This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, December 21, 2012

ကမ္ဘာတစ်လွှားမှ ထူးထူးဆန်းဆန်း ဥပဒေအချို

ကမ္ဘာတစ်လွှားမှ ထူးထူးဆန်းဆန်း ဥပဒေအချို့ 

- အိုဟီးအိုး (အမေရိကန်) တွင် လိုင်စင်မရှိပဲ ကြွက်သတ်ပါက ရာဇဝတ်မှု မြောက်သည်။

- အစ္စရေးတွင် လိုင်စင်မရှိပဲ စက်ဘီး မစီးရ။


- ဆွစ်ဇာလန်တွင် အမျိုးသမီးငယ်များ အမျိုးသားတို့နှင့် လက်ဆွဲခွင့် မပြု။

- စင်္ကာပူက အများပိုင်နေရာများတွင်း ဆေးလိပ်၊ဆီကရက် သောက်သုံးခွင့် မပြု။


- တက္ကဆက် တွင် သူတစ်ပါးနွားမှ နို့ထုတ်ပါက ရာဇဝတ်မှုမြောက်သည်။


- ပြင်သစ်တွင် ရထားဘူတာတွင် နမ်းပါက ရာဇဝတ်မှုမြောက်သည်။


- တရုတ်ပြည်တွင် ကလေးတစ်ယောက်သာမွေးခွင့်ရှိ၊ ပိုမွေးပါက အခွန်ဆောင်ရ။



- ဆော်ဒီအာရေဗျိယ တွင် အမျိုးသမီးများအား ယာဉ်မောင်းခွင့်မပြု။

- ဆော်ဒီ အာရေဗျိယတွင် အမျိုးသမီးများ မဲပေးခွင့် မရှိ။


- ဆွီဒင်တွင် အစိုးရခွင့်မပြုပဲ အိမ်ဆေး ပြင်သုတ်ခွင့် မရှိ။


- စင်္ကာပူတွင် သွားဖုံးရောင်းချခွင့်ကို ဥပဒေဖြင် ကန့်သတ်ထား။


- ဆွစ်ဇာလန်တွင် ည ၁၀ နာရီနောက်ပိုင်း အိမ်သာဆေးပါက ရာဇဝတ်မှု မြောက်သည်။

International news for myanmar

မိုးကောင်းမြို့ ကျောင်းသားများ ကြက်ဆူသီးစားမိ၍ ဆေးရုံတင်ထားရ


........................................................................................
2012-12-20

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးဒေသ မရမ်းကျေးရွာ အထက်တန်းကျောင်းက ပထမတန်းနဲ့ ဒုတိယတန်းကျောင်းသား အယောက် ၂၀ ကျော်ဟာ ဒီကနေ့လည် ၁၂ နာရီ နေ့လည် ကျောင်းဆင်းချိန်မှာ ကျောင်းရှေ့မှာစိုက်ထားတဲ့ ကြက်ဆူသီး များကို စားမိတဲ့အတွက် မူးဝေအော့အန်ပြီး နမ္မတီး တိုက်နယ်ဆေးရုံ မှာ ဆေးကုသပေးနေရတယ်လို့ သိရှိရပါတယ်။

အသက် ၇ နှစ်နဲ့ ၈ နှစ်အရွယ် ကျောင်းသားငယ်တွေ အဲသလို ဆေးရုံတင်လိုက်ရတာနဲ့ ပတ်သက်ပြီး မရမ်းကျေးရွားမှာနေထိုင်သူ တစ်ဦးက RFA ကို အခုလိုပြောပါတယ်။

" ကျောင်းထဲမှာစိုက်ထားတဲ့ ကြက်ဆူသီးစားမိလို့ အဆိပ်ဖြစ်ပြီး တိုက်နယ်ဆေးရုံမှာ တင်ထားရတယ်၊ မေ့နေတဲ့သူ သုံးယောက်၊ လေးယောက်လောက်ပါတယ်၊ အကုန်လုံးက ခေါင်းမထောင်နိုင်ပဲလေးနေကြတယ်၊ အုပ်ချုပ်ရေးမှူးက နောက်ကနေလိုက်သွားတယ်"

ကျောင်းသားငယ်များရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ နမ္မတီးတိုက်နယ် ဆရာဝန်ကြီး ဦးအောင်နိုင်ဝင်းက ဒီလိုရှင်းပြပါတယ်။

" လောလောဆယ်ဆေးရုံးတင်ထားရတာ ၂၄ ယောက်ရှိတယ်၊ အခြေအနေကောင်းပါတယ်၊ ကြက်ဆူသီးစားမိလို့ မူးမယ်၊အန်မယ် သူ့လက္ခဏာက၊ အခြေအနေကိုစောင့်ကြည့်ရမှာပေါ့"

ဆေးရုံတင်ထားရတဲ့ ကလေးငယ်တွေကို နမ္မတီးမြို့က ကုသိုလ်ဖြစ်လူမှုကူညီရေး အသင်းကနေပြီး ကူညီပေးဖို့စီစဉ်နေတယ်လို့ အဲ့ဒီအသင်းက ဦးဝင်းဘိုက ပြောပါတယ်။

မရမ်းအထက်တန်းကျောင်းမှာရှိတဲ့ ကြက်ဆူပင်တွေဟာ ၂၀၀၅ ခုနှစ်က မြန်မာတစ်နိုင်ငံလုံးမှာ မစိုက်မနေရ စိုက်ခိုင်းချိန်တုန်းက စိုက်ပျိုးထားတဲ့အပင်တွေလို့ ဒေသခံတွေကဆိုပါတယ်။
မိုးကောင်းမြို့ ကျောင်းသားများ ကြက်ဆူသီးစားမိ၍ ဆေးရုံတင်ထားရ ........................................................................................ 2012-12-20 ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးဒေသ မရမ်းကျေးရွာ အထက်တန်းကျောင်းက ပထမတန်းနဲ့ ဒုတိယတန်းကျောင်းသား အယောက် ၂၀ ကျော်ဟာ ဒီကနေ့လည် ၁၂ နာရီ နေ့လည် ကျောင်းဆင်းချိန်မှာ ကျောင်းရှေ့မှာစိုက်ထားတဲ့ ကြက်ဆူသီး များကို စားမိတဲ့အတွက် မူးဝေအော့အန်ပြီး နမ္မတီး တိုက်နယ်ဆေးရုံ မှာ ဆေးကုသပေးနေရတယ်လို့ သိရှိရပါတယ်။ အသက် ၇ နှစ်နဲ့ ၈ နှစ်အရွယ် ကျောင်းသားငယ်တွေ အဲသလို ဆေးရုံတင်လိုက်ရတာနဲ့ ပတ်သက်ပြီး မရမ်းကျေးရွားမှာနေထိုင်သူ တစ်ဦးက RFA ကို အခုလိုပြောပါတယ်။ " ကျောင်းထဲမှာစိုက်ထားတဲ့ ကြက်ဆူသီးစားမိလို့ အဆိပ်ဖြစ်ပြီး တိုက်နယ်ဆေးရုံမှာ တင်ထားရတယ်၊ မေ့နေတဲ့သူ သုံးယောက်၊ လေးယောက်လောက်ပါတယ်၊ အကုန်လုံးက ခေါင်းမထောင်နိုင်ပဲလေးနေကြတယ်၊ အုပ်ချုပ်ရေးမှူးက နောက်ကနေလိုက်သွားတယ်" ကျောင်းသားငယ်များရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ နမ္မတီးတိုက်နယ် ဆရာဝန်ကြီး ဦးအောင်နိုင်ဝင်းက ဒီလိုရှင်းပြပါတယ်။ " လောလောဆယ်ဆေးရုံးတင်ထားရတာ ၂၄ ယောက်ရှိတယ်၊ အခြေအနေကောင်းပါတယ်၊ ကြက်ဆူသီးစားမိလို့ မူးမယ်၊အန်မယ် သူ့လက္ခဏာက၊ အခြေအနေကိုစောင့်ကြည့်ရမှာပေါ့" ဆေးရုံတင်ထားရတဲ့ ကလေးငယ်တွေကို နမ္မတီးမြို့က ကုသိုလ်ဖြစ်လူမှုကူညီရေး အသင်းကနေပြီး ကူညီပေးဖို့စီစဉ်နေတယ်လို့ အဲ့ဒီအသင်းက ဦးဝင်းဘိုက ပြောပါတယ်။ မရမ်းအထက်တန်းကျောင်းမှာရှိတဲ့ ကြက်ဆူပင်တွေဟာ ၂၀၀၅ ခုနှစ်က မြန်မာတစ်နိုင်ငံလုံးမှာ မစိုက်မနေရ စိုက်ခိုင်းချိန်တုန်းက စိုက်ပျိုးထားတဲ့အပင်တွေလို့ ဒေသခံတွေကဆိုပါတယ်။
credit to
ရိုမီယိုရဲ. ဒုတိယမြောက်
သတို.သမီး

ရေသောက်ရန် အကောင်းဆုံး အချိန်


ရေဟာ လူ့ကျန်းမာရေးအတွက် အထောက်အကူပြုမှန်း၊ အဓိကလိုအပ်မှန်း သိကြပေမယ့် အချိန်မှန်၊ ပမာဏ မှန်မှန် သောက်သုံးမှသာ ထိထိရောက်ရောက် ကောင်းကျိုးပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေသောက်ရန် အကောင်းဆုံး အချိန်များကတော့ အောက်ပါ
အတိုင်း ဖြစ်ပါတယ်။

၁။ မနက် အိပ်ယာထချိန်

ဖန်ခွက် တစ်ခွက် သို့မဟုတ် ၂ ခွက် စာ ရေသောက်သုံးခြင်း ဖြင့် သွေးလည် ပတ်မှုကို မြင့်တင်ပေးခြင်း၊ သွေး စေးပျစ်မှု လျော့ချပေးခြင်း၊ ကိုယ်တွင်း အူလမ်းကြောင်းများ သန့်ရှင်း၍ ပိုမို သန်မာစေခြင်း တို့ကို ဖြစ်စေပါတယ်။

၂။ အစားမစားမှီ

အစားမစားမှီ မိနစ် ၃၀ လောက်မှာ ရေဖန်ခွက် တစ်ခွက် သောက်သုံး သင့်တယ်လို့ ဆိုပါတယ်။ ယင်းသို့သောက်သုံးခြင်းဖြင့် အစာချေ စနစ်ကို ပိုမို အသက်ဝင်စေပြီး အာဟာရများအား ပိုမိုဆုပ်ယူပေးနိုင်မှာ ဖြစ်ပါတယ်။

၃။ အစားစားပြီး

အမှန်တော့ အစားစားပြီးချင်း ရေသောက်ခြင်းကို ဆေးပညာရှင်များက အားမပေးပါဘူး။ အစားစားပြီး တစ်နာရီခွဲ အတွင်း ရေသောက်ရင် ယင်းရေဟာ မိမိရဲ့  အစာချေစနစ်ကို အနှောက့်အယှက်ပေးနိုင် လို့ ဖြစ်ပါ တယ်။

၎။ ညနေအချိန်

ညနေ ၂ နာရီ ကနေ ၃ နာရီကြားမှာ ရေ ၁ခွက် သို့မဟုတ်၂ ခွက်လောက် သောက်သင့်တယ် လို့ ဆိုပါတယ်။ တစ်မနက်လုံး လူပင်ပန်း သမျှ၊ စိတ်ပင်ပန်းသမျှကို ယင်းအချိန် ရေသောက်ခြင်းဖြင့် ပြန် လည်လန်း ဆန်းစေပါတယ်။

၅။ ညအိပ်ယာဝင်ခါနီး

ည အိပ်ယာဝင်ခါနီးဆိုတာ မအိပ်ခင် တစ်နာရီ ဖြစ်ပါတယ်။ ညအိပ်တဲ့ခါ ကိုယ်တွင်းမှာ အစာချက်လုပ်ငန်းနဲ့ အခြားသော လုပ်ဆောင်ချက်များ အတွက် ရေလိုအပ်ပါတယ်။ ဒါကြောင့် အိပ်ယာမ၀င်ခင် ရေသောက်နိုင် သလောက် အတန်သင့် သောက်ထားခြင်းဖြင့် အစာချေစနစ်ရော၊ ကိုယ်တွင်း လုပ်ဆောင်ချက်ကိုရော ပုံမှန်အတိုင်း ကျန်းမာစွာ လည်ပတ်စေ မှာ ဖြစ်ပါတယ်။

ချွင်းချက်- ရာသီဥတုပူအိုက်တဲ့အခါ ချွေးအထွက် လွန်တဲ့အတွက်၊ ချွေး အထွက် များတဲ့အတွက် တစ်ခါတစ်လေကျ ရင် ရေအရမ်းဆာတတ်ပါတယ်။ အဲ့ဒီအချိန်ကျ ဘာမှ သတ်မှတ်မနေတော့ပဲ ရေအငတ်ပြေ ဖို့အတွက် သောက်သုံးဖို့ လိုအပ်ပါတယ်။ ရေဆာနေတုန်း အချိုရည် သောက်သုံးခြင်း ထက် ရေသောက်သုံးခြင်းကသာ ကျန်းမာရေး အတွက် ပိုမို သင့်လျော် ကောင်းမွန်းပါတယ်။

အထက်အပါအတိုင်း စနစ်မှန်၊ ပမာဏ မှန် ရေသောက်သုံးမယ် ဆိုရင် လူ့ကျန်းမာရေးအတွက် များစွာ အကျိုးထူးစေမှာ ဖြစ်ပါတယ်။
---
Ref: medic facts
International news for myanmar

သားနှင့်ကား (ဖြစ်ရပ်မှန်ဝတ္ထုလေးတစ်ပုဒ်ပါ။ နည်းနည်းရှည်တဲ့အတွက် စိတ်ရှည်ပြီး သည်းခံဖတ်ပေးစေချင်ပါတယ်)



