This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, July 25, 2013

Samsung Galaxy S4 မှာ ဖုန်းလာတဲ့အခါ ဖုန်းကိုလက်နဲ့ထိစရာမလိုဘဲ ဖုန်းမျက်နှာပြင်ပေါ်ကိုလက်နဲ့ဝှေ့လိုက်ရုံနဲ့ ဖုန်းကိုင်ပြီးသား (accept) ဖြစ်သွားစေတဲ့Air Call-Accept v1.1 apk for Android






ပို့စ်ရေးသားသူ- ကိုစိုးကိုကို (Myanmar Mobile Users Group)
Samsung Galaxy S4 မှာ ဖုန်းလာတဲ့အခါ ဖုန်းကိုလက်နဲ့ထိစရာမလိုဘဲ ဖုန်းမျက်နှာပြင်ပေါ်ကိုလက်နဲ့ဝှေ့လိုက်ရုံနဲ့ ဖုန်းကိုင်ပြီးသား (accept) ဖြစ်သွားစေတဲ့ Air Call Accept ဆိုတဲ့ function ကိုသိကြမှာပါ။ အခုပေးမယ့်ဆော့ဝဲလေးကတော့ Samsung Galaxy S4 ရဲ့Air Call-Accept Function လေးကို တခြားဖုန်းတွေမှာအသုံးပြုနိုင်စေမယ့် Android ဖုန်းဆော့ဝဲလေးဖြစ်ပါတယ် ။ ဆော့ဝဲရဲ့နာမည်ကတော့ Air Call Accept ဖြစ်ပါတယ်။ Proximity Sensor (ဖုန်းလာလို့ကိုင်လိုက်ရင် Screen auto မှိတ်သွားတဲ့ features) ပါတဲ့ Android တိုင်းလိုလိုမှာ အသုံးပြုနိုင်မယ်လို့ထင်ပါတယ် ခင်ဗျ။ Air Call Accept for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။ Air Call-Accept v1.1 apk for Android (Link 1)
Air Call-Accept v1.1 apk for Android (Link 2)



ကြေညာချက်။ ။ပြည်တွင်းပြည်ပ နောက်ဆုံးရသတင်းတွေဖတ်ရှုချင်တယ်ဆိုရင်တော့ Myanmar Update Channel (www.myanmarupdatechannel.com) ကိုသာဝင်ရောက်ပါ လက်တွေလေမှာဝဲပြီး ဖုန်းကိုင်ကြမယ်
-------------------------------------
Samsung Galaxy S4 မှာ ဖုန်းလာတဲ့အခါ ဖုန်းကိုလက်နဲ့ထိစရာမလိုဘဲ ဖုန်းမျက်နှာပြင်ပေါ်ကိုလက်နဲ့ဝှေ့လိုက်ရုံနဲ့ ဖုန်းကိုင်ပြီးသား (accept) ဖြစ်သွားစေတဲ့ Air Call Accept ဆိုတဲ့ function ကိုသိကြမှာပါ။ အခုပေးမယ့်ဆော့ဝဲလေးကတော့ Samsung Galaxy S4 ရဲ့Air Call-Accept Function လေးကို တခြားဖုန်းတွေမှာအသုံးပြုနိုင်စေမယ့် Android ဖုန်းဆော့ဝဲလေးဖြစ်ပါတယ် ။ ဆော့ဝဲရဲ့နာမည်ကတော့ Air Call Accept ဖြစ်ပါတယ်။ Proximity Sensor (ဖုန်းလာလို့ကိုင်လိုက်ရင် Screen auto မှိတ်သွားတဲ့ features) ပါတဲ့ Android တိုင်းလိုလိုမှာ အသုံးပြုနိုင်မယ်လို့ထင်ပါတယ် ခင်ဗျ။ Air Call Accept for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

http://www.myanmarmobileapp.com/2013/07/24/air-call-accept-v1-1-apk-for-android/

အမြန်လမ်းမကြီးကြီးပေါ် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

သတ္တဝါ အားလုံးတို့ ဘေးရန် ခပ်သိမ်းကင်းငြိမ်းကြပါစေ
အမြန်လမ်းမကြီးကြီးပေါ် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်
ဇူလိုင်(၂၄)

အမြန်လမ်းမကြီးတစ်လျှောက် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းတွင် တောင်ငူမြို့ ၀ိသုဒ္ဓါရုံသိမ်ဥုးကျောင်း
ပဓာနနာယကဆရာတော် ဥုးစန္ဒောဘာသ နှင့် ဆရာတော်
ဓမ္မကထိက ဥုးသောပါက နှင့် စုစုပေါင်း ဆရာတော်၊ သံဃာတော် ၁၈ ပါး ပါဝင်ပြီး၊
တောင်ငူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ရှိန် ဦးဆောင်စီစဉ်မှုဖြင့် ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များလိုက်ပါကာ
ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပါစေခြင်းအလို့ငှာ
ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို
ဇူလိုင်(၂၄)ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

နံနက်(၇)နာရီတွင် တောင်ငူမြို့မှ စတင်ပြီး အမြန်လမ်းပေါ်တစ်လျှောက် ပရိတ်တရားတော်များရွတ်ဆိုကာ တောင်ငူ မိုင်တိုင် (၁၄၆) မှ နေပြည်တော် Toll Gate မိုင်တိုင်(၂၀၂) သို့ နံနက်(၉း၀၀)နာရီတွင်ရောက်ရှိခဲ့သည်။ ထိုမှတဆင့် နောက်ပြန်ကွေ့ပြီး ၁၁၅ မိုင်သို့ ၁၁း၃၀ နာရီခန့်တွင်ရောက်ရှိပြီး ပိုင်အိုးနီးယားစားသောက်ဆိုင်မှ ဆရာတော်သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်ပါတယ်။ ထို့နောက်ပရိတ်တရားတော်များရွတ်ဆိုကာ ဆက်လက်ထွက်ခွာလာရာ ပဲခူးလမ်းဆုံအထိသွားရန်စီစဉ်ထားသော်လည်း မိုးအရမ်းရွာသွန်းနေ၍ သံဃာတော်များကိုငှဲ့ညှာထောက်ထားပြီး ကျောက်တံခါးလမ်းဆုံ မိုင်တိုင်အမှတ် (၈၄)အထိသာ သွားရောက်နိုင်ခဲ့ပါတယ်။ ထိုနောက် တောင်ငူဘက်သို့ပြန်လာခဲ့ပြီး မိုင်တိုင်အမှတ် ၁၂၅/၄ မကြာခင်က ခရီသည်တင်မော်တော်ယာဉ်တိမ်းမှောက်ခဲ့သည့်နေရာတွင် ခေတ္တရပ်နားပြီး ပရိတ်တရားတော်များရွတ်ကာ အမျှပေးဝေခဲ့ပါသည်။ တောင်ငူသို့ ညနေ(၅း၀၀)နာရီတွင်ပြန်လည်ရောက်ရှိပါသည်။

ခရီးစဉ်အစအဆုံးတွက်လျှင် အမြန်လမ်း မိုင်တိုင်အမှတ် ၈၄ နှင့် ၂၀၂ အကြား အသွားအပြန်လမ်းတစ်လျှောက် ပရိတ်တရားတော်များရွတ်ဆိုကာသွားရောက်နိုင်ခဲ့ပြီး
ဆရာတော်၊ သံဃာတော်များမှ ရန်ကုန်-မန္တလေး
အမြန်လမ်းတစ်လျှောက် သွားလာနေကြသော ခရီးသွားမိဘပြည်သူများ ဘေးရမ်းခပ်သိမ်းကင်းငြိမ်းကျပါစေခြင်းငှာ ပရိတ်တရားတော်များကို ရွတ်ဆိုခဲ့ပါတယ်။

ခရီးသွားမိဘပြည်သူများဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ...

၂ဝ၁၂ ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွန် ဆုများအတွက် လျာထားသော ဇာတ်ကားများ စာရင်း ထုတ်ပြန်



မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ၂ဝ၁၂ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ခြင်း အတွက် အကျုံးဝင်သည့် အရွေးချယ်ခံ ရုပ်ရှင်ဇာတ်ကားများ စာရင်းကို လွန်ခဲ့သော ရက်အနည်း ငယ်က တရားဝင် ထုတ်ပြန်ကြေညာ လိုက်ကြောင်း သိရသည်။

ထိုသို့ ထုတ်ပြန်ကြေညာ ရာတွင် စုစုပေါင်း ရွေးချယ်ဇာတ်ကား ၁၇ ကားရှိပြီး ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး)၊ ဝိုင်း၊ ညီညီထွန်းလွင်၊ အောင်ကိုလတ်၊ ညွှန့်မြန်မာ ညီညီအောင် အစရှိသည့် ရုပ်ရှင် ဒါရိုက်တာကြီးများ စီစဉ်ရိုက်ကူးခဲ့သော ဟာသ၊ အချစ်နှင့် ဘဝသရုပ်ဖော် ဇာတ်ကားများ ပါဝင်ကြောင်း သိရသည်။

အဆိုပါရုပ်ရှင် ကားများအနက် အချို့သည် လွန်ခဲ့သော ၂ဝ၁၂ ခုနှစ် ကတည်းက ရုံတင်ပြသ ခွင့် ကျပြီးဖြစ်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ယခု ၂၀၁၃ ခုနှစ် ရောက်မှသာ ရုံတင်ပြသ ကြသည်ကို တွေ့ရသည်။

အရွေးချယ်ခံ ရုပ်ရှင်ဇာတ်ကား အတော် များများသည် ဖလင်ပေ အရှည် ၁၂ဝဝဝ ခန့် ကြာမြင့် ချိန် ၂ နာရီ မိနစ်၂ဝ နီးပါး ရှိကြသည်။

အရွေးချယ်ခံ ဇာတ်ကားများ၏ အမည်စာရင်းမှာ အချစ်ကွိုင်၊ မေခင်ကညာ၊ ချစ်တယ်ပြောမှ လွှတ်မယ်၊ ငါမင်းကို----၊ လက်ပံ၊ မော်ကွန်းဥဒါန်း၊ သွားလူဆိုး ဒါမျိုးတော့ တတ်တယ်၊ နှစ်ပင် လိမ်တဲ့ ရည်းစားစာ၊ ဥ၊ ကယန်းအလှ၊ အလန်းလွန် အလွန်လန်း၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ၊ ဝိုင်းကြီး ပတ်ပတ်ဒူဝေဝေ၊ အမုန်းမီးတောက်၊ အမွေခံထိုက်သူ ဖြစ်ပါစေ၊ ဟတ်ထိတယ်နှင့်

