This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, August 16, 2013

MPT Service v1.0.1 လေးကတော့ အရင် v1.0.0

MPT Service v1.0.1 (မြန့်မာဆက်သွယ်ရေးဝန်ဆောင်မူ့)

MPT Service v1.0.1 လေးကတော့ အရင် v1.0.0 မှာအဆင်မပြေတာလေးတွေကို ပြန်လည်ပြင်ဆင်ပေးထားတဲ့အပြင် GSM အချင်းချင်းငွေပို့နိုင်တဲ့ ၀န်ဆောင်မူ့ကိုပါ
ထည့်သွင်းပေးလိုက်ပါတယ်။
ဒီApp လေးရဲ့ Featured တွေကတော့
 - GSM,CDMA လက်ကျန်ငွေစစ်နိုင်ခြင်း
- GSM,CDMA ငွေဖြည့်နိုင်ခြင်း
- GSM Internet လျှောက်ထားနိုင်ခြင်း
- GSM အချင်းချင်း ငွေဖြည့်ပေးနိုင်ခြင်း
- GSM Internet Setting ချိန်နည်းထည့်သွင်းပေးထားခြင်း
- Voice Mail အကြောင်းရှင်းပြထားခြင်းများအပြင်
မြန်မာလိုအညွန်းပိုင်းများစွာထည့်သွင်းပေးထားပါတယ်။
သတိပေးချင်တာကတော့ Internet လျှောက်ပြီးသားဖုန်းတွေ ထပ်ပြီးတော့
Internet လျှောက်ရန်ကိုမနှိပ်မိပါစေနဲ့။
မှားနှိပ်လို့ ၁သောင်းထပ်ဖြတ်ခံရလျှင် တာဝန်ယူမှာမဟုတ်ပါဘူး
သတိပေးချက်ပေါင်းများစွာလဲထည့်သွင်းပေးထားလို့
အဆင်ပြေပြေအသုံးပြုနိုင်မယ်ထင်ပါတယ်။
ဒီမှာဒေါင်းပါ။


http://www.mediafire.com/download/9un0k79iy4wztiu/MPT_Service_v1.0.1.apk

Post of ဖြိုးချမ်း ( MMSD )

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

စကားများစဉ် ခင်ပွန်းဖြစ်သူမှ ဓါတ်ဆီနှင့်ပက်ကာ မီးရှို့ခဲ့၍ မျက်နှာဝဲဘက်ခြမ်း၊ ရင်ဘတ်၊ လက်နှစ်ဖက်နှင့် ပေါင်နှစ်ဖက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိ

hursday, August 15, 2013

လင်မယားချင်း စကားများစဉ် ခင်ပွန်းဖြစ်သူမှ ဇနီးသည်အား ဓါတ်ဆီဖြင့်ပက် မီးရှို့

ရန်ကုန်၊ သြဂုတ် ၁၅

၁၃.၈.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ်နေ ဒေါ်မြင့်မြင့်သည် နေအိမ်တွင်ရှိနေစဉ် မြေးဖြစ်သူ ရောက်ရှိလာပြီး ၎င်း၏ မိခင်နှင့်ဖခင်တို့ စကားများ ရန်ဖြစ်နေ၍ လိုက်ကြည့်ပေးရန် ခေါ်သဖြင့် ၎င်းတို့နေထိုင်သည့် မင်္ဂလာဒုံမြို့နယ်၊ ပြန်လည် နေရာချထားရေး ရပ်ကွက်ရှိနေအိမ်သို့ လိုက်သွားခဲ့ပါသည်။

နေအိမ်သို့ရောက်ရှိစဉ် သမီးဖြစ်သူ မ၀င်းဝင်းဆွေအား အိမ်နီးချင်းများမှ ဆေးလူးပေးနေသည်ကိုတွေ့ရ၍ မြေမြန်းခဲ့ရာ ခင်ပွန်းဖြစ်သူ သိန်းဝင်း(ခ)သံနိုင်(ဘ)ဦးခင်မောင်နှင့် စကားများစဉ် ခင်ပွန်းဖြစ်သူမှ ဓါတ်ဆီနှင့်ပက်ကာ မီးရှို့ခဲ့၍ မျက်နှာဝဲဘက်ခြမ်း၊ ရင်ဘတ်၊ လက်နှစ်ဖက်နှင့် ပေါင်နှစ်ဖက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

ဒဏ်ရာရသူ မ၀င်းဝင်းဆွေအား မြောက်ဥက္ကလာပ ဆေးရုံတွင် အတွင်းလူနာ အဖြစ် တင်ပို့ကုသခဲ့ရသဖြင့် သိန်းဝင်း(ခ)သံနိုင် အား အရေးယူပေးရန် ဒေါ်မြင့်မြင့်မှ တိုင်ကြားခဲ့၍ မင်္ဂလာဒုံမြို့မရဲစခန်း
(ပ)၅၀၉/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းထုတ်ပြန်ချက် အရသိရပါသည်။

by Myanmar News Now

အ​မေရိကန်တွင် တ​​စ္ဆေသရဲများ​​ လိင်ဆက်ဆံ​​နေသည်ဟု ယူဆရသည့်​​ ထူး​​ခြား​​​သော ဓာတ်ပုံတစ်ပုံကို ရိုက်ယူမိခဲ့​​​ကြောင်း​​ သိရှိရ

အမေရိကန်မှ တစ္ဆေသရဲများ လိင်ဆက်ဆံသည်ကို ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့


အ​မေရိကန်တွင် တ​​စ္ဆေသရဲများ​​ လိင်ဆက်ဆံ​​နေသည်ဟု ယူဆရသည့်​​ ထူး​​ခြား​​​သော ဓာတ်ပုံတစ်ပုံကို ရိုက်ယူမိခဲ့​​​ကြောင်း​​ သိရှိရသည်။ အိုဟိုင်အိုတွင် ​​နေထိုင်​​သော ဒိုင်ယာနီ ကာလက်စလီက သူမ၏ ​​မြေး​​မ​​လေး​​ ရိုက်ယူခဲ့​​​သော ဓာတ်ပုံတစ်ခုတွင် အိမ်​​ရှေ့​​ ဧည့်​​ခန်း​​အတွင်း​​ အချစ်ပလူး​​​နေသည်ဟု ယူဆရသည့်​​ အရိပ်များ​​၏ ဓာတ်ပုံကို ​​တွေ့​​ရှိခဲ့​​ရသည်။
“သူတို့ ​​ ဘာလုပ်​​နေတယ်ဆိုတာကို ​​တွေ့​​နိုင်ပါတယ်။ အမျိုး​​သမီး​​က ​​ဒေါက်မြင့်​​ဖိနပ် စီး​​ထား​​တာ​​တောင် မြင်ရပါတယ်”ဟု ဒိုင်ယာနီက ဆိုသည်။ အမျိုး​​သမီး​​တစ်ဦး​​၏ ​​ခြေ​​ထောက်နှင့်​​ အမျိုး​​သား​​ တစ်ဦး​​၏ ခန္ဓာကိုယ် ​​အောက်ပိုင်း​​တို့​​၏ အရိပ်များ​​ ပါရှိ​​သော ဓာတ်ပုံကို ၄ နှစ်သမီး​​​လေး​​က ရိုက်ကူး​​ခဲ့​​မိခြင်း​​ဖြစ်သည်။ မိမိအ​​နေနှင့်​​ တ​​စ္ဆေသရဲများ​​ ရှိခြင်း​​ကို ယုံကြည်​​သော်လည်း​​ ၎င်း​တို့​​အ​​နေနှင့်​​ ခံစား​​ချက်ရှိသည်၊​ လိင်ဆက်ဆံမှု ရှိသည်ကို မသိခဲ့​​​ကြောင်း​​လည်း​​ ဆိုသည်။ သူမပြသ​​သော ဓာတ်ပုံနှင့်​​ ပတ်သက်ပြီး​​ တိတိကျကျ အ​​ဖြေထုတ်နိုင်မှု မရှိ​​သေး​​​ချေ။
က ​​လေး​​ ၃ ဦး​​၏ မိခင်ဖြစ်​​သော ဒိုင်ယာနီကမူ ဓာတ်ပုံနှင့်​​ ပတ်သက်၍ သူမ၏ ထင်မြင်ယူဆမှု ​​ကောက်ချက်သည် ​​သေချာ​​ပေါက် အမှန်ဖြစ်​​ကြောင်း​​ အခိုင်အမာ ​​ပြောဆိုလျက်ရှိသည်။
Daily Mail 

ပါကူငါးခေါ် အသားစား ငါးမျိုးစိတ် တစ်ခုသည် အမျိုးသားများ၏ ဝှေးစေ့ကို ကိုက်ဖြတ်စားသောက်တတ်သည့် အလေ့အမျိုး ရှိ

ဆွီဒင်ရှိ ရေလက်ကြားတွင် ဝှေးစေ့ကို ကိုက်ဖြတ်တတ်သည့် ငါးများရောက်ရှိ


ပါကူငါးခေါ် အသားစား ငါးမျိုးစိတ် တစ်ခုသည် အမျိုးသားများ၏ ဝှေးစေ့ကို ကိုက်ဖြတ်စားသောက်တတ်သည့် အလေ့အမျိုး ရှိသည်။ နာမည်ကျော် ပရန်းညား ငါးများနှင့် မျိုးနွယ် ဆက်စပ်မှု ရှိနေသည့် ပါကူငါးများကို အော်ရီဆန် ရေလက်ကြား ဒေသတွင် တံငါသည်များက တွေ့ရှိလာခဲ့ကြသည်။
ဆွီဒင်ရှိ ရေလက်ကြားတွင် ဝှေးစေ့ကို ကိုက်ဖြတ်တတ်သည့် ငါးများရောက်ရှိ
ဆွီဒင်နိုင်ငံရှိ ရေလက်ကြား ဒေသတစ်ခုတွင် အမျိုးသားများအတွက် အထူးအန္တရာယ်များသည့် ငါးမျိုးစိတ် တစ်ခုကြောင့် ရေဆင်းကူးမှုမျိုး မပြုလုပ်သင့်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
ပါကူငါးခေါ် အသားစား ငါးမျိုးစိတ် တစ်ခုသည် အမျိုးသားများ၏ ဝှေးစေ့ကို ကိုက်ဖြတ်စားသောက်တတ်သည့် အလေ့အမျိုး ရှိသည်။ နာမည်ကျော် ပရန်းညား ငါးများနှင့် မျိုးနွယ် ဆက်စပ်မှု ရှိနေသည့် ပါကူငါးများကို အော်ရီဆန် ရေလက်ကြား ဒေသတွင် တံငါသည်များက တွေ့ရှိလာခဲ့ကြသည်။ ၎င်းတို့တွင် လူ့သွားနှင့် ပုံသဏ္ဍန်ဆင်ပြီး ထက်မြက်အားကောင်းသော သွားများရှိပြီး ပင်ကိုယ် သဘာဝအရပင် လူများ၊ တိရစ္ဆာန် အထီးများ၏ ဝှေးစေ့ကို ဦးတည်ကိုက်ဖြတ် စားသောက်ရန် နှစ်ခြိုက်လေ့ ရှိကြသည်။
ဆွီဒင်တောင်ပိုင်း ကမ်းခြေဒေသရှိ ရေလက်ကြားတွင် (၂၁) စင်တီမီတာ အရှည်ရှိသော ပါကူငါး တစ်ကောင်ကို တံငါသည် တစ်ဦးက စတင်ဖမ်းမိခဲ့သည်။ ပါပူအာ နယူးဂီနီတွင် "ဘောဖြတ်ငါး"ဟု နာမည်တွင်သော ပါကူငါးများသည် အဆိုပါ ရေလက်ကြားထဲတွင် မည်၍မည်မျှထိ ပျံ့နှံ့ ရောက်ရှိနေသည်ကို မိမိတို့ မသိရသေးကြောင်း ဒိန်းမတ်ရှိ သဘာဝ သမိုင်းပြတိုက်မှ ပညာရှင်များက သတိပေးခဲ့သည်။ ပါပူအာတွင် ယခုနှစ်အတွင်း အဆိုပါ ငါးများ၏ ကိုက်ဖြတ်မှုကြောင့် အမျိုးသားနှစ်ဦး သွေးလွန်သေဆုံးခဲ့သည်။
ရေချိုတွင် နေထိုင်သော ငါးမျိုးစိတ် တစ်ခုဖြစ်သူ ပါကူငါးတို့သည် အကြီးဆုံး စင်တီမီတာ (၉၀)မျှထိ တွေ့ရှိရတတ်သည်။ အကြီးဆုံး ပါကူငါး တစ်ကောင်သည် (၂၅)ကီလိုမီတာထိ အလေးချိန် ရှိတတ်ကြောင်းလည်း သိရသည်။ သဘာဝအားဖြင့် ပါကူငါးတို့သည် သစ်စေ့များ၊ သစ်ရွက်များ၊ ရေတွင်ပေါက်ရောက်သည့် အပင်များနှင့် ခရုများကို စားသောက်လေ့ရှိသော်လည်း လူသားများ၏ ဝှေးစေ့ကို ကိုက်ဖြတ်ဝါးမြိုတတ်သည့် အကျင့်ဆိုးကြောင့်လည်း နာမည်ကြီးသည်။ တာဝန်ရှိသူများက ဆွီဒင်ရှိ အခြားမြစ်ချောင်း အင်းအိုင်များတွင်လည်း ယင်းငါးများ ကျက်စားနေမည်ကို မိမိတို့ စိုးရိမ်ကြောင်း ဝန်ခံထားသည်။