“ဂွပ်”
အောက်ခံခွက်ထဲသို့ ဖုန်းကို ဆောင့်ချလိုက်သောအသံက ဆောင့်အောင့်ထွက်သွားသည်။
ထိုအသံနှင့် မရှေးမနှောင်းမှာပင် ထွက်လာသော တောက်ခေါက်သံမှာလည်း တစ်ခန်းလုံး
တုန်ဟည်းသွားသည်ဟု ထင်ရသည်။
စာကြည့်နေသော တစ်တန်းကျောင်းသားလေး “ဖြိုးဝေ” သည်ပင် လန့်သွားသဖြင့်
စာကိုမကြည့်ဘဲ ဖခင်ကို လှမ်းကြည့်လိုက်မိသည်။
ဦးမြင့်စိန် မကျေမနပ်နှင့် အံကို တင်းတင်းကြိတ်လိုက်မိသည်။
ဒီခေတ်က လူတွေဟာ ကတိသစ္စာ မရှိကြတော့ပါလား။ ညနေကမှ နှုတ်ဖြင့်
ကတိပြုခဲ့သောလုပ်ငန်းသည် ည (၉) နာရီမှာ ပျက်သွားလေပြီ။ ကျပ်သိန်း (၁၅၀၀) ဖြင့်
စကားပြောပြီးသားလုပ်ငန်းကို ယခုည (၉) နာရီကျမှ သိန်း (၁၃၀၀) ဖြင့် လာပြီး
ဈေးဆစ်နေသည်။
ဦးမြင့်စိန်၏ကန်ထရိုက်ဘ၀တစ်ခု
လုံးတွင် မဟုတ်တာ မလုပ်ခဲ့မှန်း သိပါလျက် ယခုလို
တင်စီးခြင်းမျိုးကို မည်သို့မျှ သည်းမခံနိုင်။ ထို့ကြောင့်လည်း
ဈေးလျှော့မပေးဘဲ လုပ်ငန်းကို ဖျက်လိုက်ပြီ ဖြစ်သည်။ ပေါချောင် မကောင်း
ကန်ထရိုက်တစ်ယောက်က ပစ္စည်း၊ ၀ိတ်အားတွေ လျှော့ပြီး သူ့အလုပ်ကို
ဝင်ပြီးလုပြီဖြစ်ကြောင်း ဦးမြင့်စိန် ပြေးမကြည့်ဘဲ သိသည်။
နှစ်အတန်ကြာက မြောက်ဒဂုံတွင် အတန်းကျောင်းကြီးတစ်ကျောင်း ပြိုကျသည်ကို
အမှတ်ရနေသည်။ ကျောင်းသူ၊ ကျောင်းသား၊ ဆရာမိဘ အတော်များများ သေဆုံးသွားကြသည်။
ကျောင်းအပ်ချိန်တွင် ဖြစ်သွားသောကြောင့် ပို၍ အသေအပျောက်များခြင်း ဖြစ်သည်။
“ပေါချောင်ကောင်း” ဆိုသော စကားသည် မှားနေသည်။ ပေါ-ချောင်နေမှတော့ ဘယ်သောအခါမှ
ကောင်းမည် မဟုတ်ပေ။ ယခုလို ပြိုကျခြင်းသည် ပစ္စည်းဝိတ်လျှော့ပြီး
ပေါ-ချောင်ဖြင့် ဆောက်ထားခြင်းကြောင့် မကောင်း၍ ပြိုကျခြင်းပင် မဟုတ်ပါလော။
မနေ့ညနေကျ နေ့ချင်းပြီး စာချုပ်မချုပ်လိုက်မိသော မိမိကိုယ်မိမိလည်း
အပြစ်တင်မိသည်။ ဧည့်ခန်းထဲတွင် စီးကရက်တွေ တစ်လိပ်ပြီးတစ်လိပ် သောက်ရင်း
အချိန်ဖြုန်းနေမိသည်။ ဖြိုးဝေက (၉) နာရီဆို အိပ်နေကျ။ ယခု (၁၀)
နာရီထိုးတော့မည်၊ ဖခင်က မထသေး။ မိခင် မရှိတော့ကတည်းက ဖခင်ကို
ပုံချစ်နေရှာသော ဖြိုးဝေတစ်ယောက် ဖခင်နှင့်သာ အတူအိပ်ချင်သည်။
ဖခင်ပြောသော အိပ်ရာဝင်ပုံပြင်များကို နားထောင်ချင်သည်။ ထို့ကြောင့်လည်း
ဖခင်နားသို့ မရဲတရဲကပ်၍-
“အဖေ၊ အိပ်ကြစို့လေ”
“သွားအိပ်နှင့်ကွာ”
ဖြိုးဝေတစ်ယောက် အတွန့်မတက်ရဲတော့ဘဲ အိပ်ခန်းထဲသို့
ကုပ်ချောင်းချောင်းလေး ၀င်သွားသည်။ အရင်တစ်ရက်က “မအိပ်ချင်သေးဘူး” ဟု
ပြောကာ ယခုလို စီးကရက်တွေ ထိုင်ဖွာနေသော ဖခင်ကို သူက
နွဲ့ဆိုးဆိုးသည့်အနေဖြင့် လက်ကို ဆွဲခေါ်မိသည်။ သူ ထင်ထားသည်က
“သားကလည်းကွာ၊ အဖေ မအိပ်ချင်သေးဘူးလို့ ပြောလျက်သားနဲ့” ဟု ဆိုကာ
လိုက်ပါလာမည်ဟု ထင်သည်။ ထိုအရင်ညများက ဤကဲ့သို့ပင် လိုက်ပါလာခဲ့သည်
မဟုတ်ပါလော။
သို့သော် ထိုနေ့ညက အဖေကတော့ အိပ်ရာထဲသို့ မရောက်။ အဖေ့လက်ဝါးတစ်ဖက်ကသာ
ဖြိုးဝေ၏နားရင်းပေါ်သို့ ဖြောင်းခနဲနေအောင် ရောက်လာခဲ့သည်။ ဖြိုးဝေ
ယိုင်လဲမတတ်ဖြစ်သွားသည်။ နားအူသွားသလို မျက်စိလည်း ပြာခနဲ ဖြစ်သွားသည်။
နာတာထက် ဘာဖြစ်လို့ ရိုက်မှန်းမသိတာက သူ့ကို ပို၍ ၀မ်းနည်းစေသည်။
ငိုခြင်းသည် ကလေး၏သောကထွက်ပေါက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ဖြိုးဝေ
ငိုမည်ပြုသောအခါ အဖေက-
“မင်း အသံတစ်ချက် ထွက်ကြည့်စမ်း။ မျက်ရည်တစ်စက်ကျကြည့်စမ်း။ သေအောင်ကို
ရိုက်ပစ်မယ်။ သေသွားတဲ့ မင်းအမေလိုပဲ ဘာမှ လူရိပ်လူကဲ နားမလည်ဘူး။ ဒီမှာ
အလုပ်ကိစ္စ အဆင်မပြေလို့ စိတ်တိုနေပါတယ်ဆိုမှ လူကို လာပြီး
ဆွဲလားရမ်းလားနဲ့”
ထိုအချိန်မှစပြီး အဖေ စီးကရက်တွေ တစ်လိပ်ပြီးတစ်လိပ်သောက်ပြီး
သုန်သုန်မှုန်မှုန်ဖြစ်နေချိန်ဆိုလျှင် “အပြစ်မရှိလည်း အဖေက သူ့ကို
ရိုက်တတ်သည်” ဟု ဖြိုးဝေ အသေမှတ်ထားလိုက်သည်။ အဖေ ပြောတဲ့ အလုပ်ကိစ္စ
အဆင်မပြေ ဆိုတာကို သူနားမလည်ပါ။ သူ နားလည်တာက ကျောင်းသွားမယ်၊ ကစားမယ်၊
စားမယ်၊ အဖေနဲ့အတူ အိပ်မယ်၊ အဖေပြောတဲ့ပုံပြင်ကို နားထောင်မယ်။ ဒါပဲ သူ
သိသည်။
ခုတင်ပေါ် ရောက်တော့ အိပ်ရာထဲ လှဲချလိုက်သည်။ ဘေးနားမှာ အဖေ မရှိတော့
ဖြိုးဝေ တစ်ခုခုလိုနေသလို ဖြစ်နေသည်။ ဘာလိုနေမှန်းလည်း သူ မသိ။ (၁၂)
နာရီလောက်တွင် အိပ်ခန်းထဲသို့ ဦးမြင့်စိန် ၀င်လာသည်။ အိပ်ရာပေါ်သို့
လှဲချလိုက်သော်လည်း အိပ်၍မရ။ ကတိပျက်သော သူဌေးဦးစိန်မျက်နှာက မျက်စိထဲ
ပေါ်လာသည်။ အခုအချိန်မှာသာ ထိုသူအနားမှာရှိလျှင် အမှုန့်ကြိတ်ပစ်မိမည်
ထင်သည်။
ထိုအချိန်မှာပင် စူးရှရှအနံ့တစ်ခုက ဦးမြင့်စိန်၏နှာခေါင်းထဲသို့
ဝင်လာသည်။ ဦးမြင့်စိန်နှာခေါင်းကို ရှုံ့ပွ ရှုံ့ပွ လုပ်ကြည့်လိုက်သည်။
သေချာပြီ။ သေးနံ့။ ဒီကောင် ဖြိုးဝေ သေးပေါက်ပြန်ပြီ။ ဦးမြင့်စိန်
မီးဖွင့်ပြီး အိပ်ရာခင်းကို ကြည့်လိုက်ရာ ဧရာမ သေးကွက်ကြီးကို
တွေ့လိုက်ရသည်။
“ဟေ့ကောင်- ထစမ်း”
ဦးမြင့်စိန်က ဖြိုးဝေလက်ကို ဆွဲဆောင့်ပြီး ထိုင်ခိုင်းလိုက်သည်။
ဖြိုးဝေးမှာ အသနားခံသောမျက်လုံးလေးနှင့် ဖခင်ကို ပြန်ကြည့်ရုံမှတစ်ပါး
ဘာမှမပြောနိုင်ရှာ။ သူ သေးပေါက်သောပြစ်မှုကြောင့် ကြိမ်ဒဏ် (၁၀) ချက်စီ
နှစ်ကြိမ် အရိုက်ခံရပြီးပြီ။ ယခု တတိယအကြိမ် အရိုက်ခံရဦးတော့မည်။ သူ
သတိထားသော်လည်း အိပ်ပျော်သွားသည်နှင့် သေးက ဘယ်လိုလုပ် ထွက်သွားမှန်း သူ
မသိ။
ဖြိုးဝေ သူ့အဖေကို လှမ်းကြည့်လိုက်သောအခါ အိပ်ခန်းထောင့်တွင် ထောင်ထားသော
ကြိမ်လုံးကို ဆွဲမယူဘဲ ဧည့်ခန်းဘက် ထွက်သွာသဖြင့် ဘယ်လိုအပြစ်များ
ပေးမှာပါလိမ့်ဟု သူတွေးသည်။ သူ့အဖေ အခန်းထဲ ၀င်လာသောအခါ
ပလတ်စတစ်ကြီးများနှင့် သူ ကစားသော သားရေကွင်းများ ပါလာသည်ကို တွေ့ရသည်။
သူနှင့် သားရေကွင်းပစ်တမ်း ကစားဖို့တော့ မဖြစ်နိုင်။ သူ့အဖေမျက်နှာက
ဒေါသကြောင့် ကြမ်းတမ်းခက်ထန်နေသည် မဟုတ်ပါလား။
အခန်းထဲ ရောက်သောအခါ ဦးမြင့်စိန်က ဖြိုးဝေတစ်ကိုယ်လုံးမှအ၀တ်များကို
ဆွဲချွတ်သည်။ ကိုယ်လုံးတီးဖြစ်သွားသောအခါ မတ်တတ်ရပ်ခိုင်းပြီး ဖြိုးဝေကို
လက်ပြန်ကြိုးတုပ်သည်။ ပြီးသောအခါ ဖြိုးဝေနှင့် (၁၀) ပေအကွာလောက်တွင်
သွားရပ်ပြီး သားရေကွင်းဖြင့် ပစ်ရန် စီစဉ်နေသည်။ သားရေကွင်းဖြ့် ပစ်လျှင်
ကြိမ်လုံးနဲ့ရိုက်တာလောက် မနာနိုင်ဟု ယူဆပြီး ဖြိုးဝေက ဟင်းချုလိုက်သည်။
မပစ်မီ သူ့အဖေ ပြောလိုက်သောစကားကြောင့် ဖြိုးဝေ လန့်ပြီး
တုန်တောင်သွားမိသည်။
“ကဲ- ဖြိုးဝေ၊ မင်းကို သေးပေါက်လို့ ငါ နှစ်ကြိမ်တောင် ရိုက်ခဲ့ပြီ။
ဒါပေမယ့် မင်းက မပြုပြင်ခဲ့ဘူး။ ငါ့ကို သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။
အပြစ်ရှိတဲ့နေရာကို အပြစ်ပေးမှ ပြုပြင်မှာ ဆိုတဲ့စကားပဲ။ အခုလည်း
သေးပေါက်မှုကျူးလွန်ခဲ့တဲ့နေရာကို အပြစ်ပေးရမယ်”
ဖြိုးဝေ သူ့အဖေကို မကြည့်ရဲတော့။ မျက်လုံးကို မှိတ်ထားလိုက်သည်။ “ရွှပ်”
ဟူသောအသံအဆုံးမှာပင် သူ့အင်္ဂါဆီမှ ပူခနဲဖြစ်သွားပြီး သူ “အား” ဟု
အော်လိုက်မိသည်။
“ဟေ့ကောင်- အသံမထွက်နဲ့”
ဟူသော အမိန့်ပေးသံကြောင့် နောက်အချက်တွေထိတိုင်း သူ အော်ချင်စိတ်ကို
မျိုသိပ်ပြီး ပါးစပ်ကို ပိတ်ထားသည့်ကြားက “အ” ဟူသော အသံလေးကတော့
ထွက်သွားသေးသည်။ အသည်းခိုက်အောင် နာသော်လည်း ဖြိုးဝေ မငိုရဲ။
မျက်ရည်တွေသာ တွေတွေကြီးကျနေသည်။ လေး၊ ငါးချက် ပစ်ပြီးသောအခါ
ဦးမြင့်စိန်က ဖြိုးဝေကို ဆွဲထုတ်သွားပြီး တံခါးမကြီးကို ဖွင့်ကာ
အိမ်အပြင်သို့ ထုတ်လိုက်သည်။
“သေးပေါက်တဲ့သူ ဆိုတာ အိပ်ရာပေါ် မအိပ်သင့်ဘူး။ အပြင်မြေကြီးမှာပဲ အိပ်”
“ဂျိမ်း....”
ဟူသော တံခါးပိတ်သံကိုသာ ကြားလိုက်ရသည်။ အိမ်ရှေ့ဆင်ဝင်တွင် ဖြိုးဝေ
ဒီအတိုင်း ရပ်နေမိသည်။
မည်မျှကြာကြာရပ်နေမိသည် မသိ။ သံချောင်းခေါက်သံ နှစ်ချက်ကြားလိုက်ရသည်။
ချမ်းလည်းချမ်း၊ ခြင်ကလည်း ကိုက်သည်။ ထိုအချိန်မှာပင်
နောက်ဖေးတံခါးဖွင့်သံကြားရပြီး အမျိုးသမီးကြီးတစ်ယောက် စောင်တစ်ထည်နှင့်
ရောက်လာသည်။ သူ လှည့်မကြည့်ဘဲ သိပါသည်။ အိမ်ဖော် “ဒေါ်တိုး” ပင်။ ဒေါ်တိုးက
သူ့ကိုယ်ပေါ်တွင် စောင်ခြုံပေးကာ ပွေ့ခေါ်ဖို့ဖြစ်သည်။ ဒေါ်တိုးမှာ
လူမမည်ကလေးအတွက် ရှိုက်ပြီးငိုနေသည်။
“သားလေးရယ်၊ အဲဒါ သားလေးရဲ့အမေ မရှိတော့လို့ ခုလိုဖြစ်ရတာ သိလား။ လာ
သားလေး၊ အဒေါ့်အခန်းထဲ သွားမယ်”
ဒေါ်တိုးက သူ့လက်မှ ကြိုးတွေကို ဖြေပေးဖို့ ကြိုးစားတော့ သူ
ရုန်းကန်ဖယ်ရှားလိုက်သည်။
“ဒေါ်တိုး၊ သားလက်က ကြိုးတွေ မဖြေနဲ့လေ”
“ဘာဖြစ်လို့လဲ သားရဲ့”
“အဖေက သားကို အပြစ်ရှိလို့ ဒဏ်ပေးထားတာလေ။ သားက အိပ်ရာထဲ သေးပေါက်မိတာကိုး”
“သားရယ်၊ ဒီအရွယ်ဆိုတာ ဒီလိုပဲ ပေါက်မိကြတာပါပဲ။ ကြီးလာတော့ သူ့ဘာသာသူ
ပျောက်သွားတာပဲ”
“အဖေက မြန်မြန်ပျောက်စေချင်လို့ နေမှာပေါ့ ဒေါ်တိုးရဲ့”
“သားအဖေက သားကို အဲဒီလောက် ရိုက်နှက် နှိပ်စက်နေတာ သား မမုန်းဘူးလား”
“မမုန်းပါဘူး။ သားမှာ ချစ်စရာဆိုလို့ အဖေပဲ ရှိတာလေ။ ပြီးတော့ အဖေက
ပြောတယ်။ သားကို ချစ်လို့ ရိုက်တာတဲ့”
“အမလေးတော်- တကယ့် သူတော်ကောင်းလေးနဲ့မှ လာတွေ့နေရတာကိုး။ အဲဒါဆိုရင်လည်း
ပြီးတာပါပဲတော်။ ကျုပ်တို့ကတော့ ဘေးကနေကြည့်ပြီး သနားလိုက်ရတာ။ ခုတော့
အလကားပါပဲ”
ထိုကဲ့သို့ပြောဆိုပြီး ဒေါ်တိုး နောက်ဖေးပေါက်မှ ပြန်ဝင်သွားသည်။ မနက်
မိုးမလင်းခင် ဒေါ်တိုးက သူ့ကိုယ်ပေါ်မှစောင်ကို လာယူသွားသည်။
ဦးမြင့်စိန်သိလျှင် ဆူမှာစိုးသောကြောင့် ဖြစ်သည်။
မိုးလင်းလင်းချင်း ဦးမြင့်စိန်တစ်ယောက် ၀ရုန်းသုန်းကားနှင့် ထလာကာ
အိမ်ရှေ့တံခါးမကြီးကို ဆွဲဖွင့်သည်။ ဖြိုးဝေက သူထားခဲ့သည့်အတိုင်း
လက်ပြန်ကြိုးတုပ်လျက် မတ်တတ်ရပ်လျက်ကလေးပင်။  ဦးမြင့်စိန်
သူ့ရက်စက်မှုအတွက် စိတ်မကောင်းဖြစ်သွားသည်။ မျက်ရည်များ ၀ိုင်းလာကာ-
“သား”
ဟု ခေါ်ရင်း ဖြိုးဝေကို ကြိုးတွေဖြေပေးပြီး ပွေ့ချီယူလာသည်။ သူ
တစ်နာရီလောက်သာ ဒဏ်ပေးဖို့ စိတ်ကူးထားသော်လည်း အိပ်ပျော်သွားခြင်း
ဖြစ်သည်။ ဖြိုးဝေက စိတ်မဆိုး။ သူ့အဖေ၏ပါးကိုပင် ဖက်နမ်းနေသေးသည်။
“သားကို ချစ်လို့ ဆုံးမတာနော် အဖေ”
““အေးအေး- ဟုတ်တယ် သား၊ ချစ်လို့ ဆုံးမတာပါကွယ်”
ပြောရင်းဖြင့် ထွက်လာမည့်မျက်ရည်တွေကို ဦးမြင့်စိန် မျက်နှာကိုရှုံ့ပြီး
ပြန်သွင်းနေသည်။ ဖြိုးဝေကို သူကိုယ်တိုင် မျက်နှာသစ်ပေးလိုက်သည်။ အကျီ၊
ဘောင်းဘီတို့ကိုလည်း သူကိုယ်တိုင်ဝတ်ပေးနေသည်။ “ငါ့သားလေးကို နောက်
ဘယ်တော့မှ မရိုက်မိအောင် သတိထားမည်” ဟူ၍လည်း ဆုံးဖြတ်လိုက်သည်။

xxxxxxxxxxxxx           xxxxxxxxxxxxxxx              xxxxxxxxxxxx
            xxxxxxxxxxxx

ထိုနေ့က ဖြိုးဝေတစ်ယောက် ရင်ခုန်စွာဖြင့် သူ့အဖေကို မျှော်နေမိသည်။
ဦးမြင့်စိန်က သူ့အပေါ် ရောရောနှောနှော မနေသောကြောင့် တခြားကလေးတွေကို
“အဖေ့ကို တအားချစ်တယ်” ဆိုသောစကားကို နှုတ်က ထုတ်မပြောရဲ။ ထို့ကြောင့်
ဗလာစာအုပ်၏ပထမဆုံးစာမျက်နှာတွင် စာလုံးအကြီးကြီးဖြင့် “အဖေ့ကို
တအားချစ်တယ်။ သား- ဖြိုးဝေ” ဟူ၍ ရေးထားပြီး
ဦးမြင့်စိန်၏အလုပ်စားပွဲပေါ်တွင် တင်ထားလိုက်သည်။ အဖုံးကို
လှန်လိုက်သည်နှင့် သူ ရေးထားသောစာကို အဖေတွေ့လျှင် သူ့ကိုလည်း
ပိုချစ်လာမည်ဟု ဖြိုးဝေက တွေးထားသည်။
သူ့အဖေသည် သူ့ကို တစ်ကြိမ်သာ နမ်းဖူးသည်။ ထိုညက သူ ခေါင်းကိုက်နေသဖြင့်
တော်တော်နှင့် အိပ်မပျော်။ သို့သော် မျက်လုံးကိုတော့ မှိတ်ထားသည်။ ည
တော်တော်နက်တော့မှ အဖေက သူ့ပါးကို ဖွဖွလေး လာနမ်းသည်။ ပျော်လွန်းလို့
သူခေါင်းကိုက်တာတောင် မေ့ပျောက်သွားသည်။ နောက်ညတွေမှာလည်း အဖေနမ်းတာ
သိချင်လို့ ဖြိုးဝေ အိပ်မပျော်အောင် စောင့်နေသေးသည်။ သို့သော် မရ။
ခေါင်းအုံးပေါ် ခေါင်းကျပြီးသည်နှင့် မကြာမီ အိပ်ပျော်သွားတာများသည်။
သူ့အင်္ဂါကို သားရေကွင်းဖြင့် အပစ်ခံရသောနေ့မှစ၍ သူ မအိပ်ဘဲနေသည်မှာ (၃)
ညရှိပြီ။ အိပ်ပျော်သွားလျှင် သေးပေါက်မိမှာ စိုးရိမ်သောကြောင့်ပင်
ဖြစ်သည်။ သူ့အဖေကတော့ သူ မအိပ်ဘဲနေတာကို မသိ။ သေးမပေါက်တာကိုသာ သိသည်။
စာသင်ရင်း အိပ်ငိုက်လို့ အရိုက်ခံရတာလည်း (၃) ရက်တောင် ရှိပါပြီ။ ဟော-
အဖေတို့ ကားဝင်လာသံ ကြားရသည်။ အိမ်ထဲ ၀င်လာကြပြီ။ အဖေ့မိတ်ဆွေ
ဦးညွန့်လည်း ပါလာသည်ကို တွေ့ရသည်။ စားပွဲရှေ့ရောက်တော့ အဖေက
သူ့စာအုပ်ကို မကြည့်။ နံရံတွင် မှန်ဘောင်သွင်းထားသော စာတန်းတစ်ခုကို
လက်ညှိုးထိုးပြနေသည်။
“ဦးညွန့်၊ ဟိုမှာ ဖတ်ကြည့်လိုက်စမ်းပါ။
အိုးထိန်းသည်သည် အိုးကို နာနာရိုက်သည်မှာ အိုးကောင်းဖို့အတွက် ဖြစ်သည်။
ထို့အတူ ဆရာ၊ မိဘက တပည့်၊ သားသမီးအား နာနာရိုက်သည်မှာ လိမ္မာဖို့အတွက်သာ
ဖြစ်သည်။
ဦးညွန့်လည်း ကိုယ့်သားသမီးကို နာနာသာရိုက်ပြီး ဆုံးမဗျာ။
အရိုက်ခံရတဲ့တုတ်ချက်များလေ သူတို့ဘ၀ ပိုကောင်းလေပဲ။ ကျွန်တော့်သားဆို
ကြည့်ပါလား။ အိပ်ရာထဲ သေးပေါက်တာ သုံးရက်တောင် ရိုက်ယူရတယ်။
တတိယအကြိမ်ကျတော့ ရိုက်ပြီး အပြင်ဘက်မှာ ထုတ်ထားလိုက်တယ်။ အခု သေးပေါက်တာ
ပျောက်သွားပြီ”
သူ့အဖေကို လှမ်းကြည့်နေသော လိုက်ကာနောက်မှ ဖြိုးဝေတစ်ယောက် ယနေ့ထိအောင်
နီရဲပြီး စပ်ဖျဉ်းဖျဉ်းဖြစ်နေသော သူ့ငယ်ပါကို ရုတ်တရက် အလန့်တကြား
လက်ဖြင့် ပြန်အုပ်ကိုင်မိသွားသည်။ အဖေက အပြစ်ရှိတဲ့နေရာကို ဒဏ်ပေးတာတဲ့။
“ဦးမြင့်စိန်ကလည်းဗျာ၊ ရိုက်မှလည်း မဟုတ်ပါဘူး။ ချော့မော့ပြီး ပြောလည်း
ရပါတယ်။ ကျွန်တော့်သားသမီးတွေကိုဆို ကျွန်တော်က အေးဆေးပဲ
နားဝင်အောင်ပြောပြီး ဆုံးမတယ်။ ရပါတယ်ဗျ။ ကျွန်တော်တို့မိဘတွေက
သားသမီးတွေနဲ့ ရင်းရင်းနှီးနှီးနေတယ်။ မိတ်ဆွေလို ပေါင်းတယ်။ အဲဒီတော့
ကျွန်တော်တို့ကလည်း ဘာဖြစ်ဖြစ် မိဘနဲ့ တိုင်ပင်ရဲတယ်။ ပြောရရင်
ကျွန်တော်တို့က မိဘကို ချစ်တာ၊ လေးစားကြည်ညိုတာပဲ ရှိတယ်။  မကြောက်ဘူး။
ကြောက်စရာလည်း မဟုတ်ဘူးလေ”
“အဲဒါဆိုရင် မှားတာပေါ့ဗျ။ သားသမီးဆိုတာ မိဘကို ကြောက်မှဖြစ်မှာပေါ့”
“ချစ်ခင်ကြည်ညိုတဲ့သားသမီးက မိဘစကားကို ရှေ့မှာလည်း နားထောင်တယ်၊
ကွယ်ရာမှာလည်း နားထောင်တယ်။ ကြောက်ရုံကြောက်တဲ့ သားသမီးက မိဘစကားကို
ရှေ့မှာသာ နားထောင်တာ။ ကွယ်ရာမှာ နားမထောင်ဘူးဗျ”
“ကျွန်တော်ကတော့ သားသမီးကို စိတ်ထဲကပဲချစ်၊ အပြစ်ထွက်မချစ်နဲ့၊
ကန်းတက်လိမ့်မယ်ဆိုတဲ့စကားကိုပဲ သဘောကျတယ်။ ကျွန်တော့်သားလေးကို
ကျွန်တော် တအားချစ်တယ်။ ဒါပေမယ့် ကန်းမတက်အောင် ကျွန်တော်ချစ်တာကို
ကိုယ်အမူအရာနဲ့ မပြဘူး။ နှုတ်နဲ့လည်း မပြောဘူး။ ကိုယ့်သားကို
နမ်းချင်ရင်တောင် သူအိပ်ပျော်တဲ့အချိန်မှ နမ်းတယ်”
“ဘာလဲ၊ ခင်ဗျားဆိုလိုတာက စိတ်ထဲက ချစ်နေရင် ပြီးတာပဲ။ ကိုယ်နဲ့ နှုတ်နဲ့
ပြစရာမလိုဘူး။ ဒီလိုလား”
“ဟုတ်တယ်လေ”
ဦးညွန့်ပြောသောစကားများမှာ သဘာဝကျနေသည်။ သို့သော် နှစ်ပေါင်းများစွာ
စွဲလာသော အယူဝါဒတစ်ခုကို ချက်ချင်း စွန့်ပစ်ဖို့ ဦးမြင့်စိန်
အခက်ကြုံနေသည်။ သူ့စားပွဲပေါ်မှ ဖြိုးဝေ၏ဗလာစာအုပ်လေးကို တွေ့လိုက်သည်။
တော်တော် စည်းကမ်းမရှိတဲ့ကလေး။ သူ့ကျောင်းစာအုပ်ကို ဘာကြောင့်
သူ့အလုပ်စားပွဲပေါ် လာတင်ထားရသနည်း။ လှမ်းအော်လိုက်မည်ပြင်ပြီးမှ
ဦးညွန့်၏ပြောစကားကို အမှတ်ရသွားပြီး ခက်ထန်စွာ မအော်မိတော့ပေ။
“သား- ဖြိုးဝေ”
“ခင်ဗျာ”
“ဒီမှာ သားစာအုပ် လာယူ”
“ဟုတ်ကဲ့”
ဖြိုးဝေ လက်ပိုက်ပြီး ဦးမြင့်စိန်ရှေ့သို့ ရောက်လာသည်။ သို့သော်
တရားသူကြီးရှေ့သို့ရောက်သော တရားခံကဲ့သို့ ဘေးဘီ မကြည့်ရဲဘဲ
အောက်သို့ငုံ့ရင်း ရောက်လာသည်။
“သားစာအုပ်က ဘာဖြစ်လို့ အဖေ့စားပွဲပေါ် ရောက်နေတာလဲ”
“ဟို....ဟို....”
ဖခင်ကို ကြောက်သည့်စိတ်က လွှမ်းမိုးနေသောအခါ မှန်သော၊ အကျိုးရှိသော၊
နှစ်သက်မှုကို ဖြစ်စေနိုင်သော စကားကိုပင် ဖြိုးဝေ မပြောရဲတော့။ မလိုအပ်ဘဲ
အကြောက်လွန်နေခြင်းသည် နူးညံ့သော စိတ်ဝေဒနာတစ်မျိုးပင် ဖြစ်၏။
“ရော့- နောက် ကျောင်းစာအုပ်ကို တခြားနေရာမှာ မရှိစေနဲ့။ သူ့နေရာနဲ့သူထား”
“ဟုတ်...ဟုတ်ကဲ့”
“ကဲ- သွားတော့”
ဦးမြင့်စိန် စာအုပ်ကို လှမ်းပေးလိုက်သည်။ စာအုပ်ကိုယူကာ ဖြိုးဝေ
ထွက်သွားသည်။ ဦးမြင့်စိန်သည် ရှင်ဘုရင်ဘ၀က လာလေသလော မသိ။ ထိုကဲ့သို့
သူ့ကို မော်မကြည့်ရဲခြင်းကို သူ အလွန်နှစ်သက်သည်။ သူပြောသမျှကိုလည်း
မှားမှား၊ မှန်မှန် စောဒကတက်သည်ကို မကြိုက်။ ငြိမ်နားထောင်ပြီး
ခေါင်းညိတ်မှ ကြိုက်သည်။ စောဒကတက်လာသူ မှန်သမျှကို သူ့ရန်သူဟု
သဘောထားတတ်သည်။ ကုပ်ကုပ်ကလေးထွက်သွားသော သားဖြစ်သူကို ကြည့်၍
ဦးမြင့်စိန်က ဂုဏ်ယူဝင့်ကြွးစွာ ဦးညွန့်ကို ပြောလိုက်သည်။
“တွေ့လား ဦးညွန့်၊ ကျွန်တော့်သား ဘယ်လောက် အပိုးကျိုးသလဲ”
“အပိုးပါ မကဘူး၊ အညွန့်ပါ ကျိုးသွားတာ”

xxxxxxxxxxxxxx            xxxxxxxxxxxxxxxxx           xxxxxxxxxxxxxx
        xxxxxxxxxxx


