This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, December 11, 2013

နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ​နှင့် ၀ိုင် ​ရောင်း​ချ​မှု ​စီး​တီး​မတ် ​ရပ်​ဆိုင်း​ .....................

Tuesday, December 10, 2013

ပြီး​ခဲ့​တဲ့​ရက်​ပိုင်း ​သာ​ကေ​တ ​မြ​မာ​လာ​လမ်း​က ​ဂို​ဒေါင်​တ​ခု​မှာ ​နိုင်​ငံ​ခြား​က ​တင်​သွင်း ​လာ​တဲ့ ၀ိုင်​ပု​လင်း ၉ သောင်း​နီး​ပါး​နဲ့ ​အ​ရက်​ပု​လင်း ၁ ​ထောင်​ကျော် ​ဖမ်း​ဆီး ​စစ်​ဆေး ​ခံ​နေ​ရ​တာ​နဲ့ ​ဆက်​စပ်​ပြီး ​စီး​တီး​မတ် ​ဟိုး​ဒင်း​ကု​မ္ပ​ဏီ​ဟာ ​သူ​ကုန်​တိုက်​တွေ​က​နေ ​နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ၊ ၀ိုင်​နဲ့ ​စီး​က​ရက်​အား​လုံး​ကို ​ဖယ်​ရှား​လိုက်​ပြီး ​ရောင်း​ချ​ခြင်း​ကို​လည်း ​ရပ်​ဆိုင်း​ထား​လိုက်​ပါ​တယ်။

ဆိုင်​ခွဲ ၅၀ ၀န်း​ကျင်​ရှိ​တဲ့ ​စီး​တီး​မတ် ​အ​ရက်​နဲ့ ​ဘီ​ယာ​ကောင်​တာ​တွေ​မှာ ​မ​နေ့​က​စ “​နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ၊ ​စီး​က​ရက်​နှင့် ၀ိုင်​များ ​ရောင်း​ချ​ခြင်း​ကို ​ခေ​တ္တ ​ရပ်​ဆိုင်း​ထား​ပါ​သည်။ ​အ​ဆင်​မ​ပြေ​မှု​များ​အ​တွက် ​တောင်း​ပန်​အပ်​ပါ​သည်။” ​ဆို​တဲ့ ​စာ​တန်း​လေး​တွေ ​ချိတ်​ဆွဲ​ထား​တာ ​တွေ့​မြင်​ကြ​ရ​ပါ​တယ်။

အ​လား ​တူ ​မြို့​လယ် ​ဧ​ရိ​ယာ​တွေ​မှာ ​ဖွင့်​လှစ်​ထား​တဲ့ ​အ​ရက်၊ ​ဘီ​ယာ​နဲ့ ၀ိုင် ​သီး​သန့် ​အ​ရောင်း​ဆိုင်​တွေ​ဟာ​လည်း ​နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ​နဲ့ ၀ိုင်​တွေ​ကို ​ဖယ်​ရှား​ထား​ပြီး ၀ယ်​သူ​လာ​မှ ​သိုဝှက်​ထား​တဲ့ ​နေ​ရာ​တွေ​က​နေ ​သွား​ယူ​ရောင်း​ချ​ပေး​တာ​မျိုး ​ပြု​လုပ်​လာ​ကြ​ပါ​တယ်။

အ​စိုး​ရ​ဟာ ​နိုင်​ငံ​ခြား​က​နေ ​အ​ရက်၊ ​ဘီ​ယာ၊ ၀ိုင်​နဲ့ ​စီး​က​ရက် ​တင်​သွင်း​ခွင့်​တွေ​ကို ​အ​ရင် ​စစ်​အာ​ဏာ​ရှင်​တွေ ​လက်​ထက်​က​တည်း​က ​ပိတ်​ပင်​ထား​ခဲ့​တာ ​ဒီ​နေ့​အ​ထိ ​ဖြစ်​ပါ​တယ်။

ဟို​တယ်​တွေ​ရဲ့ ​တင်​ပြ​ချက်​နဲ့ ​သွင်း​ကုန်​လိုင်​စင် ​အ​နည်း​အ​ကျ​ဉ်း ​ထုတ်​ပေး​တာ​က​လွဲ​ပြီး ​ကုန်​တိုက်​နဲ့ ​အ​ရောင်း​ဆိုင်​တွေ ​ရောင်း​ချ​သ​မျှ ​အား​လုံး​ဟာ ​မှောင်​ခို ​သွင်း​လာ​တာ​တွေ ​ချည်း ​ဖြစ်​ပါ​တယ်။

By ​ဒီ​ဗွီ​ဘီ

Thit Htoo Lwin - News

မန္တလေး ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် မြွေသေတ္တာအလုံး ၃၀ တွေ့ ..................

Tuesday, December 10, 2013

မန္တလေး၊ ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျောက်ချော ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့မည့် မြွေသေတ္တာ အလုံး၂၀ တွေ့ရှိခဲ့ကြောင်း အဆိုပါ ၁၆ မိုင် စစ်ဆေးရေးဂိတ် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် စစ်ဆေးရေးဂိတ် တာဝန်ရှိသူများနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပူးပေါင်း၍ ယင်းနေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်က စီနိုထရပ်ယာဉ် အမျိုးအစား ၂၂ ဘီး နောက်တွဲယာဉ်ကို ရှာဖွေစစ်ဆေးခဲ့ရာ ယင်းယာဉ် ပေါ်မှ မြွေမျိုးစုံ ထည့်ထားသော အလျား၂၈ လက်မ၊ အနံ ၁၉ လက်မ၊ အမြင့် ၈ လက်မခန့်ရှိ သစ်သားသေတ္တာ အလုံး ၃၀ ကို တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

"တရုတ်ပြည်ဘက်ကို မြွေ၊ လိပ် အကုန်သယ်တယ်။ ကားသမား ကတော့ ထွက်ပြေး တိမ်းရှောင်သွားတယ်" ဟု အဆိုပါ ၁၆ မိုင် စစ်ဆေးရေးဂိတ် တာဝန်ရှိသူက ထပ်မံပြောဆိုသည်။

အဆိုပါ သိမ်းဆည်းရမိသည့် ယာဉ်နှင့် မြွေမျိုးစုံ ထည့်ထားသော သစ်သား သေတ္တာအလုံး ၃၀ ကို သစ်တောဦးစီးဌာနက သစ်တောဥပဒေ အရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

Thit Htoo Lwin - News

လက်လုပ်ဗုံး တောင်ကြီး၌ပေါက်ကွဲ ဗုံးပြုလုပ်သူ ခြေချင်းဝတ်ပြတ် ...............................

Tuesday, December 10, 2013

တောင်ကြီး၊ ဒီဇင်ဘာ-၉

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မြို့မရပ်ကွက် မြောက်ကျောင်းလမ်းနှင့် အုတ်ဖိုလမ်းထောင့်ရှိ၊ အိမ်အမှတ် (၁၈၈) နှစ်ထပ်နေအိမ်၌ ဒီဇင်ဘာ ၈ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်က လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ မြို့မရပ်ကွက်မြောက်ကျောင်းလမ်းနှင့် အုတ်ဖိုလမ်းထောင့်ရှိ အိမ်အမှတ် (၁၈၈) နှစ်ထပ်အိမ်နေ ဟာဂျီယူစွတ်(ခ) ဦးမြင့်သိန်း (၄၈)နှစ်၊ အလယ်ဗလီဥက္ကဋ္ဌသည် ၎င်းနေအိမ်အောက်ထပ်၌ ကွန်ထရိုးမိုင်းဒေသန္တရဗုံးအား နှစ်လက်မခွဲခန့်ရှိ သံပိုက်ခေါင်း အဖုံးနှစ်ခုဖြင့် ယမ်းများထည့်၍ စမ်းသပ်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့
ခြင်းဖြစ်သည်။

