Thursday, April 19, 2012

ရွာသွန်းတဲ့မိုးကြောင့်ဖြစ်ပေါ်လာတဲ့တွင်းကြီးတစ်ခု



           2010 ခုနှစ်မေ လတုန်းက ပေါ့ Guatemala မြို့တော်မှာ အပူမုန်တိုင်း Agatha တိုက်ခတ်ပြီး မိုးတွေလည်းသည်းထန်စွာရွာခဲ့တဲ့အတွက် ကြီးမားတဲ့ တွင်းကြီးတစ်ခုဖြစ်ပေါ်ခဲ့တယ် ။

              မှတ်တမ်းတွေအရတော့ ၁၂၀ ဦးသေဆုံးပြီး ၅၃ ယောက်ပျောက်ဆုံးနေတဲ့ဒီဖြစ်စဉ်ကြီးဟာ ထိတ်လန့်အံ့သြစရာတွေနဲ့ပြည့်နှက်နေခဲ့ရတယ် ။ နေထိုင်သူတွေပြောပြချက်အရတော့ အဆောက်အအုံကြီး ၃ ခုနဲ့ အိမ်တစ်လုံး ဟာ ဒီတွင်းကြီးထဲ ၀ါးမြိုခံခဲ့ရပြီး နေထိုင်သူတွေကတော့ ဆိုးရွားတဲ့ ရေဆိုးစနစ်ကို အပစ်တင်ခဲ့ကြတယ် ။ ဒီလို တွင်းနက်ကြီးမျိုးလွန်ခဲ့တဲ့နှစ်တုန်းက အနီးအနားမှာ ဖြစ်ခဲ့ပါသေးတယ် ။
         တာဝန်ရှိသူတွေပြောဆိုချက်ကတော့ ရေလွှမ်းမိုးမှုနဲ့ မြေလွှာပြတ်ရွေ့ကြောတွေကြောင့် Agatha မုန်တိုင်းကိုဖြစ်စေခဲ့ပြီး လူပေါင်း ၁၄၄ ယောက် ကို သေဆုံးစေခဲ့တယ် ။ ထောင်ပေါင်းများစွာသောလူတွေကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တယ် လို့ဆိုပါတယ် ။ Guatemala မြို့ဟာ အမေရိက အလယ်ပိုင်းမှာ ပထမဆုံး tropical storm ကြောင့် အကြီးမားဆုံး ရိုက်ခတ်ခံခဲ့ရတဲ့ဒေသဖြစ်ပါတယ် ။

0 ကွန်မန့်ရေးရန်:

Post a Comment