ထိုနေ့က အလုပ်မှ အိမ်အပြန်ခရီးသည် ဦးမြင့်စိန်အတွက်
ပျော်စရာအကောင်းဆုံးဖြစ်နေသည်။ သူ လင်ခရူဆာကားစီးချင်နေသည်မှာ
နှစ်အတော်ကြာပြီ။ သို့သော် သူ့အဆင့်လောက်နှင့် သိန်းပေါင်း (၃၅၀၀)
အထက်မှာရှိသော ၎င်းကားနားသို့ မကပ်နိုင်ခဲ့။ ယခု သမ္မတကြီးလက်ထက်တွင်
ကားဟောင်းများအပ်ပြီး ကားသစ်များ သွင်းခွင့်ပေးခဲ့သည်။ ၂၀၀၉ ခုနှစ်လောက်က
သူဝယ်စီးနေသော ဆတ်ကားကို အလိုက်ပေးပြီး လင်ခရူဆာ (ဆိုက်ကနက်) ၂၀၀၆
မော်ဒန်တစ်စီး ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
ယခု ၂၀၁၁ ခုနှစ်ထဲမှာပင် ယခင်က သိန်းပေါင်း (၃၅၀၀) တန်
လင်ခရူဆာကားများသည် ယခုဆိုလျှင် သိန်းရာဂဏန်းလေးမျှသာ ရှိတော့သည်။
သူ့ကားသည် သိန်းပေါင်း (၁၂၅၀) သာ ကျသည်။ စီးသောအခါ ငြိမ်ပြီး
ငြိမ့်နေသောအရသာကို ခံစားရင်း သူ့အိမ်သို့ ရောက်လာသည်။
ကားသံကြားရသည်နှင့် ဒေါ်တိုးက တံခါးပြေးဖွင့်ပေးသည်။ ထုံးစံအတိုင်း
သားလေးကတော့ တိုက်ရှေ့မှ သူ့ကို ကြိုနေသည်။ ဦးမြင့်စိန်
ကားတံခါးဆွဲဖွင့်ပြီးသည်နှင့် ပြေးလာသောသားကို ပွေ့ချီ နမ်းလိုက်သည်။
မနေ့က ဦးညွန့်ပြောသောစကားများက သူ့နားထဲသို့ ထိုက်သလောက်ဝင်ခဲ့သည်
မဟုတ်ပါလား။
“အဖေ့ကားက အသစ်ကြီးနော်”
“ဟုတ်တယ် သားရ၊ အသစ်ကြီး။ အဖေ ဒီစကားကြီးစီးနိုင်အောင်
နှစ်တွေအကြာကြီးစောင့်ပြီး ငွေစုဝယ်ခဲ့ရတာ”
“သားလည်း စီးချင်တယ်”
“စီးရမှာပေါ့ဗျာ။ အဖေ့ကားက သားရဲ့ကားပဲပေါ့”
သားအဖနှစ်ယောက် စကားကောင်းနေကြစဉ်မှာပင် ဖုန်းခေါ်သံ ကြားရသဖြင့် သားကို
ခဏချပြီး ဖုန်းပြောရသည်။ ထိုအချိန်တွင် ဖြိုးဝေက ကားအသစ်ကြီးဆီသို့
ပြေးထွက်သွားသည်။
“ဟယ်လို ပြောပါ”
“ဆရာ၊ ကျွန်တော် ညိုဝင်းပါ”
သူ့အလုပ်ဆိုဒ်နံပါတ် (၂) မှ လက်ထောက်အင်ဂျင်နီယာ ညိုဝင်း ဖြစ်သည်။ သူ
ဒီနေ့ အလုပ်ဆိုဒ် (၁) မှာ အချိန်ကုန်သွားသဖြင့် (၂) ကို
သွားမကြည့်လိုက်ရပေ။ မည်သည့်အကြောင်းများ ပေါ်သည်မသိ။
“ကဲ- ညိုဝင်း ပြော၊ ဘာအကြောင်းပေါ်လို့လဲ”
“အလုပ်ဆိုဒ်ထဲက လက်သမားခေါင်းဆောင် အမိုးမိုးရင်း ဒိုင်းလွတ်ကျပြီး
ဘယ်ဘက်လက်မ ကြေသွားတယ် ဆရာ”
“အေး- အဲဒါဆိုလည်း ဆေးရုံပို့လိုက်ပေါ့”
“ပို့လိုက်ပြီ ဆရာ၊ လက်မက ဖြတ်ပစ်ရမှာလို့ ဆရာဝန်က ပြောတယ်။ လူနာက
အင်္ဂါချွတ်ယွင်းသွားတဲ့အတွက်ကြောင့် လျော်ကြေး (၅) သိန်းတော့ ပေးပါတဲ့။
ငွေ (၅) သိန်းဆိုတာ ဆရာတို့ အရက်ဝိုင်းတစ်ခါထိုင်ပဲ ရှိတာပါတဲ့”
ဟုတ်တော့ ဟုတ်သည်။ ဦးမြင့်စိန် (၃၉၀၀၀) တန်သော
နှစ်ချို့ဝိုင်တစ်ပုလင်းကို သူငယ်ချင်းသုံးယောက်နှင့်အတူ သောက်ဖူးသည်။
ကုန်ကျစရိတ် အားလုံးရှင်းလိုက်တော့ (၅) သိန်းပင်
နည်းနည်းကျော်သွားသေးသည်။ သို့သော် အဲဒါက ကိုယ့်ခန္မွာမို့ ကိုယ်သဒ္မွါတာ။
အောက်တန်းစား အလုပ်သမားတစ်ယောက် ငွေ (၅) သိန်း အကုန်မခံနိုင်။
“ဘာလို့ (၅) သိန်း ပေးရမှာလဲကွ။ လက်တစ်ချောင်းပဲ ဖြစ်တာ တစ်သိန်းပဲ
ပေးမယ်။ တကယ်လို့ (၅) သိန်းလိုချင်ရင် နောက်ကျန်တဲ့လက် လေးချောင်းကို
ငါကိုယ်တိုင် တူနဲ့ထုတာကိုခံရမယ်လို့ ပြောလိုက်”
“ပေးလိုက်မှ ကောင်းမယ်ထင်တယ် ဆရာ။ တော်ကြာ ဟိုတိုင် ဒီတိုင်နဲ့ ပြဿနာ
လိုက်ရှင်းနေရရင် ဆရာ ပိုကုန်နေလိမ့်မယ်”
“တိုင်ချင်တဲ့နေရာတိုင်လို့ ပြောလိုက်ကွာ။ ဘယ်လောက်ကုန်ကုန် လိုက်ရှင်းမယ်”
ကြည်နေသောစိတ်ကလေး နောက်သွားပြီ။ ထိုကဲ့သို့ အပြောမျိုးတွေကြောင့်
ယင်းလက်သမားခေါင်းဆောင်ကို ဦးမြင့်စိန် ကြည့်မရ။ လက်သမားခေါင်းဆောင်သည်
အကျင့်တော့ကောင်းသည်။ သို့သော် အလုပ်သမားများနှင့် ပတ်သက်လာလျှင် သူ့ဘက်က
မနာဘဲ အလုပ်သမားဘက်က ရှေ့နေလိုက်တတ်သည်။ ထိုအချက်ကြောင့်ပင်
ဦးမြင့်စိန်က လက်သမားခေါင်းကို မုန်းခြင်း ဖြစ်သည်။
တခြားအလုပ်သမားဆိုလျှင် တောင်းသောငွေကို ပေးချင်ပေးဦးမည်။
ထိုသူဖြစ်နေခြင်းကြောင့် ပိုပြီး မပေးလိုခြင်း ဖြစ်သည်။ သူလိုချင်တာ
ရိုးရိုးမတောင်းဘဲ ဘာကြောင့် သူတို့အရက်ဝိုင်းကိစ္စ ထည့်ပြောရသနည်း။
ယခုအချိန်သာ ထိုသူ့ကိုတွေ့ရလျှင် အလျော်မပေးဘဲ ကျန်နေသော
သူ၏လက်လေးချောင်းကို စားပွဲပေါ်တင်ပြီး ကြေမွသွားအောင် ထုပစ်လိုက်ချင်သည်။
ဝယ်လာခါစ သူ့ကားကို တစ်ကြိမ် ထပ်ကြည့်ချင်သောကြောင့် ကားရှိရာသို့
ထွက်လာခဲ့သည်။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့ဒေါသတွေ ငယ်ထိပ်ထိ
တက်သွားသည်။ သူ့သားက သူ့ကားကို အိမ်ရိုက်သံချောင်းရှည်ဖြင့်
တဂျစ်ဂျစ်မြည်အောင် ရေးခြစ်နေပါရောလား။
“ဟင်- ခွေးမသား လူမိုက်”
ဦးမြင့်စိန်၏ညာဘက်လက်ဝါးသည် ဖြိုးဝေ၏နားရင်းပေါ်သို့
ခပ်ပြင်းပြင်းကျသွားသည်။ “ဖြောင်း” ဟူသော အသံနှင့်အတူ ဖြိုးဝေခန္မွာကိုယ်က
မြေကြီးပေါ် ပုံကျသွားသည်။ ဖြိုးဝေ၏လက်ထဲမှ သံချောင်းလည်း အရှိန်နှင့်
လွင့်ထွက်သွားသည်။ မနေ့က ဦးညွန့် ပြောခဲ့သောစကားတွေကို ဦးမြင့်စိန်
တစ်လုံးမှ မမှတ်မိတော့။
လောလောဆယ် သူသိသည်က ဖြိုးဝေကို မှတ်လောက်သားလောက်အောင် ဒဏ်ခတ်ဖို့သာ
တာစူနေလေသည်။ ဖြိုးဝေမှာလည်း ကြောက်လွန်းအားကြီးပြီး ငိုဖို့ပင်
မေ့နေသည်။ ကြောင်တက်တက်ဖြစ်နေသော ဖြိုးဝေကို သူ့အိမ်ထဲသို့ ဆွဲခေါ်လာသည်။
“လာခဲ့စမ်း။ မင်း အိပ်ရာထဲမှာ သေးပေါက်တုန်းကလို ကျူးလွန်တဲ့နေရာကိုပဲ
အပြစ်ပေးရမယ်။ ဒါမှ မင်းအပြစ်ကို မင်းပိုမှတ်မိမှာ”
ဖြိုးဝေ၏ညာလက်ကို သူ့လက်ဖြင့် မလှုပ်နိုင်အောင် ကိုင်ကာ စားပွဲပေါ်
တင်လိုက်သည်။ စားပွဲပေါ်တွင် အသင့်တွေ့ရသော ဖန်တုံးဖြင့် ထုသည်။
နာရုံလောက် ခပ်သာသာထုလိုက်မည်ဟု မှန်းထားသော်လည်း ကားအပေါ် တပ်မက်သော
လောဘ၊ အလုပ်သမားအပေါ် မကျေနပ်သောဒေါသတို့ ဖုံးလွှမ်းသွားသောအခါ
ဦးမြင့်စိန်တစ်ယောက် အချက်ပေါင်းများစွာ အားကုန် ထုချလိုက်သည်။ ဖြိုးဝေ၏
ကြောက်လန့်တကြားအော်သံ၊ သူ၏ အားကုန်ထုသံတို့က တိုက်ခန်းထဲတွင် ဆူညံနေသည်။
ထိုအချိန်မှာပင် မီးဖိုးထဲမှ ထွက်လာသော ဒေါ်တိုးက လှမ်းကြည့်ရင်း-
“အမယ်လေး ဆရာရယ်၊ ကလေး သေပါပြီ”
ဟု အသံကုန်အော်လိုက်သောအခါတွင်မှ ဦးမြင့်စိန် သတိပြန်ဝင်လာသည်။
သူ့သား၏လက်ချောင်းလေးများ ငါးချောင်းစလုံး ကျိုးကြေပြီး သွေးတွေကလည်း
သူ့လက်အပါအ၀င် စားပွဲတစ်ပြင်လုံး အိုင်ထွန်းနေပါပြီ။ ဖြိုးဝေလည်း
ပျော့ခွေကျပြီး သတိလစ်သွားလေပြီ။
“သား....သားလေး ဖြိုးဝေ၊ အဖေ မှားပါပြီကွယ်။ ဒေါ်တိုး၊ လာပါဦးဗျ။
သားလေးကို ကယ်ပါဦး”
ဦးမြင့်စိန် သတိလစ်နေသော သားငယ်ကို ပွေ့ဖက်ရင်း အရူးတစ်ယောက်လို
အော်ဟစ်ငိုယိုနေသည်။
“ဆရာ၊ ငိုနေလို့ မပြီးသေးဘူး။ ဆေးရုံပို့ရအောင်။ တော်ကြာ သွေးလွန်သွားရင်
အသက်အန္တရာယ်ရှိတယ်”
“အေး- သွားမယ် သွားမယ်၊ ဘယ်နှနာရီထိုးပြီလဲ”
သူ့လက်ပတ်နာရီကို ငုံ့ကြည့်သော်လည်း ဂဏန်းများကို မမြင်ရတော့။
မျက်ရည်တွေက ဖုံးနေပြီ။ တိုင်ကပ်နာရီကို မော့ကြည့်သောအခါ နာရီကို
ချက်ချင်း မတွေ့ရဘဲ အိုးထိန်းသည်နှင့်ဥပမာပေးပြီး ကလေးကို
ရိုက်သင့်ကြောင်း ရေးထားသည့် စာတန်းကို သွားတော့သည်။ သားကို လက်တစ်ဖက်က
ပွေ့ထားရင်း ကျန်လက်တစ်ဖက်ဖြင့် စာတန်းကိုဖြုတ်ကာ ကြမ်းပြင်သို့
ကိုင်ပေါက် ခွဲပစ်လိုက်သည်။
“သွားစမ်း။ ဒီစာတန်းကြီး မြှောက်ပေးလို့ ငါ့သားကို ငါ လူမဆန်စွာ ရိုက်မိတာပဲ”
ဒေါ်တိုးက ကလေးကို စောင်ဖြင့်ပတ်ကာ ပွေ့ထားစေပြီး သူ ကားကို သတိထားမောင်းနေရသည်။
“ဆရာ၊ ဟိုဟာ တရားခွေ မဟုတ်လား။ ဖွင့်လိုက်ပါလား။ ဆရာ့စိတ်တွေလည်း ငြိမ်သွားတာပေါ့”
သူနှင့် သူ့သား တရားနာရအောင်ဆိုကာ ဦးညွန့် ထည့်ပေးလိုက်သော တရားခွေ
ဖြစ်သည်။ သူ့စက်ထဲထည့်ပြီး ဖွင့်လိုက်သည်။ ကြည်လင်ပြတ်သားသော
ဆရာတော်တစ်ပါး၏တရားသံ ပေါ်လာသည်။
“ကောယိယပြည်နဲ့ ဒေ၀ဒယပြည်တို့ဟာ အစိရ၀တီမြစ်ရေနဲ့
လယ်ယာစိုက်ပျိုးကြပါတယ်။ တစ်နှစ်မှာတော့ မိုးခေါင်တဲ့အတွက် မြစ်ရေဟာ
အင်မတန် နည်းပါးနေပါတယ်။ ဒါကြောင့် နှစ်ပြည်ထောင်သုံးဖို့
မလောက်နိုင်ဘူးဖြစ်နေတော့ လယ်သမားတွေ မြစ်ရေလုကြရင်း ရန်ဖြစ်ရာကနေ
ဘုရင်နဲ့တကွ တစ်ပြည်လုံးအထိ ပါလာပြီး စစ်ပွဲဖြစ်ဖို့အခြေကို
ရောက်ခဲ့ပါတယ်။ နှစ်ပြည်ထောင်တပ်တွေဟာ မြစ်ရဲ့ ဟိုဘက် ဒီဘက်မှာ တပ်ချပြီး
တိုက်ခိုက်ဖို့ ပြင်ဆင်နေပါပြီ။ ဒီအချိန်မှာ ဘုရားရှင်
ကြွရောက်တော်မူလာပြီး ဖျန်ဖြေတော်မူပါတယ်။ နှစ်ပြည်ထောင်လုံးဟာ
ဘုရားရှင်ရဲ့ဆွေမျိုးတွေချည်းပါပဲ”
ဦးမြင့်စိန် စဉ်းစားရပြီ။
“သြော်- ငါဟာ တန်ဖိုးဖြတ်လို့ ရတဲ့ ကားအတွက် တန်ဖိုးဖြတ်လို့မရတဲ့
သားရဲ့လက်ချောင်းလေးတွေကိုတော့ ပစ်ခဲ့တာပါလား”
ဆေးရုံရောက်သည်နှင့် ခဏအကြာမှာပင် ခွဲစိတ်ခန်းထဲသို့ ၀င်သွားသည်။
ခွဲစိတ်ခန်းက ပြန်ထွက်လာတော့ ည (၁၀) နာရီကျော်နေပြီ။ သားက
လက်တွန်းလှည်းပေါ်မှာ ပက်လက်ကလေး။ သတိရသေးဟန် မတူ။ သားရဲ့ညာဘက်လက်ကတော့
ပတ်တီးတွေ ဖြူဖွေးနေသည်။ သားကိုကြည့်ရင်း မျက်ရည်တွေက အတားအဆီးမဲ့စွာ
ထွက်လာသည်။ ခွဲစိတ်ခန်းမှ ပထမဆုံးထွက်လာသော ဆရာဝန်ကြီး၏စကားက သူ့နားထဲမှ
မထွက်။
“ဦးမြင့်စိန်၊ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားပြီး
ခွဲစိတ်တာပဲဗျာ။ လက်မတစ်ချောင်းတော့ အကောင်းပြန်ဖြစ်မယ်။ ကျန်တဲ့
လေးချောင်းကတော့ အရိုးတွေပါ ကြေသွားတော့ ဖြတ်ပစ်လိုက်ရပြီ”
လက်သမားခေါင်းဆောင်နဲ့ ပတ်သက်တဲ့ မိဘဆွေမျိုးတွေလည်း ငါ့လို
ခံစားကြရမှာပဲ။ ငါ ကိုယ်ချင်းမစာတတ်လိုက်တာ။ ထုခြေချင်တာက
လက်သမားခေါင်းဆောင်ရဲ့ လက်လေးချောင်း၊ တကယ် ထုခြေမိတာက မိမိသားရဲ့
လက်လေးချောင်း။ သူတစ်ပါးကို ပျက်စီးစေချင်တဲ့ဒေါသဟာ အခု ဘာမှကို
မကောင်းကျိုးပေးနေပါပေါ့လား။ တစ်ရက်ကျရင် လက်သမားခေါင်းဆောင်ကို
ကိုယ်တိုင်သွားပြီးအားပေးမယ်။
ထို့နောက် သူသည် ဟန်းဖုန်းကိုထုတ်ကာ လက်ထောက်အင်ဂျင်နီယာထံ
ဆက်ကြည့်လိုက်သည်။ ဖုန်းဝင်သွားသည်နှင့် မနက်တွင် ငွေ (၅) သိန်း
သွားပေးရန် အမိန့်ပေး ပြောကြားလိုက်သည်။ သူ့သား၏ညာဘက်လက်လေးကို
ကိုင်ကြည့်ရင်း ရှိုက်ကြီးတငင် ငိုနေမိရာ သူ့မျက်ရည်များက သားလက်မှ
ပတ်တီးပေါ်တွင် ရေနှင့်လောင်းချလိုက်သလို စိုရွှဲသွားသည်။ နံနက် (၄)
နာရီသာသာလောက်မှ သား သတိရလာသည်။ သတိရသည်နှင့် သားပါးစပ်မှ ပထမဆုံး
ကယောင်ကတမ်းထွက်လာသောစကားက-
“အဖေက ချစ်လို့ ရိုက်တာနော်။ သား သေးမပေါက်အောင် ညမအိပ်ဘဲ နေတာ။
ဗလာစာအုပ်ထဲမှာ အဖေ့ကို တအားချစ်တယ်လို့ ရေးထားတယ်။ အဖေက ဖွင့်မဖတ်ဘူး”
တဲ့။
ကယောင်ကတမ်းထွက်လာသောစကားများကို နားထောင်ရင်း တစ်နေ့က ဦးညွန့်
အိမ်လာစဉ် သူ့စားပွဲပေါ် သားရဲ့ဗလာစာအုပ်လေး လာတင်ထားသည်ကို သူ ဖျတ်ခနဲ
အမှတ်ရလိုက်သည်။  အိမ်ရောက်မှ သားရဲ့ဗလာစာအုပ်လေးကို
လှန်ကြည့်လိုက်ဦးမည်ဟု သူ ဆုံးဖြတ်လိုက်သည်။ မိုးလင်းတော့ သားက
ကြည်ကြည်လင်လင်လေး ဖြစ်နေသည်။
“အဖေ”
“သား လူလေး၊ သက်သာရဲ့လား သား”
“သက်သာပါတယ်”
သားက ငုံးတိတိဖြစ်နေသော သူ့လက်ကို မြှောက်ကြည့်ရင်း ဦးမြင့်စိန်ကို
မေးခွန်းထုတ်သည်။
“အဖေ၊ သားလက်လေးတွေက အတပ်ပြန်ထွက်ဦးမှာလားဟင်”
“သားရယ်”
ဦးမြင့်စိန် မဖြေနိုင်တော့ပါ။ သားရင်ဘတ်ပေါ် မျက်နှာအပ်ပြီး
ကလေးငယ်တစ်ယောက်လို ငိုနေမိတော့သည်။ ဘေးနားမှာ ထိုင်နေသော ဒေါ်တိုးကိုလည်း
သူ မရှက်နိုင်တော့။ ပြတ်သွားသော လက်ငုတ်တိုလေးများက အတပ်ပြန်ထွက်မည်ဟု
ထင်နေရှာသော အသိဥာဏ်နုနယ်သည့် လူမမည်ကလေးတစ်ယောက်ကို သူက မတရား ရက်စက်စွာ
အနိုင်ကျင့်ခဲ့သည် မဟုတ်ပါလော။
“ဆရာ၊ ညက သားလေး ဘာမှမစားရသေးဘူး။ ဆာရှာရော့မယ်။ ကျွန်မ တစ်ခုခု ဆင်းဝယ်လိုက်မယ်လေ”
“နေ နေ၊ ကျွန်တော် သွားလိုက်မယ်။ သားကြိုက်တာကို ကျွန်တော်သိတယ်။ သား၊
ဒေါ်တိုးနဲ့ ခဏနေရစ်။ အဖေ သားဖို့ စားစရာတစ်ခုခု သွားဝယ်လိုက်ဦးမယ်
သိလား”
မျက်ရည်များကို လက်ကိုင်ပ၀ါဖြင့်သုတ်ကာ ဦးမြင့်စိန် ဆေးရုံပေါ်မှ
ဆင်းလာသည်။ မိုးအတော်လင်းသွားပြီ ဖြစ်၍ ဆေးရုံသည် ၀င်ကြ၊ ထွက်ကြသော
လူနာများ၊ လူနာစောင့်များနှင့် အတော်စည်နေပြီ။ သူ့ကားနားသို့
ရောက်သည်နှင့် မနေ့က ကားဘော်ဒီတွင် သား ခြစ်ကစားထားသောနေရာကို
ဆေးပြန်မှုတ်ဖို့ သတိရသဖြင့် လှမ်းကြည့်လိုက်မိသည်။
မောင်းသူထိုင်သောဘက်တွင် တံခါးမှာ ရေးခြစ်ထားခြင်း ဖြစ်သည်။
သူက သံချောင်းဖြင့် ကားကို လျှောက်ခြစ် ကစားသည်ဟု ထင်ခဲ့သည်။
သေချာကြည့်လိုက်သောအခါ စာကြောင်းတစ်ကြောင်းဖြစ်နေသည်ကို တွေ့ရသည်။
စာကြောင်းကို ဆုံးအောင် ဖတ်ပြီးသည်နှင့် “သားရယ်” ဟုသာ ဆိုနိုင်ပြီး
ဦးမြင့်စိန်တစ်ယောက် ကားဘေးတွင် ခွေလဲကျသွားတော့သည်။ ခပ်လှမ်းလှမ်းမှ
လူတွေ ဦးမြင့်စိန်ဘေးနားသို့ ပြေးလာကြသည်။  တစ်ခဏအတွင်း လူတွေ
အုံသွားသည်။
တစ်ယောက်က ဆရာဝန်ကို ပြေးခေါ်ဟန်တူသည်။ ဆရာဝန်တစ်ယောက် ပါလာသည်။
ဝိုင်းကြည့်နေသူများက ဆရာဝန်ကို နေရာဖယ်ပေးကြသည်။ ဆရာဝန်က
ဦးမြင့်စိန်၏လက်ကောက်ဝတ်ကို သွေးစမ်းကြည့်သည်။ နားကြပ်ဖြင့်
နှလုံးခုန်သံကို နားထောင်သည်။ ဆရာဝန်က ပရိသတ်ကို တစ်ချက်လှမ်းကြည့်ပြီး
ခေါင်းယမ်းပြလိုက်သည်။ “အသက်မရှိတော့” ဟူသောအဓိပါယ်ပင် ဖြစ်၏။ ကားမှာ
သူ့သား ဖြိုးဝေ ရေးထားသည်က...........
“အဖေ့ကို သား တအားချစ်တယ်”



(ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုကို ခံစားရေးဖွဲ့ပါသည်။ ဤ၀တ္ထုကို
သားသမီးရှိသော မိဘတိုင်း ကူးယူ ဖြန့်ဝေခွင့်ပြုပါသည်။)

အွန်လိုင်း ကျင့်ဝတ်

by Thanda Win on Tuesday, December 18, 2012 at 2:40am 

(လူမှုဆက်ဆံရေး ပတ်ဝန်းကျင်မှာ လိုက်နာစောင့်စည်းအပ်တဲ့ လောကနီတိ ရှိသလိုပဲ လူ လူချင်း တိုက်ရိုက်ထိတွေ့ဆက်ဆံတာမဟုတ်တဲ့ အွန်လိုင်းပေါ်မှာလည်း အလေးထား လိုက်နာသင့်တဲ့ စည်းမျဉ်းကလေးတွေ ရှိတဲ့အကြောင်း ဗာဂျီးနီးယားရှား ကတင်ပြထားတာဖြစ်ပါတယ်။ ဘာသာပြန်မျှဝေဖို့ တိုက်တွန်းတဲ့ ဆရာမောင်မောင်မြင့်ကို ကျေးဇူးတင်ပါတယ်။) 
  • အွန်လိုင်းယဉ်ကျေးမှုနယ်ပယ်ထဲမှာ ကိုယ်ပိုင်သင်္ကေတတွေရှိနေပါတယ်။ ဒါကို သတိမပြုမိတဲ့အခါ အဆင်မပြေတာလေးတွေ ဖြစ်တတ်တာပေါ့။ တဖက်ကပြောချင်တဲ့ ဆိုလိုရင်းကို မသိပဲ ရန်တွေ့မိတာလည်း ဖြစ်နိုင်တယ်။ စာသားတွေချည်း မြင်နေရတော့ တဖက်က လူသားစစ်စစ်ဆိုတာ မေ့သွားရင် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် လူလူချင်းဆက်ဆံပုံနဲ့ကွဲပြားတဲ့ အွန်လိုင်းဆက်သွယ်ရေးဟာ လူသစ်တွေအတွက်တော့ အမှားတွေအများကြီး ဖြစ်နိုင်ပါတယ်။
  • ဒီဆောင်းပါးက လူသစ်တွေကို အမှားနည်းစေဖို့နဲ့ လူဟောင်းတွေက လူသစ်တွေကို လမ်းပြဖို့ ရည်ရွယ်ပါတယ်။ မိတ်ဆွေတိုးပွားပြီး ရန်သူနည်းစေဖို့ပါ။ နည်းလမ်းလေး နည်းနည်းသိသွားတာနဲ့ စိတ်အနှောင့်အယှက်မဖြစ်ရအောင် ရှောင်ရှားနိုင်မှာပါ။ ပြသနာအကုန်လုံးကို ရှင်းမပေးနိုင်ပေမယ့် ပြသနာရှင်းနည်းလေးတွေကိုတော့ ဝေမျှထားပါတယ်။
ဥပဒေသ (၁) လူသားများဖြစ်ကြောင်း သတိပြုပါ။
  • ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့အတိုင်းပါပဲ။ ကိုယ်လိုချင်တာ သူများကို ပေးပါ။ ကိုယ်မလိုချင်တာ သူများကို မပေးပါနဲ့။ ကိုယ်ချင်းစာစိတ်မွေးပါ။ သူတပါးခံစားချက်တွေကို ပြက်ရယ်မပြုပါနဲ့။
  • အွန်လိုင်းပေါ်မှာတော့ ပိုပြီးသတိထားရပါတယ်။ တဖက်က မျက်နှာအမူအရာ၊ ကိုယ်ဟန်အနေအထား၊ အသံအနိမ့်အမြင့်တွေကို မသိရပဲ စာလုံးတွေချည်း မြင်နေရတာနဲ့ပဲ လူသားတွေဆိုတာကို မေ့ပစ်လိုက်လို့ မဖြစ်ပါဘူး။
  • အွန်လိုင်းပေါ်မှာ စကားပြောကြ၊ ဆွေးနွေးကြတဲ့အခါ တဖက်လူရဲ့ ဆိုလိုရင်းကို အဓိပ္ပါယ်မပေါက်တာ၊ ကောက်ချက်လွဲသွားတာတွေ ဖြစ်တတ်ပါတယ်။ တယောက်နဲ့ တယောက်လည်း မသိကြ၊ မဆုံဖူးကြဘူး။ ကွန်ပြူတာကတဆင့် သိကြတာဆိုတော့ ပင်ကိုယ်စရိုက် မဟုတ်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဥပမာ - ကားမောင်းတဲ့အခါ တဖက်က မောင်းသူကို ဆဲဆိုတာမျိုး၊ ရိုင်းစိုင်းတာမျိုးတွေ လုပ်မိတတ်ကြတယ်။ ဒါပေမယ့် အလုပ်ထဲမှာ၊ အိမ်မှာတော့ အများအားဖြင့် ဒါမျိုးဘယ်တော့မှ မလုပ်ကြပါဘူး။ အွန်လိုင်းပေါ်မှာတော့ အလွယ်တကူ လုပ်မိတတ်ပြန်ရော။ ဒါဟာ လက်သင့်ခံစရာ၊ လိုက်လျောစရာမဟုတ်ပါဘူး။
  • အွန်လိုင်းသုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဖို့၊ နယ်မြေသစ်တွေကို ရှာဖွေဖို့နဲ့ ရဲရဲရင့်ရင့် တခြားကမ္ဘာအထိ အရောက်သွားဖို့ပါပဲ။ ဒါပေမယ့်လည်း တဖက်က လူသားပကတိဆိုတာ သတိပြုရပါမယ်။ တကယ်လို့များ မျက်နှာချင်းဆိုင်ဆိုရင် ဒါမျိုးပြောဖြစ်မလား လို့ စဉ်းစားသင့်ပါတယ်။အဖြေက ဟင့်အင်းဆိုရင်တော့ အသစ်တခုသာ ပြန်ရေးပါတော့။ သက်ရှိလူသားတယောက်ကို ပြောလို့အဆင်ပြေတဲ့အဆင့်ကို မရောက်မချင်း ထပ်ကာ ထပ်ကာပြန်ရေးပါ။
  • မျက်နှာတည့်တည့်ကြည့်ပြီး ပက်ပက်စက်စက် ပြောပစ်လိုက်ရမှ အရသာရှိတယ် ထင်နေရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ။ ဒါမျိုးဆိုရင်တော့ ဒီဆောင်းပါးကလည်း မကူညီနိုင်ပါဘူး။ ယဉ်ကျေးလိမ္မာသင်တန်း ပြန်တက်ဖို့သာ ပြောရတော့မှာပဲ။
  • ရိုင်းစိုင်းတဲ့ စကားလုံးတွေ မသုံးသင့်တဲ့ နောက်တကြောင်းကတော့ စာလုံးတွေက အွန်လိုင်းပေါ်မှာ မှတ်တမ်းတင်ပြီးသားဖြစ်နေလို့ပါ။ လက်လှမ်းမမှီတဲ့ တနေရာမှာ သိမ်းပြီးသားဖြစ်သွားရင် အရိပ်လိုလိုက်လာတတ်တယ်လေ။
  • အမေရိကန်သမ္မတအိမ်ဖြူတော်က အိုလီဗာနော့ဆိုရင် ရေးထားသမျှ ဂရုတစိုက်ပြန်ဖျက်တာပဲ။ သူမသိတာက တခြားကွန်ပြူတာတခုက ဖျက်သမျှပြန်သိမ်းနေတာလေ။ နောက်ဆုံး တရားရုံးရောက်တော့ အကုန်လုံးလက်ပူးလက်ကြပ် မိကုန်ပါရောလား။ ဒီလို ရာဇ၀တ်မှုမျိုးတွေနဲ့ မပတ်သက်ဘူးဆိုရင်တောင် ပို့လိုက်သမျှသော စာတွေ၊သတင်းတွေဟာ တနေရာမှာ သိမ်းထားနိုင်တယ်ဆိုတာ သိထားရပါမယ်။
ဥပဒေသ (၂ ) အတွင်း နဲ့ အပြင် တူပါစေ
  • တကယ့်ဘ၀ထဲမှာ လူများစုဟာ ဥပဒေကို လေးစားကြပါတယ်။ အဖမ်းခံရ၊ ဖယ်ကျဉ်ခံရမှာစိုးတာကြောင့် ထင်ပါတယ်။ အွန်လိုင်းပေါ်မှာတော့ မဟုတ်တာလုပ်ပေမယ့် မိတဲ့အကြိမ်ကနည်းပါတယ်။ ဒါကြောင့်လည်း တခါတလေ ကွန်ပြူတာတဖက်မှာ လူရှိနေတာ သတိမထားမိပဲ ကျင့်ဝတ်မထိန်းတာ၊ ပုဂ္ဂိုလ်ရေး ထိခိုက်တာတွေကို လုပ်လို့ရတယ်လို့ ထင်မိတတ်တယ်။
  • လက်တွေ့ဘ၀နဲ့ အွန်လိုင်းဘ၀ကြားထဲမှာ ဇဝေဇ၀ါဖြစ်တတ်တာကို နားလည်ပေးလို့ရပေမယ့် အမှားကတော့ အမှားပါပဲ။ အတွင်းနဲ့ အပြင် အတူတူပါပဲ။ ကျင့်ဝတ်ဆိုတာ စောင့်စည်းဖို့ပါ။ တစုံတယောက်ကများ ဘာမှစောင့်စည်းနေစရာ မလိုပါဘူးလို့ ဆိုလာခဲ့ရင် မယုံပါနဲ့။  အွန်လိုင်းပေါ်မှာ ဒွိဟဖြစ်စရာတွေပေါ်ခဲ့ရင် အပြင်လောကမှာ လိုက်နာနေကျအတိုင်းပဲ လိုက်နာရမှာပါပဲ။ အဖြေရှာရမှာပါပဲ။
  • တကယ်လို့ ပိုက်ဆံပေး ရှဲ လုပ်ရတာမျိုးဆိုရင် ပေးလိုက်ပါ။ ဒါမှလဲ စာရေးတဲ့လူ ပိုများလာမယ်။ မဖြစ်စလောက်ငွေလေးက နောင်အရှည်သဖြင့်မှာ အွန်လိုင်းတခုလုံးအတွက် အကျိုးရှိစေနိုင်ပါတယ်။
  • ဥပဒေချိုးဖောက်တယ်ဆိုတာ မကောင်းတဲ့အကျင့်ပါပဲ။ အွန်လိုင်းပေါ်မှာ ဥပဒေမဲ့ လုပ်တာဟာလည်း အတူတူပါပဲ။ တချို့ဥပဒေတွေကတော့ ရှူပ်ထွေးပြီး နားလည်ဖို့ခက်ပါတယ်။ မူပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီးလည်း ဥပဒေတွေထုတ်ထားပါတယ်။ ဒီဆောင်းပါးက ဥပဒေစာအုပ်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အပြင်လောကမှာကော၊ အွန်လိုင်းမှာပါ ဥပဒေဘောင်ထဲမှာ သတိထားနေဖို့ တိုက်တွန်းပါရစေ။
ဥပဒေသ (၃) မိမိနေရာ မိမိသိပါစေ။
  • အွန်လိုင်းတနေရာမှာ လက်ခံနိုင်တာတခုက နောက်တနေရာမှာ ရိုင်းချင်ရိုင်းနေမှာပါ။ ဥပမာ - ရုပ်မြင်သံကြားက အိမ်ရှင်မများ သတင်းပလင်း အစီအစဉ်မှာ အတင်းအဖျင်းတွေ ပြောတာ လက်ခံလို့ရပါတယ်။ ဒါပေမယ့် ဂျာနယ်သမားတွေရဲ့ စာပုံးထဲကို ကောလဟာလမျိုးစုံ လျှောက်ထည့်ရင်တော့ ဘယ်သူမှ မကြိုက်ပါဘူး။ တနေရာနဲ့ တနေရာ မတူဘူးဆိုတာကို နားလည်ရပါမယ်။
  • ဒါကြောင့်မို့ နေရာအသစ်တခုကိုရောက်ရင် သူများတွေ ပြောနေ၊ ရေးနေတာတွေကို အရင်ကြည့်ပါဦး။ ဘယ်လိုလူမျိုးတွေလည်းလို့ လေ့လာပါဦး။ ပြီးမှသာ ၀င်ပြောသင့်ပါတယ်။
ဥပဒေသ (၄) သူတပါးအချိန်ကို မဖြုန်းပါနဲ့။  
  • အခုခေတ်မှာ လူတိုင်းအချိန်ရှားပါတယ်။ အိပ်ချိန်နဲနဲ အလုပ်ချိန်များများဖြစ်နေကြတယ်။ ဆွေးနွေးဖို့ အကြောင်းအရာတခု တင်ပြထားရင် ဒါကိုဖတ်ဖို့ အချိန်ပေးရပါတယ်။ ဒါကြောင့် သူများအချိန်ကို ဖြုန်းသလိုဖြစ်စေနိုင်တဲ့ ပို့စ်တွေ မတင်တာကောင်းပါတယ်။ အွန်လိုင်းပေါ်မှာ သတင်းစီးဆင်းနှုန်းနဲ့ သိမ်းဆည်းထားဖို့ နေရာကလည်း အကန့်အသတ်ရှိပါတယ်။ ကိုယ်တယောက်တည်း သုံးနေတာမှ မဟုတ်တာ။ ဒါကြောင့် သတင်းတခုထဲကို မတော်တဆ ၅ ကြိမ်ပို့မိတယ်ဆိုရင် အချိန်ကိုကော နေရာကိုပါဖြုန်းတာပါပဲ။
  • နားထောင်လို့တော့ သိပ်မကောင်းဘူးပေါ့လေ။ ဒါပေမယ့်လည်း ကိုယ်တိုင်လည်းအလုပ်တွေထဲ ခေါင်းနှစ်နေရရင် ကျန်တာတွေ မေ့တတ်တာပါပဲ။ ဒါကြောင့် ကိုယ့်မေးခွန်းတွေကို တဖက်က ချက်ချင်းပြန်ဖြေဖို့ မမျှော်လင့်ပါနဲ့။ ကိုယ်က အားတက်သရောပြောနေပေမယ့် အားလုံးက သဘောတူခေါင်းငြိမ့်လိမ့်မယ်၊ အရေးလုပ်လိမ့်မယ်လို့လည်း မထင်ပါနဲ့။
ဥပဒေသ (၄) အုပ်စုဖွဲ့ ဆွေးနွေးခန်းမှာ ဂရုပြုစရာ
  • အများအားဖြင့် အုပ်စုအဖွဲ့ဝင်တွေဟာ ကွန်ပြူတာသုံးချိန်၊ မိသားစုနဲ့ နေချိန်၊ ကိုယ်ပိုင်အိပ်ချိန်စားချိန် စသဖြင့် အားချိန်နည်းပါတယ်။ ပြီးတော့ စာတပုဒ်ကို ဖတ်တော့မယ်ဆိုတာနဲ့ ဖွင့်ဖို့ကလည်း အချိန်ယူပါသေးတယ်။ နိဒါန်းပျိုးနေတာတွေကို ဖတ်ပြီးမှ သော့ချက်ကိုရောက်ရတာပါ။ တကယ်လို့များ ကြိုးစားပမ်းစားဖတ်ပြီး ဘာမှလည်းမဟုတ်ဘူးဆိုရင် အစာမကျေဘူး ဖြစ်တတ်ပါတယ်။
  • အရင်ခေတ်ကတော့ ကာဘွန်စက္ကူတွေသုံးပြီး မိတ္တူပွားရတာပါ။ တခါပွားရင် ၅ စုံထက်မပိုပါဘူး။ ဒါကြောင့် ဒီစာကို ဘယ်သူ့ဆီအဓိကပို့မလဲဆိုတာ သေသေချာချာစဉ်းစားရပါတယ်။ အခုတော့ ဒါတွေမလိုတော့ပါဘူး။ ကူးချင်သလောက်ကူး၊ ပွားချင်သလောက်ပွားလို့ရပါပြီ။ ဒါကြောင့်လည်း အကျင့်ပါပြီး ပွားချင်တိုင်း ပွားနေမိတတ်ပါတယ်။ လူတွေမှာ အချိန်ရှားပါတယ်။ သတင်းကလည်း စုံလွန်း များလွန်းပါတယ်။ ဒါကြောင့် အုပ်စုဝင်တွေ ဘာကြောင့်သိသင့်တာလဲလို့ ကိုယ့်ဘာသာ အရင်မေးကြည့်တာ ကောင်းပါတယ်။ မလိုအပ်ဘူးထင်ရင် မပို့ပါနဲ့။ လိုချင်လည်း လိုနိုင်တယ် ဆိုရင်တောင်မှ မပို့ခင် ၂ ခါပြန်စဉ်းစားပါဦးလေ။
ဥပဒေသ (၅) ကြည့်ပျော်ရှူပျော်ဖြစ်ပါစေ။
  • အွန်လိုင်းပေါ်မှာ အေးတိအေးစက်၊ စော်ကားမော်ကားလုပ်တတ်သူတွေနဲ့ ပြည့်နေတာပဲလို့ ထင်ကုန်ကြရင် မကောင်းပါဘူး။ ဒီလောက်ကျယ်တဲ့ ကမ္ဘာကြီးမှာ အွန်လိုင်းသုံးသူအများစုဟာ တခြားသူတွေက like လုပ်သွားတာ လိုချင်တတ်ကြပါတယ်။ တခါမှ မသိဖူးသူတွေနဲ့ ဆုံခွင့်ရတယ်။ သူတို့ကလည်း ကိုယ့်ကိုမမြင်နိုင်။ ကိုယ့်အပေါ်မှာ ဆံပင်အရောင်၊မျက်လုံးအရောင်၊ ကိုယ်ခန္ဓာအချိုးအဆက်၊ အသက်အရွယ်၊ အ၀တ်အစား စတာတွေနဲ့ မဆုံးဖြတ်ပဲ စာအရေးအသားနဲ့သာ ဆုံးဖြတ်မှာပါ။ စာလုံးတွေကို မသုံးချင်ရင် ဘယ်သူမှ အွန်လိုင်းမလာပါဘူး။ ဒါကြောင့် စာလုံးပေါင်းနဲ့ သဒ္ဒါကလည်း အရေးပါ ပါတယ်။
  • အွန်လိုင်းလည်း အသုံးများတယ်၊ ဒီဟာတွေကိုလည်း စိုးရွံ့တယ်ဆိုရင်တော့ အွန်လိုင်းပေါ်မှာပဲ လမ်းညွှန်စာအုပ်တွေ ဖတ်ရင်း၊ လေ့လာသင်ယူရင်း ပျော်စရာကောင်းလာမှာပါ။ အွန်လိုင်းသင်တန်းတွေ၊ ပြင်ပသင်တန်းတွေရှိရင်လဲ တက်လို့ရပါတယ်။ အသက်အရွယ်ကြီးရင့်သူများဆိုရင်တော့ အသိအကျွမ်းတွေပိုရလာပြီး ပိုပျော်စရာကောင်းပါလိမ့်မယ်။
  • ကိုယ်ရေးချင်တဲ့အကြောင်းအရာကို အဓိပ္ပါယ်ပေါက်အောင် ရေးပါ။ ကိုယ်တကယ်သိတဲ့ ကိစ္စဖြစ်ပါစေ။ ကိုယ်ကိုယ်တိုင် သဘောပေါက် နားလည်ထားတာလား၊ သူများပြောလို့ ယုံထားတာလားဆိုတာ အရင်မေးကြည့်ပါဦး။ ပို့စ်မတင်ခင်၊ အချက်အလက်တွေကို ပြန်မစစ်ခင် တကယ်တင်ချင်ရဲ့လားလို့ ထပ်မေးပါဦး။ သတင်းဆိုးတွေဟာ တောမီးလိုပျံ့လွယ်ပါတယ်။ တဆင့်စကား တဆင့်နားဖြစ်သွားရင် မူလဆိုလိုရင်း ပျောက်သွားတတ်ပါတယ်။ အွန်လိုင်းပဲဟာ၊ မှန်ကန်တိကျစရာမလိုဘူးလို့ ပြန်ငြင်းချင်လည်းငြင်းပါ။ ဒါပေမယ့် ကိုယ့်တာဝန်တော့ ကိုယ်ယူတတ်ရမှာပေါ့လေ။
  • နောက်တချက်ကလည်း မှတ်စုတွေရေးတဲ့အခါ ရှင်းရှင်းလင်းလင်း ကျိုးကြောင်းဆက်စပ်တာမျိုးတွေ ဖြစ်ဖို့လိုပါတယ်။ စာတပိုဒ်လုံးမှာ သတ်ပုံ၊ သဒ္ဒါတလုံးမှ မမှားပေမယ့်လည်း ဘာပြောမှန်းမသိတာတွေ ဖြစ်တတ်ပါသေးတယ်။ အထူးသဖြင့် ကိုယ့်ကို အထင်ကြီးစေချင်တာနဲ့ စကားလုံးအကြီးကြီးတွေ သုံးမိတဲ့အခါမျိုးတွေမှာပေါ့။ ရိုးရိုးပဲရေးတာကောင်းပါတယ်။
  • တို့မီး၊ ရှို့မီးတွေ မရေးပါနဲ့။ ယဉ်ယဉ်ကျေးကျေး၊ လှလှပပလေးတွေရေးပါ။ ညစ်ညမ်းတဲ့စကားတွေ မသုံးပါနဲ့။ ဆန့်ကျင်လိုတာသက်သက်နဲ့ ဆန့်ကျင်ဘက်တွေမရေးပါနဲ့။
  • အွန်လိုင်းပေါ်မှာ ဆဲလို့ရသလား လို့ မေးကြပါတယ်။ အမှိုက်ကို ရွှေထင်တဲ့ နေရာတွေမှာတော့ လက်ခံမှာပါ။ ဆဲဆိုလိုက်ဖို့ လိုတယ်ထင်ရင်လည်း စာလုံးဖျောက်ပြီးသုံးနိုင်ပါတယ်။ ---င်၊ ----ာ စသည်ဖြင့်။ လူတိုင်းက ကိုယ်ဘာဆိုလိုတယ်လို့ သိမှာပါပဲ။ မလိုအပ်ပဲ သူများစိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်တာကောင်းပါတယ်။
ဥပဒေသ (၆) အဖိုးတန် ဗဟုသုတတွေကို ဝေမျှပါ။
  • ဆိုးတာတွေပြောပြီးသွားတော့ ကောင်းတာလေးတွေပြောပါရစေ။ အွန်လိုင်းရဲ့ မူလဘူတအစွမ်းက လူမျိုးစုံ အသုံးများတာပါ။ မေးခွန်းတွေကို အွန်လိုင်းပေါ်မှာ မေးလိုက်ရင် ဗဟုသုတကြွယ်ဝသူတွေ အများကြီးရှိနေတာမို့ အဖြေရနိုင်ပါတယ်။ တယောက် နှစ်ယောက်လောက်က ၀င်ပြောပေးလိုက်တာနဲ့ အကြံကောင်း ဥာဏ်ကောင်းတွေ တိုးလာပါတယ်။ အင်တာနက်ဆိုတာကို ရှာဖွေတွေ့ရှိပြီး ဖန်တီးတည်ဆောက်ခဲ့တဲ့ မူလရည်ရွယ်ချက်ကိုက သိပ္ပံပညာရှင်တွေဟာ သူတို့အချင်းချင်း ပညာဖလှယ်ချင်လို့ပါ။ တဖြည်းဖြည်းနဲ့မှ လူတွေအားလုံးပါလာကြတာပါ။
  • ဒါကြောင့်မို့ ကိုယ်သိတာလေး ကိုယ်ဝင်ပြောဖို့ မတွန့်ပါနဲ့။ မေးခွန်းတခုမေးလိုက်လို့ အဖြေတွေရလာတယ်ဆိုရင် အကျဉ်းချုပ်ကလေး ပြန်ရေးပြီး ဆွေးနွေးခန်းမှာ ပြန်တင်ပေးပါ။ ဒါမှလည်း တတ်သိသူတွေက အချိန်ကုန်ခံရေးပေးထားတဲ့ ဗဟုသုတတွေကို အားလုံးအတွက် အကျိုးရှိအောင် ပြန်သုံးနိုင်မှာပါ။
  • ကိုယ်တိုင်က တတ်သိပညာရှင်ဆိုရင်တော့ ပိုတောင်မှလုပ်ပေးနိုင်ပါဦးမယ်။ ကိုယ်တိုင်ဦးဆောင်ဆွေးနွေးတာတွေ၊ အများစိတ်ဝင်စားမယ့် အကြောင်းအရာကို ရေးတင်တာမျိုးတွေ၊ မေးခွန်းထုတ်တာတွေ လုပ်နိုင်ပါတယ်။ ဗဟုသုတဝေမျှတယ်ဆိုတာ ပျော်စရာကြီးပါ။ ဒါဟာအွန်လိုင်းရဲ့ ရိုးရာဓလေ့ထုံးစံပါ။ ကမ္ဘာကြီးကိုလည်း ပိုကောင်းစေတယ်လေ။
ဥပဒေသ (၇) ၀င်ရောက်ဖြန်ဖြေပါ။
  • တခြားသူတွေက ပြင်းပြင်းထန်ထန်ရေးနေကြပြီ၊ အခိုင်အမာတွေ ဆုပ်ကိုင်ငြင်းနေပြီဆိုရင် သွေးဆူလာတတ်ကြပါတယ်။ ဒီအချိန်မှာ နဲနဲအရှိန်ဝင်လျှော့ပေးဖို့ လိုပါတယ်။ အွန်လိုင်းမှာ သွေးဆူ၊ သွေးပူခွင့်မရှိဘူးလားဆိုတော့ ရှိတာပေါ့။ သွေးဆူတယ်ဆိုတာ အွန်လိုင်းရဲ့ ရိုးရာပါပဲ။ ဒါကို အပြောင်အပျက် ရယ်စရာ မောစရာလုပ်ပေးလိုက်ရင် ပျော်စရာဖြစ်သွားပါရော။ တခါတလေတော့လည်း အရှိန်မသေသေးရင် ဆက်ဖြစ်ပေါ့လေ။
  • ဒါပေမယ့်လည်း အွန်လိုင်းကျင့်ဝတ်မှာ တဖက်နဲ့တဖက် မပြီးနိုင် မစီးနိုင် တိုက်ခိုက်နေတာတွေ၊ ရန်စနေတာတွေ၊ စော်ကားနေတာတွေကိုတော့ ခွင့်မပြုသင့်ပါဘူး။ ဒါက အဖွဲ့တခုလုံးကို စိတ်ပျက်စေပါတယ်။ တခြားမဆိုင်သူတွေအပေါ်မှာလည်း မတရားရာရောက်ပါတယ်။ အစပိုင်းမှာတော့ စကားနိုင်လုနေတာကို ၀ိုင်းကြည့်ရတာ ပျော်စရာကောင်းသလိုလိုပေါ့။ နောက်ပိုင်းမှာတော့ ၀င်မပါတဲ့သူတွေက ပျင်းသွားတာပါပဲ။ ကိုယ်တွေချည်းပဲ လက်ဝါးကြီးအုပ်ထားသလိုဖြစ်နေတာ မသင့်တော်ပါဘူး။
ဥပဒေသ (၈) တခြားသူများရဲ့ အတွင်းရေးကို မစပ်စုပါနဲ့၊
  • လုပ်ဖော်ကိုင်ဖက်ရဲ့ အံဆွဲကို ခွင့်မတောင်းပဲ ဖွင့်ကြည့်ဖို့ မသင့်တော်သလိုပဲ သူများစာတွေကို ဖွင့်မဖတ်ပါနဲ့။ နမူနာတခုကတော့ ဂျာနယ်တိုက်တခုမှာ စာတွေဖွင့်ဖတ်ခံရတယ်လို့ သံသယရှိတဲ့အခါ သတင်းအတုတခုကို ထည့်ထားလိုက်ပါတယ်။ ဖတ်တဲ့လူက အဲဒီသတင်းအတုအကြောင်း မေးလာတဲ့အခါ မိသွားတာပေါ့။ ဒါနဲ့ သူ့ကို တခြားနေရာပို့ပစ်လိုက်ပါတယ်။ သူများအတွင်းရေးစပ်စုတာ အလုပ်ပြုတ်တဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။
ဥပဒေသ (၉) လုပ်ပိုင်ခွင့်ကို အလွဲသုံးစားမလုပ်ပါနဲ့။
  • တချို့လူတွေဟာ အင်တာနက်မှာ ဆရာကြီးတွေပါ။ ကွန်ပြူတာစနစ်နဲ့ အင်တာနက်ကို သူများတွေထက် ပိုကျွမ်းကျင်ရုံနဲ့ သူများဆီက အခွင့်အရေးပိုယူဖို့ မသင့်ပါဘူး။ ဥပမာ -- ဌာနမှုးက လက်အောက်ငယ်သားတွေရဲ့ ကိုယ်ပိုင်စာတွေကို မဖတ်ရပါဘူး။
ဥပဒေသ (၁၀) သူများအမှားတွေကို ခွင့်လွှတ်လိုက်ပါ။
  • လူတိုင်းက အွန်လိုင်းမှာ လူသစ်ဖြစ်ဖူးကြတာပါပဲ။ ဒီဆောင်းပါးကိုလည်း လူတိုင်းဖတ်ဖူးတာမှ မဟုတ်တာ။ ဒါကြောင့် သတ်ပုံမှားတာ၊ အူကြောင်ကြောင်မေးတာ၊ မလိုအပ်ပဲ စကားကြောရှည်တာတွေကို သည်းခံလိုက်ပါ။ အသေးအဖွဲဆိုရင် ပြောနေဖို့တောင် မလိုပါဘူး။ ပြောဖို့လိုတယ် ထင်ရင်တောင် ၂ ခါပြန်စဉ်းစားပါ။ ကိုယ်တော်တာနဲ့ပဲ သူများကိုဆရာလုပ်တာ ဘယ်ကောင်းပါ့မလဲ။ မှားနေတယ်လို့ ပြောတော့မယ်ဆိုရင် ယဉ်ယဉ်ကျေးကျေးပြောပါ။ အများရှေ့မှာမပြောပဲ တဦးထဲကို စာပို့ပြောပါ။ ဘယ်လိုပြောပြော သူ့ဘက်က ဒီထက်ကို ပိုမသိတော့တာလည်း ဖြစ်နိုင်ပါသေးတယ်။ ဆရာကြီးလေသံ မဖမ်းပါနဲ့။ သူ့အမှားကို ကိုယ့်အမှားမဖြစ်ပါစေနဲ့။ ကျင့်ဝတ်နဲ့ ညီ မညီငြင်းကြရင်းနဲ့ ကျင့်ဝတ်နဲ့မညီပဲကို ရန်ဖြစ်တတ်ကြောင်း သတြိပုတော်မူကြပါကုန်။

