This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, August 2, 2013

ဖားအံရေဘေးသင့်ပြည်သူ ၆ထောင်ကျော် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရဆဲ

(ကေအိုင်စီ)

မိုးရွာသွန်းမှုကြောင့် ရေကြီးနေသည့် ကရင်ပြည်နယ်၊ ဖားအံမြို့၌ ယခုချိန်ထိ ရေဘေးသင့်ပြည်သူ ၆ထောင် ကျော်သည် အိမ်မပြန်နိုင်ကြသေးဘဲ သက်ဆိုင်ရာမြို့အာဏာပိုင်များ ဖွင့်ထားသည့် ကယ်ဆယ်ရေးစခန်း ၁၃ခု တွင် ဆက်လက်ခိုလှုံနေရဆဲဖြစ်သည်ဟု သိရသည်။

ဇူလိုင် ၁၉ရက်နေ့မှစ၍ ဖားအံမြို့ရှိ အမှတ်(၁)၊ (၂)၊ (၅)နှင့် (၉)ရပ်ကွက်တို့တွင် အပြင်းအထန် မိုးရွာသွန်းခဲ့ သလို သံလွင်မြစ်ရေလျှံမှုများဖြစ်ပေါ်ခဲ့ရာမှ နေအိမ်ရေမြုပ်နေသည့် မြို့ခံလူထုများသည် လွတ်မြောက်ရာ ကုန်းမြင့်နေရာများသို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြရခြင်းဖြစ်သည်။

လက်ရှိ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရသည့် ရေဘေးသင့် မြို့ခံပြည်သူ အိမ်ထောင်စု ၁,၂၉၇ စုအနက် လူဦးရေ ၆,၈၁၆ဦး ရှိပြီး ၎င်းတို့ကို အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့(NGOs)များနှင့် ကရင်အမျိုး သားအစည်းအရုံး(KNU)တို့ ကူညီထောက်ပံ့ပေးခဲ့သည်ဟု ဖားအံမြို့ ရွှေရည်မျှော် ရေဘေးကယ်ဆယ်ရေးစခန်း တွင် ရောက်ရှိနေသည့် ဖားအံမြို့၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်က ပြောဆိုသည်။

“ရွှေရည်မျှော်မှာ ရေဘေးသင့်ပြည်သူတွေ ၁၉ရက်နေ့ကတည်းက ရောက်လာကြတယ်။ အဲဒီနေ့ကစပြီးတော့ အစိုးရအဖွဲ့က လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာနနဲ့ NGOs အဖွဲ့က Save The Children ကနေပြီး လူသုံးကုန် ပစ္စည်းတွေ၊ အိုးခွက်ပန်းကန်တွေ လာလှူတယ်။ တစ်မိသားစုကို တစ်အိတ်ပေးတယ်”ဟု ပြောသည်။

ရွှေရည်မျှော် ကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့် အမျိုးသမီးဖြစ်သူ မဖြူကလည်း “ကျမတို့ကို လာကူတာ KNU ဆိုရင် ခေါက်ဆွဲဖာ၊ ရေသန့်ဗူး၊ ဆန်အိတ် ငါးဆယ် ကူညီခဲ့တယ်။ အာဒရာမြန်မာ NGO အဖွဲ့က ခေါက်ဆွဲ ခြောက်ဖာတွေ လာကူတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ရေဘေးသင့်ပြည်သူများကို ကူညီစောင့်ရှောက်ရန် အရံ မီးသတ်ကားများ ထားရှိမှုရှိသလို ကျန်းမာရေးအတွက် ဆေးသူနာပြုဆရာမအချို့ ထားရှိပြီး လတ်တလော ဆိုးရွားသည့် ရောဂါဖြစ်ပွားမှုမရှိကြောင်း သိရသည်။

အမှတ်(၂)ရက်ကွက် ဆယ်အိမ်စုမှ မစီက “ဒီရေဘေးဒုက္ခသည်စခန်းမှာ ရိက္ခာခြောက်တွေလာကူညီတာရှိတော့ သိပ်တော့ အခက်အခဲမရှိဘူး။ ဒါပေမယ့် အခု ရေကြီးတာ ကျမတို့ အိမ်ခေါင်းမိုးတောင် မပေါ်တော့ဘူး။ အိမ်က ကွင်းပြောင်မှာ၊ (သံလွင်)မြစ်နဲ့လည်း နီးတော့ အိမ်တွေ ရေထဲမှာ မျှောပါသွားမှာ စိုးတယ်”ဟု ဆိုသည်။

လက်ရှိ ဖားအံမြို့တွင် ဖွင့်ထားသည့် ရေဘေးကယ်ဆယ်ရေး ၁၃ခုတို့မှာ မြို့နယ်အားကစားရုံ၊ ကြားတောရ ဘုန်းကြီးကျောင်း၊ အထက(၁) မြကြေးမုံဆောင်၊ ရွှေရည်မျှော်ဘုရား၊ အစ္စလမ်စာသင်ကျောင်း၊ အထက (၃)၊ အလက(၃)၊ အမက(၆)၊ အောင်သံလွင်အားကစားကွင်း၊ လှာကန်ကျေးရွာမှ ဓမ္မရာတီဘုန်းတော်ကြီးကျောင်း၊ အမှတ်(၅)ရက်ကွက်မှ ပရဟိတကျောင်း၊ လှာကန်အမက(၂)နှင့် အမှတ်(၉)ရက်ကွက်မှ ပြည်နယ်ကမ္မဌာန်း ကျောင်း စသည့်နေရာတို့ ဖြစ်သည်။

ကရင်ပြည်နယ်၊ ဖားအံမြို့သည် နှစ်စဉ်မိုးရာသီအတွင်း၌ မြေနိမ့်ပိုင်းတွင်ရှိသော ရပ်ကွက်များသည် ရေလွှမ်း မိုးမှုများ ဖြစ်ပေါ်ခဲ့ရာ ယခု ၂၀၁၃ခုနှစ်၊ ဖားအံမြို့ ရေလွှမ်းမိုးမှုသည် ယခင်နှစ်များထက် ကြီးမားကာ ယမန်နေ့ ဇူလိုင်လ ၃၁ရက်နေ့ ညနေအထိ ဖားအံမြို့၏ စိုးရိမ်ရေအမှတ်မှာ ၈၇၀ စင်တီမီတာ ရှိသည်ဟု အစိုးရက သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုရက်ပိုင်းအတွင်း ဆက်တိုက်မိုးရွာသွန်းမှုကြောင့် ကရင်ပြည်နယ်ရှိ ဖားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြ၀တီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။

မိခင်နို့တိုက် အမျိုးသမီးများ ရင်သားနှင့် သားအိမ် ကင်ဆာ ဖြစ်ပွားနှုန်း လျော့ကျနိုင်ဟုဆို

YTalk

ရန်ကုန်၊ သြဂုတ် ၁

မိခင်နို့တိုက်ကျွေးသော အမျိုးသမီးများသည် အခြားအမျိုးသမီးများထက် ရင်သားနှင့် သားအိမ်ကင်ဆာ ဖြစ်ပွားနှုန်း လျော့ကျနိုင်သည်ဟု ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ အခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကြေညာချက်ကို သြဂုတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာ့ မိခင်နို့တိုက်ကျွေးရေးနေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“အမျိုးသမီးတစ်ယောက်က ကလေးမွေးပြီးတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်က သားအိမ်နဲ့ အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှုံ့ဆော်မှု နည်းသွားပြီး ဦးနှောက်ကို ပိုလှုံ့ဆော် ဖြစ်တယ်။ ရင်သားကင်ဆာ လျော့တာကလည်း ကလေးမွေးပြီး နို့တိုက်တဲ့ အချိန်မှာ ရင်သားဟော်မုန်း အပြောင်းအလဲတွေ ဖြစ်တဲ့အတွက် ကင်ဆာတွေ ဖြစ်နိုင်ခြေ နည်းသွားတာပါ” ဟု သားဖွားနှင့် မီးယပ်အထူးကုဆရာဝန် ဒေါက်တာဝင်းကိုက ရှင်းပြသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးထု အကြားတွင် ဖြစ်ပွားသော ကင်ဆာများတွင် ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းသည် အမြင့်ဆုံးဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းသည် ဒုတိယအများဆုံး ဖြစ်ကြောင်း WHO ကို ကိုးကားကာ ဆရာဝန်များက ပြောကြားသည်။

မိခင်နို့ရည်သည်သာ မွေးကင်းစ ကလေးငယ်များအတွက် အကောင်းဆုံး ဖြစ်သောကြောင့် မွေးပြီးခြောက်လအထိ တိုက်ကျွေးရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ညွှန်ကြားထားသည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် National Institute of Health ၏ မြန်မာနိုင်ငံ၏ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်း သုတေသနစာတမ်းတွင် ကလေးခြောက်ဦးနှင့်အထက် မွေးခဲ့ဖူးသော မိခင်လောင်းများ၏ သုံးပုံတစ်ပုံကမူ ကလေးလေးဦးအောက် မွေးခဲ့ဖူးသော မိခင်လောင်းများထက် ရင်သားကင်ဆာ ဖြစ်ပွားနှုန်း ပိုများကြောင်း၊ ကလေးတစ်ကြိမ် မွေးဖွားဖူးသော အမျိုးသမီးများအနက် အသက် ၃၀ နှစ်ကျော်မှ ပထမဆုံး ကလေးမွေးဖွားဖူးသော အမျိုးသမီးများသည် ရင်သားကင်ဆာ အန္တရာယ် ပိုရှိကြောင်း ဖော်ပြထားသည်။

The Voice Weekly

ရန်ကုန်မြို့ကို မြ၀တီလမ်းကြောင်းကနေ ထိုင်းကုန်စည်အ၀င် ပြတ်တာက်နေတာ သုံးရက်ရှိသွားပြီ


ရေကြီးမှုကြောင့် ရန်ကုန်တွင် ထိုင်းစားသောက်ကုန် ပြတ်လပ်

ထိုင်းနိုင်ငံနယ်စပ် ကရင်ပြည်နယ်မှာ ကားလမ်းရေကျော်တာတွေဖြစ်ပြီး ကုန်းစည်စီးဆင်းမှု မရှိတဲ့အတွက် ရန်ကုန်မှာ ထိုင်းနိုင်ငံထုတ် စားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မိုးရွာတာ များတဲ့အတွက် ထိုင်းနိုင်ငံနယ်စပ် မြ၀တီကုန်သွယ်ရေးလမ်း တောင်ပြိုပြီး ကရင်ပြည်နယ်အတွင်း မြ၀တီအပါအ၀င် မြို့အချို့မှာ ကာလမ်းရေကျော်တာတွေ ဖြစ်နေတာကြောင့် ကုန်ကားတွေ အချိန်မီမရောက်နိုင်ဘဲ ရန်ကုန်မှာ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်တွေ ပြတ်လပ်တော့မယ့် အခြေအနေဖြစ်နေပါတယ်။

ရန်ကုန်မြို့ မြေနီကုန်း အမ်ဒီ စတိုးဆိုင်ပိုင်ရှင်က “အမ် ၁၅၀၊ လစ်ပိုတို့ဘာတို့ ကျနော်တို့မှာ လုံးဝ ရောင်းစရာတောင် မရှိဘူး။ ကုမ္ပဏီကို ဘာကြောင့် မရောင်းတာလဲ စုံစမ်းကြည့်တော့ ဟိုမှာ ပစ္စည်းပြတ်နေပြီ။ ဒီဘက်က ကုန်သည်တွေက လုပ်တာလား၊ ကျနော်တို့လည်း စဉ်စားလို့မရဘူး။ ဒါပေမယ့် ပစ္စည်းကတော့ လုံးဝ မ၀င်တာ သေချာတယ်” လို့ ပြောပါတယ်။

လူသုံးကုန်ပစ္စည်းတွေကတော့ ဈေးနှုန်းအနည်းငယ်သာ ပြောင်းလဲသေးတယ်လို့ မင်္ဂလာဈေးမှာ အလှကုန်ဖြန့်ဖြူးနေတဲ့ မနီလာက ပြောပါတယ်။

“ရှိနေတဲ့ ပစ္စည်းကိုပဲ ရောင်းဝယ်နေကြတယ်။ ဟိုဘက်က ပစ္စည်း လုံးဝမဆင်းဘူး။ အတက်အကျတော့ အများကြီးမရှိဘူး၊ နည်းနည်းပါးပါးပဲ ရှိတယ်။ မှီအောင် လိုက်ရောင်းနိုင်တဲ့ အခြေအနေပဲ ရှိတယ်၊ အရောင်းအ၀ယ်လည်း ပါးတယ်။ တယောက်နဲ့ တယောက်က အဆင်ပြေအောင် ရောင်းနေကြတာပဲရှိတယ်။ အရင်တုန်းကဆို သုံးလေးရက်ပေါ့။ အခုတော့ တော်တော်ကြာမယ်လို့ ပြောနေကြတာပဲ။”

လက်ရှိဖြစ်နေတဲ့ ကားလမ်းအခြေအနေကို မြ၀တီ-ဘားအံ-ရန်ကုန်လမ်းမှာ ကုန်အကြိုအပို့လုပ်နေတဲ့ ကိုကျော်မင်းစိန်က “ကျနော်တို့ဆီမှာ ရေက ထပ်ပြီး တက်နေတာကိုး။ အရင်တုန်းက ဖြစ်ဖူးတာတော့ တောင်ပြိုလို့ လမ်းကြောင်းပိတ်တယ်။ တပတ်နှစ်ပတ်လောက် ရှင်းပြီးတာနဲ့ လမ်းပွင့်သွားတယ်။ အခု လုံးဝ အသွားအလား ဆိုင်ကယ်လောက်ပဲ သွားတာလာတာ ရှိတယ်။ ကားတွေက သောင်တင်နေတယ်။ တောင်ပေါ်ကားလမ်းက အခုမှ ရှင်းနေတော့ တပတ် နှစ်ပတ်လောက် ကြာဦးမယ် ထင်တယ်” လို့ ပြောပါတယ်။

ဒီနေ့အထိ ရန်ကုန်မြို့ကို မြ၀တီလမ်းကြောင်းကနေ ထိုင်းကုန်စည်အ၀င် ပြတ်တာက်နေတာ သုံးရက်ရှိသွားပြီ ဖြစ်ပါတယ်။

 by မျိုးဇော်လင်း  (ဒီဗွီဘီ)

Thit Htoo Lwin - News

မွေးမြူရေး အစားအစာနဲ့ နို့ထွက်ပစ္စည်းလုပ်ငန်းက ပုဂ္ဂလိကလုပ်ငန်းရှင် ၁၀ ဦးဆီက နောက်ထပ် အကြွေးကျန်ပမာဏ ကျပ်သန်းပေါင်း ၁၃,၂၂၀.၅၄၉ ကို ဒီနေ့ကစပြီး ဩဂုတ်လ ၃၁ ရက် နောက်ဆုံးထားပြီး ပေးဆပ်သွားဖို့ ကြေညာချက်ထုတ်ပြန်

