This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, May 12, 2014

နယူးယောက်မှာ အပေါ်ပိုင်း ဗလာကျင်း နေထိုင်ခြင်းက ဥပဒေနဲ့ ညီညွတ်တယ်.................

ဗလာကျင်း စာဖတ် အသင်း


နယူးယောက်မြို့က စာချစ်သူတချို့ရဲ့ ယူနီဖောင်းက ထူးခြားနေပါတယ် - ဘာကြောင့်များလဲ ဆိုတော့...သူတို့ အုပ်စုဖွဲ့ စာဖတ်တဲ့အခါ အပေါ်ပိုင်း အနည်းနဲ့အများ ချွတ်ထား သို့မဟုတ် ရာနှုန်းပြည့် ချွတ်ထားကြလို့ပါပဲ။


ဒီပုံတွေကြောင့် စာဖတ် ချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက် လာသူတွေ လည်း ရှိနိုင် ပါတယ်။

သူတို့ ကတော့ စာဖတ်ရှိန် မြှင့်တင်ရေး ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။

သူတို့က ဘယ်သူတွေလဲ။

ထူးခြားတဲ့ သူတို့ အကြောင်း ဒီ ဘလော့ မှာ ဖော်ပြရရင် သူတို့က စာအုပ်ဖတ်တာ ဝါသနာပါ သူတွေပါ၊
အမျိုးသားရော အမျိုးသမီးရော ပါဝင်ပါတယ်။ အမျိုးသားက လူနည်းစုပါ။ သူတို့ စာဖတ်တဲ့အခါ အမျိုးသား
တယောက် သို့မဟုတ် နှစ်ယောက် ပါတတ်တယ်၊ အမျိုးသား တွေက ဓာတ်ပုံထဲ သိပ် မပါချင် ကြဘူးလို့
ဆိုတယ်။

နယူးယောက်မှာ အပေါ်ပိုင်း ဗလာကျင်း နေထိုင်ခြင်းက ဥပဒေနဲ့ ညီညွတ်တယ်၊ သူတို့ကလည်း အဲဒီလို
နေထိုင်ရခြင်းကို နှစ်သက်ပါတယ် တဲ့။ နယူးယောက်မှာ နေတယ်၊ ရာသီဥတုလည်း ကောင်းတယ် ဆို
ရင် သူတို့နဲ့ လာရောက် ပူးပေါင်းနိုင်ကြောင်း အွန်လိုင်းကတဆင့် ဖိတ်ခေါ်ထားတာ တွေ့ရမှာပါ။

အမေရိကန်မှာပဲဖြစ်ဖြစ် ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် သူတို့ရဲ့ အသင်းခွဲ တည်ထောင် လိုတယ် ဆိုရင်လည်း
ကြိုဆိုပါတယ်လို့ ဆိုပါတယ်။

သူတို့တွေ ဘယ်နေ့ ဘယ်မှာ ဆုံပြီး စာဖတ် ကြမယ် ဆိုတာကို သူတို့ရဲ့ဆိုရှယ် မီဒီယာတွေမှာ ဖော်ပြ
ထားတဲ့အတွက် စုံစမ်းရလွယ်မှာပါ။

ပုံမှာ တွေ့ရသလိုပဲ နယူးယောက်က ပန်းခြံ၊ တံတား စသဖြင့်သော အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာ
တွေမှာ ဖတ်ကြသလို အဆောက်အအုံအတွင်းပိုင်းမှာလည်း ဖတ်ကြပါတယ်။

ဗလာကျင်းဖတ်ရခြင်းရဲ့ အကျိုးကျေးဇူး မည်သို့ရှိသည် ဆိုတာကတော့ အင်း.. အဖြေ အမျိုးမျိုး ရှိပါလိမ့်မယ်။

စာ ရိုးရိုးဖတ်သူထက် ၀တ်လစ်စလစ် ဖတ်သူတို့ကို အများက ပိုပြီး အာရုံစိုက်ကြမှာပါ။

သူတို့ရွေးတဲ့နေရာက လုံခြုံရေးကောင်းတဲ့နေရာဖြစ်ဖို့တော့ လိုပါလိမ့်မယ်။

နယူးယောက်မှာ လူမြင်ကွင်း အပေါ်ပိုင်း ဗလာကျင်း နေထိုင်ခွင့် ရှိနေသရွေ့ ဒီစာဖတ်အသင်း ရှိနေမယ်
လို့ ယူဆရပါတယ်။






















The Irrawaddy's Blog by zarny win

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဗလာကျင်း စာဖတ် အသင်း http://www.simon-vlog.com/2014/05/blog-post_5834.html#ixzz31RA4oWTm
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများမှ ၀ိုင်းဝန်းရိုက်နှက်ခဲ့၍ အမျိုးသားတစ်ဦး သေဆုံး............

11 May 2014 19:47(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)


 ရန်ကုန်၊ မေ ၁၁

  ၁၀.၅.၂၀၁၄ ရက်နေ့ ၂၁၄၅ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ ဦးဇော်မြင့်တင်မှ ၎င်းနှင့်အတူ ကိုမိုးသူရ၊ ကိုကျော်ဝင်းလှိုင်၊ ကိုသောင်းတင်တို့မှာ အလုပ်ကိစ္စဖြင့် ရွှေလင်ပန်း၊ (၁၀၃)ကားဂိတ်သို့ စက်ဘီးဖြင့်သွားရောက်ခဲ့ပြီး ပြန်လာစဉ် စက်ဘီးမှာ ဘီးပေါက်၍ ကယ်ရီငှားရန်အတွက် ရွှေလင်ပန်း ဘုန်းကြီးကျောင်းရှေ့ရှိ ဆိုင်ကယ်ကယ်ရီဂိတ်တွင် ဆိုင်ကယ်ငှားရာမှ ကယ်ရီမောင်းသူများနှင့် စကားများခဲ့ကြောင်း၊ ထိုသို့စကားများခဲ့ပြီး စက်ဘီးအား ဆက်လက် တွန်းလာစဉ် ရွှေလင်ပန်း တံတားအဆင်း အရောက် စကားများခဲ့သော ဆိုင်ကယ်ကယ်ရီသမား(၆)ဦးခန့် လိုက်လာကာ သစ်သားတုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ပြီး လက်သီးနှင့်ထိုးကြသဖြင့် ၎င်းတွင် ဦးခေါင်းနှင့် ၀ဲမျက်ခုံးတို့၌ ဖူးရောင်နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အတူပါသူ ကိုသောင်းတင်မှာလည်း ယာနားအုံပေါက်ပြဲ ဒဏ်ရာရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ ကုသစဉ် ၁၁.၅.၂၀၁၄ ရက်နေ့ ၀၅၀၀ အချိန်တွင်သေဆုံး သွားခဲ့ကြောင်းနှင့် ယင်းသို့ပြစ်မှု ကျူးလွန်သူများကို အရေးယူပေးပါရန် တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၆၅၉/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၀၂/၃၂၃/၁၁၄ ဖြင့် အမှုဖွင့်လှစ်ပြီး စုံစမ်းဆောင်ရွက်ခဲ့ရာ လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့် လှသိန်း၊(၅၀)နှစ်၊ (ဘ)ဦးစိန်သန်း၊ ကရင်(ခ)စိုးသိန်း၊ (၂၂)နှစ်၊ (ဘ)ဦးကျော်သန်းနှင့် သန်းလွင်၊ (၃၆)နှစ်၊ (ဘ)ဦးသန်းဝင်းတို့(၃)ဦးနှင့် အခြားအမည်မသိ(၃)ဦးတို့မှ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

ယင်းကဲ့သို့ပြစ်မှုကျူးလွန်သူ လှသိန်း၊ ကရင်(ခ)စိုးသိန်းနှင့် သန်းလွင်တို့(၃)ဦးကို ဖမ်းဆီးစစ်ဆေး လျက်ရှိပြီး ကျန်ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ခင်ပွန်း အယောင်ဆောင် သားမယားပြုကျင့်သူ အရေးယူ ................



  နေပြည်တော်၊ မေ ၁၁

  ၂၀၁၄ ခုနှစ်၊ မေလ ၉ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ xxxxx ရွာနေ မxxxxx(၃၉)နှစ်သည် သား/သမီးများနှင့်အတူ နေအိမ်အပေါ်ထပ်၌ လည်းကောင်း၊ ခင်ပွန်း ကိုxxxxxမှာ သားဖြစ်သူ မောင်xxxxxနှင့်အတူ နေအိမ်အောက်ထပ်၌ လည်းကောင်း အသီးသီး အိပ်ပျော်နေကြစဉ် ၁၀-၅-၂၀၁၄ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်၌ နေအိမ်အပေါ်ထပ် ပြတင်းပေါက်ပိတ်သံကြားပြီး မxxxxx အိပ်နေသည့် အိပ်ယာအနီးသို့ လူတစ်ဦး ၀င်ရောက်လာခဲ့ကြောင်း၊ မxxxxxမှ ခင်ပွန်းဖြစ်သူ ကိုxxxxxထင်မှတ်၍ ဆက်အိပ်နေစဉ် အဆိုပါလူမှ မxxxxx၏ထမီအား အပေါ်သို့ဆွဲလှန်၍ ကာမစပ်ယှက်ပြီးထွက်သွားသဖြင့် မxxxxxမှ ပြတင်းပေါက် ဖွင့်ခဲ့ရန်ပြောဆိုရာ အဆိုပါလူမှာ ပြန်လှည့်လာပြီး မxxxxx၏ခင်ပွန်း ကိုxxxxxမဟုတ်ကြောင်းနှင့် ကြိုက်သလို ဆုံးဖြတ်ရန် ပြောဆိုမှသာ ခင်ပွန်း၏တူတော်စပ်သူ တစ်ရွာတည်းနေ ကျော်ထွန်းအောင်(၂၂)နှစ် ဖြစ်ကြောင်း သိရှိရသဖြင့် အရေးယူပေးရန်တိုင်တန်းခဲ့ရာ ကျော်ထွန်းအောင်အား ပခုက္ကူမြို့မရဲစခန်း (ပ)၁၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

