Monday, May 12, 2014

SimCard ပျက်၊ ပျောက် လျှောက်ထားရာတွင်ကတ်ပြန်လည်ထုတ်ပေးခြင်း လုပ်ငန်းစဉ်ကိုရပ်ဆိုင်းထားရှိ ................

MPT-SIM-CARD











မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်အတူ အကျိုးတူပူးပေါင်း၍ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC Tes) ၏ ကတ်ပျက်၊ကတ်ပျောက်များ လျှောက်ထားခြင်းကို လက်ခံလျှက်ရှိသော်လည်း ကတ်ပြန်လည်ထုတ်မပေးနိုင်သေးကြောင်းမြန်မာ့ ဆက်သွယ်ရေးမှတစ်ဆင့်သိရှိရသည်။

’’ ၃၁ နဲ့စတဲ့ MEC Tel Sim Card တွေကိုတော့ အခုပျက်၊ ပျောက် လျှောက်ထားတဲ့ Sim card တွေ ကိုတော့ မထုတ်ပေးသေးပါဘူး။ ဟိုဘက်က Sim card တွေမရသေးလို့ပါ’’ ဟုဆက်သွယ်ရေးနှင့်သ တင်းအချက်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ သည်။

၂၀၁၃ ခုနှစ် ဧပြီကာလမှ အစပြု၍ငွေကျပ် (၁၅၀၀) တန် တန်ဖိုးနည်း CDMA 800 MHz (MEC Tel) Sim card များကိုသက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

 အဆိုပါ CDMA 800 MHz (MEC Tel) Sim card ပျက်၊ ပျောက်များကို သက်ဆိုင်ရာတိုင်း နှင့်ပြည်နယ်ဒေသကြီးအတွင်းရှိ ဆက်သွယ်ရေးရုံးများတွင်ပြန်လည်လျှေက်ထားရမည်ဖြစ်သည်။ ၀န် ဆောင်ခအနေဖြင့် CDMA 800 MHz (MEC Tel) Sim card အပျက်ပြန်လည်လျှောက်ထားပါက၀န် ဆောင်ခအနေဖြင့် စာရွက်စာတမ်းကြေးသာကျသင့်မည်ဖြစ်ပြီး SimCard ပျောက် ပြန်လည်လျှောက် ထားပါက ငွေကျပ် (၂) သောင်းနှင့်တကွစာရွက်စာတမ်းများသာကျသင့်မည်ဖြစ်သည်။

’’၂၀၁၄ ခုနှစ်မေ (၁၄) (၁၅) ရက်နေ့လောက် Sim Card ပြန်ထုတ်ပေးမယ်လို့ ကြားပါတယ်။ ဧပြီလ လယ်ပိုင်းကတည်းက စပြီး Sim Card ပျက်တော့ဒီမှာကတ်ဝယ်သွားပြီး ပျက်၊ ပျောက်ဖြစ်တဲ့အခါလာ လျှောက်လို့ချက်ချင်းမရတဲ့အပြင် အခုက ဘယ်အချိန်ပြန်ရမယ်လို့ အတိအကျ မပြောတော့ သိပ်အ ဆင်မပြေပါဘူး’’ ဟုဧရာဝတီတိုင်းမှတစ်ဆင့်ကတ်ပျောက်လာရောက်လျှောက်ထားသူ ကိုသီဟကျော် မှပြောကြားခဲ့သည်




ref:&Credit:Myanmar Digital Life Journal



Thihahtike


Welcome From My Blog



09-73151297

0 ကွန်မန့်ရေးရန်:

Post a Comment