"ရေလက်ကြားမှာ ခုရက်ပိုင်းတွေ ရေကူးမယ်ဆိုရင် ကိုယ်လုံးတီး ရေကူးတာမျိုးကို လုံးဝ ရှောင်သင့်ပါတယ်။ အဲဒီမှာ နောက်ထပ် ပါကူငါးတွေ ရှိနေနိုင်တယ်။ သဘာဝအတိုင်းတော့ သူတို့ဟာ လူတွေအတွက် ဒုက္ခပေးတဲ့ မျိုးစိတ် မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကိုက်တာက အားပြင်းတယ်။ ပါပူအာ နယူးဂီနီနဲ့ တချို့နိုင်ငံတွေမှာ သူတို့ကိုက်လို့ ဝှေးစေ့ ပြတ်ထွက်သွားဖူးတဲ့ အမျိုးသားတွေ ရှိခဲ့ဖူးတယ်"ဟု ဒိန်းမတ် သဘာဝ သမိုင်းပြတိုက်မှ ငါးမျိုးစိတ် ကျွမ်းကျင်သူ ဟင်းနရစ်ခ်ကားလ်က ဆွီဒင်ထုတ် The Local သတင်းစာသို့ ပြောကြားခဲ့သည်။

ကားလ်က ဆွီဒင်ရှိ သဘာဝ မြစ်ချောင်းများတွင် ပါကူငါးများ ရှိကောင်း ရှိနေနိုင်သည်ဟုလည်း သတိပေးခဲ့သည်။ "သူတို့က ပရန်းညားတွေနဲ့ ဆင်တယ်။ ရုတ်တရက်ဆိုရင် ခွဲရခက်တယ်။ ဒါပေမဲ့ သူတို့ရဲ့ သွားတွေက ပရန်းညားတွေနဲ့ မတူဘူး။ ပိုပြားပြီး ပိုသန်တယ်။ ကိုက်အားက တော်တော်ပြင်းတယ်"ဟု ၎င်းက ဆိုသည်။ လက်ရှိ အချိန်ထိ ဥရောပတိုက်တွင် ပါကူငါး တိုက်ခိုက်မှုမျိုး မဖြစ်ပေါ်ဖူးသေးချေ။ မည်သို့ပင်ဖြစ်စေ သတိထားသင့်ကြောင်း ကားလ်က နှိုးဆော်ခဲ့သည်။ "မထင်မှတ်ဘဲ ပြဿနာတစ်ခု ဖြစ်လာနိုင်တယ်လေ။ တစ်ခါတစ်လေ ကိစ္စတစ်ခုက ပထမဆုံး ဖြစ်လာပြီးရင် နောက်ဆုံး မဟုတ်နိုင်တော့တာကို မမေ့သင့်ဘူး"ဟုလည်း ကားလ်က ပြောကြားသွားသည်။
Planet Myanmar Network

Wednesday, August 14, 2013

သွေးနှင့်ဗီဇ O A B AB

August 14, 2013 at 2:26am
သွေးအုပ်စု - O

၁။ မုဆိုးနှင့်တူသော စရိုက်လက္ခဏာ ရှိသည်။
၂။ အစာ၊ ရေမျိုပြွန် တစ်လျှောက်မကောင်း။
၃။ လွန်ကဲသော ရောဂါခုခံ ကာကွယ်မှုစနစ်ကို ပိုင်ဆိုင်ထားသည်။
၎။ အစားအသောက် ပတ်ဝန်းကျင်တို့နှင့် လိုက်လျော ညီထွေမှု မရှိပါ။
၅။ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကိုယ်လက်လှုပ်ရှားမှုကို အကောင်းဆုံး တုံ့ပြန်နိုင်သည်။
၆။ကျစ်ကျစ်လျစ်လျစ်နှင့် အင်အားပြည့်နေစေရန် သွက်လက်ထိရောက်သာ ဇီဝဖြစ်ပျက်မှု ဖြစ်စဉ် လိုအပ်သည်။
၇။ခွန်အား၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကြိုတင်သိမြင်မှု၊လုပ်ရဲကိုင်ရဲမှု၊ ခံနိုင်ရည်ရှိမှုနှင့် မွေးရာပါ အကောင်းမြင်စိတ် ရှိသူတို့ဖြစ်သည်။
၈။ ကိုယ့်ကိုယ်ကို တန်ဖိုးထားလွန်း အားကြီးသည်။
၉။ ပင်ပန်းခံနိုင်၍ ခွန်အားကြီးကြသည်။
၁၀။ အသားဓာတ် ကြွယ်ဝသော အစာ အာဟာရများကို နှစ်သက်စွာ မှီဝဲကြသည်။
၁၁။ ကိုယ်ကာယ လေ့ကျင့်ခန်းနှင့် ပြင်းပြင်းထန်ထန်လှုပ်ရှားမှုကို ခံနိုင်ရည်ရှိသည်။
၁၂။လေ့ကျင့်ခန်းများနှင့် ကင်းကွာပါက စိတ်ဓါတ်ကျခြင်း ၊ အ၀လွန်ခြင်းစသည့် ပြဿနာများ ၀င်လာတတ်သည်။
၁၃။ အင်အားကြီးမားသော တိကျ သေချာသော စွမ်းရည်မြင့်မားသော ခေါင်းဆောင်မှု အရည်အသွေးများ ရှိသည်။
၁၄။ ကျန်းမာသန်စွမ်း၍ အကောင်းမြင် တတ်သည်။

ထို့ထက်ပို၍ ဆိုရလျှင် အိုသွေး ပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာ ရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှု စောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတတ်သူများ ဖြစ်ကြပါတယ်။ အရာအားလုံးကိုတက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက် တတ်သူများ ဖြစ်ကြပါတယ်။
အလုပ် အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထား တတ်ကြပါသတဲ့။
အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်းတစ်ခုမှ မထားဘဲလက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့။ အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလိုအခြေအနေ အလိုက်စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့။ ရလဒ်ကိုဘဲ ဦးစားပေးသူများ လို့လည်း ဆိုနိုင်ပါသတဲ့။ အလုပ်တစ်ခုကို လုပ်တော့မယ် ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့။
ကိုယ့် စတိုင်လ်နဲ့ကိုယ် နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်။ ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာ လောကကို ခြေချမယ် ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့။
ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင် ကသာ အမှန်ဖြစ်တယ် ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်။ အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက် လှပါဘူး။ အိုသွေး ပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်။ တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက် ကြပါတယ်တဲ့။
အိုသွေး ပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီးသည်းခံ တတ်ပေမယ့် ရေရှည်တော့ သည်းမခံ နိုင်ပါဘူးတဲ့။ လူတွေနဲ့ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထားကြီးကြီးနဲ့ ဆက်ဆံ တတ်ကြပါသတဲ့။ ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုး လည်း ရှိပါတယ်။
အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါ သတဲ့... တစ်ယောက်ယောက်နဲ့ စိတ်ကသိ ကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့။ ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီး နေနိုင်သူများပါ။

ခြုံပြီးကြည့်ရင်တော့ ...

အိုသွေးတို့ရဲ့  အတွင်းစိတ်ကတော့ အမှန်ကို ဖုံးကွယ်တတ်သူတွေကို သည်းမခံတတ်ပါဘူး။ အခြေခံ အပြုအမူတွေ အနေနဲ့ ပြောရမယ်ဆိုရင်တော့ ရည်မှန်းချက်ကို ဖြစ်အောင် လုပ်တတ်သူတွေ ဖြစ်ပြီး မိမိကိုယ်ကို ယုံကြည်ချက် ကောင်းကောင်း ရှိတတ်တယ်။ ရိုးသား ၊ အကောင်းမြင်ပြီး ထက်မြက်တယ်။ ရည်ရွယ်ချက် ပန်းတိုင်ပေါ် မူတည်ပြီး အပင်ပန်းခံ နိုင်အားထုတ်နိုင် အကြမ်းခံနိုင်သူတွေ ဖြစ်ပေမဲ့ ဆိုးတာက သူတို့ အဓိပ္ပါယ်မရှိဘူးလို့ ထင်တာနဲ့ အလွယ်တကူ လက်လျော့ တတ်ကြတာပါ။
ပြီးခဲ့တာတွေ အတွက် နောင်တ မရတတ်တာလဲ သူတို့ အရည်အချင်း တစ်ခုလို့ ပြောရမလားဘဲ။
သူတို့ အနာဂတ် အတွက်တော့ ငွေကြေး လုံလောက်စွာနဲ့ တည်ငြိမ်စွာနေထိုင် နိုင်ဖို့ ပြင်ဆင် တတ်ကြပါတယ်။ သူတို့ကို ကြည့်ရင်အမြဲ တည်ငြိမ် အေးဆေးနေပုံပါပဲ။ ရိုးသားဖြူစင်မှုနဲ့ ပတ်သက်ရင်တော့ သည်းသည်းလှုပ်လှုပ် ခံစားတတ်တာ အားနည်းချက်ပါ။ ပွင့်ပွင့်လင်းလင်းနဲ့ တည့်တည့်ပြောတတ်လို့ လူမုန်း များတတ်ကြတာလဲ သူတို့ပါဘဲ။ ရည်ရွယ်ချက် အပေါ်မူတည်လို့ သူတို့ အာရုံစိုက်နိုင်မှု စွမ်းအားတွေက အပြောင်းအလဲ ရှိတတ်ပါတယ်။ ဘာပဲလုပ်လုပ် ဦးဆောင်ချင်ကြပြီး အသေးအဖွဲလေးတွေကို ဂရုမပြုမိ တတ်တာလဲ သူတို့ရဲ့  ပျော့ကွက် တစ်ခုပါ။

* * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * *

သွေးအုပ်စု - A

၁။ စိုက်ပျိုးရေးသမား ၏ စရိုက် လက္ခဏာ ရှိသည်။
၂။ ရှေးဦး သတ်သတ်လွတ် စားသူများ ဖြစ်သည်။
၃။ စိုက်ပျိုးသမျှ ရိတ်သိမ်းမည်ဟု ခံယူထားသည်။
၎။ တုံ့ပြန်လွယ်သော အစာရေမျိုရှိသည်။
၅။ ခံနိုင်ရည်မြင့်သော ရောဂါ ကာကွယ်ရေး စနစ် ရှိသည်။
၆။ အခြေချနေထိုင်သော ဒေသရှိ အစားအသောက်နှင့် ပတ်ဝန်းကျင်ကို လိုက်လျောညီထွေ ကောင်းစွာ နေထိုင်နိုင်သည်။
၇။ အေးဆေးတည်ငြိမ်ပြီး ဖိစီးမှုကို ကောင်းစွာတုံ့ပြန်တတ်သည်။
၈။ သွက်သွက်လက်လက် ခန္ဓာကိုယ်သေးသေးသွယ်သွယ် ဖြစ်ရန် သီးနှံအာဟာရပုံစံစားသောက်ရန်လိုအပ်သည်။

ထို့ထက်ပို၍ဆိုရလျှင် ...

အေသွေး ပိုင်ရှင်တို့သည် ငယ်စဉ် ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ် ဆိုတာသိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့။ သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့။ ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့် လောက်အောင် အေးဆေး တည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့။
အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့။
တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့် တတ်ပါတယ်တဲ့။ အသစ်အဆန်းတွေကို စမ်းသပ် လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်။ အလုပ်တစ်ခုကို လုပ်ပြီ ဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ။
သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ။ နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာ ကိုလည်း ခံရတတ်ပါတယ်။ ဒါ့အပြင် ဘယ်လိုအခြေအနေမျိုး မဆိုကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်။ ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်းရှိနိုင်ပါတယ်။
အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့တနေ့တာအတွင်း ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ်မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါးကိုပျော်ရွှင်မှု ပေးချင်ကြသူများ ဖြစ်ပါတယ်။
တခါတလေမှာတော့ သူများကိုမယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့။ ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံ တတ်ကြပါတယ်တဲ့။
ဒီသဘာဝလေး ကတော့ သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့။
ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့။ အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာ ကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့။
တစ်ယောက်တည်း သီးသန့်ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်။ အထက်လူကြီးရဲ့ အဆူ ခံရတာမျိုးကို ခံပြီးပြီ ဆိုရင်မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများ ရှိနေတတ်ပါတယ်။ ဒေါသထွက်တဲ့ အခါမှာလည်း ဒေါသကို ဖော်ပြလေ့ မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေ များနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့။
ဒါကြောင့်မို့စိတ်ထဲက မကျေနပ်ချက် လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်။

ခြုံပြီးကြည့်ရင်တော့ ...

