Thursday, July 25, 2013

အမြန်လမ်းမကြီးကြီးပေါ် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

သတ္တဝါ အားလုံးတို့ ဘေးရန် ခပ်သိမ်းကင်းငြိမ်းကြပါစေ
အမြန်လမ်းမကြီးကြီးပေါ် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်
ဇူလိုင်(၂၄)

အမြန်လမ်းမကြီးတစ်လျှောက် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းတွင် တောင်ငူမြို့ ၀ိသုဒ္ဓါရုံသိမ်ဥုးကျောင်း
ပဓာနနာယကဆရာတော် ဥုးစန္ဒောဘာသ နှင့် ဆရာတော်
ဓမ္မကထိက ဥုးသောပါက နှင့် စုစုပေါင်း ဆရာတော်၊ သံဃာတော် ၁၈ ပါး ပါဝင်ပြီး၊
တောင်ငူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ရှိန် ဦးဆောင်စီစဉ်မှုဖြင့် ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များလိုက်ပါကာ
ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပါစေခြင်းအလို့ငှာ
ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို
ဇူလိုင်(၂၄)ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

နံနက်(၇)နာရီတွင် တောင်ငူမြို့မှ စတင်ပြီး အမြန်လမ်းပေါ်တစ်လျှောက် ပရိတ်တရားတော်များရွတ်ဆိုကာ တောင်ငူ မိုင်တိုင် (၁၄၆) မှ နေပြည်တော် Toll Gate မိုင်တိုင်(၂၀၂) သို့ နံနက်(၉း၀၀)နာရီတွင်ရောက်ရှိခဲ့သည်။ ထိုမှတဆင့် နောက်ပြန်ကွေ့ပြီး ၁၁၅ မိုင်သို့ ၁၁း၃၀ နာရီခန့်တွင်ရောက်ရှိပြီး ပိုင်အိုးနီးယားစားသောက်ဆိုင်မှ ဆရာတော်သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်ပါတယ်။ ထို့နောက်ပရိတ်တရားတော်များရွတ်ဆိုကာ ဆက်လက်ထွက်ခွာလာရာ ပဲခူးလမ်းဆုံအထိသွားရန်စီစဉ်ထားသော်လည်း မိုးအရမ်းရွာသွန်းနေ၍ သံဃာတော်များကိုငှဲ့ညှာထောက်ထားပြီး ကျောက်တံခါးလမ်းဆုံ မိုင်တိုင်အမှတ် (၈၄)အထိသာ သွားရောက်နိုင်ခဲ့ပါတယ်။ ထိုနောက် တောင်ငူဘက်သို့ပြန်လာခဲ့ပြီး မိုင်တိုင်အမှတ် ၁၂၅/၄ မကြာခင်က ခရီသည်တင်မော်တော်ယာဉ်တိမ်းမှောက်ခဲ့သည့်နေရာတွင် ခေတ္တရပ်နားပြီး ပရိတ်တရားတော်များရွတ်ကာ အမျှပေးဝေခဲ့ပါသည်။ တောင်ငူသို့ ညနေ(၅း၀၀)နာရီတွင်ပြန်လည်ရောက်ရှိပါသည်။

ခရီးစဉ်အစအဆုံးတွက်လျှင် အမြန်လမ်း မိုင်တိုင်အမှတ် ၈၄ နှင့် ၂၀၂ အကြား အသွားအပြန်လမ်းတစ်လျှောက် ပရိတ်တရားတော်များရွတ်ဆိုကာသွားရောက်နိုင်ခဲ့ပြီး
ဆရာတော်၊ သံဃာတော်များမှ ရန်ကုန်-မန္တလေး
အမြန်လမ်းတစ်လျှောက် သွားလာနေကြသော ခရီးသွားမိဘပြည်သူများ ဘေးရမ်းခပ်သိမ်းကင်းငြိမ်းကျပါစေခြင်းငှာ ပရိတ်တရားတော်များကို ရွတ်ဆိုခဲ့ပါတယ်။

ခရီးသွားမိဘပြည်သူများဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ...

0 ကွန်မန့်ရေးရန်:

Post a Comment