ဦးမြင့်သိန်းတွင် ၀ဲဘက်ခြေထောက် ခြေချင်းဝတ်ပြတ်၊ ၀ဲဘက်လက်မနှင့် လက်ညှိုးပြတ်ရှ ဒဏ်ရာများရရှိခဲ့သဖြင့် တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံကြီး အရိုးကုသဆောင် အခန်း (၃)တွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိသည်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အိမ်က မိသားစုဝင်လေးယောက်နဲ့ အလုပ် သမားခြောက်ယောက် စုစုပေါင်း ၁၀ ယောက်ကို တောင်ကြီးမြို့မ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးပါတယ်။ ပြည်နယ် ရဲတပ်ဖွဲ့မှူးနဲ့အဖွဲ့ကလည်း လာရောက် ကြည့်ရှု စစ်ဆေးပြီးသွားပါပြီ " ဟု မိသားစုဝင်တစ် ဦးက ပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဟာဂျီယူစွတ် (ခ) ဦးမြင့်သိန်းသည် ရှမ်းပြည်နယ်၏ ဆိတ်၊အမဲကန်ထရိုက် လုပ်ကိုင်သူ တစ်ဦးဖြစ်သည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာမှ မီးလောင်ကျွမ်းထားသည့် ဘောစေ့များ (ယမ်းနံ့များရ)၊ မီးလောင်ကျွမ်းထားသည့် ဖုန်းအဖြူရောင် ဟန်းဆက် တစ်လုံး (ဆင်းမ်ကတ်မပါ)၊ မီးလောင်ကျွမ်းထားသည့် ဖုန်းအား သွင်းကြိုးတစ်ခု၊ မီးလောင်ကျွမ်းထားသည့် အနက်ရောင်ဖုန်းအိတ်တစ်ခု၊ အချင်းနှစ်လက်မခွဲခန့်ရှိ ၀က်အူရစ်ပါ ရေပိုက်ခေါင်းနှစ်ခု၊Hibo Tools Eagle စာတန်းပါ ခွရှင်တစ်ချောင်း၊King Eagle စာတန်းပါ ညှပ်ပလာယာ တစ်ချောင်း၊ ၆×၇ ဆိုက် ခွတစ်ချောင်း၊အရှည် လေးလက်မခွဲခန့်ရှိ သံချောင်း တစ်ချောင်း၊ အရှည်ကိုးလက်မခန့်ရှိ သံပြားတစ်ပြား၊ အချင်းခုနစ်စင်တီမီတာ အရှည် ငါးလက်မခွဲခန့်ရှိ သံပိုက်လုံးတစ်ချောင်း၊ အလျား ငါးလက်မခွဲ အနံလေးလက်မခွဲခန့်ရှိ သံပြားတစ်ပြား၊ စူပါဂလူးကော်ဘူး အသေးနှစ်ဘူး၊ Ps-Lon စာတန်းပါ သံကော်ဘူးတစ်ဘူး၊ ဖန်ပုလင်းအတွင်းထည့်လျက် အ၀ါရောင် ဓာတုဆေးရည် ၁၀၀ မီလီမီတာခန့်ပါ တစ်ပုလင်း၊ အရှည်သုံး လက်မခန့်ရှိ ဗြောက်အိုး ၁၀ ချောင်း၊Quper Red စာတန်းပါ မိန်းမစီး အပြာရောင် ဒေါက်ဖိနပ်တစ်ရန်၊ တစ်ဖက်မှာ မီးလောင်ကျွမ်းလျက် ဟာဂျီ ယူစွတ်(ခ) ဦးမြင့်သိန်း အခင်းဖြစ်စဉ်က ၀တ်ဆင်ခဲ့သော Class Seven စာတန်းပါ ခဲရောင်အနွေးထည် တစ်ထည် (သွေးနှင့်ဓာတုဆေး ရည်များ စွန်းထင်းနေသည်) စသည့် ပစ္စည်းများကို တောင်ကြီးမြို့ မြို့မ ရဲစခန်း စခန်းမှူး ဒုရဲမှူး ဥာဏ်လှိုင်ဦးနှင့်အဖွဲ့တို့က သက်သေများရှေ့၌ သိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါက်ကွဲ စေတတ်သော ၀တ္ထုပစ္စည်းများအား ပြုလုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် ကြီးကြပ်မှုအောက်တွင် ထားရှိခြင်းများ ပြုလုပ်သူ ဟာဂျီယူစွတ်(ခ) ဦးမြင့်သိန်းအား တောင်ကြီးမြို့ မြို့မရဲစခန်းက (ပ) ၃၁၃/ ၂၀၁၃ ပေါက်ကွဲစေတတ်သော ၀တ္ထုများ အက်ဥပဒေ ပုဒ်မ ၅ အရအမှုဖွင့်အရေးယူထားသည်။

မောင်မောင်သန်း(တောင်ကြီး)၊ ဧပရယ်-ရှမ်းပြည်နယ်(မြစ်မခ)၊
စံတော်ချိန် နေ့စဉ်သတင်းစာ


Thit Htoo Lwin - Crime

Tuesday, December 10, 2013

***လမ်းသန့်ရှင်းရေး လုပ်သော တရုတ်မီလျံနာ***........................


လမ်းသန့်ရှင်းရေး လုပ်သော တရုတ်မီလျံနာ 9.12.2013 Yu Youzhen လို့ အမည်ရတဲ့ တရုတ် အမျိုးသမီး ဖြစ်ပါတယ်။ အသက် ၅၃ နှစ် ရှိပြီ ဖြစ်ပြီး တရုတ်ပြည်မှာ အိမ်၊ခြံ၊မြေ ဈေးကွက် စီးပွားရေး သမား သူဌေး သူကြွယ် တစ်ဦး ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိ သူမ လုပ်နေတာကတော့ စီးပွားရေးတင် မကပဲ လမ်းတကာ သန့်ရှင်းလေး လုပ်တဲ့ သန့်ရှင်းရေး အလုပ်လည်း ပါဝင် ပါတယ်။ တစ်ပတ်မှာ ၆ ရက် မနက် ၃ နာရီ ထပြီး ၂ မိုင် အကွာအဝေးရှိတဲ့ လမ်းတစ်လျှောက်လုံးကို သန့်ရှင်းရေး လုပ်ပြီးမှ တစ်နေ့တာ သူ့အလုပ်ကို လုပ်ကိုင်ခြင်း ဖြစ်ပါတယ်။ သူမ ယခုလို လုပ်ရတဲ့ အကြောင်းအရင်း ကတော့ ချမ်းချမ်းသာသာ မိသားစုမှ ပေါက်ဖွားတဲ့ သူ့ သားသမီးများ ကို ဆုံးမ အတုယူစေဖို့ ဖြစ်ပါတယ်။ အလုပ်လုပ်ဖို့ထက် ငွေကြေးသုံးစွဲမှု၊ အပျော်အပါး မှာ ခုံမင်နေတဲ့ ကလေးများကို ငွေဆိုတာ အလွယ်တကူ ရှာမရကြောင်း သင်ခန်းစာ ရအောင် သူကိုယ်တိုင် မနက်တိုင်း သန့်ရှင်းရေး ထလုပ်ပြကြောင်း သိရ ပါတယ်။ . Ref: dyknow အောင်ခမ်း ( www.innewsmyanmar.com )

Sex Wallpaper.apk မိန်းကလေးမဒေါင်းရ


မင်္ဂလာပါခင်ဗျာ..........
wallpaper.apk ဆော့ဝဲလေးပါ တော်တော်လေး လန်းပါတယ် မိန်းကလေးများ 
မဒေါင်းရဘူးနော် အကိုများအတွက်ပါ မိုက်စားလေးမို့ တင်ပေးလိုက်တာပါ
ရိုင်းတာတော့ မဟုတ်ပါဘူး ပုံလေးတော့ တင်မပြတော့ဘူးနော်
နည်းနည်းလေး ရိုင်းနေလို့ပါ 
sex wallpaper လေးပါ ပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားနေမှာ ကိုကိုညီညီများအတွက်ပါ
ကြိုက်နှစ်သက်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ
ကြိုက်ရင်တော့ အောက်မှာ ကွန်မန်းလေးပြေားထားပေးခဲ့ပါနော်

ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)

ကာကွယ်ရေး ဦးစီးချုပ်မှ လက်နက်ကိုင် ပဋိပက္ခနှင့် အကြမ်းဖက်မူ ဒီမိုကရေစီက လက်မခံဟု ဆို ..........

နိရဉ္စရာ

ရခိုင်ပြည်နယ်ရှိ တပ်နယ် အသီးသီးသို့ လာရောက် လည်ပတ်ခဲ့သော မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင်မှ တပ်မတော်သားများနှင့် တွေ့ဆုံစဉ် လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများကို မည်သည့်ဒီမိုကရေစီ ကျင့်သုံးမှုမျိုးကမျှ လက်မခံကြောင်း ပြောဆိုသွားခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဒီဇင်ဘာ ၄ ရက်နေ့က ကျောက်တော်တပ်နယ် န၀ရတ် ခန်းမနှင့် စစ်တွေတပ်နယ် ဗန္ဓုလခန်းမတို့၌ တပ်နယ်များမှ အရာရှိ၊ စစ်သည် မိသားစုများနှင့် တွေ့ဆုံစဉ် ထိုသို့ အမှာ စကား ပြောကြားခဲ့သည်ဟု ဆိုသည်။

“ ပစ္စုပ္ပန်ကာလ လက်ရှိတာဝန်ထမ်းဆောင်နေသော အရာရှိ/စစ်သည်အားလုံးတွင် စည်းကမ်းရှိသောတပ်၊ အမိန့် နာခံသော တပ်ဖြစ်စေရေး တာဝန်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် လက်နက်ကိုင် ပဋိပက္ခနှင့် အကြမ်းဖက်မှုများကို မည်သည့်ဒီမိုကရေစီ ကျင့်သုံးမှုမျိုးကမျှ လက်မခံကြောင်း၊ သို့ဖြစ်၍ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး ကိစ္စရပ်များကို စိတ်ရှည်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ရွေးချယ်ထားသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဖြောင့်ဖြောင့် တန်းတန်း လျှောက်လှမ်းနိုင်ရေး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက် သွားရန် လိုအပ်ကြောင်း” တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသွားခဲ့သည်ဟု သိရသည်။

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (F.U.A.)....................