လုပ်ငန်းရှင် ၁၀ ဦး၏ ကြွေးကျန်စာရင်း မွေးမြူရေ၀န်ကြီးဌာန ကြေညာ

မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက သူတို့ကို အကြွေးပေးရန်ရှိနေတဲ့ ပုဂ္ဂလိက မွေးမြူ ရေးလုပ်ငန်းရှင် ၁၀ ဦးရဲ့ ကြွေးကျန်စာရင်းကို ဒီနေ့မှာ ထပ်မံကြေညာလိုက်ပါတယ်။

မွေးမြူရေး အစားအစာနဲ့ နို့ထွက်ပစ္စည်းလုပ်ငန်းက ပုဂ္ဂလိကလုပ်ငန်းရှင် ၁၀ ဦးဆီက နောက်ထပ် အကြွေးကျန်ပမာဏ ကျပ်သန်းပေါင်း ၁၃,၂၂၀.၅၄၉ ကို ဒီနေ့ကစပြီး ဩဂုတ်လ ၃၁ ရက် နောက်ဆုံးထားပြီး ပေးဆပ်သွားဖို့ ကြေညာချက်ထုတ်ပြန်လိုက်တာပါ။

သတ်မှတ်ကာလရက်အတွင်းမှာ လုပ်ငန်းရှင် ၁၀ ဦးအနေနဲ့ ကြွေးကျန်တွေကို မဆပ်နိုင်ဘူးဆိုရင် ဝန်ကြီးဌာနက စာချုပ်ပါစည်းကမ်းဖောက်ဖျက်မှုနဲ့ တရားစွဲဆိုသွားမှာပါ။

မွေးမြူရေး အစားအစာနဲ့ နို့ထွက်ပစ္စည်းလုပ်ငန်းက တာဝန်ရှိသူ ဒေါ်သင်းသင်းဝါက “ လူကြီးတွေက ဥပဒေအရပဲ ဆောင်ရွက်မှာပါ။ အထက်အကြီးအကဲတွေက အချိန်နဲ့ အမျှ အခြေအနေရ ပြောင်းလဲနေတော့လေ။ ဥပဒေအရပဲ တောင်းတာပါ။ ကျမတို့က စာချုပ်တွေ ချုပ်ထားပါတယ်၊ ရှေ့နေချုပ်ရုံးရဲ့ သဘောတူညီချက်နဲ့ စာချုပ်ချုပ်ထားတာပါ။ စာချုပ်မှာလည်းပါတယ်” လို့ ပြောပါတယ်။

ကြွေးကျန်ပေးဖို့ရှိတဲ့ လုပ်ငန်းရှင် ၁၀ ဦးဟာ မြေဩဇာ၊ ငါးစာနဲ့ ကြက်၊ ဝက်တွေဝယ်ယူဖို့အတွက် ချေးယူထားကြတာပါ။

ကြွေးကျန်လုပ်ငန်းရှင် ၁၀ ဦးထဲမှာပါတဲ့ တိရစ္ဆာန်အညစ်အကြေးတွေကနေ မြေဩဇာလုပ်ငန်းလုပ်ကိုင်တဲ့ လုပ်ငန်းရှင်  ဦးမျိုးမင်းသိန်းက  “မိုးခေါင်တယ်၊ ရေကြီးတယ်။ ဆက်တိုက်ဖြစ်လာတဲ့ဟာတွေပါ။ တောင်သူတွေဆီမှာ ကျနော်တို့ ဆုံးရှုံးတာတွေပေါ့နော်။ တကယ် အခက်အခဲဖြစ်တဲ့ တောင်သူတွေဆီက တင်ပြချက်တွေအတိုင်းပဲ ကျနော် ပြန်လည် တင်ပြပါတယ်။ ဒါပေမယ့် မျက်ကွယ်ပြုတာလား မသိဘူး။ ဒီသမ္မတကြီးက တောင်သူလယ်သမားတွေကို အကူအညီပေးဖို့ဆိုပြီး အစီအစဉ်တွေ အများကြီး ဆွဲနေပေမယ့်လည်း တောင်သူတွေနဲ့ ကျနော်တို့ ကြွေးရှိ ရင်ဆိုင်နေရတဲ့ ကုမ္ပဏီတွေကိုလည်း ဒီလိုမျိုး တရားစွဲမယ်ဆိုရင် ကျနော်တို့အနေနဲ့ကလည်း ကျနော်တို့ ဖြန့်ချိထားတဲ့ လက်အောက် ကိုယ်စားလှယ်တွေကို တရားစွဲရမှာပဲ။ လက်အောက် ကိုယ်စားလှယ်တွေက တောင်သူတွေကို တရားပြန်စွဲရမှာပဲ။ မဖြစ်သင့်တာတွေ ဖြစ်သွားမှာပေါ့” လို့ ပြောပါတယ်။

ဝန်ကြီးဌာက ကြွေးကျန်ရှိတဲ့ လုပ်ငန်းရှင်တွေကို ၁ လ အချိန်ပေးတာ နည်းပါးလွန်းတဲ့အတွက် အချိန်ထပ်တိုးပေးရင် အဆင်ပြေနိုင်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး သမ္မတဆီကို တင်ပြသွားဖို့ရှိပြီး ဒီကိစ္စဟာ လွှတ်တော်ဘက်ကလာတာဖြစ်တဲ့အတွက် လွှတ်တော်ဘက်က လျှော့ပေါ့ပေးရင် ဝန်ကြီးဌာဘက်ကလည်း မလိုက်လျောနိုင်စရာမရှိဘူးလို့ သက်ဆိုင်ရာဝန်ကြီးဌာနက ပြောတယ်လို့ သိရပါတယ်။

မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနအနေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင် စုစုပေါင်း ၇၅ ယောက်ဆီကနေ ကြွေးကျန် ကျပ်သန်း ပေါင်း ၂၈,၆၈၄ ဒဿမ ၇၄၄ ရဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက နိုင်ငံပိုင်သတင်းစာတွေမှာ ကြွေးဆပ်ဖို့ ကြေညာခံရတဲ့ လုပ်ငန်းရှင် ၄၃ ဦးထဲက ၂ ဦးဟာ ကြွေးကျန်တွေ လာဆပ်သွားပြီလို့ သိရပါတယ်။

by ယုဇနကိုကို  (ဒီဗွီဘီ)

Thit Htoo Lwin - News

နေပြည်တော်အမြန်လမ်းမကြီးကို ဖောက်တုန်းက ဂမ္ဘီရအစီအမံတွေ တလွှဲတချော်သုံးခဲ့မိတာများ ရှိလေမလား

နေပြည်တော်အဝေးပြေးလမ်းမှာ နာနာဘာဝတွေ ရှိနေသလား

မေစစ်ပိုင်

နေပြည်တော်နဲ့အတူ ပေါ်လာတဲ့ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးပေါ်မှာယာဉ်မတော်တဆမှုတွေနဲ့ ကြုံကြိုက်တဲ့အခါ ခါတိုင်းတော့ အိပ်ငိုက်တဲ့ယာဉ်မောင်းသူ၊ စနစ်မကျတဲ့ လမ်းမကြီး ဖောက်လုပ်ရေး ဆောင်ရွက်ခဲ့သူ တို့ကို မကြာခဏ အပြစ်ပုံကြပါတယ်။

အခုတော့ အပြစ်ဖို့စရာတခု ထပ်တိုးလာပါပြီ။ အဲဒါကတော့ မကောင်းဆိုးဝါးတွေ၊ နာနာဘာဝတွေ ဖြစ်ပါတယ်။

ရွှေလီဦး အဝေးပြေးကားအသင်း ယာဉ်မောင်းတဦးဖြစ်တဲ့ စိုင်းဘခိုင်ကတော့ အမြန်လမ်းမကြီးပေါ် ပုံမှန်ဖြတ်သန်းနေကြဖြစ်တဲ့ ကားသမားတချို့ဟာ ပရလောကသူ၊ ပရလောကသား တို့နဲ့ မတွေ့ချင်ဘဲ တွေ့ခဲ့ရတယ်လို့ ဧရာဝတီကို အခုလို ပြောပြပါတယ်။

“အသိ ကားသမားတချို့ကတော့ နာနာဘာဝတွေရဲ့ နှောင့်ယှက်တာကို ခံရတယ်လို့တော့သိရတယ်၊ ကိုယ်တိုင်တော့ မကြုံဖူးသေးပါဘူး၊ အမြန်လမ်းပေါ်မောင်းရင်တော့
တော်တော်လေး ဂရုစိုက်ပြီးတော့ မောင်းနေရတယ်။ အန္တရာယ်ကင်းအောင်”
လို့ စိုင်းဘခိုင်က ဆိုပါတယ်။

မတော်တဆဖြစ်တဲ့ယာဉ်အများစုကတော့ သတ်မှတ်တဲ့အရှိန်ထက် ပိုပြီးမောင်းနှင်ကြတယ်၊ ဒါကြောင့် သူကတော့ အန္တရာယ်ကင်းအောင် သတ်မှတ်နှုန်းနဲ့ပဲ မောင်းတယ်လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ မသဲစုတို့မိသားစု သင်္ကြန်ဝန်းကျင် ခရီးထွက်တဲ့ညက ရန်ကုန်- မန္တလေး အမြန်လမ်းမှာ ကြုံခဲ့ရတာကလည်း ထူးခြားနေပါတယ်။ သူပြောပြတာက ဒီလိုပါ။

“ ကျမတို့ရဲ့ ကားရှေ့မှာ ဆိုင်ကယ် နှစ်စီးက နီးလိုက် ဝေးလိုက်နဲ့ မောင်းနေတာတွေ့ရတယ်၊ ကားသမားကတော့ သူတို့ကို ကျော်လည်း မတက်ဘူး၊ ပုံမှန်အတိုင်းပဲ ဖြည်းဖြည်းမောင်းနေတာ။ ကျမ အမေကတော့ ဘုရားစာရွတ်နေတယ်၊ဒါပေမဲ့ ကျမ အဲ့ဒါကို မတွေးမိဘူး၊ နောက်တော့ ဆိုင်ကယ်တွေက ၂မိုင်လောက် ပါလာပြီး ရုတ်တရက်ပျောက်သွားတော့မှ နာနာဘာဝတွေ နှောင့်ယှက်မှန်း သိရတာ”လို့ မသဲစုက ပြောတယ်။

အွန်လိုင်းလူမှုကွန်ရက်ဖြစ်တဲ့ Facebook မှာ အမြန်လမ်းမကြီးနဲ့ ပတ်သက်ပြီး သရဲခြောက်ခံရတယ် ဆိုတဲ့အကြောင်း အတည် အခန့် ရေးသားမှု၊ နောက်ပြောင်ရေးသားမှု၊ သရုပ်ဖော်ပုံတွေနဲ့ ရေးသားမှုတို့ကို တွေ့ရမှာပါ။

ဒီလမ်းကြီးဟာ ပရလောကသူ ပရလောကသားတို့ မြူးတူး ကခုန်တဲ့နေရာ တကယ်ပဲ ဖြစ်နေပုံရတယ်လို့ ယူဆသူတချို့ ရှိနေပါတယ်။ ဒါ့အပြင် နေပြည်တော်အမြန်လမ်းမကြီးကို ဖောက်တုန်းက ဂမ္ဘီရအစီအမံတွေ တလွှဲတချော်သုံးခဲ့မိတာများ ရှိလေမလားလို့ အတွေးပွားသူတွေလည်း ရှိပါတယ်။

အာဏာပိုင်တို့ဘက်ကလည်း အမြန်လမ်းမပေါ်မှာ ထူးခြားဆန်းပြားဖြစ်ရပ်ဆန်းများ ရှိနေကြောင်း ယုံကြည်နေပုံရပါတယ်။

အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်ကတော့ ခရီးသွားပြည်သူတွေ အန္တရာယ်ကင်း ဖို့အတွက်ကို အဓိက ရည်ရွယ်ပြီးတော့ မိုင်တိုင် အပိုင်းခြားအလိုက် တာဝန်ယူပြီး ဆရာတော်ကြီး တွေကို ပင့်ဖိတ်ကာ ပရိတ်တရားတွေ လစဉ်၊ အပတ်စဉ် ပုံမှန်ရွတ်ဆိုမှုတွေ လုပ်တယ်လို့ ဧရာဝတီကိုပြောပါတယ်။

“ နိုင်ငံတော်က အဓိပတိဆရာတော်ကြီးတွေကို ပင့်ဖိတ်ပြီးတော့ ပုံမှန် ပရိတ်တရားတွေ ရွတ်ဖြစ်ပါတယ်၊ လမ်းပြုပြင်ထိန်းသိမ်းရေး စခန်းတွေရှိတဲ့ နေရာတွေအလိုက် တာဝန်ယူပြီး လတိုင်း လုပ်ကြတယ်၊ အန္တရယ်ကင်းအောင်ပေါ့” လို့ အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က ပြောပါတယ်။

ဇူလိုင် ၂၈ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ခရီးသွား ပြည်သူတွေ ဘေးကင်းစေဖို့အတွက် အမြန်လမ်းမကြီး တလျှောက် ပရိတ် တရားတော်တွေ ရွတ်ဖတ်ခဲ့တယ်လို့ ဖော်ပြထားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်းရှိန်ရဲ့ စီစဉ်မှုနဲ့ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အမြန်လမ်းမကြီး စတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၀၉ ခုနှစ် မတ်လကနေ ၂၀၁၃ ဧပြီလ အထိ လမ်းပေါ်မှာ ယာဉ်အစီးရေ စုစုပေါင်း ၁၁၀၀၀၀၀ ကျော် ဖြတ်သန်းသွားလာခဲ့ပြီး ယာဉ်မတော်တဆမှု ၄၃၂ မှု၊ သေဆုံးသူ ၂၁၆ ဦး၊ ထိခိုက်ဒဏ်ရာ ရသူ ၆၇၈ ဦး ရှိခဲ့ပါတယ်။ အဲဒီအထဲကမှ ယာဉ်မောင်း ပေါ့ဆမှုကြောင့် ၃၀၅ မှု၊ ယာဉ်ချွတ်ယွင်းမှု ၁၁၀ မှု၊ ခရီးသည် ပေါ့ဆမှု ၂ မှုနဲ့ တခြား အကြောင်းအရာ တွေကြောင့်က ၁၁ မှုဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အင်တာနက်စသုံးမည့် သူများအတွက်

PNCS One Stop Service
---------------------------

1.) Facebook Account ဖွင့်ပေးခြင်း
သင်သည်သတင်းစာ၊ ဂျာနယ်စောင့်ဖတ်ရလျှင်တရက်နောက်ကျသွားပြီ။ Facebook ပေါ်မှာ အခုဖြစ်တဲ့သတင်း အခုချက်ခြင်းသိရမည်။ 

2.) Skype Account ဖွင့်ပေးခြင်း / Credit ချက်ချင်းထည့်ပေးခြင်း
မိမိဖုန်းမှာအင်တာနက်ရှိရုံဖြင့်မိမိကြိုက်သည့်နိုင်ငံသို့ Skype ဖြင့်ဖုန်းခေါ်နိုင်သည်။

3.) Viber Account Activation လုပ်ပေးခြင်း
မိမိနှင့်ဖုန်းပြောမည့်သူမှာ Viber / Internet ရှိရုံဖြင့် Free SMS / Free CAll ခေါ်ဆိုနိုင်သည်။ 

4.) Tango Account Activation လုပ်ပေးခြင်း
မိမိနှင့်ဖုန်းပြောမည့်သူမှာ Tango / Internet ရှိရုံဖြင့် Free SMS / Free CAll / Free Video Call ခေါ်ဆိုနိုင်သည်။ 

5.) Gmail Account ဖွင့်ပေးခြင်း
အင်တာနက်ရှိသောမည့်သည့်နေရာနှင့်မဆို အီးမေးပို့နိုင်ရန်နှင့် Gtalk Voice / Chatting အတွက်သုံးနိုင်သည်။

ံPNCS

Android မှာ အကြွေးစာရင်းတွေကို မြန်မာလိုတွက်ပေးမယ့် MM Account v1.1

MM Account v1.1 ဟာ Android စနစ်သုံး App တစ်ခုဖြစ်ပြီး အကြွေးစာရင်းဇယားတွေကို မြန်မာလို တွက်ချက်နိုင်ပါတယ်.. ပေးစရာရှိတာ၊ ရစရာရှိတာတွေကို မြန်မာလို သေသေချာချာမှတ်ထားနိုင်တဲ့အတွက် Myanglish လို မှတ်ထားစရာမလိုတော့ပါဘူး..