Read More >> http://www.myawady.net.mm/allnews/local/item/20374-2013-07-24-09-58-33

အမျိုးစောင့်ဥပဒေ ရမည်းသင်းဒေသ၌ စတင်လိုက်နာကျင့်သုံး


*************************************
မောင်အောင် ကိုဆန်း (ခ)ခါလစ် (မွတ်ဆလင်/အစ္စလာမ်) သည် မခင်ပြည့်ဝင်း(ဗမာ/ဗုဒ္ဓ) အား မေတ္တာသက်ဝင် ချစ်ခင်၍ အကြင် လင် မယား အဖြစ်ပေါင်းသင်းလိုကြောင်း လက်ထပ်ထိမ်းမြားခြင်းမပြုခင် အစ္စလာမ်ဘာသာဝင် အဖြစ်မှ ဗုဒ္ဓဘာသာဝင်အအဖြစ်သို့ တရားဝင် ကူးပြောင်းမည် ဖြစ်ကြောင်း ကမ်းလှမ်းလာသည့် အ ပေါ် တာဝန် ရှိသူများမှ လက်ခံပြီး ဝန်ခံကတိ စာချုပ်၌ လည်း လက်မှတ်ရေးထိုးကာ အမျိုးစောင့် ဥပ ဒေပါ အချက်အလက်များနှင့် အားလုံးမပြည့်စုံသော်လည်း အထိုက်အ လျောက်လိုက်နာကျင့်သုံးခဲ့ပါသည်။

ကတိဝန်ခံချက် (၈ ၇ ၂၀၁၃) ရမည်းသင်းမြို့ အောင် မင်္ဂလာအုပ်စု ဝါတိုး အ နောက် ရပ်ကွက်နေ အဘ ဦးမောင် လှ အမိဒေါ်ဖြူဖြူဝင်းတို့၏ သားဖြစ်သူ ကျွန်တော်အောင် ကိုဆန်း (ခ) ခါလစ် မှတ်ပုံတင် အမှတ် ၉/ရမသ (နိုင်)၁၀၄၁၄၀ သည် အစ္စလာမ်ဘာသာဝင် မှ ဗုဒ္ဓဘာသာဝင် အဖြစ်သို့ မည်သူတစ်ဦးတစ်ယောက်၏ ဖျားယောင်းသွေးဆောင် ချိန်းခြောက်မှုမပါ မိမိသ ဘောဆန္ဒဖြင့် ဘာသာကူးပြောင်းခဲ့ပါသည် နောင် တစ်ချိန် ဗုဒ္ဓဘာသာဝင်အဖြစ်မှ အခြားဘာသာသို့ကူးပြောင်းခဲ့သော် သာသနာညှိုးနွမ်းစေမှု ၂၉၅ (က) ဖြင့် အ ရေးယူ ခံပါမည် ဟု ပါရှိပါသည်။

ထို ကတိဝန်ခံ ချက်သည် ခရိုင် သာသနာရေး မှူးရုံး ၌ သာသနာရေးမှူး ဦးမျိုးဝင်းအောင် နှင့် ဝါတိုးရပ်ကွက်ကြီး အုပ်ချုပ်ရေးမှူး တို့ရှေ့မှောက်၌ မောင်အောင်ဆန်းကို (ခ)မောင် ခါလစ် ကိုင်လက်မှတ်ရေးပါသည် ရမည်းသင်း ၌ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် တို့ သည် ရှေးယခင် ထဲက ဘာသာဝင် အချင်းချင်း လေးစားနားလည်ခဲ့ ခဲ့ကြရာ အခု လည်းအမျိုးစောင့် ဥပ ဒေ ကို လေးစား လိုက်ကြောင်း ပြသသည့် သာဓက ပင် ဖြစ်ပါသည်။

မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းများခြင်းဆိုင်ရာ ဥပ ဒေ (မူကြမ်း ၌ မည်သူမဆို မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ် ရမည် ဘာသာခြားဖြစ်ခဲ့သူက မြန်မာဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်ပေါင်းသင်းမည်ဆိုပါက် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင် လက်မှတ်ရှိထားသူဖြစ် ရမည် ထို့အပြင် လက်ထပ်မည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီး၏ မိဘ (သို့)အုပ်ထိန်းသူ ၏ စာဖြင့် တရားဝင် ခွင့်ပြုချက်ကို လက်ခံရယူရမည် အထက်ပါသတ်မှတ်ချက်များနှင့်ညီညွတ်ပါက လက်ထပ်ထိမ်းမြားခြင်းကို သက်ဆိုင်ရာကျေးရွာ (သို့) ရပ်ကွက်အုပ်ချုပ်ရေးမှူးရှေ့တွင် လက်မှတ်ရေးထိုးလက်ထပ် ရမည်။

အထက်ပါ ပြဌာန်းချက်အတိုင်း မလိုက်နာပဲ မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်ခြင်း ပေါင်းသင်းခြင်း ပြုလုပ်ပါက ထိုသူကို ထောင်ဒဏ်(၁၀)နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ် ရမည့်အပြင် ထိုသူပိုင် ပစ္စည်းအားလုံးကိုလည်း သိမ်းယူ၍ ထိုဗုဒ္ဓဘာသာဝင် အမျိုးသမီးအား ပေး ရမည် ဟုပါရှိပါသည်။

မင်းကျောင်း စန္ဒော

https://www.facebook.com/minkyaungsdbt/posts/1400292990185641

_______________________________________

ဧရာဝတီမြစ်ဖျားဆီက ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
{ဗဟုသုတ ဟင်းပေါင်းအိုးကြီး}

ဖိုင်ဘာကေဘယ် ဆက်ကြောင်း ချို့ ယွင်းမှုကြောင့် အင်တာနက် တစ်လခန့်  နှောင့်နှေးမည်

ဖိုင်ဘာကေဘယ် ဆက်ကြောင်း ချို့ ယွင်းမှုကြောင့် အင်တာနက် တစ်လခန့်  နှောင့်နှေးမည်
ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်းချို့ယွင်းမှုကိစ္စ ပြည်သူများသို့အသိပေးကြေငြာခြင်

၁။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းများနှင့် အဓိကချိတ်ဆက် ထားသော ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း သည် (၂၂-၇-၂၀၁၃) ရက်နေ. ညနေ (၀၅:၀၀) နာရီခန်.တွင် ချို.ယွင်းမှု ဖြစ်ပွားခဲ့ပါသည်။

၂။ ဤဆက်ကြောင်းမှ ဝန်ဆောင်မှုပေးထားသော အင်တာနက်နှင့် နိုင်ငံရပ်ခြား တယ်လီဖုန်း အဝင်/အထွက် ခေါ်ဆိုမှုများ လုံးဝပြတ်တောက်ခြင်းမရှိစေရန် ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများမှ ချိတ်ဆက်ပေးထားပါ သည်။

၃။ SEA-ME-WE 3 ဆက်ကြောင်း၏ မြန်မာပြည်တွင်း လမ်းကြောင်းတစ်လျှောက်ဖြစ်သော ဖျာပုံ၊ ကျုံကဒွန်းနှင့် ကုလားထိပ်ပင်လယ်ကမ်းစပ်အထိ လိုက်လံစစ်ဆေးခဲ့ရာ ချို.ယွင်းမှုသည် ပင်လယ်အတွင်း ( ၁၃ ) ကီလိုမီတာခန်.တွင် ဖြစ်နိုင်ကြောင်းတိုင်းတာ တွေ.ရှိရပါသည်။

၎။ ဤချို.ယွင်းမှုအား စင်ကာပူနိုင်ငံအခြေစိုက် ပင်လယ်ရေအောက်ကေဘယ် ပြုပြင်ထိမ်းသိမ်း ရေးအဖွဲ.နှင့် ညှိနှိုင်းပြီး အမြန်ဆုံးပြုပြင်နိုင်ရန်ဆောင်ရွက်လျှက်ရှိပါသည်။ ပြုပြင်ရန် ခန်.မှန်း ကြာမြင့်ချိန်မှာ (၁) လခန့်ဖြစ်ပါသည်။ ပြုပြင်ဆဲကာလအတွင်း အင်တာနက်အသုံးပြုမှုများ နှောင့်နှေးနေမည် ဖြစ်ပါကြောင်း မိဘပြည်သူများအား အသိပေးကြေညာအပ်ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
copy သစ်ထူးလွင်
http://www.thithtoolwin.info/2013/07/blog-post_8771.html#.UfAipaw9KUk

တိုင်းရင်းသားဆို တာ မွေးရာပါ အခွင်းအရေး တရပ်ပါ ပြုပြင်လို့လည်းမရ ပြောင်းလည်းလို့လည်းမရ လုပ်ယူလို့လည်း မရပါဘူး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက
မြန်မာနိုင်ငံက မွတ်စလင် ရိုဟင်ဂျာတွေကို
နိုင်ငံသားအဖြစ်လက်ခံဖို့ တိုက်တွန်းချက် အပေါ်
ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က တုံ့ပြန်လိုက်တာပါ။

"ကျနော်တို့လည်း အကြိမ်ကြိမ်ပြောခဲ့ပြီးပြီ
(၁) ကျနော်တို့ဆီမှာ ရိုဟင် ဂျာဆိုတဲ့ လူမျိုးမရှိပါဘူး၊ သမိုင်းကြောင်းအထောက်အထားအရလည်း ဟိုးတုန်းက အင်္ဂလိပ်ခေတ်က စပြီးတော့ကောက်ခဲ့တဲ့ သန်းခေါင်စာ ရင်းမှာလည်း ရိုဟင်ဂျာဆိုတာ ဖော်ပြခဲ့တာ မရှိပါဘူး၊ ဘင်္ဂါလီလူ မျိုးလို့ပဲ ဖော်ပြခဲ့တာဖြစ်ပါတယ်၊
(၂) ကျနော်တို့နိုင်ငံ ရခိုင်ပြည်နယ်အတွင်း မှာနေထိုင်ကြတဲ့ ဘင်္ဂါလီမွတ်စလင်ထဲမှ ၁၉၈၂ နိုင်ငံသားအက်ဥပဒေနဲ့ ကိုက်ညီတဲ့လူမှန်သမျှ နိုင်ငံသား အခွင့်အရေးရမှာဖြစ်ပါတယ်"