 
လိုင်ဇာဆွေးနွေးပွဲမှာ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.I.A.) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင် ဝတ်ဆင်ထားတဲ့ အင်ကျီမှာ (F.U.A.) လို့ ရေးထားတဲ့အကြောင်း Lachid Kachin က ဓာတ်ပုံနဲ့တကွ တင်ပြထားတယ်။

ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် (Federal Union Army) ကို ထူထောင်ဖို့ ၂၀၁၀-ခုနှစ်၊ CEFU အဖွဲ့ဖွဲ့စည်းကတည်းက ဆုံးဖြတ်ခဲ့ကြဟန် ရှိတယ်။ အစိုးရက ဒီအကြံကို ရိပ်မိလို့ (၁) နိုင်ငံတကာ သံတမန်ရေးမှာ အစိုးရလည်း မျက်နှာပန်းလှစေ၊ (၂) တိုင်းရင်းသားလူမျိုးများရဲ့ စစ်ရေး ဆောင်ရွက်မှုများကိုလည်း ဟန့်တားနိုင်စေ ဆိုပြီး စီမံကိန်းများ ချမှတ်ခဲ့တယ်။

F.U.A. ကို အပြတ်ထောက်ခံတဲ့ ကချင်၊ ရှမ်းမြောက်၊ ပလောင်၊ မွန်၊ ပအိုဝ်း၊ ကရင်နီတို့ထဲက အင်အားအကောင်းဆုံး ကချင်ကို ဖြိုဖို့ အစိုးရက သန္နိဋ္ဌာန်ချခဲ့တယ်။ တရုတ်အကျိုးစီးပွားရှိတဲ့နေရာကို

ထိန်းချုပ်ထားနိုင်ဖို့လည်း အကျိုးအမြတ်ရှိတဲ့ စစ်ပွဲ ဖြစ်တယ်။

F.U.A. ဖွဲ့စည်းဖို့ အင်းတင်တင် ဖြစ်နေတဲ့ K.N.U. ရခိုင်၊ ရှမ်း၊ ချင်း အစရှိသည်တို့ထဲက ကရင်ကို အရင်ဆုံး ချဉ်းကပ်ခဲ့တယ်။ ပြီးတော့ ရှမ်းတောင်ကို ချဉ်းကပ်ခဲ့တယ်။ အခုအချိန်မှာ ရခိုင်၊ ချင်း၊ ကရင်တို့က F.U.A. ဘက်ကို ယိမ်းလာခဲ့ပြီး UWSA ဝတပ်ဖွဲ့ကလည်း F.U.A. ကို စိတ်ဝင်စားလျက် ရှိတယ်။ ရှမ်းတောင် (RCSS)ကတော့ ဒီကနေ့အထိ စိတ်ဝင်စားခြင်းမရှိသေးဘဲ အခြေအနေကို စောင့်ကြည့်လျက် ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် မိမိထင်မြင်ချက်ကို ပြောရရင် တိုင်းရင်းသားခေါင်းဆောင်တွေကြားမှာ F.U.A. ဖွဲ့စည်းဖို့ သဘောတူညီချက် ရရှိထားကြပြီး လက်ရှိအစိုးရနဲ့ တွေ့ဆုံဆွေးနွေးနေမှုများ မထိခိုက်စေချင်လို့ လှို့ဝှက်ထားတာ ဖြစ်နိုင်ပါတယ်။ လက်ရှိသွားနေတဲ့ နိုင်ငံရေးအရ အဖြေရှာရေးနည်းလမ်း မအောင်မြင်ပါက F.U.A. ကလည်း လူရှေ့သူရှေ့ ရောက်လာမှာပါ။
 

ကမ္ဘာ့ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားစာရင်းတွင် မြန်မာထိပ်ဆုံး၌ ရပ်တည် ...........................


Monday, December 9, 2013

ရန်ကုန်၊ ဒီဇင်ဘာ ၈

ဗြိတိန်နိုင်ငံ အခြေစိုက် Charities Aid Foundation (CAF) ၏ စစ်တမ်း ကောက်ယူမှုများအရ ၂၀၁၃ ခုနှစ် ကမ္ဘာ့ ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားစာရင်း (Donating Money) တွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ ရပ်တည်နေကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်သည့် World Giving Index 2013 တွင် ဖော်ပြထားချက်အရ သိရသည်။

အရွယ်ရောက်ပြီးသူ ၁၀၀ တွင် ၈၅ ဦးမှာ စစ်တမ်း မကောက်ယူမီ တစ်လအတွင်း လူမှုရေး၊ ဘာသာရေးအဖွဲ့ တစ်ခုခုသို့ ငွေကြေး လှူဒါန်းဖူးသူများ ဖြစ်သောကြောင့် မြန်မာနိုင်ငံသားများမှာ ကမ္ဘာ့ အလှူပေးဆုံး စာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေခြင်း ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ ၇၆ ဦးဖြင့် ဒုတိယ နေရာ၌ ရပ်တည်နေကြောင်း အဆိုပါ စာရင်းတွင် ဖော်ပြထားသည်။

အလှူပေးမှုမှာ ချမ်းသာခြင်း၊ ဆင်းရဲခြင်းနှင့်များစွာ မသက်ဆိုင်ဟု မြန်မာက သတိပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ အရက်ရောဆုံး နိုင်ငံသားစာရင်း ထိပ်ဆုံး ဆယ်နိုင်ငံတွင် ဖွံ့ဖြိုးပြီး နိုင်ငံများ ဖြစ်သည့် G20 စာရင်းဝင် နှစ်နိုင်ငံသာ ပါဝင်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ထောက်ပြထားသည်။

တစ်လအတွင်း ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်း တစ်ခုခုသို့ ငွေကြေး လှူဒါန်းမှု၊ အဆိုပါ အဖွဲ့တစ်ခုခုသို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင် လုပ်အားပေးမှုနှင့် အကူအညီ လိုအပ်နေသူ မျက်နှာစိမ်း တစ်ဦးကို အကူအညီ ပေးမှုစသည့် အချက်သုံးချက်အပေါ် အဓိက တိုင်းတာသည့် ကမ္ဘာ့ ပေးလှူမှု စာရင်း (World Giving Index) တွင်မူ အမေရိကန် ပြည်ထောင်စုက ပထမဆုံး ဖြစ်ပြီး မြန်မာနိုင်ငံကမူ ကနေဒါ၊ နယူးဇီလန် နိုင်ငံတို့နှင့် ဒုတိယနေရာ၌ ပူးတွဲ ရပ်တည်နေကြောင်း CAF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများ အနေနှင့် ယင်းသို့ ကမ္ဘာ့ ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားအဖြစ် သတ်မှတ်ခံရခြင်းမှာ ပေးလှူ လိုသော စေတနာ သဒ္ဓါတရား အားကောင်းသည့် လူမျိုးများ ဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံ ကေလနိယ တက္ကသိုလ်တွင် ပညာသင်ယူနေသည့် မြန်မာရဟန်းတော် အရှင်ဓမ္မပိယက မိန့်ကြားသည်။
“အကျိုးဖြစ်ထွန်းမှုကတော့ ပေးလှူသူရဲ့စေတနာ၊ ပေးလှူတဲ့နေရာ အပေါ်မှာ မူတည်လိမ့်မယ်” ဟု အရှင်ဓမ္မပိယက ရှင်းပြသည်။

အကူအညီလိုသူ မျက်နှာစိမ်းကို အကူအညီပေးမှု ထိပ်ဆုံးစာရင်းတွင် အမေရိကန် ပြည်ထောင်စုက ၇၇ ရာခိုင်နှုန်းဖြင့် ရပ်တည်နေပြီး လူမှု အဖွဲ့အစည်းများတွင် လုပ်အားပါဝင်မှု ထိပ်ဆုံးစာရင်း၌ တာ့ခ်မင်နစ္စတန် နိုင်ငံက ၅၇ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံး၌ ရပ်တည်နေသည်။

ကမ္ဘာ့ နိုင်ငံပေါင်း ၁၃၅ နိုင်ငံကို ထည့်သွင်း ကောက်ယူသည့် အဆိုပါ World Giving Index စာရင်းတွင် ၂၀၀၆ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံး ပြန်လည် ထည့်သွင်း ကောက်ယူခြင်း ဖြစ်ပြီး နိုင်ငံအလိုက် စာရင်းတွင် ဒုတိယနေရာ၌ ပထမဆုံး ဖော်ပြခံရခြင်း ဖြစ်သည်။

The Voice Weekly

Thit Htoo Lwin - News

ဒုရဲအုပ် အမျိုးသမီးကို တည်ကြက် လုပ်၍ လုယက် သူများအား ဖမ်းမိ..........................