ဒီမှာသွားဒေါင်ပေနော်



Credit to - MMSD ကမှလာတာပါ

မြန်မာပြည် အင်တာနက်တွင် ငွေချေနိုင်မည့် Shwe Money Virtual Visa Card အကြောင်း သိကောင်းစရာ


     အင်တာနက်ပေါ်ရှိ Visa Card Payment လက်ခံသည့် ၀က်ဘ်ဆိုက်များတွင် ငွေပေးချေနိုင်ရန် အတွက် စီစဉ်ဆောင်ရွက်ထားပြီး အကြိမ်ကြိမ် ငွေဖြည့် သွင်းနိုင်သည့် Reloadable Visa Prepaid Card အမျိုးအစားဖြစ်သော Shwe Money Virtual Visa Card ကို ပြည်တွင်း၌ ယခုလ ၁၂ ရက်နေ့မှ စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ 
ShweMoney Virtual Visa Card သည် ကိုင်တွယ်ထိတွေ့နိုင်သော Plastic Card မဟုတ်ပဲ အင်တာနက်ပေါ်တွင် ငွေပေးချေနိုင်ရန်အတွက်သာ စီစဉ်ထားသော Digital/Electronic Card အမျိုးအစားသာ ဖြစ်သည်။
     အဆိုပါကဒ်သည် Debit Visa Card အမျိုးအစားဖြစ်ပြီး ကဒ်ဝယ်ယူလိုလျှင် Virtual Visa Card ပြုလုပ်ခ ၅၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း၊ လစဉ်ကြေး နှစ်စဉ်ကြေးမရှိကြောင်း၊ ကဒ်အသုံးပြု လိုသူများ အနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၀ အနည်းဆုံး ဖြည့်သွင်းထားရမည်ဖြစ်ကြောင်း သိရသည်။
Visa Card အတွင်းသို့ အသုံးပြုလိုသည့် ငွေပမာဏအား ကြိုတင်ထည့်သွင်းပေးထားရန် လိုအပ်ပြီး ShweMoney Virtual Visa Card အတွင်းသို့ မြန်မာကျပ်ငွေမှ US Dollar အဖြစ် အကြိမ်ရေ အကန့်အသတ်မရှိ အလွယ်တကူ ငွေဖြည့်သွင်းနိုင်ကြောင်း သိရှိရသည်။
     Online Virtual Visa Card ကို ဟက်ကာများ မထိုးဖောက်နိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ အသုံးပြုခဲ့သည့် balance နှင့် ငွေစာရင်း Statement ကို ပြန်လည်ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း၊ အခြား အသုံးပြုသူများထံမှ လွှဲငွေများကိုလည်း လက်ခံနိုင်ကြောင်း သိရသည်။
     အဆိုပါ Shwe Money Virtual Visa Card ၏  ဆောင်ရွက်ချက်များနှင့် အဆိုပါကဒ်အကြောင်း သိလိုသူများအနေဖြင့် www.shwemoney.com တွင် ၀င်ရောက်ကြည့်ရှုနိုင်သည်။


Frequently Asked Questions (FAQ)


  1. 1. Can i check my ShweMoney Virtual Visa Card Statement?
    - ပုံမှန်အားဖြင့် အသုံးပြုသူ၏ ShweMoney Card Statement အား အသုံးပြုသူထံသို့ တစ်လတစ်ခါ ပေးပို့ပေးပါသည်။
    - ထို့ပြင် အသုံးပြုသူအနေဖြင့် မိမိ၏ ShweMoney Card Statement အား အချိန်မရွေးပြန်လည် ကြည့်ရှုစစ်ဆေးနိုင်ပါသည်။
    - ထိုသို့ စစ်ဆေးနိုင်ရန်အတွက် ဤနေရာတွင် Click နှိပ်၍ Form ဖြည့်ပြီး မိမိ၏ ShweMoney Card Statement အား ရယူနိုင်ပါသည်။

  2. 2. What is ShweMoney's Internet Virtual Visa Card?
    - ShweMoney Virtual Visa Card သည် အင်တာနက်ပေါ်ရှိ Visa Card Payment လက်ခံသော Online Website များတွင် ဈေးဝယ်ယူခြင်း၊ ငွေပေးချေခြင်းများအား ဆောင်ရွက်နိုင်ရန် အတွက် စီစဉ်ထားသော Internet Visa Card ဖြစ်ပါသည်။
    - ShweMoney Virtual Visa Card သည် ကိုင်တွယ်ထိတွေ့နိုင်သော Plastic Card မဟုတ်ပါ။
    - အင်တာနက်ပေါ်တွင် ငွေပေးချေနိုင်ရန်အတွက်သာ စီစဉ်ထာသော Digital/Electronic Card အမျိုးအစားသာ ဖြစ်ပါသည်။
    - ShweMoney ၏ Internet Virtual Visa Card တွင် အခြားသော Visa Card များကဲ့သို့ 16-digit card number, Expiry date နှင့် Three-digit security number (CVV code) များ ပါဝင်ပါသည်။

  3. 3. Can i do payment with my ShweMoney Virtual Visa Card at other currency (Euro, Singapore Dollar, etc..) VISA website?
    - ShweMoney Virtual Visa Card အတွင်းသို့ မြန်မာကျပ်ငွေမှ US Dollar တစ်မျိုးတည်းကိုသာ ထည့်သွင်းနိုင်သော်လည်း အခြားနိုင်ငံတကာငွေကြေးဈေးများဖြင့် ငွေလက်ခံသော VISA website များတွင် ငွေပေးချေခြင်း ကိစ္စရပ်များ ဆောင်ရွက်နိုင်ပါသည်။
    - ထိုသို့ ဆောင်ရွက်ရာတွင် ကျသင့်ငွေအား အသုံးပြုသူ၏ Visa Card မှ ကမ္ဘာ့ငွေကြေးလှဲလှယ်နှုန်းပေါက်ဈေးအတိုင်း အလိုအလျောက် ပြောင်းလဲနုတ်ယူသွားမည်ဖြစ်ပါသည်။

  4. 4. Which currencies can accept in ShweMoney?
    - ShweMoney တွင် လက်ခံသော ငွေကြေးမှာ မြန်မာကျပ်ငွေ (Kyats) ဖြစ်ပြီး ShweMoney Internet Virtual Visa Card အတွင်းသို့ US Dollar (USD) တစ်မျိုးတည်းကိုသာ ပြောင်းလဲထည့်သွင်းနိုင်ပါသည်။

  5. 5. I can't purchase/checkout at some Europe/US websites by Virtual Visa Card. How should I do?
    - တစ်ချို့သော US နှင့် အနောက်နိုင်ငံများ၏ Websites အနည်းငယ်တွင် မြန်မာနိုင်ငံ၏ IP Address မှ Visa Card ဖြင့် ငွေပေးချေခြင်းအား ပိတ်ပင်ထားတတ်ပါသည်။
    - ထိုကဲ့သို့သော အခြေအနေမျိုးတွင် Your-Freedom Software ကဲ့သို့သော Proxy Software များ အသုံးပြုခြင်းဖြင့် လည်းကောင်း၊ Virtual Private Server (VPS) များ အသုံးပြုခြင်းဖြင့် လည်းကောင်း၊ အခြား နိုင်ငံ IP Address ပြောင်း၍ ငွေပေးချေခြင်းများ ပြုလုပ်နိုင်ပါသည်။

  6. 6. How do I contact Customer Support?
    - ShweMoney ၏ Customer Support Team အား ဆက်သွယ်နိုင်သည့် အချက်အလက်များအား ဤနေရာတွင် Click နှိပ်၍ ကြည့်ရှုနိုင်ပါသည်။

  7. 7. What is ShweMoney.com?
    - ShweMoney.com သည် မြန်မာနိုင်ငံသားများအတွက် အင်တာနက်ပေါ်ရှိ Visa Card Payment လက်ခံသော Website များတွင် ငွေပေးချေနိုင်ရန်အတွက် Internet Virtual Visa Card ကို စီစဉ်ပေးသော Website ဖြစ်ပါသည်။

  8. 8. Can i use ShweMoney Virtual Visa Card at Apple iTunes Store?
    - Apple iTunes Store တွင် Prepaid Visa Card/ Internet Visa Card/ Virtual Visa Card များဖြင့် ငွေပေးချေခြင်း မပြုလုပ်နိုင်ပါ။
    - ထို့ကြောင့် ShweMoney Internet/Virtual Visa Card သည် Visa Card Payment လက်ခံသော Online Website တိုင်းတွင် ငွေပေးချေမှုပြုလုပ်နိုင်သော်လည်း Apple iTunes Store တွင် ငွေပေးချေမှု မပြုလုပ်နိုင်ပါ။

  9. 9. Can i known Cash Balance on my Visa Card after i purchase something?
    - ShweMoney Virtual Visa Card သည် Visa Card Network နှင့် တိုက်ရိုက်ချိတ်ဆက်ထားသောကြောင့် အသုံးပြုသူ Card ၏ ငွေလက်ကျန် (Cash Balance) အား အချိန်နှင့် တပြေးညီ Realtime သိရှိ နိုင်ပါသည်။
    - အသုံးပြုသူအနေဖြင့် မိမိ Card ၏ ငွေလက်ကျန် (Cash Balance) အား သိရှိလိုပါက ဖုန်းနံပါတ် ၀၁-၅၅၅၄၆၆၊ ၀၁-၅၅၅၉၁၁ ဖုန်းနံပါတ်များသို့ ခေါ်ဆို၍ မေးမြန်းနိုင်ပါသည်။

  10. 10. How to Reload Cash to ShweMoney Virtual Visa Card?
    - ShweMoney Card အတွင်းသို့ ငွေပြန်လည်ဖြည့်သွင်းခြင်းအတွက် ဤနေရာတွင် Click နှိပ်၍ ကျသင့်ငွေ တွက်ချက်ပြီး ငွေပြန်လည်ဖြည့်တင်းနိုင်ပါသည်။

  11. 11. How about Currency Exchange Rate in ShweMoney Virtual Visa Card?
    - မြန်မာကျပ်ငွေ နှင့် US Dollar ငွေကြေးလှဲလှယ်နှုန်းထားများကို Myanmar Exchange တွင် ဖြော်ပထားသော သိမ်ဖြူဈေးကွက်၏ ငွေလှဲလှယ်နှုန်း ပေါက်ဈေးအတိုင်း တွက်ချက်သွားမည် ဖြစ်ပါသည်။
    - US Dollar နှင့် အခြားနိုင်ငံတကာ ငွေကြေးလှဲလှယ်နှုန်းထားများကို Thomson Reuters တွင် ဖော်ပြထားသော ကမ္ဘာ့ငွေကြေးလှဲလှယ်နှုန်း ပေါက်ဈေးအတိုင်း တွက်ချက်သွားမည် ဖြစ်ပါသည်။

  12. 12. How to Withdraw Cash from your Virtual Visa Card?
    - ShweMoney Card မှ ငွေပြန်လည်ထုတ်ယူခြင်းအတွက် ဤနေရာတွင် Click နှိပ်၍ မိမိပြန်လည်ထုတ်ယူလိုသော ငွေပမာဏအား ဖြည့်သွင်းပေးရန်လိုအပ်ပါသည်။

  13. 13. How can i known about ShweMoney.com News?
    - ShweMoney.com နှင့် ပတ်သက်၍ Update-to-Date သတင်းများကို https://www.facebook.com/shwemoney အား Like လုပ်ထားခြင်းဖြင့် သိရှိနိုင်ပါသည်။

  14. 14. How much it cost?
    - ShweMoney ၏ ၀န်ဆောင်စရိတ်များအား ဤနေရာတွင် Click နှိပ်၍ ကြည့်ရှုနိုင်ပါသည်။

  15. 15. What are the benefits of using ShweMoney Virtual Visa Card?
    - ShweMoney Virtual Visa Card အသုံးပြုခြင်း၏ အကျိုးကျေးဇူးများအား ဤနေရာတွင် Click နှိပ်၍ ကြည့်ရှုနိုင်ပါသည်။

  16. 16. Is an ShweMoney Virtual Visa Card a credit card or debit card?
    - ShweMoney Virtual Visa Card သည် Debit Visa Card အမျိုးအစားဖြစ်ပါသည်။
    - ထို့အတွက်ကြောင့် Visa Card အတွင်းသို့ အသုံးပြုလိုသည့် ငွေပမာဏအား ကြိုတင်ထည့်သွင်းပေးထားရန် လိုအပ်ပါသည်။

  17. 17. Is there any monthly or annual fee for ShweMoney Virtual Visa Card?
    - ShweMoney Virtual Visa Card အား အသုံးပြုရန်အတွက် လစဉ်ကြေး နှစ်စဉ်ကြေး ပေးဆောင်ရန် မလိုအပ်ပါ

  18. 18. Is ShweMoney Virtual Visa Card Statement adjusted immeditely?
    - ShweMoney Virtual Visa Card ဖြင့် Online တွင် ငွေပေးချေခြင်း statement history များမှာ ချက်ချင်း Up-to-Date မဖြစ်ပါ။
    - အခြား Visa Card များကဲ့သို့ Visa Network ၏ လုပ်ဆောင်ချက်ကြာမြင့်ချိန်အတိုင်း အမှန်တကယ် ငွေပေးချေပြီး ရက်အနည်းငယ်ကြာမှ statement history တွင် ဖော်ပြပေးပါသည်။

  19. 19. How to Get New ShweMoney Virtual Visa Card?
    - ShweMoney Card တစ်ကဒ် အသစ် ရယူခြင်းအတွက် ဤနေရာတွင် Click နှိပ်၍ ကျသင့်ငွေ တွက်ချက်ပြီး Order ပြုလုပ်ရပါမည်။

  20. 20. How about ShweMoney Virtual Visa Card's Expire Date?
    - ShweMoney Internet/Virtual Visa Card ၏ သက်တမ်းမှာ ပုံမှန်အားဖြင့် (၁) နှစ် သက်တမ်းဖြစ်ပြီး သက်တမ်းကုန်ဆုံးပါက နောက်ထပ် ၅ ကြိမ်အထိ (၅ နှစ်အထိ) ထပ်မံ သက်တမ်းတိုးနိုင်ပါသည်။

  21. 21. Where can i use with ShweMoney Virtual Visa Card?
    - အင်တာနက်ပေါ်ရှိ Website များတွင် Visa Logo ဖော်ပြထားသော Visa Card Payment လက်ခံသည့် မည့်သည် Website တွင် မဆို ဈေးဝယ်ယူခြင်း၊ ငွေပေးချေခြင်းများအား ဆောင်ရွက်နိုင်ပါသည်။
    Example.. Hotel Booking, Car/Air Ticket Booking, Online Shopping, Domain & Web Hosting services, Buy/Sell Stock Share, Skype, PayPal, Any others VISA logo Websites ...

