Thursday, April 19, 2012

သံလျှင်NLD လူငယ်ရေကစားမဏ္ဍပ်ကို လူ၁၅ဦးထက်မနည်း ၀င်ရောက်ရိုက်နှက်


ကိုမင်းကိုနိုင်တို့ အပါအ၀င် ၈၈ သံချပ်အဖွဲ့ဟာ သံလျှင်မြို့ဘက်ကို ညနေ ၃ နာရီခွဲခန့်က ရောက်ရှိလာပြီး ဖျော်ဖြေရေးမဏ္ဍပ်တစ်ခုသို့သွားသည်။ ထို့နောက် NLD လူငယ်ရေကစား မဏ္ဍပ်ရှိရာ ကိုညီညီဦးအိပ်ရှေ့သို့ ညနေ ၅ : ၂၀ ၀န်းကျင်မှာ ပြန်လည်ရောက်ရှိလာတယ် လို့ ကိုညီညီဦးက ပြောပါတယ်။
ကိုမင်းကိုနိုင်တို့ မဏ္ဍပ်သို့လာလျှင် ကြိုဆိုလက်ပြရန် လူငယ်များအား မှာထားပြီး ကိုမင်းကို နိုင်တို့ ကားအလာကို လူငယ်များတန်းစောင့်ကြိုနေကြတယ်လို့ ပြောပါတယ်။ ယခင်ကောင်စီလမ်းခေါ် လမ်းဘက်မှကိုမင်းကိုနိုင်တို့အဖွဲ့မှ ကား ၅စီးလောက် ထွက်ခွာသွားပြီး ကိုမင်းကိုနိုင်လိုက် ပါလာသော ကားသည် ကိုညီညီဦးအိမ်ရှေ့အရပ်တွင် လမ်းတစ်ဖက်မှ ဟီနိုးကားအကာအကွယ်မှ လူ၁၅ ယောက်ထက်မနည်း အုတ်ခဲကျိုး။ နှစ်တစ်လက်မ သစ်သားချောင်းများကိုင်လျှက် ၀င်ရောက် ရိုက်နှက်သောကြောင့် ကိုမင်းကိုနိုင်တို့ကားကို အတင်းမောင်းခိုင်းလိုက်ရသည်ဟု သိရပါတယ်။
ထိုသို့ဝင်ရောက်ရိုက်နှက်စဉ် နယ်သို့ပြန်ရန် အဖွဲ့ဝင်လူငယ်များ လည်းရှိနေရာ လူငယ်သုံးဦး ခေါင်းကွဲ၊ နားခေါင်းသွေးယို အထိ ရိုက်နှက်ခံရပြီး ထိုသုံးဦး၏ အမည်များကို ရုတ်တရက်မမှတ် မိသောကြောင့် ကိုရဲလင်းစိုးအပါအ၀င်သုံးဦးဟု ပြောပါတယ်။ အောင်ပြည့်စုံနှင့်မောင်ဇော်တို့ နှစ်ယောက်လည်း ထိခိုက်အနာတရ ဖြစ်ခဲ့ရပြီး ပေါင်း ၅ဦး အနာတရဖြစ်ကြောင်းသိရပါတယ်။
ထိုငါးဦးအတွက် ဆေးစာယူ၍ သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားပြီး လက်ရှိအချိန် ထိ (၅)ဦးဖမ်းစီးရမိထားကြောင်း သိရပါတယ်။
ကိုညီညီဦးရဲ့ မှတ်ချက်စကားမှာတော့ ၀င်ရိုက်တဲ့အဖွဲ့ထဲမှာ USDP အင်္ကျီဝတ်ဆင်ထားသူ တစ်ယောက်ပါဝင်ပြီး အမျိုးသမီးတစ်ဦးပါဝင်ပါတယ်။ ရိုးရိုးတန်းတန်း ရန်စ ရန်ပြုချင်တာဆိုရင် တစ်နေ့လုံးမဏ္ဍပ်မှာ ရေကစားနေကြပါတယ်။ ဘာမှမဖြစ်ကြပါဘူး။ ကိုမင်းကိုနိုင်တို့ရောက်လာမှ ရည်ရွယ်ချက် ရှိရှိဖြင့် ၀င်ရောက်ရိုက်နှက်ခြင်း ဖြစ်ကြောင်း ရဲစခန်းရှေ့မှာ ရှိနေတဲ့ကိုညီညီဦးက ပြောပါတယ်။

HOT NEWS မှ ဖြစ်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment