This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, September 26, 2013

ချစ်သူဟောင်းကို အဓမ္မ ပြုကျင့်၍ မဖွယ်မရာ ဓာတ်ပုံရိုက် အွန်လိုင်း တင်သူကို ဖမ်းဆီး..................









အမျိုးသား တစ်ဦးက လွန်ခဲ့သော ၃ နှစ်ခန့်မှ ချစ်သူ ရည်းစားဖြစ်ခဲ့သူ ချစ်သူ မိန်းကလေးဟောင်းကို
မိမိ၏ နေအိမ်သို့ အတင်းအဓမ္မ ဆွဲယူခေါ်ဆောင်ပြီး အလိုမတူ ပါဘဲ သားမယား အဖြစ် ပြုကျင့်ခဲ့ပြီး
အ၀တ် အစားများကို ချွတ်၍ လက်ပြန် ကြိုးတုတ်ကာ ဖုန်း ကင်မရာဖြင့် ဓာတ်ပုံများ ရိုက်ပြီး မိန်းက
လေး၏ ညီမဖြစ်သူထံ အွန်လိုင်းမှ ပို့ပေးခဲ့ရာမှ မိခင်ဖြစ်သူမှ သိရှိသွား၍ စစ်ဆေးမေးမြန်းရာမှ အဖြစ်
မှန်ကို သိရှိခဲ့ပြီး ပျဉ်းမနားမြို့မ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သော အမှုမှ တရားခံကို ဖမ်းမိထားရှိပြီး
ဖြစ်ပါကြောင်းကို စက်တင်ဘာ ၂၄ ရက်တွင် အဆိုပါ မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက မြန်မာ
သံတော်ဆင့်သို့ ပြောသည်။

၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မ—- (၂၆)နှစ်၊ ပျဉ်းမနားမြို့၊ ရွှေချီရပ်
ကွက်တွင် နေထိုင်သူသည် ပျဉ်းမနား ဆင်ရတနာ မီးပွိုင့်အနီး ရှိနေစဉ် လွန်ခဲ့သော ၃ နှစ်ခန့်က ချစ်
သူသမီးရည်စား ဖြစ်ခဲ့ဖူးသူ ပြည်ဖြိုးအောင် (၂၇)နှစ်၊ (ဘ) ဦးကျော်မြင့်၊ ရန်အောင် (၁) ရပ်ကွက်၊
ပျဉ်းမနားမြို့နေသူ ရောက်ရှိလာပြီး မ—– ကို ဆဲဆိုကြိမ်းဝါးပြီး ၎င်း၏ နေအိမ်သို့ ခေါ်ဆောင်သွားကာ
အိပ်ယာခုတင်ပေါ် တွန်းလှဲခဲ့ကာ …မ—- ၏ အ၀တ်အစားများကို အကုန်ချွတ်၍ သားမယားအဖြစ်
တစ်ကြိမ် ပြုကျင့်ကြောင်း၊ ၎င်းနောက် မ—- ကို လက်ပြန်ကြိုးတုတ်၍ ၎င်း၏ ဖုန်း ကင်မရာဖြင့် ဓာတ်
ပုံရိုက်ယူပြီး ၎င်းနှင့် ဆက်သွယ်ခြင်း မပြုလုပ်ပါက ဓာတ်ပုံများကို အင်တာနက်ပေါ်သို့ တင်မည်ဖြစ်
ကြောင်း ပြောဆိုရာ မ—- မှ ထိုကဲ့သို့ မပြုလုပ်ရန်၊ ရိုက်ယူထားသော မိမိပုံများအား ဖျက်ပေးပါရန် ငို
ယို တောင်းပန် အသနားခံ ပြောဆိုသော်လည်း ပုံများဖျက်ပေးခြင်း၊ လက်မခံခဲ့သည့်အပြင် ပြည်ဖြိုး
အောင် (၂၇)နှစ်၊ (ဘ) ဦးကျော်မြင့်၊ ရန်အောင် (၁) ရပ်ကွက် နေထိုင်သူမှ မ—-၏ ညီမဖြစ် သူ မ—–
ကိုင်ဆောင်သော ဖုန်းသို့ မိမိရိုက်ထားသော ပုံများကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က
အွန်လိုင်းမှ ပေးပို့ခဲ့သောကြောင့် မ—– ၏ မိခင်ဖြစ်သူ ဒေါ်—– က သိရှိပြီး ဖြစ်စဉ်အား မေးမြန်းခဲ့ရာမှ
သမီးဖြစ်သူ၏ ပြန်ပြောပြချက်အရ သိရှိခဲ့ကြောင်း၊ ထို့နောက် မ—– မှ ၎င်းအား အလိုမတူဘဲ အတင်း
အဓမ္မ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး ကာယိနြေ္ဒ ပျက်ပြားစေလျက် အရှက်ခွဲခဲ့သူ ပြည်ဖြိုးအောင်အား
ဥပဒေအရ အရေးယူပေးပါရန် စက်တင်ဘာလ ၁၂ ရက်က တိုင်တန်းမှုကို ပျဉ်းမနားမြို့မ ရဲစခန်းမှ
(ပ) ၅၈၅/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၇၆ အရ အမှုဖွင့်ခဲ့ပြီး ဒုရဲမှူး မျိုးသန်းဝင်းမှ စစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိသည်။

From: မိုးယဉ်ညို (နေပြည်တော်)

by Myanmar Daily Star Group

အက်စကီမိုးလူမျိုးတွေရဲ့ နွေရာသီကာလ ရိုးရာအစားအစာ ငှက်ချဉ်

Thursday, September 26, 2013

Greenland က Kiviak ခေါ် ထူးဆန်း ရိုးရာအစားအစာတစ်မျိုး...

 
ဒိန်းမတ်နိုင်ငံ Geenland က Kiviak ခေါ် ရိုးရာအစားအသောက် ပုံတွေပါ... Kiviak ဆိုတာက အမေရိက တိုက်မြောက်ပိုင်းက အက်စကီမိုးလူမျိုးတွေရဲ့ နွေရာသီကာလ ရိုးရာအစားအစာ တစ်မျိုးကို ခေါ်တာပါ...
 
ဒီရိုးရာအစားစာကို ဘယ်လို ပြုလုပ်သလဲဆိုရင်...

 
ဦးစွာ Auk လို့ ခေါ်တဲ့ အတောင်တိုတို ကမ္ဘာ့မြောက်ပိုင်းပင်လယ်ငှက်  အကောင်ရေ ၅၀၀ နီးပါးလောက်ကို ပကတိအကောင်အတိုင်း ပင်လယ်ဖျံအရေခွံထဲမှာ ထည့်လိုက်ပြီး ချိတ်ပိတ်လိုက်ပါတယ်... ပြီးတော့ အထဲ ကို လေမ၀င်နိုင်အောင် အပေါ်ကနေ ကျောက်တုံးကြီးကြီးတစ်လုံးနဲ့ ဖိထားလိုက်တယ်... ရက်သတ္တပတ် ပေါင်း (၂၈)ပတ်လောက် ရှိပြီဆိုရင်တော့ အထဲမှာ ထည့်ထားတဲ့ ငှက်တွေက အချဉ်ပေါက်ပြီး အသင့်စား သုံးလို့ ရပြီလို့ ဆိုပါတယ်... တနည်းအားဖြင့်တော့ ငှက်ချဉ်ပေါ့ဗျာ... ဒီရိုးရာအစားအစာကို အထူးသဖြင့် မွေးနေပွဲတွေနဲ့ လက်ထပ်မင်္ဂလာပွဲတွေမှာ သုံးဆောင်ကြတယ်လို့ ဆိုကြောင်းပါ ခင်ဗျား....။
 
 
 
 
 
 
 
Ref: Barnorama
 

ထိုင်းနိုင်ငံရှိ ကျေးရွာပေါင်း ၇,၉၆၂ ရွာတွင် ရေကြီးမှုများ ဖြစ်ပေါ်နေ

Thursday, September 26, 2013

ထိုင်းနိုင်ငံရှိ ကျေးရွာပေါင်း ခုနှစ်ထောင်ကျော်တွင် ရေကြီးမှုဖြစ်ပေါ်

ထိုင်းနိုင်ငံရှိ ကျေးရွာပေါင်း ခုနှစ်ထောင်ကျော်တွင် ရေကြီးမှုဖြစ်ပေါ် ထိုင်းနိုင်ငံတွင် ရေကြီးမှုများ နေရာအများအပြားတွင် ဖြစ်ပေါ်လျက်ရှိရာ ဒေသ ၂၉ ခုတွင် ရေကြီးမှု ကြုံတွေ့နေရသည်။ ထိုင်းနိုင်ငံရှိ ကျေးရွာပေါင်း ၇,၉၆၂ ရွာတွင် ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ စက်တင်ဘာ ၁၇ ရက်ကတည်းက စတင်ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုကို လူပေါင်း ၂ သန်းကျော် (၂,၁၀၈,၉၇၇) တို့ ကြုံတွေ့နေရသည်။ နိုင်ငံတစ်ဝန်း ရေကြီး မှုကြောင့် နေအိမ် ၆,၉၀၀ ခန့်၊ လမ်းအရေအတွက် ၂,၃၀၁ လမ်းနှင့် တံတား ၁၄၅ စင်းတို့ ပျက်စီးခဲ့ကြောင်း ထိုင်းနိုင်ငံ သဘာဝဘဘေးအန္တရာယ် ကာကွယ်တားဆီးရေးဌာန အကြီးအကဲ ချတ်ချိုင်း ပရွန်လတ်က ပြောကြား သည်။

ထို့အပြင် လယ်မြေဧရိယာအများအပြားလည်း ရေလွှမ်းမိုးခံခဲ့ရကြောင်း ၎င်းကဆိုသည်။ ထိုင်းမြောက်ပိုင်းတွင် ရေကြီးမှုကြုံနေရသည့် ဒေသများမှာ Pitsanulok, Phichit, Petchabun, Kamphaengphet, Nakhon Sawan နှင့် Uthai Thani တို့ဖြစ်ကြပြီး အရှေ့မြောက်ဘက်ရှိ Surin, Si Sa Ket, Ubon Ratchathani, Buriram, Nakhon Ratchasima, Amnatcharoen, Kalasin, Chaiyaphum, Yasothon နှင့် Mukdahan တို့တွင်လည်း ရေကြီးမှုများ ဖြစ်ပေါ်နေသည်။ ထို့အတူ ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သည့် Lopburi, Saraburi, Prachuap Khiri Khan, Kanchanaburi, Ayutthaya, Angthong, Suphanburi နှင့် Chainat၊ အရှေ့ပိုင်းရှိ Prachinburi, Sakaeo, Nakhon Nayok နှင့် Chachoengsao တို့တွင်လည်း ရေကြီးမှုများ ကြုံတွေ့နေရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင်မူ Chumphon ဒေသတွင်သာ ရေကြီး မှု ဖြစ်ပေါ်နေကြောင်း သိရသည်။ ရေကြီးမှု ကြုံတွေ့ခဲ့သည့် ဒေသများအ နက် Kanchanaburi, Chumphon, Prachuap Khiri Khan, Nakhon Ratchasima နှင့် Kalasin တို့တွင် လက်ရှိအချိန်၌ ပုံမှန်အခြေ အနေ ပြန်ဖြစ်လာပြီဟုဆိုသည်။ ထိုင်းနိုင်ငံတစ်ဝန်း ရေကြီးမှုများအတွင်း လူ ၉ ဦးသေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံ သဘာဝဘဘေးအန္တရာယ် ကာကွယ်တားဆီးရေးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

Planet Myanmar Network

Thit Htoo Lwin - World News

မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် စီးပွားရေးအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်သွားရန် သံဓိဌာန်ချထားသည်ဟု ပတ္တရားသတင်းဌာန၏ သတင်း တစ်ရပ်တွင် ဖော်ပြ

ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးရန် မြှင့်တင်ရန် မြန်မာနိုင်ငံလိုလား

အောင်မင်း | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၆ ရက် ၂၀၁၃

နယ်စပ်ဒေသများတွင် ကုန်သွယ်ရေး တိုးမြှင့်ရန် ရည်ရွယ်နေသည့် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် စီးပွားရေးအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်သွားရန် သံဓိဌာန်ချထားသည်ဟု ပတ္တရားသတင်းဌာန၏ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော် ဥက်္ကဌ သူရဦးရွှေမန်းအား ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီုးမျေကညေါုညွှေညေါဏမအေ့နအက ညစာဖြင့် တည်ခင်း ဧည့်ခံအပြီးတွင် အစိုးရ အိမ်တော်သို့ သွားရောက်ကာ ထိုင်းနိုင်ငံဝန်ကြီးချုပ်ရင်လပ် ရှင်နာဝါတရာနှင့် တွေ့ဆုံခဲ့သည်။

ယင်းကဲ့သို့ တွေ့ဆုံစဉ် သူရဦးရွှေမန်းက ကုန်ပစ်္စည်း အရောင်းအ၀ယ်များ၊ ကုန်စည်ဖလှယ်ရေးများကို အကူအညီဖြစ်စေရန် အတွက် မိမိအနေဖြင့်နယ်စပ်ကုန်သွယ်ရေးနှင့် သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများအား ပြန်လည် သုံးသပ်ရန် ဆန်္ဒရှိကြောင်း ၀န်ကြီးချုပ် မစ္စရင်လပ်သို့ ပြောကြားလိုက်သည်။

ထို့အပြင် ၎င်းက မိမိအနေဖြင့် ထိုကဲ့သို့ ဆောင်ရွက်လိုခြင်းမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သော လာအို၊ ကမ္ဘောဒီယား၊ မလေးရှား၊ မြန်မာနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေး တန်ဘိုးများ မြှင့်တင်လိုသည့် ထိုင်းနိုင်ငံ၏ ဆန္ဒနှင့် ကိုက်ညီ သည်ဟုလည်း ပြောကြားခဲ့သည်။

အကယ်၍စီစဉ်ထားသည့်အတိုင်း ဖြစ်ထွန်းလာပါက ထိုင်းနိုင်ငံအနေဖြင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပမာဏာအား ၂၀ ရာခိုင်နှုန်း အထိမြှင့်တင်နိုင်မည်ဖြစ်ပြီး ထိုင်း ဘတ် တစ်ထလီယံခန့် နှစ်စဉ်ရရှိလိမ့်မည် ဖြစ်သည်။

ထို့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက မိမိအနေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိနေသောမြန်မာနိုင်ငံမှရွှေ့ပြောင်း အလုပ်သမားများ အရေးအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားသွားခဲ့သည်။

ထိုင်းအစိုးရမှ တရားမ၀င်မြန်မာအလုပ်သမားများအား တရားဝင်နေထိုင်လုပ်ကိုင်နိုင်ရန်အတွက် စာရင်းပေးသွင်းခြင်း အား တစ်နှစ်ခန့်တိုးမြှင့် ပေးလိုက်သောကြောင့် ယခုကဲ့သို့ ကျေးဇူးတင်ကြောင်း ပြောဆိုသွားခြင်း ဖြစ်သည်။ ထို့အပြင်မြန်မာအလုပ်သမား အနေဖြင့် ထိုင်းနိုင်ငံ၏ လုပ်ခလစာအဖြစ် တစ်နေ့လျှင် ထိုင်းငွေ ဘတ် ၃၀၀ ခန့် ရရှိစေသည့် အနိမ့်ဆုံးလုပ်ခလစာ မူဝါဒအပေါ်တွင်လည်း ကျေနပ်နေကြသည်ဟု ၎င်းကဆိုသည်။

ဆွေးနွေးပွဲ အဆုံးမသတ်ခင်တွင် သူရဦးရွှေမန်းက ထိုင်းနိုင်ငံ၏ တည်ငြိမ်မှု၊ သာယာဝပြောခြင်းနှင့် အထူးသဖြင့် ဒီမိုကရေစီ စနစ်တို့အပေါ်ချီးမွမ်းထောပနာပြုခဲ့သည်ဟု ပတ္တရားသတင်းတွင် ဖော်ပြထားသည်။

Wednesday, September 25, 2013

မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ အနှံ့တွင် ရေကြီးရေလျှံမှုနှင့်အတူ ယာဉ်ကြောပိတ်ဆို့မှုများ အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့



( Eleven Media Group မှ ကူးယူဖေါ်ပြပါသည် )

https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-prn1/q71/11223_734034773289041_581295552_n.jpg
စက်တင်ဘာ ၂၄ ရက် နံနက် ၁ နာရီ ၀န်းကျင်ခန့်မှ နံနက် ၈ နာရီအထိ မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ လမ်းအများစုတွင် ရေများပြည့်လျှံခဲ့ပြီး ယခုနှစ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများနှင့် ခရီးသွားလုပ်သား ပြည်သူများက သုံးသပ်ပြောကြား ခဲ့ကြသည်။

ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်ရှိ သမိုင်းလမ်းဆုံ၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ကမာရွတ်မြို့နယ် စသည့်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ အချိန်ကြာမြင့်စွာ ဖြစ်ပွားခဲ့သည်။

ယင်းကဲ့သို့ ဖြစ်ပွားမှုကြောင့် ခရီးသွားလုပ်သား ပြည်သူများမှာ လိုင်းကားများပေါ်တွင် နာရီပေါင်းများစွာ ရှိနေခဲ့ရသဖြင့် အလုပ်ချိန် နောက်ကျမှုများနှင့် များစွာသော အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကားလမ်းမကြီး အများစု၌ အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အပိုင်းများကို အနည်းငယ် ထိခိုက်ခဲ့ရကြောင်း ခရီးသွား တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

"အနောက်မြင်းပြိုင်ကွင်း လမ်းကနေ အရှေ့မြင်းပြိုင်ကွင်း လမ်းနားမှာ ကားကကျပ်နေတာ လေးလမ်းသွား ဖြစ်သွားတယ်။ အဲဒီအချိန်မှာ အရေးပေါ် လူနာပါတဲ့ လူနာတင် ယာဉ်တစ်စီးက လမ်းပိတ်မိနေတယ်။ တခြားကားတွေက နားလည်မှုနဲ့ လမ်းဖယ်ပေးမယ့်လည်း အရှေ့မှာက တောက်လျှောက်ကြီး လမ်းပိတ်နေတော့ သွားလို့မရဘူး ဖြစ်နေတယ်။ ကျွန်တော် ငှားလာတဲ့ ကားတောင် အဲဒီနေရာမှာ နှစ်နာရီလောက် ပိတ်မိခဲ့တယ်။ အဲဒီ လူနာတင်ယာဉ် ကားပေါ်မှာ ပါတဲ့လူနာက အရေးကြီးတဲ့ လူနာ။ ဆေးရုံကို အမြန်ဆုံး ရောက်ရမယ့် လူနာဆိုရင်တော့ မတွေးဝံ့တော့ပါဘူး" ဟု မြောက်ဒဂုံမြို့နယ်မှ ရန်ကုန်မြို့တွင်းသို့ သွားရောက်မည့် ဦးဇော်က ပြောကြားသည်။

"ကျွန်မတို့ ရပ်ကွက်က မိုးနည်းနည်းလောက် သည်းလိုက်တာနဲ့ အခွန်လွတ်ဈေးနားက နတ်ချောင်းက ရေတွေလမ်းပေါ်တွေကို တက်လာပြီး အိမ်တွေဆိုင်တွေထဲအထိ ရေတွေဝင်လာပါတယ်။ ကျွန်မ လက်ဖက်ရည်ဆိုင်ထဲမှာ စားသုံးသူတွေနဲ့ ရေတွေနဲ့ နပန်းလုံးနေပါတယ်။ သက်ဆိုင်ရာက ဒီချောင်းရေလျှံမှု၊ မြောင်းရေလျှံမှုတွေကို ရှင်းလင်းပေးခြင်းလည်း မရှိသလို ရေတွေဝင်လာတော့လည်း ကိုယ့်ဘာသာ ရှင်းလင်းခပ်ထုတ် နေရပါတယ်။ ဒီလိုမျိုးသာ မကြာခဏ ဖြစ်နေမယ် ဆိုရင်တော့ ဆိုင်လည်းခဏခဏ ပိတ်နေရလို့ နေ့စဉ်ပုံမှန်ဝင်ငွေ ထိခိုက်ပါတယ်" ဟု တာမွေမြို့နယ်၊ အခွန်လွတ်ဈေး အနီးရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဒေါ်စန်းရီက ပြောကြားသည်။

ကားလမ်းမများတွင် ရေများ ပြည့်လျှံမှုကြောင့် ခရီးသည်တင် ဘတ်စ်ကားအချို့နှင့် ကိုယ်ပိုင်ယာဉ်များ စက်ချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အလားတူ ခရီးသည်တင် ဘတ်စ်ကားအချို့ စက်ချို့ယွင်းမှုနှင့် လမ်းမပေါ်တွင် အချိန်အတော်ကြာ ပိတ်ဆို့နေမှုကြောင့် ခရီးသွားပြည်သူ အများစု မိမိသွားလိုသည့် နေရာများသို့ လမ်းလျှောက်ကာ ခရီးဆက်ခဲ့ရကြောင်း သိရသည်။

ရေများ ပြည့်လျှံနေသည့် လမ်းမများ၌ လမ်းလျှောက်သွားနေရသော ခရီးသွား ပြည်သူအချို့မှာ ရေမြောင်းအတွင်းနှင့် ချိုင့်ခွက်ကြီးများ အတွင်းသို့ ချော်ကျခြင်း၊ ပြုတ်ကျခြင်းအချို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"မနက်တုန်းကဆို ကျိုက္ကဆံ လမ်းမပေါ်မှာ ရေပြည့်လျှံနေတော့ လမ်းလျှောက်ပြီး သွားနေတဲ့ အမျိုးသမီးဝန်ထမ်း တစ်ဦးက မြောင်းအပေါက်ထဲ ကျွံကျသွားလို့ ဘေးကလူတွေ ၀ိုင်းပြီးဆွဲတင် လိုက်ရတယ်။ တချို့လူသွားလမ်းက ကွန်ကရစ် အဖုံးတွေ ပျက်စီးနေတာတွေ၊ မရှိတာတွေက ဒီလိုရေကြီးတဲ့ အခါမျိုးဆိုရင် အသက်အန္တရာယ် အထိတောင် စိုးရိမ်ရပါတယ်" ဟု ကျောက်မြောင်း၊ သီတာလမ်းတွင် နေထိုင်သူ ကိုမင်းမင်းက ပြောကြားသည်။

"ရန်ကုန်မြို့မှာက မိုးရွာရင် ရေကြီးတာ၊ ကားလမ်းတွေ ပိတ်ဆို့တာက အမြဲတမ်း လိုလိုပါပဲ။ ဒါပေမဲ့ ဒီနေ့ကားတွေ ပိတ်ဆို့တဲ့ ပုံစံကတော့ ကျွန်တော့်အထင် ဒီနှစ်ဝန်းကျင်ပိုင်းမှာ အဆိုးရွားဆုံးလို့ပဲ သုံးသပ်ရပါတယ်" ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သူ ကိုလတ်က ပြောကြားသည်။
ရေများ ပြည့်လျှံနေသည့် လမ်းမများ၌ လမ်းလျှောက်သွားနေရသော ခရီးသွား ပြည်သူအချို့မှာ ရေမြောင်းအတွင်းနှင့် ချိုင့်ခွက်ကြီးများ အတွင်းသို့ ချော်ကျခြင်း၊ ပြုတ်ကျခြင်းအချို့ ဖြစ်ပွားခဲ့ကြောင်း . . . . .

မိုးဆက်တိုက်ရွာသွန်းသည့် အချိန်များတွင် အမြဲတမ်းရေကြီးခြင်း၊ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားနေခြင်းကို သက်ဆိုင်ရာက ကြိုတင်ပြင်ဆင်ပြီး ယခုဖြစ်စဉ်များကဲ့သို့ မဖြစ်စေရန် လုပ်ငန်းများကို ယခုထက်ပိုမို၍ လုပ်ဆောင်ပေးရန်နှင့် အများပြည်သူများ ယခုလို အခက်အခဲများနှင့် ကြုံတွေ့ချိန်တွင် အထိရောက်ဆုံး ယာဉ်ကြောရှင်းလင်းမှုများကို အလျင်မြန်ဆုံး ပြုလုပ်ပေးရန် ရန်ကုန်မြို့နေ ပြည်သူအများစုက သုံးသပ်နေကြသည်။

"မိုးကရွာတော့ ကားကပိုကျပ်တယ်။ ဒီမနက်ဆို ကားကခါတိုင်းထက် ပိုကျပ်တော့ တက္ကစီ ငှားတာတောင် အလုပ်ချိန် မမီဘူး။ မိုးရွာရင် ကားလမ်းတွေ ကျပ်တာက ကျွန်တော်မြင်တာ ပြောရရင် စည်းကမ်းမဲ့ အမှိုက်ပစ်တဲ့ သူတွေကြောင့် ရေမြောင်းတွေပိတ်ပြီး လမ်းတွေမှာ ရေလျှံတယ်။ ရေလျှံတော့ ကားတွေက နှေးသွားတော့ ယာဉ်ကြောပိုပြီး ကျပ်တယ်။ လမ်းတွေကျဉ်းနေတာ၊ စည်းကမ်းမဲ့ ယာဉ်တွေ များလာတာနဲ့ ရန်ကုန်မြို့မှာ ကားတွေက အရင်ကထက် များလာလို့ ထင်ပါတယ်" ကားအရောင်းပြခန်း တစ်ခုမှ ၀န်ထမ်းကိုဝင်းအောင်က ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေသည့် ပြဿနာကို ဖြေရှင်းရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ စည်းကမ်းမဲ့ သွားလာနေသည့် ယာဉ်များကို ဖမ်းဆီးအရေးယူခြင်း၊ ခြောက်လမ်းသွား လမ်းမကြီးများ အပါအ၀င် အဓိက လမ်းမကြီး (၂၆) လမ်းတွင် ယာဉ်မရပ်ရ ဇုန်များအဖြစ် သတ်မှတ်ခြင်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ တိုးမြှင့်ပြီး ယာဉ်ကြောရှင်းလင်းသည့် စနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်အထိ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာမှာ ပြေလည်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

စက်တင်ဘာ ၂၃ ရက် ညသန်းခေါင်ယံ အချိန်အထိ တိုင်းတာရရှိချက်အရ ၂၄ နာရီ မိုးရေချိန် ၁ လက်မခွဲနှင့်အထက် ရရှိခဲ့သော ဒေသများမှာ တနင်္သာရီတိုင်း ဒေသကြီး အဓိကဖြစ်ပြီး မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့တွင် နေရာကွက်ကြား မိုးကြီးခဲ့ကြောင်း Myanmar Climate Change Watch မှ ဒေါက်တာဦးထွန်းလွင်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားကြောင်း သိရသည်။

http://news-eleven.com/

ရင်ရှား [--- သရော်စာ ---] ....................

လက်ပြတ်အင်္ကျီဝတ်ဆင်ထားတဲ့

ရင်များပင်ဖိုဖို*** ပြစ်မှားချင်သလိုလို**''တဲ့။

အဆိုတော်ကြီးမျိုးမြင့်လေး တေးရေး ဆရာကြီးကိုဂုဏ်ပြုတဲ့အနေနဲ့ ''လူပျို-လူပျို''ဆို တဲ့သီချင်းကို သီဆိုပေးခဲ့ရှာပါတယ်။ အသံက လည်း နုပျိုဆဲ၊ ဟန်ပန်ကလည်း တက်ကြွဆဲ။ ပြောင်နေတဲ့နဖူးနဲ့ ဆံပင်ကိုလည်း မဖုံးကွယ် ဘဲ သီချင်းနဲ့လိုက်အောင် ခံစားလှုပ်ရှားပြီး သီဆို သွားခဲ့ရှာတယ်။ သူ့မျက်လုံးထဲမှာတော့ ''စိတ်ရဲ့ တံခါး''ကနေတစ်ဆင့် ဇရာရဲ့ရသတွေ ကို မြင်မိ သလိုပါပဲ။

လူတွင်လား ဆိုတော့ မဟုတ်။ သီချင်းစာ သားကလဲ ဇရာထောင်းနေပါပြီ။
ဘယ့်နှယ် လက်ပြတ်အင်္ကျီဝတ်ထားတာ မြင်ရရုံနဲ့ ရင်တွေဖိုပြီး ပြစ်မှားချင် သလိုလိုဖြစ် နေသတဲ့လား။ တေးရေးဆရာကြီး ကွယ်လွန်သွားလို့သာ ပဲ။ မဟုတ်လို့ အခုခေတ်မိန်းကလေးတွေရဲ့ ဝတ် စားဆင်ယင်မှုကို မြင်မိရင် ''သေပြီဆရာ''ပဲ။ နှစ်ခါ ပြန်သေလောက်တယ်။ အင်္ကျီ ဟာ လက်ပြတ်ဖို့ မပြောနဲ့ လက် တောင်မပါတော့ဘူးလေ။ အားလုံး ရင်ရှားဖြစ် ကုန်ပြီ။ မိန်းကလေးတစ်ဦး ရင်ရှားနဲ့တွေ့ဖို့ဆိုရင် ရှေးကတော့ ရေချိုးဆိပ်ကိုရိုက်ပြရတယ်။ သနပ် ခါးလိမ်း နေချိန် ကို ရိုက်ပြရတယ်။ ရုပ်ရှင်ထဲမှာ လေ။ တကယ့်အပြင်မှာတော့ ရွာသူတို့ဓလေ့ပဲ။ သားသည်အမေတွေ၊ သက်ကြီးရွယ်အို အဘွား ကြီး၊ အဒေါ်ကြီးတွေ လွတ်လပ်ပေါ့ပါးစွာနေလေ့ ရှိကြပါတယ်။ ဒါကတော့ အောင်ဖုန်းမြင့်ဦး မြင် နေကျမြင် ကွင်းပါပဲ။ နန်းတွင်းသူကလေးတွေ ဘယ်လိုရင်ရှား နေကြသလဲဆိုတာတော့ နံရံဆေးရေးပန်းချီကား တွေထဲမှာ တွေ့ဖူးပါတယ်။ စလေမြို့က ''ရုပ်စုံ ကျောင်း''ထဲက ပန်းပုတွေမှာတော့ အိမ်မှာနေတဲ့ အိမ်တွင်းသူရဲ့ စတိုင် ဟန်ပန် ကိုမြင်နိုင်တယ်။ ညီတော်မင်းနန်ချွတ်ခန်းထဲက သီချင်းစာ သားကိုပဲ ပြန်သတိရနေမိတာကတော့

''ကြောက်စရာသဏ္ဍာန် မျောက်မဟန်** ပြုံးပြန်**ကတုံးဖလ်'' ဆိုတဲ့ စာသားပါပဲ။

ညီတော်မင်းနန်နဲ့လက်ထပ်ကာနီး သတို့ သမီးကိုညွှန်းဆိုပြီး သူ့ထက်သာတဲ့နတ်သမီးတွေ ကို ညွှန်ပြကာ လောကီငြီးငွေ့စေဖို့ စီစဉ်ခဲ့တာ ပါပဲ။

အခုတော့ မိဘတွေရှေ့မှာလဲ ရင်ရှား။

အရပ်ထဲမှာလည်း ရင်ရှား။ ဈေးထဲမှာလည်း ရင်ရှား။

ဗီဒီယို၊ ရုပ်ရှင်တွေထဲမှာလည်း ရင်ရှား။

ဧရာမကြော်ငြာဆိုင်းဘုတ်ကြီးတွေပေါ် မှာလဲ ရင်ရှား။

ဒေးကလပ်၊ နိုက်ကလပ်ထဲမှာလည်း ရင် ရှား။

ကျောင်းလွယ်အိတ်ထဲမှာလည်း ရင်ရှား။

မြန်မာမများအားလုံးရဲ့မော်ဒယ် All Myanmar) ရင်ရှား။

နတ်သမီးတွေကို မြင်လိုက်ရတဲ့ ညီတော် မင်းနန်ကတော့ သူချန်ရစ်ခဲ့တဲ့ သတို့သမီးလူ သားဟာ ''ကြောက်စရာမျောက်မ''လောက်ပဲ ရှိတယ်လို့ ထင်ခဲ့တယ်ဆိုပဲ။ အခုခေတ်လူပျိုကာလသားတွေထဲမှာ နတ် သမီးကိုမြင်ဖူးကြမယ်ဆိုရင်တော့ မော်ဒယ် ရင် ရှားတွေကို ဘယ်လိုဆိုကြမယ်မသိဘူး။ လက်ပြတ် အင်္ကျီကလေးနဲ့တောင် ပြစ်မှားချင်မိတဲ့ လူပျို လူပျိုတွေဟာ ရင်ရှားတွေကို တွေ့ထိ၊ စတိပြစ် မှားမိကြမှာလား။ ပြစ်မှားမိရင်ကော အပြစ်ရှိ သွားမှာလား။ ပွင့်လင်းမြင်သာ တဲ့ခေတ် မှာ ''ရင်ရှား''လာ တာဆန်းသလား။ မဆန်းပါဘူး။ ရှားရှား၊ မရှားရှား အရေး မကြီးပါဘူး။

အရေးကြီးတာကတော့ မီဒီယာပါပဲ။

ပြည်တွင်းမှာလဲ မုဒိမ်းမှုတွေစည်စည်ဝေလို့။

ပြည်ပမှာလဲ တခြိမ်းခြိမ်း။ အုန်းအုန်းကျွက် ကျွက် အဓမ္မကျင့်ကြလို့။

ဗီဒီယိုတွေထဲမှာလည်း ရင်ရှားနဲ့ ဆိုဂျူ သောက်ရင်း မှောက်နေလို့။

ကိုရီးယားက မုဒိမ်းမှုသတင်းတွေတော့ မီဒီယာမှာ မတွေ့မိဘူးနော်။

သူတို့လူငယ်တွေဟာ(ရုပ်ရှင်ထဲမှာ) တော် တော်စည်းစောင့်ကြသဗျာ။

မူးလဲနေတဲ့မိန်းကလေးကို ကုန်းပိုးပြီး သူ့ အိပ်ခန်းထဲအထိ လိုက်ပို့ပေးရှာတယ်။ ပို့ပေးတဲ့ လူပျိုလေးကလည်း မူးလို့ပါပဲ။

မြန်မာဗီဒီယိုထဲမှာတော့ ဘာရမလဲ။

အရပ်စကားနဲ့ပြောလိုက်ရင်တော့ ကျော လှည့်လိုက်တာနဲ့ ဗိုက်သုံးလပဲ။

မြန်မာအရပ်ထဲမှာလည်း ဒီလိုပဲတိုးတက် နေသလား။

The Seven Minutes ဆိုတဲ့ ကမ္ဘာကျော် ဝတ္ထုစာအုပ်ကို သွားသတိရမိတယ်။ ဝတ္တုထဲမှာ အသက်မပြည့်တဲ့ကျောင်းသားလေးက ကျောင်း သူလေးကို မုဒိမ်းကျင့်လိုက်တယ်။ အမှုထင်ရှား လို့ တရားခွင်မှာရင်ဆိုင်ပြီး ဥပဒေအတိုင်းအပြစ် ပေးဖို့ လျှောက်လဲကြတယ်။ တရားခံရဲ့ရှေ့နေက လျှောက်လဲတဲ့အခါမှာတော့

''လူ့အဖွဲ့အစည်းကြီးကိုယ်၌က အသက် မပြည့်သေးတဲ့ကလေးကို မုဒိမ်းမှုဖြစ်စေအောင် တွန်းပို့နေတယ်။ မီဒီယာတွေထဲမှာ ဖော်ပြနေတာ တွေဟာ ပျိုဖော်ဝင်လာတဲ့ယောကျာ်းလေးကို နှိုးဆွစေတယ်။ တကယ့်အပြင်လောကကြီးက မိန်းကလေး တွေ ရဲ့ဝတ်စားဆင်ယင်မှုနဲ့ ဓလေ့ စရိုက်တွေဟာ ယောကျာ်းရိုင်းတွေဖြစ်လာဖို့ လှုံ့ ဆော်နေတယ်''လို့ လျှောက်လဲချက်ပေးထား တာကို ဖတ်လိုက်ရဖူးပါတယ်။ အဆိုတော်ကြီးမျိုးမြင့်လေးသာ မကွယ် လွန်ခဲ့ရင် ''ဂျောက်ဂျက်'' ရဲ့သီချင်းတွေကို ပေး ဆိုချင်သေးတယ်။

အောင်ဖုန်းမြင့်ဦး  - Yangon Media Group

သြစတေးလျ၊ အယ်လ်ဆယ်ဗေဒေါနိုင်ငံတို့မှာလည်း လောင်းကစားလုပ်ငန်းရှင်တွေရော ပါဝင်ပတ်သက်တဲ့ အားကစားသမားတချို့ကိုပါ ဖမ်းဆီးထိန်းသိမ်း

လောင်းကစားဒိုင်ဖမ်းမိတဲ့ စင်္ကာပူကို နိုင်ငံတကာရဲတပ်ဖွဲ့ ချီးကျူး

Wednesday, September 25, 2013
 ~



ဒေါ်လာသန်းပေါင်းများစွာလည်ပတ်စီးဆင်းနေမယ်လို့ ယူဆရတဲ့ ကမ္ဘာ့အကြီးဆုံး ဘောလုံးလောင်းကစားလုပ်ငန်းကို နောက်ကွယ်က ကြိုးကိုင်နေသူ အဖမ်းခံရပါပြီ တဲ့။

(၂၀၁၀ ဇူလိုင်လ စင်္ကာပူမှာ ဖမ်းမိတဲ့ လောင်းကစားလုပ်ငန်းသုံး ပစ္စည်းပစ္စယနဲ့ငွေကြေးများ။ ကမ္ဘာ့ဖလားကာလအတွင်း အာရှဒေသ တရားမ၀င် ဘောလုံးပွဲလောင်းမှု တိုက်ဖျက်ရေးကာလအတွင်း ဖမ်းဆီးရာက သိမ်းလိုက်တာတွေပါ။ ဓာတ်ပုံ - Reuters)

အဖမ်းခံရသူဟာ စင်္ကာပူ နိုင်ငံသား Tan Seet Eng ဖြစ်ပါလိမ့်မယ်။
ဖမ်းလိုက်တဲ့ စင်္ကာပူထောက်လှမ်းရေးအဖွဲ့တွေကိုလည်း နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုက ဒီကနေ့ ချီးကျူးလိုက်ပါတယ်။

အဖမ်းခံခဲ့ရတာကတော့ စုစုပေါင်း ၁၄ ဦး ဖြစ်တယ်။ အမျိုးသား ၁၂၊ အမျိုးသမီး ၂။
မနေ့က စင်္ကာပူပြည်ထဲရေးဌာနအဆိုအရ ... ဖမ်းထားသူများထဲက ၉ ယောက်ကို အာမခံနဲ့ လွှတ်လိုက်ပြီ၊ ၅ ယောက်ကိုတော့ ဆက်ပြီး မေးမြန်းစစ်ဆေးနေဆဲပါပဲ တဲ့။

ဥပဒေအရ ဆိုရင် သူတို့ ၅ ယောက်ကို ၁၆ ရက်ကြာ ထိန်းသိမ်းထားနိုင်တယ်လို့ ဆိုတယ်။

ဖေဖော်ဝါရီလ ထုတ်ပြန်ချက်တစောင်အရ ဆိုရင် စင်္ကာပူအခြေစိုက် လောင်းကစားလုပ်ငန်းကြီးက ကိုင်ထားတာ ဥရောပတိုက်တခုတည်းမှာတင် ဘောလုံးပွဲပေါင်း အနည်းဆုံး ၃၈၀ ရှိနေတယ် ဆိုပဲ။ ယူရို ၈ သန်းလောက်တော့ အနည်းဆုံး ရသွားခဲ့ပါတယ် တဲ့။
ကမ္ဘာလွှမ်းပတ်ဆက်နွယ်နေတဲ့လောင်းကစားကွန်ရက် ဆိုတော့ ရတဲ့ အမြတ်အစွန်းက အတော်လေး များတယ်လို့ ဆိုနိုင်ပါတယ်၊ အင်း... သူတို့ကို အလိုရှိတဲ့ နိုင်ငံတကာရဲအဖွဲ့လည်း များပါတယ်။

ကမ္ဘာ့ဖလား၊ ဥရောပဖလား စတဲ့ ပွဲစဉ်များနဲ့ ပတ်သက်ပြီး အာရှ အာဖရိက လက်တင်အမေရိကဒေသ လောင်းကစားမှုလုပ်ငန်း ထိစပ်နေတာ ပွဲစဉ်ပေါင်း သုံးရာ လောက် ရှိနိုင်မယ်လို့ သံသယ ရှိနေကြတာပါ။

သြစတေးလျ၊ အယ်လ်ဆယ်ဗေဒေါနိုင်ငံတို့မှာလည်း လောင်းကစားလုပ်ငန်းရှင်တွေရော ပါဝင်ပတ်သက်တဲ့ အားကစားသမားတချို့ကိုပါ ထိန်းသိမ်းလိုက်ပါပြီ တဲ့။

အပြည့်အစုံကို ဧရာဝတီ ပင်မစာမျက်နှာက သတင်းတပုဒ် Interpol Laud Singapore’s Capture of Football Match-Fixing Mastermind http://www.irrawaddy.org/archives/44577 မှာ ဖတ်နိုင်ပါပြီ။

 

 



Botox and Nose နှာခေါင်းကို ဆေးထိုးပြီး ပိုလှအောင်လုပ်ခြင်း... ...........

 

မင်္ဂလာပါဆရာ။ သူကနှာခေါင်းလှပြီး ချွန်ချင်လို့ပါ။ နှာခေါင်းတော့မပြားဘူးဆရာ။ လေဆာဆေးခန်းတွေမှာ လုပ်ပေးတယ်။ အလှပြင်ဆိုင်တချို့မှာလဲ လုပ်ပေးတယ်။ သူကပုံကျပြီး လှချင်တော့အန္တရာယ်ဖြစ်မှာစိုးလို့ပါ။ botox ထိုးဆေးအကြောင်းလဲ သိချင်ပါတယ်။ အဓိကက ဆေးထိုးပြီးရင်နှာခေါင်းက သဘာဝအတိုင်းပဲ လား။ ဆေးထိုးလို့ ပျော့စိစိဖြစ်နေမလားဆရာ။ ဆိုင်တွေကတော့ ကောင်းကြောင်းပဲ ပြောတယ်ဆရာ။ ဆေးအရှိန်ကုန်သွားရင် ပုံမှန်ပြန်ဖြစ်လားဆရာ။ သူကအရမ်းသိချင်လို့ ဆရာဆီကအဖြေရပြီလား ခဏခဏ မေးနေတယ်။ ဆာဂျီရီနဲ့ဆို ဘာလုပ်တာ ပိုကောင်းမလဲ ဆရာ။ ကျေးဇူးတင်ပါတယ်။

• နှာခေါင်းအလှပြင်ရာမှာ Non-surgical Rhinoplasty ခွဲစိတ်ပြုပြင်တာမလုပ်ဘဲ Botulinum toxin (Dysport or Botox) လို့ ခေါ်တဲ့ထိုးဆေးနည်းကို သုံးလေ့ရှိပါတယ်။

• Botox နှာခေါင်းပွယောင်းယောင်းဖြစ်နေတာကို ဒီဆေးထိုးပြီးပြင်မရပါ။

• Botox ဆေးက မျက်နှာကြွက်သားတွေကို ပြေလျှော့စေမယ်။ မျက်နှာအရေးအကြောင်းတွေကို သက်သာစေမယ်။

• နှာခေါင်းအဖျားကို ကော့လာစေအောင်လဲ လုပ်တယ်။ နှာသီးဖျားကကြွက်သားကို ဆေးထိုးပေးတယ်။ ဒါပေမဲ့ Botox (ဘိုတောက်) ဆေးက ချွေးထွက်အိတ်နဲ့ အဆီအိတ်တွေကိုလဲ သက်ရောက်စေလို့ ကြာကြာ သုံးရင် အဲဒီအိတ်လေးတွေ လှီသွားစေမယ်။

• ပုံပန်းဟာ အဓိအားဖြင့် အောက်ခံအရိုးနဲ့ အရိုးနုတွေအပေါ်မှာ မူတည်တယ်ဆိုတဲ့အချက်ကို မေ့ထားလို့မရပါ။ အပေါ်ကဖုံးနေတဲ့ အရေပြားမဟုတ်ပါ။ (ဘိုတောက်စ်) က အရိုးနဲ့ အရိုးနုကို ဘာမှလုပ်မေပးနိုင်ပါ။

• မျက်နှာရဲ့ (အဓိက အထက်ပိုင်း ၃ ပုံ၁ ပုံ) က မျက်နှာအမူအယာဖေါ်ပြရာမှာ အလုပ်လုပ်ရတဲ့နေရာတွေ ကို သက်ရောက်စေနိုင်ပါတယ်။

• Botox ကနေ အရေပြားရဲ့ အရည်အသွေးကို တိုးလာစေအောင် လုပ်မပေးနိုင်ပါ။ ပါးလွှာအောင်လဲ လုပ်မ ပေးပါ။ မျက်လှည့်ပြသလိုစွမ်းတဲ့ဆေး မဟုတ်ပါ။ ဆေးကနေ မျက်နှာက အလုပ်လုပ်နေတဲ့၊ အလုပ်ပိုလုပ် နေကြတဲ့ ကြွက်သားတွေကို အလုပ်မလုပ်စေတော့အောင် ယာယီတားပေးပါလိမ့်မယ်။ တည့်တည့်ပြောရ ရင် Paralyze (ပါရလိုက်စ်) ဖြစ်သွားစေပါမယ်။ ကိုယ်ဆေးထိုးချင်တဲ့နေရာမှာ ကြွက်သားမရှိရင် အလုပ်ဖြစ် မှာမဟုတ်ပါ။

• Facial nerve paralysis မျက်နှာအာရုံကြောကို သေစေမယ်ဆိုရင် လုပ်တဲ့ဘက်က Nasal obstruction နှာခေါင်းပိတ်တာ ခံစားလာရနိုင်တယ်။

• Botox to lift the nose နှာခေါင်းအဖျားလေး အထက်တင်ချင်ရင် - လူတွေ ရီ (ရယ်) တဲ့အခါမှာ Depressor nasii septi ခေါ်တဲ့ ပါးစပ်အထက်နှုပ်ခမ်းမှာရှိတဲ့ ကြွက်သားလေးကနေ နှာခေါင်းအဖျားနေရာ ကို အောက်ဖက်ဆီဆွဲချတယ်။
- တချို့မှာ အဲလိုဖြစ်တာက သူများထက် သိသာလွန်းနေတတ်တယ်။
- အဲလိုလူကို Botulinum toxin ဆေး ကြွက်သာကို ထိုးပေးလိုက်ရင် နှာခေါင်းအဖျား အောက်ကျလာမှာ ကို ကာကွယ်နိုင်တယ်။
- ဆေးထိုးရတာ နာမယ်။ ရက်သတ္တပါတ် အနည်းငယ်ကနေ လအနည်းငယ်အထိ ခံမယ်။

• Depressed tip ဒါပေမဲ့ နှာသီးဖျားအောက်ကျနေတာကိုတော့ အထက်မြင့်လာအောင်လုပ်ပေးနိုင်မယ် ဆိုတာက မရေရာလှပါ။ Rhinoplasty အလှပြင်ခွဲစိတ်နည်းက ပိုကောင်းပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၃

Tuesday, September 24, 2013

တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ပရမ်းလမ်းမှ ကာမစိတ်ကြွ ဆေးဝါးများဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၂၃

၂၃.၉.၂၀၁၃ ရက်နေ့ ၀၃၃၀ အချိန်တာမွေမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ကာမစိတ်ကြွဆေးများရောင်းချနေကြောင်း
သတင်းအရ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ပရမ်းလမ်း
 ပလက်ဖေါင်းပေါ်ရှိ မြင့်လှိုင်၊ တာမွေကြီး(က/ဂ)ရပ်ကွက်နေသူ၏
ဆေးဆိုင်အား ရှာဖွေရာ သစ်သားခေါက်ဗန်းအတွင်း ကာမစိတ်ကြွ
ဟော်မုန်း ဆေးများဖြစ်သည့် GOOD MAN ၊ ANPHAMALEPLUS ၊
MAX MAN ၊ VIAGRA ၊ MIRBEAN ၊ PIOTIN ၊ GREEN MAGRA ၊
MASTIGRA ၊PLANT VIGRA ၊ KING BOSS တံဆိပ်များပါဆေဗူးများ၊
DR-X-100 ၊ MCC ၊ CAVERTA တံဆိပ်များပါဆေးကဒ်များ၊
STRONG POWER ၊ BGNTLEY ၊ BLACK DIAMOND တံဆိပ်များပါ
ဆေးထုပ်များ၊ BLACKANT တံဆိပ်ပါဆေးတောင့်များနှင့်ဆေးပစ္စည်းများ
ရောင်းချရရှိသည့်ငွေကျပ် (၉၀၀၀)တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့်
တာမွေမြို့မရဲစခန်း(ပ)၄၁၄/၂၀၁၃၊အမျိုးသားဆေးဝါးပုဒ်မ ၁၈ ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မော်ဒယ်လ်မြင့် ကားများတွင် ကားဘီးများအတွက် သတိပေးသော ဆင်ဆာများပါရှိလာ..................




           ယခုနောက်ပိုင်းဝင်ရောက်လာသော မော်ဒယ်လ်မြင့်ကားများတွင် ကားဘီးများ၏ အခြေအနေကို သတိပေးသော ဆင်ဆာများပါရှိလာကြောင်း သိရသည်။ ဘီအမ်ဒဗလျူနှင့် မာစီးဒီး(စ်)ကဲ့သို့ ကားများတွင်ပါရှိလာပြီး ဘီးတွင်ဖြစ်ပေါ်သောအရာများအတွက် ဒတ်ရှ်ဘုတ်ပေါ်တွင် Error ပြသည့် စနစ်များပါလာကြောင်း သိရသည်။

    လေနည်း၍သော်လည်းကောင်း များ၍သော်လည်းကောင်း တစ်စုံတခုဖြစ်ပါက အချက်ပြစနစ်ဖြင့် ပြသသည့်အတွက် မောင်းနှင်သူမှဘီးများတွင် ဖြစ်တတ်သည့်အရာများကို အလွယ်တကူဖြင့် သိရှိနိုင်ကြောင်း ကားတာယာနှင့်အရောင်းဆိုင် မန်နေဂျာတစ်ဦးမှ ပြောပြသည်။ ထိုကဲ့သို့ ဆင်ဆာများ ပါရှိသည့်အတွက် မိမိ၏ကားဘီးတွင်ဖြစ်ပေါ်သည့်အရာကို အမြန်ဆုံးနှင့်အထိရောက်ဆုံး ကာကွယ်ပေးနိုင်ကာ မောင်းနှင်သူများအနေဖြင့် ထိုဆင်ဆာစနစ်ကို အမြဲဂရုစိုက်ရန်လိုအပ်ကြောင်း ပြောပြသည်။

    “ ကားဘီး တစ်ဖက်နဲ့တစ်ဖက် လေတွေမညီရင်လည်း Error ပြတယ်။ လေမညီတာကို ညီအောင်လိုက်ဖြည့်ရင် Error ပျောက်သွားတယ်။ အဲဒီတော့ ကိုယ့်ကားဘီးမှာ ဘာဖြစ်တယ်ဆိုတာ ဆင်ဆာစနစ်ပါတဲ့အတွက် သိနိုင်ပြီး ပြင်ဆင်လို့ရတာပေါ့” ဟု ရှင်းပြသည်။

    ထိုဆင်ဆာပါရှိသော ကားဘီးများမှာ ရှေ့ နောက်မှားယွင်းတပ်ဆင်၍မရဘဲ သူ့နေရာနှင့်သူ ဂရုတစိုက် တပ်ဆင်ရန်လိုအပ်ပြီး တတ်ကျွမ်းသူ နှင့် ဖြုတ်/တပ် လုပ်ဖို့ လိုအပ်ကြောင်း သိရသည်။ ကွန်ပျူတာစနစ်များနှင့် အခြေခံကာ တည်ဆောက်ထားသည့်အတွက် ဆားကစ်များ ထိမိသွားပါက စနစ်များကို ထိခိုက်မိနိုင်ကြောင်း သိရသည်။ ဆင်ဆာများ ပါရှိလာသည့်အတွက် ကားမောင်းနှင်ရာတွင် လုံခြုံမှုများရှိလာစေပြီး ရုတ်တရက်ဖြစ်ပေါ်လာသော အခြေအနေများတွင် Error ပြသသည့်အချက်ကို ကြည့်ကာ စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

    မော်ဒယ်လ်မြင့်ကားများတွင် ကားဘီးများအတွက် ဆင်ဆာများသာကမဘဲ တခြားအစိတ်အပိုင်းများအတွက် Error ပြသသော ဆင်ဆာ စနစ်များပါရှိလာကာ ကွန်ပျူတာစနစ်ကိုအခြေခံ၍ တည်ဆောက်ထားကြောင်း သိရသည်။

Ref : **This article is provided by Auto World Journal.

မနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူများစွာအတွက် နေ့စဉ် ပြုမူ လုပ်ဆောင်နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှု

အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ...

 
မနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူများစွာအတွက် နေ့စဉ် ပြုမူ လုပ်ဆောင်နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရပါတယ်။ ထို့အပြင် သိပ္ပံပညာရှင်များ သုတေသနပြုချက်အရ ၎င်းဟာ အလွန်အရေးပါပြီး ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ နံနက်ခင်း ရေသောက် ပေးခြင်းအားဖြင့် သင့်ရဲ့တစ်ညတာ ပင်ပန်း တစ်ကြီး လှုပ်ရှားခဲ့ရတဲ့ အစာအိမ်အတွက်များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာ အတွက် အဆင်မပြေမှုများ၊ စိတ်သောကများအတွက်ပါ ရေရဲ့အစွမ်းကြောင့် လန်းဆန်းသွားစေနိုင်ပါ တယ်။

ဒါကို ဂျပန်ဆေးပညာရှင်တွေက ၉၆ ပါး ရောဂါနှင့် များစွာသော အောက်ဖော်ပြပါ ရောဂါများအတွက် အလွန်ပင် အစွမ်းထက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့တာပါ။

ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ခြင်း၊ အဆစ်မြစ်ရောင်ရောဂါ ဖြစ်ခြင်း၊ နှလုံးတုန်ခြင်း၊ ဝက်ရူးပြန် ရောဂါ ဖြစ်ခြင်း၊ အသဲ အဆီဖုံးခြင်း၊ လည်ချောင်းနာ ဖြစ်ခြင်း၊ ပန်းနာရင်ကျပ် ဖြစ်ခြင်း၊ တီဘီ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဝမ်းလျှောဝမ်းပျက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ မျက်စိနာ ခြင်း၊ ကင်ဆာနှင့် ရောဂါများစွာအတွက် ရေကို နည်းလမ်းတကျ နံနက်တိုင်း သောက်သုံးခြင်းအားဖြင့် ရောဂါများစွာကို ကြိုတင်ကာကွယ်ပြီး ဖြစ်မှာပါ။

လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ -

၁။ မနက်အိပ်ရာထပြီး သွားမတိုက်ခင် ၁၆၀ မီလီမီတာရှိ ဖန်ခွက်ဖြင့် ရေ ၄ ခွက် သောက်ပါ။

၂။ ထို့နောက် သွားတိုက်၊ မျက်နှာသစ်ပြီးပါက ၄၅ မိနစ်အတွင်း မည်သည့်အရာမှ စားခြင်း၊ သောက်ခြင်း မပြုပါနှင့်။ ၄၅ မိနစ်ပြည့်ပြီးမှ ပုံမှန်အတိုင်း စားသုံးပါ။

၃။ နံနက်စာစားပြီး ၁၅ မိနစ်အတွင်း၊ နေ့လည်စာနှင့် ညစာစားပြီး ၂ နာရီအတွင်း အခြားအရာများ စားသောက်ခြင်း ရှောင်ပါ။

၃။ ညစာစားပြီး ၁ နာရီခွဲအတွင်း ဒါမှမဟုတ် ၂ နာရီအတွင်း အိပ်စက်ခြင်း မပြုပါနှင့်။

အထက်ပါ လုပ်ဆောင်မှုတွေကို သင့်ရဲ့တစ်နေ့တာအတွက် ပုံမှန် လုပ်ဆောင်သွားပါက ဖျားနာခြင်း ကင်းဝေးပြီး ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒီအရာတွေကို လူတိုင်းရဲ့ဘဝမှာ ပြုလုပ်နိုင်ပါတယ်

Myawady News

http://lwanmapyay.blogspot.com/

Monday, September 23, 2013

ဆီးရီးယား(Syria) နိုင်ငံက လက်နက်ကိုင် အမျိုးသမီးများ... ................


 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

ခွဲစိတ်လမ်းကြောင်းမှ အူကျွံထွက်ခြင်းကို နယ်မြို့များမှ လူနာများတွင် ပိုမိုတွေ့နေရ ..........................


ခွဲစိတ်လမ်းကြောင်းမှ အူကျွံထွက်ခြင်းကို နယ်မြို့များမှလူနာများတွင် ပိုမိုတွေ့နေရကြောင်း အထွေထွေ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာမြသိန်းဟန်က ပြောသည်။ အဆိုပါအူကျွံထွက်ခြင်းကို ဆေးအခေါ်အဝေါ်အရ Incisional Hearnia ဟုခေါ်ဆိုကြောင်းသိရပြီး ယင်းကဲ့သို့ဖြစ်လာခြင်းမှာ အနာမကျက်ခြင်းနှင့် Intra abdominal Pressure ဟုခေါ်သည့် ဗိုက်ထဲမှဖိနှိပ်အားကြောင့် ဖြစ်လာခြင်းဖြစ်ကာ ယင်းအူကျွံခြင်းမှာ နယ်မြို့များတွင် ပိုမိုဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

''နယ်ဘက်တွေမှာက ခွဲစိတ်ကုသဖို့ ပစ္စည်းတွေမရှိတာရယ်၊ ခွဲစိတ်ခန်းသန့်ရှင်းမှုပိုင်းရယ်၊ ကျွမ်းကျင်တဲ့ဆရာဝန်တွေ မရှိတာရယ် မပြည့်စုံတာတွေအများကြီးပဲ။ အဓိကကျွမ်းကျင်တဲ့ဆရာ ဝန်ခွဲစိတ်မှုအပြင် စနစ်ကျမှု လိုအပ်တယ်။ မဟုတ်ရင် အူကျွံတာဖြစ်မှာပဲ။ နောက်ဆက်တွဲရမယ့် ရောဂါက ကျွံတဲ့အူသာ ပိတ်သွင်းလို့မရရင် အူကိုသွားတဲ့သွေးကြော တွေကမသွားနိုင်တော့ သွေးကြောတွေပိတ်ပြီး အူတွေပုပ်သိုးပျက်စီးသွားပြီး ရောဂါပိုးတွေဝင်ပြီး အသက်ပါ ဆုံးရှုံးနိုင်တယ်''ဟု ပါမောက္ခ ဒေါက်တာမြသိန်းဟန် က ပြောသည်။

အူကျွံရခြင်းအကြောင်းအရာအဖြစ် နှစ်မျိုးသတ်မှတ်ထားပြီး ယင်းတို့မှာ အထွေထွေအ ကြောင်းအရာ များနှင့် ခွဲစိတ်ခြင်းနှင့် ပတ်သက်သည့်အကြောင်း အရာများဟူ၍ ခွဲထားကြောင်း သိရသည်။အထွေထွေအကြောင်းအရာမှာ အာဟာရဓာတ် လွန်စွာချို့တဲ့သည့်လူနာ၊ အသက်အရွယ်ကြီးသည့် လူနာ၊ ဆီးချို၊ သွေးတိုး၊ ပြည့်ဝဆဲလ်များအား ဟန့်တားစေသည့်ဆေး(ကင်ဆာဆေး) ပရိုတိန်းဓာတ်၊ ဗီတာမင်စီ၊ ဇင့်ဓာတ်၊ ရင်ကျပ်သည့်လူနာနှင့် ဓာတ်ကင်သည့်လူနာစသောအနာကို အကျက်နည်းစေသည့်ဆေးဝါး များကိုလည်း စားသုံးခြင်းဖြင့် အူကျွံခြင်းများ ဖြစ်နိုင်သည်။

ဒုတိယအချက်အနေဖြင့် အူကျွံခြင်းကိုဖြစ်ပေါ်စေနိုင်သည့်အချက်မှာ ခွဲစိတ်ခန်းနှင့်ပတ်သက် သည့်အတွက်ကြောင့်ဖြစ်ပြီး ခွဲခန်းမသန့်ရှင်းပါက ရောဂါပိုးများ ဝင်ရောက်ကာ ပြည်တည်ခြင်း၊ ခွဲစိတ်ကုသမှုမကျွမ်းကျင်ခြင်း၊ ခွဲစိတ်ခန်းတွင်ဝတ်သည့် အဝတ်အထည်များကို Sterile မရှိခြင်း၊ Cautery ခေါ် လျှပ်စစ်ဓာတ်အား ကို လွန်စွာသုံးခြင်းဖြင့် သွေးထဲရှိ Tissue Problem များကာ ရောဂါပိုးဝင်နိုင်ခြင်း၊ ခွဲစိတ်ခန်းတွင် လိုအပ်သည့် ပစ္စည်းကိရိယာ များလုံလောက်မှုမရှိခြင်းနှင့် ချုပ်ရိုးကို ချုပ်မည့်ချည်ကြိုးကို ရွေးချယ်တတ်ရန် လိုအပ်ကြောင်း သိရသည်။

''ခွဲပြီးခါစ ချောင်းဆိုးရင်၊ ဝမ်း၊ ဆီးအရမ်းညှစ်နေရတဲ့အခါ လူနာက အသည်းရောဂါသမား ဆိုရင်တော့ ဖျဉ်းစွဲကာ ဗိုက်ထဲ အရည်တွေစုပြီးတော့ ဗိုက်တွေက ဖောင်းကားလာတယ်။ အူတွေက အလုပ်မလုပ်နိုင်ဘဲ ဖောင်းတင်းနေရင် ဝမ်းဗိုက်ကို Pressure များလာတယ်။ ခွဲထားတဲ့နေရာမှာ အလုံးအဖုတွေသာဖြစ်နေရင် ဖိအားတွေများပြီး အူကျွံတာဖြစ် နိုင်တယ်။ Irreducible ဆိုတဲ့ ပြန် သွင်းလို့မရတာတွေ ဖြစ်လာတာ ပေါ့''ဟု ဆက်လက်၍ ပြောသည်။

[ ဇင်မျိုးထက် ၊ ရန်ကုန် ၊ စက်တင်ဘာ ၂၀ ]
Yangon Media Group

ဆီစားသက်သာအောင်


To: lubo601@gmail.com


Myanmar News Update's photo.

Sunday, September 22, 2013

☼ ညအချိန် သို့မဟုတ် မနက်အစောပိုင်းတွင် ဆီဖြည့်ပါ

မြေပြင်အပူချိန် အေးမြနေဆဲဖြစ်တဲ့ မနက်အစောပိုင်းအချိန်အတွင်းမှာ သင့်ဆိုင်ကယ် ဒါမှမဟုတ် ကားကို ဆီဖြည့်တာ အကောင်းဆုံးဖြစ်ပါတယ်.... စက်သုံးဆီဆိုင်ကြီးတွေအားလုံးလိုလိုဟာ သူတို့ရဲ့ ဆီသိုလှောင်ကန်တွေကို မြေကြီးထဲမှာ မြှုပ်နှံတည်ဆောက်ထားကြတယ်ဆိုတာကို သင်သိပြီးဖြစ်ပါလိမ့်မယ်... မြေပြင်ကအေးလေလေ ဆီရဲ့သိပ်သည်းမှုက ပိုများလေလေပါပဲ... မြေပြင်က ပူလာတဲ့အခါမှတော့ ဆီတွေကပွလာပါတယ်... ဒါကြောင့် နေ့လည်ပိုင်း ဒါမှမဟုတ် ညနေပိုင်းမှာ သင်ဆီဝယ်ဖြည့်မယ်ဆိုရင် သင်ဝယ်လိုက်တဲ့ ဆီပမာဏအတိုင်း အတိအကျ အပြည့်အဝမရနိုင်ပါဘူး... ဆီရောင်းဝယ်တဲ့လုပ်ငန်းမှာ သိပ်သည်းဆ (specific gravity) နဲ့ အပူချိန်တို့ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်... အပူချိန် ၁ ဒီဂရီလောက်မြင့်တက်လာတာဟာ ငွေပမာဏအများအပြားကို ကိုယ်စားပြုနိုင်ပါတယ်... ဒါပေမဲ့ စက်သုံးဆီဆိုင်တွေမှာတော့ မီးဘေးအန္တရာယ်ကျရောက်နိုင်တဲ့အတွက် အပူချိန်တိုးမြင့်စေဖို့ လုပ်ဆောင်တာမျိုး မလုပ်ကြပါဘူး...

☼ ဆီတစ်ဝက်ကုန်တာနဲ့ဖြည့်ပါ

စက်သုံးဆီဖြည့်တာနဲ့ ပတ်သက်ပြီး နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ သင့်ဆီသိုလှောင်ကန်မှာ တစ်ဝက်လျော့သွားတာနဲ့ ပြန်ဖြည့်ဖို့ပါပဲ... အကြောင်းရင်းကတော့ သင့်ဆီသိုလှောင်ကန်ထဲမှာ ဆီများများရှိတဲ့အခါ လေဝင်နိုင်တဲ့ နေရာလွတ်နည်းသွားစေမှာဖြစ်လို့ပါပဲ... လျော့နေတဲ့ဆီလှောင်ကန်ထဲကဆီတွေဟာ သင်ထင်ထားတာထက်ကို ပိုပြီးမြန်မြန်ခန်းခြောက် အငွေ့ပျံနိုင်ပါတယ်...

☼ ခလုတ်ကိုမြန်မြန်မညှစ်နဲ့

ဆီဖြည့်တဲ့အခါ ဆီပန့်တွေမှာ လက်ကိုင်ခလုတ်လေးတွေနဲ့ထားပေးတတ်ပါတယ်... ဆီပိုက်ကို ကိုယ်တိုင်ကိုင်ပြီး ဖြည့်ရတဲ့အခါမျိုးမှာ အဲ့ဒီခလုတ်ကို မြန်မြန်မညှစ်ဘဲ တဖြည်းဖြည်းညှစ်ခြင်းဟာ ရေငွေ့ပါဝင်မှုနှုန်းကိုလျော့ကျစေပြီး သင့်အတွက်ဆီဖြည့်ရတာ တွက်ခြေပိုကိုက်ပါတယ်... ဂရုတစိုက်ကြည့်မယ်ဆိုရင် ခလုတ်မှာ အဆင့်သုံးဆင့်ရှိတာကို သင်သတိထားမိပါလိမ့်မယ်... ဆီကို ခပ်မြန်မြန်ဖြည့်ခြင်းဟာ သင်ဖြည့်လိုက်တဲ့ဆီအရည်ထဲမှာ လေ၊ ရေငွေ့နဲ့ ဓာတ်ငွေ့တွေ ပိုပါနေတဲ့ သဘောလည်းဖြစ်ပါတယ်...

☼ သိုလှောင်ကန်ထဲကို ဆီဖြည့်နေချိန်မှာ ဆီမထည့်နဲ့

ဒီအချက်ကလည်း အထူးသတိပြုဆင်ခြင်သင့်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်... စက်သုံးဆီဆိုင်က ဆီသိုလှောင်ကန်တွေထဲကို ဆီလာဖြည့်နေချိန်မှာ သင့်ကားထဲ ဒါမှမဟုတ် ဆိုင်ကယ်ထဲကို ဆီမထည့်သင့်ပါဘူး... အဲ့ဒီအချိန်မှာ ဆီလှောင်ကန်ထဲက အနည်တွေထနေမှာဖြစ်တဲ့အတွက် အဲ့ဒီဆီတွေ သင့်ယာဉ်ထဲရောက်လာရင် အင်ဂျင်ကိုဒုက္ခပေးပါလိမ့်မယ်...

☼ ဘီးထဲ လေရှိပါစေ

ဘီးထဲလေရှိမရှိကို နှစ်ပတ်တစ်ခါလောက် စစ်ရပါမယ်... လေမရှိတဲ့ တာယာတွေဟာ နောက်ပြန်ဆွဲအား (drag) တွေပိုဖြစ်စေတဲ့အတွက် သင့်ယာဉ်က ဆီပိုစားပါလိမ့်မယ်... ကားတွေ ဆိုင်ကယ်တွေမှာ လေပေါင်ချိန်ဘယ်လောက်ရှိရမယ်ဆိုတာကို သက်ဆိုင်ရာယာဉ်အမျိုးအစားအလိုက် သတ်မှတ်ချက်လေးတွေရှိပါတယ်... အဲ့ဒီအတိုင်း လေချိန်ထားဖို့လိုပါမယ်...

☼ မလိုတာတွေဖယ်ထား

သင့်ယာဉ်ထဲမှာ မလိုအပ်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေရှိနေမယ်ဆိုရင် ဖယ်ထားဖို့လည်းလိုပါမယ်... သင်တစ်နေရာရာကို သွားတော့မယ်ဆိုရင် မလိုတာတွေကို စစ်ပြီး ဖြုတ်ချန်ထားခဲ့ပါ... ပစ္စည်းအလေးတွေပါလေလေ ဆီပိုစားလေလေဖြစ်တဲ့အတွက် ဒီနည်းလမ်းကလည်း ဆီကုန်သက်သာစေဖို့ အထောက်အကူပြုပါတယ်...
----------------------------------------------------------------


နှိုင်းရင့်နွေ

မျက်နှာ နှင့် ခန္ဓာ ကိုယ် အလှ အပ ပတ်သက်သည့် အများဆုံး မေးတတ်ကြသော မေးခွန်းများ


 
ယခုဖော်ပြပေးထားတဲ့ ကျန်းမာရေး /အလှအပ နဲ့ပတ်သက်တဲ့ မေးခွန်းလေး တွေ က ကျွန်မ တို့ ဆိုင် ဖွင့်လာတဲ့ သက်တမ်းတလျောက်မှာ အမျိုးသမီးတွေ အများဆုံး မေးတတ်တဲ့ မေးခွန်းတွေကို အလှအပ ကို စိတ်ဝင်စားသူ အမျိုးသမီးများ အားလုံး အတွက် တနေရာထဲမှာ ပေါင်းစည်း လေ့လာနိုင်အောင် ဖော်ပြပေးလိုက်ပါတယ် ရှင် ။

မေး ။ လေ့ကျင့်ခန်းနဲ့ ပိန်အောင်လုပ်တာ ကစား နေတဲ့အချိန်မှာပိန်တယ်။ ရပ်လိုက်ရင် ၀လာတယ် ဆိုတာ ဟုတ်ပါသလား ။
..........................................................................................................................................................................................................................
ဖြေ ။ လေ့ကျင့်ခန်းလုပ်နေတဲ့ အချိန်မှာ မှန်မှန်လည်း လာကစားတယ် ။ အစားလည်း လျော့တယ် ဆိုတော့ ပိန်ပါတယ် ။ ရပ်လည်း ရပ်လိုက်ရော အစားကလည်း ကြိုက်သလို ပြန်စားတယ် ။ လှုပ်ရှားမှုကလည်း မရှိတော့ ၀လာတာပါ ။ ကစားတာ ရပ်လိုက်လို့ ၀တာတော့ မဟုတ်ပါဘူး ။ မထိန်းလို့ပါ ။ အစား ( သို့)လေ့ကျင့်ခန်း တစ်ခုခု နဲ့ထိန်းနေရင် မ၀ပါဘူး ။

မေး ။ အားကစား သင်တန်းတွေမှာ မိန်းမနည်း ၊ ယောကျာ်းနည်း ဆိုပြီး ကစားနည်း စနစ် နှစ်မျိုး ရှိတယ် ဆိုတာက ဘယ်လို ကွဲပြားခြားနားပါလဲ။
..........................................................................................................................................................................................................................

ဖြေ ။ ယောက်ျားနည်းဆိုတာက အလေးတုံးအကြီးတွေ၊ HomeGym အကြီးတွေနဲ့အပေါ်ပိုင်းကျစ်အောင်ပါ အဓိကကစားတာဖြစ်ပြီး မိန်းကလေးနည်းဆိုတာက အလေးတုံး အသေးတွေ ၊ စက်အသေးတွေနဲ့ဘဲ ဖြေးဖြေး နဲ့ ပုံမှန်ကစားတာမျိုးကို ဆိုလိုတာပါ ။ ဥပမာ- ယောကျာ်းနည်း နဲ့ သင်တဲ့ နေရာတွေ မှာ ကစားမယ် ဆိုရင်လည်း နားလည်တတ်ကျွမ်းတဲ့ နည်းပြ နဲ့ မှန်မှန်လေ့ကျင့်ပြီး မိမိ ခန္ဓာကိုယ်၏ အချိုးအစားကို အမြဲသတိထားပြီး လေ့ကျင့်ကစား နေသင့်ပါတယ် ။

မေး ။ ကလေး လိုချင်တဲ့သူတွေကို တချို့သော ဆရာဝန်တွေ က သားအိမ် လေ့ကျင့်ခန်းရအောင် ကစားခိုင်းတတ်တယ် ။ အဲဒါ နဲ့ ပတ်သက်ပြီး ဘယ်လို အကြံပြုချင်ပါသလဲ ။
..........................................................................................................................................................................................................................

ဖြေ ။ ကလေး လိုချင်တဲ့သူတွေ ဆရာဝန် ညွှန်ကြားမှု နဲ့ လာကစားရင် ပိန်ဖို့ကို ဦးမတည်ဘဲ ဖြေးဖြေးကစားရပါတယ် ။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မကစားရပါဘူး ။ ဓမ္မတာ လာပါနီးရက်ဆို ကစားတာကို ခဏနားထားပြီး အဲဒီလအတွက် ကိုယ်ဝန်မရှိသေးဘူး ဆိုမှ နောက်ထပ် ဆက်ကစားသွားသင့်ပါတယ် ။

မေး ။ ဆိုင် မှာ အဆီချထားရင် ဖြစ်ဖြစ် ကစားထားရင် ဖြစ်ဖြစ် အထိုက်အလျောက်ကျသွားပြီးမှ အိမ်မှာ အစားဆက်ထိန်း နေပါလျှက် ထပ်မကျတော့တာ ဘာကြောင့်ပါလဲ ။
..........................................................................................................................................................................................................................

ဖြေ ။ ခန္ဓာကိုယ် တစ်ခုကိုကျအောင်ချတာ နဲ့ ရှိပြီးသာ ခန္ဓာကိုယ်ကို မတက်အောင် ဆက်ထိန်းတာ မတူပါဘူး။ မတက်အောင် ထိန်းတာ ဆိုရင် အစားကိုပုံမှန်လေးထိန်းစားပြီးလေ့ကျင့်ခန်းတခု မှန်မှန်ယူ ၊ အစားလျော့ပြီး နှစ်သက်ရာကစားနည်း ၊ အဆီချနည်းတစ်ခုခုနဲ့ထိန်းရသလိုချထားနဲ့ခန္ဓာကိုယ်တခုကိုနောက်ထပ်ထပ်ချ ချင်တာဆိုရင်လည်းကိုယ်လိုချင်တဲ့အနေအထား တခုရောက်တဲ့အထိ အဆီချတာနဲ့ဖြစ်ဖြစ် ၊ ပြင်းပြင်းထန်ထန် ထပ်ကစားတာဘဲ ဖြစ်ဖြစ် အစားပါ ထပ်လျော့သွားမှ မိမိ လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအစားကို ရနိုင်မှာ ဖြစ်ပါတယ် ။

မေး ။ လက်ပြင် ကုန်းနေတတ်တဲ့သူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းကို ဖော်ပြပေးပါ ။
.............................................................................................................................................................................

ဖြေ ။ အကောင်းဆုံး လေ့ကျင့်ခန်းက ခါးပေါ်မှာ လက်လေးလုံးတင်နေအောင် အမြဲ သတိထားပြီး ခါးဆန့် နေခြင်းဖြင့် အလိုလို မတ်ပြီး စမတ်ကျသွားမှာ ဖြစ်ပါတယ် ။

မေး ။ အပင်ပန်းလည်း မခံနိုင် ၊ အမောလည်း မခံနိုင်တဲ့သူတွေ လာကစားချင်ရင် ဘယ်လို အကြံကောင်းမျိုး ပေးသင့်ပါသလဲ ။
.............................................................................................................................................................................

ဖြေ ။ ပိန်ဖို့ လှဖို့ကို အရင်ဆုံးဦးစားမပေးဘဲ ပထမဆုံးအသက်ရှုလေ့ကျင့်ခန်းကို တစိုက်မတ်မတ်လုပ်သင့်ပြီး သက်လုံကောင်းပြီး အမောခံနိုင်အောင် ဖြေးညင်းညင်သာသော လေ့ကျင့်ခန်းများ ဖြင့် အလေ့အကျင့်ရအောင် အရင်စ ကစားသွားသင့်ပါတယ် ။http://www.gingerbeautyland.com/knowledge_3.html

Sunday, September 22, 2013

အမျိုးသမီးဘက်မှ တင်တောင်းရသော ဓလေ့ရှိသည့် ပါကစ္စတန်နိုင်ငံ၏ ကျေးလက် အရပ်ဒေသတွင် ဆင်းရဲသဖြင့် တင်တောင်းငွေ မတတ်နိုင်သည့် အမျိုးသမီး ညီအစ်မလေးဦး မိမိကိုယ်ကိုယ် သေကြောင်းကြံစည်

သတို့သမီးဘက်မှ တင်တောင်းမည့်ငွေ မတတ်နိုင်၍ ပါကစ္စတန် ညီအစ်မလေးဦး သေကြောင်းကြံစည်
Saturday, September 21, 2013

လက်ထပ်ထိမ်းမြားရန် အတွက် အမျိုးသားကို အမျိုးသမီးဘက်မှ တင်တောင်းရသော ဓလေ့ရှိသည့် ပါကစ္စတန်နိုင်ငံ၏ ကျေးလက် အရပ်ဒေသတွင် ဆင်းရဲသဖြင့် တင်တောင်းငွေ မတတ်နိုင်သည့် အမျိုးသမီး ညီအစ်မလေးဦး မိမိကိုယ်ကိုယ် သေကြောင်းကြံစည် သွားကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အမျိုးသမီးများသည် ၎င်းတို့၏ ဖခင်နှင့် အဆိုပါကိစ္စကို စကားများကြပြီး နောက်တွင် တူးမြောင်း အတွင်းသို့ ခုန်ချပြီး သတ်သေသွားကြခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားသော ဒေသမှာ ပါကစ္စတန် ပန်ဂျပ်ပြည်နယ် တောင်ပိုင်း ကျေးလက်မြို့ကလေး မေစီတွင် ဖြစ်သည်။

ရေထဲခုန်ချသွားစဉ်က ညီအစ်မငါးဦး ဖြစ်သော်လည်း တစ်ဦးကိုမူ ပြန်လည် ကယ်တင်လိုက်နိုင်ကြောင်း ယင်းသတင်းက ဖော်ပြထားသည်။

“ဆင်းရဲသား လယ်သမား ဘာရှာအာမက်ရာပွတ်က သူ့သမီး ငါးယောက်ကို အိမ်ထောင်ရက်သား ချမပေးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တင်တောင်းငွေ မတတ်နိုင်လို့ပါ” ဟု ရဲအရာရှိကြီး မာလစ်ဒါယွတ်ဟက်စ်နင်က မှတ်ချက်ပြုသည်။
“ဒီကိစ္စကိုမနေ့က သမီးတွေနဲ့သူနဲ့ စကားများကြပြီး စိတ်ညစ်သွားကြတဲ့ သမီးတွေက တူးမြောင်းထဲကို တူတူပဲ ခုန်ချလိုက်ကြတာပါ” ဟုလည်း ၎င်းက ပြန်ပြောင်း ပြောပြသည်။

အမျိုးသမီးများမှာ အသက် ၄၅၊ ၄၃၊ ၃၈၊ ၃၅ နှင့် ၃၁ နှစ်တို့ အသီးသီး ဖြစ်ကြသည်။
“အငယ်ဆုံး ညီမလေး ဖာတီမာကို ကျွန်တော်တို့ ကယ်လိုက်နိုင်ပါတယ်။ အလောင်းနှစ်လောင်း ကိုတော့ တွေ့ထားပါပြီ။ ကျန်အလောင်းတွေကိုတော့ ရှာဖွေဆဲပါ” ဟု ရဲအရာရှိကြီးက ဆိုသည်။

လက်ထပ်ရန်အတွက် တင်တောင်းရခြင်း ကိစ္စသည် ပါကစ္စတန် ကျေးလက်ဒေသတွင် ပြဿနာတစ်ရပ် ဖြစ်နေပြီး သတို့သားဘက်က တောင်းသည့် ငွေကြေးနှင့် လက်ဆောင်ကို မတတ်နိုင်ကြသဖြင့် အမျိုးသမီးများစွာ အိမ်ထောင်ထိမ်းမြားခွင့် မရကြရှာပေ။

ပါကစ္စတန်တွင် မိန်းကလေးများ လက်ထပ်သည့် အရွယ်သည် ၁၈ နှစ်မှ ၂၈ နှစ်အတွင်းဖြစ်ပြီး ထို့ထက်ပိုကြီးသွားပါက အိမ်ထောင်ဖက် ရှာဖွေရန် ပိုမိုခက်ခဲသွားသည်။ ခင်ပွန်းမရှိသော အမျိုးသမီးကြီးများကို အိမ်နီးချင်းများနှင့် ဆွေမျိုးများက မထေမဲ့မြင် ပြုကြပြီး နွမ်းပါးသည့် အခြေအနေ ဖြစ်သောကြောင့် ကျွေးမွေး ထောက်ပံ့မည့်လူလည်း ရှားပါးသည်။

The Voice Weekly

ဆီဒိုးနားရဲ့ အဖြစ်မှန် အသေးစိတ်

ဆီဒိုးနားရဲ့ အဖြစ်မှန် အသေးစိတ်ကို ဒီမှာဖတ်ကြည့်ကြပါ (shared a note via Bug Lab.)


ဇာတ်လမ်းအစ ကတော့….
ဆီဒိုးနားသို့  taxi လည်း ရောက်ခဲ့လေတော့ ကောင်တာကိုသွားပြီး ကောင်တာက ကောင်မလေးကတော့ အပြုံးများစွာနဲ့  မိတ်ဆက်ပီး ID တောင်းတော့ Passport ထုတ်ပေးလိုက်ပါတယ်။
အကိုက မြန်မာပြည်ကို အလည် လာတာလား…
ဟုတ်.. မရောက်တာ ကြာလို့ ပေါ့…
ဘယ်နှစ်ရက်လဲ အကို
၁ ရက်တည်းပါ..
ဒီမှာ တစ်ရက်တည်းဘဲ လာလည်တာလား အကို
ဟုတ်ဘူး ညီမ ရေ .. ချောင်းသာတို့  နေပြည်တော်ကို သွားမှာလေ…
အော် ဟုတ်ကဲ့ပါ.. ရှင် ..
Key card ကို ကောင်မလေးက ပေးတော့ ယူပြီး ကိုယ့်အခန်းရှိရာသို့  ထွက်လာခဲ့တော့တယ်၊ အခန်းထဲကိုရောက်တော့ ကုတင်ပေါ်တွင် ခဏတာနားပြီး ထထိုင်မိလိုက်တယ်၊ အခန်းကိုတော့ မကြိုက်၊ အောက်သို့ ဆင်းလာခဲ့ပြီး ကောင်တာဆီသို့  ခြေဦးတည့်ခဲ့လေတော့သည်။
Hello ညီမ.. အကို အခန်း မှောင်မဲနေလို့  မကြိုက်ဘူး View လည်း မကောင်းဘူး ညီမ အခန်းပြောင်းပေးလိုရမှာလား..
အခန်းကောင်းတဲ့ အခန်းဘဲလိုချင်တယ် ညီမ ၁ ရက်တည်းနေရင်တည်း ကောင်းတဲ့အခန်းပေးပါလား အလင်းရောင်တွေ ရတဲ့အခန်းပေးပါ…
အော် အကို suite အခန်းတွေဘဲ ရှိတယ် Mini bar လည်းပါတယ်၊ Queen ရှိတယ် အကို။ View လည်းကောင်းပါတယ်။
အော် နာမည်ကြီးတွေ အဲဒီအခန်းတွေဘဲ တည်းကြတာလား
ကောင်မလေးက ပြုံးလိုက်ပီး .. အင်းအကို
အေး အေး ညီမကြေငြာမှတော့ Suite ဘဲ ယူတော့မယ်ကွယ်… ကျနော့်ကို ကောင်းတဲ့အခန်းပေးနော်
ဟုတ်ကဲ့…
ကောင်မလေး အသစ်ပြောင်းပေးတဲ့ Key လေးကို ယူပီး ထွက်လာခဲ့တော့တယ်။
Service က ကောင်းတော့ မကြာပါဘူး ကျနော်ထားခဲ့တဲ့ အထုတ်အပိုးတွေ အခန်းသစ်ထဲ ရောက်လာပါတော့တယ်၊ အခန်းထဲကို ရောက်တော့မှာ အိတ်ထဲက စားပွဲတင် နာရီလေးများထဲက တစ်ခုကို ထုတ်လိုက်ပီး နေရာကောင်း အကွက်ကောင်းတဲ့နေရာ ဖြစ်တဲ့ TV အပေါ်မှာထားဖို့ ပြင်ဆင်တော့တယ်၊ TV stand နောက်မှာ power cable plug ထည့်မယ့် နေရာက ရှိနေတော့ အကောင်းဆုံးဘဲပေါ့၊
နာရီ နောက်ဘက်မှ SD Memory card ကို ကြည့်လိုက်တော့ 32 GB တဲ့.. အင်း မဖြစ်သေးပါဘူး… ဆိုပြီး Rechargeable Battery ကိုလည်း ထုတ်လိုက်ပီး USB charger ဘဲ တတ်လိုက်တော့တယ်.. အပိုပါတဲ့ 64 GB ရှိတဲ့ memory card ကို ထည့်လိုက်ပီး…record စလုပ်မိတယ်…
ကုတင်ရှိရာသို့  တက်သွားပီး သီချင်း တပုဒ်ကို အသံတိုး အသံမြင့်ကာ သီဆိုပီး ခဏကြာမှ ပြန်ထထိုင်ကာ
နာရီလေးမှ Memory card ကိုထုတ်ပြီး computer နဲ့  connect လုပ်ပြီး ကြည့်လိုက်တော့တယ်ကွယ်၊
အင်း မဆိုးပါဘူး ကောင်းသားဘဲ အသံလည်း ကြည်သားဘဲ… လို့  မိမိကိုယ်ကိုယ် ပြောလိုက်ြပီး ကိုယ်လုပ်စရာတွေလျှောက်လုပ်နေမိတယ်…
Computer ကို ပိတ်ပြီးတော့ သူငယ်ချင်းများနဲ့  ချိန်းထားတဲ့ နေရာကို ထွက်လာခဲ့တော့တယ်… ညနေပိုင်း သူငယ်ချင်းများနဲ့ သောင်းကျန်းပြီးမှာ Hotel သို့ ပြန်ခဲ့သည်၊ မနက်ပိုင်းရောက်တော့ နေပြည်တော်ကို သွားရမှာမို့  နာရီလေးကို အသာအယာ ပွတ်သတ်ပြီး…
ညီလေး ကိုကြီး ပြန်လာမယ်.. ညီလေးကို ပစ်မထားပါဘူး… ပြောပြီး
နာရီလေးကို record ကို on လုပ်.. ပြီးတော့ နေရာကောင်းတွင် ပြန်တင်ထားခဲ့ပြီး check out လုပ်ကာ နောက်တနေရာ နေပြည်တော်သို့  ခရိးဆက်ခဲ့လေသည်၊
တပတ်လောက်ကြာသောအခါ… ရန်ကုန်ပြန်ရောက်တော့ လူကလည်းခရီးဒဏ်ကြောင့် ပင်ပန်းနေတော့ ဆီဒိုးနား အရိပ်သို့ ပြန်ရောက်လာခဲ့ပီ…
ဆီဒိုးနား ကောင်တာက ကောင်မလေးကို ပြန်တွေ့ တော့
ညီမလေး ကိုယ့် Booking ထားခဲ့ Suite လေး အခန်းရတယ် မဟုတ်လား…
ဟုတ်အကို.. အကို ဖုန်းခေါ်ပီး Booking လုပ်ထားတဲ့အခန်းတော့ စနေ တနင်္ဂနွေမဟုတ်တော့ အေးဆေးရပါတယ်…
အင်း ညီမရွေးပေးတဲ့ အခန်းကိုဘဲ ကြိုက်တယ်.. ကျေးဇူး ညီမ…
အခန်းထဲသို့ အရောက်တွင် နာရီလေးကတော့ နေရာမပျက် စောင့်ကြိုနေတော့ ပင်ပန်းမူတွေ ပျောက်ကုန်ပြီး…
laptop ကို ဖွင့် SD ကတ် ကို ထုတ်ယူကာ ထည့်ကြည့်တော့… Oh Shit လို့  မိမိကိုယ်ကိုယ် ပြောမိတော့တယ်…
================
စိတ်ဝင်စားသွားကြပြီနဲ့  တူပါတယ်.. အဲသလို ခိုးယူခဲ့တော့ မဟုတ်ပါဘူး… ကျနော် ခံစားကြည့်တာ ပါ.. ဟီး.ဟီး.. ဇာတ်လမ်းက အဲလိုတော့ မဟုတ်ပါဘူး..
အမှန်အတိုင်းပြောရရင် ဇာတ်လမ်းအစကတော့ ဒီလိုပါ…
ဇာတ်လမ်းကို မပြောခင် ၁၀ နာရီ စာရှိတဲ့ video ကို ဒေါင်းနိုင်ပါပြီ ခင်ညာ…

ကျနော် permission ကို ဖွင့်ထားလိုက်ပါပြီ
လိပ်စာကတော့ အရင်အတိုင်းပါဘဲ… private မလုပ်တော့ပါ၊ လိပ်စာမရှိသူများအတွက်…
https://docs.google.com/file/d/0B5IWeiuuAQIkYjBIdGdsTU5vV28/edit?usp=sharing ကို ကြည့်နိုင် ဒေါင်းနိုင်ပါတယ်၊

အမှန်မှာ သတင်း အစ အတင်းက ဖြစ်ပါတယ်။
ကျနော် FB ကို နားထားတာ တပတ်လောက်ကြာတော့ blackmarket အလုပ်လေးတွေ FB က ညီအကိုတွေနဲ့  စုလုပ်မယ်ဆိုပြီး လာခဲ့ပါတယ်… FB ဘ၀ သိတဲအတိုင်း စကြ ပြောင်ကြ ရစ်ကြနဲ့  အချင်းချင်းပေါ့။ ကျနော်ကတော့ ကျနော့် ယောက်ဖများ (အခင်ဆုံး လူများ) ကို စတတ်တဲ့ အကျင့်က ရှိနေတော့ SE နဲ့  ရစ်တတ်ပါတယ်.. ယောက်ဖ Computer installation လုပ်တော့ SE do မယ်လုပ်တော့ သူကို့  SE-DO-NA project prank လုပ်မယ် ဆိုပြီး Video ၁၀ နာရီကျော်ရှိတဲ့ video တစ်ခု (only black screen) တစ်ခုကို Google Doc မှာ တင်ပြီး သူ့ ကို Sedona hotel မှာရိုက်တဲ့ဟာဆိုပြီး share ပေးခဲ့တယ်။
ပြီးတော့ သူ့ နဲ့  စကားပြောဖြစ်ခဲ့ပါတယ်၊
ကျနော် - ကြည့်ပီးရင် ပြောနော်…
ယောက်ဖ = မရဖူး အစက်ဒနိုင်း တဲ့ ….. request လုပ် ထားတယ်……
(ကျနော်… သူ့ ကို permission ဖွင့်ချပေးလိုက်ပါတယ်)
ယောက်ဖ = ရပီ
မိနစ် ၂၀ ခန့် ကြာတဲ့အခါ…
ယောက်ဖ = ဘာမှမပါဖူး အသံကော ရုပ်ကော မဲမဲ ကြီး…
ကျနော် = မီးပျက်သွားလို့ ပါဂျာ ဟီး
ယောက်ဖ = ငွင် ~~ ဆေးထိုးတာ အဟုတ်မှတ်လို့  ဗြဲ တော်ဖီထော်ဖူး တွား တော့ 
အဲဒီအချိန်မှာ ယောက်ဖ သူငယ်ချင်းတစ်ယောက်က လာ တောင်းပါတယ်..
အဲဒီတော့ ကျနော်လည်း ကျနော်သူ့ ငယ်ချင်းတွေ နဲ့  သူ့ သူငယ်ချင်းတွေကို SE Entertainment အရ လုပ်မယ်လို့  စိတ်ကူးလိုက်ပီ… Troll လုပ်ဖို့  ယောက်ဖ ကို ဆွဲခေါ်လိုက်ခဲ့တယ်
ကျနော် = ယောက်ဖ လာ comment ပေး … ကောင်းတယ် မိုက်တယ်လို့ 
ယောက်ဖ = LOL
ကျနော် = ဟို ဗိုလ်မူးကြီးက ဘာညာနဲ့  မင်းသား မင်းသမီးတွေ ဗိုလ်ကြီးတွေပါတယ်ဆိုပီး စကြမယ်..
ယောက်ဖ = ဟီး
ကျနော် = Sedona မှာ သွားလုပ်ကြတဲ့ ကောင်တွေလည်း ရင်ခုန်အောင်..
ယောက်ဖ = ဟီးဟီး
ကျနော် လည်း ကျနော် status ကို timeline ပေါ်တင်လိုက်ြပီး ၃၀ ယောက်လောက်သာ ကို စကြမယ်လို့ လုပ်ပါတယ်… ကဲ လူပေါင်း ၃၀ ဘဲ ပေးမယ်.. ဘာညာပေါ့နော်..
ပထမရောက်လာတဲ့လူတွေကတော့ ကျနော် ခင်မင်တဲ့ လူတွေပါဘဲ… သူတို့ ကို ပေးပီး အသံကြားလား လို့  မေးတဲ့အခါမေး.. အရုပ်မြင်လားလို့  မေးတဲ့အခါမေးနဲ့  SE ထိုးခဲ့ပါတယ်.. အသံမကြားဘူးလို့ဆိုရင် ဘယ်ကြားမှာလဲ အတွဲတွေက ထိုင်ပီး ပုံပြင် ပြောနေကြတာ မဟုတ်တာလို့ လည်း စနောက်ခဲ့ပါတယ်.. အရုပ်ကမမြင်ရဘူးလို့ ပြောလာခဲ့လျှင် အဲဒီနေ့ က မီးပျက်သွားလို ပါ လို့  လျှောက်နောက်နေခဲ့ပါတယ်.. အဲဒါကြောင့် မဲမဲကြီးဖြစ်နေခဲ့တာလို့ …အဲဒီထဲမှာ အဆိုတော်တွေပါတယ် ခံစားကြည့်ပေါ့ လို့  အဲလို SE ထိုးခဲ့ပါတယ်…ပီးတော့ သူတို့ နဲ့ ပေါင်းပီး ကျန်တဲ့ လူတွေကို လျှောက်နောက်ခဲ့ကြတာပေါ့ (group chat တောင်ဖွင့်လိုက်သေးတယ် ဟီး "တစ်နိုင်ငံလုံးကိုဆေးထိုးမယ်" ဆိုပြီး )
.. wall ပေါ်မှာ comment တွေနဲ့  နောက်ကျန်တဲ့ သူငယ်ချင်းတွေ စိတ်ဝင်စားအောင် ပျော်စေပျက်စေပေါ့…. တကယ်လို့  ဆီဒိုးနားကို သွားခဲ့တဲ့အကို အမတို့  ရှိခဲ့ရင် ယားစိ ယားစိ ဖြစ်အောင်လို့ လဲ ပါတာပေါ့ဗျာ... Hotel ကို သွားပီး ပျက်စီးနေကြတာကို နည်းနည်းလည်း ရှိန်သွားအောင်လို့ ပေါ့၊
ကျနော်တို့  အဲလို လုပ်နေရင်း request လာလုပ်တဲ့ လူတွေများလာတော့ ကျနော် ဘယ်တစ်ယောက်ကိုမှ share မပေးတော့ပေ… များလွန်းလျှင် ကျနော်တို့  SE ခနလေးနဲ့  ပျက်သွားမှာစိုးလို့ … ကျနော်တို့  entertainment အရ ဆက်လက်ပီး ရေးကြ ကောင်းတယ် ဘာညာနဲ့  ကျန်တဲ့ သူငယ်ချင်းတွေ ယားစိ ယားစိ ဖြစ်အောင် လုပ်ခဲ့ကြတာပေါ့…
ကျနော်ဆီကို အခုအချိန်မှာ request လုပ်ခဲ့ကြတဲ့လူပေါင်း 20000+ ကျော်သွားပါပီ..
ဒီစာကို မတင်တဲ့အချိန်အထိ၊ ခင်တဲ့လူတွေ အရမ်းလာတောင်းရင် SE ထိုးပီး အကြောင်းစုံ အဖြစ်မှန်ကို ရှင်းပြခဲ့ပါတယ်.. သူတို့ လည်း ကျန်တဲ့လူတွေကို ယားစိ ယားစိ ဖြစ်အောင် လုပ်ချင်တာတဲ့ ၀ိုင်းဝန်းပီး လူပေါင်း ၇ ယောက်လောက် SE ၀ိုင်းထိုးလိုက်ကြပါတယ်..
ကျနော်တို့  အားလုံး SE ထိုးတဲ့အခါ ဆုံးဖြတ်ချက်ချပြီးသား ကျနော်တို့ လုပ်လို့  ဘယ်လူတစ်ယောက်ကိုမှ အခွင့်အရေးယူ့ပီး နာမည်ပျက်အောင် လုပ်မယ်မဟုတ်… အလုပ်သမားဝန်ထမ်းတွေလည်း မနစ်နာစေရအောင် ကျနော်တို့  အားလုံး agreement ထားခဲ့ကြပါတယ်.. ပီးတော့ အရှိန်ရလာလျှင် တလွဲ တင်ပြဖေါ်ပြတတ်တဲ့ Journal တွေကို ဆော်ကြမယ်လို့  ကျနော်တို့  ဆုံးဖြတ်ခဲ့ကြပါတယ်.. ဘာဖြစ်လို့ လဲဆိုတော့ ဘာတွေကိုဘဲ ဖြစ်ဖြစ် confirm မရှိဘဲ ဖေါ်ပြတတ်တဲ့ဟာကတော့ Media သမားများပါ… ငွေရဖို့ အတွက်ဘဲ ဘာတွေဖြစ်ဖြစ် အတင်းအဖျင်းများကို ဖေါ်ပြတတ်ကြတော့ ကျနော်တို့  အဲဒီအချိန်ထိရောက်အောင် SE ထိုးမယ်လို့  ဆုံးဖြတ်ခဲ့ပါတယ်.. ဒါမှ အဲလူတွေဟာ ဘာလဲ ဘယ်လဲ ဆိုတာ ကို ချပြမယ်လို့  လုပ်ခဲ့ပါကြပါတယ်၊
ဆီဒိုးနားဆိုဒ်လည်း နောက်တရက်ကြာတဲ့အခါ site under construction ရှိတာကို ကျနော် wall မှာ ကျနော်တို့  မဟက်ခဲ့ပါဘူးလို့  အမှန်အတိုင်း ရေးခဲ့ပါတယ်… လူတိုင်းက အမှန်အတိုင်း ရေးလျှင် မယုံတတ်ကြတဲ့ လူတွေဖြစ်တော့… သတင်းတွေကိုသာ rely လုပ်ပီး မျက်စိပိတ်ထားကြတာများတော့ အဲဒီအချိန်မှာ ပိုပီးဇာတ်ချိန်တက်သွားတာပါ…
အဲဒိအချိန်မှာ အတင်းတွေကို လိုက်လံစုဝေး တင်ပြတတ်တဲ့ သတင်း မီဒီယာသမားများဟာ ကျနော်တို့  wall ပေါ်မှာ ခြေလှမ်းစတင်တော့တာပါဘဲ… ဆီဒိုးနားကိုလည်း အသရေပျက်အောင် ဆီဒိုးနား အလုပ်သမားများနဲ့  ၀န်ထမ်းများမကောင်းသလို ခိုးရိုက်သလိုလိုနဲ့  hacking အကြောင်းကို ရုပ်ရှင်ထဲကလို တလွဲတလျှော်ကြီး confirm လိုလိုနဲ့  တင်ကြပါတော့တယ်.. ဆီဒိုးနားကတော့ သဘောထားကြီးလို့ လားတော့မသိ အဲလိုလူတွေကို တရားမစွဲ သေးပါ…ဟီး သတင်းသမားများဟာ အကြားအမြင်ရသလိုလိုနဲ့  ကျနော်ပေးခဲ့တာနဲ့  သူတို့ လည်း ကျနော်တို့  စိတ်ကူးယဉ် video လို သတင်းရေးကြပါလေရာ…