clean government, good governance ဆိုပြီး လစာနဲ့မတန်လောက်အောင်ကိုချမ်းသာနေကြ

Soe Min and 10 other friends shared Thit Htoo Lwin blog's photo.
ဟိုးရှေးရှေးတုန်းက နေပြည်တော်မှာ ညွှန်းချုပ်တစ်ဦးဟာ လစာ နှစ်သိန်းရယုံနဲ့ ဘီလီယံနဲ့ချီပြီးချမ်းသာနေသတဲ့

နေပြည်တော်ဖြစ်ရပ်မှန်

ကျွန်မ အခုတင်ပြချင်တာကတော့ စက်မှု ၀န်ကြီးဌာန ယခင် စက်မှု(၁) ၀န်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်အကြောင်းလေး တင်ပြချင်ပါတယ်။

အောက်ခြေ၀န်ထမ်းတစ်ယောက်အနေနဲ့ ဘယ်လိုမှ မခံစားနိုင်တော့လို့တင်ပြရတာပါ။

 ကျွန်မတို့ ရုံးဝန်ထမ်းတွေရဲ့ ဘ၀က အမြဲတမ်းမြေနိမ့်ရာလှံစိုက်ခံရပါတယ်၊ အမြဲတမ်းလိုလို လူကြီးမျက်နှာတကြည့်ကြည့်နဲ့  ကျီးလန့်စာစားပီးနေနေ ရတာပါ၊ ကျွန်မတို့တွေ အောက်ခြေ၀န်ထမ်းဘ၀နဲ့  ချို့ချို့ငဲ့ငဲ့နေထိုင်နေပီး နိုင်ငံ့တာဝန်ထမ်းဆောင်နေရတာကို ကျွန်မတင်ပြချင်တာမဟုတ်ပါဘူး။

 ကျွန်မတို့နေပြည်တော်မှာ အိမ်တလတခါ ပြန်ဖို့ကို မနဲခြစ်ကုတ်ပီး စုဆောင်းနေရတဲ့ အချိန် ကျွန်မတို့အထက်လူကြီးတစ်ယောက်က သူ့လစာနဲ့မတန်လောက်အောင်ကိုချမ်းသာနေတာကို ကျွန်မတင်ပြချင်ပါတယ်။

ကျွန်မတို့အကြိမ်ကြိမ်တိုင်ဖို့ကြိုးစားခဲ့ ပေမယ့်လည်း ကျွန်မလိုဘာမှမဟုတ်တဲ့ အောက်ခြေဆင်းရဲတဲ့  ၀န်ထမ်းလေးရဲ့ တိုင်စာက သမ္မတ ရုံးမပြောပါနဲ့  ကျွန်မတို့ရဲ့ ဝန်ကြီးရုံးတောင်မရောက် လိုက်ပါဘူးဘာလို့လဲဆိုတော့ ညွှန်ကြားရေးမှူးချုပ်အခန်း မှာတင် ဖြတ်သိမ်းထားတာခံနေရလို့ပါပဲ။

ကျွန်မကိုယ်တိုင် ရုံးပေါ်အထိတက်ပီးတိုင်စာကို တစေ့တစ် စောင်းလေ့လာလိုက်တော့ ကျွန်မတို့တိုင်စာတွေကော သူများတွေတိုင်ထားတာတွေကောပါ ဖိုင်တွဲပီးသိမ်းထားတာကို ကျွန်မ၀မ်းနည်းစွာ တွေ့ လိုက်ရပါတယ်။ 

ကျွန်မအရမ်းအားငယ်သွားမိတယ် ။ ကျွန်မတို့ဘက်မှာ ရပ်တည်ပေးမဲ့ လူမရှိဘူး ။ ကျွန်မတို့စကားကို နားထောင်ပေးမဲ့ လူမရှိဘူး။ အခုဒီ ဆိုဒ်ကိုတင်ရင်ရတယ် ။လူကြီးတွေကအစ ဒီ ဆိုဒ်ကို ၀င်ကြည့်ကြတယ်ပြောလို့ကျွန်မတင်လိုက်တာပါရှင်။

ဒီလိုပါ ဦးဝင်းမြင့် ညွှန်ကြားရေးမှူးချုပ်ကြီး ကျွန်မတို့ စက်မှု(၁) ၀န်ကြီးဌာနရဲ့  ငွေရပေါက်ရလမ်းအများဆုံးအင်ဂျင်နီယာ ဌာနဖြစ်တဲ့ ပြင်/ ထိန်းဌာန ကို ဦးစီးခဲ့ ရပါတယ်။ အဲဒီမှာတင် သူ့ဘ၀က တဆစ်ချိုးပြောင်းလဲလာတာပါ ။

 ဦးဝင်းမြင့်ဟာ ဌာနပိုင် ငွေတွေကိုအလွဲသုံးစားလုပ်ထားပီး ထိုငွေတွေနဲ့ အိမ်တွေတလုံးပြီးတလုံး ဆောက်ထားပါတယ်။ သူငွေတွေရရချင်းမှာ နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ သိန်း ၄၀၀၀ ကျော်တန်မြေကွက်နဲ့အိမ်တစ်လုံးချက်ချင်းဆောက်ခဲ့ပါတယ် ။ 

ပုဂံ(၁)လမ်း၊ ခြံအမှတ် ( ၃၂၁၅ ) ဖြစ်ပါတယ်။ လက်ရှိခေတ်ကာလ ပေါက်ဈေး သိန်း ၄၀၀၀ ကျော်တန်ပါတယ်၊ ဒီအိမ်ရဲ့ ဓါတ်ပုံကိုလဲပူးတွဲပီးတင်ပြပေးထားပါတယ်။ 

ဒါတောင် နေပြည်တော်ကအိမ်ပဲရှိပါသေးတယ်။ ရန်ကုန်မှာတင် အိမ် ၃ လုံးရှိပါသေးတယ်။ အသေးစိတ်ကိုလည်းနောက်ထပ်တင်ပြပေးပါဦးမယ်။
DG တယောက်ရဲ့တရားဝင်လစာက ၂၀၀၀၀၀/-ဖြစ်ပါတယ်။

 (၁)နှစ်မှ (၂၄)သိန်းပဲ ရှိတယ်။ စားသောက်စရိတ်(၄)သိန်းနုတ်ရင် သိန်း(၂၀)အသားတင်ကျန်ပါတယ်။ ဒါဆို ဘယ်လိုလုပ်ဒီလိုသိန်း ၄၀၀၀ ကျော်တန်အိမ်ကို ဆောက်နိုင်ပါသလဲရှင်။ စဉ်းစားကြည့်ပေးပါ။

သူ့ပါးစပ်ကနေ clean government, good governance ဆိုပီး တဖွဖွပြောနေပေမယ့်လည်း သူကိုယ်တိုင်လဲမကင်းနိုင်ပါဘူး။
ကျွန်မတို့လို လူတွေကိုအမြဲဆူနေ၊ဆဲနေ၊ မာန်နေ၊ မဲနေပေမယ့် သူ့ ရဲ့အထူးအခွင့်အရေးကိုခံနေရတဲ့ အမျိုးသမီးငယ်တစ်ဦးလည်းဌာနမှာ ရှိပါတယ်။