  22. 22. How to Check your Virtual Visa Card Statement?
    - ShweMoney Card ၏ Statement အား ရယူခြင်းအတွက် ဤနေရာတွင် Click နှိပ်၍ မိမိ Card ၏ Statement အား ရယူနိုင်ပါသည်။

  23. 23. How to Destroy your ShweMoney Virtual Visa Card?
    - ShweMoney Card အား ဖျက်သိမ်းခြင်းအတွက် ဖုန်းနံပါတ် ၀၁-၅၅၅၄၆၆၊ ၀၁-၅၅၅၉၁၁ ဖုန်းနံပါတ်များသို့ ခေါ်ဆို၍ မိမိ၏ Card Number အား အသိပေး၍ ဆောင်ရွက်ရပါမည်။

  24. 24. How many times can i transfer/deposit to ShweMoney Virtual Visa Card?
    - ShweMoney Virtual Visa Card အတွင်းသို့ မြန်မာကျပ်ငွေမှ US Dollar အဖြစ် အကြိမ်ရေ အကန့်အသတ်မရှိ အလွယ်တကူ ငွေဖြည့်သွင်းနိုင်ပါသည်။

  25. 25. How to Renew your Virutal Visa Card After Expire?
    - ShweMoney Card ၏ Expire Date အား သက်တမ်းတိုးခြင်းအတွက် ဖုန်းနံပါတ် ၀၁-၅၅၅၄၆၆၊ ၀၁-၅၅၅၉၁၁ ဖုန်းနံပါတ်များသို့ ခေါ်ဆို၍ မိမိ၏ Card Number အား အသိပေး၍ ဆောင်ရွက်ရပါမည် ဖြစ်ပါသည်။

  26. 26. Can i receive money by ShweMoney Virtual Visa Card?
    - ShweMoney Virtual Visa Card ဖြင့် အင်တာနက်ပေါ်မှ ငွေပြန်လည် လက်ခံခြင်းအား ပြုလုပ်နိုင်ပါသည်။
Copyright © 2012, ShweMoney.com | All Rights Reserved!

Paypal Account ကို verify ဖြစ်အောင်လုပ်တဲ့နည်း

PayPal Account ကို Verified ဖြစ်အောင် လုပ်ကြရအောင်


Paypal Account ကို verify ဖြစ်အောင်လုပ်တဲ့နည်း ကျွန်တော်စမ်းသပ်တာ အောင်မြင်သွားပါပြီခင်ဗျာ။စွန့်စားပြီးလုပ်ရတာဖြစ်တဲ့အတွက် အလေးအနက်ထားပြီး ဖတ်ပေးကြပါ။PayPal က အကောင့်ဖွင့်ရတာ လွယ်ပါတယ်။ verify ဖြစ်အောင် လုပ်ရတာပဲ ခက်တာပါ။ ကဲ ... စကြရအောင်။ PayPal Account တစ်ခုလုပ်ဖို့အတွက် ဘာတွေလိုအပ်လဲ...

  1. Visa card တစ်ကဒ်
  2. လုံခြုံတဲ့ Email အကောင့်တစ်ခု
  3. HongKong zip code

ပထမဆုံး www.paypal.com ကို သွားလိုက်ပါ။ ပြီးရင်တော့ အောက်က ပုံလိုမျိုး တွေ့ရင် Sign Up နှိပ်လိုက်ပါ..။


ပြီးရင် Your Country or Regionမှာ China Worldwide ကို ရွေးလိုက်ပါ။ ပြီးရင် Personal ဆိုတာရဲ့အောက်က Get Started ကို နှီပ်လိုက်ပါ။



အဲ နောက်တစ်ဆင့်ကျတော့ ကိုယ်လိုအပ်သလိုဖြည့်... Phone number ကတော့ google ကို အားကိုးပြီးတော့ ရှာလိုက်ပါ။ အနီရောင်ထောင့်ကွင်း ပြထားတဲ့ ကောင်တွေထဲမှာ ကိုယ်နဲ့ သင့်တော်မယ့်ဟာတွေ ထည့်ပါ။အစိမ်းရောင် ကွင်းမှာတော့ google ကို အားကိုးပြီးတော့ တရုတ်ဖုန်းနံပါတ်တစ်ခုဖြည့်ပါ။ ကျန်တာကတော့ ကျွန်တော် ဖြည့်တဲ့အတိုင်း လိုက်ဖြည့်ပါ။

 
 




 ပြီးသွားပြီဆိုရင်တော့ နောက်စာမျက်နှာကျရင် Add Credit Card တို့ ဘာတို့ လာလိမ့်မယ်။ ဘာမှနှိပ်မနေနဲ့။ Go to my account  ဆိုတာ ကိုသာ နှိပ်လိုက်ပါ။ ဥပမာ ကျွန်တော့ဟာလေးပေါ့ဗျာ။ဒါပေမယ့် ကျွန်တော့ဟာက Verified ဖြစ်ပြီးသားပါ။ Verified မဖြစ်သေးတဲ့သူကတော့ အဲဒီနေရာမှာ Get Verify လို့ ပေါ်မှာ။ အဲဒီ Get Verify ကို နှိပ်လိုက်ရင် Add Bank Account တို့ Link My Credit Card တို့ ဘာတို့ ပေါ်လာလိမ့်မယ်။
 အဲဒီအခါကျရင် Link My Credit Cardဒါမှမဟုတ် Credit Card ပါတဲ့ Button လေးကို နှိပ်လိုက်ဗျာ။ ကျွန်တော်လည်း သိပ်မမှတ်မိတော့လို့။ ဒါဆိုရင် အချက်အလက်တွေ ဖြည့်ခိုင်းတော့မယ်။ အဲဒီအခါကျရင် Credit Card(Visa Card) နဲ့ ပက်သက်တဲ့ အချက်အလက်တွေ ထည့်လိုက်တော့။အကောင့်ဖွင့်တာတော့ 75%ပြီးသွားပြီ။



အဲဒီအခါ သူတို့က Credit Card(visa card) ကို confirm လုပ်ခိုင်းလိမ့်မယ်။ သူပြောတဲ့သဘောက ဂဏန်းလေးလုံးပါတဲ့  code နံပါတ် တစ်ခုကို မိမိ credit card statement ထဲကို ပို့လိုက်ပြီ။ အဲဒီ နံပါတ်လေးလုံးကို ဒီ box ထဲမှာ ဖြည့်ပါ လို့ ပြောတာပါ။ အဲဒီ code နံပါတ်က credit card ထဲကို ရောက်ဖို့အတွက် ၃ရက် ၄ရက်လောက် ကြာပါတယ်။ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ visa card ကို www.shwemoney.com မှာ လုပ်ရတယ် ဆိုတာကိုပေါ့။
 ကဲပါ.. Visa Card လုပ်ချင်ရင် ဒီကို သာ သွားလိုက်။ အဲဒီမှာ ကဒ် ၀ယ်ပြီးမှ PayPal လုပ်လို့ ရမှာပါ။ ရန်ကုန်မှာ နေတဲ့သူဆိုရင်တော့ ငွေချေရတာ လွယ်ကူပါတယ်။ အခြားမြို့မှာ နေတယ်ဆိုရင်တော့ myanpay အကောင့် ရှိမှ ငွေချေလို့ ရမှာ ဖြစ်ပါတယ်။

ဒါမှမဟုတ် ရန်ကုန်မှာ အသိတစ်ယောက် ရှိရင်လည်း အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အသိဆီကို ငွေလွှဲပေးပြီး ShweMoney ရုံးခန်းမှာ သွားပြီးတော့ ပေးရုံပါပဲ။ MyanPay အကောင့် လုပ်ရတာတော့ အင်မတန်မှ လွယ်ကူလှပါတယ်။ 
ပထမဆုံး www.myanpay.com.mm ကို သွားပြီးတော့ အကောင့် ဖွင့်လိုက်ပါ။ အဲဒီမှာ ကိုယ်တကယ်ကိုင်တဲ့ Mobile Phone နံပါတ်ကိုပါ ဖြည့်ပေးရပါမယ်။ ဘာလို့လဲဆိုတော့ သူတို့က ဖုန်းကို Verification Code ပို့မှာမို့လို့ပါ။ အကုန်လုံးကို မှန်မှန်ကန်ကန် ဖြည့်စွက်ဖို့တော့ လိုပါတယ်။ 
 Credit & Ref : www.pyaephyo.com
 

ကိုညီညီလွင်ဟာ အင်တာနက်ကနေ ချစ်သူဘ၀ ရောက်လာခဲ့ကြတဲ့ သြစီသူ တဦးနဲ့ မြန်မာ့ ဓလေ့ ထုံးတမ်း စဉ်လာနဲ့ အညီ လက်ထပ်လိုက်

ရွှေဝါရောင် သူရဲကောင်း အရှင် ဂမ္ဘီရတဖြစ်လဲ ကိုညီညီလွင် လက်ထပ်လိုက်ပြီ

ရွှေဝါရောင် သူရဲကောင်းကြီး အရှင် ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင်တယောက်တော့ အခု စွံသွားပါပြီ။ အကြောင်းက တော့ ကိုညီညီလွင်ဟာ အင်တာနက်ကနေ ချစ်သူဘ၀ ရောက်လာခဲ့ကြတဲ့ သြစီသူ တဦးနဲ့ မြန်မာ့ ဓလေ့ ထုံးတမ်း စဉ်လာနဲ့ အညီ လက်ထပ်လိုက်တာပါ။ 

အသစ်စက်စက် ဇနီးမောင်နှံတွေဖြစ်တဲ့ ကိုညီညီလွင်နဲ့ မစ္စ မာရီယာ ဖရန့်စ်၊ 
ဓာတ်ပုံ- ဦးသိန်းသန်းဦး

ဒါပေမယ့် ရွှေဝါရောင် သူရဲကောင်းမှာ လက်ထပ်တာတောင် အဆင်မချောခဲ့ရပါဘူး။ 

သြဂုတ်လ ၁ ရက်နေ့ က ကိုညီညီလွင်ဟာ ချစ်သူဖြစ်တဲ့ သြစတြေးလျနိုင်ငံသူ မစ္စ မာရီယာဖရန့်စ် ( Ms. Maria France) နဲ့ အတူ မနက် ၁၁ နာရီလောက်က တရား လွှတ်တော် ရှေ့နေ ဒေါ်ဟန်စုယဉ်ရဲ့ အကူ အညီနဲ့ မန္တလေးက ခရိုင်တရားရုံး ကို ရောက်လာတယ်လို့ မန္တလေးက ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီကို ပြောပါတယ်။ 

ဒါပေမယ့် ကိုညီညီလွင်နဲ့ ဇနီးဖြစ်သူ မစ္စ မာရီယာဖရန့်စ်တို့ရဲ့ တရားရုံးတက် လက်မှတ်ထိုးမှုကို မန္တလေး ခရိုင်တရားရုံးက လက်မခံ ပယ်ချလိုက်တယ်လို့ သိရပါတယ်။ “လက်ထပ်ဖို့ မန္တလေး ခရိုင်တရားရုံးမှာ ကျနော်တို့ ကြိုးစားတာ မအောင်မြင်ပါဘူး” လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။ 

ရွှေဝါရောင် သူရဲကောင်း အရှင်ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင့်ရဲ့ ဇနီးလောင်း မစ္စ မာရီယာ ဖရန့်စ်က ဗုဒ္ဓဘာသာဖြစ်နေ တာကြောင့် အဲဒီ မန်းခရိုင်တရားရုံးဝန်းထဲက ရှေ့နေ ဒေါ်ရွက်နုအောင်ရဲ့ ရုံးခန်းမှာပဲ ဗုဒ္ဓဘာသာ ထုံးထမ်းစဉ်လာအရ သက်သေ ၂ ဦး ရှေ့မှာ လက်မှတ်ရေးထိုးပြီး လက်ထပ်လိုက်ကြတယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။ 

အဲဒီ မင်္ဂလာ လက်ထပ်ပွဲလေးမှာ ဦးသိန်းသန်းဦးက မင်္ဂလာစကားကို မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ပြော
ပေးခဲ့ရတာဖြစ်ပြီး ရွှေဝါရောင် သူရဲကောင်း အသစ်စက်စက် ဇနီးမောင်နှံတို့ရဲ့ မင်္ဂလာဦးအဖြစ် ကော်ဖီနဲ့ ဧည့်ခံခဲ့ကြပါတယ်တဲ့။ 


အိမ့်သံစဉ် ~

ကမ္ဘာ့အင်တာနက်လိုင်း အမြန်ဆုံးရရှိသည့်နိုင်ငံများ


။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

၁။ ဟောင်ကောင် (63.6Mbps)

63.6 Mega bit per second ဆိုတာ HD movie တစ်ကားကို ၂ မိနစ်တည်းနဲ့ Download နိုင်တဲ့ Speed ဖြစ်ပါတယ်။

၂။ ဂျပန် (50 Mbps)

High speed fibre optics ကြိုးကို သုံးတာပါ။ ဂျပန်တ်ကျွန်းစုအတော်များ များကို ဖိုက်ဘာလိုင်းသွယ်ထားပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် Global average တွက်ရင် အဆပေါင်းများစွာ မြန်ဆန်တဲ့ အင်တာနက်လိုင်းကို ရရှိနေခြင်း ဖြစ်ပါတယ်။

၃။ ရိုမေနီးယား (47.9 Mbps)

အရင်က နံပါတ် ၅ အဆင့်မှာပဲ ရှိခဲ့တာပါ။ ယခုတော့ သူရဲ့  နည်းပညာ မြင့်မား လာမှုကြောင့် အင်တာနက် Speed မြန်ဆန်လာပြီး နံပါတ် ၃ နေရာကို ရောက်ရှိလာခဲ့ပါတယ်။

၎။ တောင်ကိုရီးယား (44.8Mbps)

Samsung တို့၊ LG တို့လို ကမ္ဘာ့အကြီးဆုံး အိုင်တီ Enterprise ကုမ္မဏီ တို့ ရှိနေတဲ့ နိုင်ငံသေးသေးလေးထဲမှာ အင်တာနက်လိုင်းကလည်း အင်မတန် မြန်ဆန် ပါတယ်။ ဒါကြောင့် 44.8 Mbps မြန်နှနုးနဲ့ ရရှိပြီး ကမ္ဘာ့ အမြန်ဆုံး နံပါတ် ၄ မှာ ရှိနေ ပါတယ်။

၅။ လက်တီဗာ နိုင်ငံ (44.2 Mbps)

ဥရောပတိုက် မြောက်ပိုင်းက နိုင်ငံငယ်လေး တစ်ခုပါ။ အင်တာနက်လိုင်း မြန် နှုန်း 44.2 Mbps ရရှိအောင် စွမ်းဆောင်ထားပြီး ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး နိုင်ငံစာရင်းမှာ နံပါတ် ၅ အဖြစ် တည်ရှိ နေပါတယ်။
.
Ref:technews

============================================

၆။ မြန်မာ နိုင်ငံ (Loading.............)

အင်တာနက်စပိဒ် တိုင်းတာတောင် Loading ပဲပြနေလို့...

Thursday, August 1, 2013

သားမယားအဖြစ် နေထိုင်ဆက်ဆံခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်အား အင်တာနက်တွင် တင်သူ မကွေးရဲတပ်ဖွဲ့က အရေးယူ

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သားမယားအဖြစ် နေထိုင်ဆက်ဆံခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်အား အင်တာနက်တွင် တင်သူ မကွေးရဲတပ်ဖွဲ့က အရေးယူ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သားမယားအဖြစ် နေထိုင်ခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုခွေအား အင်တာနက်တွင် တင်မည်ဟု ဆိုကာ ကာယကံရှင် မိန်းကလေး ထံသို့ပေးပို့ပြီး အင်တာနက်တွင် အမှန်တကယ် တင်ခဲ့သည်ဟု ယူဆရသူ အား မကွေးမြို့ ၊မြို့မရဲစခန်း မှ ယမန်နေ့က အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

မကွေးမြို့မှ နာမည်ကြီး စတိုးဆိုင် ၀န်ထမ်းတစ်ဦး ဖြစ်သူ အသက် ၂၉ နှစ် အရွယ်ရှိ မသက်သက် ( အမည်လွဲထား ) သည် လွန်ခဲ့သော ၉ နှစ်ခန့်က ထိုစတိုးဆိုင်သို့ မကြာခဏ ဈေးဝယ်လာလေ့ ရှိသည့် မကွေးမြို့ ၊ ကန်သာရပ်ကွက် နေသူ စိုးလွင် ၄၂ နှစ်နှင့် ငြိစွန်းကာ သားမယားအဖြစ် နေထိုင်ဆက်ဆံ ခဲ့ကြာင်း ၊ ထိုသို့ နေထိုင်လာခဲ့ရာက စိုးလွင်သည် အိမ်ထောင်သည် တစ်ယောက် ဖြစ်ကြောင်း သိရှိရ၍ အတွေ့မခံ တော့ဘဲ ရှောင်တိမ်း နေခဲ့ရာမှ လွန်ခဲ့သော ရက်ပိုင်း ( နေ့ရက်မမှတ်မိ ) က စိုးလွင် ရောက်ရှိလာပြီး ၎င်းငှားရမ်း နေထိုင်ရာ ဆီသို့ အတင်းအကြပ် ခေါ်ဆောင်ကာ သားမယားအဖြစ် ပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း ၊ မသက်သက် က ငြင်းဆန်သော အခါ စိုးလွင် က မသက်သက် ၏ ပါးအားနှစ်ချက် ဆင့်ရိုက်ပြီး မသက်သက် ၏ တစ်ကိုယ်လုံးကို ရစရာ မရှိအောင် လုပ်ပြစ်မည်ဟု ခြိမ်းခြောက် ပြောဆိုကာ သားမယား အဖြစ်ပြုကျင့် ခဲ့ကြောင်း ၊ ထို့နောက်
စိုးလွင်သည် မူဆယ်သို့ သွားခဲ့ပြီး ဇူလိုင်လ ၁၅ ရက်နေ့က မကွေးသို့ ပြန်ရောက် လာကာ မသက်သက် နှင့် သားမယား အဖြစ်နေထိုင် ဆက်ဆံခဲ့သော ဗီဒီယိုဖိုင် အား အင်တာနက်တွင် တင်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ၊ ထို့နောက် မေလ ၂၃ ရက် နှင့် ဇွန်လ ၇ ရက်နေ့များက ၎င်းတို့နှစ်ဦး သားမယား အဖြစ်နေထိုင် ဆက်ဆံခဲ့စဉ် ရိုက်ကူးထားသည့် ဗီဒီယိုခွေအား ဇွန်လ ၇ ရက်နေ့က သူမထံ ပေးပို့ခဲ့ကြောင်း ၊ သို့အတွက်
မသက်သက် သည် ရှက်၍ မန္တလေး သို့ ထွက်သွားခဲ့ ကြောင်း ၊ မန္တလေးတွင် နှစ်ပတ်ခန့်နေခဲ့ ပြီးမကွေးသို့ ပြန်လာခဲ့ ကြောင်း ၊ မကွေးသို့ ရောက်ရှိပြီး အလုပ်ပြန်ဝင်ခဲ့ရာ စတိုးဆိုင်မှ လျှပ်စစ်ပစ္စည်း အရောင်းဝန်ထမ်း ဖြစ်သူ
ကိုသော်တာ က သူမနှင့် စိုးလွင်တို့၏ ဗီဒီယိုဖိုင်အား အင်တာနက် ၀က်ဘ်ဆိုက် တစ်ခုတွင် ကြည့်ရှု ခဲ့ရကြောင်း ပြောပြသိရှိရ၍ မကွေးမြို့ ၊ မြို့မရဲစခန်းသို့ သွားရောက် တိုင်တန်း အမှုဖွင့် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မကွေးမြို့မ ရဲစခန်းမှ (ပ)၁၃၇/၂၀၁၃ ၊ ပြစ်မှု ဥပဒေ ပုဒ်မ ၃၇၆/ ၅၀၀/ ၅၀၆ တို့ဖြင့် အမှုဖွင့် အရေးယူ ကာ အမှုကို ခိုင်မာစွာ တည်ဆောက်၍ အမြန်ဆုံး တရားစွဲဆို တင်ပို့နိုင်ရန် ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။

Credit to >> Myawady <<
https://www.facebook.com/myanmardaily.net

ယာဉ်နောက်လိုက်၏ ဦးခေါင်း (၃၉) အထူးယာဉ် ကြိတ်

 ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ဘုရင့်နောင်လမ်းနှင့် ပါရမီလမ်းဆုံ မီးပွိုင့်တွင် ဇူလိုင်လ ၂၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က မ.ထ.သ (၃၉) အထူးယာဉ်မှ အသက် ၂၅ နှစ်ခန့်ရှိ ယာဉ် နောက်လိုက် တစ်ဦး ယာဉ်ပေါ်သို့ ခုန်တက်စဉ် ခြေချော်ကျကာ ၎င်း၏ ဦးခေါင်းကို အဆိုပါယာဉ် ၏ နောက်ဘီးဖြင့် ကြိတ်မိပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း လှိုင်မြို့နယ် ယာဉ်ထ...ိန်းတပ်ဖွဲ့စု (၁၆) ရုံးမှ ယာဉ်ထိန်း အရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ လှိုင်သာယာ မြို့နယ်သို့ ပြေးဆွဲသော မ.ထ.သ (၃၉) အထူးယာဉ် သည် ပါရမီလမ်းသို့ ကွေ့ကြောမှ ကွေ့ဝင်ကာ ယာဉ်ကို ဂငယ်ကွေ့ ကွေ့၍ ဘုရင့်နောင်လမ်းမ ပေါ်သို့ ပြန်အတက် ယာဉ်နောက်လိုက်က ယာဉ်ပေါ် ခုန်တက်ရာ ခြေချော် ပြုတ်ကျပြီး ဦးခေါင်း ကို ကြိတ်မိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ဘုရင့်နောင် လမ်းမကြီးနှင့် ပါရမီလမ်းဆုံ မီးပွိုင့်တွင် မ.ထ.သ (၃၉) အထူးယာဉ် အများစုသည် မီးပွိုင့်မိပါက ပါရမီလမ်းအတွင်းသို့ ကွေ့ဝင်ကာ ပါရမီလမ်းအတွင်း ရောက်ပါက ဂငယ်ကွေ့ ပြန်ကွေ့ကာ ဘုရင့်နောင် လမ်းပေါ်သို့ ပြန်လည် ဝင်ရောက်လေ့ရှိကြောင်း အဆိုပါ မီးပွိုင့် တာဝန်ကျ ယာဉ်ထိန်းရဲ တစ်ဦးက ပြောကြားသည်။

ယာဉ်နောက်လိုက်သည် မောင်းဟု အော်ပြီး ယာဉ်ပေါ်သို့ ခုန်တက် စဉ် ဘောင်းဘီနှင့် တံခါး ငြိကာ တလိမ့်ခေါက်ကွေး ပြုတ်ကျပြီး တက်ကြိတ်ခံ ရခြင်း ဖြစ်ကြောင်း အဆိုပါ အနီးရှိ ကုန်တင် ယာဉ်မောင်း တစ်ဦးက ပြော ကြားသည်။

(၃၉) အထူးယာဉ်လိုင်းမှ ယာဉ်မောင်းသည် ယာဉ်ကို ထားကာ ထွက်ပြေး ခဲ့ပြီး ညနေ ၄ နာရီတွင် လှိုင်မြို့နယ် ပိတောက်ချောင်း ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

အဖမ်းခံရဖို့အရေး အလကား အိပ်ပေးလိုက်ရသေးတယ် (နေမျိုးအေး)

ပြည့်တန်ဆာမှုအတွက် အသွင်ယူခြင်း


ပြည့်တန်ဆာလို့ ယူဆရသူကို ဖမ်းဆီးဖို့ဆိုရင် ရဲတွေက အမှတ်အသားလုပ်ထားတဲ့ ပိုက်ဆံတွေ သုံးလေ့ရှိပါတယ် တဲ့။

အဖမ်းအဆီးသတင်းတွေကို ကြိုတင်မှတ်သားထားတဲ့ ငွေစက္ကူ ဘယ်လောက်နဲ့အတူ ဖမ်းမိတယ် ဆိုပြီး ဖတ်ကြရမှာပါ။


အမှတ်အသားလုပ်ထားတဲ့ ဒီပိုက်ဆံတွေက ပြည့်တန်ဆာလို့ ယူဆရသူကို တရားရုံးတင် စစ်ဆေးရာမှာလည်း သုံးကြဖွယ်ရှိပါတယ်။

ဒီထက်သင့်တော်တဲ့သက်သေ ဘယ်မှာရှိတော့မှာလဲလို့ ဆိုတဲ့သူ ရှိသလို ဒီလို ဖန်တီးတဲ့လုပ်ရပ်ကို ကန့်ကွက်သူတွေလည်း ရှိပါတယ်။

ဒါဟာ  ပြည့်တန်ဆာကို ငွေပေးပြီး ငှားရမ်းရာရောက်တဲ့အတွက် ဥပဒေချိုးဖောက်ရာ မရောက်ဘူးလားလို့ ဝေဖန်တာကိုလည်း ကြားဖူးကြမှာပါ။

ဘယ်လိုပဲ ကန့်ကွက်သည်ဖြစ်စေ ဝေဖန်သည်ဖြစ်စေ ... အမှတ်အသားလုပ်ထားတဲ့ ပိုက်ဆံနဲ့ ထောင်ချောက်ဆင်လေ့ရှိတာ အခုချိန်အထိတော့ ထုံးစံပါပဲ။
ထောင်ချောက်ဆင်သူက ပြည့်တန်ဆာနဲ့ဆက်ဆံသူအဖြစ် အသွင်ယူရပါလိမ့်မယ်။

ကမ္ဘာ့ သက်တမ်းအရင့်ဆုံး အလုပ်အကိုင်ဖြစ်တဲ့ ပြည့်တန်ဆာအလုပ်နဲ့ ပတ်သက်ပြီး ဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းချက်က မြန်မာပြည်မှာ အသံတော့ ထွက်နေပါပြီ။

ပြည့်တန်ဆာအလုပ် ဆိုတာကလည်း ကမ္ဘာတည်သရွေ့ တည်ရှိသွားမယ့်အလုပ်အကိုင် ဖြစ်မှာကတော့ အသေအချာပါပဲ။

ဒီလို အသက်မွေးဝမ်းကျောင်းပြုရာမှာ ကြုံရတတ်တဲ့ ထောင်ချောက်ဆင်မှုနဲ့ ပတ်သက်ပြီး ကာတွန်းဆရာ နေမျိုးအေးရဲ့ လက်ရာကို ဧရာဝတီဘလော့ ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။


ဆက်စပ် -

လိင်အလုပ်သမများ လူ့အခွင့်အရေး တန်းတူရရန် တောင်းဆို

http://burma.irrawaddy.org/archives/45369

Group Calls for Overhaul of Repressive, Antiquated Prostitution Law

http://www.irrawaddy.org/archives/41020



.

ခန္ဓာကိုယ်အလှ ထိန်းသိမ်းရန် အေဒရီယန် လီမာ လက်ဝှေ့ထိုး လေ့ကျင့်

YTalk

ခန္ဓာကိုယ်အလှ ထိန်းသိမ်းရန် အေဒရီယန် လီမာ လက်ဝှေ့ထိုး လေ့ကျင့် အသက်(၃၁)နှစ်ရှိ ဘရာဇီးလ် စူပါစတား မော်ဒယ်လ်သည် သူမ၏ အဆီပို လုံးဝမရှိသော ခန္ဓာကိုယ် ထိန်းသိမ်းရန်အတွက် လက်ဝှေ့လေ့ကျင့် ကစားလေ့ ရှိသူဖြစ်သည်။
Catwalk လျှောက်လမ်းပေါ်တွင် ရှုမငြီးသည့် အလှနတ်သမီးလေး တစ်ပါးသဖွယ် ကျော့ရှင်းပြေပြစ်သည့် ကမ္ဘာကျော် မော်ဒယ်လ် တစ်ဦးဖြစ်သော်လည်း ကြိုးဝိုင်းထဲတွင်မူ အေဒရီယန် လီမာသည် မာကျောရဲရင့်သည့် ကျားသစ်မလေးသဖွယ် ရှိနေသည်။ အသက်(၃၁)နှစ်ရှိ ဘရာဇီးလ် စူပါစတား မော်ဒယ်လ်သည် သူမ၏ အဆီပို လုံးဝမရှိသော ခန္ဓာကိုယ် ထိန်းသိမ်းရန်အတွက် လက်ဝှေ့လေ့ကျင့် ကစားလေ့ ရှိသူဖြစ်သည်။ ကလေး(၂)ဦး၏ မိခင်ဖြစ်သော Victoria's Secret မော်ဒယ်လ်၏ မိတ်ကပ်ဗလာ မျက်နှာဖြင့် ပြင်းပြင်းထန်ထန် လက်ဝှေ့လေ့ကျင့်နေသော ပုံများကို အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။

ဖလော်ရီဒါရှိ မီယာမီမှ အားကစားရုံ တစ်ခုတွင် အနက်ရောင် ဝတ်စုံနှင့် အေဒရီယန်သည် ချွေးတလုံးလုံးဖြင့် လက်ဝှေ့ လေ့ကျင့်နေခဲ့သည်။ ယခုသီတင်းပတ်အတွင်း လက်ဝှေ့ကြိုးဝိုင်းပေါ်၌ ကြံ့ခိုင်ရေးမှူး တစ်ဦးနှင့်အတူ ချွေးတလုံးလုံး လက်ဝှေ့လေ့ကျင့်ခန်း ပြုလုပ်နေသော အေဒရီယန်သည် ကင်မရာအများအပြား ရှေ့မှောက်တွင် တွေ့မြင်နေက ပုံစံနှင့် လုံးဝ ကွဲလွဲနေသည်။ သူမသည် အနက်ရောင် ဆံပင်ကို နောက်ဘက်တွင် စည်းထားပြီး လက်ဝှေ့ထိုးသည့် ပစ်မှတ်ကိုသာ မျက်လုံးပြာပြာများနှင့် စူးစိုက် ကြည့်နေခဲ့သည်။ သူမ၏ လေ့ကျင့်ခန်း အစီအစဉ် အပြီးတွင် ချွေးပြိုက်ပြိုက်ကျကာ အားကစားရုံမှ ထွက်ခွာသွားချိန်ထိ အေဒရီယန်သည် အရိုင်းဆန်ဆန် တစ်မျိုးလှပနေဆဲဟု ပရိသတ်များက ဆိုသည်။

အေဒရီယန်သည် ကမ္ဘာပေါ်တွင် ဝင်ငွေအကောင်းဆုံး စူပါမော်ဒယ်လ် တစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသော သန်းကြွယ်သူဌေးမလေး ဖြစ်သည်။ သူမက လက်ဝှေ့ထိုးခြင်းသည် ကောင်းမွန်သည့် ကိုယ်လက် လေ့ကျင့်ခန်း တစ်ခုအဖြစ် ရှာဖွေ တွေ့ရှိခဲ့ကြောင်း ပြောကြားဖူးသည်။ "အားကစား တစ်ခုခုကို စဉ်းစားရင်း လက်ဝှေ့ကို သဘောကျသွားတယ်။ ဒီအားကစားဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုအတွက် တကယ့်ကို ကောင်းမွန်တယ်ဆိုတာ ကျွန်မ လက်ခံတယ်။ အကောင်းဆုံးဆိုတဲ့ အချိုးအဆက်မျိုးကို ရှင်ရလာချင်ရင် လက်ဝှေ့ ကစားသင့်တယ်။ ဒါဟာ စိန်ခေါ်မှု တစ်ခုပဲ။ ကျွန်မကလည်း စိန်ခေါ်မှုတွေကို သဘောကျတယ်လေ"ဟု အေဒရီယန်က ပြောဆိုခဲ့သည်။

Planet Myanmar Network

တောင်ကုတ်လူသတ်မှု နေပြည်တော်အထူးဖွဲ့ ဆက်လက်တရားစွဲမည်

Wednesday, July 31, 2013

မနှစ်တုန်းက တောင်ကုတ်မြို့ လူသတ်မှုသံသယနဲ့ ဖမ်းဆီးထားသူ ၆ ဦးကို  နေပြည်တော် အထူးအဖွဲ့က ဆက်လက် တရားစွဲဆိုသွားမယ်လို့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ပြောပါတယ်။

မနှစ်က တောင်ကုတ်မြို့မှာ ခရီးသည်တင်ကားပေါ်ကနေ မွတ်စလင် ဆယ်ဦးကို နေ့ခင်းကြောင်တောင် လူမြင်ကွင်းမှာ အုပ်စုဖွဲ့သတ်ဖြတ်ခဲ့တာပါ။ အခင်းဖြစ်ပြီး တနှစ်ကျော်အကြာမှာ နေပြည်တော်က အထူးအဖွဲ့ဆင်းလာပြီး တောင်ကုတ်မြို့ကနေ ၆ ဦးကို ဖမ်းပြီး သံတွဲထောင်မှာ ချုပ်ထားပါတယ်။

အထူးအဖွဲ့ကပဲ တရားစွဲဆိုရေးအပိုင်းကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ပြောပါတယ်။

“ကျနော်တို့ နေပြည်တော် အထူးအဖွဲ့ကနေပြီးတော့ ဖမ်းဆီးရေး လုပ်ငန်းတွေကို ဆောင်ရွက်တယ်၊ တရားစွဲဆိုရေး အပိုင်းကိုလည်း သူတို့ကနေပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖမ်းတဲ့ လူအရေအတွက်ကိုတော့ ၆ ယောက်လောက်ပဲ ကျနော်တို့ သိရတယ်။ ဘယ်လောက်ပါတယ်၊ ဘယ်လောက်ဟိုဟာ ဖြစ်တယ်ဆိုတာ ကျနော်တို့ မသိပါဘူး။ ခရိုင်ထဲမှာ ဖြစ်တာ မှန်တယ်။ ဒါပေမယ့် ဒီအထူးအဖွဲ့အနေနဲ့ တိုက်ရိုက်လာလုပ်တော့ ကျနော်တို့ အနေနဲ့ အဲဒီအပိုင်းကို အပေါ်ကနေ စီမံဆောင်ရွက်နေတဲ့ အပိုင်း ဖြစ်တဲ့အတွက်ကြောင့် မေးမြန်ခြင်းလည်း မရှိပါဘူး။”

သံတွဲမြို့နယ်ရဲစခန်းကို မေးမြန်းတဲ့အခါ သူတို့စခန်းနဲ့ မသက်ဆိုင်ကြောင်း တာဝန်ကျရဲက ဖြေပါတယ်။

မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီကတော့  မွန်ပြည်နယ်ခရီးသည်တင်ကား ဓားပြတိုက်သူတွေကို ဖမ်းဆီးရမိတဲ့ ရဲတပ်ဖွဲ့ဟာ လူပုံအလယ် နေ့ခင်းကြောင်တောင် သတ်ဖြတ်တဲ့ကိစ္စကို မဖော်ထုတ်နိုင်တဲ့အပေါ် မေးခွန်းထုတ်လိုက်ပါတယ်။

ရာဇ၀တ်မှု ကျူးလွန်သူတွေနဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေကို ဖော်ထုတ်အရေးယူဆောင်ရွက်မှသာ ရာဇ၀တ်မှုတွေကို  အာဏာပိုင်တွေက လုပ်ဆောင်ဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

“အဲဒီတော့ ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်သူတွေကို ဟိုထိပ်က အာဏာပိုင်တွေ သိနေပြီ။  ဒီလိုဆိုရင် ဒီကစ္စဟာ အရေးယူချင်ရင် ယူလို့ရတဲ့ အပိုင်းမှာ ရှိတယ်၊ နောက်ကွယ်မှာ ဘယ်သူပါလို့ ဘယ်လောက် ဒီပြဿနာတွေဟာ ကြီးကျယ်နေသလဲ ကျနော်တို့ အတော်ပြောဖို့ ခက်နေတယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းမှာလည်း ပါနေတယ်။ ကြိုးကိုင်လှုပ်ရှားမှုတွေ ရှိနေတယ်လို့ ပြောတယ်။ ကြိုးကိုင်လှုပ်ရှားမှုတွေ ရှိတယ် သိရင် ဖော်ထုတ်ပြီးတော့ ဒါတွေကို ထိထိမိမိ အရေးယူလိုက်ဖို့ တိုင်းပြည်နဲ့ ကမ္ဘာကို သိအောင် ကြေညာပေးဖို့ ကိစ္စမှာကျတော့ အလွန်နှေးကွေးနေတယ် အဲဒါ ဘာကြောင့်လဲ ဆိုတဲ့ ကိစ္စဟာ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်၊ မေးစရာ မေးခွန်းတွေ ဖြစ်နေတယ်။”

မနှစ်က တောင်ကုတ်မြို့ မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှုမှာ ဦးဆောင်တယ်လို့ သံသယရှိသူ ၆ ဦးကို နေပြည်တော်က တိုက်ရိုက်ကွပ်ကဲမှုနဲ့ တောင်ကုတ်မြို့ကနေ ဇူလိုင် ၁၇ ရက်နေ့ညမှာ ဖမ်းဆီးခဲ့ပါတယ်။ ဒီသတ်ဖြတ်မှု ဖြစ်ပြီးတဲ့နောက် ရခိုင်ပြည်နယ်အတွင်း နေအိမ်မီးရှို့မှုတွေနဲ့ သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁ သိန်း ၄ သောင်းကျော် ဒုက္ခသည်ဖြစ်နေကြပါတယ်။

by ​အေး​နိုင်   (ဒီဗွီဘီ)

Thit Htoo Lwin - News

ရွှေမလေးတွေ သတိထားလို့ ရအောင်


  • ဒုတ်ညိုကြီး
                           ဟိုတနေ့ကဗျာ ပျင်းလို့ဆိုပြီး လမ်းလျှောက်သွားရင်း ဆိုင်တဆိုင်မှာ   အအေးဝင်သောက်တော့ ဘေး ၂ ဝိုင်းကျော်မှာထိုင်နေတာက ကပ္ပလီ နဲ့ထိုင်နေတာ ဘာမလေး လဲလို့
ကြည့်နေတာ...ခဏကြာတော့ ကောင်မလေးက ဖုန်းစကားပြောတော့ မှ ရွှေမ မှန်းသိတယ်ဗျာ..
အော်..အဲဒီရွှေမလေးကို ကြည့်ပြီး ဒီပို့စ်လေးကို ရှာပြီးတင်လိုက်တာပါဗျာ..ဒီကောင်တွေက ဒါမျိုးလေး
တွေကို ရှာပြီး လုပ်စားနေကျတာနော်...သတိထားကျနော် ရွှေမလေးတွေလည်း...ပြီးမှ....ဟင့်..ဟင့်

မှတ်တမ်းများ -

ဆိုတေး သတိလစ်နေတာ နှစ်ပတ်ကျော်သွားပြီ

Wednesday, July 31, 2013

မန္တလေးမှာ ဆေးရုံမှာ သတိလစ်နေတဲ့  နာမည်ကျော်တေးသံရှင် ဆိုတေး  တကြိမ်တခါမှ သတိပြန်လည်လာခြင်း မရှိသေးကြောင်း သူ့အဒေါ်ဖြစ်သူကို ကိုးကားပြီး ဒီတပတ်ထုတ် စောင့်ကြည့်/News Watch ဂျာနယ်မှာ ရေးထားပါတယ်။

"ဆိုတေးက မျက်လုံးလည်း မပွင့်သေးဘူး၊   စကားလည်း မပြောနိုင်သေးဘူး၊   နောက်  ခေါင်းခွဲရတယ်ဆိုတဲ့ သတင်းကလည်း မဟုတ်သလို ခေါင်းမှာလည်း ဘာဒဏ်ရာမှ မရပါဘူး။ မျက်နှာမှာ ဒဏ်ရာလေးတွေကို အမာရွတ် မကျန်ခဲ့အောင် ချုပ်ရိုးလေးတွေ ချုပ်ထားတာပါ" လို့ အဒေါ်ဖြစ်သူက ပြောဆိုကြောင်း အင်္ဂါနေ့ (ဇူလိုင် ၃၀) ရက်စွဲနဲ့ ထုတ်တဲ့ စောင့်ကြည့်ဂျာနယ်မှာ ဖော်ပြထားတာပါ။

ဒီလ - ဇူလိုင်လ ၁၄ ရက်နေ့က 
ရန်ကုန် – မန္တလေး အဝေးပြေး ကားလမ်းမှာ ဆိုတေးတို့ရဲ့ကား တိမ်းမှောက်ခဲ့ပါတယ်။ ၁ ဦး သေဆုံးပြီး ဆိုတေးအပါအ၀င် ၃ ဦး ဒဏ်ရာရပါတယ်။ဒါကြောင့် ဆိုတေး သတိလစ်နေတာ နှစ်ပတ်ကျော်သွားပါပြီလို့ ဆိုရပါမယ်။

ဒဏ်ရာရသွားတဲ့ တခြား ၂ ယောက်ရဲ့ အခြေအနေကို မသိရသေးပါ။

ယာဉ်မတော်တဆမှုအပြီး သေဆုံးသွားတဲ့ မချောချော ခေါ် မ၀င့်ကုဋေသူဟာ ဆိုတေးရဲ့ ဇနီးသည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ ကြော်ငြာတခုမှာ တွေ့ရပါတယ်။ အဲဒီကြော်ငြာကို ဆိုတေးရဲ့ ဖခင် ဦးတင်မြင့်က ထည့်သွင်းခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက သထုံမှာ လက်ထပ်ခဲ့တာဖြစ်တယ်လို့ ကြော်ငြာမှာ ရေးထားပါတယ်။




မောင်တောမှ အမျိုးသမီး ရွှေချောင်း ၂ ချောင်းဖြင့် ဘင်္ဂလာဒေခ်ျ့တွင် အဖမ်းခံရ

နိရဉ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့မှ ရခိုင် အမျိုးသမီး တစ်ဦးကို ရွှေချောင်း (၂) ခုနှင့် အတူ ဘင်္ဂလာဒေခ်ျ့ နယ်စပ် အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူ အမျိုးသမီးမှာ မောင်တောမြို့မှ မလှမြင့် (၄၃) နှစ် ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ ဗိုလ်မှူးကြီး ဂျာဟစ် ဟာဆန်က ပြောသည်။

သူမသည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ တစ်ရက်တာ ပတ်စ်ပို့ဖြင့် လာရောက်သူ ဖြစ်ကြောင်း၊ သူမထံမှ အလေးချိန် ၃၃၂ ဂရမ် အလေးချိန်ရှိသော ရွှေချောင်း (၂) ချောင်းကို ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် တစ်နာရီတွင် တက်ကနက် နယ်စပ်မြို့တွင် ဖမ်းမိကြောင်း သူ ဆိုသည်။

သူမအား ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဥပဒေနှင့် အညီ တရားစွဲဆိုသွားမည်ဟု ဂျာဟစ် ဟာဆန်က ပြောသည်။

နိုင်ငံတကာတွင် ရွှေဈေးကျနေရာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံအတွင်းသို့ တရားမ၀င် သွင်းယူလာသော ကုဋေနှင့် ချီ၍ တန်ဖိုးရှိသော ရွှေများကို အာဏာပိုင်များက မကြာခဏ ဖမ်းဆီးမိနေကြောင်း သိရသည်။

လွန်ခဲ့သော ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ဒက္ကားမြို့ရှိ Shahjalal နိုင်ငံတကာ လေဆိပ်တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အတွင်း တင်သွင်းလာသော အလေးချိန် ၁၂၄ ကီလိုရှိသော ရွှေချောင်းများကို ဘင်္ဂလာဒေခ်ျ့ အကောက်ခွန်ဌာနက ဖမ်းဆီးမိခဲ့သည်။ ရွှေချောင်းများ၏ တန်ဖိုးမှာ တာကာ ၅၄ ကုဋေ ဖိုး( မြန်မာကျပ်ငွေနှင့် ကုဋေ ၅၄၀) ရှိကြောင်း သိရသည်။

အလားတူ လွန်ခဲ့သော ဇူလိုင်လ ၂၉ ရက်နေ့ကလည်း ဒက္ကားမြို့ အဆိုပါ လေဆိပ်တွင် လူ နှစ်ဦး ရွှေ ၈ ကီလိုနှင့် အတူ ထပ်မံ ဖမ်းဆီးမိခဲ့သည်။ ၎င်းရွှေများမှာ ဒူဘိုင်မှ သွင်းယူလာသော ရွှေများ ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့တွင် ရွှေတကျပ်၏ တန်ဖိုးမှာ တာကာ ၄၂၀၀၀ (မြန်မာကျပ်ငွေနှင့်ဆိုလျှင် ၅၀၄၀၀၀) ရှိကြောင်း သိရသည်။

လိင်အလုပ်သမများ လူ့အခွင့်အရေး တန်းတူရရန် တောင်းဆို

မြတ်စုမွန်

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေကို ပြန်လည် လေ့လာစိစစ်ပြီး အသစ်ပြန်လည်ရေး ဆွဲပေးရန် အပါအ၀င် တောင်းဆိုချက် ၄ ချက်ကို တော်ဝင်ခရေ အဖွဲ့ (လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများ ကွန်ရက်) က တောင်းဆို လိုက်သည်။

“ကျမတို့က လိင်လုပ်ငန်းကို တရားဝင်လုပ်ငန်း လုပ်ကိုင်ခွင့်ပေးပါဆိုပြီး တောင်းဆိုတာ မဟုတ်ပါဘူး။ ဒါကို လူတွေက အထင် လွဲနေတယ်။ အဓိကက ကျန်းမာရေး စောင့်ရှောက်မှုတွေကို တခြားသူတွေနဲ့ တန်းတူညီမျှ ရရှိရေး တောင်းဆိုတာပါ။ နှိပ်ကွပ်ရေး ဥပဒေထက် ကာကွယ်ရေး ဥပဒေ ဖြစ်သင့်ပါတယ်” ဟု တော်ဝင်ခရေအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ဧရာဝတီသို့ ပြောသည်။

ယနေ့ခေတ် လူမှုဘ၀နှင့် မကိုက်ညီသည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေများကြောင့် ပြစ်မှုကျူးလွန်သူများ အဖြစ် နေထိုင်ရသည့် လိင်အလုပ်သမများအား ဥပဒေစိုးမိုးရေး ၀န်ထမ်းများက အနိုင်ကျင့် ပြုမူဆက်ဆံမှုများ ရှိကြောင်း ကွန်ရက်၏ ထုတ်ပြန်ချက်ထဲတွင် ပါဝင်သည်။

တော်ဝင်ခရေ၏ နှစ်ပတ်လည် အစည်းအဝေးကို ရန်ကုန်မြို့ အိတ်ဇဲလ် တာဝါတွင် ၂ ရက်ပြုလုပ်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဧည့်သည်အဖြစ် တက်ရောက်ခဲ့သည်။

ဒေါ်နှင်းနှင်းယုက ဆက်လက်၍ “ရဲတွေက ထောင်ဖမ်းတာ ရှိတယ်။ တည်းခိုခန်းကို ခေါ်သွားပြီး လိင်ဆက်ဆံပြီးမှ ဖမ်းတာ ရှိတယ်။ ပြီးတော့ လိင်လုပ်သားနဲ့ ဖောက်သည်နဲ့ အတူတူ ရှိနေတဲ့အချိန်မျိုးမှာ ၀င်ဖမ်းတဲ့အခါ မိန်းကလေးကိုကျတော့ ဖမ်းပြီး ဖောက်သည်ကို ကျတော့ သက်သေအဖြစ်ပဲ ယူတယ်။ အဲဒီသက်သေက ရဲစခန်းမှာပဲ ထွက်ဆိုပြီး တရားရုံးအထိ ပါမလာဘူး” ဟု ပြောသည်။

ယင်းကွန်ရက်၏ တောင်းဆိုချက်ထဲတွင် HIV ကာကွယ် ကုသရေးလုပ်ငန်းများ အဆင်ပြေစွာ လုပ်ကိုင်နိုင်မည့် ဥပဒေများ ပြန်ဋ္ဌာန်းပေးရန်ဆိုသည့် အချက်လည်း ပါဝင်သည်။

မြန်မာနိုင်ငံ အနှံ့ရှိ ဒေသဆိုင်ရာ HIV/ AIDS ကူးစက်မှု ကာကွယ်ရေး၊ ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများကို လုပ်ကိုင်နေသည့် ဒေသဆိုင်ရာ ကွန်ရက်အဖွဲ့ ၁၇ ခုနှင့် ရပ်ရွာလူထု အခြေပြုအဖွဲ့ ၃၆ ဖွဲ့တို့မှ စုစုပေါင်းအဖွဲ့ဝင် ၈၀ ကျော် တက်ရောက်သည့် တော်ဝင်ခရေ၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် အချက် ၄ ချက်ကို လက်မှတ် ရေးထိုး တောင်းဆိုလိုက်သည်။

ယင်းအချက်များတွင် HIVပိုးကူးစက်မှုကာကွယ်နိုင်ရန် လိင်လုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုသူများ ရာနှုန်းပြည့် ကွန်ဒုံးသုံးစွဲရေးအတွက် ပညာပေးရေးလုပ်ငန်းများကို ကျန်းမာရေးဋ္ဌာနများနှင့် INGO များက ထိရောက်စွာအားစိုက်လုပ် ဆောင်ပေးရန်ဆိုသည့် အချက်လည်းပါဝင်သည်။

“လိင်လုပ်သားဆီကိုလာတဲ့ ဖောက်သည်တွေကလည်း ကွန်ဒုံးမသုံးရင် ငွေပိုပေးမယ်ဆိုပြီး စည်းရုံးတယ်။ ဗိုက်ဆာနေရင် လုပ်မိလုပ်ရာ လုပ်မှာပဲ။ နောက်မှာ သူ့ကိုမှီခိုနေရတဲ့ မိသားစုရှိနေတယ်။ ငွေပိုရတော့ ကွန်ဒုံးနဲ့ကာကွယ်ဖို့ လွတ်သွားတာမျိုး လည်းရှိတယ်။ သူတို့ကိုယ်တိုင်ကို အသိပညာပေးဖို့လိုသလို လာတဲ့ဖောက်သည်တွေ မှာလည်း ဒီအသိရှိဖို့လိုပါတယ်” ဟု ဒေါ်နှင်းနှင်းယုက ပြောသည်။

ထို့အပြင် ကျန်းမာရေးဋ္ဌာနများနှင့် INGO များသည် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှုဆိုင်ရာ ၀န်ဆောင်မှုများ တိုးချဲ့ခြင်း၊ အစီအစဉ် ဆွဲခြင်းနှင့် အကောင်အထည် ဖော်ခြင်း လုပ်ငန်းများတွင် တော်ဝင်ခရေ အဖွဲ့ဝင်များအား ပါဝင်ခွင့် ပေးရန်၊ လျှို့ဝှက်ချက်များကို လေးစား လိုက်နာရန်နှင့် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ART ဆေး တိုးမြှင့်ပေးသည့် အစီအစဉ်တွင် ဒေသအသီးသီးရှိ လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများအား ပိုမိုဦးစားပေးရန်လည်း တောင်းဆိုထားသည်။

နောက်ဆုံး တောင်းဆိုချက်တခုမှာ ကျန်းမာရေးကဏ္ဍနှင့် တရားဥပဒေ စိုးမိုးရေး ကဏ္ဍများ၌သာမက၊ ပညာရေးနှင့် စီးပွားရေး နယ်ပယ်များတွင် လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများနှင့် မိသားစုဝင်များအား ခွဲခြားနှိမ်ချ ဆက်ဆံမှုမပြုဘဲ၊ လူသားအဖြစ် ရပိုင်ခွင့်ရှိသော လူ့အခွင့်အရေးများကို တန်းတူရည်တူ ခံစားခွင့်ရရှိစေရေး အသိအမှတ်ပြု ဆောင်ရွက်ပေးရန် ဟူ၍ ဖြစ်သည်။

ယင်း တောင်းဆိုချက်များကို လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းမှတဆင့် လွှတ်တော်သို့ တင်ပြဆွေးနွေး သွားနိုင်ရန် ကြိုး စားသွားမည်ဖြစ်ကြောင်း ဒေါ်နှင်းနှင်းယုက ပြောသည်။

တော်ဝင်ခရေ အဖွဲ့ကို ၂၀၁၁ ခုနှစ် ဧပြီလက မြန်မာနိုင်ငံရှိ ဒေသ ၁၀ ခုမှ လိင်အလုပ်သမ ၃၅ ဦးတို့ ကွန်ရက်ချိတ်ဆက်ကာ စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကွန်ရက်သည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ ပြည်၊ ပဲခူး၊ မကွေး၊ ကျောက်ပန်းတောင်း၊ မုံရွာ၊ မြင်းခြံ၊ လားရှိုး၊ အောင်ပန်း၊ ရွှေဘိုနှင့် စစ်တွေ မြို့များရှိ အဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ ကွန်ရက် လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း ယင်းအဖွဲ့မှ သိရသည်။

အဆိုပါအဖွဲ့သည် လိင်အလုပ်သမများ၏ အသိပညာ၊ ဗဟုသုတ၊ စွမ်းဆောင်ရည်၊ ရပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်များ မြှင့်တင်ပြီး၊ HIV/AIDS လုပ်ငန်းစဉ် အဆင့်တိုင်းနှင့် ခွဲခြားနှိမ်ချ ဆက်ဆံခြင်း လျှော့ချရေး လုပ်ငန်းများတွင် စည်းရုံးလှုံ့ဆော်ခြင်းဖြင့် တက်ကြွစွာ ပါဝင်လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

ကောင်မလေးတစ်ယောက် လူတစ်အုပ်စုရဲ့စော်ကားအနိုင်ကျင့်ခြင်းကို ခံလိုက်ရတယ်… ဒါကြောင့်… သူ မျှော်လင့်ချက်တွေ ကင်းမဲ့ခဲ့တယ်…

 
ကောင်မလေးတစ်ယောက် လူတစ်အုပ်စုရဲ့စော်ကားအနိုင်ကျင့်ခြင်းကို ခံလိုက်ရတယ်…
ဒါကြောင့်… သူ မျှော်လင့်ချက်တွေ ကင်းမဲ့ခဲ့တယ်…
သူ့ဘ၀ကို အဆုံးစီရင်ဖို့ စဉ်းစားခဲ့တယ်… ဒါပေမဲ့ သူချစ်တဲ့သူကို မထားရစ်ခဲ့နိုင်ဘူး…
ဒါနဲ့သူ သူချစ်တဲ့သူကို ဖုန်းကနေတဆင့် ပုံပြင်တစ်ပုဒ်ပြောပြလိုက်တယ်…

ကောင်လေးက နားထောင်ပြီးတော့ သူ့ပုံပြင်က ဘယ်သူ့ကိုဆိုလိုတာလဲဆိုတာကိ
ု သိလိုက်တယ်…
... ဒါပေမဲ့ သူဒီလိုဖြစ်ရပ်မျိုးကို ချက်ချင်းလက်မခံနိုင်ဘူး… ကောင်လေးက ကောင်မလေးကိုပြောလိုက်တယ်…

သူ့ကို ၁၂ နာရီ အချိန်ပေးပါ…
ကောင်မလေးက ဒီအဖြေကို သိနေပြီ… မျက်နှာကို အတင်းပြုံးလိုက်ပြီး “ကောင်းပြီလေ… နင့်ကို ၁၂ နာရီ အချိန်ပေးမယ်… ငါ့ကို လဲ ၁၂ နာရီ အချိန်ပေးလိုက်မယ်…”

မိုးတဖြေးဖြေးလင်းလာပြီ… အရှေ့ဘက်ကနေ လင်းရောင်ခြည်ကို ၀ိုးတိုးဝါးတာမြင်နေရပြီ…
ကောင်မလေးက သိလိုက်ပြီ… သူ့မှာမျှော်လင့်ချက် မရှိတော့ဘူး။ ကိုယ့်ကိုယ်ကို လှလှပပဖြစ်အောင် ပြင်ဆင်လိုက်တယ်…
အိပ်ဆေးပုလင်း ကိုကြည့်ပြီး ဖုန်းကို ကောက်ကိုင်လိုက်တယ်…
သူ့မှာ လက်မှိုင်ကျစရာတွေ… တွန့်ဆုတ်နေတာတွေ ရောထွေးနေတယ်…


အဲဒီ အချိန်မှာဘဲ ဖုန်းသံမြည်လာတယ်… ကောင်လေးဆက်လာတာပါ…
“ငါတညလုံး စဉ်းစားထားပြီးပြီ… ငါနင်ကိုပြောပြချင်တာက…”
ကောင်မလေးက လုပြီးပြောလိုက်တယ် “မပြောနဲ့တော့… ငါသိတယ်… နင်ဘာပြောမလဲဆိုတာကို။ နင်ငါ့ကိုချစ်တယ်လို့ တစ်ခွန်းလောက်ပြောပေးပါလား…


ကောင်မလေးက အိပ်ဆေးတွေကို လက်ဖ၀ါးပေါ်တွန်ချလိုက်တယ်… အလုံးတစ်ရာလောက်ရှိတဲ့ ဆေးပြားတွေဟာ သူ့လက်သေးသေးလေးမှာ အပြည့်ပါဘဲ…
ကောင်လေးက ညင်သာစွာပြန်ပြောလိုက်တယ်… “ အင်း… ငါနင့်ကိုချစ်တယ်…”
“ဒီကိစ္စဟာနင့်ရဲ့ အမှားမဟုတ်ပါဘူး… နင်လဲမဖြစ်ချင်ဘူး… ဒါပေမဲ့လဲ ဘယ်တတ်နိုင်မှာလဲ… ငါတစ်ခုတောင်းဆို ချင်တယ်… လိုက်လျောနိုင်မလား?”
“အင်း.. နင်ပြောလေ… ငါနားထောင်နေမယ်… ဒီ အချိန်တိုတိုလေးမှာ လုပ်ပေးနိုင်မယ်ဆိုရင် ငါလိုက်လျောပေးပါ့မယ်…”

“အချစ်…

ငါတို့လက်မထပ် ခင် အထိ နင့်ရဲ့ အပျိုစင်ဘ၀ကို ဒုတိယတစ်ခေါက် စောင့်ထိန်းပေးနိုင်မလား?”
“ဘာ?” ကောင်မလေး ခဏတာ မှင်သက်သွားပြီး “ဒါမျိုးက တစ်ကြိမ်ဘဲရှိတာ… ဘယ်လိုလုပ်ပြီးဒုတိယ တစ်ကြိမ်ရှိမှာလဲ?”
“ဟုတ်တယ်၊ ပထမ တစ်ကြိမ်တုန်းက နင် မဆုံးရှုံးချင်ဘူး… နင့် ဆန္ဒမပါဘဲ ပေးလိုက်ရတာ… ဒုတိယတစ်ကြိမ်ကိုတော့ နင့်ရဲ့စိတ်ဆန္ဒနဲ့ ငါ့ကိုပေးနိုင်မလား?”

ဘိုင်း… ဆေးပုလင်းနဲ့ ဖုန်း ကောင်မလေးရဲ့လက်ထဲကနေ လွတ်ကျသွားတယ်…
ကောင်မလေးရဲ့ ကြည်လင်လှတဲ့ မျက်ရည်တွေဟာ သူ့ရဲ့မျက်နှာပြင်အတိုင်းစီးကျလာတယ်…

“ဟဲလို… နင်ဘာဖြစ်သွားတာလဲ?”

ကောင်လေး တော်တော်လေးလန့်သွားတယ်… သူ ခြေကုန်လက်ပန်း ကောင်မလေးရဲ့ အိမ်ကို ပြေးလာခဲ့တယ်…
သူ သူ့ကို ဆုံးရှုံးလို့မဖြစ်ဘူး… သူ သူ့ကိုချစ်တယ်…
သူဘာဘဲဖြစ်နေပါစေ… သူသိတာက.. သူဟာ သူ့ရဲ့ အသက်… သူဟာ သူ့ရဲ့နတ်သမီး… သူဟာ သူ့ရဲ့တစ်ခုတည်းသော…
သူ မောမောဟိုက်ဟိုက်နဲ့ ကောင်မလေးအိမ်တံခါးရှေ့ရောက်တဲ့အချိန်မှာ…
တံခါးကိုဆွဲဖွင့်လိုက်တယ်… ကောင်းမလေး ရဲ့မျက်ရည် အဆက်မပျက် ကျဆင်းနေတဲ့ မျက်ဝန်းအစုံဟာ တံခါးဝကို စိုက်ကြည့်နေတယ်…
“ဟူး…”သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်တယ်… “ တော်သေးတာပေါ့… ငါ့မှာလန့်လို့သေတော့မယ်…”

ကောင်မလေးက သူ့ဆီက ပြေးဖက်လိုက်တယ်… နူးညံ့စွာ ပြောလိုက်တယ်…
“ငါ ငါ့ရဲ့ဒုတိယ တစ်ကြိမ်ကို နင့်ကိုပေးမယ်… အခုပေးလဲရတယ်…”
ကောင်လေးက ကောင်မလေးရဲ့ လင်းလက်နေတဲ့ မျက်ရည်ကို အနမ်းပေးပြီးပြောလိုက်တယ်…
“မဟုတ်ဘူး… အဲဒီနေ့ကိုစောင့်ပါ… အဲဒီနေ့မှာ နင်ငါ့ကိုပေးမယ်ဆိုမှငါယူမယ်… ငါစောင့်မယ်… နင်လဲစောင့်ရမယ်… သိလား?”

ကောင်လေးက ကောင်မလေးရဲ့ကောင်းကို ပွတ်ပြီးပြောလိုက်တယ် " နင်သေသွားရင် ငါနင့်ကို ဘယ်လိုဆက်ချစ်ရတော့မှာလဲ? ငါနင့်ကိုချစ်တာ နင့်ကိုပျော်ရွှင်ကြည်နူးစေချင်လို့ပါ..."

ကောင်မလေး ဖြတ်သန်းလာခဲ့တဲ့ နေ့များစွာမှာ ပထမဦးဆုံးသော “ကြည်နူးမှု အချစ်မျက်ရည်ကျဆင်းခဲ့ရတယ်…

လူတစ်ယောက်ကို ချစ်တာ သူ့ကောင်းကွက်ကိုဘဲ ချစ်တာမဟုတ်ဘဲ သူ့ရဲ့ အားနည်းချက်၊ လိုအပ်ချက်၊ မှားယွင်းချက်လေးတွေကိုပါ လက်ခံနိုင်ဖို့လိုပါလိမ့်မယ်...
နန်းထိုက်အောင်
yamatoprince@gmail.com
Credit to Myawaddy

Wednesday, July 31, 2013

မလေးရှားသို့ အလုပ်သမားများ စေလွှတ်ရန် ပြန်ခွင့်ပြုပြီ ....................................................

ညိမ်းပြည့်စုံ


ပြဿနာများကြောင့် ယာယီရပ်ဆိုင်းထားသည့် မလေးရှားသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများ ပို့ဆောင်ရန် ပြန်လည် ခွင့်ပြုလိုက်ပြီဖြစ်ပြီး အလုပ်သမားကတ် များလည်း လုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“ပြဿနာတွေ ဖြစ်နေလို့ အလုပ်သမားပို့ခွင့်ကို ယာယီ ရပ်ခိုင်းလိုက်ပေမယ့် အေဂျင်စီတွေက အခက်အခဲတွေနဲ့ ကြုံရတယ်။ သွားချင်နေတဲ့ လုပ်သားတွေကလည်း ကြန့်ကြာနေရတယ်။ အခုတော့ မလေးရှားမှာ အခြေအနေတွေ ငြိမ်နေပြီဆိုတော့ အလုပ်သမား ပို့လွှတ်ဖို့ကို ခွင့်ပြုလိုက်တာ” ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်နွေဦးက ဧရာဝတီသို့ ပြောသည်။

မလေးရှားသို့ မြန်မာလုပ်သားများ ပို့လွှတ်ခွင့်ကို ပြန်လည် ခွင့်ပြုလိုက်သော်လည်း လုပ်သားစေလွှတ်မည့် အေဂျင်စီများ အနေဖြင့် အချက် ၉ ချက် ပါရှိ ခံဝန်ကတိ သဘောတူ စာချုပ်ချုပ်ဆိုရမည် ဖြစ်ကြောင်း၊ သဘောတူ လက်မှတ်ထိုးပြီး မှသာ လုပ်သားစေလွှတ်ခွင့် ရှိမည် ဖြစ်ကြောင်း နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ ၂ စောင်တွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံသို့ လုပ်သားပို့ရန် သဘောတူစာချုပ်တွင် အလုပ်ခေါ်စာ၊ စက်ရုံ၏ လိပ်စာတို့ မှန်ကန်မှု ရှိခြင်း၊ လုပ်သားများ အတွက် အန္တရာယ်ကင်း၍ အေးချမ်းသော နေရာဖြစ်ခြင်း၊ လစာနှင့် ခံစားခွင့် မှန်ကန်မှုရှိခြင်း၊ မြန်မာ လုပ်သားများသည် မလေးရှားနိုင်ငံ၏ ဥပဒေများအတိုင်း ခံစားခွင့်ရှိခြင်း၊ တစုံတရာကြောင့် ထိခိုက်၊ သေဆုံးခဲ့ ပါက နစ်နာကြေး၊ လျော်ကြေးရရန် ဆောင်ရွက်ပေးခြင်း၊ လုပ်သား အလုပ်သက်တမ်း ကုန်ပါက လေယာဉ်လက်မှတ်ကို အေဂျင်စီက စီစဉ်ပေးခြင်း၊ လုပ်သားများ ပြဿနာပေါ်လာလျှင် အေဂျင်စီက တာဝန်ယူ အကုန်အကျခံကာ ဖြေရှင်းပေးခြင်း စသည်တို့ ပါရှိသည်။

မလေးရှားသို့ မြန်မာ လုပ်သားများ ပို့လွှတ်ခွင့်ကို ဇွန်လ ၁၃ ရက်မှစ၍ ယာယီရပ်ဆိုင်းထားခဲ့ကြောင်း၊ ထိုပြဿနာ များကြောင့် ၁ လကျော် အတွင်း မြန်မာလုပ်သား ၃ ထောင်ကျော် ပြည်တွင်းသို့ ပြန်လာခဲ့ကြောင်း၊ ယခု ထိုပြဿနာများ ငြိမ်သက်သွားပြီ ဖြစ်သည့်အတွက် ဇူလိုင် ၃၀ ရက်နေ့မှ စ၍ လုပ်သားများ စေလွှတ်ရန် ပြန်လည် ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီအချက်တွေကလည်း အခုမှ ရေးတဲ့ အသစ်တွေ မဟုတ်ဘူး။ ပြည်ပအလုပ်အကိုင်နဲ့ ပတ်သက်တဲ့ လုပ်ငန်းလိုင်စင် ရကတည်းက လိုက်နာရမယ့် အချက်တွေမှာ ပါတဲ့ ဟာတွေပဲ” ဟု ဒေါ်ခင်နွေဦးက ဆိုသည်။

နေပြည်တော်ရှိ နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနတွင် သဘောတူ လက်မှတ် ရေးထိုးရမည်ဖြစ်ပြီး စည်းကမ်းချက်များကို ဖောက်ဖျက်ပါက လိုင်စင် သိမ်းမည် ဖြစ်ကြောင်း သိရသည်။

“အခုလို လုပ်သားပြန်လွှတ်ဖို့ ခွင့်ပြုလိုက်မှ အဆင်ပြေမှာပါ။ ဘာလို့လဲဆိုတော့ ဒီကနေ လုပ်သားစေလွှတ်ဖို့ ရပ်ထား လိုက်ရတဲ့ အတွက် ဟိုဘက်က အလုပ်ခေါ်စာတွေ ရတယ်။ ဒါပေမယ့် ဒီဘက်က မပို့နိုင်တာတွေ ဖြစ်လာတယ်။ ဒီတော့ ဟိုဘက်ကုမ္ပဏီကို လျော်ကြေးတွေ ပေးရတယ်” ဟု Royal Four Sea ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူ တဦးက ဆိုသည်။

ရန်ကုန်မြို့ လပြည့်ဝန်းပလာဇာ ခြောက်လွှာ၌ မီးလောင်မှု ဖြစ်ပွား

AddThis Social Bookmark Button
Y-31-7
မီးလောင်မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်
ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်း လပြည့်ဝန်းပလာဇာ ခြောက်လွှာတွင် ဇူလိုင် ၃၀ ရက် နေ့လယ် ၁၂ နာရီ ၇ မိနစ်ခန့်က ပေါ့ဆမီးကြောင့်ဖြစ်သော မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါ အဆောက်အအုံ ခြောက်ထပ်ရှိ လူမနေသော စတိုခန်းတွင် ထားရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပိုက်များမှတစ်ဆင့် ပေါ့ဆမီးကြောင့် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
"၀ါယာရှော့ခ်လို့တော့ ပြောတယ်။ တစ်ယောက်ယောက်က ရှို့တာတော့ မဟုတ်ပါဘူး" ဟု ယင်းအဆောက်အအုံမှ လုံခြုံရေးတစ်ဦးဖြစ်သူ ဦးညိုမောင်က ပြောကြားသည်။
ထို့ပြင် ၎င်းကပင် "ကျွန်တော်က အောက်မှာရောက်နေတာပါ။ မီးလောင်တယ်ဆိုတာကြားတော့ အပေါ်တက်လာတယ်။ ပြီးတော့ လူတွေကို အောက်ကိုဆင်းဖို့ ပြောတယ်။ မီးလောင်တဲ့ဖြစ်စဉ် အကုန်ကိုတော့ ကျွန်တော်တို့ရဲ့ incharge ကတော့ မြင်လိုက်တယ်" ဟု ဦးညိုမောင်က ဆိုသည်။
အဆိုပါ ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းနှင့် မီးသတ်ယာဉ် ၁၁ စီး၊ အထောက်အကူပြုယာဉ် ငါးစီး၊ အုပ်ချုပ်မှုယာဉ် ငါးစီးတို့ လာရောက်ငြှိမ်းသတ်ခဲ့ပြီး ၁၂ နာရီ ၃၁ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သတင်းရရှိသည်။
မီးလောင်မှုနေရာသို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ဒုတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ အကူတပ်ဖွဲ့ခွဲမှူး၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ရောက်ရှိစစ်ဆေးခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့အနေနဲ့ မီးလောင်မှုဖြစ်စဉ်ကို ဆက်လက်စုံစမ်း စစ်ဆေးနေပါတယ်" ဟု ဒဂုံမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို ဒဂုံမြို့မရဲစခန်းမှ (ပ) ၁၇၃/၂၀၁၃၊ ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်စဉ်ကြောင့် လပြည့်ဝန်း ပလာဇာအနီးတွင် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ပြီး ယာဉ်လမ်းကြောများလည်း ပိတ်ဆို့ခဲ့ကြောင်း သိရသည်။