အေသွေးတို့ ရဲ့  အတွင်းစိတ်က တော့ အဆိုးမြင်ပြီး အထိမခံတတ်တာပါ။ထို့ကြောင့် ဆုံးဖြတ်ချက်ချရာတွင် ဂရုတစိုက်လုပ်တတ်သလို ပြဿနာကိုဖြေရှင်းရာမှာလဲ အဖြူအမည်း ကွဲပြားရှင်းလင်းအောင် လုပ်တတ်ပါတယ်။ လူမှုစည်းကမ်း သတ်မှတ်ချက်တွေကို အလေးထားသူလဲ ဖြစ်ပါတယ်။ ထပ်ကာထပ်ကာ လုပ်ရခြင်းနဲ့ ကိုယ်ကာယသုံး လုပ်ရခြင်းတွေကို ကောင်းကောင်း သည်းခံနိုင်တယ်။ ဒါပေမဲ့ အပြောင်းအလဲကို အလွယ်တကူ လက်ခံနိုင်ဖို့ သူတို့ အတွက် ခက်ခဲပါတယ်တဲ့။
ဝါသနာ တစ်ခုကို အလွယ်တကူ စိတ်ဝင်စားမှု လျော့တတ်ပြီးတော့ အတိတ်ကို လွယ်လွယ် မမေ့တတ်တဲ့ အပြင် အနာဂတ်ကို အဆိုးမြင်တတ်တာလေး ကတော့ ပြုပြင် သင့်တာလေးပါ။
ချီးကျူးဖို့ ကောင်းတာကတော့ စိတ်ဆိုးနေရင်တောင် အေးအေးဆေးဆေး နေပြနိုင်တယ်။ စိတ်တိုလွယ်ပြီး ခံစားလွယ်တတ်တာကတော့ အားနည်းချက်လို့ဆိုရမလားဘဲ။ အသည်းကွဲရင် တော့ ပြန်ကောင်းဖို့ အချိန်ယူရပါလိမ့်မယ်။ သူတစ်ပါးရဲ့ ထင်မြင်ယူဆချက်ကို အလေးထားတဲ့ လူမျိုးတွေလဲ ဖြစ်ပါတယ်တဲ့။ အလုပ်လုပ်ရာမှာတော့ အလွန်ကို ပြီးပြည့်စုံအောင် လုပ်တတ်သူတွေပါ။ အဲလိုလုပ်နိုင်ဖို့ တစ်ချိန်မှာ ကိစ္စတစ်ခုကိုသာ ကိုင်တွယ် ဖြေရှင်းလေ့ရှိတာ သူတို့ အလေ့အကျင့်လေးပါ။
ကိုယ်ရေးကိုယ်တာနဲ့အလုပ်ကိစ္စကို ခွဲခြားနိုင်တဲ့ အတွက် ချီးကျူးရပါလိမ့်မယ်။ သူတို့ဟာစိုက်ပျိုးသမျှ ရိတ်သိမ်းသူတွေ ဖြစ်တာနဲ့ အညီ လုပ်သမျှ အကျိုးဆက်ကိုတာဝန်ယူနိုင်သူတွေဖြစ်ပါတယ်။ အကောင်းဆုံး အလေ့အကျင့်လေး ကတော့ စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်တဲ့ ၀ါသနာကို မိမိဘာသာ ရွေးချယ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

* * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * *

သွေးအုပ်စု - B

၁။ သွေးအုပ်စုဘီ ကို ၂ မျိုးခွဲခြားနိုင်သည်ဆိုသော်လည်း ကန္တာ ရ မုဆိုး နိုမက်တို့နှင့်တူသော
စရိုက်လက္ခဏာကို ပိုမိုတွေ့ရသည်။
၂။ တရားမျှတမှုကို လိုလားသည်။
၃။ အားကောင်းသော ရောဂါခုခံကာကွယ်မှု ရှိသည်။
၎။ အစားအသောက် ဇီဇာမကြောင်တတ်။
၅။ နို့နှင့် နို့ထွက်ပစ္စည်းတို့ကို နှစ်သက်သည်။
၆။ ဆန်းသစ်တီထွင်မှုရှိပြီး ဖိစီးမှုကို အကောင်းဆုံး တန်ပြန်နိုင်သည်။
၇။ ထက်မြက်၊ သွက်လက်နေစေရန် ရုပ်နှင့် စိတ် တို့၏ လှုပ်ရှားမှုများဘက်ညီနေဖို့လိုပါသည်။

ထိုထက်ပို၍ဆိုရလျှင် ...

ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက် ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့ လှုပ်ရှုားတတ်ပေမယ့် ကျောင်း စတတ်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့လိုက်လျောညီထွေအောင် မနေတတ်ဘဲ လေလွင့် နေတတ်ပြန်ပါသတဲ့။
ဒါပေမယ့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီဆိုရင်တော့ အားလုံးထက် ပိုပြီး ကြိုးကြိုးစားစား နေတတ်ကြတဲ့ သူများဖြစ်လို့ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီး ကြိုးစားပါ။ ကိုယ်သဘောကျတဲ့ အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ် ဖြစ်ပါတယ်။ ဒါပေမယ့်ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ့။
ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး။ ကိုယ်နဲ့ သိပ် မခင်လှတဲ့ မိတ်ဆွေတွေနဲ့ အတူရှိတဲ့အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်းဖြစ်ပါတယ်။ မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း မနှစ်သက်တတ်ကြပါဘူး။
ပုံစံခွက်ထဲမှာ ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီးလွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့။ ဒါပေမယ့် သတိပြုစရာတစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ်တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်ကလူတွေကို ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ။
ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင်သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး။ ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကိုဆောင်ရွက်ချင်ကြပါတယ်။ အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင် တခြားအလုပ်တစ်ခုကို တပြိုင်တည်း ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်။
စည်းမျဉ်းစည်းကမ်းတွေကို သိပ်ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို ခံရတတ်ပါတယ်။ တခါဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့။
ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့။ အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက် တောင်းပန်ဘို့ ၀န်မလေးသူများလည်းဖြစ်ပါတယ်။ တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ငြိုးတို့ မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။

ခြုံပြီးကြည့်ရင်တော့ ...

ဘီသွေးတို့ရဲ့ အတွင်းစိတ်က ဘယ်သူပြောပြော အလွယ်နဲ့ လက်ခံလေ့မရှိဘူး။ ဆုံးဖြတ်ချက်ကို မြန်မြန်ပဲချလေ့ရှိတယ်။ အများနဲ့ လိုက်လျောညီထွေ နေနိုင်သော်ငြားလည်း စည်းမျဉ်းစည်းကမ်းတွေကို စိတ်မ၀င်စားတာကြောင့် အထက်လူကြီးတွေနဲ့ ပြဿနာ ရှိတတ်တယ်။ သိပ္ပံပညာ နဲ့ လက်တွေ့ရှာဖွေတွေ့ရှိလာတာတွေ ကို စိတ်ကူးတွေထက် ပိုပြီး သဘောကျတယ်။ဘယ်အရာကိုပဲလုပ်လုပ် ဇွဲထက်သန်စွာ စိတ်ရှည် သည်းခံပြီး လုပ်လေ့ရှိတယ်။
စိတ်မရှည်ဘူးလို့ ထင်ရတဲ့ ပုံသဏ္ဍာန်ရှိတယ်။ နောက်ပြီး ရိုးအီနေတဲ့ ထပ်ကာထပ်ကာ လုပ်ရတဲ့ အလုပ်တွေနဲ့သူတို့နဲ့ အံဝင်ဂွင်ကျ ဖြစ်လေ့မရှိဘူး။ လောလောလတ်လတ် ကိစ္စတွေကို လွယ်လွယ်နဲ့ မမေ့တတ်ပေမဲ့ အတိတ်နဲ့အမှတ်တရတွေကို တော့ မေ့သွားတတ်ကြတယ်။ မိမိခံစားချက်ကို ပေါ်လွင်အောင် ဖော်ပြတတ်သူတွေဖြစ်ပါတယ်။ လိုအပ်ရင် အေးအေးဆေးဆေးနဲ့ အချက်ကျကျ ရှင်းပြပြီးဖြေရှင်းတတ်တယ်။
အပြောင်အပျက်လေးတွေ နည်းနည်းပါးပါးပြောတတတ်ပေမဲ့ အရမ်းရှက်တတ်တဲ့ လူတွေဖြစ်ပါတယ်။
ရာသီဥတု ကိုခန့်မှန်းရ သလိုပဲ သူတို့စိတ်က ခန့်မှန်းရခက်တယ်။ တကယ်လို့ သူတို့မကြိုက်တာ တစ်ခုခုတွေ့ခဲ့မယ်ဆိုရင်တော့ နားနဲ့မဆံ့အောင် အပြစ်ပြောခံရဖို့သာပြင်ထားပေတော့။ ဒါပေမယ့် ဖန်တီးနိုင်စွမ်းရှိပြီး စိတ်ကူးတွေ သစ်လွင်တောက်ပနေတဲ့ လူတွေဖြစ်တယ်။ မကောင်းတာလေး တစ်ခုက တော့ ကိုယ့်ဝါသနာကဘာလဲ ဆိုတာနဲ့အလုပ် နဲ့ ၀ါသနာက တူလား မတူလား မသိတာ။ ၀ါသနာက တခြား အလုပ်ကတခြားဖြစ်နေပေမဲ့ လုပ်နေရတာကို ၀ါသနာလို့ထင်တတ်တဲ့ အတွက် စိတ်ဖိစီးမှုတွေဖြစ်ပေါ်နိုင်တယ်။
သူတစ်ပါး က အမိန့်ပေးတာ ကို လက်သင့်ခံတတ်တဲ့ လူတွေတော့မဟုတ်ဘူး။ အကောင်းဆုံး အချက်လေးက တော့ အသစ်အဆန်း အပြောင်အလဲ တွေကိုမငြင်းဆန်ပဲ ကြည်ကြည်သာသာ လက်ခံနိုင်တာနဲ့ အများကဘယ်လို ဝေဖန်မလဲဆိုတာကို စိတ်မ၀င်စားတတ်တာ ပဲဖြစ်ပါတယ်။

* * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * ** * * * * *


၁။ နုနယ်သေးသော အေဘီ သွေးအုပ်စု ရဲ့  အကြောင်း က ယခုထိ ပဟေဠိ ဆန်နေဆဲပဲဖြစ်ပါတယ်။
၂။ အေ အုပ်စု နဲ့ ဘီ အုပ်စု ပူးပေါင်းရာမှ ပေါ်ပေါက်လာတယ်လို့ ယူဆထားတယ်။
၃။ ပတ်ဝန်းကျင်နဲ့ အစားအသောက် အပြောင်းအလဲကို လိုက်လျောညီထွေ နေနိုင်မှုဟာ အံ့သြစရာပဲ။
၎။ ဒါပေမဲ့ ထိရှလွယ်တဲ့ အစာရေမျိုပြွန်ကို ပိုင်ဆိုင်ထားတယ်။
၅။ လွန်လွန်ကဲကဲ ခံနိုင်အားရှိသော ရောဂါခုခံကာကွယ်မှုစနစ်က နေရာယူထားတယ်။
၆။ ကိုယ်ကာယအား၊ တီထွင်ဆန်းသစ်သော စွမ်းအင်တို့ဖြင့် အကောင်းဆုံးတုံ့ ပြန်နိုင်တယ်။
၇။ ဆင့်ကဲဖြစ်စဉ် ရဲ့ အံ့သြဖွယ် အစိတ်အပိုင်းတစ်ခုလို့လဲ ပြောနိုင်တယ်။

ထိုထက်ပို၍ဆိုရလျှင် ...

အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီးမထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့။ မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါပဲတဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကိုလျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်း ရှိသူများလည်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေကအေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်။ ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်နေတတ်လာပြီး လူမှုဆက်ဆံရေးလည်းကောင်းမွန်ပြေပြစ်လာပါတယ်တဲ့။ အစပိုင်းမှာတော့အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန်ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့။ ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကိုနှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီးကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့။
လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံးသတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့
ကိုယ့်ရဲ့ ကြားမှာအတားအဆီး တစ်ခုကိုထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်။ ဒါကတော့သူတပါးအပေါ်မှာအမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့
အသေးစိတ်လှတဲ့ အတွေးများကြောင့်ဘဲဖြစ်ပါတယ်။


ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲခင်တတ်တဲ့အကျင့်လည်းမရှိပါဘူးတဲ့။ အလုပ်အများကြီးကို တစ်ပြိုင်နက်တည်းလုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလိုအရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ခြင်တတ်တဲ့ သူများလည်း ဖြစ်ပါတယ်။

အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့။ မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲလူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်။ ဒါပေမယ့်တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့်ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့။ အေဘီသွေးပိုင်ရှင်များကကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံနဲ့ ဒေါသလည်းမထွက်တတ်ပါဘူးတဲ့။
ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားချေတတ်တဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်။ တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကိုအေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလိုတခါတလေမှာတော့ ခက်ထန်မှုတွေကိုသာမြင်ရတတ်ပါတယ်။

ခြုံပြီးကြည့်ရင်တော့ ...

