Thursday, April 19, 2012

ဘ၀တွင် အကောင်းဆုံးအခါသမယအချို့


အင်္ဂလိပ်စာတိုးတက်ချင်လို့ ဘာသာပြန်ဆိုထားတာပါ။ လိုအပ်တာလေးတွေကို ၀ိုင်းဝန်း ဝေဖန် ထောက်ပြပေးစေလိုပါတယ်။ ဝေဖန်မှုကို လှိုက်လှဲစွာကြိုဆိုပါတယ်။

Some of the Best Moments in Life:
ဘ၀တွင် အကောင်းဆုံးအခါသမယအချို့(ဘ၀ရဲ့ဇိမ်အရှိဆုံး- အချိန်အခိုက်အတန့်ကလေးများ- တဒင်္ဂအချိန်လေးများ)

* To fall in love.
ချစ်သူရည်းစားရတဲ့အခါ။
* To laugh until it hurts your stomach.
အူတက်အောင်ရယ်လိုက်ရတဲ့အခါ။
* To find mails by the thousands when you return from a vacation.

ခွင့်ကအပြန်မှာ စာတွေ (အီးမေးလ်တွေ) အများကြီးကိုတွေ့လိုက်ရတဲ့အခါ။
* To go for a vacation to some pretty place.

လှပသော နေရာအချို့ကို အားလပ်ရက်သွားလိုက်ရတဲ့အခါ။
* To listen to your favorite song in the radio.

ရေဒီယိုအစီအစဉ်မှ သင်နှစ်သက်သော တေးသီချင်းကိုနားထောင်လိုက်ရတဲ့အခါ။
* To go to bed and to listen while it rains outside.

အပြင်မှာမိုးရွာနေတာကို အိပ်ယာထဲကနေ နားထောင်ရတဲ့အခါ။
* To leave the! Shower and find that the towel is warm.

ရေချိုးအပြီး တဘက်ကလေးနွေးနေတာကိုထိတွေ့ခံစားလိုက်ရတဲ့အခါ။
* To clear your last exam.
နောက်ဆုံးစာမေးပွဲကိုဖြေပြီးတဲ့အခါ။
* To receive a call from someone, you don't see a lot, but you want to.
တွေ့ချင်နေပေမယ့် သိပ်တွေ့ဖို့မလွယ်တဲ့သူ ဆီကဖုန်းခေါ်တာကိုလက်ခံရရှိတဲ့အခါ။
* To find money in a pant that you haven't used since last year.

မနှစ်လောက်ကတည်းကမသုံးရသေးတဲ့ ပိုက်ဆံတွေကို ဘောင်းဘီအိပ်ထဲကတွေ့လိုက်ရတဲ့အခါ။
* To laugh at yourself looking at mirror, making faces. :)))
ကိုယ့်မျက်နှာပေနေတာကို မှန်သားပြင်ထဲမှာပြန်မြင်လိုက်မိတဲ့အခါ။
* Calls at midnight that last for hours. :))
ညဥ့်နက်သန်းခေါင်လောက်မှာဖုန်းအကြာကြီးပြောလိုက်ရတဲ့အခါ။
* To laugh without a reason.

အဓိပ္ပါယ်မဲ့စွာရယ်မောမိလိုက်တဲ့အခါ။
* To accidentally hear somebody say something good about you.
တစ်စုံတစ်ယောက်ကသင့်ကိုချီးမွန်းခန်းဖွင့်တာကို(ကောင်းကြောင်းပြောတာကို)အမှတ်တစ်မဲ့ပြန်ကြားသိလိုက်ရတဲ့အခါ။
* To wake up and realize it is still possible to sleep for a couple of hours.
အိပ်ယာကနိုးလာတဲ့အခိုက်မှာ နောက် နှစ်နာရီလောက်ပြန်ဆက်အိပ်လို့ရနိုင်သေးတယ်ဆိုတာကိုသိလိုက်ရတဲ့အခါ။
* To hear a song that makes you remember a special person.
သင့်တန်ဖိုးထားရတဲ့တစ်ယောက်ကိုသတိရစေတဲ့သီချင်းသံလေးကိုကြားရတဲ့အခါ။

* To be part of a team.
အသင်းအဖွဲ့တစ်ခုခုထဲကိုဝင်ရောက်ရတဲ့အခါ။

သင်အနည်းငယ်ထိတ်လန့်နေတတ်တဲ့သူကိုတွေ့လိုက်ရတဲ့အခါတိုင်းမှာ။
* To pass time with your best friends.
သင့်ရဲ့အကောင်းဆုံးမိတ်ဆွေနဲ့အချိန်ဖြုန်းရတဲ့အခါ။


* To see people that you like, feeling happy.
သင်သဘောကျတဲ့သူ၊သူ့ကိုမြင်ရင်သင်ပျော်တဲ့သူနဲ့ တွေ့ရတဲ့အခါမျိုးမှာ။

* To use a sweater of the person that you like and find that it still smells of their perfume.
သင်သဘောကျခင်မင်တဲ့သူရဲ့ ရေမွှေးနံ့လေးသင်းနေသေးတဲ့ ဆွယ်တာလေးကိုအသုံးပြုရတဲ့အခါ(၀တ်ဆင်လိုက်ရတဲ့အခါ)။
* See an old friend again and to feel that the things have not changed.
မိတ်ဆွေဟောင်းတစ်ယောက်ကိုထပ်တွေ့ဆုံရခိုက် ဘာမှသိပ်မပြောင်းလဲသေးဘူးလို့မြင်မိတဲ့အခါ။
* To take an evening walk along the beach.
ပင်လယ်ကမ်းခြေတစ်လျှောက် ညနေခင်းမှာလမ်းလျှောက်ရတဲ့အခါ။

* To have somebody tell you that he/she loves you.
သင့်ကိုသူ(မ)ကချစ်နေပြီဆိုတာကို တစ်ယောက်ယောက်ကလာပြောတဲ့အခါ။


* To laugh .......laugh........and laugh ...... remembering stupid things done with stupid friends.
ဘရုတ်ကျတဲ့သူငယ်ချင်းတွေနဲ့အတူ ဘရုတ်ကျခဲ့တာတွေ(ပေါက်ကရလုပ်ခဲ့တာတွေ) ကိုသတိရပြီးအားရပါးရ ရယ်နေမိတဲ့အချိန်မျိုးမှာ။


These are the best moments of life....
အဲဒါလေးတွေဟာ ဘ၀ရဲ့ဇိမ်အရှိဆုံးတဒင်္ဂအချိန်အခိုက်အတန့်လေးတွေပါပဲ။


Let us learn to cherish them.

ကျွန်တော်တို့ အဲဒီတဒင်္ဂလေးတွေကို မြတ်နိုးတတ်အောင်လေ့လာသင်ယူကြပါစို့လားဗျာ။
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၁၈-၄-၂၀၁၂) (၁၆း၂၇)နာရီ

0 ကွန်မန့်ရေးရန်:

Post a Comment