မုံရွာ၊ ဒီဇင်ဘာ ၈

တစ်ပတ်အတွင်း အမျိုးသမီးသုံးဦး လုယက်ခံခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး မြို့တော်မုံရွာမြို့ အဓိက
လမ်းမကြီးများတွင် ပိုက်ဆံအိတ် လုယက်သူ များကို ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်း ၈ နာရီအချိန်က ဒု
ရဲအုပ်အမျိုးသမီးတစ်ဦးကို တည်ကြက်အဖြစ် အရပ်သားအမျိုးသမီးအဖြစ်သုံး၍ မြို့မရဲစခန်း ရဲတပ်ဖွဲ့က
ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးက အတည်ပြု ပြောကြားသည်။

ဒီဇင်ဘာလ ပထမပတ်အတွင်းတွင် အမျိုးသမီးများ ပိုက်ဆံအိတ်များလုယက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်
ဒုရဲအုပ် အမျိုးသမီး စီးနင်းသည့် ဆိုင်ကယ်ရှေ့ခြင်းအတွင်း ကြိုးဖြင့် ချီထားသည့် အိတ်ကို ထည့်စေပြီး
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်မှ ဆင်နှစ်ကောင် ဘုရားအကြား လမ်းကြောင်းအတိုင်း ဆိုင်ကယ်ကို စီး
နင်းခဲ့ရာ ညပိုင်း ၈ နာရီ အချိန်ခန့်တွင် ကန်သာယာ ဘုရား အနီးတွင် လူငယ်နှစ်ဦး စီးလာသည့် ဆိုင်
ကယ်က အိတ်ကို ဆွဲယူ ခဲ့သည့် အတွက် နောက်မှ အနီးကပ် လိုက်ပါလာသည့် ဒုရဲအုပ် အမျိုးသားနှင့်
ကြိုတင်စောင့်ဆိုင်းနေသောရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အရပ်ဝတ်နဲ့ တပ်ဖွဲ့ဝင် ၁၅ ဦးလောက်ထိ စောင့်နေပြီးသားပါ၊ အခင်းဖြစ်တဲ့အချိန်မှာ လုယက်သူတွေ
က အိတ်လုပြီး ဆိုင်ကယ်ကို ပြန်ကွေ့ပြေးဖို့ ကြိုးစားတယ်။ အဲဒီမှာ ဆိုင်ကယ်နောက်က အိတ်လုတဲ့လူ
ကို လှမ်းဆွဲလိုက်တာ ဆိုင်ကယ် မောင်းသူကတော့ ထွက်ပြေးသွားတယ်” ဟု ကိုယ်တိုင် ပါဝင်ဖမ်းဆီး
ခဲ့သည့် မုံရွာမြို့မစခန်းမှူး ဦးကျော်ကျော်ညွှန့်က ဆိုသည်။

ဖမ်းဆီးရမိထားသူမှာ အသက် ၁၉ နှစ်အရွယ်ဖြစ်ကာ တံခွန်တိုင်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး လုယက်
မှုတွင် ပါဝင်ဆက်နွှယ်သော နောက်ထပ်သုံးဦးကိုလည်း ဖမ်းဆီးရမိခဲ့သည့်အတွက် စုစုပေါင်းလေးဦးဖမ်း
မိထားကြောင်း ယင်း မြို့နယ်ရဲစခန်းမှ သိရသည်။

မုံရွာမြို့ပေါ် အဓိက လမ်းမပေါ်တွင် နိုဝင်ဘာလ၂၈ ရက်နေ့က အမျိုးသမီး ဆရာဝန်တစ်ဦး ပထမဆုံး
အကြိမ် ပိုက်ဆံအိတ် လုယူခံရပြီး ဒီဇင်ဘာလ ၄ ရက်နေ့ည ၇ နာရီတွင် စာရင်းစစ်ရုံးမှ ပြန်လာသည့်
ဝန်ထမ်းအမျိုးသမီး လုယက်ခံရသည့်အပြင် ဒီဇင်ဘာလ ၅ ရက်နေ့ညပိုင်း ၉ နာရီခန့် ကလည်း စာသင်
ပြီး ပြန်လာသည့် ဆရာမတစ်ဦး ထပ်မံလုယက်ခြင်း ခံခဲ့ရသည်။

ဖမ်းဆီးရမိသည့် တရားခံများကို မုံရွာမြို့မ ရဲစခန်းမှ (ပ) ၆၀၂/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့် အ
ရေးယူထားသည်။

The Voice Weekly

ထိုင်ခုံ နံပါတ်အတိုင်း မထိုင်ကြသူများကြောင့် ဘောလုံးပွဲကြည့် ပရိတ်သတ်များ အခက်တွေ့ ........................


Monday, December 9, 2013

ရန်ကုန် ၊ ဒီဇင်ဘာ ၈ ။ ။ မြန်မာ့လက် ရွေးစင်ဘောလုံး အသင်းကစား မည့်ပြိုင်ပွဲများ အတွက် လက်မှတ် များဝယ်ယူထားသော်လည်း ပြိုင် ပွဲကျင်းပချိန် တွင် နေရာအခက် အခဲများနှင့် ကြုံတွေ့ရကြောင်း ဘောလုံးဝါသနာရှင်များက ဝေ ဖန်ပြောကြားသည်။

ကွင်းအတွင်း လက်မှတ်ဖြင့် နေရာပြသမည့်သူမရှိခြင်းနှင့် ကွင်းအတွင်း ကြိုတင်ရောက်ရှိသူ များမှ ဦးရာလူစနစ်ဖြင့်နေရာယူ ထားခြင်းများကြောင့် ပြိုင်ပွဲကြည့် ရှုရန် နေရာအခက်အခဲဖြစ်ပေါ် ခဲ့ခြင်းဖြစ်ကြောင်း ယင်းတို့ကဆို သည်။

မြောက်ဥက္ကလာပမြို့နယ် မှဦးမြင့်ဦးက ''အလုပ်ကနောက် ကျတော့ ဘောလုံးပွဲကို မြန်မာပွဲစ ခါနီးမှရောက်တယ်။ ကွင်းထဲမှာ လက်မှတ်ပြတော့ အဆင်ပြေတဲ့ နေရာထိုင်လို့ ပြောတယ်။ လက် မှတ်မှာ နေရာနဲ့ခုံနံပါတ်ပါပြီးသား ကိုပြောလို့မရဘူး''ဟု ပြောသည်။

အဆိုပါဦးရာလူစနစ်ဖြင့် နေရာယူထားခြင်းများကြောင့် အမှန်တကယ်လက်မှတ်နှင့် ခုံအ မှတ်ပါရှိသူများမှ နေရာဖယ်ရှား ပေးရန်ပြောဆိုရာတွင် အငြင်းပွား မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ယင်းတို့က ဆိုသည်။

သန်လျင်မြို့နယ်မှကိုစည်သူ က''ကျွန်တော်တို့က လက်မှတ် ဝယ်ကတည်းက ကိုယ့်ခုံနံပါတ် နဲ့ကိုယ်ထိုင်ရမယ်ဆိုပြီး ပြောတယ်။ အဲဒါကြောင့် ကျွန်တော်တို့နေတာ က ဝေးတဲ့အတွက် မြန်မာအသင်း ကစားမယ့်အချိန်ကျမှ ရောက် တော့ ကွင်းထဲမှာလူက ပြည့်နေ ပြီ။ ကိုယ့်ခုံနံပါတ်မှာလဲ သူများ တွေက ထိုင်နေပြီ။ သွားပြောတော့ ဘယ်လိုမှပြောလို့မရဘူး။ အခု နိုင်ငံတကာအဆင့်ပွဲတွေမှာ ဒီ လိုမျိုးမဖြစ်အောင် ပွဲစီစဉ်သူတွေ က လုပ်ပေးသင့်တယ်။ နောက် တစ်ခုက ဘောလုံးပွဲကြည့်တဲ့သူ တွေကလဲ နိုင်ငံကြီးသားပီသဖို့ လိုတယ်''ဟု ဆိုသည်။

ယင်းအပြင် မြန်မာ့လက် ရွေးစင်ဘောလုံးအသင်းပြိုင်ပွဲ သည် ပြိုင်ပွဲများကို ဝင်ရောက် ကြည့်ရှုရာတွင် လုံခြုံရေးကတ် ပြားများ ပြုလုပ်ထားရမည်ဖြစ် ပြီး လက်မှတ်နှင့်တကွအတူပါရှိမှ ကြည့်ရှုရမည်ဟုဆိုသော်လည်း ကွင်းအတွင်း ဝင်ရောက်ရာတွင် လုံခြုံရေးကတ်များစစ်ဆေးခြင်း မရှိဘဲ လက်မှတ်ရှိသူတိုင်း ဝင် ရောက်ခွင့်ပြုထားကြောင်း သိ ရသည်။

သန်းနိုင်ဦး - Yangon Media Group

Thit Htoo Lwin - News

"အိမ်သာထဲကဗိုက်ကြီးသည်"............................







ဆေးရုံတစ်ရုံရဲ့ မှုန်ပြပြမီးရောင်အောက်တွင် နန်းသီတာ တစ်ယောက် အိမ်သာသွားရန် အိပ်နေရာမှ ထလိုက်သည် လူနာခုတင်ထက်တွင် အိပ်ပျော်နေသော နန်းသီတာ ယောင်းမဖြစ်သူကို တစ်ချက်ကြည့် လိုက်သည်ယောင်းမကတော့နှစ်ခြိုက်အိပ်ပြောနေလေသည်။
ဘေးခုတင်ကလူနာစောင့်ကို အဖော်ခေါ်ရန် ကြည့်လိုက်တော့လဲ ဘေးခုတင်ကလူနာဖြစ်သည့် မကေခိုင်ကလဲ အိပ်မောညနေလေပီ.......

အိမ်သာသွားချင်လွန်းလို့ ထလာရသော်လည်း.. လူသူကင်းမဲ့နေသော မှိန်ပြပြ မီးရောင်အောက်တွင် တစ်ယောက်တည်း လာခဲ့ရသဖြင့် တိတ်ဆိတ်မှုရဲ့ လှည့်ဖျားမှုအောက်တွင် အလွန်ခြောက်ခြားစရာကောင်းလှပသည်........
ကော်ရစ်တာတစ်လျှောက်တွင်လည်း သူမခြေသံမှ အပ အရာအားလုံးတိတ်ဆိတ်လျက်..
ဆိုးရွားလှသော အနံ့အသက်များရှိရာ အိမ်သာတံခါးကိုဖွင့်ရင်း ကိစ္စအမြန်ပြီးစီးအောင် ဖြေရှင်းနေခိုက်တွင် အိမ်သာတံခါးကိုလာခေါက်သံတစ်ခု ကြားလိုက်ရလေသည်...
အိမ်သာအခန်းလွတ်တွေရှိနေတာကိုသူမအခန်းကိုမှာ လာခေါက်သောကြောင့် နန်းသီတာ တစ်ယောက်စိတ်တိုခါ "အထဲမှာလူရှိတယ်"ဟု ပြန်အော်လိုက်သည်နှင့် တံခါးခေါက်သံ ရပ်သွားခါ တခါးကိုလက်သည်းနဲ့ခြစ်သံ ထွက်လာပြန်သည် နန်းသီတာ တစ်ယောက် ဒေါသကိုမထိန်းနိုင်တော့ဘဲ ကိစ္စကိုအမြန်ရှင်း၍တံခါး အဖွင့်တွင် " ဟင် ဘယ်သူမှမရှိပါလား ငါသေချာကြားလိုက်တာပါ " ဘယ်ရောက်သွားတာပါလဲ လို့တွေးရင် လက်ဆေးဘေစင်သို့ သွား၍လက်ဆေးနေစဉ် အကြည့်ကမှန်ထဲသို့ရောက်သွားသည် မှန်နောက်တည့်တည့်က အိမ်သာအခန်းတွင် မိန်းမတစ်ယောက် အိမ်သာခွက်ပေါ်ခွထိုင်၍ တစ်စုံတစ်ရာကို ကောက်နေပုံတွေ့လိုက်ရသည်နန်းသီတာ မင်သေပီးကြည့်နေမိသည် သတိဝင်လာတော့ အနောက်သို့ လှည့်ကြည့်လိုက်ရာ ဘယ်သူမှမရှိ " ဟင် ငါသေချာမြင်လိုက်တာပါ ဘုရားဘုရား " နန်းသီတာကြက်သိမ်းတွေ ထလာက ဘုရားသ၍အိမ်သာဘက်သို့ အမြန်ပြေးထွက်ခဲ့လေသည်

အိမ်သာအပြင်ဘက်ရောက်တော့ အိမ်သာထဲမှာ ညီးသံကြီးတစ်ခုကို ကြားလိုက်ရလေသည် နန်းသီတာ တစ်ယောက် ကြောက်ကြောက်လန့်လန့်နဲ့ယောင်းမဖြစ်သူခုတင်သို့ အပြေးလေးပြေးသွားတော့ပါသည် ယောင်းမခုတင်ရောက်တော့ ယောင်းမကတစ်ရေးနိုးသည် ထင်တယ် ခုတင်ပေါ်တွင် ထိုင်လိုက် နန်းသီတာကို ဘာဖြစ်လို့လဲ မေးလေသည် ယောင်းမဖြစ်သူက ဗိုက်ကြီးနဲ့မွေးခံနီးပီဖြစ်သောကြောင့် ဆေးရုံကြိုတတ်နေခြင်းပင် ယောင်းမဖြစ်သူကြောက်မှာဆိုးတာကြောင့် "ဘာမှမဖြစ်ပါဘူး ဒီလို့ဘဲ ပြေးလာပါ မမူ ညအိမ်သာသွားချင်ရင် နန်းကိုနိုးနော် တစ်ယောက်ထဲမသွားနဲ့"ဟု မှာလိုက်သည် ယောင်းမကတော့ "အေးအေး ငါတစ်ရေးနိုးလာတာနန်းရဲ့ ငါအိပ်နေတဲ့အချိန်မှာလေ ငါကိုကိုတစ်ယောက်ယောက် ဘေးမှာကြည့်နေသလိုခံစားရတယ် ပီးတော့ ငါလိုဗိုက်ကြီးသည်တစ်ယောက်ကိုခဏခဏတွေ့နေရတယ်

"
"မမူစိတ်ထင်လို့နေမှာ ပြန်အိပ်တော့လေ နန်းဘေးကနေဘုရားစာရွတ်ပေးမယ် "ယောင်းမကြောက်မှဆိုး၍ပြောလိုက်ရသောလဲ ကိုယ်ကိုတိုင်ကလဲ စောကအိမ်သာထဲတွင် တွေ့ခဲ့ရသော ပုံရိပ်ကို မျက်စိထဲကမထွက်ဒီညတော့ နန်းသီတာအိပ်ရတော့မယ်မထင် အရင်ထဲကအရမ်းကြောက်တတ်သောနန်းသီတာ ခုလို့တွေ့လိုက်ရတော့ မျက်စိထဲကမထွက် ဆေးရုံကိုလူနာစောင့်သွားရမယ်လို့ပြောထဲကလူကသေချင်စော်နံနေမိသည် မသွားလို့ကလဲ မရ နန်းသီတာ အစ်ကိုကစစ်သားတစ်ယောက် မိန်းမရတာ ၁နှစ်ခန့်မှာ ကိုကိုမိန်းမ ဗိုက်ကြီး၍ခုမွေးခံနီးစစ်ဆေးရုံတွင်ကြိုတက်ထားတာဖြစ်သည် အဲတော့ အိမ်မှာလုပိုဖြစ်နေသည့် နန်းသီတာကအလိုလိုနေရင်း လူနာစောင့်ဖြစ်နေရလေသည် "ဟူးကြောက်ပါတယ်ဆိုမှာ ငါကိုမှဆေးရုံလူနာစောင့် ရွေးလွှတ်တယ် ခုကြုံခဲ့ရတာကိုေ့ပြာပြရင်လဲ ဘယ်သူမှာယုံမှမဟုတ် ညီးကြောက်လို့ ညီးစိတ်ကဖြစ်နေတာပါလို့ဘဲ အပြောခံရမည်သာ" ဟိုတွေးဒီတွေးတွေးရင်းနန်းသီတာ တစ်ယောက် အိပ်ပျော်သွားလေသည်...


အိပ်ရာကနိုးတော့ ယောင်းမဖြစ်သူကနိုးနေပီ နန်းသီတာ မျက်နှာသစ်ရန်ပင် အိမ်သာဖက်ကိုမသွားရဲတော့ အဲတော့ ဘေးက လူနာစောင့်မကေခိုင်ကို အဖော်ဆက်သည် "မကေ မျက်နှာသွားသစ်ရအောင်လေ"ဆိုတော့ မကေက တစ်ခုခု ရိပ်ပင်ပုံရပီ ဘာမှမပြောဘဲ ထလိုက်လာသည် လမ်းရောက်မှ"နန်း နင်ညက အိမ်သာသွားတယ်မှတ်လား ဘာထူးခြားတာ တွေ့ခဲ့လဲ "ဆိုတော့ နန်းသီတာကလဲ သူတွေ့တာကိုပြောပြချင်နေတာအတော်ဖြစ်နေတာနဲ့ ညကသူတွေ့ခဲ့တာတွေပြောပြလေသည် အဲတော့ မကေခိုင်က "အေး အဲအိမ်သာကအရမ်းခြောက်တာနန်းရဲ့" ဟင် ဟုတ်လားအစ်မ အဲထဲမှာသရဲရှိတာပေါ့နော် "အေး နန်း နောက်နေ့ညတွေဆို နင်အိမ်သာသွားချင်ရင် အဖော်နဲ့သွား အဖော်မရှိရင် ငါကိုနိုး အားမနာနဲ့ ငါလိုက်ခဲ့ပေးမယ် အဲအိမ်သာက ညဘက်ဘယ်သူသွားသွား နင်ကိုေ့ခြာက်သလို အကုန်အခြောက်ခံရတယ် အဲအိမ်သာထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ယောက်ဆုံးဖူးတယ်