သူတို့ဟာ အလွန်ကိုပဲ ချစ်တတ် ခံစားတတ်တဲ့ လူတွေဖြစ်ကြတယ်။ အရမ်းကိုလက်တွေ့ကျတတ်တယ်။ ခွဲခြမ်းစိတ်ဖြာသုံးသပ်တတ်တဲ့ အရည်အသွေးကိုပိုင်ဆိုင်တယ်။ မျှတစွာဝေဖန်တတ်တယ်။ ဒါပေမဲ့ အရေးကြီးလေလေ ဆုံးဖြတ်ချက်မချတတ်တော့ လေလေဖြစ်တာက အားနည်းချက်တစ်ခုပါပဲ။ ကြိုးစားပန်းစားအားထုတ်လုပ်ကိုင်တယ်။ ဒါပေမဲ့ စိတ်မရှည်ဘူး။ အတိတ်ဟာအရေးကြီးတယ်လို့ယူဆပြီး အဲဒီ အတွက် အရမ်းခံစားနေတတ်တယ်။ ဒါပေမဲ့အာရုံကိုတော့ လက်ရှိကိစ္စမှာ စူးစိုက်ထားတတ်တယ်။
ခံစားချက်ပြင်းထန်အားကြီးတယ်။ ဆိုးတာက ပေါ်ယံအနေနဲ့ ပုံမှန်အေးဆေး တည်ငြိမ်နေတတ်ပေမဲ့ အရေးပေါ် (သို့) မရှင်းနိုင်လောက်အောင်ကြီးမားတဲ့ ပြဿနာတွေ ကြုံပြီဆိုရင်တော့ စိတ်ညစ်တတ်တယ်၊စိတ်ဓါတ်ကျတတ်တယ်။ စိတ်အပြောင်းအလဲ အရမ်းမြန်တတ်တယ်။ အလုပ်နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်နိုင်တယ်။ တန်ဖိုးထားတဲ့ အချက်ကတော့ အလုပ်ကြိုးစားခြင်းပါ။ မြန်မြန်ဆန်ဆန်ပဲ အရာရာတိုင်းကို နားလည်သဘောပေါက်တတ်တယ်။ ဒါပေမဲ့ အလုပ်တာဝန် စီမံချက်တစ်ခုကို စီမံကိုင်တွယ်ရာမှာ အစအဆုံး ပြီးစီးသည် အထိ တာဝန်မယူနိုင်တာလေးကတော့ အားနည်းချက်လေးပါ။ တစ်ပါးသူကို ချဉ်းကပ်ရာမှာ သိမ်မွေ့နူးညံ့တဲ့ အနုပညာ ဆန်ဆန်ချဉ်းကပ်တဲ့ အပြုအမူမျိုးပြုလုပ်တတ်ပါတယ်တဲ့။

" အမည်ပေါက် ကို ၂၀၀၈ မော်ဒယ်လ် အဖြစ် ပြောင်းလဲ ချပေးမယ် ဆိုတော့ ကားဝယ် သူတွေက ၂၀၀၇ မော်ဒယ်လ် မ၀ယ်တော့ဘဲ စောင့်မယ်ပဲ ပြောနေကြတယ် ၊ ဒါကြောင်း ကား အရောင်း ကျသွား

Community · 168,778 likes
၂၀၀၈ မော်ဒယ်လ်ကို အမည်ပေါက် ပေးမည် ဆိုသောကြောင့် ပြည်တွင်း ကားအရောင်း ဈေးကွက်အေးစက်သွား

ရန်ကုန် ၊ ၁၃-၈-၂၀၁၃

မြန်မာနိုင်ငံ ၏ ကားတင်သွင်းမှု ကို ၂၀၀၈ မော်ဒယ်လ် များအား အမည်ပေါက် ချပေး သွားမည် ဆိုသော သတင်းများကြောင့် ပြည်တွင်း ကားအရောင်း ဈေးကွက်ကြီး တစ်ခုလုံး ကားရောင်းချ ရမှုမှာ မရှိသလောက် အေးစက် သွားကြောင်း Farmar Auto ကား အရောင်းပြခန်း မှ အရောင်း မန်နေဂျာ တစ်ဦးက ပြောကြား ခဲ့သည်။ " အမည်ပေါက် ကို ၂၀၀၈ မော်ဒယ်လ် အဖြစ် ပြောင်းလဲ ချပေးမယ် ဆိုတော့ ကားဝယ် သူတွေက ၂၀၀၇ မော်ဒယ်လ် မ၀ယ်တော့ဘဲ စောင့်မယ်ပဲ ပြောနေကြတယ် ၊ ဒါကြောင်း ကား အရောင်း ကျသွားတာပါ ... " ဟု ၄င်းက သုံးသပ် ပြောကြား ခဲ့သည်။

၂၀၁၂ ခုနှစ် မေလ ၇ ရက်က ကား တင်သွင်းမှု အား ၂၀၀၇ မော်ဒယ်လ် ကို လွတ်လပ်စွာ တင်သွင်းခွင့် ပြုပြီး ကားဈေးနှုန်းများ တစ်ဟုန်ထိုး ကျဆင်းသွားပြီး ပြည်တွင်း ကားဝယ်ယူ စီးနင်းမှု မှာလည်း ရာနှုန်းပြည့် မြင့်တက် သွားခဲ့ကြောင်း သိရသည်။ ပြည်တွင်း ကားတင်သွင်းမှု များသည် ဆီးစားနှုန်း သက်သာသော 1300 CC ကားများကိုသာ အဓိက တင်သွင်း နေပြီး အိမ်စီးကား များမှာလည်း အခွန် သက်သာသော ၊ အင်ဂျင်ပါဝင် ငယ်သော ကားများကိုသာ အဓိက တင်သွင်း ကြကြောင်း သိရသည်။

ယခုအချိန်တွင် ပြည်တွင်း ကားတင်သွင်းမှု များကို ၂၀၀၈ မော်ဒယ်လ် ဖြင့် အစားထိုး တင်သွင်းခွင့် ပြုမည် ဆိုသော သတင်းများကြောင့် ကားအရောင်း ပြခန်းများမှာ အရောင်းအ၀ယ် အေးစက်သွားပြိး ယခင် တင်သွင်း ထားသော ၂၀၀၀ မှ ၂၀၀၇ အထိ ကားမော်ဒယ်လ် များမှာ အရောင်းအေး သွားကြောင်း သိရသည်။ ကား အရောင်းပြခန်း များမှာ ၂၀၀၇ ခုနှစ် နှင့် ဘောက်ကား များကိုသာ အဓိက တင်သွင်း ရောင်းချ နေသောကြောင့် အဆိုပါ ကားများ တင်သွင်းမှုလည်း မရှိသလာက် ဖြစ်သွားကြောင်း သိရသည်။

အစိုးရ အနေဖြင့် ပြည်သူများ၏ လိုအပ်ချက် ကို အဓိက ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်း တရားဝင် ပြောကြားပြီး ၂၀၀၈ မော်ဒယ်လ်ကို တင်သွင်းခွင့် ပြုလိုက်ပါက တင်သွင်းပြီးသား ၂၀၀၇ မော်ဒယ်လ် ကားများမှာ အရောင်းရပ် သွားနိုင်ကြောင်း ၀ါရင့် ကား ၀ယ် ရောင်း တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

The Myawady Daily

"အမိန်

Kyaw Ko Kyaw and Lu Bo shared ပုဂံအွန်လိုင်းမီဒီယာ's photo.
"အမိန့် မလွန်ဆန်ဝံ့ဘူး"

ဘဏ်တစ်ခုကို ဓါးပြတိုက်နေတယ် သတင်းရလို့ ရဲတွေရောက်လာပြီး ဘဏ်ကိုဝိုင်းထားတယ်
ဓါးပြဗိုလ်ကို သေနတ်ဒဏ်ရာနဲ့ ဖမ်းဆီးမိလိုက်ပြီး၊ နောက်လိုက်ဓါးပြကတော့ အသာတကြည် အဖမ်းခံတယ်။

ဒါပေမယ့်...
ရဲတွေဘက်က သေနတ်တချက်မှ မပစ်လိုက်ရပါပဲနဲ့ ဓါးပြဗိုလ်ကို ဘယ်က သေနတ်မှန်တာလဲလို့ ရဲတွေ ဇဝေဇဝါဖြစ်နေကြတယ်

ဒါနဲ့ ဓါးပြဗိုလ်ကို မေးကြည့်ကြတယ်...

"မင်းကို ဘယ်သူက ဘယ်တုန်းက ပစ်လိုက်တာတုန်း"

"ဘဏ်ထဲဝင်ဝင်ခြင်း ကျနော့်တပည့်က ပစ်လိုက်တာ"

သူ့တပည့်ကို စစ်မေးကြပြန်တယ်...

"မင်းကရော ဘာလို့ ကိုယ့်ဆရာကို ပစ်ရတာတုန်း"

"သူက အမိန့်ပေးတာကိုး"

"ဘယ်လို ပေးတာလဲဟ"

"လှုပ်တဲ့ကောင်ပစ် တဲ့"

"ဒါနဲ့.."

"လှုပ်နေတာ သူတစ်ယောက် ရှိတာလေ"


https://www.facebook.com/thanlayko
သန်၎ကို-ဘာသာပြန်သည်

မုန်တိုင်း UTOR-11W တရုတ်တောင်ပိုင်းကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်တော့မည်

Reference Website · 11,355 likes

By mmweather.ygn, on August 13th, 2013
http://blog.mmweather.com/2013/08/13/11w-utor-approaching-south-china-coast/

အချင်းမိုင် ၃ဝဝ ကျော်ရှိသော တိုင်ဖွန်းမုန်တိုင်း UTOR(11W)သည် သြဂုတ်လ ၁၃ ရက် မြန်မာစံတော်ချိန် ၁၉း၃ဝ နာရီတွင် တရုတ်(ပြည်မ) Guangdong ပြည်နယ်၊ Maoming မြို့ အရှေ့တောင်ဘက် မိုင် ၂၁ဝ ခန့်၊ မကာအိုမြို့ တောင်ဘက် ၁၉၅ မိုင်ခန့်၊ ဗီယက်နန်နိုင်ငံ ဟနွိုင်းမြို့ အရှေ့-အရှေ့တောင်ဘက် မိုင် ၅၅ဝ ခန့် တောင်တရုတ်ပင်လယ်ပြင်တွင် ဗဟိုပြုနေပါသည်။

မုန်တိုင်းသည် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီ မတိုင်မီ အနောက်မြောက်ဘက်(Heading 300˚)ဖြင့် ရွေ့လျားခဲ့ပြီး Heading 312.6˚(မြောက်ဘက်အနည်းငယ် ယွန်း၍) ဆက်လက်ရွေ့လျားကာ သြဂုတ်လ ၁၄ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီ၌ Maoming မြို့ အရှေ့တောင်ဘက် မိုင် ၁၁ဝ ခန့်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။

မုန်တိုင်း၏ အပြင်ဘက် rain band များမှာ တရုတ်ပြည် Yunan နှင့် Guizhou ပြည်နယ်များ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရပြီး မုန်တိုင်းဗဟိုသည် သြဂုတ်လ ၁၄ ရက်၊ မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီမတိုင်မီ တရုတ်တောင်ဘက်ကမ်းခြေ Guangdong ပြည်နယ်ကမ်းခြေအား Maoming မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်း၊ သြဂုတ်လ ၁၅ ရက်၊ ၁၈း၃ဝ နာရီ နောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဆင့်သို့ လျော့ကျကာ အနောက်-အနောက်တောင်ဘက်(Heading 257˚)သို့ ချိုးကွေ့ပြီး ဆက်လက်ရွေ့လျားမည်ဖြစ်ကြောင်း ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်များတွင် တွေ့ရှိရပါသည်။

ဤသို့ ချိုးကွေ့ရွေ့လျားမှုကြောင့် မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များသည် ဗီယက်နန်နိုင်ငံမြောက်ပိုင်း၊ လာအိုနိုင်ငံမြောက်ပိုင်းတို့မှတစ်ဆင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများဆီသို့ ဆက်လက်ရွေ့လျားဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။ မြန်မာနိုင်ငံဒေသအနှံ့သို့ ဝင်ရောက်မည့် မုန်တိုင်းအကြွင်းအကျန်များကြောင့် သြဂုတ်လ ၁၅-၁၆ ရက် နောက်ပိုင်းတွင် မြန်မာနိုင်ငံတစ်ဝှမ်း၌ မိုးသည်းထန်မည့် အခြေအနေဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း အသိပေးတင်ပြလိုက်ရပါသည်။

တိုင်ဖွန်းမုန်တိုင်း 11W UTOR
13 Aug 2013 1200Z
Location: 19.2 113.5
Winds: 95 knots (Category 2)
Central Pressure: 952 hPa

ရှမ်းပြည်နယ်၊ လားရှိုးမြို့ပေါ်တွင် ဆိုင်ကယ်ခိုးမှုများမကြာခဏဖြစ်

Government Organization · 33,653 likes
ရှမ်းပြည်နယ်၊ လားရှိုးမြို့ပေါ်တွင် ဆိုင်ကယ်ခိုးမှုများမကြာခဏဖြစ်ေ
ပ်ါလျက်ရှိသဖြင့် ဆိုင်ကယ်ခိုးယူသူများအား ဖမ်းဆီးရမိရေးအတွက် လားရှိုးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အမာခံ သတင်းပေးများ၊ ဆယ်အိမ်မှူးများ၊ ရက်ကွက်အထောက်အကူပြုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့သဖြင့် ၂၉-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုးမြို့နေ ကျော်စွာဝင်း(၃ဝ)နှစ်၊ တင်မိုးဝင်း (၁၉)နှစ်၊ ကိုငယ်(၂၄)နှစ်တို့အား စစ်ဆေးခဲ့ရာ ၂ဝ-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုး-တန့်ယန်းကားလမ်း ဘေးရှိ နမ့်ပေါင်ရွာအနီးမှTankBo-110 အစိမ်းရောင်ဆိုင်ကယ် ၁ စီး၊ ဟိုပိတ်ရွာအနီးကားလမ်းဘေးမှNewStar-125 CZI အဝါရောင်ဆိုင်ကယ် ၁ စီး၊ ၂၂-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုး-တန့်ယန်း ကားလမ်းဘေးတွင် ရပ်ထားသော Sonic-125 အနီရောင်ဆိုင်ကယ် ၁ စီး၊ တန့်ယန်းမြို့အဝင် ဆီဆိုင်အနီးမှ Nwe Asia-125 CZI စိမ်းပြာရောင်ဆိုင်ကယ် ၁ စီး၊ ၂၇-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုး-တန့်ယန်းကားလမ်းဘေးမှ Hawe-125 ဆိုင်ကယ် ၁ စီး၊ စုစုပေါင်းခိုးယူလာသည့်ဆိုင်ကယ် (၅)စီးအား သိမ်းဆည်းနိုင်ခဲ့သည်။
ဆက်လက်၍ လားရှိုးမြို့နေ အောင်ကျော်(ခ)အယ်မိသီ(ခ)မိသီ(၂၁)နှစ်၊ အားဟွာ(၂ဝ)နှစ်၊ ဟော်ရင်ကွေ့၊ အိုက်မေ(ခ)ပေါက်ဆိုယုတ်၊ အားဟုန်၊ အားစီ(ခ)ရှုလင်(၂၄)နှစ်နှင့် အားရှုလင်(၃၆)နှစ် တို့အားစစ်ဆေးခဲ့ရာ ၁-၈-၂ဝ၁၃ ရက်နေ့တွင် လားရှိုးမြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းရှေ့မှ KenBo-125 CZI အဖြူရောင်ဆိုင်ကယ် ၁ စီး၊ လားရှိုး မန်ဆူဘုရားဝင်းအတွင်းမှ Tohon-110 အနက်ရောင် ဆိုင်ကယ် ၁ စီး၊ လားရှိုးတရုတ်ဘုံကျောင်းအနီးမှMDL-125 နက်ပြာရောင် ဆိုင်ကယ် ၁ စီး၊ အမှတ်(၆) အခြေခံပညာအထက်တန်ကျောင်းမှHeroAnbo-125 CZI ခဲနက်ရောင်ဆိုင်ကယ် ၁ စီး၊ အောင်မင်္ဂလာ ဈေးအနီးမှ Yinxing-125 CZI ခဲပြာရောင်ဆိုင်ကယ် ၁ စီး၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းရှေ့မှFelling-110 အနက်ရောင်ဆိုင်ကယ် ၁ စီးနှင့် လားရှိုး(၄၂)လမ်း ဆိုင်ကယ်ပွဲစားတန်းမFaster-125 ခဲနက်ရောင်ဆိုင်ကယ် ၁ စီး၊ စုစုပေါင်းခိုးယူခဲ့သည့် ဆိုင်ကယ်(၇)စီး တို့အားသိမ်းဆည်းရမိခဲ့သည်။
သတင်းအပြည့်အစုံအား http://myanmarpoliceforce.org/index.php?option=com_content&view=article&id=566%3A2013-08-13-15-50-56&catid=104%3A2012-09-01-11-21-

Tuesday, August 13, 2013



==========================

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၃၃/၂၀၁၃)

၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက်

(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်)


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဋ္ဌာန်းချက်များအရ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါ ပြည်ထောင်စု ဝန်ကြီးဌာန အသီးသီးတွင် ဒုတိယ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-



၁ ဦးတင်ဦးလွင် နိုင်ငံခြားရေးဝန်ကြီးဌာန

၂ ဒေါက်တာအောင်မြတ်ဦး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန

၃ ဒေါ်လဲ့လဲ့သိန်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန


(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ

source::http://www.president-office.gov.mm/briefing-room/news/2013/08/13/id-4042
ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Myanmar President Office
www.president-office.gov.mm
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဋ္ဌာန်းချက်များအရ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲ

မြန်မာ့သမိုင်း၏ န၀မမြောက် သမ္မတ မည်သူဖြစ်နိုင်သနည်း ?

သြဂုတ်လ- ၉ ။ ၂၀၁၃
M-Media
ဆောင်းပါး၇ှင် – သြရသရေချမ်း
9th copy
ကျွန်ုပ်တို့ မှီတင်းနေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသည် “ဗမာ/မြန်မာ” ဟူသော အမည်နာမသည်လည်းကောင်း၊ တိုင်းပြည်နယ်နမိတ်ဟူ၍ ကန့်သတ်ချက်သည်လည်းကောင်း သတ်သတ်မှတ်မှတ် မရှိခင်ကပင် နယ်ပယ်ဒေသအလိုက် အုပ်ချုပ်မင်းလုပ်သူများ၊ မင်းကြီးမင်းငယ်များ၊ မင်းဆက်များ၊ စော်ဘွားများ စသဖြင့် ရှိနေခဲ့ကြသည်။
ပထမမြန်မာနိုင်ငံတော် မတိုင်မီက မြန်မာ့ရှေးဦးသမိုင်းအား အနုလုံပဋိလုံ မှတ်တမ်းတင်ထားနိုင်ခြင်း မရှိခဲ့ကြပေ။ တွေ့ကြရသည့်အထောက်အထားတို့မှာလည်း မဆိုစလောက်မျှသာ ဖြစ်ခဲ့သည်။ ၄င်းနောက် ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော် စသဖြင့် အဆက်ဆက်တည်ထောင်လာကြသည်။ သမိုင်းတင်မှုများကိုလည်း ထိုက်သင့်သမျှ ပြုလုပ်ဆောင်ရွက်လာကြသည်။ ခေတ်ကာလတိုင်းတွင် မှတ်တမ်းတင်ခံရသည့် သမိုင်းများ ရှိသလို၊ မှတ်တမ်းတင် မခံကြရသော ရာဇ၀င်များလည်း ရှိနေကြောင်း ကျွန်ုပ်တို့ သိဖို့ လိုအပ်ပါသည်။ ယနေ့ခေတ်တွင်မူ တစ်စုံတစ်ရာသော ကိုယ်ကျိုးစီးပွားများအတွက် သမိုင်းလိမ်များကိုလည်း အစားထိုးလာသည်ကို တွေ့ရ၏။ အလိမ်အညာ သွတ်သွင်းမှုများအကြားမှ ဖြစ်ရပ်မှန်များကို ပြန်လည်ဖော်ထုတ်သူများလည်း ရှိနေပေဦးမည်။ အရိုးပေါ်အရွက်ဖုံးမှု အစဉ်အလာ ခိုင်မာသွားလျှင်မူ အနာဂတ်မြန်မာနိုင်ငံအဖို့ အရှက်ကွဲစရာ၊ ဂုဏ်သိက္ခာကျဆင်းဖွယ်ရာများ တစ်နေ့မဟုတ်တစ်နေ့တွင် မလွဲမသွေ ကြုံဆုံလာနိုင်သည်ကိုလည်း မျိုးဆက်သစ်များမှ သတိကရုပြုရမည့် အချက်တစ်ရပ် ဖြစ်သည်။ မည်သို့ဆိုစေ မြန်မာ့သမိုင်းတွင် တတိယမြန်မာနိုင်ငံတော်(ကုန်းဘောင်မင်းဆက်)အထိကား ရှင်ဘုရင်များ၊ မင်းဆက်များတို့ဖြင့်သာ နိုင်ငံတော်ကို ထူထောင်အုပ်ချုပ်ခဲ့ကြပေသည်။
တတိယမြန်မာနိုင်ငံတော်တွင် အလောင်းမင်းတရားကြီး(မြန်မာသက္ကရာဇ် ၁၀၇၆-၁၁၂၂) မှသည် သီပေါမင်း(၁၂၂၁-၁၂၇၈) အထိ ကုန်းဘောင်မင်းဆက် ၁၁ ဆက်ရှိခဲ့ကြသည်။ ကုန်းဘောင်မင်းဆက်၏နောက်ဆုံးဘုရင်ဖြစ်သူ သီပေါမင်း လက်ထက် မြန်မာသက္ကရာဇ် ၁၂၇၄၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်၊ အင်္ဂလိပ်သက္ကရာဇ် ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံသည် နယ်ချဲ့အင်္ဂလိပ်တို့လက်အောက် ကျရောက်သွားခဲ့သည်။ ထိုနေ့တွင်ပင် သီပေါမင်း၏မိသားစုကို အိန္ဒိယသို့ ပို့ဆောင်လိုက်သည်။ ထို ပါတော်မူချိန်မှစတင်ပြီး မြန်မာနိုင်ငံသည် ရှင်ဘုရင်မျိုးဆက်ပြတ်၍ ဗြိတိသျှကိုလိုနီလက်အောက်ခံဖြစ်သွားကာ ပြည်သူပြည်သားများအားလုံး နှစ်ပေါင်းတစ်ရာကျော် ကျွန်ဘ၀ရောက်ခဲ့၏။ ဗြိတိသျှတို့၏ကျွန်ဘ၀၊ ဂျပန်နယ်ချဲ့တို့၏ကျွန်ဘ၀ နှင့် (ယခုလက်ရှိ) စစ်အာဏာပိုင်တို့၏ကျွန်ဘ၀ ဟူသော ကျွန်ဘ၀သုံးခုကို ဖြတ်သန်းလာကြရာ မြန်မာပြည်သူပြည်သားတို့၏ ကံကြမ္မာကား ကျွန်ဘ၀မှ မဖောက်ထွက်နိုင်သေးဟု ဆိုရပေတော့မည်။
ခေတ်ကာလအပြောင်းအလဲများအရ ကမ္ဘာတစ်ဝှန်း၌ သက်ဦးဆံပိုင်ပဒေသရာဇ်စံနစ် တစ်စစ ပျက်သုဉ်း၍ ဘုရင်မင်းဆက်ဓလေ့နေရာတွင် ပိုမိုလက်တွေ့ကျသော သမ္မတ၊ ၀န်ကြီးချုပ် စသည့် အာဏာပိုင်စံနစ်မျိုးကို ပိုမိုခေတ်စားလက်ခံလာကြသည်။
၁၉၄၇ ခုနှစ်၊ ဇန္န၀ါရီလ ၄ ရက်တွင် မြန်မာနိုင်ငံသည် ကိုယ်ပိုင်အချုပ်အခြာအာဏာထူထောင်မည့် လွတ်လပ်သော နိုင်ငံတစ်ခုအဖြစ် ကြေငြာနိုင်ခဲ့သည်။ ပြည်တွင်းရှိ လူမျိုးစုံ၊ ဘာသာစုံ၊ အလွှာစုံတို့၏ ၀ိုင်းဝန်းကြိုးပမ်းမှုအားဖြင့် တိုင်းတစ်ပါးတို့၏ကျွန်ဘ၀မှ အပြီးအပိုင် လွတ်မြောက်သွားသည်။ ၄င်းနှစ်မှာပင် ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ထိုအချိန်မှ စတင်ကာ သမ္မတနိုင်ငံတော်စံနစ်အား စတင်ကျင့်သုံးသည်။ ၁၉၄၇ ခုနှစ်ဥပဒေအရ နိုင်ငံတော်သမ္မတကို တိုင်းရင်းသားများအနက်မှ အလှည့်ကျရွေးချယ်တင်မြှောက်ရမည်ဖြစ်သည်။
သို့ဖြင့်  ရှမ်းလူမျိုး ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက် မှာ မြန်မာနိုင်ငံ၏ပထမဦးဆုံးသမ္မတ ဖြစ်လာသည်။ စ၀်ရွှေသိုက် (၁၈၉၆-၁၉၆၂)သည် ၁၉၄၈ ခုနှစ်၊ ဇန္န၀ါရီလ ၄ ရက်မှ ၁၉၅၂ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့အထိ သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ -
1
*  ၁၉၂၃ ခုနှစ်၊ ပထမကမ္ဘာစစ်အတွင်း အရှေ့မြောက်နယ်စပ်ဒေသ ဗမာ့လက်နက်ကိုင်တပ်ရင်းတပ်ဖွဲ့ဝင်
*  ၁၉၂၇ မှ ၁၉၅၉ ခုနှစ်အထိ ညောင်ရွှေစော်ဘွား
*  ၁၉၃၉ မှ ၁၉၄၂ ခုနှစ်အထိ ဗမာ့တပ်မတော်စစ်မှုထမ်း
*  ၁၉၄၇ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲခြင်းကော်မတီအဖွဲ့ဝင် နှင့် ဥပဒေပြုအဖွဲ့ဥက္ကဌ
*  ၁၉၅၂ ခုနှစ် လူမျိုးစုလွှတ်တော်နာယက
*  ၁၉၄၇ မှ ၁၉၆၀ ခုနှစ်အထိ လူမျိုးစုလွှတ်တော်အမတ်
*  ဓနရှင်ပါလီမန်ခေတ်တွင် ပဒေသရာဇ်စိတ် မပျောက်သေးခဲ့သူဖြစ်သော်လည်း ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်တွင် နယ်ရှင်စော်ဘွားအာဏာကို စွန့်လွှတ်ခဲ့ပြီး၊ အဂ္ဂမဟာသရေစည်သူ နှင့် အဂ္ဂမဟာ သီရိသုဓမ္မ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခံရ
*  ၁၉၆၀ ခုနှစ်၊ သြဂုတ်လတွင် ချက်ကိုစလိုဗက်ကီးယားနိုင်ငံသို့ အဖွဲ့နှင့်ချစ်ကြည်ရေးခရီးစဉ်
*  ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့၊ နံနက် ၁ နာရီတွင် နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်ကြီးနေ၀င်း၏ တော်လှန်ရေးအစိုးရမှ သိမ်းယူသောအခါ ထိန်းသိမ်းခံရ
*  ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့၊ အသက် ၆၆ နှစ်အရွယ်၊ အကျဉ်းသားဘ၀ဖြင့်ပင် ကွယ်လွန်သည်။
ဒုတိယမြောက်သမ္မတမှာ ပုသိမ်မြို့ဇာတိ၊ ဗမာလူမျိုး ဒေါက်တာဘဦး(၁၈၈၇-၁၉၆၃) ဖြစ်၏။ ၁၉၅၂ ခုနှစ်မှ ၁၉၅၇ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့အထိ သမ္မတာဝန်ကို ငါးနှစ် ထမ်းဆောင်ခဲ့သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ -
2*  ၁၉၁၂ ခုနှစ်၊ LLB, M.A  ကဲန်းဘရစ်ခ်ျ တက္ကသိုလ်
*  ၁၉၂၁ ခုနှစ် ခရိုင်ရာဇ၀တ်အုပ်တရားသူကြီး
*  ၁၉၃၀ ခုနှစ် တရားလွှတ်တော်ချုပ်တရားသူကြီး
*  ၁၉၃၁ ခုနှစ် အထူးခုံရုံးအဖွဲ့ဝင်
*  ၁၉၄၇ ခုနှစ် ဗြိတိသျှအစိုးရမှချီးမြှင့်သော ဓားဆု နှင့် ဆာ ဘွဲ့
*  ၁၉၄၈-၅၂ ခုနှစ်ထိ မြန်မာနိုင်ငံတရားသူကြီးချုပ်
*  ၁၉၅၂ ခုနှစ် မြန်မာနိုင်ငံဒုသမ္မတ
*  ၁၉၅၅ ခုနှစ် ထိုင်းနိုင်ငံမှ ဟိတ္တိသေနဘွဲ့ နှင့် မြန်မာနိုင်ငံမှ အဂ္ဂမဟာသရေစည်သူ နှင့် အဂ္ဂမဟာ သီရိသုဓမ္မ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခံရ
*  ၁၉၆၀ ခုနှစ် မြန်မာနိုင်ငံအစိုးရအတိုင်ပင်ခံကော်မတီဥက္ကဌ
*  ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်၊ စနေနေ့၊ အသက် ၇၆ နှစ်အရွယ်တွင် ကွယ်လွန်သည်။
တတိယမြောက်သမ္မတမှာ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သစ်ဆိပ်ရွာဇာတိ၊ ကရင်လူမျိုး မန်းဝင်းမောင်(၁၉၁၆-၁၉၈၉) ဖြစ်သည်။ ၁၉၅၇ ခုနှစ်၊ မတ်လ ၁၃ ရက်မှ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း၏အာဏာသိမ်းချိန်အထိ သမ္မတာဝန်ကို ငါးနှစ် ထမ်းဆောင်ခဲ့သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ -
3*  ၁၉၃၇ ခုနှစ်၊ ရန်ကုန် ဂျပ်ဆင်ကောလိပ်မှ ဘီအေဘွဲ့၊ သန်လျင်ရေနံချက်စက်ရုံတာဝန်ခံ
*  ၁၉၄၁ ခုနှစ် ဒုအရာခံဗိုလ်
*  ၁၉၄၅ ခုနှစ် ကရင်လူငယ်များဒုဥက္ကဌ နှင့် တိုင်းရင်းသားဂျာနယ်အယ်ဒီတာ
*  ၁၉၄၇ ခုနှစ် ပုသိမ်အနောက်ပိုင်းဥပဒေပြုလွှတ်တော်အမတ် နှင့် သတ္ထုတွင်းနှင့်အလုပ်သမားဝန်ကြီး
*  ၁၉၄၉ နှင့် ၁၉၅၁ ခုနှစ် သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး
*  ၁၉၅၆ ခုနှစ် ဆိပ်ကမ်းရေကြောင်း၊ လေကြောင်း နှင့် ကမ်းရိုးတန်းသွားသင်္ဘောဌာန၀န်ကြီ
*  ၁၉၅၇ ခုနှစ် အဂ္ဂမဟာ သီရိသုဓမ္မ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံရ
*  ၁၉၅၉ ခုနှစ် ထိုင်းဘုရင်မင်းမြတ်မှချီးမြှင့်သော Chula Chom Kloa တံဆိပ်
*  ၁၉၆၀ ခုနှစ် တော်လှန်ရေးကြယ်တံဆိပ် ဒုတိယဆင့်
*  ၁၉၆၂ မှ ၁၉၆၇  ခုနှစ်အထိ ထိန်းသိမ်းခံရ
*  ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးအခင်းကာလတွင် ၀န်ကြီးချုပ်ဟောင်းဦးနု၏ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး(ဒီ/ငြိမ်း)ပါတီ ဒုဥက္ကဌ နှင့် ယှဉ်ပြိုင်အစိုးရ၏သမ္မတ
*  ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်၊ အသက် ၇၃ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီး၊ မြန်မာနိုင်ငံသမ္မတများအနက် ပဒေသရာဇ်နှင့်ဗျူရိုကရက်စိတ် အလျဉ်းမရှိဘဲ ဒီမိုကရေစီစစ်စစ်ကိုလိုလားသည့် တစ်ဦးတည်းသောသမ္မတအဖြစ် မှတ်တမ်းတင်ခံရသည်။
စတုတ္ထမြောက်သမ္မတမှာ ပြည်ခရိုင်၊ ပေါင်တလည်မြို့ဇာတိ (လူမျိုးမသိ) ဦးနေ၀င်း(၁၉၁၁-၂၀၀၂) ဖြစ်သည်။  ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကိုသိမ်းယူပြီး ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်အထိ သမ္မတအဖြစ် အုပ်ချုပ်ခဲ့သည်။ ၁၉၆၂ မှစ၍ ၂၆ နှစ်တိုင်တိုင် တစ်ပါတီအာဏာရှင်စံနစ်ဖြင့် အုပ်ချုပ်ခဲ့သူဖြစ်သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ -
4*  ၁၉၂၉ ခုနှစ် ရန်ကုန်တက္ကသိုလ် တက်ရောက်
*  ၁၉၃၁ ခုနှစ် ဥပစာသိပ္ပံနောက်ဆုံးနှစ်တွင် ကျောင်းထွက်
*  ၁၉၃၄ ခုနှစ် မီးရထားဌာန၀န်ထမ်း
*  ၁၉၃၆ ခုနှစ် စာတိုက်နှင့်ကြေးနန်းဌာနစာရေး၊ ဒို့ဗမာအစည်းအရုံးဝင်၊ ဥပစာသိပ္ပံဘွဲ့ရ၊ သခင်ရှုမောင် အဖြစ်အမည်ခံ
*  ၁၉၄၁ ခုနှစ် စစ်ပညာသင်ရန် ဂျပန်သို့သွားရောက်၊ ပြန်လည်ဝင်ရောက်လာသည့်ရှေ့ပြေးအဖွဲ့ခေါင်းဆောင်၊ ဘီအိုင်အေတပ်မကြီး ၂ တွင် တပ်မကြီးမှူး။ ဘီဒီအေတပ်ရင်း ၁ တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့်တပ်ရင်းမှူး
*  ၁၉၄၂ ခုနှစ် ဗိုလ်မှူးကြီးအဆင့်ဖြင့် ဘီဒီအေနှင့်ဘီအင်န်အေတို့၏စစ်သေနာပတိ၊ စစ်ဦးစီးဌာနချုပ်မှူး၊ ထောက်ပံ့ရေးဌာနကြီးမှူး
