန်လာ တယ်။ ၃ လမ်းမှာ နှစ်ပေါက်ရှိတယ်။ အောက်တစ်ပေါက် ရေကကျန်သေး တော့ စောင့်တယ်။ စောင့်နေတုန်း တိရစ္ဆာန်ရုံဘက်က တွေ့ပြီတွေ့ပြီဆို တဲ့အသံ ကြားလို့ ပြေးသွားကြတယ်။ ၇ နာရီခွဲလောက်ရှိပြီ။ မတွေ့ဘူး။ အဲဒီမှာ တစ်ခေါက်ပြန်ထပ်ရှာတယ်။ မတွေ့ဘူး။ အားလုံးနောက်ကိုပြန်ပြီး တော့ရှာမှတွေ့တာ”ဟု မိသားစုဝင် ကိုဝင်းဌေးကပြောသည်။
သေဆုံးသွားသော မိန်းကလေး မှာ မခိုင်ရတနာ(ခ) သံချေးမဖြစ်ပြီး အ.လ.က ၃ ဗဟန်းတွင် ပညာ သင်ကြား နေသော ကျောင်းသူဖြစ် သည်။ ထိုမိသားစုမှာ အခင်းဖြစ်ပွား သောနေရာတွင် ထမင်းဆိုင်ဖွင့်၍ နေထိုင် လာသည်မှာ ငါးနှစ်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။
“ညနေ ၄ နာရီဝန်းကျင်လောက် မှာဖြစ်တာ။ ကြက်ခြေနီ၊ ရဲ၊ အရန် မီးသတ်ရော မြို့မထဲမှာဈေးရောင်းတဲ့  လူတွေလည်းပါတယ်။ သူတို့လည်း ဆိုင်ကိုပိတ်ပြီး ကယ်ဆယ်ရေးလိုက် လုပ်တယ်။ လူတွေ အကုန်လုံးလိုလို ပါပဲ။ ဆိုင်တွေပိတ်ပြီး တော့လိုက် လုပ်ပေးတာ။ ကလေးပြုတ်ကျသွား တော့ ပြုတ်ကျ သွားတဲ့ဘက်မှာ မဲရှာနေတုန်း ဟိုဘက်အခြမ်း ကို ရေစီးအားနဲ့ ပါသွားတယ်။ ကား လမ်းအောက်မှာ ရေမြောင်း လိုင်း ကြီးရှိတယ်လေ။ အဲဒီ အထဲပါသွား တာ”ဟု ကြားတောရလမ်းအုပ် ချုပ်ရေးမှူး ဦးကျော်ဝင်းက ပြော သည်။ ယင်းနေရာတွင်ယခု အကြိမ် အပါအ၀င် ရေနစ်မြှုပ်မှုသုံးကြိမ် မြောက်ဖြစ် ပွားခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၉၇ ခုနှစ် တွင် တစ်ကြိမ် နှစ်ကြိမ်ဖြစ် ပွားခဲ့ပြီး နှစ်ကြိမ်လုံး မှာလည်း မိုးရာသီတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က လည်း ကလေးငယ်များ သေဆုံးခဲ့သည်ဟု သိရသည်။
“ဒီလိုမြောင်း တွေကို စည်ပင် ကနေ အပေါ်ကမြောင်းဖုံးတွေနဲ့ အုပ်ပေးထားသင့်တယ်။ တစ်ကြိမ် နှစ်ကြိမ်လည်း မဟုတ်ဘူး။ သုံးကြိမ် ဖြစ်ပြီး သုံးဦးလုံးသေသွားတယ်။ ဒီနေရာကို ပြင်ဖို့ ကောင်းနေပြီ။ မိုး ကောင်းပြီး ရေလျှံရင် မြောင်းတွေက အပေါက်တွေ နဲ့ဆိုတော့ ဒီလိုပဲက လေးတွေကျရင်သေနိုင်တယ် လေ” ဟု ဗဟန်း ၁ လမ်းတွင်နေ ထိုင်သူ အိမ်ရှင်မတစ်ဦးကပြော သည်။
လူမင်းသောင်းထွန်း

0 ကွန်မန့်ရေးရန်:

Post a Comment