Thursday, July 25, 2013

၂ဝ၁၂ ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွန် ဆုများအတွက် လျာထားသော ဇာတ်ကားများ စာရင်း ထုတ်ပြန်



မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ၂ဝ၁၂ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ခြင်း အတွက် အကျုံးဝင်သည့် အရွေးချယ်ခံ ရုပ်ရှင်ဇာတ်ကားများ စာရင်းကို လွန်ခဲ့သော ရက်အနည်း ငယ်က တရားဝင် ထုတ်ပြန်ကြေညာ လိုက်ကြောင်း သိရသည်။

ထိုသို့ ထုတ်ပြန်ကြေညာ ရာတွင် စုစုပေါင်း ရွေးချယ်ဇာတ်ကား ၁၇ ကားရှိပြီး ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး)၊ ဝိုင်း၊ ညီညီထွန်းလွင်၊ အောင်ကိုလတ်၊ ညွှန့်မြန်မာ ညီညီအောင် အစရှိသည့် ရုပ်ရှင် ဒါရိုက်တာကြီးများ စီစဉ်ရိုက်ကူးခဲ့သော ဟာသ၊ အချစ်နှင့် ဘဝသရုပ်ဖော် ဇာတ်ကားများ ပါဝင်ကြောင်း သိရသည်။

အဆိုပါရုပ်ရှင် ကားများအနက် အချို့သည် လွန်ခဲ့သော ၂ဝ၁၂ ခုနှစ် ကတည်းက ရုံတင်ပြသ ခွင့် ကျပြီးဖြစ်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ယခု ၂၀၁၃ ခုနှစ် ရောက်မှသာ ရုံတင်ပြသ ကြသည်ကို တွေ့ရသည်။

အရွေးချယ်ခံ ရုပ်ရှင်ဇာတ်ကား အတော် များများသည် ဖလင်ပေ အရှည် ၁၂ဝဝဝ ခန့် ကြာမြင့် ချိန် ၂ နာရီ မိနစ်၂ဝ နီးပါး ရှိကြသည်။

အရွေးချယ်ခံ ဇာတ်ကားများ၏ အမည်စာရင်းမှာ အချစ်ကွိုင်၊ မေခင်ကညာ၊ ချစ်တယ်ပြောမှ လွှတ်မယ်၊ ငါမင်းကို----၊ လက်ပံ၊ မော်ကွန်းဥဒါန်း၊ သွားလူဆိုး ဒါမျိုးတော့ တတ်တယ်၊ နှစ်ပင် လိမ်တဲ့ ရည်းစားစာ၊ ဥ၊ ကယန်းအလှ၊ အလန်းလွန် အလွန်လန်း၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ၊ ဝိုင်းကြီး ပတ်ပတ်ဒူဝေဝေ၊ အမုန်းမီးတောက်၊ အမွေခံထိုက်သူ ဖြစ်ပါစေ၊ ဟတ်ထိတယ်နှင့်

Read More >> http://www.myawady.net.mm/allnews/local/item/20374-2013-07-24-09-58-33

0 ကွန်မန့်ရေးရန်:

Post a Comment