ထို့ပြင် ၂၀၁၄ ခုနှစ်၊ မေလ ၉ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ xxxxx ရွာနေ မxxxxx(၁၈)နှစ်သည် ရွာ၏တောင်ဘက်(၂)ဖာလုံခန့်အကွာရှိ နှမ်းခင်းအတွင်း တစ်ဦးတည်း နွားစာရိတ်နေစဉ် တစ်ရွာတည်းနေ မင်းမင်းထွန်း(၂၈)နှစ် ရောက်ရှိ လာပြီး အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သဖြင့် နေအိမ်သို့ပြန်လာကာ မိခင်ဖြစ်သူအားပြောပြပြီး အရေးယူပေးရန်တိုင်တန်းခဲ့ရာ မင်းမင်းထွန်းအား လက်မှတ်ကုန်းနယ်မြေရဲစခန်း(ပ)၂၆/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 ရဲဇာနည်

ဒီလို လူ (၁၀)မျိုးကိုတွေ့ခဲ့ရင် တန်ဖိုးထားပါ==...............

ဒီလို လူ (၁၀)မျိုးကိုတွေ့ခဲ့ရင် တန်ဖိုးထားပါ
===========================

၁။ ကိုယ်တစ်ကယ်ချစ်တဲ့သူကိုတွေ့ခဲ့ရင် သူနဲ့ဘ၀တစ်လျှေက်လုံးလက်တွဲသွားဖို့အခွင့်အရေးရအောင်ကြိုးစားပါ။
ဘာကြောင့်လဲဆိုတော့သူထွက်သွားတဲ့အခါအရာအားလုံးနောက်ကျသွားပါလိမ့်မယ်။

၂။ ကိုယ်တစ်ကယ်ယုံကြည်ရတဲ့သူငယ်ချင်းကိုတွေ့ခဲ့ရင် သူနဲ့အဆင်ပြေပြေကောင်းကောင်းမွန်မွန်ဆက်ဆံသွားပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘ၀မှာသူငယ်ချင်းအစစ်တွေ့ရဖို့ဆိုတာမလွယ်တော့လို့ပါ။

၃။ ကိုယ့်ကိုတစ်ချိန်တုန်းကကူညီပေးခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူ့ကိုကောင်းကောင်းကျေးဇူးတင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာကိုယ့်ဘ၀ရဲ့အလှည့်အပြောင်းဖြစ်ခဲ့လို့ပါဘဲ။

၎။ ကိုယ်တစ်ချိန်တုန်းကချစ်ခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူ့ကိုပြုံးပြုံးလေးနဲ့ကျေးဇူးတင်ဖို့မမေ့ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့သူက ကိုယ့်ကိုအချစ်အကြောင်းပိုနားလည်စေခဲ့လို့ပါ။

၅။ ကိုယ့် ကိုတစ်ချိန်တုန်းကမုန်းတီးခဲ့ဖူးတဲ့ သူကိုတွေ့ခဲ့ရင်ပြုံးပြုံးလေးနဲ့သူ့ကိုနှုတ်ဆက်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူ့ကြောင့်ကိုယ်ကပိုပြီးသတ္တိရှိလာခဲ့တယ်။

၆။ ကိုယ့်ကိုတစ်ချိန်တုန်းက သစ္စာဖောက်ခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူနဲ့အေးအေးဆေးဆေးစကားစမြည်ပြောလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူ့ကြောင့်မဟုတ်ရင် ကိုယ်လည်းလောကအကြောင်းကိုသိလာမှာမဟုတ်ဘူး။

၇။ ကိုယ်တစ်ချိန်တုန်းက တိတ်တခိုးချစ်ခဲ့ဖူးတဲ့ သူကိုတွေ့ခဲ့ရင်သူ့ကိုပျော်ရွင်ပါစေဆိုပြီး ဆုတောင်းပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ကိုယ်သူ့ကိုတိတ်တခိုးချစ်ခဲ့တုန်းက သူပျော်၇ွင်တာကိုဘဲ လိုလားခဲ့တာမဟုတ်လား။

၈။ ကိုယ့်ဘ၀ထဲကနေထွက်သွားခဲ့တဲ့သူကိုတွေ့ခဲ့ရင် သူကိုယ့်ဘ၀ထဲဝင်ခဲ့တာကိုကျေးဇူးတင်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူကကိုယ့်ဘ၀ရဲ့ပျော်ရွင်စရာကောင်းတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တယ်လေ။

၉။ ကိုယ့်ကိုတစ်ချိန်ကအထင်လွဲခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် အချိန်မှီဖြေရှင်းချက်ပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူနားလည်အောင်ဖြေရှင်းပေးဖို့အခွင့်အရေးကတစ်ခါဘဲရှိနိုင်လို့ပါ။

၁၀။ ယခု ကိုယ်နဲ့ဘ၀တစ်လျှောက်လုံး လက်တွဲသွားမယ့်သူကိုတွေ့ရင် သူကိုယ့်ကိုချစ်တာ ရွေးချယ်ခဲ့တာကို ရာနှုန်းပြည့်ကျေးဇူးတင်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့အ ခုနှစ်ယောက်လုံးပျော်ရွင်မှု့နဲ့အချစ်စစ်ကိုပိုင်ဆိုင်နေရလို့ပါ။

SimCard ပျက်၊ ပျောက် လျှောက်ထားရာတွင်ကတ်ပြန်လည်ထုတ်ပေးခြင်း လုပ်ငန်းစဉ်ကိုရပ်ဆိုင်းထားရှိ ................

MPT-SIM-CARD











မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်အတူ အကျိုးတူပူးပေါင်း၍ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC Tes) ၏ ကတ်ပျက်၊ကတ်ပျောက်များ လျှောက်ထားခြင်းကို လက်ခံလျှက်ရှိသော်လည်း ကတ်ပြန်လည်ထုတ်မပေးနိုင်သေးကြောင်းမြန်မာ့ ဆက်သွယ်ရေးမှတစ်ဆင့်သိရှိရသည်။

’’ ၃၁ နဲ့စတဲ့ MEC Tel Sim Card တွေကိုတော့ အခုပျက်၊ ပျောက် လျှောက်ထားတဲ့ Sim card တွေ ကိုတော့ မထုတ်ပေးသေးပါဘူး။ ဟိုဘက်က Sim card တွေမရသေးလို့ပါ’’ ဟုဆက်သွယ်ရေးနှင့်သ တင်းအချက်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ သည်။

၂၀၁၃ ခုနှစ် ဧပြီကာလမှ အစပြု၍ငွေကျပ် (၁၅၀၀) တန် တန်ဖိုးနည်း CDMA 800 MHz (MEC Tel) Sim card များကိုသက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

 အဆိုပါ CDMA 800 MHz (MEC Tel) Sim card ပျက်၊ ပျောက်များကို သက်ဆိုင်ရာတိုင်း နှင့်ပြည်နယ်ဒေသကြီးအတွင်းရှိ ဆက်သွယ်ရေးရုံးများတွင်ပြန်လည်လျှေက်ထားရမည်ဖြစ်သည်။ ၀န် ဆောင်ခအနေဖြင့် CDMA 800 MHz (MEC Tel) Sim card အပျက်ပြန်လည်လျှောက်ထားပါက၀န် ဆောင်ခအနေဖြင့် စာရွက်စာတမ်းကြေးသာကျသင့်မည်ဖြစ်ပြီး SimCard ပျောက် ပြန်လည်လျှောက် ထားပါက ငွေကျပ် (၂) သောင်းနှင့်တကွစာရွက်စာတမ်းများသာကျသင့်မည်ဖြစ်သည်။

’’၂၀၁၄ ခုနှစ်မေ (၁၄) (၁၅) ရက်နေ့လောက် Sim Card ပြန်ထုတ်ပေးမယ်လို့ ကြားပါတယ်။ ဧပြီလ လယ်ပိုင်းကတည်းက စပြီး Sim Card ပျက်တော့ဒီမှာကတ်ဝယ်သွားပြီး ပျက်၊ ပျောက်ဖြစ်တဲ့အခါလာ လျှောက်လို့ချက်ချင်းမရတဲ့အပြင် အခုက ဘယ်အချိန်ပြန်ရမယ်လို့ အတိအကျ မပြောတော့ သိပ်အ ဆင်မပြေပါဘူး’’ ဟုဧရာဝတီတိုင်းမှတစ်ဆင့်ကတ်ပျောက်လာရောက်လျှောက်ထားသူ ကိုသီဟကျော် မှပြောကြားခဲ့သည်




ref:&Credit:Myanmar Digital Life Journal



Thihahtike


Welcome From My Blog



09-73151297

ယောကျာ်းတို့ဖက်မှ တောင်းဆိုချက်...............

Posted by: Ko Myo on Monday, May 12, 2014 Categories:

၁။ ယောကျာ်းတွေက စိတ်တန်ခိုးမရှိပါဘူး ဒါကြောင့် မိန်းမတွေရဲ့စိတ်ထဲ ဘာတွေဖြစ်နေလဲဆိုတာ မသိနိုင်ပါ

၂။ အမှားလုပ်ပြီး ငိုပြခြင်းသည် ယောကျာ်းများကို အနိုင်ကျင့်ခြင်းဖြစ်သည်

၃။ ဖြစ်ချင်တာလိုချင်တာကို ပွင့်ပွင့်လင်းလင်းပြောပြပါ။ ရှင်းရှင်းပြောရရင် မသိမသာပြောလို့လဲ ကျွန်တော် တို့က မသိဘူး အရိပ်ပြရင်လဲ ကျွန်တော်တို့က ယောင်ဝါးဝါး ဒီတော့ အရှင်းဆုံးက ပြောချလိုက်ပါ။

၎။ Yes ဒါမှမဟုတ် No ဆိုတာ ကျွန်တော်တို့အတွက် မေးခွန်းတိုင်းကိုဖြေဖို့ Perfect အဖြစ်ဆုံးအဖြေပဲ

၅။ ပြဿနာတစ်ခုကိုပြောပြမယ်ဆိုရင် ကျွန်တော်တို့ကို ဖြေရှင်းစေချင်တယ်ဆိုမှပြောပြပါ မပတ်သတ်စေချင် ရင် အစထဲက ပြောကိုပြောပြမနေနဲ့

၆။ ကျွန်တော်တို့ပြန်ဖြေလိုက်တဲ့အဖြေက ခင်ဗျားအတွက် ခံစားချက် ၂မျိုး ရစေတယ် အဲ့ဒီထဲက တစ်မျိုးက ၀မ်းနည်းပြီး ဒေါသထွက်စေတယ်ဆိုရင် ကျွန်တော်တို့ဆိုလိုတဲ့အဖြေက အဲ့လို မခံစားစေလိုတဲ့နောက် တစ်ခုပဲ

၇။ ကျွန်တော်တို့ကို တစ်ခုခုလုပ်စေချင်ရင် တောင်းဆိုနိုင်တယ် ဒါမှမဟုတ် ကျွန်တော်တို့ဘာသာ ဘယ်လိုလုပ်လိုက်လို့လဲ ပြောနိုင်တယ်ခင်ဗျား တောင်းဆိုချင်သလိုပုံစံရော ကျွန်တော်တို့ကိုယ့်ဟာကိုယ် လုပ်လိုက်မဲ့ပုံစံကော နှစ်ခုလုံးတော့မရဘူး

၈။ ဖြစ်နိုင်ရင် TV ကြည့်နေတုန်း စကားပြောချင်တယ်ဆို ကြော်ညာလာနေတဲ့အချိန်မှာပြောပါ

၉။ CHRISTOPHER COLUMBUS က ညွှန်ကြားချက်နဲ့သွားတဲ့လူမဟုတ်ဘူး ကျွန်တော်တို့လဲတူတူပဲ

၁၀။ ကျွန်တော်တို့ယောကျာ်းတွေက အရောင် ၁၆ မျိုးလောက်ပဲသိတယ် Window မှာဆို Default Setting လိုပေါ့ မရမ်းဖျော့ရောင်တို့ ဖက်ဖူးစိမ်းရောင်တို့ ရှုပ်ထွေးတဲ့ အရောင်တွေကိုမသိလို့ စိတ်မတိုပါနဲ့

၁၁။ ဘာဖြစ်နေလဲဟင် လို့ကျွန်တော်တို့မေးတဲ့အခါ ဘာမှမဖြစ်ဘူးလို့ ခင်ဗျားပြန်ဖြေတယ်ဆိုရင်
ဟုတ်ပြီ ဘာမှမဖြစ်ဘူးလို့ပဲ သတ်မှတ်လိုက်တယ် . တစ်ကယ်တော့ ခင်ဗျားတစ်ခုခုဖြစ်နေတယ်ဆိုတာ
ကျွန်တော်တို့သိတယ် .. ဒါပေမဲ့ အဲ့တာကို မရမချင်း မေးဖို့ စိတ်မရှည်ဘူးဗျ

၁၂။ ခင်ဗျားကိုယ်တိုင်မဖြေချင်တဲ့ မေးခွန်းမျိုး ကျွန်တော်တို့ကိုမေးတဲ့အခါ ကျွန်တော်တို့ဖြေမဲ့အဖြေကလဲ
ခင်ဗျားကြားချင်တဲ့ အဖြေမျိုးမဖြစ်နိုင်ဘူးဆိုတာကြိုသိထားပါ

၁၃။ ခင်ဗျားမှာ အ၀တ်စားတွေအများကြီး ။ ဖိနပ်တွေအများကြီး ရှိပါတယ် မရှိဘူးလို့ မငြီးနဲ့ ဟုတ်တယ် မလား

ဒီစာကို ယောကျာ်းတွေ ဖတ်ရအောင်ဝေမျှလိုက်ပါ - သူတို့ရယ်ကြလိမ့်မယ်

ဒီစာကို မိန်းမတွေဖတ်ရအောင်ဝေမျှလိုက်ပါ - တချို့တွေ စိတ်ဆိုးကြလိမ့်မယ် ဒါပေမဲ့ တစ်ချို့ ကတော့ ယောကျာ်းတွေထက်တောင်ပိုရယ်ကြလိမ့်မယ် ဘာလို့လဲဆိုတော့ အကုန်လုံးအမှန်တွေကြီးပဲ ကိုးဗျ

Jay Ki
Myanmar Online News

အမေများနေ့အကြောင်း သိကောင်းစရာ ................

Posted by: Ko Myo on Monday, May 12, 2014 Categories:


အမေများနေ့ဟာ သမိုင်းဝင် အမှတ်တရ ဖြစ်တဲ့နေ့လေး တစ်နေ့လို့ ဆိုရမှာပေါ့။ ဒါကြောင့် အမေများနေ့ ဘာကြောင့် ဖြစ်ပေါ်လာရသလဲ ဆိုတာကို ဗဟုသုတ အနေဖြင့် ရေးသား ပေးလိုက် ရပါတယ်။

အမေများနေ့ကို ဂရိလူမျိုးတွေ Rhea လို့ အမည်ရတဲ့ နတ်သမီးကို ပှုဇော်ရာမှ စခဲခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ရောမခေတ်တွေမှာလည်း ကျင်းပခဲ့ကြောင်း သိရပါတယ်။ ၎င်းပွဲမှာ မယ်တော် Magna Mater လို့အမည်တွင်သော နတ်ကို ပှုဇော်တာပဲ ဖြစ်ပါတယ်။ ပှုဇော်ပွဲများကို ဘီစီ ၂၅ဝ ခုနှစ်က စခဲ့တယ်လို့ သမိုင်း မှတ်တမ်းများ အရ သိရပါတယ်။

တစ်နိုင်ငံနှင့် တစ်နိုင်ငံ အမများနေ့ ပွဲကို ကျင်းပတာခြင်း မတူညီကြဘူးလို့ သိရပါတယ်။ ဥပမာပြောရမယ် ဆိုရင် နော်ဝေနိုင်ငံမှာ ဖေဖော်ဝါရီလ မှာကျင်းပခဲ့ကြပြီး အာဖရိကက မေလမှာကျင်းပ ကြတယ်လို့ သိရပါတယ်။ သြစတေးလျှနဲ့ ဘယ်လ်ဂျီယံ နိုင်ငံများ မှာဆိုရင်တော့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့မှာ ကျင်းပကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ပြာသိုလပြည့်နေ့ကို အမေများနေ့ အဖြစ် သတ်မှတ် ထားတယ်လို့ ဆိုရမှာပေါ့။

အမေများနေ့ဟာ အနောက်နိုင်ငံများမှ ဆင်းသက်လာတာ ဖြစ်ပြီး ယနေ့ဆိုရင် ကမ္ဘာ တစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားခဲ့ ပါပြီ။ ဒါကြောင့် အမေများနေ့ကို ရောက်သည်ဖြစ်စေ မရောက်သေးဘူးဖြစ်စေ သင့်အတွက် ကတော့ အမေဟာ အမြဲတန်းလို အပ်နေပါတယ်။ ဒါကြောင့် သင့် ဘဝဟာ သင့် အမေဖြစ်သလို သင့်အမေ ဟာ သင့်ဘဝ ဖြစ်ပါတယ်။ အမေမရှိဘူးဆိုရင် ဘဝဟာလည်း မရှိနိုင်တော့ပေ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

Monday, May 5, 2014

WhatsApp ရဲ့ ဗားရှင်းသစ် 5.50D ကို Cracked ပြီးသား apk


WhatsApp v5.50D Cracked

WhatsApp ရဲ့ ဗားရှင်းသစ် 5.50D ကို Cracked ပြီးသားတွေ့လို့ တင်ပေးလိုက်ပါတယ်..

-
What is WhatsApp+? Basically it is a customizable WhatsApp where you can change lots of colours, sizes, and many other visual MODs In addition you can increase upload media limit (stock limit is 16Mb) to send large music files or videos.

You can increase quality of pictures sent (by default resolution is decreased quite a lot) You can share music just with one click You can add contact profile pictures to their chats You can hide contact profile pictures and show phonebook pictures (in chat screen) Built-in theme viewer and downloader. Check WhatsApp+ users themes online and apply theme if you like And more to come Remember to previously uninstall whatsapp if you come from the official version (if not you will get the “not installed” error)

Version 5.50D
- New MOD 1.2.24 Don’t allow sensors to stop audio/voice messages
- Color Preferences simplified (CheckBox Preference to enable/disable color MOD included in same preference)
- Launcher Icon New Messages Counter should work now on Samsung stock, LG stock and Sony stock devices
- New MODs 2.2.2E & 3.2.2E to set different color for even rows in chats and contacts screen
- Other improvements and bux fixes


Instructions To INSTALL (UNROOT):
1) First backup your conversations by pressing OPTION button
Go to Settings>Chat settings>Backup Conversations
2) Then Uninstall OLDER WHATSAPP & Install ONLY WA+ apk …
3) Click AGREE & CONTINUE
4) If you have BACKED UP your CHATS then there should be Restore BUTTON , PRESS IT
(If you Dont get restore button then install original whatsapp from play store , do verification process and then chat with 1-2 person again backup and then uninstall it again install apk that i given to you there will definitely get RESTORE button)
5) Wait it might take some long
6) Press Continue and then
7) Press MENU button And You can see HIDE ONLINE STATUS button press it and BOOM …(If you cant see that menu then goto PLUS=> 2. Main/chats screen =>Untick 2.3 HIDE STATUS MOD MENU)
8) Enjoy Whatsapp+ with hiding last seen feature enabled


Instructions To INSTALL (ROOT):
* FIRST YOU NEED TO INSTALL ORIGINAL WHATSAPP WITH A REGISTRED PHONE NUMBER.


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...


လူ့သွေးကြော အကြောင်း သိစရာ အချို့ ..........


ပုံမှာ မြင်တွေ့နေရတာဟာ လူ့သွေးကြော် စီးဆင်းနေမှု ကို ပြသထားခြင်း ဖြစ်ပါတယ်။
၁။ ဒီတော့ လူ့ခန္ဓာကိုယ်တွင်းက သွေးကြော်ဟာ အကုန် ဆံ့ လိုက်ရင် မိုင်ပေါင်း ၆၂၀၀၀ ရှည်ပြီး ကမ္ဘာကို ၂ကြိမ်ခွဲ ဆက်တိုက် ပတ်လို့ ရတယ်ဆိုတာ တကယ် ဖြစ်ပါတယ်။
၂။ အကျဉ်းဆုံး သွေးကြော် အချင်းက ၈ကနေ ၉ မိုင်ခရွန်အထိ ရှိပါတယ်။


၃။ နှလုံး အရွယ်အစားက သာမန်လူ လက်သီး တစ်ဆုပ် အရွယ် သာ ရှိပေမယ့် သူ ညစ်ထုတ် လည်ပတ်နေစေတဲ့ သွေးပမာဏက တစ်ရက်ကို လီတာ ၉၅၀၀ ရှိပါတယ်။ ယင်းဟာ တစ်ရက်ကို ၁၀ တန် ပမာဏ အလေးချိန် ရှိ ပစ္စည်းကို ၃၃ ပေ အမြင့်အထိ ဆွဲတင် ပေးနေတာနဲ့ အား ညီမျှ ပါတယ်။

၎။ သွေးကြောကျဉ်း ရောဂါ၊ သွေးကြောပိတ် ရောဂါ ဖြစ်မှုဟာ ယနေ့မှာ ပိုမို များပြား လာပြီး ယင်းသို့ ဖြစ်ရတဲ့ အဓိက အကြောင်း အရင်း များ ကတော့ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှု များခြင်း၊ သွေးချို ရှိခြင်း၊ အဝလွန် စားသောက်နေထိုင်မှု ပုံစံ၊ သွေးပေါင်ချိန် အတက်များခြင်း၊ ဗိုက် အဆီပို ထွက်ခြင်း၊ အထိုင် များသော နေထိုင်မှု၊ မျိုးရိုးဗီဇ ပါဝင်ကူးဆက် လာမှု တို့ ကြောင့် ဖြစ်ပါတယ်။

Ref: medifacts
အောင်ခမ်း (ရိုးရာလေး)

Friday, May 2, 2014

Tuesday, April 29, 2014

Heat stroke အပူဒဏ် ဘယ်လိုခံမလဲ ...............

Posted by: Ko Myo on Sunday, April 27, 2014 Categories:


ရာသီဥတုပူလွန်းလို့ လူတွေကို ဒုက္ခပေးတာဟာ ကျန်းမာရေး အရေးပေါ်တခုဖြစ်တယ်။ နေပူလို့ဖြစ်တာကို Sunstroke လို့လဲ ခေါ်တယ်။ အရပ်ခေါ် အပူရှပ်ဆိုတာနဲ့ မတူပါ။ အပူဒဏ်ကနေ လူကိုသေစေနိုင်တယ်။ အသက်ကြီးသူတွေက ပိုမခံနိုင်ကြပေမဲ့ အရွယ်ကောင်းတွေကိုလဲ ဖြစ်စေနိုင်တယ်။

Heat cramps အပူမိလို့ကြွက်သားတွေနာတာ တက်တာ၊ Heat syncope (Fainting) သတိလက် လွတ်ဖြစ်တာ၊ Heat exhaustion အပူကြောင့် ကုန်ခမ်းသွားတာတွေက ဆိုးတဲ့ လက္ခဏာတွေ မဟုတ်သေးပါ။ ဒီလိုဖြစ်တာက အပူနဲ့ မဆိုင်ဘဲလဲ ဖြစ်တတ်တယ်။

အပူချိန်မြင့်နေတာနဲ့ အချိန်ကြာ ထိတွေ့မိမှသာ ဆိုးတာတွေဖြစ်တယ်။ အပူဒဏ်နဲ့အတူ ရေ + ဓါတ်ဆား ခမ်းခြောက်တာ တွဲလာပြီဆိုရင် ဆိုးပြီ။ ဒီကနေတဆင့် ကိုယ်ခန္ဓာကို အပူချိန်ထိန်းတဲ့ နစ်ကိုထိခိုက် ပျက်စီးစေနိုင်တယ်။ ဆေးပညာ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ကိုယ်အပူချိန် ၁ဝ၅ ဒီဂရီ ဖါရင်ဟိုက် ထက်ကျော် တာကိုခေါ်တယ်။ အဲဒီအချိန်မှာ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်လာမယ်။

ဘာတွေခံစားရမလဲ -
• Nausea and vomiting ပျို့-အန်ချင်၊
• Fainting သတိလစ်ချင်လာတာက ပဌမလက္ခဏာဖြစ်တတ်တယ်။
• Throbbing headache ခေါင်းထိုးကိုက်၊
• Dizziness and light-headedness ခေါင်းမူး၊ ခေါင်းထဲပေါ့နေ၊
• Lack of sweating despite the heat ပူပေမဲ့ချွေးမထွက်၊
• Red, hot, and dry skin အရေပြာတွေနီရဲနေ၊
• Muscle weakness or cramps ကြွက်သားအားနည်း၊ ကြွက်တက်၊
• Rapid heartbeat နှလုံးခုန်မြန်၊
• Rapid, shallow breathing အသက်ရှူတိမ်ပြီးမြန်၊
• Behavioral changes အမူအယာပြောင်း၊ ဥပမာ confusion စိတ်ရှုတ်ထွေး၊ disorientation ရောက်နေ တဲ့နေရာမသိ၊ or staggering လုပ်တာကိုင်တာဖြေးနှေး၊
• Seizures တက်၊
• Loss of consciousness or coma သတိလက်လွတ်ဖြစ်မယ်။ First Aid for Heat Stroke ရှေးဦး သူနာပြုစုခြင်း
• အရေးပေါ်ဖြစ်လာရင် ဆေးရုံ၊ ကြက်ခြေနီ အကူအညီတောင်းပါ။
• အကူအညီမလာမီမှာ အေးတဲ့နေရာ (အရိပ်ရှိရာ၊ လေအေးစက်ရှိရာ) ကိုရွေ့ထားပါ။ အဝတ်အစားတွေ ဖယ်ရှားပေးပါ။ Dehumidifying air conditioning လေအေးနည်းသုံးပါ။
• လူနာကိုလှဲနေစေပါ။ ခြေရင်းမြှင့်ပေးထားပါ။
• ကိုယ်အပူချိန်တိုင်းပါ။ ၁ဝ၅ ကနေ ၁ဝ၁-၁ဝ၂ အထိရောက်အောင် အေးစေတဲ့ နည်းတွေသုံးပါ။ ရေအေး ဝတ်တိုက်ပါ၊ ချိုင်း၊ ပေါင်ခြံ၊ နောက်ကျောနေရာတွေမှာ ရေခဲတင်ပါ။ ရေလောင်းပါ။ ရေချိုးပါ။ ရေချိုးစည်ထဲထားပါ။ ပန်ကာ ဖွင့်ပေးပါ၊ ယပ်ခပ်ပေးပါ။
• သက်သာလာပြီးနောက်မှာလဲ အပူဒဏမခံရအောင် ဆက်ရှောင်ရှားနေပါ။ ပြင်းထံတဲ့အားကစား၊ ကိုယ် လက်လေ့ကျင့်ခန်း ရှောင်ထားပါ။
• ရေအေးတဘက်နဲ့ ပတ်ပေးထားနည်း မသင့်ပါ။
• ရေချိုးစည်ပိုင်းမှာ အသင့်အတင့်အေးတဲ့ရေသာသုံးပါ။ သတိလစ်နေသူကို အဲလိုမလုပ်ပါနဲ့။ တခြားရွေး စရာမရှိရင် ခေါင်းကို ရေထဲမနစ်ဘို့ သတိထားလုပ်ပါ။
• ရေအေးသောက်စေပါ။ ORS ဓါတ်ဆားရည်သောက်စေပါ။ လိုလာရင် သွေးကြောထဲ RL drip ဆေးသွင်း ပါ။
• အသက်ရှူ-နှလုံးခုန် မကောင်းတော့ရင် CPR လုပ်ဘို့ပြင်ဆင်ထားပါ။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂ဝ၁၄

Beat the summer heat အပူဒဏ်ကာကွယ်ရန် ....................

Posted by: Ko Myo on Sunday, April 27, 2014 Categories:


• အရိပ်ထဲမှာသာနေပါ။ နားနိုင်သမျှ နားနေပါ။ အိမ်ထဲ-ကျောင်းထဲ-ရုံထဲမှာသာ နေပါ။
• အပြင်ထွက်ရင် ဆောင်းစရာပါပါစေ။
• ပြင်းထံတဲ့ အလုပ်မျိုးတွေ ရှောင်ထားပါ။
• ရေ တနေကုန်သောက်ပါ။ မဆာလဲသောက်ပါ။ ဆာလာပြီဆိုတာ ရေ+ဓါတ်ဆား ခမ်းလာလို့ဖြစ်တယ်။
• သိပ်အေးတဲ့ အရည်ကို မသောက်ပါနဲ့။ Stomach cramps အစာအိမ်ကြွက်တက် သလိုဖြစ်စေနိုင်လို့ပါ။
• Painkillers အနာသက်သာဆေးတွေနဲ့ Laxatives ဝမ်းနုပ်ဆေးတွေကို သိပ်လိုမှ သာသောက်ပါ။
• ရေအေးနဲ့သာ ရေချိုးပါ။
• ဖြစ်နိုင်ရင် အဲယားကွန်နဲ့နေပါ။
• အဝတ်အစား ချောင်ချိတာနဲ့ ခြည်ထည်သာ ဝတ်ဆင်ပါ။
• အသက်ကြီးသူတွေ ပိုသတိထားပါ။
• အရက်မသောက်ပါနဲ့။
• မိုးလေဝသသတင်း နားထောင်နေပါ။ အကြံပြုချက်တွေကို လိုက်နာပါ။
• အပြင်ထွက်စရာရှိရင် ပြင်ဆင်ပါ။ ထီး၊ ဦးထုပ်၊ ခမောက်ဆောင်းပါ။ ရေယူသွားပါ။ ရေ ကိုအေးနေအောင်စီမံပါ။ ဖြစ်နိုင်ရင် လေအေးစက်ပါ ယာဉ်သုံးပါ။ ရေပန်း-ဖြန်းစရာ သုံးနိုင်ပါတယ်။
• အပြင်မှာအလုပ်လုပ်ရလဲ အရိပ်ခိုတာ မကြာခဏလုပ်ပါ။ နေနဲ့တွေ့ချိန် နည်းနိုင်သမျှနည်းအောင်လုပ်ပါ။
• အပူဒဏ်ခံရရင်ဘာတွေဖြစ်လာမလဲ သိထားပါ။ ဘယ်လိုလုပ်ရမလဲ သိထားပါ။ သူများဖြစ်ရင် အကူ အညီပေးပါ။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂ဝ၁၄

Dramatic temperature change ရုတ်တရက် အပူချိန်အပြောင်းအလဲမှာ ဘာသတိထားရမလဲ...............



Posted by: Ko Myo on Sunday, April 27, 2014 Categories:


1. ဆရာ နေပူထဲကလာပြီး ချက်ချင်း မျက်နှာသစ်ရင် ချေထောက်ရေလောင်းရင် အပူရှပ်ပြီး သေတတ် တယ်တို့၊ သွေးကြောပြတ်ပြီး သေတတ်တယ်တို့ ကြားဘူးပါတယ် ဟုတ်ပါသလား ဆရာ။
2. အပြင် အပူထဲကပြန်လာလို့ ရေခဲရေသောက်ရင်အပူရှပ်ပြီး သွေးကြောပြတ်သေတယ်လို့ သိထားတယ်။ အပူရှပ်တဲ့လူကို ရေအေးတွေ ရုတ်တရက်သုံးတော့ အန္တရယ်မရှိနိုင်ဘူးလား။

ဘယ်အရာမဆို ယုတ်တရက်အပြောင်းအလဲလုပ်တိုင်း ချောမွေ့မှုမရှိတတ်ပါ။ အပူချိန်သိပ်ပူရာကနေ သိပ်အေးတဲ့နေရာကို ရောက်တာနဲ့ လူ့ကိုယ်ခန္ခာကို သက်ရောက်မှုဖြစ်တာတွေကလဲ မခံနိုင်ဖြစ်သူတွေ ရှိတယ်။
• သိပ်ပူတဲ့နေရာကနေ ပြန်ရောက်လို့ သိပ်အေးတာကို သောက်တာ၊ စားတာ၊ ရေချိုးတာမှန်သမျှ မသင့်လှပါ။
• လူတိုင်းကို မဟုတ်ပေမဲ့ အပူချိန်ကွာလွန်းတာကို ရုတ်တရက်တွေမိရင် ဆရာ့စာထဲမှာပါသလို Stomach cramps အစာအိမ် ကြွက်တက်တယ်လို့ ခေါ်တာမျိုးဖြစ်စေနိုင်တယ်။
• သွေးကြောကိုမေးတာမှာလဲ အတူဘဲလို့မှတ်ယူနိုင်ပါတယ်။ တချို့ကို မကောင်းတာဖြစ်စေနိုင်ပါတယ်။
• အပြင်အပူထဲကနေ လေအေးစက်ပေးထားတဲ့နေရာထဲဝင်လိုက်တာနဲ့ ပြောင်းပြီ။ အရေပြားသွေ့ ခြောက် လာမယ်။ အရေပြားအပါးစားတွေဖြစ်တဲ့ မျက်စိ၊ နှုပ်ခမ်းတွေလဲ ခြောက်လာမယ်။ မျက်စိပိုးဝင်တာ၊ အသက် ရှူလမ်း ပိုးဝင်တာနဲ့ ကြွက်သား ကြွက်တက်တာတွေဖြစ်လာစေနိုင်တယ်။ ပန်းနာထသူ၊ လည်ချောင်းနာသူ၊ တုပ်ကွေးလိုဖြစ်သူ၊ ခေါင်းကိုက်၊ ကြွက်သားနာသူတွေများတယ်။
• လေအေးပေးထားတဲ့နေရာဌာနတွေမှာ ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ ဆရာဝန်တွေကနေ ၂၃-၂၅ ဒီဂရီ စီ မှာ ထားသင့်တယ်လို့ အကြံပေးပါတယ်။ ၁၉ ထိနည်းရင် ဆိုးနိုင်တာများတယ်။ တိတိကျကျ ပြော ထားတာကတော့ ဗုဒ္ဓဟူးနေ့၊ မနက် ၁၁ နာရီအချိန် အခန်းတွင်းမှာ ၂၂့၅ ဒီဂရီ စီ ထားသင့်တယ်လို့ဖြစ်ပါ တယ်။
• အပူချိန်အပြေင်းအလဲ မြန်လို့ အသစ်ရောဂါဖြစ်တာရှိသလို ရှိနေတဲ့ရောဂါကိုပါ ဆိုးစေတတ်သေးပါတယ်။ Coronary heart diseases နှလုံးသွေးကြောကျဉ်းရောဂါ၊ Vascular cardiac, Vascular brain diseases and Peripheral vascular diseases နှလုံး-ဦးနှောက်-ကိုယ်ဖျားပိုင်း သွေးကြောရောဂါတွေကို ဆိုးလာစေနိုင်တယ်။
• အသက် ၆၅ နှစ်ကျော်သူတွေ၊ သိပ်ငယ်တဲ့ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နှလုံး၊ သွေးတိုး၊ အဆုပ်၊ စိတ်ရောဂါ အခံရှိသူတွေက ပိုသတိထားရမယ်။

ဒေါက်တာတင့်ဆွေ
၂၇-၄-၂ဝ၁၄

Friday, April 25, 2014

ရေကို အလွန်အကျွံသောက်ရင် ဘာဖြစ်တတ်သလဲ............

Posted by: Ko Myo on Thursday, April 24, 2014 Categories:

Health Updates Journal No. 113

ဦးနှောက်ကို ပုံရိပ်ဖော်နည်းပညာနဲ့ လေ့လာမှုတစ်ခုအရ လူသားများရဲ့ ဦးနှောက်ဟာ ရေကို လိုအပ် တာထက် ပိုမသောက်ဖို့ ထိန်းချုပ်နိုင်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ဒီလေ့လာမှုကို သြစတေးလျနိုင်ငံ၊ Melourne University နဲ့ Florey Institute of Neuroscience တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ ဦးနှောက်ဟာ ရေဆာမှုမရှိတော့ဘူးဆိုရင် အလိုအလျောက် ရပ်တန့်စေတဲ့ ဦးနှောက်ရဲ့ အာရုံကြော အချက်ပြမှုကို လေ့လာ နိုင်ခဲ့ပါတယ်။

လေ့လာမှုခေါင်းဆောင် Derek Denton က“ရေကိုပုံမှန်ထက် အလွန်အကျွံသောက်ခြင်းဟာ ကျန်းမာရေး အတွက် မသင့်တော်ပါဘူး။ လူသားတွေရဲ့ဦးနှောက်အစိတ်အပိုင်း များစွာထဲမှာ ရေကိုဆာရင် ပုံမှန်ထက် ပိုမသောက်စေတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်တဲ့ အာရုံကြောအစိတ်အပိုင်း ရှိ နေတယ်ဆိုတာ စိတ်ဝင်စား ဖို့ကောင်းပါတယ်”လို့ ပြောကြားထားပါတယ်။ ရေကို ပုံမှန်ထက် အလွန်အကျွံ သောက်သုံးမယ်ဆို ရင် သွေးတွင်းဆားဓာတ် concentration ကို လွန်စွာလျော့ကျစေတဲ့အပြင် ဦးနှောက်ရောင်ရမ်းခြင်း (swelling of brain) ကို ဖြစ်စေနိုင်ပြီး သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ သာမန်လူတွေက အဲဒီလိုဖြစ် ပွားဖို့ ခဲယဉ်းပေမယ့် မာရသွန်အပြေးသမားတွေနဲ့ စိတ်ကစဥ့်ကလျား ဝေဒနာရှင်တွေမှာ တွေ့ရတတ် တယ်လို့ ဒီသုတေသနမှာ ဖော်ပြထားပါတယ်။

ဒီလေ့လာမှုကို Journal of Neuroscience မှာ ဖော်ပြထားပါတယ်။

ငြိမ်းအေး
ref: ANI

ပိန်ဆေးမသုံးခင် ဘာတွေ သိရမလဲ .........

Slimming pills ပိန်ဆေးမသုံးခင် ဘာတွေ သိရမလဲ

ပိန်ဆေးဆိုတာ ဈေးကွက်ထဲမှာအမျိုးမျိုးရှိကြတယ်။ သုံးစွဲတဲ့အခါ သေချာရွေးချယ်တတ်ဖို့တော့ လိုအပ်ပါသေးတယ်။အဆီဓာတ်ချပေးတဲ့ပိန်ဆေးလား၊ကစီဓာတ်ချပေးတဲ့ ပိန်ဆေးလား၊ဒါမှမဟုတ် အမျှင်ဓာတ်ပါဝင်တဲ့ဝမ်းသွားစေတဲ့ပိန်ဆေးမျိုးလား။ဒါသိရုံနဲ့တင်မပြီးသေးဘူး။ပါဝင်တဲ့ဆေးအမျိုးအစား၊ဘယ်လောက်ပမာဏ ပါဝင်ကြသလဲ။ အရေးကြီးဆုံးက ဘေးထွက်ဆိုးကျိုး ဘာတွေဖြစ်နိုင်လဲ ဆိုတာပဲ။ တွေ့သလောက်ပြောရရင် အများစုဟာ ပိန်ဆေးဆိုတာလောက်သာ သိရှိကြတယ်။ အာနိသင်ဘယ်လိုရှိလဲ။ဘယ်နေရာတွေမှာ အသုံးပြုရလဲ။ ဆေးပမာဏ ဘယ်လောက်ထိ သုံးစွဲရမှာလဲ။မသိသူသာ များကြတယ်။သူများကောင်းတယ်ပြောလို့ လိုက်သောက်ကြသူက ထက်ဝက်ကျော်လောက်ရှိမယ်။ ဆေးဆိုင်ညွှန်းလိုက်တာပါထည့်တွက်ရင် ရာခိုင်နှုန်းက ပိုများသွားမယ်။ ဆေးကြေငြာတွေကလည်း ကောင်းလိုက်တာ ကလား။ဆေးက ဘယ်နှစ်ရက်အတွင်း ဘယ်လိုကျသွားစေရမယ်၊အစာရှောင်စရာ မလိုဘူးဆိုတာက ပါသေးတယ်။ ဒီနေရာမှာ ပိန်ချင်သူတွေ သိရှိရမယ့် အရေးကြီးအချက်နှစ်ချက်ကို ဖော်ပြပါမယ်။

၁။အလေးချိန်ရုတ်တရက် ကျဆင်းတာဟာ ကျန်းမာရေး ပြဿနာတစ်ခုပါ။ဥပမာ တပတ်အတွင်း ၁၀ပေါင်လောက် ကျဆင်းသွားရင် မကောင်းတော့ဘူး။ လူကို တခုခုထိခိုက်နိုင်တယ်ဆိုတာ သတိပြုပါ။

၂။အစားအသောက်မလျှော့ပဲ ပိန်တဲ့ဆေး မရှိပါဘူး။အစားအသောက်အပြင် လေ့ကျင့်ခန်းပါ လိုက်လုပ်နိုင်မှ အမှန်တကယ် ဝိတ်ကျပါတယ်။ကျွန်တော်တို့ရဲ့ အားနည်းချက်က အယုံလွယ်တာပဲ။ကောင်းတဲ့အချက်တွေရှိသလို မကောင်းတဲ့အချက်လည်း မနည်းလှဘူး။ ကြေငြာလေးများကောင်းရင် သိပ်သုံးကြည့်ချင်တာပဲ။ သို့သော် ကိုယ်တင်သူတင်မဟုတ်။ တခြားတိုင်းပြည်တွေမှာလည်း အလားတူပါပဲ။ ဒါ့ကြောင့်ပဲ ကြေငြာတွေ အပြိုင်အဆိုင် လုပ်ကြတာပေါ့။ သုံးစွဲတဲ့အခါ ကိုယ်နဲ့တဲ့တာ ရှိသလို တချို့ မတဲ့တာမျိုးလည်း ရှိတတ်တယ်။ အချို့သောပိန်ဆေးတွေဟာ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်တာမျိုးကို ဖြစ်တတ်သေးတယ်။ဥပမာ နှလုံးရောဂါနဲ့ကင်ဆာလို ရောဂါမျိုးပေါ့။ ဒီလိုဆေးမျိုးတွေကို အမေရိကား FDAက တရားဝင် ပိတ်ပင်လိုက်ပေမယ့် ဆက်လက်သုံးစွဲသူက သုံးစွဲကြဆဲပဲ။ မရှိတာထက် မသိတာက ပိုခက်တယ်မလား။ ကိုယ့်လူမျိုးထုံးစံက ဒီဆေးနဲ့တဲ့ရင် အခြားတယောက်ကိုပါ ဆေးသောက်ဖို့၊သုံးစွဲဖို့ ညွန်တတ်ကြသေးတယ်။ ဘာ့ကြောင့်သုံးမှန်းတော့ ကောင်းကောင်းမသိကြဘူး။ပိန်ဆေးအချို့သုံးပြီး ဆေးမတည့်တဲ့ လူနာတွေလည်း ရှိတတ်ကြတယ်။ ပိန်ချင်တာတော့ ဟုတ်ပါတယ်။ ဆေးသောက်ရုံ သောက်ပြီး အစားအသောက်၊အနေအထိုင်မဆင်ခြင်နိုင်ရင်လည်း အဆင်မပြေပြန်ဘူး။ ဆေးကုမ္ပဏီတွေဟာpsychoသဘောတရားကိုနားလည်တယ်ပြောရမယ်။ကောင်းကောင်းအသုံးချတယ်။ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ထက်ဝက်ကျော်ဟာ overweightပုံမှန်ထက် ဝသူတွေဖြစ်ကြတယ်။အနည်းဆုံး BMI 25အထက်မှာ ရှိကြတယ်။ ဒီလိုလူတွေဟာ ပိန်ချင်တယ်။ပိန်ဖို့ ငွေဘယ်လောက်ကုန်ကုန်ဆိုတာမျိုးတွေလဲ အများအပြားပဲ။ လွယ်လွယ်ကူကူပိန်ဖို့နည်းမျိုးစုံသုံးကြတယ်။သောက်ဆေး၊ထိုးဆေး၊လိမ်းဆေး၊ကပ်ခွာဆေး၊ချက်ကပ်တဲ့ဆေးစသည်ဖြင့် မျိုးစုံပဲ။ ဆေးကုမ္ပဏီတွေအတွက်ကတော့ အခွင့်ကောင်းပဲ။ ပိန်ဆေးဆိုတဲ့ခေါင်းစဉ်အောက်မှာပဲ နာမည်အမျိုးမျိုးတပ်ကြတယ်။dietary supplementဆိုတာမျိုး၊ herbal ဖြစ်လို့ ဘေးထွက်ဆိုးကျိုးမရှိဘူးဆိုတာမျိုး၊စားချင်တာစား ဝိတ်ကျဖို့ တာဝန်ထားဆိုတာမျိုးတွေ မြှုဆွယ်တတ်ကြတယ်။ဘေးထွက်ဆိုးကျိုးမရှိရင် သုံးစွဲဖို့ဝန်မလေးကြတာ အများစုပါ။ ကံကောင်းရင် ဝိတ်ကျမယ်။ကံမကောင်းလဲ ဆိုးကျိုးမရှိလို့ ပျော်ပျော်ကြီးသုံးစွဲကြတယ်။ ဒီထဲမှာ ပိုကံကောင်းတာက ဆေးကုမ္ပဏီတွေပဲ။ နှစ်စဉ်ဒေါ်လာဘီလီယံချီပြီး ဝင်နေကြတယ်။တချို့ကုမ္ပဏီတွေက herbal ဆိုတဲ့ခေါင်းစဉ်အောက်မှာ တားမြစ်ထားတဲ့ပိန်ဆေးအချို့ ထည့်မှန်းမသိထည့်ကြတယ်။နောက်ဆုံးကျ အလွယ်ကြိုက်တတ်တဲ့ သုံးစွဲသူတွေသာ အချိန်ကုန်၊ငွေကုန်ဖြစ်ပြီး ဝိတ်ကမကျဘဲစိတ်ညစ်ရတယ်။ စားချင်တာစားလိုက်မိလို့ ပိုဝလာတာပဲ အဖတ်တင်တယ်။ကြေငြာကောင်းပြန်တော့ နောက်ဆေးပြောင်းသောက်မယ်။ဈေးကြီးပြီး နောက်ဆုံးတော့ဒုံရင်းက ဒုံရင်းပဲ။ကိုယ်တိုင်ဝိတ်ကျဖို့ မကြိုးစားပဲ ဆေးချည်းအားကိုးနေတဲ့အခါ ဒီလိုမျိုးတွေသာဖြစ်နေကြတယ်။ ဆေးဆိုတာမျိုးက ကူညီရုံသာတတ်နိုင်တယ်။ ပိန်ဆေးတိုင်းမှာလဲ အစားရှောင်ဖို့၊လေ့ကျင့်ခန်းလုပ်ဖို့ ရေးထားပါတယ်။ပိန်ဖို့အတွက် ကိုယ်ပိုင် planချပြီး သေချာလုပ်ဆောင်ရတယ်။

ပိန်စေဖို့အရေးကြီးဆုံးအချက် နှစ်ချက်

၁။ခံယူချက်-ပိန်ရမယ်၊ဝိတ်ကျကို ကျရမယ်ဆိုတဲ့ သံဓိဌာန်မျိုး လုံးဝချမှတ်ရမယ်။

၂။လုပ်ဆောင်ချက်-ခံယူချက်အတိုင်း လိုက်လံလုပ်ဆောင်နိုင်မှ အမှန်တကယ် အလုပ်ဖြစ်ပါလိမ့်မယ်။ပင်းပန်းဆင်းရဲခံနိုင်ရမယ်။ချုပ်တီးနိုင်စွမ်းလည်းရှိရမယ်။ အစားအသောက်၊အနေအထိုင် ဆင်းရဲနိုင်သလို လေ့ကျင့်ခန်းပါ ပူးတွဲလုပ်ဆောင်နိုင်မှ အကျိုးရှိပါလိမ့်မယ်။သူများဝိတ်ကျသူတွေကြည့်ပြီး အားကျရုံနဲ့ မပြီးဘူး။

မဖြစ်မနေ လုပ်ဆောင်ရမည့် အချက်နှစ်ချက်

၁။အစားအသောက် လုံးဝဆင်ခြင်ရမယ်။အထူးသဖြင့် အဆီအစိမ့် တွေ။

၂။လေ့ကျင့်ခန်းကိုတဆင့်ချင်း ပိုမိုလုပ်ဆောင်ရမယ်။လှုပ်ရှားမှုမရှိခဲ့တဲ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပေါ့ပါးလာစေဖို့ စတင်လုပ်ဆောင်ပါ။ တဆင့်ထက် တဆင့်တက်ပြီး ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။အတွေ့ကြုံအရပြောရရင် အစားအသောက်မှာ ပြဿနာမရှိပေမယ့် လေ့ကျင့်ခန်းလုပ်တဲ့အခါ သာမန်ကာ လျှံကာလောက်သာ လုပ်ကြသူကများတယ်။ဒီအနေအထားမှာ အထက်မှာပြောခဲ့သလို ခံယူချက်ပိုင်းက အရေးပါလာပြီ။ပင်းပန်းဆင်းရဲခံနိုင်ရမယ်ဆိုတဲ့ ခံယူချက်၊သံဓိဌာန်မခိုင်မာတဲ့အခါ ဒီအပိုင်းမှာအားနည်းပြီး ပိန်ဖို့ရာခိုင်နှုန်းဟာ အားနည်းသွားတယ်။ ပုံမှန်အားဖြင့် ပိုလျှံနေတဲ့ အဆီတွေကို ဖယ်ရှားဖို့ တခုတည်းနည်းလမ်းက လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်ဆောင်ခြင်းပဲ ရှိပါတယ်။ အဲလို လုပ်ဆောင်နိုင်မှသာ အဆီပြင်တွေ လှုပ်ရှားမှုမှတဆင့် ပြိုကွဲပြီး အပြင်ထွက်နိုင်မှာလေ။ ဒီအရေးကြီးဆုံးအစိတ်အပိုင်းကို စိတ်ဓာတ်ခွန်အားနဲ့ ကောင်းကောင်းကျော်ဖြတ်နိုင်ပြီဆိုရင် ပိန်ဖို့ထက်ဝက်ကျော်လောက် သေချာပြီလို့ ပြောနိုင်ပါတယ်။ ကိုယ့်ကို ကိုယ် ညှာတာဖို့ လုံးဝမစဉ်းစားလေနဲ့။ ဒုတိယအရေးကြီးတဲ့အချက်က စားတဲ့အခါတိုင်း ကိုယ်ပင်ပင်ပန်းပန်းလုပ်ရတာကို အောက်မေ့ပြီး တတ်နိုင်သလောက်လျှော့စားပေးရမယ်။ လိုအပ်သလောက်သာ ချင့်ချိန်ပြီး စားပေးသင့်တယ်။ပိုလျှံအောင်တော့ ဘယ်သောအခါမှ မစားလေနဲ့။ စွမ်းအင်လိုအပ်တဲ့အခါ ခန္ဓာကိုယ်တွင်းသိမ်းဆည်းထားတဲ့ အဆီပြင်က လိုအပ်သလောက်ထုတ်ပေးလိမ့်မယ်။ ဒီလိုနဲ့ အဆီပြင်ဟာ လုံးပါးပါးပြီး ဝိတ်ကျလာလိမ့်မယ်။သတိပြုစရာအချက်က အစားအသောက် အလွန်အကျွံရှောင်ဖို့ မလိုအပ်ဘူး။ ဗိုက်ပြည့်လွယ်တဲ့ သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်တွေ ပြောင်းလဲစားသုံးပေးရမယ်။ ဗိုက်တင်းအောင်ထိ မစားလေနဲ့။ဗိုက်ပြည့်ရုံသာ စားပါလေ။မနက်စာနဲ့နေ့လည်စာစားပြီး ညစာရှောင်တာလဲ ကောင်းတဲ့အကျင့်ပဲ။အဆီပိုတွေတက်မလာအောင် ကာကွယ်ပေးနိုင်တယ်။

ပိန်ဆေးအမျိုးအစားတွေကို ယေဘုယျလောက် သိအောင်ကြိုးစားသင့်တယ်။

၁။starchကစီဓာတ်ကျစေတဲ့ ပိန်ဆေး

-အူလမ်းကြောင်းက ကစီဓာတ်တွေမစုပ်ယူနိုင်အောင် တားမြစ်တဲ့သဘောဖြစ်ပါတယ်။အစာခြေလမ်းကြောင်းက enzymeဓာတ် တမျိုးကို တားဆီးပေးတယ်။ဥပမာ-Lobeseလိုဆေးမျိုးဟာ ဆန်၊ဂျုံ၊ပြောင်း အစားများသူတွေနဲ့ သင့်တော်တယ်။

၂။fatအဆီဓာတ်ကျစေမယ့် ပိန်ဆေး

-အူလမ်းကြောင်းမှာရှိတဲ့ အဆီဓာတ်ချေဖျက်ပေးတဲ့ enzyme ကို တားမြစ်ပေးတယ်။အဆီဓာတ်ကို မစုပ်ယူနိုင်လို့ တဖြည်းဖြည်းဝိတ်ကျဆင်းစေတယ်။ ဈေးကွက်မှာ Zytrim,Xanical,Obelit နာမည်တွေနဲ့ ရနိုင်တယ်။FDAက အသိမှတ်ပြုထားတဲ့ ပိန်ဆေးမျိုးဖြစ်ပါတယ်။အဆီ၊အဆိမ့်၊အသား အစားများသူတွေ သောက်သုံးနိုင်တယ်။

၃။အစာစားချင်စိတ် တားဆီးတဲ့ဆေး

-ဦးနှောက်ထဲမှာ ရှိတဲ့ အစာစားချင်စိတ်ကို ထိန်းသိမ်းပြောင်းလဲပစ်တယ်။ရင်ပြည့်နေသလို ခံစားရတယ်။ဈေးကွက်မှာ အသုံးများတဲ့ Slimmax 10ဟာဒီလိုဆေးမျိုးဖြစ်ပါတယ်။ နှလုံးပုပ်တာ၊လေဖြတ်တာ စတဲ့ ဆိုးရွားတဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် ၂၀၁၀နောက်ပိုင်းကစပြီး တားမြစ်ခဲ့တယ်။

၎။ဝမ်းပျော့၊အဆီချ ပိန်ဆေး

-အဓိက ဝမ်းနှုတ်ပေးတဲ့သဘောမျိုးဖြစ်ပါတယ်။အမျှင်ဓာတ်များတယ်။အဆီအစိမ့်အစားများသူဟာ ဝမ်းချုပ်တတ်တယ်။ ဆေးဆိုတာထက် dietary supplement အမျိုးအစားထဲ ထည့်ထားတယ်။ဝမ်းလဲသွားသလို မကောင်းတဲ့အညစ်အကြေးတွေပါ ပါသွားစေတယ်။တချို့ဆေးတွေက မနက်သောက်ပြီး တချို့ကညသောက်ရတယ်။အဆီချ ဇီးသီး၊ကော်ဖီ၊ အမှုန့်ထုပ်စသဖြင့် အမျိုးမျိုး လာတယ်။ကပ်ခွာဆေးလဲ ဒီသဘောပဲ။သိပ်မထူးလှဘူး။ဘေးထွက်ဆိုးကျိုးကတော့ ရှိကြတာချည်း ဖြစ်ပါတယ်။ သတိထားသုံးစွဲဖို့သာ မိမိတာဝန်ဖြစ်ပါတယ်။ကောင်းတဲ့အချက်ထက် ဘေးထွက်ဆိုးကျိုးသေချာသိမှသာ ပိန်ဆေးတွေကို သုံးစွဲသင့်ကြောင်း အကြံပေးလိုပါတယ်။

credit to ဆေးဝါးကမ္ဘာ ဘလောခ့်

Wednesday, April 23, 2014

ယောက္ခမအကြိုက် စကား (၆) ခွန်း

Posted by: Ko Myo on Wednesday, April 23, 2014 Categories:


လောကမှာ ယောက္ခထီးနဲ့ ချွေးမ မပြေလည်တာထက် ယောက္ခမ နဲ့ ချွေးမ မပြေလည်တာက ပိုများတတ်ပါ တယ်။ ဒီနေ့ တော့ ဘာရယ်မဟုတ် အင်တာနက်ထက်မွှေနောက်ကြည့်ရင်း တွေ့မိတာလေးတစ်ချို့ကို ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်နော်။ အဆင်ပြေရင် မုန့်လာကျွေးနော်။ အဓိက လူတွေမှာ လိုအပ် တာက အပြောချိုသာမှုပါပဲ။ အပြောချိုရင် အရာအားလုံးမှာ အဆင်မပြေဘူးဆိုတာထက် ပြေလည်ကြတာ က ပိုများပါတယ်။ ဒီတော့ ကိုယ့်နဲ့ ယောက္ခမက အတူတူ နေလို့ပဲဖြစ်ဖြစ် မနေလို့ပဲဖြစ်ဖြစ် မပြေလည်ကြ ရင် ကိုယ့်ရဲ့ ခင်ပွန်းသည်ရော ကိုယ်ရော စိတ်ညစ်ရပါတယ်။ ဘာပဲပြောပြော ပြေလည်တာကတော့ အတိုင်းထက်အလွန်ပေါ့လေ။ ဒီတော့ ဘာလိုစကားတွေကို အဓိကထားပြောရမလဲ ……..

၁) ဘယ်တော့ကြည့်ကြည့် နုပျိုလန်းဆန်းနေတာပဲ။ ဒီစကားတစ်ခွန်းက တကယ်တော့ ဘယ်သူ့ ကိုပြောပြော အပြောခံရတဲ့သူတွေက ကျေနပ် သဘောကျကြပါတယ်။ ယောကျာ်းပြောပြော မိန်းမပြောပြော အားလုံးကကြိုက်ကြပေမဲ့၊ ကိုယ့်ယောက္ခမဖြစ်သူ ကိုပြောတော့မယ်ဆိုရင်တော့ အရမ်းကြီးအကဲမပိုဖို့ လိုပါတယ် ။ သူကဒီလိုက သက်သက်လာမြှောက်တယ် မထင်ရအောင် ပြောတတ်ဖို့လိုပါတယ်။ ဥပမာ ။ ။ အမေရယ် အမေ့ကို ဘယ်တော့ကြည့်ကြည့် လန်းဆန်းနေတာပဲ။ ခုနေသမီးနဲ့သွားရင် သမီးကတောင် အိုတဲ့ရုပ်ထွက်နေတာ ကိုယ့်ကိုယ်ကိုတောင် စိတ်ပျက်ပါတယ် ဆိုတာမျိုးလေးပေါ့ ။

၂) အမေ့လက်ရာက အရမ်းစားလို့ကောင်းတာပဲ ။ ဒီစကားကတော့ စားဖိုမှူးတစ်ယောက်နဲ့တွေ့မိလို့ သူ့ကို ဒီစကားလေးပြောပြီး ချီးကျူးပေးရင် သူလည်းသဘောကျပြီး နောက်ကို ကိုယ်လာရင်တောင် ကောင်းကောင်းမွန်မွန် ပိုထည့်ပေးဖို့ ၀န်လေးမှာမဟုတ်ပါဘူး။ နောက်ပြီး သူများအိမ် မှာ ဧည့်သည်သွားလုပ်ရင်လဲ အမလက်ရာလေးက ကောင်းလိုက်တာ ၊ ထမင်းဆိုင်ထက်တောင် သာတယ် ဆိုတာမျိုးလေး ချီးကျူးလိုက်ရင် ဘယ်သူမဆို ပီတိဖြစ်မှာပါပဲ။ ယောက္ခမ အိမ်ရောက်လို့ သူချက်ပေးတဲ့ ဟင်းစားရင် ဘယ်လောက်ပဲအရသာ မကောင်းမကောင်း အမှုအရာမပျက်ပဲ ဒါလေးက ဘယ်လိုချက်ထား တာလဲ အရမ်းစားကောင်းလို့ အမေ့ဆီက လာသင်ရဦးမယ် ဆိုတာမျိုး။

၃) ဘာပဲဝတ်ဝတ် ကြည့်ကောင်းနေတာပဲ။ ဒီစကားကိုတော့ ယောက္ခမ အင်္ကျီ အသစ်ဝတ်တဲ့ အခါမျိုးတွေ မှာ မသိလိုက် မသိဖါသာ မနေပဲ အမေရယ် ဘာပဲဝတ်ဝတ်ကြည့်ကောင်းလိုက်တာ သမီးတို့များ အ၀တ်စားတစ်ခါရွေးရင် ပိန်အောင် ၊ ကြည့်ကောင်းအောင် မနညးရှာဝတ်ရတာ အမေတို့ကြတော့ ကံကောင်းလိုက်တာ ဘာဝတ်ဝတ် လှနေတော့တာပဲ ဆိုတာမျိုးလေး ။

၎) အမေ့မြေးတွေက သူ့အဘွားကိုပဲ တစ်ချိန်လုံးတနေတာ။ ပိတ်ရက်တွေ ယောက္ခမ အိမ်ကလေးခေါ် မသွားမိတာ ကြာလာပြီဆိုရင် ယောက္ခမကတော့ ကျိန်းသေနှာကစ်နေပါပြီ။ အဲလိုအချိန်မျိုးတွေဆို အိမ်အ၀ ၀င်တာနဲ့ အထုတ်မချခင် အမေရယ် အမေ့မြေးတွေက ဘွားဘွားကြီးဆီသွားမယ်ဆိုပြီး တစ်ချိန်လုံး ဂျီကျနေတာ သူ့အိမ်စာတွေနဲ့ စာမပြီးမှာစိုးလို့ ခုမှ အမေ့ဆီကို လာရတော့တယ်။ သားတို့နော် နောက်ကို စာကောင်းကောင်းလုပ် ၊ စာတွေပြီးရင် ဘွားဘွားကြီးဆီကို မေမေ အပတ်တိုင်းပို့ပေးမယ်ဆိုတာ မျိုးလေး ပြောလိုက်တော့ ယောက္ခမကြီးလည်း နှာကစ်ပြေသွားတာပေါ့နော်။

၅) အမေပြောတာလည်း ဟုတ်တာပဲ။ ဒီစကားကိုတော့ ယောက္ခမ ဘာပဲပြောပြော တစ်ခုခု ထင်မြင် ချက်ပေးလို့ပဲဖြစ်ဖြစ် ကိုယ်ကမကျေမနပ်ဖြစ်နေရင်တောင် အရင်ဦးဆုံး တုန့်ပြန်တာမျိုးမလုပ်ပဲ ။ အမေပြောတော့လည်း ဟုတ်နေတာပဲ သမီးတောင်မတွေးမိလိုက်ပါဘူး ။ ဒါပေမဲ့ သမီးကတော့ ဒီလိုမျိုး စဉ်းစားထားတယ် အမေလည်း ၀ိုင်းအကြံပေးပါဦး ဆိုပြီး နောက်ဆက်တွဲ စကားကို ပြီး မှဖြည့်ပြောပေးပါ။

၆) အရမ်းဝယ်တတ်တာပဲ ။ ဈေးဝယ်ပြန်လာတဲ့ ယောက္ခမဖြစ်သူကို သူဘာလေးပဲဝယ်လာဝယ်လာ ချီးကျူး စကားပြောပေးပါ။ ဥပမာ ။ ။ ဟင်းရွက်လေးဝယ်လာရင်တောင် အမေ၀ယ်တာလေးက လတ်လိုက်တာ သမီးဝယ်ရင် ဘယ်တော့မှ အမေ့လို ကောင်းကောင်းကန်းကန်းမရတတ်ဘူး။ အမေ၀ယ်ရင်ကို ဈေး သည်တွေက ပိုပေးချင်နေတော့တာလားမသိဘူး ။ ဆိုတော့ သူလည်းသဘောကျ ကိုယ်လည်းဈေးဝယ်ရ သက်သာသွားနိုင်တာပေါ့။

မနုဿ ရဲ့ စာမျက်နှာလေးများ