ထိုအမျိုးသမီးကို လည်းဖုန်းနဲ့ မြေကွက်တစ်ကွက်ဝယ်ပေးထားပါတယ်။ ထိုအမျိုးးသမီးရှေ့ မှာ ဦးဝင်းမြင့် မကောင်းကြောင်းပြောမိလို့ ထိုအမျိုးသမီးရဲ့  ထီးနှင့်ရိုက်တာကိုလည်း ကျွန်မတို့ မျက်စိရှေ့ မှာတင် မြင်ခဲ့ဖူးပါတယ်။ 

အမျိုးသမီးချင်း ကိုယ်ချင်းစာနာသဖြင့် အမည်နာမကို ထုတ်ဖော်မပြောတာပါ။
ထို့ပြင် ဌာနပိုင်ဖုန်းကိုလည်း သမီးဖြစ်သူကိုပေးကိုင်ထားပါတယ်။ ၀န်ကြီးဌာန အကျိုးစီးပွားအတွက် ဆက်သွယ်ရေးလွယ်ကူစေရန် ပေးထားသော ဖုန်းကို သမီးဖြစ်သူအားပေးကိုင်ထားသည်မှာလည်းအမြင်မသင့်တော်စရာဖြစ်ရပါတယ်။

 ဌာနပိုင် ကားများကိုလည်း ဦးဝင်းမြင့်၏ သမီး ကျောင်းအကြို အပို့ နှင့် သူ၏ ဇနီးဖြစ်သူ ဈေးဝယ် ထွက်ရန်၊ အိမ်ခြံမြေအရောင်းအ၀ယ် ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနေခြင်းမှာ လည်း ထောက်ပြ စရာတွေဖြစ်နေ ပါတယ်ရှင်။

 ကျွန်မတို့ လစာ ၆၀၀၀၀ လောက်နဲ့  ချို့ချို့တဲ့တဲ့ နေထိုင်နေရတဲ့အချိန် ကျွန်မတို့အထက်လူကြီးတစ်ယောက်က နိုင်ငံတော်ပိုင်ပိုက်ဆံများနဲ့ အိမ်ပေါင်း များစွာဝယ်ယူပြီး၊

 မိန်း မ ကိစ္စ ပွေရှုပ်နေခြင်းများကို ကျွန်မတို့အသဲနာလို့တင်ပြရခြင်းဖြစ်ပါတယ်ရှင်။
ဒီစာကို အကြိမ်ကြိမ် အထောက်အထားများနှင့် တိုင်ကြားသော်လည်း ထိရောက်ခြင်းမရှိသည့်အတွက် အင်တာနက်သုံးသော အများပြည်သူများမှ ကျွန်မတို့ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်အရှုပ်တော်ပုံကို သိရှိနိုင်ရန်တင်ပြခြင်းဖြစ်ပါတယ်ရှင်။

Post by အဖြူရောင်မီဒီယာ
ဟိုးရှေးရှေးတုန်းက နေပြည်တော်မှာ ညွှန်းချုပ်တစ်ဦးဟာ လစာ နှစ်သိန်းရယုံနဲ့ ဘီလီယံနဲ့ချီပြီးချမ်းသာနေသတဲ့

ကျွန်မ အခုတင်ပြချင်တာကတော့ စက်မှု ၀န်ကြီးဌာန ယခင် စက်မှု(၁) ၀န်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်အကြောင်းလေး တင်ပြချင်ပါတယ်။
အောက်ခြေ၀န်ထမ်းတစ်ယောက်အနေနဲ့ ဘယ်လိုမှ မခံစားနိုင်တော့လို့တင်ပြရတာပါ။

ကျွန်မတို့ ရုံးဝန်ထမ်းတွေရဲ့ ဘ၀က အမြဲတမ်းမြေနိမ့်ရာလှံစိုက်ခံရပါတယ်၊ အမြဲတမ်းလိုလို လူကြီးမျက်နှာတကြည့်ကြည့်နဲ့  ကျီးလန့်စာစားပီးနေနေ ရတာပါ၊ ကျွန်မတို့တွေ အောက်ခြေ၀န်ထမ်းဘ၀နဲ့  ချို့ချို့ငဲ့ငဲ့နေထိုင်နေပီး နိုင်ငံ့တာဝန်ထမ်းဆောင်နေရတာကိုကျွန်မတင်ပြချင်တာမဟုတ်ပါဘူး။

ကျွန်မတို့နေပြည်တော်မှာ အိမ်တလတခါ ပြန်ဖို့ကို မနဲခြစ်ကုတ်ပီး စုဆောင်းနေရတဲ့ အချိန် ကျွန်မတို့အထက်လူကြီးတစ်ယောက်က သူ့လစာနဲ့မတန်လောက်အောင်ကိုချမ်းသာနေတာကို ကျွန်မတင်ပြချင်ပါတယ်။

ကျွန်မတို့အကြိမ်ကြိမ်တိုင်ဖို့ကြိုးစားခဲ့ ပေမယ့်လည်း ကျွန်မလိုဘာမှမဟုတ်တဲ့ အောက်ခြေဆင်းရဲတဲ့  ၀န်ထမ်းလေးရဲ့ တိုင်စာက သမ္မတ ရုံးမပြောပါနဲ့  ကျွန်မတို့ရဲ့ ဝန်ကြီးရုံးတောင်မရောက် လိုက်ပါဘူးဘာလို့လဲဆိုတော့ ညွှန်ကြားရေးမှူးချုပ်အခန်း မှာတင် ဖြတ်သိမ်းထားတာခံနေရလို့ပါပဲ။

ကျွန်မကိုယ်တိုင် ရုံးပေါ်အထိတက်ပီးတိုင်စာကို တစေ့တစ် စောင်းလေ့လာလိုက်တော့ ကျွန်မတို့တိုင်စာတွေကော သူများတွေတိုင်ထားတာတွေကောပါ ဖိုင်တွဲပီးသိမ်းထားတာကို ကျွန်မ၀မ်းနည်းစွာ တွေ့ လိုက်ရပါတယ်။

ကျွန်မအရမ်းအားငယ်သွားမိတယ် ။ ကျွန်မတို့ဘက်မှာ ရပ်တည်ပေးမဲ့ လူမရှိဘူး ။ ကျွန်မတို့စကားကို နားထောင်ပေးမဲ့ လူမရှိဘူး။ အခုဒီ ဆိုဒ်ကိုတင်ရင်ရတယ် ။လူကြီးတွေကအစ ဒီ ဆိုဒ်ကို ၀င်ကြည့်ကြတယ်ပြောလို့ကျွန်မတင်လိုက်တာပါရှင်။

ဒီလိုပါ ဦးဝင်းမြင့် ညွှန်ကြားရေးမှူးချုပ်ကြီး ကျွန်မတို့ စက်မှု(၁) ၀န်ကြီးဌာနရဲ့  ငွေရပေါက်ရလမ်းအများဆုံးအင်ဂျင်နီယာ ဌာနဖြစ်တဲ့ ပြင်/ ထိန်းဌာန ကို ဦးစီးခဲ့ ရပါတယ်။ အဲဒီမှာတင် သူ့ဘ၀က တဆစ်ချိုးပြောင်းလဲလာတာပါ ။

ဦးဝင်းမြင့်ဟာ ဌာနပိုင် ငွေတွေကိုအလွဲသုံးစားလုပ်ထားပီး ထိုငွေတွေနဲ့ အိမ်တွေတလုံးပြီးတလုံး ဆောက်ထားပါတယ်။ သူငွေတွေရရချင်းမှာ နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ သိန်း ၄၀၀၀ ကျော်တန်မြေကွက်နဲ့အိမ်တစ်လုံးချက်ချင်းဆောက်ခဲ့ပါတယ် ။

ပုဂံ(၁)လမ်း၊ ခြံအမှတ် ( ၃၂၁၅ ) ဖြစ်ပါတယ်။ လက်ရှိခေတ်ကာလ ပေါက်ဈေး သိန်း ၄၀၀၀ ကျော်တန်ပါတယ်၊ ဒီအိမ်ရဲ့ ဓါတ်ပုံကိုလဲပူးတွဲပီးတင်ပြပေးထားပါတယ်။

ဒါတောင် နေပြည်တော်ကအိမ်ပဲရှိပါသေးတယ်။ ရန်ကုန်မှာတင် အိမ် ၃ လုံးရှိပါသေးတယ်။ အသေးစိတ်ကိုလည်းနောက်ထပ်တင်ပြပေးပါဦးမယ်။
DG တယောက်ရဲ့တရားဝင်လစာက ၂၀၀၀၀၀/-ဖြစ်ပါတယ်။

(၁)နှစ်မှ (၂၄)သိန်းပဲ ရှိတယ်။ စားသောက်စရိတ်(၄)သိန်းနုတ်ရင် သိန်း(၂၀)အသားတင်ကျန်ပါတယ်။ ဒါဆို ဘယ်လိုလုပ်ဒီလိုသိန်း ၄၀၀၀ ကျော်တန်အိမ်ကို ဆောက်နိုင်ပါသလဲရှင်။ စဉ်းစားကြည့်ပေးပါ။

သူ့ပါးစပ်ကနေ clean government, good governance ဆိုပီး တဖွဖွပြောနေပေမယ့်လည်း သူကိုယ်တိုင်လဲမကင်းနိုင်ပါဘူး။
ကျွန်မတို့လို လူတွေကိုအမြဲဆူနေ၊ဆဲနေ၊ မာန်နေ၊ မဲနေပေမယ့် သူ့ ရဲ့အထူးအခွင့်အရေးကိုခံနေရတဲ့ အမျိုးသမီးငယ်တစ်ဦးလည်းဌာနမှာ ရှိပါတယ်။

ထိုအမျိုးသမီးကို လည်းဖုန်းနဲ့ မြေကွက်တစ်ကွက်ဝယ်ပေးထားပါတယ်။ ထိုအမျိုးးသမီးရှေ့ မှာ ဦးဝင်းမြင့် မကောင်းကြောင်းပြောမိလို့ ထိုအမျိုးသမီးရဲ့  ထီးနှင့်ရိုက်တာကိုလည်း ကျွန်မတို့ မျက်စိရှေ့ မှာတင် မြင်ခဲ့ဖူးပါတယ်။

အမျိုးသမီးချင်း ကိုယ်ချင်းစာနာသဖြင့် အမည်နာမကို ထုတ်ဖော်မပြောတာပါ။
ထို့ပြင် ဌာနပိုင်ဖုန်းကိုလည်း သမီးဖြစ်သူကိုပေးကိုင်ထားပါတယ်။ ၀န်ကြီးဌာန အကျိုးစီးပွားအတွက် ဆက်သွယ်ရေးလွယ်ကူစေရန် ပေးထားသော ဖုန်းကို သမီးဖြစ်သူအားပေးကိုင်ထားသည်မှာလည်းအမြင်မသင့်တော်စရာဖြစ်ရပါတယ်။

ဌာနပိုင် ကားများကိုလည်း ဦးဝင်းမြင့်၏ သမီး ကျောင်းအကြို အပို့ နှင့် သူ၏ ဇနီးဖြစ်သူ ဈေးဝယ် ထွက်ရန်၊ အိမ်ခြံမြေအရောင်းအ၀ယ် ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနေခြင်းမှာ လည်း ထောက်ပြ စရာတွေဖြစ်နေ ပါတယ်ရှင်။

ကျွန်မတို့ လစာ ၆၀၀၀၀ လောက်နဲ့  ချို့ချို့တဲ့တဲ့ နေထိုင်နေရတဲ့အချိန် ကျွန်မတို့အထက်လူကြီးတစ်ယောက်က နိုင်ငံတော်ပိုင်ပိုက်ဆံများနဲ့ အိမ်ပေါင်း များစွာဝယ်ယူပြီး၊

မိန်း မ ကိစ္စ ပွေရှုပ်နေခြင်းများကို ကျွန်မတို့အသဲနာလို့တင်ပြရခြင်းဖြစ်ပါတယ်ရှင်။
ဒီစာကို အကြိမ်ကြိမ် အထောက်အထားများနှင့် တိုင်ကြားသော်လည်း ထိရောက်ခြင်းမရှိသည့်အတွက် အင်တာနက်သုံးသော အများပြည်သူများမှ ကျွန်မတို့ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်အရှုပ်တော်ပုံကို သိရှိနိုင်ရန်တင်ပြခြင်းဖြစ်ပါတယ်ရှင်။

Post by အဖြူရောင်မီဒီယာ


--

Thursday, December 20, 2012

ညှို့မဂ္ဂဇင်းတွင် ခွင့်မတောင်းဘဲ ရေးသားခဲ့သော ဆောင်းပါးနှင့် ပုံများအတွက် နန်းခင်ဇေယျာ ကန့်ကွက်


From : popular




လိင်ပညာပေးမဂ္ဂဇင်းဟူသော ခေါင်းစဉ်ဖြင့် ပြည်တွင်း၌ပထမဆုံးထွက်ရှိလာသော ညှို့မဂ္ဂဇင်းအပေါ် ဝေဖန်မှုများနှင့် ကန့်ကွက်မှုများစွာ ထွက်ပေါ်နေသည့်အချိန်အတွင်း

နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွင် အင်တာနက်မယ်နှင့် ပရိတ်သတ်အားပေးမှုအများဆုံး ဆုရရှိခဲ့သည့် နန်းခင်ဇေယျာကလည်း သူမ၏ ပုံများအသုံးပြုမှုအတွက် ကန့်ကွက်သတိပေးလိုက်ပြီဖြစ်သည်။

အဆိုပါကန့်ကွက်မှုကို သူမ၏ဖေ့ဘွတ်၌ ဖော်ပြထားပြီး ညှို့မဂ္ဂဇင်း အမှတ်(၁) ၊ အတွဲ(၁) တွင် ရိုက်ထောင့်နှင့်ရိုက်ချက်၊ မြင်ထောင့်နှင့်မြင်ချက်
ဟူသော ကဏ္ဍ၌နန်းခင်ဇေယျာ၏ အကြောင်းကို ရေးသားထားခြင်းဖြစ်ပြီး သူမအနေဖြင့်မူ အဆိုပါဆောင်းပါးတွင် ဆောင်းပါးရှင်
်(ဇော်မင်းဝင်း-ဥပဒေ) ညွှန်းဆိုထားသော ဆောင်းပါး၏ ဆိုလိုရင်းရည်ရွယ်ချက်မှာ နိုင်ငံတကာပြိုင်ပွဲများတွင်ကြိုးစားယှဉ်ပြိုင်ခဲ့သော ညီမ၏
လုပ်ရပ်အပေါ်တွင် ချီးကျူးညွှန်းဆိုထားခြင်းဖြစ်ပြီး ဆောင်းပါးရှင်(ဇော်မင်းဝင်း-ဥပဒေ)၏ ဤကဲ့သို့ အသိအမှတ်ပြု ရေးသားဖော်ပြမှုအတွက်လည်း
ဂုဏ်ယူဝမ်းမြောက်မိကြောင်းဖော်ပြထားသည်။
သို့သော် ညီမ(နန်းခင်ဇေယျာ)သည် ပရိသတ်၊ ပြည်သူများနှင့် အနုပညာရှင်တို့အား အဓိကပေါင်းကူးဆက်သွယ်ပေးနေသော
ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာများနှင့် အွန်လိုင်းမီဒီယာများအားလုံးကို အစဉ်အမြဲလေးစားတန်ဖိုးထားပြီး လိုအပ်သလို ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းများကို
အခွင့်သင့်သလို ပြုလုပ်ပေးလျက်ရှိပါသည်။ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင် အစရှိသော မည်သည့်ပုံနှိပ်မီဒီယာများကိုမှ ညီမ၏သတင်းလှုပ်ရှားမှုများ၊
ဆောင်းပါးများနှင့် အခြားဖော်ပြမှုများအတွက် ကန့်သတ်ထားခြင်း၊ တစ်စုံတစ်ရာတောင်းဆိုထားခြင်းများ လုံးဝမရှိပါ။

သို့ပါသော်လည်း ယခုထွက်ရှိလာသော ညှို့မဂ္ဂဇင်းသည် မြန်မာပရိသတ်အချို့၏အမြင်တွင် သာမန်ထက်ပိုမိုထူးခြားနေခြင်း၊
ပထမဆုံးအကြိမ်ဖြန့်ချီထုတ်ဝေသော စာအုပ်အမျိုးအစားဖြစ်နေခြင်းနှင့် လက်ရှိထုတ်ဝေဖြန့်ချီလျက်ရှိသော အခြားပုံနှိပ်မီဒီယာများနှင့်
အမျိုးအစားကွဲပြားနေခြင်းတို့ကြောင့် အသုံးပြုမည့်ဆောင်းပါးနှင့် ဖော်ပြလိုသည့်ဓါတ်ပုံများအတွက် ကာယကံရှင်(အနုပညာရှင်)အား
ကြိုတင်အသိပေးသင့်သည်ဟု ယုံကြည်ယူဆပါသည်။ ထိုသို့ကြိုတင်အသိပေးထားခြင်း မရှိသည့်အတွက်လည်း ညီမ၏ပရိသတ်များနှင့်
ထပ်တူ အံ့သြ၀မ်းနည်းမိပါသည်။

ညီမအနေဖြင့်ပရိသတ်၊ ပြည်သူတို့၏အားပေးမှုဖြင့်ရရှိလာသောအောင်မြင်မှုနှင့် ရပ်တည်နေရသော အနုပညာရှင်တစ်ဦးအနေဖြင့်သာမက
Miss Myanmar တစ်ဦးအနေဖြင့်ပါ ကြိုးစားရပ်တည်နေဆဲဖြစ်ပါသည်။ ထို့ကြောင့် ပရိသတ်နှင့် ပြည်သူများ၏အထင်လွဲမှားမှုများဖြစ်ပွားနိုင်သော
အကြောင်းအရာတစ်ခုဖြစ်လာနိုင်သည့် ညီမ၏ဓါတ်ပုံများကို ကြိုတင်အသိပေးခြင်းမပြုလုပ်ဘဲ ညှို့မဂ္ဂဇင်းတွင် အသုံးပြုဖော်ပြခြင်းအတွက်
ဆောင်းပါးရှင် အပါအ၀င် ညှို့မဂ္ဂဇင်းမှတာဝန်ရှိသူများကို လေးစားစွာအသိပေး အကြောင်းကြားကန့်ကွက် သွားမည်ဖြစ်ကြောင်း
ကြိုတင်အသိပေးကြေငြာအပ်ပါသည်ဟု ရေးသားထားခြင်းဖြစ်သည်။
အဆိုပါမဂ္ဂဇင်းတွင် ယင်းသို့ ဖော်ပြပါရှိခဲ့သည့်အတွက် သူမ ပရိသတ်များ၏ ဝေဖန်ကန့်ကွက်မှုများစွာ ကြုံတွေရကြောင်းလည်း နန်းခင်ဇေယျာက
ရေးသားထားခဲ့သည်။

၂၀၁၂-၂၀၁၃ အတွက် ကမ္ဘာ့ထိပ်တန်းဝင် ဈေးအကြီးဆုံးကားများ...


SSC Ultimate Aero $654,400
 
Pagani Zonda C12 F $667,321
Ferrari Enzo $670,000
McLaren F1 $970,000
Hennessey Venom GT Spyder $1,100,000
Zenvo ST1 $1,225,000
Maybach Landaulet $1,380,000
Koenigsegg Agera R $1,600,000
Lamborghini Reventon $1,600,000
Pagani Zonda Cinque Roadster $1,850,000
Aston Martin One-77 $1,850,000
Bugatti Veyron Super Sports $2,400,000
funofart/izismile/internet

ကဲ......လာပြီနော်..ဗေဒင်ဟောစာတမ်း(အပျင်းလည်းပြေဘို့ ) ဟာသ


 
“နွေ” ကာလရောက်လာချိန်တွင် “တနင်္ဂနွေ” သားသမီးများသည် မီးနားနေရသလို
ပူစပ်ပူလောင်ဖြစ်လတ္တံ့။ တနင်္ဂနွေနံနိုင်ငံဖြစ်သော အမေရိကန်တွင် တနင်္ဂနွေသား
အိုဘားမားသမ္မတဖြစ်လာသော်လည်း အကျယ်ချုပ်ကျခံနေရသော တနင်္ဂနွေနံ နာမည်ရှိ
အမျိုးသမီးသည် အိမ်ထဲတွင်ပင် ဆက်နေရဦးအံ့။ နံတူအကျိုးပေးလုပ်ငန်းများကို
ထင်ရှားစွာတွေ့မြင်နေရသဖြင့် အိမ်သာကျင်းတူးခြင်း၊ အုတ်ဂူဆောက်ခြင်းတို့ကို
အင်တာပရိုက်စ်တည်ထောင်လုပ်ကိုင်
သင့်သည်။ ကျန်းမာရေးတွင် အော်ဟစ်ညည်းညူရမည့်
ရောဂါကြီးများကို အောင်မြင်စွာလက်ခံနိုင်သည့် အခြေအနေများရှိနေသည်။
အချစ်ရေးတွင် အထာကျသည့် ချစ်သူလေးများရခါနီးကာမှ အူကြောင်ကြားများနှင့်
အကြောင်းပါသွားသဖြင့် အုတ်အော်သောင်းနင်း ဖြစ်တတ်သည်။ ယတြာချေလိုသူများအနေဖြင့်
အသုဘတစ်ခုသို့သွားပြီး အလောင်းနှင့်အတူ ၂ ရက်ခန့် ယှဉ်အိပ်နေပါ။

“ကျားဆိုမှကျား” တနင်္လာသားသမီးများသည် ယခုလအတွင်း ကြောင်တောင်တောင်နိုင်ခြင်း၊
ကျပ်မပြည့်ခြင်းတို့ကြောင့် ကျက်သရေမရှိဖြစ်တတ်သည်။ ခြေထောက်၊ ခါး၊ ခေါင်းစသည့်
တနင်္လာနံအင်္ဂါအစိတ်အပိုင်းများ ခွဲစိတ်ခံရကိန်းရှိသည်။ ကိုယ်ပိုင်အရည်အချင်းဖြင့်
ဘာအလုပ်မှ မရနိုင်သဖြင့် ဘာမှ မလုပ်ပါနှင့်။ ချစ်သူနှင့် ချိန်းတွေ့စဉ်
ချောင်းရိုက်ခံရတတ်သဖြင့် သတိပြုပါ။ ချက်တင်း (Chatting) ဝင်သူများ
ချူစားခံရလတ္တံ့။ ပညာရေးတွင် ကျောင်းထုတ်ခံရခြင်း၊ စာမေးပွဲကို
ခွေးကျကျခြင်းများဖြစ်တတ်သဖြင့် ဖြစ်နိုင်လျှင် ကျောင်းမသွားပါနှင့်။
ဂေါ်လီရိုက်ခြင်း၊ ဂက်စ်မီးခြစ်ဂက်စ်ထည့်ခြင်း၊ ကူလီထမ်းခြင်းများကို ယခုလအတွင်း
တနင်္လာသားသမီးများအတွက် ဝင်ငွေကောင်းသော လုပ်ငန်းများအဖြစ် မြင်နေရသည်။
အဆိုးများပျောက်ကင်းစေမည့် ယတြာမှာ (အင်လျားကန်ကဲ့သို့သော) ကန်ဘောင်တစ်ခုသို့
အဝတ်အစားလုံးဝမဝတ်ဘဲ သွားကာ “ကံတွေ ဟောဒီလို လွတ်လွတ်ကျွတ်ကျွတ် တက်လာပြီ” ဟု
သက်စေ့ကြွေးကြော်ပါ။

 ယခုလအတွက် အကောင်းဆုံး ဇာတာရှင်များမှာ အင်္ဂါသားသမီးများပင်ဖြစ်သည်။ မကြာခဏ
အလှူအဖိတ်ခံရခြင်း၊ လိုင်းကားပေါ်တွင် ထိုင်စရာရတတ်ခြင်းတို့ကြောင့်
အနေအစားချောင်နေနိုင်သည်။ စုတ်ပြတ်နေသည့်တိုင်အောင် “ဆရာကြီး” ဟု
အထင်ခံရနိုင်သည်။ ဆွဲကြိုးချသတ်သေသည့်တိုင် ဇက်မကျိုးဘဲ လှလှပပ
အသက်ထွက်သွားမည့် အင်္ဂါသားသမီးများဖြစ်သည်။ စစ်သားများ ဆီးသွားရာတွင်
ဇယားကပ်နိုင်သည်။ စီးပွားရေး ကောင်းနေစဉ် ညရေးညတာ သွားလာရေးအဆင်ပြေစေရန်
ဆင်တစ်ကောင် ဝယ်ထားသင့်သည်။ ကျန်းမာရေးတွင်မူ
ဆိုးဆိုးရွားရွားကြီးမဟုတ်သော်လည်း ဆေးများ ဆက်တိုက်ဆိုသလို သောက်နေရတတ်သည်။
နှလုံးသားရေးရာတွင် စိတ်ဖောက်ပြန်နေသူများ၊ ဇိမ်မယ်များ၊ ဇီဇာကြောင်သူများ၊
ညစောင့်များနှင့် စွဲစွဲမြဲမြဲချစ်သွားဖွယ်ရှိနေသည်။ ယတြာအနေဖြင့်
ဇော်ဂျီအဝတ်အစားများဝတ်ပြီး ဈေးဝယ်ထွက်ပါ။

ကံဇာတာမှေးမှိန်နေခြင်း မဟုတ်သည့်တိုင် တောက်ပနေခြင်းမျိုးလည်း
မဟုတ်သဖြင့် ဗုဒ္ဓဟူသားသမီးများ အလယ်တွင် လတ်နေတတ်သည်။ ယမကာကြိုက်တတ်သူများ
ရန်များအံ့။ လေထိုးကျွတ်ဖာလုပ်ငန်း လုပ်ကိုင်နေသူများ လျှမ်းလျှမ်းတောက်
အောင်မြင်အံ့။ လောင်းကစားကြောင့် ယောက္ခမနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ ဝ သောသူများ
ဝိတ်မချနိုင်ပါက ဝက်နှင့်တူလတ္တံ့။ ပညာရေးတွင် ယောင်ချာချာဖြစ်နေသူများ
လျက်ဆားပြောင်းရောင်းသင့်သည်။ ရုပ်ဆိုးသော၊ ယုတ်မာသော၊ လော်မာသော
အိမ်ထောင်ဘက်သည် သင့်အားအကျိုးပေးလတ္တံ့။ အကန်းလည်း ပေးလတ္တံ့။ ယတြာချေလိုပါက
တစ်ခုသော ဗုဒ္ဓဟူးနေ့တွင် ရထားလာနေချိန်၌ ရထားလမ်းပေါ် ခဏလေးလှဲအိပ်ပါ။

မူယာမာယာများတတ်သောကြာသပတေသားသမီးများအတွက် ပြတ်ပြတ်သားသား
ကြိုးစားရမည့်အချိန်ပင်ဖြစ်သည်။ ပြဿဒါးကိန်းထဲရောက်သဖြင့်
ပြောင်ချော်ချော်လုပ်ခဲ့သမျှ ပြဿနာတတ်နိုင်သည်။ စီးပွားရေးတွင်
ပူဖောင်းရောင်းခြင်း၊ ဖိနပ်စောင့်ခြင်း၊ ဖဲရိုက်ခြင်းများ အမြတ်များအံ့။
ကျန်းမာရေးတွင် ပန်းနာရင်ကြပ်မှသည် ပန်းညှိုးပန်းသေ၊ မျက်စိကွယ်၊
ဖုတ်လှိုက်ဖုတ်လှိုက်နှင့် အသက်သေသည်အထိဖြစ်တတ်သဖြင့် ဘုရားတရားလုပ်ချိန်တန်ပြီဟု
ဆိုချင်သည်။ ပညာရေးတွင် ပထမရရန်ကြိုးစားခဲ့သော်လည်း အခြေအနေမပေးသဖြင့်
ပန်းရံဆရာဖြစ်သွားအံ့။ နှလုံးသားရေးတွင် ချစ်ရေးဆိုလာသူကို ပဲများပြီး
ပါးရိုက်မိပါက မိုက်မဲခြင်းသာဖြစ်ပြီး မည်သူ့ကိုမဆို
မြန်မြန်လက်ခံလိုက်သင့်သည်။ ကံကောင်းစေမည့် ယတြာမှာ ပိတ်စတစ်ခုတွင်
“ဘိန်းဖြူရောင်းသည်” ဟုရေးပြီး မ.ယ.က ရုံးသို့ ပျော်ပွဲစားထွက်ပါ။

သောကြာသားသမီးများ ကြွက်ကလေးများလို တွင်းအောင်းနေရအံ့။
အပြင်ထွက်လာသူများသည်လည်း ကြွက်ကလေးများလို ထောင်ချောက်မိကာ ထောင်ကျအံ့။
အလုပ်အကိုင် အကြံအစည်များကို သိုသိုသိပ်သိပ် ကြံစည်သည့်တိုင်အောင်
သောကများနေနိုင်သည်။ ကျန်းမာရေးတွင် သေလောက်သည့် ကံများမရှိသော်လည်း
သစ်ပင်ပိခြင်း၊ ဟီးနိုးကားအတိုက်ခံရခြင်းတို့ကြောင့်
ဆေးရုံဆေးခန်းရောက်ရန်ရှိသည်။ “သိပ်ချစ်မိနေပြီ ကလေးရယ်” ဟု ပြောလာသူရှိပါက
“ရူးချင်ယောင် ဆောင်မနေနဲ့” “ရှေ့မှာ သေခြင်းရဲ့ တံခါးများ” ဟု ပြန်ပြောရန်
ဝန်မလေးပါနှင့်။ ကံတက်စေမည့် ယတြာမှာ - တစ်ခုသော သောကြာနေ့တွင် သိက္ခာရှိ
သူတော်ကောင်းတစ်ဦးကို သဲနှင့်ပက်ပြီး “သိပ်တတ်နေတယ်ပေါ့လေ” ဟု သက်စေ့ရေရွတ်ပါ။

* *တင့်တောင့်တင့်တယ်နေချင်သော စနေသားသမီးများ “ဒုက္ခ” ဆိုသော စကားလုံးနှင့်
ရင်းနှီးပြီး တဲထိုးနေရကိန်းများရှိနေသဖြင့် သတိရှိစေချင်သည်။
နိုင်ငံရေးသမားများ ထောင်ကမလွတ်လာသေးသည့်တိုင်အောင် တရားရုံးထပ်တက်ရဖွယ်ရှိသည်။
နိဗ္ဗာန်ယာဉ်လုပ်ငန်းများ နေပြည်တော်တွင် အောင်မြင်အံ့။ ပညာရေးလိုက်စားသူများ
နိုင်ငံခြားမထွက်နိုင်ပါက ပြည်တွင်းတွင်ပဲ နေရလတ္တံ့။ နေမကောင်းသူများ
နှုတ်ဆက်ချိန်ပင်မရလိုက်ဘဲ အသက်ပါသွားအံ့။ တရားဝင်လက်ထပ်ထားသည့်သူ
ရှိနေသည့်တိုင်အောင် တောင့်တောင့်ဖြောင့်ဖြောင့် အငယ်အနှောင်း
ထပ်ရရန်ရှိနေသဖြင့် အိမ်ထောင်ဘက်ကို အလစ်မပေးသင့်ပေ။ အဆိုးများ
ပြေပျောက်သွားမည့် ယတြာမှာ နှာစေးနေသူတစ်ဦးထံမှ နှပ်ချေးနည်းနည်းတောင်းပါ။
အပျော်လေးပါ


မွန်ပြည်နယ် သထုံမြို့နယ်တွင်ကိုယ်ဝန် ၇ လ ဆောင်ထားသူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ရင်နင့်ဖွယ်ဖြစ်ရပ်


မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာရှိ အမည်မသိကွမ်းခြံတစ်ခုအတွင်းရှိ
 ရေတွင်းပျက်ထဲ၌(၄-၁၂-၂၀၁၂)တွင် လူသေအလောင်းတစ်လောင်းအားတွေ့

ရှိကြောင်း သတင်းအရ သထုံမြို့နယ်


တွဲဘက်တရားသူကြီး ဒေါ်ခင်နွယ်၊သထုံဆေးရုံမှာ ဒေါက်တာ ပြည့်ဖြိုးမောင်၊ သထုံရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ သထုံရဲစခန်းမှူး ရဲအုပ်ညွှန့်ဝင်းနှင့်အဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်ပွားရာ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာအမျိုးသမီးဖြစ်ပြီး ၄င်းနှင့်အတူ မွေးကင်းစ ကလေးငယ် အလောင်းပါတွေ့ရှိသဖြင့် 


သထုံရဲစခန်းက သေမှုသေခင်းအမှတ် ၁၆/၂၀၁၂ဖြင့်ဖွင့်လှစ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက်စုံစမ်းရာမှာ (၆-၁၂-၂၀၁၂)ရက်နေ့တွင် မှုခင်းဗဟုသုတ နည်းပါးမှုကြောင့် အလောင်းဖျောက်ဖျက်ခြင်းဖြစ်ကြောင်းပေါ်ပေါက်ပြီး အပျော်လွန်သော ကိုယ်ဝန်သည်နှင့် လိုက်ပါပို့ဆောင်သူ သူငယ်ချင်းဦးလေးတို့၏ အဖြစ်ဆန်းကိုသိခဲ့ရသည်။



    ဖြစ်စဉ်မှာ သထုံမြို့နယ် နောင်ဘိုကျေးရွာ၊ရေပြွန်ပိုင်းတွင်နေထိုင်သူ မသဇင်ဦး (၂၄)နှစ်(ကိုယ်ဝန် ၇ လ ဆောင်ထားသူ) နှင့် သူငယ်ချင်းဖြစ်သူ မသန်းထွေး(၂၄)နှစ်တို့သည် (၂၈-၁၁-၂၀၁၂-တန်ဆောင်းမုန်း လပြည့်နေ့)ည (၈း၀၀)နာရီခန့်တွင်ရွာနှင့် (၂)မိုင်ခန့်ဝေးသောဇရစ်ချောင်ကျေးရွာရှိ အလံတစ်ရာ ဘုရားပွဲသွားရန် ပြင်ဆင်နေခိုက် မသန်းထွေး၏ ဦးလေးဖြစ်သူ ဇရစ်ချောင်ကျေးရွာတွင်နေထိုင်သည့် ဘ၀င်း(ခ)ပေတံရောက်ရှိလာပြီး ၄င်းလည်းရွာပြန်ရန်ရှိသဖြင့် လမ်းကြုံလိုက်နိုင်ကြောင်းပြောသဖြင့် မသဇင်ဦးနှင့် ဘ၀င်း(ခ)ပေတံ ကျားစီးစက်ဘီးဖြင့်လည်းကောင်း၊ မသန်းထွေးက မစီးစက်ဘီးဖြင့် လည်းကောင်း၊ အသီးသီးသွားကြသည်။


ယင်းနောက် အလံတစ်ရာဘုရားသွားရာလမ်းတွင် မသန်းထွေး၏ စက်ဘီးမှာဘီးပေါက်၍ ကျန်ရစ်ခဲ့ပြီး မသဇင်ဦးနှင့် ဘ၀င်းမှာဆက်လက်ထွက်ခွာခဲ့သည်။

 နောင်ဘိုကွင်းစပ် သင်းထော်တံတားအနီးတွင် စက်ဘီး တစ်ကြိမ်တိမ်းမှောက်ရာ မသဇင်ဦးမှာ ထိခိုက်ဒါဏ်ရာရရှိမှု မရှိဘဲဆက်လက်ထွက်ခွာခဲ့သည်။

ဇရစ်ချောင်ကျေးရွာ သင်းထော်ဘုရားလမ်းကုန်းကမူနှင့် တိုက်မိပြီး၊စက်ဘီးထပ်မံလဲကျရာ မသဇင်ဦးမှာ မှောက်လျှက်အနေအထားဖြင့် ပြုတ်ကျပြီး၊ သန္ဓေသားထွက်ကျကာ သန္ဓေသားနှင့် မသဇင်ဦးမှာ နေရာတွင် သေဆုံးသွားခဲ့သဖြင့် ဘ၀င်း(ခ) ပေတံမှာ ကြောက်လန့်ပြီး သန္ဓေသားနှင့် မသဇင်ဦး၏ ဖိနပ်အားလုံချည်တွင်ထည့်ပြီး အလောင်းအားဝှက်ရန် ခြုံပုတ်အားလိုက်ရှာစဉ် အမည်မသိကွမ်းခြံအတွင်း ခြုံနွယ်များပိတ်နေသော ရေတွင်းကိုတွေ့ရ၍ ရေတွင်းထဲပစ်ချ မသဇင်ဦး(၂၄)နှစ်နှင့် သန္ဓေသားအလောင်းအား ဖျောက်ဖျက်ခဲ့ကြောင်း ပေါ်ပေါက်သဖြင့် ဘ၀င်း(ခ)ပေတံ (ဘ)ဦးချစ်ဆွေ၊ အသက်(၄၀)နှစ်၊ ပအိုဝ်း/ဗုဒ္ဓ၊ ဇရစ်ချောင်ကျေးရွာနေသူအား သထုံရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၁၆/၂၀၁၂ မှ စခန်းမှူးရဲအုပ်ညွှန့်ဝင်းက တရားလိုပြုလုပ်၍ (ပ)/၁၄၉/၂၀၁၂ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄(က)-၂၀၁ ဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့ကြောင်း သိရှိရသည်။
    


(မင်းနန္ဒကျော်)

ရွှေမြန်မာမီဒီယာဂရု

(၁၃) လမ်း၊ တန်ဆောင်တိုင်ညနှင့် မရယ်ရသော ကာတွန်း - သူရဿဝါ -



(၁)
“ရယ်စရာ မောစရာ ဆိုတဲ့ အတွက် ရယ်စရာ ပြီးသွားရင် မောစရာ ပါလာတယ်”
“တခါတလေမှာ ဟာသ ဆိုတာ တွေ့မြင်ရသူ အဖို့ ရယ်စရာ ကောင်းပေမယ့် အရယ်မော ခံရသူ အဖို့တော့ နာကျင်ဒုက္ခ ဖြစ်နေတတ်တယ်”

(၂)
ကာတွန်း တွေကို ငယ်ငယ်တုန်းကတော့ ကျွန်တော် တို့ရဲ့ ရယ်မော ပျော်ရွှင် လိုစိတ် တစ်ခု အတွက် အသုံးပြု ခဲ့ကြတယ်။ ကလေး ဘဝက ဖတ်ခဲ့ရတဲ့ တွတ်ပီ၊ မောင်မောင်ဇာ၊ ဘဲဥ၊ အရိုင်း အစရှိတဲ့ ကာတွန်း စာအုပ် တွေနဲ့ အဲဒီ အထဲက ဇာတ်ကောင် တွေဟာ ကျွန်တော်တို့ ငယ်ဘဝရဲ့ အရင်းနှီးဆုံး သူငယ်ချင်း တွေသဖွယ် ဖြစ်နေ ခဲ့တယ်။ အဲဒီ ကာတွန်း တွေဟာ ကျွန်တော်တို့ အတွက် ရယ်စရာ၊ ပျော်စရာ အတိ။ အသက် ကြီးလာတော့ ငယ်တုန်းကလို ကလေးဖတ် ကာတွန်းတွေ မဖတ်ဖြစ် တော့ပေမယ့် ကာတွန်း ဆိုတဲ့ ဝေါဟာရနဲ့ ပုံရိပ်တွေ ကတော့ ကျွန်တော်တို့ရဲ့ အဝေးကို ရောက်ရှိ သွားတာ မဟုတ် ပါဘူး။ လစဉ်ထုတ် မဂ္ဂဇင်းတွေ၊ အပတ်စဉ် ထုတ်တဲ့ ဂျာနယ်လ် တွေမှာ ပါဝင်တဲ့ ကာတွန်း တွေကို ဆက်လက် မြင်တွေ့ နေဖြစ် ခဲ့တယ်။ အဲဒီ ကာတွန်း တွေဟာ ကျွန်တော်တို့ရဲ့ ငယ်ဘဝ ကာတွန်း တွေနဲ့ သိပ်ကို ကွာခြား သွားခဲ့ပြီ။ ဒီ ကာတွန်း တွေဟာ ငယ်ငယ် ကလို ရယ်စရာ သက်သက် ကာတွန်းတွေ မဟုတ် တော့ဘူး။ ကျွန်တော်တို့ ပြည်သူတွေ မနေချင်တဲ့၊ မနေနိုင်တဲ့ အခြေအနေ တွေနဲ့ အဆင်မပြေတဲ့ ကိစ္စတွေကို မကျွတ် မလွတ် သေးတဲ့ အတားအဆီးတွေ ရှိတဲ့ ကြားကနေ ရသလောက် ထုတ်ဖော် တင်ပြ ပေးတဲ့၊ ခေတ်နဲ့ စနစ်ကို သရော်တဲ့ “တာဝန်သိ ကာတွန်း” တွေ ဖြစ်နေ ခဲ့ပြီ။

ကျွန်တော်တို့ မြင်နေ ရတဲ့ မဂ္ဂဇင်း၊ ဂျာနယ်လ် တွေပေါ်က ကာတွန်း တွေဟာ ကျွန်တော် တို့နဲ့ လိုက်လျော ညီထွေ မဖြစ်နိုင်တဲ့ ခေတ်၊ စနစ် တွေကို သရော် လှောင်ပြောင်ရင်း သူတို့ကို လေထဲ လွင့်သွားအောင် တိုက်ခတ် ပစ်လိုက်မယ့် စာပေ စိစစ်ရေး ဆိုတဲ့ ယပ်တောင်ကြီး ရှိနေတဲ့ ကြားထဲ ကတောင် အဲဒီ အန္တရာယ် တွေကို လွတ်အောင် ရှောင်ပြီး ကျွန်တော် တို့ရဲ့ စိတ်သန္တာန် အသားစိုင် တွေပေါ် ရောက်တဲ့အထိ ခိုင်ခိုင်မြဲမြဲ တွယ်ကပ်လို့ ခြင်သတ္တဝါ များလို ကျွန်တော်တို့ လက်ဖျံရိုး ထဲမှာရှိတဲ့ ခံစားမှု သွေးစက် တွေကို မရ ရအောင် စုပ်ယူ နိုင်ခဲ့ ကြတယ်။ အချို့ ကာတွန်း တွေဟာ သိပ်ကို ရယ်ရ ပါတယ်။ ဒါပေမယ့် အဲဒီ ရယ်ရတာကို ဆက်ပြီး တွေးမိရင် ရင်မော စရာတွေ အများကြီး။ တချို့ ကာတွန်း တွေဟာ ရယ်စရာ ကောင်းအောင် ရေးဆွဲ ထားပေမယ့် ရယ်စရာကို အရင် မတွေးမိဘဲ မောစရာ တွေကိုသာ အရင်ဆုံး လက်ခံ တွေ့ထိ သွားနိုင် လောက်တဲ့ အခြေအနေပါ။ ရယ်စရာ... ပြီးရင် မောစရာ လာပါသလား။ ဒါမှမဟုတ် မောစရာဟာ ရယ်စရာ တွေနဲ့ အတူတူ ရောထွေး ကပ်ငြိ ပါလာ တတ်သလား။ သေချာတာ ကတော့ ကျွန်တော့်မှာ အဲဒီ ကာတွန်းတွေ အပေါ် မမြင်နိုင်တဲ့၊ ပြောမပြ တတ်တဲ့ စွဲလမ်းတွယ်တာစိတ် တစ်မျိုး ရှိနေခဲ့တယ် ဆိုတာပါပဲ။