" ဘုရား ရေ ဟုတ်လား အစ်မ ဘယ်လိုဆုံးတာလဲဟင် သိရင်ပြောပြပါလား ဆိုတော့ မကေခိုင်က " ဒီဆေးရုံမှာဘဲ နန်းအစ်မလို့မွေးခံနီး ဆေးရုံလာတက်တဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်ဟ တစ်ရက် အဲအမျိုးသမီးကမွေးခံနီးလို့ ဗိုက်နာကို မသိဘဲ ရိုးရိုး ဗိုက်နာတယ်ထင်ပီတော့ ခု အိမ်သာကိုသွားတယ်လေ တစ်ယောက်ထဲအဖော်ကလဲ မပါဘူး ဟိုရောက်တော့ သူကဘဲ သေဖို့ကံပါလာလို့လား မသိဘူး သူမွေးတော့မယ်သိတဲ့အချိန်မှာအဖော်ကလဲ မပါတာကတစ်ကြောင်း သူဗိုက်အရမ်းနာနေတော့ အပြင်ဘဲ ပြန်မထွက်လာနိုင်လို့လားတော့မသိဘူး ကလေးက အိမ်သာခွက်ထဲကိုထွက်ညသွားတယ်လေ သူလဲ အဲတာကိုမြင်ပီး သွေးလန့်ပီးသေသွားတာဘဲ သူကိုဆေးရုံကလူတွေတွေ့တဲ့အချိန်မှာ ကလေးကလဲ သေနေပီ သူကလဲ သေနေပီ အဲနောက်မှာ အဲအိမ်သာအခန်းထဲမှာမိန်းမတစ်ယောက် အိမ်သာခွက်ကို ခွထိုင်ပီ တစ်ခုခု ကောက်နေတဲ့ ပုံစံညဘက်အိမ်သာသွားသူတိုင်းတွေ့ရတာဘဲ ငါလဲ အခြောက်ခံပီသွားပီဟ ငါလဲ

ဒီဆေးရုံကလူနာအဝတ်တွေကိုအခကြေးငွေယူပီးလျော်ပေးနေတဲ့ အန်တီကြီးပြောပြတာ " ဟုပြောပြလေသည် "အံမယ်လေး မကေရယ် ကြားရတာနဲ့တင် ကြက်သိမ်းထမိတယ် တစ်ကယ် "နန်းသီတာ စကားလဲဆုံးရော အိမ်သာအပေါက်ဝသို့ ရောက်လာတာနဲ့ ပြောနေတဲ့အကြောင်းကို ဆက်မပြောတော့ဘဲ မျက်နှာကိုအမြန်သစ်ခါ နှစ်ယောက်သား ပြန်ထွက်လာခဲ့သည် နန်းသီတာတစ်ယောက်ကတော့ အဲအိမ်သာအခန်းကို ယောင်လိုပင် လှည့်မကြည့်ခဲ့ နောက်များအိမ်ကဆေးရုံလူနာစောင့်ခိုင်းရင် ရိုက်ချင်ရိုက်ပါ့စေ လုံးဝမစောင့်ဘူးဟု ဆုံးဖြတ်လိုက်လေသည်....
ဒီဇာတ်လမ်းလေးကတော့ ပြည်ခုတင်၁၀၀ ဆေးရုံသားဖွားမီးယပ်အဆောင်အိမ်သာတွင်ခြောက်ခံခဲ့ရသောလမင်းမေမေကိုယ်တိုင်ပြောပြတဲ့ ဇာတ်လေးပါရှင် မန်ဘာတွေ ကြိုက်နှစ်သက်လိမ့်မယ်လို့မျှော်လင့်ရင်း မန်ဘာတွေရဲ ဝေဖန်အကြံပေးမူ အားပေးမူကို စောင့်မျှော်နေပါတယ် ဒီဇာတ်လမ်းလေးကိုပြောပြပေးသော ချစ်မေမေကို ဒီနေရာက အထူးကျေးဇူးတင်ပါတယ် ရှင် ...

Credit:သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း


--

အောင်မြင်တဲ့ အလော့ဂါ တစ်ယောက်ဖြစ်ဖို့ .........................




(ဘလော့ဂ်ဒေးအမှတ်တရ ပို့စ်တစ်ခုရေးပေးဖို့ ကိုဖြိုး
က Tag ထားပါတယ်. ဒါကြောင့် ဒီပို့စ်လေးကို ရေးဖြစ်သွားပါတယ် ခင်ဗျာ.)

August
31 က ကျွန်တော်တို့ ဘလော့ဂါတွေ စုပေါင်းပြီး ရန်ကုန်မှာရော မန္တလေးမှာပါ
ဘလော့ဂ်ဒေး အခမ်းအနားကျင်းပခဲ့တာ အားလုံးအသိပဲဖြစ်မှာပါ။
နှစ်နေရာလုံးအောင်မြင်ခဲ့ပါတယ်။ တက်ရောက်လာတဲ့ ပရိသတ်ကို နည်းပညာအသစ်နဲ့
မိတ်ဆက်ပေးရုံသာမက ပျော်ရွှင်ဖွယ်ရာ အစီအစဉ်လေးတွေကိုပါ
ထည့်သွင်းဖြေဖျော်ခဲ့တာ သတိထားမိပါတယ်။ ဒီလိုမျိုး
စိတ်ကူးစိတ်သန်းကောင်းလေးတွေကို အသုံးချတတ်တဲ့ ဘလော့ဂါမောင်မယ်တို့ကို
ချီးကျူးလေးစားမိပါတယ်.

ကဲဗျာ. ကျွန်တော်တို့ ဘလော့ဂ်ခရီးလည်း
တော်တော်လေး ရောက်ခဲ့ကြပြီနော်။ ဘာတွေဖြစ်နေတယ်ဆိုတာရယ်၊
ဘာတွေဖြစ်လာနိုင်တယ်ဆိုတာရယ်ကို တစေ့တစောင်းလောက် အကဲခတ်ကြည့်လိုက်ကြရင်း
အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ အကြောင်း
နည်းနည်းလောက်ဆွေးနွေးတင်ပြချင်ပါတယ်.

ဘလော့ဂါတွေကြားထဲမှာ
အရင်တုန်းက ပြဿနာတစ်ခု ပုံစံမတူဘဲ ခဏခဏ၀င်လာခဲ့ဖူးပါတယ်။ အဲဒါကတော့
စာလုံးပေါင်း သတ်ပုံအမှားအမှန်ကိစ္စပါ။ ဘလော့ဂါတစ်ယောက်က
သတ်ပုံမှားရေးမိမယ်။ အဲဒါကို နောက်တစ်ယောက်က ထောက်ပြမယ်။ အဲဒီ့မှာ
ပြောတဲ့သူကလည်း အပြောမတတ်ဘဲ ဆရာကြီး ၀င်လုပ်တဲ့လေသံတွေ ပါလာမယ်။
အပြောခံရသူက စိတ်တိုမယ်။ ပြန်လည်ချေပပြောဆိုမယ်။
နီးစပ်ရာဘလော့ဂါသူငယ်ချင်းတွေပါ ပါဝင်လာပြီးတော့ အုပ်စုလိုက်
အငြင်းပွားမှုတွေ ဖြစ်လာမယ်။ အဖြေမရတဲ့ ငြင်းခုန်ပွဲအပြီးမှာ
အုပ်စုတွေကွဲလို့ ရန်သူတွေဖြစ်ကုန်ကြပါတယ်.။ တစ်ချို့ဆို ဘလော့ဂ်လောကကို
စိတ်ကုန်သွားတဲ့ အထိတောင် ဖြစ်သွားကြပါတယ်။ ခံစားဖူးသူတိုင်းသိကြမယ်
ထင်ပါတယ်။

ဘလော့ဂ်ရေးတာ ခေတ်မစားမီက ဖိုရမ်တွေ၊ Chat Room တွေ
အတော်လေး ခေတ်ထလိုက်ပါသေးတယ်။ အဲဒီ့တုန်းက Yangon Chat တို့၊ Planet
တို့မှာ လူတွေ စည်ကားခဲ့ကြတာပေါ့ဗျာ။ ချက်ကြမယ်၊ မိတ်ဆွေဖွဲ့ကြမယ်စတဲ့လူတွေ
ရှိသလို ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဇွတ်မေးပြီး အတင်းမိတ်ဖွဲ့၊
ရည်းစားစကားပြောဖို့ ကြိုးစား စတဲ့သူတွေလည်းရှိပါတယ်။
ခုလည်းဒီလိုရှိနေတုန်းပါပဲ။ ဒါကိုကြိုက်တဲ့သူတွေ ရှိသလို
မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ဘလော့ဂ်ဆိုတာ ပေါ်လာတော့
လူငယ်တွေ ဒီဖက်ကို အလုံးလိုက်အရင်းလိုက် ၀င်လာကြပြန်ပါတယ်။