ဒီကနေ့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာလည်း မြန်မာအစိုးရအနေနဲ့
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ကိုက်ညီသူတွေကို နိုင်ငံသားပေးမှာ
ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောကြားချက်အပေါ် တရားဝင်တုံ့ပြန် ထားပါတယ်။

Wednesday, July 24, 2013

ပြည်တွင်းဓာတ်ဆီ ထုတ်လုပ်ဖြန့်ဖြူးမှု လုံးဝရပ်ဆိုင်းခြင်းကြောင့် ဈေးနူန်းပြောင်းလဲမည်ကို စိုးရိမ်


Wednesday, July 24, 2013

စွမ်းအင်ဝန်ကြီးဌာနက ဓာတ်ဆီ(ဆီဖြူ) များ ထုတ်လုပ်ဖြန့်ဖြူးခြင်းကို ရပ်တန့်ရန် ကြေညာခြင်းသည် အောက်တိန်းဓာတ်ဆီဈေးနှုန်း ထိုးတက်စေနိုင်သည့် တွန်းအားတစ်ရပ် ဖြစ်လာမည်ကို စိုးရိမ်ရဖွယ်ရှိ ကြောင်း စက်သုံးဆီလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ပြည်တွင်းထုတ် ဓာတ်ဆီများအား အဓိကထုတ်လုပ်သည့် သန်လျှင်အမှတ်(၁)ရေနံချက်စက်ရုံအား အဆင့်မြင့် မွမ်းမံပြင်ဆင်ရန် ဆောင်ရွက်နေပြီး ယင်းကာလအတွင်း ဓာတ်ဆီ(ဆီဖြူ) ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုအားရပ်ဆိုင်းမည်ဟု စွမ်းအင်ဝန်ကြီးဌာန၏ ၀က်ဆိုက်တွင်တရားဝင် ထုတ်ပြန်လိုက်ခြင်း အပေါ် ပြောဆိုကြခြင်းဖြစ်သည်။ မည်သည့်ရက်တွင် ရပ်ဆိုင်းမည်ကိုမူ အတိအကျ ဖော်ပြမထားပေ။ထို သို့ပြင်ဆင်နေချိန်တွင် ဓာတ်ဆီ(ဆီဖြူ) လိုအပ်သည့် ပမာဏအတိုင်း အောက်တိန်းဓာတ်ဆီ (92 Ron) များ ပြည်ပမှတင်သွင်း အစားထိုးသွားမည်ဟုလည်းဖော်ပြထားသည်။

ပြည်ပမှ စက်သုံးဆီ တင်သွင်းရောင်းချရာတွင် ကမ္ဘာ့စက်သုံးဆီဈေးနှင့် ပြည်တွင်းနိုင်ငံခြား ငွေလဲနှုန်း ထားများအပေါ် မူတည်ကာ ဈေးနှုန်းဖြစ်ပေါ်ခြင်းကြောင့် ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်အား ပြည်ပမှသာ တင်သွင်းရပြီး ဈေးကွက်အတွင်း အောက်တိန်းဓာတ်ဆီတစ်မျိုးတည်းသာရှိပါက ဈေးနှုန်းကြီးမြင့် မည်ကို စိုးရိမ်ရကြောင်း ယင်းတို့က ပြောသည်။

တာမွေမြို့နယ်မှ အငှားယာဉ်မောင်းတစ်ဦးက “အောက်တိန်းကတော့ ဓာတ်ဆီထက် ဆီစားပေမယ့် အသစ်ဝင်လာတဲ့ ကားတွေကအောက်တိန်းသုံးတာပဲ ပိုကောင်းတယ်။ ဓာတ်ဆီ(ဆီဖြူ) မရှိတော့လို့ အောက်တိန်းတစ်မျိုးတည်းဖြစ်သွားခဲ့ရင်လဲ သွင်းဈေးကို အကြောင်းပြလိုက် ဒေါ်လာဈေးကိုအကြောင်း ပြလိုက်ဆိုတာမျိုးနဲ့ ဈေးတွေတက်လာမှာကိုပဲ ကြောက်တာ”ဟုပြောသည်။

မေလကုန်ပိုင်းအတွင်း တစ်ဂါလံလျှင်ကျပ် ၃၈၀၀ မှ ၄၃၀၀ အကြားသာရှိခဲ့သည့် အောက်တိန်း ဓာတ်ဆီ ဈေးနှုန်းသည်နိုင်ငံခြားငွေလဲနှုန်း တစ်ဟုန်ထိုးစံချိန်တင်မြင့်တက်ခဲ့သည့် ဇွန်လလလယ်ပိုင်းတွင် တစ်ဂါ လံလျှင်ကျပ် ၄၀၀၀ မှ ၄၆၀၀ ဈေးအကြားသို့ မြင့်တက်ခဲ့ခြင်းဖြစ်ရာ ယင်းတို့က ထောက်ပြပြောဆိုခြင်း ဖြစ်သည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်ရှင် ဦးဝင်းကိုကဓာတ်ဆီ (ဆီဖြူ) ကို နယ်မြို့များက ၀ယ်ယူမှုရှိနေသေးသော်လည်း ယခင်ကလောက်မများတော့သည့်အတွက် ထုတ်လုပ်မှုရပ်နားလိုက် လျှင်လည်း ပြဿနာမရှိနိုင်ကြောင်း သို့သော် အောက်တိန်း (Ron 92 ဓာတ်ဆီ) တစ်မျိုးတည်းသာရှိပါက ၀ယ်လိုအားများပြီး ဈေးလိုက်တက်လာမည်ကိုမူ စိုးရိမ်ရသည်ဟု ပြောသည်။

အိုဟောင်းယာဉ် အစားထိုးတင်သွင်းခွင့် စီမံချက်စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်နှစ်ကုန်ပိုင်းမှ စတင်ကာ ယာဉ်အသစ်များပြားလာခြင်းကြောင့် ဓာတ်ဆီ(ဆီဖြူ) သုံးစွဲမှု တဖြည်းဖြည်းလျော့နည်းလာသည်။

ယင်းရှေ့ပိုင်းကာလများက ယာဉ်ဟောင်းများသာရှိစဉ်တွင် အောက်တိန်းဓာတ်ဆီ(92 Ron)နှင့် ယှဉ်ပါက ဆီစားနှုန်းသက်သာခြင်းကြောင့် ပြည်တွင်းထုတ်ဓာတ်ဆီကသာ ဈေးကွက်ကြီးမားခဲ့ပြီးလက်ရှိအချိန် တွင်လည်း နယ်မြို့များမှ ယာဉ်သစ်လဲလှယ် အစားမထိုးနိုင်သူများနှင့် ဆိုင်ကယ်စီးသူများမှာဆီစားနှုန်း သက်သာသည့် ဓာတ်ဆီ(ဆီဖြူ)ကိုသာ သုံးစွဲခြင်းကြောင့် ဓာတ်ဆီ(ဆီဖြူ) ဈေးနှုန်းသည် အောက်တိန်း ဓာတ်ဆီ (92 Ron) ဈေးနှုန်းထက် တစ်ဂါလံကျပ်၂၀၀ မြင့်မားကာ ၀ယ်လိုအားရှိနေဆဲဖြစ်သည်။

ဦ၀င်းကိုက ဆက်လက်၍“ပြည်တွင်းထုတ်ဓာတ်ဆီ (ဆီဖြူ) ကို ရပ်နားလိုက်တာက ယာဉ်ဟောင်းတွေနဲ့ ဆိုင်ကယ်အချို့အတွက်ပဲ နည်းနည်းပြဿနာဖြစ်နိုင်ပေမယ့် အောက်တိန်းတစ်မျိုးတည်း ဖြစ်သွားတဲ့ အချိန် ဈေးတွေကတဖြည်းဖြည်း တက်လာရင်တော့ ယာဉ်သစ်ရော၊ ယာဉ်ဟောင်းရောအားလုံးအတွက် ပြဿနာကြီးနိုင်တယ်”ဟုပြောသည်။

အစိုးရ စက်သုံးဆီဆိုင်များအား ၂၀၁၀ နှစ်ကုန်ပိုင်းမှစတင်ကာ ပုဂ္ဂလိကကဏ္ဍသို့ လွဲပြောင်းပေးခဲ့ပြီး ယင်းအချိန်ကပြည်တွင်းထုတ်ဓာတ်ဆီ (ဆီဖြူ) တစ်ဂါလံလျှင်ကျပ် ၂၅၀၀ ဈေးဖြင့်သာ ဆီဆိုင်အားလုံး အား တစ်ပြေးညီရောင်းစေခဲ့ခြင်းဖြစ်သော်လည်း ၂၀၁၃ ခုနှစ်ဇန်န၀ါရီလမှစတင်ကာ အစိုးရရောင်းဈေး ၃၃၅၀ ကျပ်ဖြင့် ဖြန့်ဝေကာ ပုဂ္ဂလိကဆီဆိုင်များ၏ စိတ်ကြိုက်ဈေးနှုန်းဖြင့်ရောင်းချစေခဲ့ရာ တစ်ဂါလံ ကျပ် ၃၅၀၀ မှ ၃၆၀၀ ဈေးနှုန်းအထိ မြင့်တက်ခဲ့ကာပြင်ပဈေးကွက်များတွင် တစ်ဂါလံ ကျပ် ၃၉၀၀မှ ၄၀၀၀ ကျပ်ဈေးများအထိမြင့်တက်ခဲ့သည်။

လက်ရှိအချိန်တွင် စက်သုံးဆီဈေးကွက်အတွင်း၌ ပြည်ပမှတင်သွင်းရောင်းချသည့် အောက်တိန်း ဓာတ်ဆီ (Ron 92) တစ်ဂါလံလျှင် ကျပ် ၄၀၀၀ ဈေးရှိပြီး ဓာတ်ဆီ(ဆီဖြူ)တစ်ဂါလံလျှင် ကျပ် ၄၂၀၀ ဈေးရှိနေခြင်း ဖြစ်သည်။

အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျှင်) သည် ထုတ်လုပ်သည့် သက်တမ်းကြာမြင့်လာခြင်းကြောင့် စွမ်းအားပြည့် ထုတ်လုပ်နိုင်စွမ်းမရှိတော့သဖြင့် အဆင့်မြင့်မွမ်းမံ ပြင်ဆင်ရန် ပြည်ပအတွေ့ကြုံရှိ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်ရှိရာ လုပ်ငန်းစတင်ချိန်တွင် ဓာတ်ဆီ(ဆီဖြူ)ထုတ်လုပ်မှုအားရပ်နား တော့မည်ဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းထုတ် ဓာတ်ဆီဖြန့်ဖြူးရောင်းချမှုအား လျှော့ချနိုင်ရန်အတွက် စက်သုံးဆီဆိုင် အသီးသီးသို့ လစဉ်ခွဲဝေရောင်းချသည့် ခွဲတမ်းများကို လျှော့ချခဲ့ပြီး ၂၀၁၂ခုနှစ် ဇူလိုင် လတွင် စက်သုံးဆီဆိုင် ၄၁၅ ဆိုင်အတွက် ဓာတ်ဆီ(ဆီဖြူ) ဂါလံ ၆ ဒသမ ၇၀၃ သန်းရောင်းချပေးခဲ့ သော်လည်း ယခုနှစ် ဇူလိုင်လတွင် ဆီဆိုင် ၈၂၉ ဆိုင်အတွက် ဂါလံ ၄ ဒသမ ၇၅၉ သန်းသာ ရောင်းချ ပေးတော့သည်။       

ထင်လင်းအောင်
Mizzima - News in Burmese

Thit Htoo Lwin - News

ဆီးချို ပျောက်တဲ့နည်းတဲ့ မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင် ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါ


Myint Sein and Aung Thiha shared Kachin Daily News's photo.



ဇူလိုင်လ ၂၃ ရက် ၂၀၁၃

အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။ ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီးဖြစ်ပါသည်။

ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။
ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။

ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။

ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။
ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။
ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။

ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။
စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊
သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။

ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။
တူသောအကျိုး ခံစားရပါစေ။

Credit to:ဦးစန်းမောင် (မန်း)
Mg Mandalay

ZinYawNews

photo - Internet

အစိုးရပိုင်သင်္ဘောမှ ၀န်ထမ်းတစ်ဦး ခရီးသည်ကို အဓမ္မကျင့်မှုဖြင့် တရားစွဲခံရ

ဇော်ဇော်ထွေး

အစိုးရဌာနတစ်ခုဖြစ်သော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင် သင်္ဘောတစ်စီးမှ ၀န်ထမ်းတစ်ဦးသည် ခရီးသည် အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ခဲ့သည်ဟု စွပ်စွဲတိုင်တန်းခံထားရကြောင်း ဆိပ်ကမ်း မြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ် သန်းဦးက ဇူလိုင် ၂၁ ရက်က မဇ္ဈိမကိုပြောသည်။

“လောလောဆယ် တရားခံက ရှောင်နေပါတယ်။ ရေကြောင်းပို့ဆောင်ရေးဌာနဘက်ကတော့ တရားခံကို အပ်ပေးမယ်ပြောတယ်။ သင်္ဘောရဲ့ အခန်းစောင့်ဝန်ထမ်းလို့လည်း သိထားပါတယ်” ဟု စခန်းမှူးက ဆက်ပြောသည်။

လက်ရှိအချိန်တွင်မှု တိုင်တန်းသူများကို စစ်ဆေးမေးမြန်းနေပြီး ကျူးလွန်ခံရသူ မိန်းကလေးငယ်အား ရန်ကုန်ဆေးရုံကြီးတွင် ဆေးစစ်နေပြီး အမှုတည်ဆောက်ပြီးပါက အခင်းဖြစ်ဒေသ၏ အပိုင်ရဲစခန်းဖြစ်သော
ရွှေလောင်းရဲစခန်းသို့ လွဲပြောင်းပေးအပ်သွားမည် ဖြစ်သည်ဟုလည်း သူက ဆက်ရှင်းပြသည်။


အမှုဖြစ်ပွားသည်မှာ ဇူလိုင် ၁၄ ရက် ၁၂ နာရီအချိန်ကဖြစ်ပြီး ကျူးလွန်ခံရသည့် မိန်းကလေးမှာ အသက် ၁၈ နှစ်အရွယ်သာ ရှိသေးသည်ဟု ရဲဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

မိန်းကလေးသည် သူ့နေရပ် လပွတ္တာမြို့နယ်မှ ရန်ကုန်တွင် ကလေးဆေးကုရန် အစိုးရပိုင် ဝေဿန္တရာ သင်္ဘောဖြင့် အခန်းငှားကာ စီးနင်းလိုက်ပါစဉ် ညသို့ ရောက်သောအခါ အမျိုးသားတစ်ဦးက အခန်းတွင်းသို့ ၀င်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲကိုထွက်ဆို ထားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ စွပ်စွဲတိုင်တန်းခံရသူမှာ ကိုလွင်မောင်ဌေးဆိုသူ သင်္ဘောသား ဖြစ်သည်ဟု ရဲများက ထုတ်ပြန်ထားသည်။

သူ့ကို စွပ်စွဲတိုင်တန်းမှုကို ဆိပ်ကမ်းရဲစခန်းက အမှုအမှတ်(ပ)၁၉၉/၁၃ဖြင့် အမှု ဖွင့်ထားပြီး ၎င်းသည် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆/ ၃၅၄ တို့ဖြင့် တရားစွဲခံရနိုင်ချေ ရှိသည်ဟု ရဲဌာနက ဆိုသည်။

Tuesday, July 23, 2013

နေမကောင်း ပါဘူးဆို ဇွတ်

https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-ash3/q71/546844_4962328585898_801777197_n.jpgစကားတောင်မပြောနိုင်သေး.တရားစွဲမဲ့သူကစောင့်နေပြီ။
===============================
တေးသံရှင်ဆိုတေး..သတိကောင်းစွာရသော်လည်းစကားမပြော နိုင်သေးကြောင်းသတင်းများကဆိုသည်။ ဆိုတေး၏ဇနီးဆိုသူမချိုချိုခေါ်ထိုင်းနိုင်ငံသူ "စီဆူးဒါးထိုင်းမိုင်"က...ဆိုတေးသတိရ၍စကားပြောနိုင်ပြီးသူ့အားဇနီးမယားမဟုတ်ပါဟုငြင်းဆန်ပါကကာမလိမ်လည်ရယူမှုဖြင့်တရားစွဲသွားမည်ဖြစ်ကြောင်းသိရှိရသည်။ ဆက်လက်၍၎င်းက..အဆိုတော်ဆိုတေးနှင့်လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်းလင်မယားအရာမြောက်ကြောင်းအထောက်အထားများရှိကြောင်း.ပြောကြားလိုက်သည်။

" စမ်းတော့လည်း ကြမ်းပြလေတဲ့ အိမ်"

Yar Za Win shared Myanmar Advertising Page's photo.



တက္ကသိုလ်ကျောင်းတော်သားဘ၀မှာ ပထမနှစ်မှာတင် အဆောင်သုံးဆောင်ပြောင်းခဲ့ရပါတယ
်။ အကြောင်းရင်းကတော့ အဆောင်ရှင်တွေနဲ့ မတည့်လို့ပါပဲ။ ဒုတိယနှစ်အရောက်မှာတော့ အဆောင်နေဖို့မကြိုးစားတော့ပဲ လုံးချင်းအိမ်လေးတလုံးငှားနေဖို့ဆုံးဖြတ်ပြီး အိမ်အရှာထွက်ရင်းက လုံးချင်းတိုက်လေးတလုံးငှားဖြစ်သွားရောဆိုပါတော့။ ငှားဖြစ်သွားတယ်ဆိုပေမယ့် သာမန်ထက်ထူးခြားတာလေးတခုတော့ ကြုံလိုက်ရပါတယ်။ တချို့ တချို့သော အိမ်ရှင်တွေလို ဒီအိမ်က စီးပွားတက်တယ်၊ လာဘ်ကောင်းတယ် အစရှိတဲ့ ကိုယ့်ဘက်ကိုယ်ယက်ပြီး ပြောတတ်ကြတဲ့ အိမ်ရှင်တွေရဲ့ ကိုယ့်အိမ်ကို ချီးမွမ်းထောပနာသံမျိုးမကြားရပဲ " ဒီအိမ်မှာ အစောင့်အရှောက်ရှိတယ်။ မဟုတ်တာ မကောင်းတာ လုပ်တာကိုမပြောနဲ့.. ပေါက်တတ်ကရတွေ ပြောဆိုလို့တောင် မရဘူးနော် " လို့ အိမ်ရှင်အိမ်ငှား စာချုပ်မချုပ်ခင်မှာ အသေအချာ မှာလိုက်ခြင်းပါပဲ။


သူငယ်ချင်းတယောက်ရဲ့ အကိုဖြစ်သူက ဒီအိမ်လေးအကြောင်းကို တစွန်းတစပြောသွားတာလေးကလည်း အားရစရာပါ။

" မင်းတို့ခုငှားလိုက်တဲ့ အိမ်က အရင်တုန်းက မိန်းကလေးအဆောင်ကွ၊ တရက်တော့ အဆောင်က ကောင်မလေးတွေ အားလုံး ရုပ်ရှင်သွားကြည့်ကြတယ်။ သူတို့ထဲက တယောက်ကတော့ နေမကောင်းလို့လား ဘာလို့လဲမသိပါဘူး မလိုက်သွားပဲ ကျန်နေခဲ့ရော...။ သူ့သူငယ်ချင်းတွေ အကုန်လုံး အပြင်ထွက်သွားပြီး တော်တော်ကြာတော့ အိမ်ထဲကနေ အော်ဟစ်ပြီး ထွက်ပြေးလာတာကို ငါတို့ရပ်ကွက်ထဲကလူတွေ တော်တော်များများ တွေ့လိုက်ကြတယ်။