ကျနော်လည်း သူငယ်ချင်းများ comment မှ မေးလျှင် အတည်ပေါက်နဲ့  SE ထိုးထားခဲ့ပါတယ်… အဲဒီထိုးထားတဲ့ comment ကို တောင် မချန် သတင်းတွေမှာ လျှောက်ပွနေတော့ ကျနော်တို့ မှာ အူလှိ့မ်ပါရောဂျာ… ကျနော်က နောက်တာပါ..ကျနော်တို့  နောက်တာ မြန်မာနိုင်ငံတစ်ခုလုံး ယားစိ ယားစိ ဖြစ်သွားတော့ ကျနော်တို့ မှာ ထပ်ဆင့် အူလှိ့မ်ရပါလေရော…
ကျနော်တင်ခဲ့တဲ့ ၁၀ နာရီစာ Video ဟာ 51 MB ဘဲဖြစ်ပါတယ်… အခုလောက်ဆို ဒေါင်းကြည့်ခဲ့မယ်ဆိုရင်တော့ အကြောင်းစုံ သိပီး ဖြစ်ပါလိမ့်မယ်…
ကျနော်တို့  တင်တဲ့ video ဟာ Google Doc မှာသာ တင်ခဲ့ပီး private အဖြစ်ဘဲ ထားခဲ့တာဟာ လူတိုင်းကို ယားစိယားစိ ဖြစ်အောင် လုပ်ချင်လို့ ပါဘဲ။
ဒါပေမယ့် နိုင်ငံရေးသမားများကတော့ ဒီ ဆီဒိုးနားဟာ အစိုးရ မျက်နာပြောင်တိုက် လမ်းကြောင်းလွဲလို့  တစ်မျိုး ပြောဆို ပုတ်ခတ်ချတာကို တွေ့ ရတော့ သူတို့ ရဲ့  စိတ်ဓါတ်မှန်တွေကို တွေ့ ရပြန်ပါတယ်… နိုင်ငံရေးသမားဆိုတာ အစိုးရကို ပုတ်ခတ်ပြောဆိုမှ နိုင်ငံရေးသမား ဖြစ်မယ်လို့  ထင်နေကြတာ မြန်မာနိုင်ငံက နိုင်ငံရေးသမားများပေလော
မြန်မာနိုင်ငံမှ တတ်ယောင်ကားများဟာလည်း Google Drive မှ private share တဲ့ဟာကို သူများ password နဲ့  email ကို ခိုးပါတယ်လို့  အော်တဲ့ အကောင်တွေကအော်။ ဘာအဆင့်မှ မရှိဘဲ သက်သေမရှိဘဲ အော်တတ်တဲ့ကောင်တွေ မြန်မာနိုင်ငံမှာ တပုံကြီး ဖြစ်နေတာ FB မှ သက်သေပင်၊

နောက်မှ ခွေးလို ယောင်ပီး အော်တဲ့ မစူးစမ်း မဆင်ခြင်တဲ့ လူကျီးကန်းများလည်း
တွေ့ ရပြန်ပါတယ်၊

နောက်ပိုင်း လူတိုင်းစိတ်ဝင်စားမူများကို အကျင့်ယုတ်နဲ့  အခွင့်ကောင်းကို ချောင်းမြောင်းတတ်တဲ့ ကုလားများလည်း Rat တွေဖြန့်ကြတာကိုလည်း တွေ့ သလို
BHG နဲ့  မြန်မာ Hackers များ နှင့် ကျနော့်နဲ့  friend များက (ကြည့်ပီးပီ ကောင်းတယ် မိုက်တယ် လို့  ပြောတဲ့သူများ) ဖြစ်သော လူများကို မှုန်းတီးသော မနာလိုသော လူတချို့ ကလည်း ဟက်တာပါလို့  လူများကြောက်လန့် အောင် အချိန်ကုန်ခံပြီး ကျနော်တို့ ကို စွပ်ဆွဲပြောဆိုမူများလည်း ပေါ်ပေါက်ခဲ့ပါတယ်၊ မြန်မာနိုင်ငံတွင် မစားရ အမဲ သဲနှင့် ပစ်တတ်ကြတာ FB ပေါ်သို့  သူတို့  အကျင့်ပါ ပါလာတတ်တာကို တွေ့ ရပါတယ်၊
မစားရအမဲပိုက်တဲ့လူတစ်ချို့ ရဲ့  ပထမဆုံး reaction လေးများ
မစားရအမဲပိုက်တဲ့လူတစ်ချို့ ရဲ့  ပထမဆုံး reaction လေးများ


နောက်ပိုင်း နာဘူးမထရတော့ haters များဖြစ်သွားပီး လူများကြောက်လန့် အောင် အော်တဲ့ပုံများ

မိမဆုံးမ ဘမဆုံးမ တွေကတော့ မရခင် တမျိုးပေါ့

နာဘူးမထရလို့  ဗီဒိယို မရလို့ ဆိုလျှင် သာမန်ကလေးများကို သွားပီးချိန်းခြောက်နေကြပုံ

နာဘူးမထရလို့  ဗီဒိယို မရလို့ ဆိုလျှင် သာမန်ကလေးများကို သွားပီးချိန်းခြောက်နေကြပုံ
ကျနော်တို့ ကတော့ အဲလို attention seeker များကိုတော့ ဂရုမစိုက်ခဲ့ပါ၊ ကျနော်တို့  target ကို ထိဖို့ ဘဲ စောင့်နေခဲ့ကြပါတယ်။
ကျနော်တို့ အစ mission ကတော့ တည်းခိုပီး မဟုတ်မဟတ် လုပ်တဲ့လူတွေ မရိုးမရွ ဖြစ်အောင်ဆိုပြီး သူငယ်ချင်းများနဲ့  လုပ်ခဲ့ကြတယ်… နောက်ပိုင်းတွင် ကျနော်တို့  mission ကို Media ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို မြန်မာလူငယ်များကို ပြချင်လို့ ဘဲ
ကျနော်တို့  SE နဲ့  မြန်မာနိုင်ငံသားများ Social Media ထိအောင်အထိ လုပ်ခဲ့ကြတာပါ၊
ပီးတော့ ဘာမှ မပေးခဲ့ဘဲသူများ စိတ်တွေ မရိုးမရွဖြစ်အောင် လုပ်ခဲ့ကြပါတယ်၊
အဲလို လုပ်လိုက်မူကြောင့် ကျနော်တို့  သင်ခန်းစာ ရတာကတော့ Media သမားများဟာ ကျနော့်တို့  comment ကိုတောင် မချန် အတင်းများကို သတင်းလုပ်ပီး တင်ခဲ့ကြပါတယ်၊
ကျနော် SE လုပ်တဲ့ wall status ဖြစ်တဲ့ “Hidden cam ကို ကြောက်လို့  ကျမ စောင်ချုံပြီး အိပ်ပါရစေမောင်” ဆိုတဲ့ စာသားဟာ ကျနော်ဆိုလို ခဲ့တာကတော့ hotel မှာ အိပ်တဲ့အတွဲတွေ Sedona သတင်းကြားပီး ကြောက်သွားကြသလို SE ထိုးတာကို Video ဖိုင်မှာ ပါသွားသလိုလို မျိုးလည်း ဖေါ်ပြတာဟာ Media ရဲ့  လွန်ကျွန်မူများပင်၊
ဆီိဒိုးနားက cam ဖမ်းထားသလိုလိုမျိုး သတင်းများနဲ့  ဘာမှန်းမသိ အပြစ်တင်တတ်တဲ့ သတင်းသမားများလည်း ပိုပိုလွန်းတော့ ဆီဒိုးနား နာမည်လည်း Social Media မှာ ပါရှိလာတော့ အတင်းအဖျင်းကို အကြီးအကျယ် ဘယ်မှန်းမသိ ဝေဖန်သုံးသတ်မူလည်း မရှိဘဲ လုပ်ဆောင်လုပ်တာဟာ media ရဲ့  လွန်ကဲမှားယွန်းမူများပင်…
တိကျမှန်ကန်အောင် ကာယကံရှင်တွေကို တိုက်ရိုက် မေးမြန်းမူမရှိတဲ့ သတင်းများကိုလည်း ဖြန့် ချီခဲ့ကြတာ အများကြီး ရှိနေခဲ့ကြပါတယ်၊

Eleven ရဲ့  ဖေါင်းပွမူများ

Irrawaddy ရဲ့  ဖေါင်းပွမူများ
ပွချက်တွေကတော့ ကမ်းကုန်တယ်
ပွချက်တွေကတော့ ကမ်းကုန်တယ်

ပွချက်များ..
အဲဒီအချိန်တွင် နိုင်ငံရေး အဆိုးမြင် ၀ါဒီအုပ်စုကလည်း အုပ်ချုပ်ရေးပိုင်းကို တိုက်ခိုက်ပါလေရော၊
တတ်ယောင်ကား အီးယောင်ဝါးများနဲ့  လူ့ ကျီးကန်းများလည်း မလွတ်တန်း အသားလွတ်အော် သူများနာမည်ဖျက်အောင် အော်ခဲ့ကြတာကိုလည်း တွေ့ ခဲ့ရသလို သူများဆီက တောင်းလို့  မရလျှင် ဆဲတတ် အတင်းပြောတတ်တဲ့ မစားရ အမဲ သဲ ပက်တဲ့ လူတွေကလည်း ဒုနဲ့ ဒေးပင်…
ကျနော်တို့  မြန်မာနိုင်ငံရှိ မြန်မာလူမျိုးများကို နှစ်နာစေတတ်တဲ့ ကုလားလိုမျိုး စိတ်ရှိခဲ့လျှင် ကျနော်တို့ အစကတည်းက advantage ရယူနိုင်အောင် လုပ်ခဲ့မယ်ဆိုရင်လည်း နည်းလမ်းတွေအများကြီးရှိပါတယ်၊ ကျနော်တို့ ကုလားမျိုးယုတ်တွေလောက် မညစ်ပတ်ပါ၊ ညစ်ပတ်ဖို့ လည်း အစီအစဉ် လုံးဝမရှိခဲ့ပါ၊ ကျနော်တို့  SE entertainment မှာ အစကတည်းကနေ ဘယ်တစ်ယောက်မှ မနှစ်နာစေရလို့ plan မှာ ရှိခဲ့ပီးသားပါ၊ IT ပညာရှင်လေးများကလည်း ၀င်ပီး troll လုပ်တဲ့အခါမှာလည်း virus တို့  rats တို့ မဟုတ်ဘဲ
ဟာသအနေနှင့် windows 8 3GB ဖိုင်ကို တင်ပေးခဲ့ကြပါတယ်… တချို့ ဆို လက်မည်းကြီး စသည့် junk ဖိုင်များကို ဖြင့်သာ လုပ်ခဲ့ကြပေသည်၊
အခုတော့ media သမားများနဲ့  နိုင်ငံရေးသမားများ. လူ့ ကျီးကန်းများကို ဆော်ဖို့  အချိန်အခါဖြစ်သောကြောင့် ကျနော်တို့  အားလုံးပေါင်းပီး ဒီဖြေရှင်းချက်ကို ရေးချလိုက်တာပါ၊
ဤသည် ကား ကျနော်တို့ နဲ့  Se-do-nar ပင်… မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို SE ထိုးတာ Media ကို တိုက်ခိုက်ချင်လို့ သာ၊

အားလုံးကို လေးစားလျက်….
ကျနော်နဲ့  မြန်မာ IT ပညာရှင်လေးများ
~ Blink Hacker Group ~http://www.blinkhackergroup.org
Greetz to: All Myanmar Hackers & IT Guys :P