ဘလော့ဂ်ရေးတာက
တစ်ခြား Activity တွေနဲ့ သိပ်မတူဘူးဗျ။ သူက ကိုယ့်ရဲ့နေ့စဉ် ဒိုင်ယာရီ
သဘောမျိုးအနေနဲ့ ဖြစ်နိုင်သလို ပညာသင်ယူတဲ့နေရာ၊ ပညာမျှဝေတဲ့နေရာ၊
ပရဟိတလုပ်ငန်းများအတွက် စည်းရုံးနှိုးဆော်တဲ့နေရာ၊
လူမှုဆက်ဆံရေးနည်းပညာတွေကို သင်ယူတဲ့နေရာ စသည်ဖြင့် အမျိုးမျိုး
ဖြစ်လာနိုင်ပါတယ်။ ကိုယ်ရေးတဲ့ဘလော့ဂ်က ဘယ်လိုပုံစံဖြစ်လာမလဲ ဆိုတာကိုလည်း
ကိုယ်ပဲဆုံးဖြတ်သွားတာပါ။ အခုနောက်ပိုင်းဆိုရင် ဘလော့ဂါတွေ
အများကြီးစုပေါင်းရေးသားတဲ့ ဘလော့ဂ်ကောင်းလေးတွေပါ ထွက်ပေါ်လာတာ
သတိထားမိပါတယ်။ ဒီလိုရေးသားနိုင်ဖို့ ကိုယ်တစ်ဦးကောင်းတစ်ယောက်ကောင်း
လုပ်လို့မရတော့ပါဘူး။ အများနဲ့ညှိနှိုင်းပြီး သူတို့ပါဝင်ရေးသားချင်လာအောင်
ရည်ရွယ်ချက်ကောင်းဖို့၊ စည်းရုံးတတ်ဖို့ပါ လိုအပ်လာပါတယ်။

အရင်တုန်းက
တော်တော်များများက ယူဆခဲ့ကြပါတယ်။ ဘလော့ဂ်ရေးတယ်ဆိုတာဟာလည်း Online
Activity တစ်ခုပါပဲ။ အချိန်တန်ရင် ငြီးငွေ့သွားပြီး အသစ်တစ်ခုကို
ထပ်ရှာမှာပါပဲလို့ပေါ့။ ပြီးတော့လည်း ထင်ကြပါသေးတယ်။ ဘလော့ဂါတွေဆိုတာဟာလည်း
Online Community တစ်ခုပါပဲ။ အပြင်မှာ လက်တွေ့မကျဘူးလို့
ယူဆခဲ့ကြဖူးပါတယ်။

ဒီအမြင်တွေ မမှန်ကန်မပြည့်စုံဘူးဆိုတာကို
မကြာခင်ကမှ ကျင်းပပြီးစီးသွားတဲ့ ဘလော့ဂ်ဒေး အခမ်းအနားနဲ့
မကြာခင်ထုတ်ဝေတော့မယ့် ဘလော့ဂ်စာအုပ်တို့က သက်သေပြနေပါတယ်။ ဘလော့ဂါတွေ
Online ပေါ်မှာ တွေ့ဆုံရင်းနှီးခဲ့ကြရုံသာမက အပြင်လက်တွေ့ဘ၀ထဲမှာပါ
လုပ်ဖို့ခဲယဉ်းတဲ့ ကိစ္စတွေကို အောင်မြင်စွာ လုပ်ဆောင်သွားနိုင်ခဲ့တယ်။
ရင့်ကျက်မှုတွေ၊ ပညာပြည့်ဝမှုတွေကို ပြသနိုင်ခဲ့တယ်။ ဒါကြောင့်ကျွန်တော်တို့
ဘလော့ဂါတွေကို အိပ်မက်ထဲမှာပဲ အိပ်ပျော်နေသူတွေ၊ မိန်းမောနေသူတွေလို့
ယူဆမိရင် မှားမယ်လို့ ရဲဝံ့စွာ ပြောချင်ပါတယ်။

ဘလော့ဂ်တစ်ခုလုပ်ဖို့
လွယ်သလားမေးရင် လွယ်ပါတယ်လို့ ပြန်ဖြေရပါမယ်။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ရော
လွယ်သလားထပ်မေးရင်တော့ ထင်သလောက် မလွယ်ဘူးလို့ ပြန်ဖြေချင်ပါတယ်။

ဘာလို့လဲဆိုတော့

ဘလော့ဂါတိုင်း ဘလော့ဂ်ရှိကြတယ်။ ဒါပေမယ့် ဘလော့ဂ်တစ်ခုရှိတိုင်း ဘလော့ဂါကောင်းတစ်ယောက် ဖြစ်မလာနိုင်ဘူး။

ဟုတ်ကဲ့။
မအံ့ဩပါနဲ့ခင်ဗျာ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့၊ အများလက်ခံတဲ့ စာပေတွေ
ရေးသားနိုင်ဖို့ဆိုတာကျတော့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေသာမက
ကိုယ်ပြဋ္ဌာန်းတဲ့ စေတနာပေါ်လည်း မူတည်ပါတယ်။

ကဲ. ဘလော့ဂ်တစ်ခုရပြီ။
ရေးတယ်ဗျာ။ ပို့စ်တစ်ခု. နောက်နေ့လာမယ်. ရေးမယ်. နောက်တစ်ခု. နောက်နေ့.
နောက်တစ်နေ့. တစ်ပတ်နှစ်ပတ်လောက်နေတော့ ခင်ဗျား ဘာဆက်ရေးရမယ် မသိတော့ဘူး။
ကဲ. ဘယ်လိုလုပ်ကြမလဲ။

သူများတွေများ ရေးနေလိုက်တာ
ပို့စ်တွေတစ်ခုပြီးတစ်ခု၊ ကော်မန့်တွေလည်း ရနေလိုက်ကြတာ သူတို့ပဲ
သိမ်းကျုံးယူနေသလား အောက်မေ့ရတယ်. ငါ့ကျတော့ ဘယ်သူမှလည်း လာအားမပေး.
ငါ့ရဲ့ဆီဘောက်စ်လေးမှာ ဘယ်သူမှ လာနှုတ်မဆက်. ငါကိုယ်တိုင်လည်း ဘာဆက်ရေးရမယ်
မသိ. အဲဒီ့မှာ ခင်ဗျား ဘလော့ဂါဖြစ်မဖြစ် သက်သေပြရတော့မယ်..

တစ်ခုဖြတ်ပြောမယ်…
ဘလော့ဂါကောင်းတစ်ယောက်အတွက် ရေးစရာမရှားဘူး. သူ့မှာ ပြဿနာနှစ်ခုပဲ
ရှိနေတယ်. ရေးနိုင်ဖို့အချိန်ရယ်၊ ရေးချင်တဲ့စိတ်ရယ်ပဲ လိုနေတယ်.
အဲဒီ့နှစ်ခုနဲ့ပြည့်စုံရင် ပို့စ်တွေတစ်ခုပြီးတစ်ခု ရေးနေနိုင်တယ်.

အခုခင်ဗျားမှာ
ရေးစရာပြတ်နေတယ်. ဘာဆက်ရေးရမယ်မသိဘူး. နီးစပ်ရာဘလော့ဂါ
တစ်ချို့ကိုမေးမြန်းပြီး အကြံဥာဏ်တောင်းကြည့်တော့လည်း
သူတို့ကပြန်ပြောပါလိမ့်မယ်.

Everything is bloggable. မင်းကြိုက်တာသာရေး...

အဲဒါမှဒုက္ခ၊ ဘာရေးရမှန်းမသိပါဘူးဆို ကြိုက်တာရေးတဲ့….

ဟုတ်ပြီဗျာ.
အဲလိုမျိုး ကျွန်တော့်ကို တစ်ယောက်ယောက်က လာမေးမယ်ဆိုပါတော့. ဘာရေးရမလဲ.
ကိုယ့်ဘလော့ဂ်ကို လူလာအောင်ဘယ်လို လုပ်ရမလဲ.
အောင်မြင်တဲ့ဘလော့ဂါတစ်ယောက်ဖြစ်အောင် ဘယ်လိုပို့စ်တွေ ရေးရမလဲ.

စိတ်ချ. ကျွန်တော်ပြောတာတွေကိုသာ တသွေမတိမ်းလုပ်. ခင်ဗျား အောင်မြင်စေရမယ်.

၁. စာဖတ်ရမယ်၊ ဗဟုသုတလေ့လာဆည်းပူးရမယ်
၂. ဘလော့ဂ်ရေးတာကို အမှန်တကယ်စိတ်ပါဝင်စားရမယ်
၃. သင့်တော်တဲ့ အချိန်တစ်ခုကို ခွဲဝေပေးနိုင်ရမယ်
၎. မိတ်ဆွေအပေါင်းအသင်းအသစ်တွေ ရယူလိုစိတ်ရှိရမယ်
၅. ကိုယ့်ရဲ့စိတ်ခံစားချက်ကို နိုင်နင်းရမယ်၊ ရိုးသားရမယ်


အဲဒီ့လောက်ဆိုရင် ခင်ဗျားမှာ ဘလော့ဂါကောင်းတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းတွေရှိလာပါပြီ.