ဖြစ်ပုံက သူတယောက်တည်း အိမ်မှာကျန်နေခဲ့တုန်း ၀တ်ဖြူစင်ကြယ်ဝတ်ထားတဲ့ အဖိုးကြီးတယောက် သူ့ရှေ့တည့်တည့်မှာ ရုတ်တရက်ပေါ်လာတာကို မြင်လိုက်ရလို့ ကြောင်အားလန့်အားနဲ့ အိမ်ထဲကနေ ပြေးထွက်လာတာတဲ့ကွ.....။ အိမ်ပြင်ရောက်တော့ ကြောက်ကြောက်လန့်လန့်နဲ့ ဂယောင်ဂတမ်းတွေ ပြောပြီးအော်ဟစ်နေလို့ ပတ်ဝန်းကျင်က ခေါ်ထားလိုက်ရတယ်။ နောက်နေ့မနက်မိုးလင်းတော့ အဲ့ကောင်မလေး ရူးကြောင်ကြောင်ဖြစ်နေပြီ...။ ကျောင်းတောင်မှ ပြီးအောင်ဆက်မတက်လိုက်ရပဲ သူ့အိမ်က ပြန်လာခေါ်သွားရတယ်တဲ့။ နောက်လေးငါးခြောက်လလောက်ရှိမှ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ကျောင်းပြန်တက်နိုင်တာ မင်းတို့လည်း အဲ့ဒီအိမ်မှာနေမယ်ဆိုရင် အနေအထိုင်တော့ ဆင်ခြင်နော်" တဲ့။ " သြော်... ဟုတ်ကဲ့ " လို့ပဲ သူ့စကားကို တုံ့ပြန်ပြီး စိတ်ထဲမှာ အမှုမဲ့အမှတ်မဲ့ ထားလိုက်ပါတယ်။

ကိုယ့်စိတ်တိုင်းကျနေလို့ရအောင်ဆိုပြီး ငှားဖြစ်လိုက်တဲ့ဒီအိမ်လေးမှာ ဒုတိယနှစ်တက္ကသိုလ်ကျောင်းသား ကျွန်တော်တို့သူငယ်ချင်းလေးယောက်ရယ်၊ ကျွန်တော့်သူငယ်ချင်းတယောက်ရဲ့ ညီဝမ်းကွဲနဲ့ သူ့အပေါင်းအသင်းသုံးယောက်ရယ် စုစုပေါင်းရှစ်ယောက်တိတိ နေဖြစ်ခဲ့ကြပါတယ်။ အိမ်လေးကခပ်သေးသေးဆိုပေမယ့် ခြံဝင်းကတော့ အတော်လေး ကျယ်ကျယ်ဝန်းဝန်းရှိတော့ အားကစားလေ့ကျင့်ခန်းတွေဘာတွေ လုပ်ရတာလည်း အဆင်ပြေသလို ကျွန်တော်တို့အိမ်နဲ့ မလှမ်းကမ်းမှာလည်း ကျောင်းသူတွေသီးသန့်နေတဲ့ အဆောင်တွေကလည်းရှိပြန်တော့ နေရထိုင်ရတာ အတော်လေး စိုစိုပြေပြေရှိတယ် ဆိုပါစို့။ အဆောင်နေကျောင်းသားမဟုတ်တော့ပဲ အပြင်မှာငှားနေခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်အဖြစ်နဲ့ ကျွန်တော်တို့ ဒုတိယနှစ်ကျောင်းတော်သားလေးယောက်က ညဆိုရင် ယမကာလေးမှီဝဲသုံးဆောင်ပြီးမှ ပြန်လာတတ်ကြပါတော့တယ်။ ပြန်ရောက်တာနဲ့ အိပ်ယာပေါ်ဒိုင်ဗင်ထိုးပြီး အိပ်လိုက်ကြတာများပါတယ်။ ပထမနှစ်ကျောင်းသားတွေကတော့ ကျောင်းကို စရောက်ခါစမို့ အပေါင်းအသင်းလည်း သိပ်မရှိသေးလို့ထင်ပါရဲ့။ ဟိုဟိုဒီဒီ သွားတာလာတာမျိုးသိပ်မတွေ့ရပဲ အိမ်မှာပဲနေတတ်ကြပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အကြီးလေးယောက်က အပြင်ဆိုင်တွေမှာပဲ ဝမ်းရေးကို ဖြေရှင်းတတ်ကြပေမယ့် သူတို့ကတော့ အဆောင်မှာပဲ ထမင်းဟင်းချက်စားကြတယ်လေ။ ကျွန်တော်တို့ချာရာဏသီရွှေပြည်ကြီးရဲ့ လျှပ်စစ်မီးဆိုတာက အများသိတော်မူကြတဲ့အတိုင်း ညကြီးအချိန်မတော် (၂)ချက်တီးလောက်မှပဲ မီးအားကကောင်းတတ်တာဆိုတော့ အဲ့ဒီအချိန်လေးချက်မှ ထမင်းကောင်းကောင်းရတယ်ဆိုပြီး သူတို့တွေခမျာ အဲ့ဒီအချိန်ကျမှ ဒုက္ခခံ၊ အိပ်ပျက်ခံပြီး အလှည့်ကျစနစ်နဲ့ ထမင်းထချက်ကြပါတယ်။



ဒီလိုနဲ့ သူတို့လေးယောက် ထမင်းဟင်းထချက်ကြတာ ပထမလမှာတော့ ဘာအသံဗလံမှမကြားရပဲ ပုံမှန်အတိုင်းပါပဲ။

တရက်တော့ဖိုးကျော်ဆိုတဲ့ ကောင်လေးအလှည့်ရောက်လာတယ်။ သူထမင်းထချက်နေတုန်း မီးဖိုခန်းတံခါးကို လာခေါက်ပါလေရော။ စဉ်းစားကြည့်လေ အချိန်မတော်ကြီးတယောက်တည်း ရှိနေတုန်းမှာ တံခါးခေါက်သံကြားလိုက်ရတော့ တော်တန်ရုံသတ္တိကောင်းပါတယ်ဆိုရင်တောင်မှ အနည်းနဲ့အများတော့ လန့်သွားမှာပဲမဟုတ်လား။ တခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် သုံးလေးခေါက်လောက် တံခါးလာခေါက်နေတော့ သူလည်း အိပ်နေတဲ့လူတွေအကုန်လုံးကို လာနှိုးပါလေရော။ အိမ်ကို ဓါးပြများလာတိုက်သလားဆိုပြီး ထကြည့်ကြတော့လည်း ဘာမှမတွေ့ရပါဘူး။ ထကြည့်ကြတဲ့အထဲမှာ ကျွန်တော်တော့မပါလိုက်ပါဘူး။ အမူးလွန်ပြီး အိပ်ပျော်နေလို့ မနက်ကျမှ သူတို့ပြန်ပြောလို့ သိရတာ။


နောက်လေးရက်မြောက်နေ့မှာတော့ မောင်ကောင်းအလှည့်ရောက်လာပြန်ပါတယ်။ သူ့ကိုလည်း ဖိုးကျော်တုန်းကလိုပဲ တံခါးလာခေါက်ပြန်ပါတယ်။ ဒါနဲ့ပဲ ထမင်းချက်ရင် နှစ်ယောက်တွဲစနစ်နဲ့ ချက်တဲ့အခြေအနေကို ရောက်သွားတော့တာပဲ။ ဖိုးကျော်နဲ့ ဇေယျက တတွဲ၊ မောင်ကောင်းနဲ့ နောက်တယောက်က တတွဲဆိုပြီး သူတို့အချင်းချင်း စားတော်ကဲ အချိန်ဇယားနဲ့ ချက်ကြတာပါ။ မောင်ကောင်းတို့အတွဲ အလှည့်ကျရင် ဘာမှမထူးခြားပေမယ့် ဖိုးကျော်တို့အတွဲအလှည့်ကျပဟေ့ဆိုရင် ပြဿနာက ဝင်လာပြီ။ ဖိုးကျော်တို့အတွဲထမင်းချက်တဲ့အချိန်မှာ အရိပ်မည်းမည်းတခုက မတ်တပ်ရပ်နေတာကို ဆန်ဆေးနေတဲ့ ဖိုးကျော်က မမြင်ပဲ ဇေယျက အရင်ဆုံးစမြင်ပါတယ်။ ဇေယျက " ဖိုးကျော် ... မင်းနားမှာ ဘာကြီးလဲ " ဆိုပြီးမေးတော့ ဖိုးကျော်ဆေးလက်စ ဆန်တွေထည့်ထားတဲ့ အိုးကို ပစ်ချပြီး ဇေယျနားကို ပြေးလာတော့တာပါပဲ။ ဇေယျခမျာလည်း ကြောက်လန့်ပြီးဖိုးကျော်နဲ့အတူတူ အော်ဟစ်ပြီး အိပ်နေတဲ့လူတွေကို လိုက်နှိုးတော့တာပဲဗျို့။ ဒီတခေါက်တော့ ကျွန်တော်လည်း နိုးပါတယ်။ သူတို့ကို ဖျောင့်ဖျနှစ်သိမ့်ပြီး ပြန်အိပ်ကြပါတယ်။ မနက်မိုးလင်းတော့ ပထမနှစ်ကောင်လေးတွေက ကျွန်တော်တို့ကို အဆောင်ပြောင်းနေဖို့ လာပြောကြပါလေရော။ ဘယ်လိုမှကို ချော့ပြောလည်းမရ၊ ညှိလို့လည်းမရတော့ဘူး။ သူတို့လေးယောက်မရှိတော့ရင် ကျွန်တော်တို့ လေးယောက်တည်းနဲ့ အိမ်လခပေးရမယ်ဆိုလည်း တွက်ချေမကိုက်တော့တာမို့ သူတို့ကို နည်းအမျိုးမျိုးနဲ့ စည်းရုံးရေးဆင်းပေမယ့် မရရေးချ မရတော့ဘူးဗျာ။ " မင်းတို့ စိတ်ချောက်ချားလို့နေမှာပါကွ " ဆိုပြီး ဘာဘာညာညာတွေကို အကြာကြီးဝိုင်းပြောကြပေမယ့် သူတို့ ပြောလိုက်တဲ့ စကားတခွန်းတည်းကြောင့် ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ စည်းရုံးရေးကို လက်မြှောက်အရှုံးပေးလိုက်ရပါတော့တယ်။ အဲ့ဒါကတော့ ဒီအိမ်မှာရှိတဲ့ ရေစက်က ဘယ်သူမှမဖွင့်ပါပဲနဲ့ သဘောကောင်းလွန်စွာနဲ့ အလိုလိုနေရင်းနဲ့ ခဏခဏ သူ့အလိုလို ပွင့်ပြီးမောင်းနေတတ်တဲ့ အချက်ပါ။ တခါတလေဆိုရင် နေ့ခင်းနေ့လည်ပိုင်းတွေမှာလည်း ရေစက်က အော်တိုငုတ်တုတ် ထလည်ရင် လည်နေတတ်ပါသေးတယ်။ ဘယ်သူတဦးတယောက်မှ မဖွင့်ပဲနဲ့ မီးမပျက်မချင်းလည်နေလိုက်တာများ တခါတုန်းကဆိုရင် ရေတွေ ခြံထဲအထိတောင် ရောက်နေတာကို ကြုံခဲ့ဖူးပါရဲ့။ အဲ့လို ခဏခဏကြုံရလွန်းအားကြီးလို့ ရေစက်ခလုတ်နားမှာတောင် "အိပ်ခါနီးရေစက်ပိတ်ရန်" လို့ စာရေးပြီး ကပ်ထားရတယ်ဗျာ။ ကျွန်တော်တို့အားလုံး သတိထားပြီး ခလုပ်ကိုပိတ်ကြပေမယ့် မနက်မိုးလင်းလာရင် ရေစက်ကို ဖွင့်လျက်သားနဲ့ တွေ့ရတတ်ပါတယ်။ အိမ်မပြောင်းဖို့ ဆွယ်တရားဟောနေတဲ့ ကျွန်တော်တို့ကို ဘာမှဆက်မပြောနိုင်တော့အောင် သူတို့လေးယောက်မေးခွန်းထုတ်လိုက်ပုံကတော့ "အကိုတို့ပြောသလို သရဲမခြောက်ဘူးပဲ ထားပါတော့၊ ဒါဆိုရင် အကိုတို့ ရေစက်ကြီးအလိုလို ပွင့်မလာစေရဘူးလို့ အာမခံနိုင်မလား..?? အစ်ကိုတို့ အဲ့ဒီတချက်ကို အာမခံနိုင်မယ်ဆိုရင် ကျွန်တော်တို့လေးယောက် ဒီအိမ်မှာ အကိုတို့နဲ့အတူတူဆက်နေမယ်" တဲ့။ အဲ့ဒီတော့မှ ခက်ကုန်တော့တာ။ ညှိနှိုင်းလို့ ဘယ်နည်းမှမရတော့တဲ့ အဆုံးမှာတော့ သူတို့လေးယောက်လည်း ကျွန်တော်တို့အိမ်ကနေ တခြားအဆောင်တခုကို ပြောင်းသွားကြပါတော့တယ်။