*  ၁၉၄၅ ခုနှစ် ကနီမြို့၊ မဟာမိတ်တို့၏တွေ့ဆုံပွဲ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါ။ ဗိုလ်မှူးအဆင့်ဖြင့် ဗမာ့တပ်မတော်သေနတ်ကိုင်တပ်ရင်း ၄ ၏တပ်ရင်းမှူး
*  ၁၉၄၆ ခုနှစ် ဒုတိယဗိုလ်မှူးကြီး
*  ၁၉၄၇ ခုနှစ် တပ်ရင်းမှူး နှင့် ဗိုလ်မှူးကြီး။ ၄င်းနောက် ဗိုလ်မှူးချုပ်အဆင့်ဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး
*  ၁၉၆၂ ခုနှစ် တပ်မတော်ကိုဦးဆောင်၍ နိုင်ငံတော်အာဏာကို သိမ်းယူ ။ တော်လှန်ရေးကောင်စီဥက္ကဌ ၊(ထိုအချိန်မှစပြီး ၂၆ နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့)
*  ၁၉၇၄ ခုနှစ် နိုင်ငံတော်ကောင်စီဥက္ကဌ ၊ ၄င်းမှတဆင့် နိုင်ငံတော်သမ္မတ နှင့် မဆလဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဌ
*  ၁၉၈၈ ခုနှစ် အနားယူ
*  ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်၊ အသက် ၉၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ပထမဆုံးစစ်အာဏာရှင်တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ပဉ္စမမြောက်သမ္မတမှာ ပြည်ခရိုင်၊ သဲကုန်းမြို့ဇာတိ၊ ဗမာလူမျိုး ဦးစန်းယု(၁၉၁၈-၁၉၉၆) ဖြစ်သည်။  ၁၉၈၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်မှ ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်အထိ သမ္မတအဖြစ် တာဝန်ယူခဲ့သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ -
5*  ၁၉၄၂ ခုနှစ်၊ ရန်ကုန်ဆေးကျောင်းတွင် ဒုတိယနှစ်အထိတက်ရောက်၊ ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ပြည်မြို့မှ ၀င်ရောက်စစ်မှုထမ်း၊ ၄င်းမှ အရာရှိဖြစ်ကာ တပ်ရင်း ၂ တွင် တပ်ရင်းမှူးခန့်အပ်ခံရ
*  ၁၉၄၆ ခုနှစ် တပ်ရင်း ၃ တွင် တပ်ခွဲအရာရှိ၊ နိုင်ငံတစ်ဝှန်းဖြစ်ပွားသော တိုက်ပွဲများစွာတွင် ပါဝင်ခဲ့
*  ၁၉၄၇ ခုနှစ် ဗိုလ်ကြီး
*  ၁၉၄၉ ခုနှစ် ဗိုလ်မှူး နှင့် သနက ၃ တွင် ဒုတပ်ရင်းမှူး။ ၄င်းမှတဆင့် အီးကရင်းတပ်ရင်း ၁ တွင် ဒုဗိုလ်မှူးကြီး
*  ၁၉၅၀ ခုနှစ် အီးကရင်း တပ်ရင်း ၂၊ ကယား ၁ တွင် တပ်ရင်းမှူး
*  ၁၉၅၁ ခုနှစ် လက်ထောက်စစ်ရေး စစ်ထောက်ချုပ်
*  ၁၉၅၂ ခုနှစ် စစ်ရာထူးခန့်ချုပ်ရုံးမှ စစ်ရာထူးခန့်အတွင်းဝန်
*  ၁၉၅၉ ခုနှစ် မပခ တိုင်းမှူး၊ ၄င်းမှတဆင့် ဗိုလ်မှူးချုပ်
*  ၁၉၆၁ ခုနှစ် တပ်မဟာ ၁ မှ တပ်မဟာမှူး ၊ ၄င်းမှတဆင့် ရပခတိုင်းမှူး၊ ၄င်းနောက် နမခတိုင်းမှူး
*  ၁၉၆၃ ခုနှစ် ဒုကာကွယ်ရေးဦးစီးချုပ်(ကြည်း)
*  ၁၉၇၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး နှင့် ဒုဝန်ကြီးချုပ်၊ တပ်မတော်ပါတီဥက္ကဌ
*  ၁၉၇၄ ခုနှစ် ဗိုလ်ချုပ်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်ကောင်စီအတွင်းရေးမှူ
*  ၁၉၇၈ ခုနှစ် တပ်မတော်မှအနားယူ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီဝင် ၊ အမျိုးသားစီမံကိန်းဌာန၀န်ကြီး၊ မဆလဗဟိုအလုပ်အမှုဆောင်ကော်မတီအထွေထွေအတွင်းရေးမှူး
*  ၁၉၈၁ ခုနှစ် ပါတီလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဌ ၊ နိုင်ငံတော်ကောင်စီဥက္ကဌ၊ နိုင်ငံတော်သမ္မတ
*  ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင် အနားယူ
*  ၁၉၉၆ ခုနှစ်၊ ဇန္န၀ါရီလ ၂၈ရက်၊ အသက် ၇၈ နှစ်အရွယ်တွင် ကွယ်လွန်သည်။
ဆဌမမြောက်သမ္မတမှာ မွန်ပြည်နယ်၊ ပေါင်မြို့ဇာတိ၊  ဦးစိန်လွင်(၁၉၂၄-၂၀၀၄) ဖြစ်သည်။   ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်မှ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်အထိ သမ္မတအဖြစ် တာဝန်ယူခဲ့သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ -
6*  ၁၉၄၂ ခုနှစ် အလယ်တန်းပြကျောင်းဆရာအဖြစ်မှ ရဟန်းဘ၀သို့ရောက်ခဲ့ပြီးနောက် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ဝင်ရောက်
*  ၁၉၄၃ ခုနှစ် ဗမာ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၁ မှ အရာရှိ
*  ၁၉၄၅ ခုနှစ် တိုင်း ၂ ၊ တပ်ရင်း ၈၃ တွင် တပ်ခွဲမှူးအဖြစ် မြစ်ဝကျွန်ပေါ်ဖက်ဆစ်ဂျပန်တော်လှန်ရး၌ပါဝင်
*  ၁၉၄၆ ခုနှစ် သနက ၄ တွင် တပ်သား
*  ၁၉၄၈ ခုနှစ် ပြန်တမ်းဝင်အရာရှိ နှင့် ပြည်ထဲရေးဌာန၊ တနင်္သာရီတိုင်းမင်းကြီး၏အပါးတော်မြဲ
*  ၁၉၄၉ ခုနှစ် ထားဝယ်တပ်ရင်းမှူး
*  ၁၉၅၀ ခုနှစ် ခလရ ၃ တွင် တပ်ခွဲမှူး
*  ၁၉၅၀-၅၁ ခုနှစ် လကရ ၁ ၏ တပ်ခွဲမှူး
*  ၁၉၅၃-၅၄ ခုနှစ် ချင်းသနက၏ဒုတပ်ရင်းမှူး နှင့် လရက ၁ ၏ဒုတပ်ရင်းမှူး
*  ၁၉၅၇ ခုနှစ် သနက ၄ ၏ တပ်ရင်းမှူး
*  ၁၉၆၂ ခုနှစ် နိုင်ငံတော်အာဏာသိမ်းမှု၏ ကွပ်ကဲရေးခေါင်းဆောင်၊ 7 July ကျောင်းသာအရေးအခင်းတွင် အဓိကရုဏ်းအား အဓိကဖြိုခွဲ
*  ၁၉၆၅ ခုနှစ် ပြည်ထဲရေး၊ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့်ဒေသန္တရအဖွဲ့အစည်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်၊ တရားရေး စသည့် ၀န်ကြီးဌာနများ၏ အတွင်းဝန်
*  ၁၉၆၅-၆၉ ခုနှစ် နတခဒုတိုင်းမှူး
*  ၁၉၇၀ ခုနှစ် အရှေ့ပိုင်းတိုင်းဗျူဟာမှူး
*  ၁၉၇၀-၇၂ ခုနှစ် တိုင်းကြီးကြပ်ရေးဥက္ကဌ
*  ၁၉၇၂-၇၄-၈၀ ခုနှစ် နမခတိုင်းမှူး။ ပါတီလုပ်ငန်းစိစစ်ရေးနှင့်အရေးပေါ်ပါတီညီလာခံ၏ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်။ သမ၀ါယမ၀န်ကြီး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီး (ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဘ၀တွင် သာသနာသန့်ရှင်းတည်တံ့ပြန့်ပွားရေးဌာန၏တာဝန်ခံ)
*  ၁၉၈၁ ခုနှစ် နိုင်ငံတော်ကောင်စီဝင် ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး
*  ၁၉၈၈ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌ နှင့် နိုင်ငံတော်ကောင်စီဥက္ကဌ၊ ၄င်းမှတဆင့် ရှစ်လေးလုံးကာလ ပြည်သူ့လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ကောင်စီဥက္ကဌနှင့်သမ္မတအဖြစ် တင်မြှောက်ခံရ
*  ၂၀၀၄ ခုနှစ်၊ ဧပြီလ ၉ ရက်၊ အသက် ၈၁ နှစ်အရွယ်တွင် ကွယ်လွန်သည်။
*  မြန်မာနိုင်ငံသမ္မတများအနက် သမ္မတသက်တမ်းအတိုဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး၊ ၁၇ ရက်သာ တာဝန်ယူခဲ့သည်။
သတ္တမမြောက်သမ္မတမှာ မန္တလေးမြို့ဇာတိ၊  ဒေါက်တာမောင်မောင်(၁၉၂၅-၁၉၉၄) ဖြစ်သည်။  ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်မှ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်အထိ သမ္မတအဖြစ် တာဝန်ယူခဲ့သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ -
499px-Dr_Maung_Maung*  မန္တလေးဥပစာကောလိပ်တက်ဆဲမှ တပ်မတော်သို့ဝင်။ ဟင်္သာတခရိုင်နှင့်ဗမာ့မျိုးချစ်တပ်မတော်တိုင်း ၁ တွင် တာဝန်ထမ်းဆောင်
*  ၁၉၄၆-၅၀ ခုနှစ် ဘီအယ်လ်ဘွဲ့ရ။ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန သရုပ်ပြဆရာ၊ ဗမာ့ခေတ်သတင်းစာအယ်ဒီတာ၊ ဗမာ့မီးရထားလက်ထောက်အတွင်းဝန်
*  ၁၉၅၀ ခုနှစ် ဗြိတိန်သို့ ပညာတော်သင်စေလွှတ်ခံရ
*  ၁၉၅၃-၅၄ ခုနှစ် အစိုးရရှေ့နေ
*  ၁၉၅၅ ခုနှစ် ဥပဒေသတင်းထောက်
*  ၁၉၅၆ ခုနှစ်၊ ဟော်လန်နိုင်ငံ Utrecht တက္ကသိုလ်မှ နိုင်ငံတကာ L.L.D ဘွဲ့ရရှိ
*  ၁၉၅၈ ခုနှစ် လက်ထောက်ရှေ့နေချုပ်
*  ၁၉၆၀ ခုနှစ် နိုင်ငံရေးသိပ္ပံနှင့်အရှေ့တောင်အာရှနိုင်ငံများလေ့လာရေးပညာရပ်များကို ယေးလ်တက္ကသိုလ်သို့ တက်ရောက်လေ့လာ ။ မော်ကွန်းဝင်ဒုတိယအဆင့်ကို ချီးမြှင့်ခံရ
*  ၁၉၆၂ ခုနှစ် မဆလအမြုတေပါတီ၏ပညာရေးကော်မတီဝင်။ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ။ ၄င်းနောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
*  တော်လှန်ရေးကောင်စီခေတ်တစ်လျှောက်တွင် တရားသူကြီးချုပ်၊ တော်လှန်ရေးအစိုးရအဖွဲ့ဝင် တရားရေးဌာန၀န်ကြီး  အဖြစ် တာဝန်ယူဆောင်ရွက်
*  ၁၉၇၄ ခုနှစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံတော်ကောင်စီဝင်
*  ၁၉၇၅ ခုနှစ် လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယဆင့် ချီးမြှင့်ခံရ
*  ၁၉၈၄ ခုနှစ် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ပထမဆင့် ချီးမြှင့်ခံရ
*  ၁၉၈၈ ခုနှစ် မဆလပါတီဥက္ကဌ၊ နိုင်ငံတော်ကောင်စီဥက္ကဌ နှင့် နိုင်ငံတော်သမ္မတ
*  ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်၊ အသက် ၇၀ အရွယ်တွင် ကွယ်လွန်သည်။
*  မြန်မာနိုင်ငံသမ္မတများအနက် သမ္မတသက်တမ်း၌ ဒုတိယအတိုဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး၊ တစ်လသာ တာဝန်ယူခဲ့သည်။ ၄င်းပြင် အာဏာရှင်ဗိုလ်ချုပ်နေ၀င်း၏လက်စွဲသက်တော်ရှည်အမတ်ကြီးအဖြစ် နီးစပ်လက်တွဲခဲ့သူဖြစ်သည်။
အဌမမြောက်သမ္မတမှာ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာဇာတိ (လက်ရှိသမ္မတ) ဦးသိန်းစိန်(၁၉၄၅-      ) ဖြစ်သည်။  ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပသော ရွေးကောက်ပွဲ၌ အနိုင်ရပြီး သမ္မတဖြစ်လာသည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ -
8*  ကျုံကူးကျေးရွာ ဆရာတော်ဦးကေသရဘုန်းတော်ကြီးကျောင်း၌ မူလတန်း၊ ပုသိမ်မြို့တွင် အလယ်တန်းမှ ဒဿမတန်းအထိ၊ ၄င်းနောက် DSA  ၀င်ရောက်ဖြေဆိုပြီး ပြင်ဦးလွင် စစ်တက္ကသိုလ် အပတ်စဉ် ၉ တွင် တက်ရောက်ခဲ့သည်။ ၁၉၆၇ ခုနှစ် B.A(DSA) ဘွဲ့ရရှိခဲ့
*  နအဖခေတ်တွင် အတွင်းရေးမှူး ၂ ၊ ၄င်းနောက် အတွင်းရေးမှူး ၁
*  ၂၀၀၈ ခုနှစ် ၀န်ကြီးချုပ်
*  ၂၀၁၀ ခုနှစ် ဗိုလ်ချုပ်ကြီးရာထူးမှနှုတ်ထွက်၍ ရွေးကောက်ပွဲဝင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ အဖြစ် တာဝန်ယူ
*  ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလရွေးကောက်ပွဲတွင် အနိုင်ရ၍ နိုင်ငံတော်သမ္မတ ဖြစ်လာ။ ခေါက်ရိုးကျိုးစစ်မှုထမ်းများ နှင့် ဒီမိုကရေစီအုပ်စုအကြား နိုင်ငံရေးခရီးကို ရှေ့ဆက်လျက်ရှိပြီး လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ဟု ကြေငြာခဲ့သည်။