အခု ဒီဘက် နှစ်ပိုင်း မှာတော့ ကျွန်တော် ချစ်တဲ့ ကာတွန်း တွေဟာ ပြောင်းလဲ လာတဲ့ နိုင်ငံရေး အခြေအနေ၊ ပြောင်းလဲ လာတဲ့ အုပ်ချုပ်ရေး စနစ် တစ်ခုနဲ့ အတူ အရင်ကထက် စာရင် အတိုင်းအတာ တစ်ခုအထိ လွတ်လပ် ပွင့်လင်းပြီး အားအင် ပြည့်ဝတဲ့ တောင်ပံခတ်သံ တွေနဲ့ ပျံသန်း လာကြတဲ့ “ပြည်သူ့အသံ စစ်စစ်” တွေ ဖြစ်လာ နေခဲ့ ပါပြီ။ မဂ္ဂဇင်း၊ ဂျာနယ်လ် တွေပေါ် ရောက်ရှိ နေတဲ့ ကာတွန်း တွေဟာ ရှိရင်းစွဲ အနုပညာ အဆင့်အတန်း အောက်ကို နိမ့်ကျ မသွားတဲ့ အပြင် ပုံနှိပ် စာမျက်နှာ တွေရဲ့ ပြင်ပကို ရဲရဲဝံ့ဝံ့ တိုးထွက် လာကြတယ်။ တန်ဆောင်တိုင်လို ရာသီ အချိန်အခါ မျိုးမှာ ကျွန်တော်တို့ ငယ်စဉ်က တခုတ်တရ ဖြစ်ခဲ့ကြတဲ့ ဦးဘဂျမ်း ကာတွန်း ပြပွဲလို ကြီးကျယ် မြိုင်ဆိုင်တဲ့ ကာတွန်း ပြပွဲတွေ ပြန်လည် အသက်ဝင် လာခြင်းနဲ့ အတူ အခြားသော နေရာဒေသ အချို့မှာလည်း အဲဒီလို တန်ဆောင်တိုင် မီးထွန်း ကာတွန်း ပြပွဲတွေ ပြုလုပ် လာကြတာကို ဝမ်းသာစရာ တွေ့ရတယ်။ ဒါ့အပြင် အခု ကျွန်တော်တို့ စွဲစွဲလမ်းလမ်း အသုံးပြု နေကြတဲ့ လူမှု ကွန်ယက် ဝက်ဘ်ဆိုက် တစ်ခု ဖြစ်တဲ့ Facebook လို နေရာမျိုး မှာလည်း တဖြည်းဖြည်းနဲ့ ကာတွန်း ဆရာ တွေရဲ့ Personal Account တွေကို မြင်တွေ့ လာရပြီ ဖြစ်သလို သူတို့ရဲ့ ထိမိရှတတဲ့ ကာတွန်း လက်ရာ တွေကိုလည်း သူတို့ ကိုယ်တိုင်ရဲ့ တခုတ်တရ တင်ဆက် ပေးမှုနဲ့ Facebook ထဲမှာတင် မြင်တွေ့ ဖတ်ရှုခွင့် ရလာ ခဲ့ပြီ ဖြစ်ပါတယ်။

ဖန်ကြိုးမျှင် ဆက်သွယ်ရေး ဧရိယာ ဖြစ်တဲ့ အွန်လိုင်း စာမျက်နှာပြင်တွေ ပေါ်မှာတော့ ကာတွန်း တွေဟာ တကယ်ကို အသက်ဝင် လှုပ်ခတ် လာနေ ကြပါပြီ။ နိုင်ငံရေး စီးပွားရေး၊ လူမှုရေး အခြေအနေ တစ်ခု လှုပ်ခတ်ရုန်းကန် လာတိုင်း၊ စိတ်ကသာ ခံစားတတ်ပြီး နားလည်အောင် ပြန်မပြောပြ တတ်တဲ့ ပြည်သူလူထု ကိုယ်စား ကာတွန်း ဆရာ တွေဟာ ကလောင်တံနဲ့ စာရွက် ကနေ ကွန်ပျူတာသုံး နည်းစနစ် တစ်ခု ဖြစ်တဲ့ Scan ဖတ်ပြီးသား Image တစ်ခု ဖြစ်လာတဲ့ အထိ အဆင့်ဆင့် ဖြတ်သန်းပြီး အင်တာနက် စာမျက်နှာ တွေပေါ်ကို အမြန်ဆုံး လွှင့်တင် ပေးလိုက် ကြဖို့ ဘယ်တုန်းကမှ ဝန်လေး မနေ ခဲ့ကြပါဘူး။ အင်တာနက် စာမျက်နှာ တွေပေါ်က ထိမိပြောင်မြောက်တဲ့ ကာတွန်းကွက် ကလေး တွေဟာ အနုပညာ လှံသွားနဲ့ ရန်သူကို တွန်းထိုး တိုက်ခိုက်ဖို့၊ အနုပညာ လွှာဒိုင်းနဲ့ ရန်သူကို ခုခံကာကွယ်ဖို့ ကြိုးစားရင်း အနုပညာ စွမ်းအားနဲ့ ပြည်သူတွေ အပေါ် တာဝန်ကျေ ခဲ့ကြတယ်။ အရေး အကြောင်း တစ်ခုခု ကြုံတိုင်း အွန်လိုင်းပေါ် အချိန်ကိုက် ရောက်လာတဲ့ ကာတွန်း တွေနဲ့ ပရိသတ်ဟာ အချိုးညီ သဘောမျှ နေတဲ့ အတွက် ခေတ်၊ စနစ် အခြေအနေကို ထိထိမိမိ သရော် လှောင်ပြောင် ထားတဲ့ ကာတွန်း ပုံရိပ်များရဲ့ Facebook စာမျက်နှာ တွေဟာ မှတ်ချက် အထွေထွေ၊ ဝေမျှမှု အလီလီနဲ့ စည်ကား သက်ဝင် နေတာမို့ နောက်ဆို Facebook လူမှုကွန်ယက် ဝက်ဘ်ဆိုက် ပေါ်မှာ ကာတွန်း ယဉ်ကျေးမှု လှိုင်းလုံးကြီး တစ်ခု အရှိန် အဟုန်နဲ့ ဖြတ်သန်း ဖြစ်ထွန်း လာနိုင်တယ် လို့တောင် ကျွန်တော်က တွေးတော ယူဆ နေမိပါတယ်။

(၃)
ကာတွန်း တွေအပေါ် သာမာန်ထက် ပိုတဲ့ ခံစားချက် ရှိနေတဲ့ ကျွန်တော်ဟာ ပြီးခဲ့တဲ့ တန်ဆောင်တိုင် မီးထွန်း ပွဲတော် ကာလတုန်းက ရန်ကုန် မြို့လယ်ခေါင် (၁၃)လမ်းမှာ “ဦးဘဂျမ်း ကာတွန်း ပြပွဲ” ရှိတယ်လို့ ကြားရတော့ မပျက်မကွက် ရောက်သွား ခဲ့တယ်။ ဒီနှစ်ဟာ မနှစ်ကထက် ပိုမို ပြောင်မြောက်တဲ့ ကာတွန်း ပြပွဲ တစ်ခု ဖြစ်မှာပဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားခဲ့တဲ့ ကျွန်တော့် အတွက်တော့ တကယ်ပဲ စိတ်ကျေနပ် စရာ ဖြစ်ခဲ့ ပါတယ်။ မနှစ်က ပြပွဲထက် ပိုပြီး ကာတွန်း ဆရာတွေ စုံလာ သလို မမြင်ရတာ ကြာပြီ ဖြစ်တဲ့ (ကျွန်တော် နှစ်သက် သဘောကျတဲ့) ကာတွန်းဆရာ အချို့ရဲ့ လက်ရာ တွေကိုပါ ပြန်လည် ထိတွေ့ခွင့် ရခဲ့လို့ပါ။ လူစုံ တက်စုံ ကာတွန်းပြပွဲ တစ်ခု ဖြစ်ရုံတင် မကပါဘူး။ လက်ရှိ ဖြစ်နေတဲ့ နိုင်ငံတွင်း အခြေအနေတွေ အားလုံးကို ဘက်ပေါင်းစုံ ကနေ ထိထိမိမိ ထင်ဟပ်တဲ့၊ လူ့သဘောကို ရိုက်ခတ်တဲ့ သရော် ရေးဆွဲမှု တွေကိုပါ မြင်တွေ့ခွင့် ရခဲ့ပြန် ပါတယ်။ ကျွန်တော်တို့ ရုတ်တရက် မတွေး ထားမိတဲ့ ရှုထောင့် အမြင်တွေ၊ သပ်ရပ် ထိမိတဲ့ အလိမ် အလှည့် ကလေးတွေ ပါဝင်တဲ့ စကားလုံး ကစားမှုတွေကို ပျော့ပျောင်းပြီး ချစ်စရာ ကောင်းတဲ့ ကာတွန်းရုပ် ကလေးတွေနဲ့ တွဲစပ် ပေးလိုက်တဲ့ အခါမှာ သိပ်ကို ကျစ်လျစ် မာကျောပြီး တိကျထိရှတဲ့ သရော်မှုတွေ၊ စုတ်ချက်တွေ ထွက်ပေါ် လာတာ ပါပဲ။ အဲဒီ ကာတွန်းတွေ တစ်ခုချင်းကို သဘောကျ နှစ်သက်မှုနဲ့ ရယ်မော ဖတ်ရှု နေခဲ့မိတဲ့ ကျွန်တော် ဟာ တစ်နေရာ အရောက်မှာတော့ (ကျွန်တော့် အတွက်) သိပ်ကို စွဲငင်ညှို့ယူမှု ကောင်းတဲ့ ကာတွန်း တစ်ကွက်ကို သွားတွေ့ မိတယ်။

(၄)
“ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံ ဝင့်လို့ချီ၊ နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့ စာသင်ကျောင်း” တဲ့။
ကလေး ငယ်လေး သုံးယောက် အပြစ် ကင်းစင်စွာ၊ စိုးရိမ် ကြောင့်ကြ မဲ့စွာ စာကျက် နေကြပုံပါ။ သူတို့ ထိုင်နေကြတဲ့ နေရာ ပတ်ဝန်းကျင်နဲ့ သိပ် အလှမ်း မဝေးတဲ့ နေရာမှာ မီးခိုး ရနံ့တွေ၊ မီးခိုး ငွေ့တွေ ဝေ…လို့။ သူတို့ရဲ့ ခေါင်းပေါ်ကနေ ဒုံး၊ ကျည်ဆန် လက်နက်တွေ လူးလာ ခေါက်တုံ့ ဖြတ်သန်းလို့။ သူတို့ အနားမှာ အသက် အန္တရာယ် သတိပေး ဆိုင်းဘုတ်နဲ့ မြေပြင်ပေါ် ပြန့်ကျဲ နေတဲ့ ဗုံးဆံတွေ၊ အမြောက် ကျည်ခွံတွေ။ သူတို့ စာဆို နေတဲ့ အနားကို လောလော လတ်လတ် ကျလာတဲ့ လက်ပစ်ဗုံး တစ်လုံး။ အဲဒါဟာ တစ်ကွက် ကာတွန်းလေး တစ်ခု ဖြစ်နေတာ ကျွန်တော့် အတွက်ရော၊ ကာတွန်း ထဲက ကလေးငယ်တွေ အတွက်ရော သိပ်ကို ကံကောင်း ပါတယ်။ ဇာတ်လမ်း တစ်ခုထဲမှာ ပါတဲ့ ကာတွန်း တစ်ကွက်သာ ဆိုရင် အဲဒီကနေ ရှေ့ဆက် ရေးဆွဲရမယ့် ကာတွန်းကွက်ဟာ ဘယ်လို ဖြစ်သွား လေမလဲ…။ ကာတွန်းမှန်း သိနေလျက် နဲ့တောင်၊ စိတ်ကူးလေး နဲ့ပဲ ဖြစ်ဖြစ် ကျွန်တော် ဆက်ပြီး မတွေးရဲ ပါဘူး။ ဒီကာတွန်းမှာ ကျွန်တော် မြင်ခဲ့ရတဲ့ အခြေအနေ နောက်ခံ အကြောင်းအရာကို ဖတ်ကြည့်မိရင် “ဒါ .. ဘယ်နေရာ မှာလဲ၊ ဘာဖြစ် နေတာလဲ၊ ဘာကို ဆိုလို ချင်သလဲ” ဆိုတာကို စာဖတ်သူများ သဘောပေါက် ကြမှာပါ။


ကျွန်တော့် ရင်တွေ တဆတ်ဆတ် ခုန်လာတယ်။ အဲဒီ ကာတွန်းဟာ ကျွန်တော့်ရဲ့ မျက်လုံး တွေကနေ တဆင့် ကျွန်တော့် နှလုံးသား ထဲကို ခုန်ပေါက် ဝင်ရောက် သွားတယ်။ အဲဒီ ကာတွန်း လေးကို ကြည့်အပြီးမှာ ကျွန်တော် သိပ်ကို ငြိမ်သက် သွားခဲ့ ပါတယ်။ စာသားလေး အနည်းငယ်သာ ပါဝင်တဲ့ ကာတွန်းကွက် သေးသေး လေးကို ကျွန်တော် အကြာကြီး ရပ်ကြည့် နေမိတယ်။ ဒါပေမယ့် ကျွန်တော့် မျက်လုံး ထဲမှာ အဲဒီ ကာတွန်းကို မြင်မနေ တော့ပါဘူး။ ဒါ့အပြင် ရှေ့မှာ ကြည့်ခဲ့ ရတဲ့ ထိမိပြီး ရယ်ရတဲ့ ကာတွန်း တွေကိုလည်း ဘယ်လိုမှ သတိမရ နိုင်တော့ပါဘူး။ ကျွန်တော့် အတွေး ပေါင်းစုံဟာ ကျွန်တော့် မျက်လုံး ကနေ တဆင့် အဲဒီ ကာတွန်း စာမျက်နှာပေါ် ခုန်ပေါက် ရောက်ရှိပြီး လျှောက်သွား နေခဲ့တယ်။ မဖြစ်နိုင်မှန်း သိလျက်နဲ့ အဲဒီ ကာတွန်း ထဲက ကလေးငယ် တွေရဲ့ လွတ်ရာ လွတ်ကြောင်း၊ သူတို့ရဲ့ အနာဂတ် နဲ့ သူတို့ ဘဝအတွက် ရှေ့ဆက်မယ့် ကံကြမ္မာ မျှော်လင့်ချက် တွေကို တွေးတော နေခဲ့ မိတယ်။ အဲဒီ ကာတွန်းလေး ရှေ့မှာ ကျွန်တော်ဟာ အသက်မရှိ တော့သူ တစ်ဦးလို ငြိမ်သက်မျောပါပြီး အကြာကြီး ရပ်တန့် နေခဲ့တယ်။ သေချာတာက ကျွန်တော် သိပ်ကို ဝမ်းနည်း နေခဲ့ပါတယ်။ အရမ်း ရယ်ရတဲ့ ကာတွန်းတွေ ကြားထဲမှာ အရမ်းကို ဝမ်းနည်းစရာ ကောင်းတဲ့ ကာတွန်းငယ် တစ်ကွက်ဟာ တကယ်ပဲ အထီးကျန် ဆန်ပြီး ကူရာကယ်ရာ မဲ့နေတယ်လို့ ကျွန်တော် ခံစား နေရပါတယ်။

(၅)
“ရယ်စရာ မောစရာ ဆိုတဲ့ အတွက် ရယ်စရာ ပြီးသွားရင် မောစရာ လာပါတယ်” တဲ့။
“တခါတလေမှာ ဟာသ ဆိုတာ တွေ့မြင်ရသူ အဖို့ ရယ်စရာ ကောင်းပေမယ့် အရယ်မော ခံရသူ အဖို့တော့ နာကျင်ဒုက္ခ ဖြစ်နေတတ်တယ်” တဲ့။
ကျွန်တော် ကြားခဲ့ ဖတ်ခဲ့ ဖူးတဲ့ အဆို နှစ်ခုဟာ ကျွန်တော့် မျက်စိ ရှေ့မှာ ရှိနေတဲ့ ကာတွန်းကွက် ကလေးနဲ့ တကယ်ကို အံဝင်ခွင်ကျ တိုက်ဆိုင် နေရုံမက အဲဒီထက် ပိုမိုတဲ့၊ ခက်ခဲတဲ့ အဓိပ္ပါယ်နဲ့ အခြေအနေမှာ ရောက်ရှိ နေခဲ့တယ်။ အဲဒီ ကာတွန်းလေးဟာ ရယ်စရာ ကောင်းပါသလား။ ဒါမှမဟုတ်.. ရယ်ရပြီးနောက် မောရမယ့် အခြေအနေလား။ ဒါမှ မဟုတ် သေးရင် ရယ်စရာနဲ့ တွဲခို ပါလာတဲ့ မောစရာ ကိစ္စလား။ အဲဒီ ကာတွန်းကို ကြည့်ပြီး သူတို့ရဲ့ နာကျင်မှုနဲ့ ခက်ခဲမှုဟာ တွေ့မြင် ရတဲ့ ကျွန်တော်တို့ အတွက် ရယ်စရာ ကောင်းနေ ပါသလား။ ဟင့်အင်း … တစ်ခုမှ မဟုတ်ပါဘူး။ ဒီကာတွန်းဟာ လုံးဝ မရယ်ရတဲ့ ကာတွန်းပါ။ ရယ်စရာ လုံးဝ မပါဘဲ (ရင်)မောစရာ သက်သက်နဲ့ တည်ဆောက် ရေးဆွဲ ထားတဲ့ ကာတွန်းပါ။ သူတို့ရဲ့ နာကျင်ခက်ခဲ မှုဟာ သူတို့နဲ့ ထပ်တူ ထပ်မျှ ကျွန်တော်တို့ ရင်ထဲကို သံရည်ပူ တွေလို စီးဝင် သွားခဲ့ တာပါ။

ဒီကာတွန်းကို ရေးဆွဲသူက ကာတွန်းဒီရေ ပါတဲ့။ ဆရာ ဟာလည်း ဒီကာတွန်းကို ခက်ခက်ခဲခဲ ဝမ်းပမ်းတနည်း ရေးဆွဲ ခဲ့ပုံပါ။ ဒီကာတွန်းကို ရယ်စရာ အဖြစ်အပျက် တစ်ခုလို သဘော ထားခဲ့တာ ဟုတ်ပုံ မရသလို ဖတ်သူတွေ ရယ်ရပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးဆွဲ ခဲ့တာလည်း မဟုတ်နိုင် ပါဘူး။ ဆရာ ဒီရေဟာ သူ့ရဲ့ ရင်ထဲမှာ ရှိနေတဲ့ နာကျင်ခံစားမှု တစိတ် တပိုင်းကို လှစ်ဟ ဖော်ထုတ်ပြီး ကာတွန်း ဖတ်သူ ပရိသတ်နဲ့ မျှဝေ ခံစားချင်တဲ့ သဘောနဲ့ စာရွက်ပေါ် ရေးဆွဲ လိုက်တာ ဖြစ်မှာပဲလို့ ကျွန်တော် တထစ်ချ ယုံကြည်ပါတယ်။ အဲဒီ ယုံကြည်မှုကို ကျွန်တော်ပါ မျှဝေ ခံစား ရရှိတဲ့ အတွက်လည်း ဆရာဒီရေကို ကျေးဇူး တင်သလို သူ့အတွက် လေးစား ဂုဏ်ယူတဲ့ ဘဝင်စိတ်လည်း ဖြစ်မိပါတယ်။ ဆရာ့ အနေနဲ့ ပြည်သူလူထု အတွက် ရယ်စရာ တင်မက အသိပညာနဲ့ ရသတစ်ခုခု ကိုပါ ဝေမျှ ပေးနိုင်တဲ့ အခုလို ကာတွန်းမျိုး တွေကို ရှေ့လျောက် ဆက်လက် ရေးဆွဲ နိုင်ပါစေ လို့လည်း ဆန္ဒ ပြုမိတယ်။

(၆)
လှိုက်လှိုက်လှဲလှဲ … ကျွန်တော် ဆုတောင်းပါတယ်။
ရယ်စရာ မကောင်းတဲ့ ဝမ်းနည်း ရင်မောဖွယ်ရာ သက်သက် အဲဒီ ကာတွန်းလေး တစ်ပုံကို စာဖတ် ပရိသတ်၊ ကာတွန်း ပရိသတ် များနဲ့တကွ ဒီကလေး တွေနဲ့ သက်ဆိုင် ပတ်သက်တဲ့၊ ကလေးတွေရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက် နေတဲ့ အကြောင်းကိစ္စ များနဲ့ ပတ်သက် ဆက်နွယ် သူများလည်း မြင်တွေ့ ခံစား နိုင်ပါစေ။
လူကြီး တွေရဲ့ အာဃာတနဲ့ အမုန်းတရား တွေဟာ အပြစ်မဲ့တဲ့ ကလေးတွေရဲ့ အနာဂတ်နဲ့ ကံကြမ္မာ အပေါ် ဖုံးလွှမ်း မသွား ပါစေနဲ့။
အပြန်အလှန် ရန်ငြှိုး စစ်မက် တွေဟာ အပြစ် မရှိတဲ့ ကလေးငယ် တွေရဲ့ မျက်ရည်နဲ့ အသက်ဇီဝ တွေအပေါ် လောင်ကျွမ်း စွန်းပေ မသွား ပါစေနဲ့။
ကျွန်တော်တို့ရဲ့ ကလေးငယ်တွေ စိုးထိတ် ကြောက်ရွံ့စိတ် ကင်းစွာနဲ့၊ ဖြူစင် သန့်ရှင်း စွာနဲ့ ရှင်သန် နိုင်ပါစေ။
အပြစ်မဲ့ ကလေးငယ် တွေကို ဒုက္ခပင်လယ် ဝေစေတဲ့ ပြည်တွင်းစစ်များ ရပ်တန့်ပြီးဆုံးသွားပါစေ။
မြန်မာပြည် ဘေးဘယာ ပယောဂ ကင်းပါစေ … အနာရောဂါ ကင်းပါစေ..။
မြန်မာပြည် … ငြိမ်း ချမ်း ပါ စေ .. ။

၁၇ - ဒီဇင်ဘာ -၂၀၁၂