သူတို့ပြောင်းသွားပြီးနောက်မှာတော့ ကျန်ရစ်သူကျွန်တော်တို့လေးယောက်အလှည့်ကို ရောက်လာပါလေရောဗျို့။ တနေ့တော့ ကျွန်တော်နဲ့ ကျွန်တော်သူ့ငယ်ချင်းတယောက် ညဆယ့်တစ်နာရီထိုးလောက်မှ အဆောင်ကို ပြန်လာကြတယ်။

ကျန်တဲ့နှစ်ယောက်ကတော့ ပြန်မရောက်သေးပဲ ဘယ်အဆောင်ရှေ့မှာသွားပြီး မူးမူးနဲ့ ဂစ်တာတီးနေကြတယ်မသိဘူး။ ကျွန်တော်တို့နှစ်ယောက် ခြံရှေ့ရောက်လို့ ခြံတံခါးသော့ကိုဖွင့်နေတုန်းမှာ အိမ်နောက်ကို လူရိပ်နှစ်ခုပြေးဝင်သွားတာကို ကျွန်တော်ရော၊ ကျွန်တော်နဲ့အတူတူပြန်လာတဲ့သူငယ်ချင်းပါ မြင်လိုက်ကြရတယ်။ ဘာများပါလိမ့်ဆိုပြီး အထိတ်တလန့်နဲ့ ကျွန်တော်တို့ဆိုင်ကယ်တွေတောင် ခြံထဲမသွင်းပဲ ချက်ချင်းကို အဲ့ဒီအရိပ်နှစ်ခုပြေးဝင်သွားရာနောက်ကို အတင်းပြေးလိုက်သွားကြရော။ ခဏခဏရန်ဖြစ်တတ်လွန်းတဲ့ ကျွန်တော်တို့လေးယောက်မှာ ဘေးကင်းရန်ကာအနေနဲ့ သံတုတ်တွေကို လက်လှမ်းမီရာနေရာမှာ ထားတတ်တဲ့ အကျင့်ကရှိနေတော့ ထားနေကျနေရာက သံတုတ်တွေကပျာကယာဆွဲပြီး လိုက်သွားကြတာ အိမ်နောက်ကိုရောက်တော့ ဘာအရိပ်အယောင်မှ မတွေ့ရဘူး။ ကျွန်တော်တို့ခြံဝင်းထဲမှာက မှောင်ရိပ်ခိုပြီး ပုန်းစရာ၊ ခိုစရာနေရာလည်း သိပ်မရှိပဲနဲ့ ခုလိုဖြစ်တော့ နည်းနည်းတော့ မထူးဆန်းပေဘူးလားဗျာ။ ဒါနဲ့ပဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကို တယောက်ကြည့်ပြီး ခြံဝကိုပြန်ထွက်၊ ဆိုင်ကယ်တွေလည်း ခြံထဲကို မသွင်းတော့ပဲ အပြင်ကို ပြန်ထွက်လာခဲ့ကြပါတော့တယ်။ မှန်ရာကို မရှက်စတမ်းဝန်ခံရရင်တော့ ကြောက်လို့ပါ။ အဲ့ဒီညက ကျွန်တော်တို့နှစ်ယောက် သူများအဆောင်မှာပဲ သွားအိပ်လိုက်ကြပါတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ အိမ်ကိုပြန်လာပြီး အိပ်ကြပေမယ့် သူတို့နှစ်ယောက်ကတော့ ဘာမှ မဖြစ်လိုက်ကြပါဘူး။



နောက်ပိုင်းမှာလည်း အဲ့လိုပဲ ဟိုနားသည်နားကနေ အရိပ်အယောင်ပြတာမျိုး၊ အသံဗလံပေးတာမျိုးနဲ့ ခြောက်တာလှန့်တာကို ခံရပါတယ်။ ဒါပေမယ့် ထူးထူးခြားခြား အရမ်းကြီး ကြောက်လန့်ရလောက်အောင်တော့ မကြုံခဲ့ရပါဘူး။ စာသင်နှစ်ဝက်လေးလပြီးချိန်မှာတော့ လေးယောက်တည်းနဲ့ အဲ့ဒီအိမ်ငှားခကို ပေးနေရတာ ဘဏ္ဍာရေးအကြပ်အတည်းဖြစ်လာတာကတကြောင်း၊ အုပ်ထိန်းမယ့်သူမရှိတဲ့ ကျွန်တော်တို့တတွေ မကြာမကြာ ရန်ပွဲတွေနွှဲရတာများလာတာကလည်း တကြောင်း၊ အိမ်လုံးချင်းငှားနေတဲ့ ကျွန်တော်တို့ဆီကို သူငယ်ချင်းတွေ အကြောင်းအရာမျိုးစုံနဲ့ လာလာပြီးနှိပ်စက်တဲ့ ဒဏ်ကိုမခံနိုင်ကြတော့တာလည်းတကြောင်း အဲ့လိုအကြောင်းသုံးပါးကြောင့် နောက်နှစ်ဝက်မှာ အိမ်ပြန်အပ်မယ်လို့ တိုင်ပင်ဆုံးဖြတ်လိုက်ကြပါတော့တယ်။