လွတ်လပ်ရေးရရှိချိန်မှ လက်ရှိသမ္မတဦးသိန်းစိန်လက်ထက်အထိ သမ္မတရာထူးကို တရားဝင်ရယူခဲ့သည့် ပုဂ္ဂိုလ်မှာ မြန်မာ့နိုင်ငံရေးခရီး ၆၆ နှစ်တာကာလအတွင်း ၈ ဦးသာ ရှိသေး၏။ ၀ါရင့်နိုင်ငံရေးသမားတို့၏ သုံးသပ်ချက်များအား အောက်ပါအတိုင်း တွေ့ကြရသည်။
ပါလီမန်ဒီမိုကရေစီခေတ်(၁၉၄၈-၁၉၆၂)က ရွေးကောက်တင်မြှောက်ခဲ့သော နိုင်ငံတော်သမ္မတ သုံးဦးသည်ကား ဖွဲ့စည်းပုံ၏အဖြည့်ခံများသာ ဖြစ်ခဲ့ကြသည်။ မြန်မာနိုင်ငံအတွက် ထိထိရောက်ရောက် လောက်လောက်လားလား လုပ်ဆောင်ချက်ဟူ၍ မရှိခဲ့။
မဆလခေတ်(၁၉၇၄-၁၉၈၈)က သမ္မတဖြစ်ခဲ့သော ဦးနေ၀င်း နှင့် ဦးစန်းယုသည်လည်း တစ်ပါတီစံနစ်ဖြင့် အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင်များသာ ဖြစ်ခဲ့ကြ၏။ ၈၈ အရေးအခင်းကာလ၌ ၁၇ ရက်သမ္မတဦးစိန်လွင်သည်လည်း ထူးမခြားနားသာ ဖြစ်၏။ ထို့နည်းတူ နောက်ထပ်တက်လာသော ဒေါက်တာမောင်မောင်သည်လည်း ကတိမျိုးစုံပေးကာ ပြည်သူအား ချွေးသိပ်ခဲ့ရာမှ မင်းမဲ့စရိုက်ထကြွလျက် အုပ်ချုပ်ရေးယန္တရားပျက်စီးကုန်သဖြင့် စစ်တပ်ကိုပင် ပြန်လည် လက်လွှဲပေးခဲ့ရသည်။
လက်ရှိသမ္မတဦးသိန်းစိန်ကမူ စစ်အသိုင်းအ၀ိုင်းမှ တိုးထွက်လာသော်လည်း နာမည်ဆိုးဖြင့်ကျော်ကြားခြင်း မရှိခဲ့၊ သူ့ရှေ့က အုပ်ချုပ်သွားခဲ့သော စစ်အာဏာရှင်ကြီး ဦးသန်းရွှေကဲ့သို့လည်း ဆိုးဝါးကြမ်းတမ်းခြင်း မရှိခဲ့ပေ။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီသည် စစ်တပ်၏ကျောထောက်နောက်ခံအရှိန်အ၀ါဖြင့် မဲမသမာမှုများ ရှိခဲ့ကြောင်း သတင်းကြီးသည်။ ဦးသိန်းစိန်ကိုယ်တိုင်ကလည်း စစ်အာဏာဖြင့်သက်ဦးဆံပိုင်ပဒေသရာဇ်စံနစ်ဖက်သို့ ယိမ်းလိုခဲ့သော ဦးသန်းရွှေ၏ လက်ရင်းလူယုံစာရင်း၌ ပါဝင်နေသောကြောင့် နိုင်ငံတော်၏အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ ဘာသာရေး အစရှိသည်တို့၌ ဦးသန်းရွှေ၏ညွှန်ကြားမှုအောက်တွင် လုပ်ကိုင်ဆောင်ရွက်နေရကြောင်း – ဦးသန်းရွှေမှာ အမည်ခံအားဖြင့် အနားယူသွားသည်ဆိုသော်လည်း သူ၏အစီအမံများက သက်ဝင်လှုပ်ရှားနေဆဲဖြစ်ကြောင်း နိုင်ငံတကာမှပင်သိရှိရိပ်စားမိသည့်အခြေအနေသို့ ရောက်နေ၏။
မည်သို့ပင်ဆိုစေကာမူ ဦးသိန်းစိန်၏သမ္မတသက်တမ်း ကနဦး ၂ နှစ်တာ၌ အပြုသဘောဆောင်သည့် လုပ်ရပ်များစွာ ဆောင်ရွက်ခဲ့သည်။ ဦးသန်းရွှေလက်ထက်က ဖိနှိပ်အကျဉ်းချထားခဲ့သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများစွာကို လွတ်မြောက်စေခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဘက်တော်သားတို့ကို လွှတ်တော်အတွင်းသို့ ၀င်နိုင်ရန် လမ်းဖော်ပေးခြင်း၊ စီးပွားရေးပိတ်ဆို့မှုများကို အာမခံချက်များဖြင့် ပွင့်လှစ်စေခြင်း၊ အနောက်နိုင်ငံများနှင့်ဆက်ဆံရေး တင်းမာနေခဲ့ရာမှ အမြင်ပြောင်းလဲစေခြင်း၊ စာနယ်ဇင်း/မီဒီယာနှင့်အသင်းအဖွဲ့လွတ်လပ်မှု၌ ထင်ထားသည်ထက် လျှော့ပေါ့ပေးခြင်း၊ နိုင်ငံတကာဆက်ဆံရေးကို မြှင့်တင်ခြင်း၊ လာဘ်ပေးလာဘ်ယူကိစ္စများတွင် အာရုံစိုက်တုန့်ပြန်လာခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့နှင့် ပိုမိုပြေလည်မှုရအောင် ကြိုးပမ်းနေခြင်း စသည်တို့ ဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံတကာ၏ချီးကျူးမှုကို ခံရကာ – ဦးနေ၀င်းမှ ဦးသန်းရွှေခေတ်ကာလ အခြေအနေများနှင့် နှိုင်းစာလျှင် ပြည်သူများအဖို့ များစွာအသက်ရှူချောင်ခဲ့သည်။
သို့ပါသော်လည်း စစ်တပ်တစ်ပိုင်းအရပ်သားတစ်ပိုင်း အစိုးရဖြစ်နေသေးသည့်အတွက် မီးစတစ်ဖက် ရေမှုတ်တစ်ဖက် စံနစ်ဝါဒအား တွေ့မြင်နေရသည်။ ၂၀၁၂ ခုနှစ်အလွန်တွင်တော့ အကျည်းတန်မှုများ ချဉ်းနင်းဝင်ရောက်လာကြသည်။ ဒီမိုကရေစီလမ်းကြောင်းသို့မောင်းနှင်နေသည့်တိုင်အောင် စစ်တပ်၏လွှမ်းမိုးထိန်းချုပ်မှုအား မပယ်လှန်နိုင်သေး။ တရားဥပဒေစိုးမိုးမှုမှာ မထိရောက်သေး။ တရားစီရင်ရေးကဏ္ဍတွင်လည်း ဥပဒေကြောင်း၏ဘောင်အတွင်းသို့ တင်းပြည့်ကြပ်ပြည့် မရောက်ရှိသေး။ တိုင်းပြည်၏သယံဇာတယိုပေါက်များကို မပိတ်ဆို့နိုင်သေး။ အာဏာရှင်ဟောင်းအသိုင်းအ၀ိုင်းများနှင့် ၄င်းတို့၏လက်ဝေခံများအတွင်းရှိ ခရိုနီတို့၏ လက်ဝါးကြီးအုပ်ထားမှုကို မဖယ်ထုတ်နိုင်သေး။ စစ်အုပ်ချုပ်ရေးအဆက်ဆက်က ချမှတ်ကျင့်သုံးခဲ့သော ဘာသာရေး၊ လူမျိုးရေး နှင့် လူ့အခွင့်အရေးတို့အပေါ် မူဝါဒဆိုင်ရာ အချို့ဖော်မြူလာများကိုလည်း လက်ကိုင်ထားဆဲ-အကောင်အထည်ဖော်နေဆဲ။ နိုင်ငံတကာမှ ရှုတ်ချဖွယ်ရာ လုပ်ရပ်ဆိုး၊ စိတ်ဓာတ်ဆိုး၊ အတွေးဆိုး၊ အမြင်ဆိုး၊ အကြံဆိုးများစွာကို အဆုံးမသတ်နိုင်သည်သာမက ထင်ရာစိုင်းဥပဒေမဲ့ကိစ္စများ၊ မဟာဗမာလူမျိုးကြီးဝါဒ၊ ဘာသာရေးဘက်လိုက်မှု၊ မျက်ကန်းမျိုးချစ်အယူအဆများ၊ အယူသည်းမှုများ၊ ငါတကောကောခြင်းများမှာ ပို၍ပင် ကြီးထွားလာခဲ့သည်။ သမ္မတဦးသိန်းစိန်၏ ကမ္ဘာသိ ကတိက၀တ်များကိုလည်း စစ်တပ်အပါအ၀င် သူ၏အစိုးရအဖွဲ့ဝင်များမှ အလေးမထားကြ – လက်တွေ့ဖြည့်ဆည်းဆောင်ရွက်မှုကို ပီပြင်စွာ မမြင်ရသေးချေ။ မိမိသည် နောက်ကြောင်းပြန်လှည့်မည် မဟုတ်ဟု ကြွေးကြော်ထားသည့်တိုင် နောက်ပြန်ဆုတ်မည့်အနေအထားများအား လက်ယပ်ခေါ်နေသကဲ့သို့ ဖြစ်နေသည်။ လူနည်းစုအရေးကို ဥပေက္ခာပြုထားကြဆဲ။ တိုင်းရင်းသားဖြစ်မှု နှင့် နိုင်ငံသားဖြစ်မှုအပြင် ဘာသာရေး၊ လူမျိုးရေးနှင့် အမျိုးသားရေးတို့ကို ရောထွေးစွာ သတ်မှတ်၍ မပြီးနိုင်ကြ – မကွဲပြားသဖြင့် ပြည်သူ့ဆန္ဒမဲတွင် ပြဿနာ၏အငွေ့အသက်က ၀န်းရံနေသည်။ နိုင်ငံတော်၏ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုလည်း ပြီးမြောက်အောင် မရေးဆွဲနိုင်သေးသည်သာမက ဒီမိုကရေစီနည်းကျလမ်းကြောင်း၏ပုံစံ မပေါ်လွင်လာသေး။ သို့ဖြစ်ရာ အနာဂတ်မြန်မာ့နိုင်ငံရေးက မှုန်ဝါးဝါးပန်းချီကားတစ်ချပ်နှယ် ဖြစ်နေပေ၏။ ဦးသိန်းစိန်က အနားယူတော့မည်ဟု ဆိုထားသောကြောင့် သူ၏သမ္မတသက်တမ်းမှာ ၂ နှစ်ဝန်းကျင်သာ ကျန်ရှိတော့သည်။ လက်ရှိအခြေအနေမှာ သူ့ထံတွင် ရာထူးတာဝန် နှင့် လုပ်ပိုင်ခွင့်အာဏာစက်က တစ်သားတည်းဖြစ်မနေ။ ဤကာလအတွင်း သူ၏ခံယူချက်၊ သူ၏ရှေ့ဆက်ခြေလှမ်းများနှင့်ပတ်သက်၍ နောက်ကွယ်မှနှောင်ကြိုးများကို ရှင်းလင်းမည်လော – ဇာတ်ဆရာအလိုကျ ဆက်က,သွားမည်လောဟူသည့်အချက်မှာ ယခင်သမ္မတဟောင်း ၇ ဦးထက်ပင် စိတ်ဝင်စားစရာ ကောင်းနေတော့သည်။
တဖန် ဒေါ်အောင်ဆန်းစုကြည် နှင့် သူရဦးရွှေမန်း နှစ်ဦးလုံးက သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမည်ဟု လူသိရှင်ကြား ဆိုနေကြပြီ။ များမကြာမီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (နှင့်) အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၏ အားပြိုင်မှု အရှိန်ပြင်းကြီးမားလာတော့မည်။ သီးသန့်နိုင်ငံရေးပါတီတစ်ရပ်ရပ် ထပ်မံပေါ်ထွက်နိုင်ခြင်းရှိမရှိကိုလည်း မည်သူမျှ တပ်အပ်မပြောနိုင်။ မည်သည့်ဖက်မှ အပြတ်အသတ် အနိုင်ရစေကာမူ ညွှန့်ပေါင်းအစိုးရဖွဲ့ရမည့် အနေအထားရှိနေ၏။ မက်လုံးပေးမှုမည်မျှကောင်းကောင်း သူရဦးရွှေမန်းမှာ ခေတ်အဆက်ဆက် အာဏာရှင်တို့၏လက်ဝေခံမျိုးဆက်ထဲက ဖြစ်နေသောကြောင့် မြန်မာပြည်သူများမှ ကောင်းစွာ မယုံစားရဲကြ။ ဒေါ်အောင်ဆန်းစုကြည်သည် ခွဲခြားနှိမ့်ချဆက်ဆံတတ်သူ မဟုတ်သော်လည်း မကြာသေးမီက ရုပ်ပျက်ဆင်းပျက်ဖြစ်ပွားခဲ့သည့် အကျည်းတန်ကမ္ဘာကျော်ကိစ္စများ၌ လူ့အခွင့်အရေး၊ တရားမျှတရေး၊ လူသားချင်းစာနာထောက်ထားရေးတို့နှင့် ပတ်သက်ပြီး နှုတ်ဆိတ်လျက် စစ်အုပ်စုများနှင့်အဆင်ပြေအောင်သာ အားထုတ်နေသည့်အပေါ် သူမ၏ပုံရိပ်ကောင်းက တဖြည်းဖြည်းကျဆင်းလာနေသည်။ ကျွဲနှစ်ကောင်ခတ်သည့်အကြား အဘယ်သူတို့ မြေစာပင် ဖြစ်ကြဦးမည်နည်း ? ဘုရားပြီးငြမ်းဖျက်ဇာတ်လမ်းများ နားဆင်ကြရဦးမည်လော ?
ဆက်၍ဆိုရပါလျှင် မြန်မာပြည်သူပြည်သားတို့အတွင်း ကိန်းဂဏန်းနံပါတ်များ၊ အတိတ်နိမိတ်ကောက်ခြင်းများ၊ ယတြာနှင့်ဓာတ်ဆင်ဓာတ်ရိုက်ကိစ္စများ စသည်တို့တွင် ကြောက်ခမန်းလိလိ အယူသည်းအစွဲကြီးလွန်းလေရာ – ထိုသူတို့၏အယူအဆနှင့်ဥပါဒါန်၌ ၉ (န၀မ) ဂဏန်းသည် အထွဋ်အထိပ်အနေအထား ဖြစ်နေသည်။ ဆင်ခြင်တုံတရားအား လက်ကိုင်မပြုကြသဖြင့် ဆရာစံတော်လှန်ရေးတုန်းကလို ဥပါဒါန်ကြောင့် ဥပါဒ်သင့်ရပေါင်းလည်း မနည်းတော့။ သို့တိုင် အမှတ် မရှိကြသေး။ သူတစ်ပါး၏ပြုပြင်ပြောင်းလဲမှုကို တွေ့ချင်၊ မြင်ချင်၊ လိုချင်ကြသော်လည်း မိမိကိုယ်ကို ဦးစွာပြုပြင်ပြောင်းလဲရန်ကိုမူ မေ့လျော့လျက်ရှိနေကြသည်။ ကျွန်ုပ်တို့အတွက် သမိုင်းထဲတွင် မရေတွက်နိုင်သော သင်ခန်းစာများ ရှိပါသည်။ သင်ခန်းစာများကို သမိုင်းရာဇ၀င်ထဲ ပြန်လည်ပစ်မသွင်းလိုက်ကြဖို့ အရေးကြီးသည်။ အနာဂတ်အတွက် ပြဒါးတိုင်အဖြစ် အမြင်ရှိဖို့ လိုအပ်ပေသည်။ မြန်မာ့နိုင်ငံရေးသမိုင်းလမ်းကြောင်းသည် အမှန်တကယ် နောက်ပြန်မလှည့်ခဲ့ပါက လာလတ္တံ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်၏သမ္မတမှာ န၀မမြောက် ဖြစ်ပါတော့မည်။ သို့ဖြစ်၍ ကိုးဂဏန်းအပေါ် အယူကြီး အစွဲပြင်းထန်လှစွာသော မြန်မာပြည်သူပြည်သားများအဖို့ န၀မမြောက်သမ္မတနေရာတွင် မည်သို့သော လူစားမျိုး တက်လာမည်နည်း၊ ကောင်းသည့်နိမိတ်လက္ခဏာလော၊ အပိုင်းပိုင်းအစိပ်စိပ်ကွဲထွက်ပျက်စီးမည့် သင်္ကေတလောဟု အတွေးပင်လယ်ထဲ နစ်မျောနေသည်ထက် ပိုမိုလက်တွေ့ကျသည့်ဖက်သို့ ဦးတည်ကြစေလိုပါသည်။ အဆုံးအဖြတ် ဟူသည်ကို အချိန်ကသက်သေပြသွားမည်ဖြစ်သကဲ့သို့ ကျွန်ုပ်တို့လူသားများနှင့်လည်း တိုက်ရိုက်သက်ဆိုင်နေကြောင်း သတိချပ်နိုင်ကြပါစေ။
( သြရသ ရေချမ်း )
* ကိုးကားချက်များ *
၁။ ကုန်းဘောင်ရှင်းတမ်း (မောင်သန်းဆွေ-ထားဝယ်)
၂။ ကုန်းဘောင်မင်းဆက်ရုပ်ပုံလွှာ (တင်နိုင်တိုး)
၃။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၈၊ ၄၊ ၁၄
၎။ ခေတ်ရေစီးထဲကပုဂ္ဂိုလ်များ (သမိုင်းသုတေသနဦးစီးဌာန၊ နေပြည်တော်)
၅။ “နိုင်ငံတော်သမ္မတများ” ဆောင်းပါး (အောင်စွမ်း၊ Norhtern Star ဂျာနယ်၊ ၆.၉.၂၀၁၂)
၆။ မြန်မာ့နိုင်ငံရေးသုံးသပ်ချက်ဆိုင်ရာ နိုင်ငံတကာသတင်းနှင့်ဆောင်းပါးများ (အင်တာနက်)
၇။ မြန်မာပြည်တွင်း သတင်းနှင့်အတင်းများ (အင်တာနက်)

-- 

May Peace Be Upon You
Regards,
Ruby