ကျွန်တော်တို့လေးယောက်သား အိမ်ပြန်အပ်ဖို့ စီစဉ်နေတုန်းမှာ ကံဆိုးချင်တဲ့ မောင်ရှင်တအုပ်စုပေါ်လာပါရော။ ကျွန်တော်တို့နဲ့မေဂျာတူသူငယ်ချင်းတယောက်က အဆောင်လုံးချင်းငှားနေချင်လို့ ရှိရင်လက်တို့စမ်းပါလို့ ပြောထားတာကို သွားသတိရတော့ ကျွန်တော့်တို့လည်းသူ့ကို ကျွန်တော်တို့နေနေတဲ့အိမ်ကို ဆက်ငှားချင် ငှားလို့ ပြောလိုက်တယ်။ အိမ်နဲ့ပတ်သက်ပြီးတော့ အခြောက်အလှန့်ရှိတယ်ဆိုတာကိုလည်း ကြိုကြိုတင်တင်ပြောဖြစ်လိုက်ပါသေး။ သူကလည်း ကိစ္စမရှိဘူး ရတယ်ဆိုပြီးတော့ နောက်နှစ်ဝက်မှာ အဲ့ဒီအိမ်ကို သူဆက်ငှားလိုက်ပါတယ်။ ပထမတစ်လမှာတော့ အေးအေးဆေးဆေးပါပဲ။နောက်ပိုင်းတော့ သူတို့လူစုထဲက တယောက်ကို ခြောက်တယ်လို့ ကြားရပါတယ်။ ဘယ်လိုဘယ်ပုံခြောက်တယ်ဆိုတာတော့ ကျွန်တော်လည်း အသေအချာမသိပါ။ သရဲခြောက်ခံရတယ်ဆိုတဲ့ကောင်ပြောတာကိုလည်း ကျန်တဲ့လူတွေက သိပ်ပြီးအရေးလုပ်ပုံမရပါဘူး။ ကျွန်တော်တို့နေတုန်းကထက် သူတို့က အင်အားတောင့်တော့လည်း သိပ်မကြောက်ကြတာလည်း ဖြစ်မှာပေါ့လေ။ တညမှာတော့ သူတို့တွေထဲက နှစ်ယောက်က အဲ့ဒီအိမ်ရဲ့ဧည့်ခန်းမှာ အရက်ထိုင်သောက်နေကြတယ်။ နောက်တယောက်ကတော့ အိပ်ခန်းထဲမှာ စာအုပ်ဖတ်နေတယ်တဲ့။ သောက်ရင်းနဲ့ ည (၁၀) နာရီကျော်လောက်ရောက်လာတော့ အရှိန်လေးကလည်း ကောင်းလာရောဆိုပါတော့။ အဲ့ဒီမှာ အရက်သောက်နေရင်းနဲ့ ပေါက်တတ်ကရတွေလျှောက်ပြောမိလာကြတော့တာပဲ။ " ဒီအဆောင်က သရဲခြောက်တယ်ပြောတယ်၊ တို့ကိုကြတော့ ဘာမှလည်း မခြောက်ဘူး။ ရှိရင်ထွက်ခဲ့ အရိုးကျွေးမယ်" ဆိုပြီးတော့ သူတို့စားပြီးသား ကြက်ရိုးကို အိမ်ပေါက်ဝဘက်ကို လှမ်းပစ်လိုက်တယ်တဲ့ ခင်ဗျ။ သူတို့စကားဆက်ပြောနေကြတုန်းမှာပဲ ခဏလောက်နေတော့ ထမီရင်လျားနဲ့ အမျိုးသမီးတယောက် သူတို့အိမ်ပေါက်ဝမှာ သူတို့ကို ကျောခိုင်းပြီး မတ်တပ်ရပ်ပြပါတယ်။ သူတို့ စိတ်ထဲဇဝေဇဝေနဲ့ အရက်မူးနေလို့ ထင်ရောင်ထင်မှားဖြစ်လေသလားဆိုတဲ့အတွေးနဲ့ နောက်တကြိမ်သေချာအောင် ထပ်စမ်းမယ်ဆိုပြီးတော့ ထပ်ပြောလိုက်ပါတယ် " ခုတစ်ခါ အသားပါကျွေးမယ်လာခဲ့" ဆိုပြီးတော့ ဖိတ်ခေါ်လိုက်တော့ ဘာပြောကောင်းမလဲလေ။ တကယ်လာပါတယ်။ အဟုတ်လာပါတယ်။ ခုတစ်ခါတော့ နောက်ဖေးအပေါက်ဝမှာ တော်တော်ကြာအောင် မတ်တပ်ရပ်ပြ နေတာပါ။ ဟိုနှစ်ယောက်လဲ ကြောက်ပြီး အခန်းထဲက တစ်ယောက်ကို အော်ပြောပြီး ပြေးကြပါတယ်။ အခန်းထဲက တစ်ယောက်က အခန်းပြင်ထွက်လာပြီး အပေါက်ဝက မိန်းမကိုထပ်မြင်ပြီး ထပ်ပြေးရပါတယ်။ သူတို့ အဆောင်တူ သူငယ်ခြင်းတွေ ရှိတဲ့ လ္ဘက်ရည်ဆိုင်ထိ ထွက်ပြေးကြပါတယ်။ အဲဒီအဖြစ်အပျက်ကို ပြန်ပြောပြပြီး အဆောင်သား ၁၀ယောက်ကျော်ဟာ အဲဒီည အဆောင်ပြန်မအိပ်ရဲပဲ လ္ဘက်ရည်ဆိုင်မှာပဲ အိပ်လိုက်ကြပါတယ်။ မနက်ကျတော့ သူတို့အဆောင်သစ်လိုက်ရှာပါတော့တယ်။ ခုထိဘယ်သူမှအဲဒီအဆောင်ကို မငှားတော့ဘူးလို့ကြားပါတယ်။

မယုံလို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်ကြုံပြီး ဇာတ်လမ်းသစ်တွေ ပေးချင်ရင်ပဲဖြစ်ဖြစ် အဲ့ဒီအိမ်ကလေးကို ငှားနေချင်ကြရင်ဖြင့် ဒီဇာတ်လမ်းလေးပြန်ပြောပြတဲ့ ကို Wai Phyoe ကိုအိမ်လိပ်စာ မေးပြီး နေကြည့်ကြဖို့တော့ ချွန်တွန်းလုပ်ပါရစေ။

ဒါမှလည်း နောက်ထပ် နောက်ထပ် ဇာတ်လမ်းဖြစ်ရပ်မှန်တွေ မပြတ်တမ်းရမှာပေါ့ ဟုတ်ဖူးလား။ ခုတော့ တော်ကြဦးစို့ရဲ့။



ဇာတ်လမ်းပြောပြပေးတဲ့ ကို Wai Phyoကိုစဉ်လာမပျက် ကျေးဇူးတင်လျက်

ီအိမ်လည်းငှားမနေ၊ ကြက်ကြော်လည်း မဝေမျှတော့သူ

(အက်ဒမင်-ရွာတော်ရှင်)

Credit: သရဲအကြောင်းပြောကြမယ်

20 Megapixels တောင်ရှိတယ်တဲ့..Sony က ကင်မရာဖုန်းထွက်လာပြီ.

Wowwww ... :)

Sony က ကင်မရာဖုန်းထွက်လာပြီထင်တယ်...

20 Megapixels တောင်ရှိတယ်တဲ့...

Andriod Version 4.2 နဲ့ ထွက်လာပြီး Ram 2GB ၊
QuadCore 2.2 GHz Krait 400 တောင် ရှိတယ်
GPU ကလည်း 330 ဆိုတော့ Xperia Z ထက်တောင် သာနေသေးတယ်။
Diaplay က Full HD 5 in ... တဲ့။

အခုမှ ကြေငြာတာဆိုတော့ ထွက်မဲ့ရက်တော့ အတိအကျ မပြောသေးပါဘူး။

Sony ချစ်သူတွေအတွက် သတင်းကောင်းပေါ့...။

http://www.gsmarena.com/sony_xperia_i1-5596.php

http://www.phonesreview.co.uk/2013/07/20/sony-xperia-honami-i1-design-impresses/

ကျပ် ၁၅၀၀ တန် GSM ဆင်းကတ် နှစ်သိန်း ဇူလိုင် ၂၅ စရောင်းမည်

Thitsar Ko shared Thuyaaung Thuyaaung Thuyaaung's photo.


မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၁၅၀၀ တန် CDMA ဆင်းကတ်များ ကို သုံးလ ဆက်တိုက် ရောင်းချနေရာမှ GSM မိုဘိုင်းလ် ဆင်းကတ် နှစ်သိန်း ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ စတင် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန် ကြေညာသည်။

ဧပြီလမှ စတင်၍ CDMA ဆင်းကတ် သုံးသိန်း ငါးသောင်းကို လစဉ် ခွဲဝေ ရောင်းချခဲ့ပြီး ဇူလိုင်လတွင် CDMA တစ်သိန်း ငါးသောင်းနှင့် GSM နှစ်သိန်း စုစုပေါင်း သုံးသိန်း ငါးသောင်းကို ယခင် စနစ်များ အတိုင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ခွဲဝေ ရောင်းချပေးမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

GSM ဆင်းကတ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ခွဲဝေ ချထားရာ တွင် လိုင်း တပ်ဆင်အား ပေါ် မူတည်ကာ အရေအတွက် ခွဲဝေမည်ဖြစ်ပြီး ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လိုင်း တပ်ဆင်အား မလုံလောက် သည့်အတွက် အရေအတွက် လျှော့၍ ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကြေညာသည်။

“ကျွန်တော်တို့ တိုင်းအတွက် GSM အလုံး တစ်သောင်းပဲ ရတယ်လို့ ပြော တယ်။ ဂဏန်းတွေက ၀၉ ၂၅ ကနေ ၀၉ ၂၉ အထိ ရှိတယ်လို့ ကြားတယ်” ဟု မကွေးတိုင်းဒေသကြီး မြို့နယ် ဆက်သွယ်ရေး တာဝန်ခံ တစ်ဦးက ဆိုသည်။

ကျပ် ၁၅၀၀ တန် WCDMA ဆင်းကတ်များကို မြန်မာ့ဆက်သွယ်ရေးက ချင်းပြည်နယ်အတွက် ချထားပေးသည်ဆိုသော်လည်း အဆိုပါ နံပါတ်များ ဖုန်းဈေးကွက်အတွင်း ရောက်ရှိခြင်း မရှိကြောင်း၊ GSM ဆင်းကတ်များ စတင် ချထားပေးသည့်အတွက် ဟန်းဆက် ဈေးကွက်အပေါ် ကြီးကြီးမားမား မသက်ရောက်နိုင်ကြောင်း မန္တလေးမြို့တော်မှ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် တာဝန်ခံ တစ်ဦးက ဆိုသည်။

ဇူလိုင်လအတွက် မိုဘိုင်းလ်ဖုန်း ခွဲဝေ ချထားမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူထံ ဆက်သွယ် မေးမြန်းသော် လည်း ရုံးပိတ်ရက်အတွင်း ဆက်သွယ်ရေးက ကြေညာသည် ဖြစ်၍ အသေးစိတ် မသိရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။

စတင် ချထားပေးမည့် ကျပ် ၁၅၀၀ တန် GSM ဆင်းကတ်များတွင် ယခင် CDMA ဆင်းကတ်များကဲ့သို့ ပင် ကြိုတင် ငွေကျပ် သုံးရာ ဖြည့်သွင်းထားပြီး ၁၅ ရက် အတွင်း စတင် အသုံးပြုရန် လိုအပ်ကာ တစ်လလျှင် အနည်းဆုံး ဖုန်းပြောဆိုခ ကျပ် ၂၅၀၀ အသုံးပြုရမည် ဖြစ်သည်။

Myawady News

ကျပ် ၁၅၀၀ တန် GSM ဆင်းကတ် နှစ်သိန်း ဇူလိုင် ၂၅ စရောင်းမည်

Thitsar Ko shared Thuyaaung Thuyaaung Thuyaaung's photo.


မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၁၅၀၀ တန် CDMA ဆင်းကတ်များ ကို သုံးလ ဆက်တိုက် ရောင်းချနေရာမှ GSM မိုဘိုင်းလ် ဆင်းကတ် နှစ်သိန်း ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ စတင် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန် ကြေညာသည်။

ဧပြီလမှ စတင်၍ CDMA ဆင်းကတ် သုံးသိန်း ငါးသောင်းကို လစဉ် ခွဲဝေ ရောင်းချခဲ့ပြီး ဇူလိုင်လတွင် CDMA တစ်သိန်း ငါးသောင်းနှင့် GSM နှစ်သိန်း စုစုပေါင်း သုံးသိန်း ငါးသောင်းကို ယခင် စနစ်များ အတိုင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ခွဲဝေ ရောင်းချပေးမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

GSM ဆင်းကတ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ခွဲဝေ ချထားရာ တွင် လိုင်း တပ်ဆင်အား ပေါ် မူတည်ကာ အရေအတွက် ခွဲဝေမည်ဖြစ်ပြီး ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လိုင်း တပ်ဆင်အား မလုံလောက် သည့်အတွက် အရေအတွက် လျှော့၍ ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကြေညာသည်။

“ကျွန်တော်တို့ တိုင်းအတွက် GSM အလုံး တစ်သောင်းပဲ ရတယ်လို့ ပြော တယ်။ ဂဏန်းတွေက ၀၉ ၂၅ ကနေ ၀၉ ၂၉ အထိ ရှိတယ်လို့ ကြားတယ်” ဟု မကွေးတိုင်းဒေသကြီး မြို့နယ် ဆက်သွယ်ရေး တာဝန်ခံ တစ်ဦးက ဆိုသည်။

ကျပ် ၁၅၀၀ တန် WCDMA ဆင်းကတ်များကို မြန်မာ့ဆက်သွယ်ရေးက ချင်းပြည်နယ်အတွက် ချထားပေးသည်ဆိုသော်လည်း အဆိုပါ နံပါတ်များ ဖုန်းဈေးကွက်အတွင်း ရောက်ရှိခြင်း မရှိကြောင်း၊ GSM ဆင်းကတ်များ စတင် ချထားပေးသည့်အတွက် ဟန်းဆက် ဈေးကွက်အပေါ် ကြီးကြီးမားမား မသက်ရောက်နိုင်ကြောင်း မန္တလေးမြို့တော်မှ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် တာဝန်ခံ တစ်ဦးက ဆိုသည်။

ဇူလိုင်လအတွက် မိုဘိုင်းလ်ဖုန်း ခွဲဝေ ချထားမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူထံ ဆက်သွယ် မေးမြန်းသော် လည်း ရုံးပိတ်ရက်အတွင်း ဆက်သွယ်ရေးက ကြေညာသည် ဖြစ်၍ အသေးစိတ် မသိရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။

စတင် ချထားပေးမည့် ကျပ် ၁၅၀၀ တန် GSM ဆင်းကတ်များတွင် ယခင် CDMA ဆင်းကတ်များကဲ့သို့ ပင် ကြိုတင် ငွေကျပ် သုံးရာ ဖြည့်သွင်းထားပြီး ၁၅ ရက် အတွင်း စတင် အသုံးပြုရန် လိုအပ်ကာ တစ်လလျှင် အနည်းဆုံး ဖုန်းပြောဆိုခ ကျပ် ၂၅၀၀ အသုံးပြုရမည် ဖြစ်သည်။

Myawady News

*သစ္စာ * (Bunny Phyo +So Tay )

ပရိတ်သတ်ကြီးမင်္ဂလာပါခင်ဗျာ....
အလင်းကမ္ဘာမိသားစုလေးရဲ့ ရင်ထဲမှာ အမြဲတမ်းရနေစေမယ့်
သီချင်းကောင်းလေးတစ်ပုဒ်ပါခင်ဗျာ...
ကိုဆိုတေး ကားမမှောက်ခင် ကိုဘန်နီဖြိုးနဲ့ သီဆိုထားတဲ့
* သစ္စာ* ဆိုတဲ့သီချင်းအသစ်ကလေးကိုနားဆင်အားပေးခဲ့ပါအုံးခင်ဗျာ
Cho !! *မင်းရှိသည်ဖြစ်စေ မင်းမရှိသည်ဖြစ်စေ

ဒါပာာ ငါ့ရဲ့ သစ္စာတရား...ရင်မှာ မင်းတစ်ယောက်ပဲ

ငါမြတ်နိုးဆုံးတန်ဖိုးထား...

မင်းချစ်သည်ဖြစ်စေ မင်းမချစ်သည်ဖြစ်စေ

ငါပာာအမြဲချစ်သွားမှာပါ...

အချိန်တွေပြောင်းလို့ သွား ငါမပြောင်းလဲပါ

ရင်မှာ အမြစ်တွယ်ခဲ့ပီ မင်းအတွက် ငါ့သစ္စာ

သီချင်းလေးကို နူးညံ့တဲ့ရင်ဘတ်ထဲကနေ ခံစားပေးပီး ကော့မန့် လေးပါပေးခဲ့ပါအုံးခင်ဗျာ..
ကျွန်တော်လည်းညတွင်းချင်းရလို့  ညတွင်းချင်းလုပ်တာ...
အဆင်မပြေဖြစ်ခဲ့ရင် အနူးညွန့် တောင်းပန်ပါတယ်ခင်ဗျာ
လေးစားလျှက်ပါ
MC K@UNG L@Y
*သစ္စာ * ဆို/ Bunny Phyo + So Tay​  Mp3ပါခင်ဗျာ...http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1351384&xgs=1&xg_source=msg_share_post

အများပြောပြောနေတဲ့ 3G NETWORK နဲ့ 4G NETWORK ဘာကွာသလဲ


3G က 3rd generation ကို အစွဲပြုပြီး 3G လို ခေါ်တာ ဖြစ်သလို 4G ကလည်း 4rd generation ကို အစွဲပြုပြီး ခေါ်ဆိုတာ ဖြစ်ပါတယ်။ နောက်တခုက သူတို့ နှစ်ခုလုံးက mobile internet တွေ အတွက် တီထွင်လာခဲ့တာပါ။ ဒီနေရာမှာတော့ 4G က 3G ထက် သာသွားတဲ့ အချက်က 4 G မှာ 3G မှာ ရှိတဲ့ Feature တွေကိုရော နောက်ထပ် ပေါင်းထည့် Feature တွေရော ပါဝင်လာတာပါပဲ့ ။ 3G ကို ထပ်ပြီး Develop လုပ်ထားတယ်လို့ ဆိုလို့ ရပါတယ်။

ဒုတိယ အချက်…
ဒီအချက်အနေနဲ့ကတော့ technologies ပါပဲ့။3 G မှာ သုံးထားတဲ့ technologies က widespread ကို အသုံးပြုပေ့မယ် 4G ပေါ်လာချိန်မှာတော့ သူရဲ့ compliant technologies ကို သုံးထားပါတယ်။ သူတို့နှစ်ခုကတော့ မြင်းပြိုင်လိုပါပဲ့။ the horizon technologies လို ဆိုပါတယ်။
တတိယ အချက်..

အင်တာနက် connection speed ပါပဲ့။ သူ့မှာတော့ 3G က download speed က 14Mbs သာ ရှိပြီး Upload Speed ကတော့ 5.8 Mbs ပဲ့ ရှိပါတယ်။ ဒီနေရာမှာတော့ 4G ကတော်တော်လေး သာသွားပါပြီ.။ 4G က တော့ ပြောမနေနဲ့တော့ Internet speed ကို 100Mb အသုံးချခွင့်ရမှာ ဖြစ်ပါတယ်။
စတုတ္တအချက်..
နောက်ဆုံးအချက်အနေနဲ့ကတော့ သုံးထားတဲ့ Package ပါပဲ့ .။ အင်တာနက်အတွက် 3G က a mix of circuit and packet switching network ကို အသုံးပြုနေချိန်မှာ 4G ကတော့ a packet switching network တခုတည်းကိုပဲ့ အသုံးပြုထားပါတယ်။
ဖြည်စွက်ချက်…
3GS ဆိုတာ ရှိပါသေးတယ်။ S ဆိုတာကတော့ Speed ကို ဆိုလိုတာပါ။ 3G ရဲ့ Feature တွေနဲ့ အတူတူပါပဲ့။ 3G မှာ youtube ကို Upload တင်လို့မရတာတွေနဲ့ error အနည်းငယ်ကို 3 GS မှာ ပြင်ဆင်ပေးထားပါတယ်။နောက်ဆုံးတခုကတော့ battery life က 3g ထက် 3 GS က ပိုကောင်းပါတယ်
3G နဲ့ 4G ကြားမှာ ကွားခြားချက်ကြီးကြီးမားမားပြပါဆိုရင်တော့ technologies ,data transfer rate နှင့် speed ပါပဲ။ ပုံတွေကိုပါ ကြားညှပ်တခု အနေနဲ့ ထည့်ထည့်ပေးပြီး ကွာခြားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလောက်ဆိုရင် လူတိုင်း အကြမ်းဖျင်း နားလည်နိုင်ကြမယ် ဗဟုသုတရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။နောက်ထပ် ပိုပြီး သိနိုင်အောင်လို့ ကျွန်တော် အောက်မှာ အကြမ်းဖျင်းထပ်ဖြည့်ပေးလိုက်တဲ့အပြင် Video လေးနဲ့ ရှင်းပြထားတာကိုပါ ထည့်ပေးလိုက်ပါတယ်။

Generation – Definition – Technologies – Speeds
1G – Original analog cellular for voice (AMPS, NMT, TACS) 14.4 kbps
2G – Digital narrowband circuit data (TDMA, CDMA) 9-14.4 kbps
2.5G – Packet data onto a 2G network (GPRS, EDGE) 20-40 kpbs
3G – Digital broadband packet data (CDMA, EV-DO, UMTS, EDGE) 500-700 kbps
3.5G – Replacement for EDGE is (HSPA) 1-3 mbps
4G – Digital broadband packet data all IP (Wi-Fi, WIMAX, LTE) 3-5 mbps
5G – Gigabit per second in a few years (?) 1+ gbps
အောက်မှာ ရှင်းပြထားတဲ့ ဆရာရဲ့ ရှင်းလင်းချက်တွေကိုတော့နားထောင်ကြည့်ပါ။ နားလည်မယ်လို့ မျှော်လင့်ပါတယ်။
http://link.brightcove.com/services/player/bcpid1243511167?bctid=16...
ဒါကတော့ အသံဖိုင်နဲ့ ရှင်ပြထားတဲ့ Mp3 ဖိုင်ပါ။
http://www.drtechtalk.com/media/mediablog/podcast/site/3G_vs_4G.mp3

Ref & Credit: Telenor Myanmar

GSM /WCDMA ဖုန်းများ ဖုန်းထဲက Internet လျှောက်နိုင်ပါပြီး



1500 တန် CDMA 800 တွေမပါသေးဘူးနော်