သတိထားမိလား. ဘာတွေရေးရမယ်လို့ ကျွန်တော်ဘာမှ ထည့်မပြောသွားဘူးနော်. ကျွန်တော်ပြောသွားတာက ခင်ဗျားကိုယ်တိုင်ရဲ့ အကြောင်းတွေပဲ.

ဟုတ်တယ်.
အဲဒီ့အချက်တွေကို လိုက်နာနိုင်ရင် ခင်ဗျားဟာ ဘလော့ဂ်မရေးဘဲနဲ့တောင်
ဘလော့ဂါတွေကြားမှာ အောင်မြင်နိုင်ပါတယ်. (ရှုပ်သွားပြီလား.
ခဏနေရင်ရှင်းသွားပါလိမ့်မယ်)

ဘလော့ဂါတစ်ယောက်ဖြစ်ချင်ပြီ ဆိုမှတော့
အချက် (၂) နဲ့ (၃) က ပြည့်စုံနေပါပြီ. အချက် (၁) နဲ့ ပြည့်စုံတဲ့
ဘလော့ဂါတိုင်းမှာတော့ ရေးစရာတွေ ပေါများနေမှာ အမှန်ပါပဲ. အဲဒီ့အချက် (၁)
နဲပြည့်စုံအောင် ခင်ဗျားကိုယ်တိုင်လည်း စာပေဗဟုသုတ လေ့လာဆည်ပူးချင်စိတ်
ရှိရပါမယ်. အဲလိုမှမဟုတ်ရင်တော့ ခင်ဗျားရေးတဲ့ စာတွေမှာ အနှစ်သာရ မရှိဘဲ
ပေါ့ပျက်ပျက် ဖြစ်နေပါလိမ့်မယ်. တော်တော်များများက ဘလော့ဂ်ကို လှပနေအောင်
အပီအပြင်မွန်းမံတတ်ကြပါတယ်. ဒါပေမယ့် ပရိသတ်က စာကို
ဦးစားပေးဖတ်ပါတယ်ခင်ဗျာ. မဟုတ်ရင်တော့ နောက်တစ်ခါထပ်လာဖို့
မသေချာတော့ပါဘူး. ဘလော့ဂ်လည်းလှ၊ ရေးတဲ့စာတွေလည်းလှ ဆိုရင်တော့
ပြောစရာမရှိပေါ့ဗျာ…

အချက် (၄)ကတော့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပါတယ်.
ဘလော့ဂါအသစ်လေးတွေက ဘာတွေဖြစ်နေတတ်လဲ ဆိုရင် ကိုယ့်ဘလော့ဂ်ကို
လူလာစေချင်တယ်. လူသိများတဲ့ ဘလော့ဂ်တွေရဲ့ ဆီဗုံးတွေထဲ ၀င်ပြီး
ကြော်ငြာဝင်တယ်. လူတွေလာလည်ရင် ပျော်နေတယ်. လာတာကြဲသွားရင်
ဝမ်းနည်းနေတတ်တယ်..

ဒါဟာ လွဲမှားနေတဲ့ လုပ်ဆောင်ချက်တစ်ခုပါ.
ကိုယ့်ဘလော့ဂ်ကို လူလာစေချင်ရင် ကိုယ်က အရင် သူများဘလော့ဂ်တွေကို
လျှောက်လည်ရပါတယ်. နှုတ်ဆက်ရပါတယ်. လာလည်ဖို့ ဖိတ်ခေါ်ရပါတယ်.
သူများတွေရေးတဲ့ ပို့စ်တွေကို ကော်မန့်လေးတွေ ရေးပြီး
ချီးကျူးဝေဖန်တတ်ရပါတယ်. အဲဒီ့လို လုပ်တာဟာ မိတ်ဆွေအပေါင်းအသင်း
ပွားများအောင် လုပ်တာပါပဲ. လူဆိုတဲ့သဘောက ပုဂ္ဂိုလ်ခင်ရင် တရားမင်တတ်ပါတယ်.
ဒီလိုမျိုး မိတ်ဖွဲ့ပြီး ခင်မင်ရင်းနှီးအောင် ပေါင်းတတ်မှ
ကိုယ့်ဘလော့ဂ်ကိုလည်း အပြန်အလှန်အနေနဲ့ လာလည်မယ်. ကိုယ်ကထပ်ခါထပ်ခါ
သွားလည်ရင် သူကလည်း အပြန်အလှန်အနေနဲ့ ထပ်ခါထပ်ခါ လာလည်မယ်. အဆင်ပြေရင်
Gtalk မှာ တွေ့မယ်၊ ပိုရင်းနှီးလာစေမယ်. ကိုယ့်ဘလော့ဂ်အတွက်
လိုအပ်တာလေးတွေကို အကြံဥာဏ်တောင်းခံနိုင်မယ်. နောက်ဆုံး ခင်ဗျား ဘာပို့စ်မှ
မရေးနိုင်ဘဲ ဒီတိုင်းထားပြီး မိတ်ဆွေဘလော့ဂါတွေဆီ လျှောက်လည်နေရင်
ခင်ဗျားဟာ ဘလော့ဂါမဟုတ်ဘဲနဲ့တောင် ဘလော့ဂါတွေကြားမှာ လူသိများလာနိုင်ပါတယ်.
(မယုံရင် ဒီမိုကစ်တိုကိုကြည့်ပါ. သူ့မှာ ဘလော့ဂ်မရှိပါဘူး.
ရေးလည်းမရေးပါဘူး. ဒါပေမယ့် နာမည်ကြီးဘလော့ဂါတိုင်း သူ့ကိုသိကြပါတယ်.
ခင်မင်ရင်းနှီးကြပါတယ်.)

ကဲဗျာ. လာလည်ကြပြီနော်.
ခင်ဗျားရေးတဲ့ပို့စ်တွေကို သေချာဖတ်မယ်ထင်လား. မထင်ပါနဲ့. ၁၀၀ မှာ ၉၉
ယောက်လောက်က ရမ်းသရူးဖတ်သွားပြီး ခင်ဗျားကို First Impression
ပေးသွားပါလိမ့်မယ်. သူကဘာလဲဆိုပြီးတော့ပေါ့. ပြီးရင်တော့ အားနာပါးနာနဲ့
ဖြစ်စေ၊ တကယ်ခင်မင်လို့ဖြစ်စေ ခင်ဗျားကို နှုတ်ဆက်မယ်၊ အားပေးမယ်.
ဒီလောက်ပဲ. ခင်ဗျားရေးတဲ့ပို့စ်လေးတွေ ကောင်းတယ်၊ တကယ်ကိုစစ်မှန်တဲ့
ခံစားချက်တွေနဲ့ ရေးထားတယ်၊ ပညာဗဟုသုတ တစ်ခုခုရတယ်ဆိုရင်တော့
သူတို့နောက်တစ်ခေါက် အချိန်ပေးပြီး ပြန်လာဖတ်မှာ သေချာသွားပါပြီ.

ဒီတော့
ခင်ဗျားအနေနဲ့ ပို့စ်ကောင်းကောင်းလေးတွေ ရေးတတ်ဖို့ လိုလာပြီနော်.
ဘာရေးမလဲ. ပို့စ်ကောင်းတယ်ဆိုတာဘာလဲ. H.G.Wells ရဲ့ စာအုပ်တွေကို
ဘာသာပြန်ပြီး တင်ထားမှ ပို့စ်ကောင်းတယ်ခေါ်မှာလား၊
အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ဒါတွေလုပ်ရမယ်ဆိုပြီး ပြောပြထားတာကို
ပို့စ်ကောင်းတယ် ခေါ်တာလား၊ စာပေဗဟုသုတတွေကို အတုံးလိုက်အတစ်လိုက်
ချပြထားပြီး ကိုယ်ဘယ်လောက်တတ်ကျွမ်းကြောင်း ဝေဖန်ပြောဆိုထားတာကို
ပို့စ်ကောင်းတယ် ခေါ်တာလား….

တစ်ခုမှမဟုတ်ပါဘူး..

ရိုးသားစွာရေးပါ. အမှန်ကိုရေးပါ. ရှင်းလင်းစွာရေးပါ. ယဉ်ကျေးစွာရေးပါ. အဲဒါပို့စ်ကောင်းပဲ..

လမ်းထဲမှာ
ခွေးနှစ်ကောင်ကိုက်တာကို ရေးပါ. သေချာမျက်စိထဲမြင်လာအောင်ကြိုးစားရေးပါ.
ခင်ဗျားပို့စ်ကောင်းတာပဲ. လာဖတ်မယ်. ရီမယ်. ခင်ဗျားရဲ့ အရေးအသားကို
ချီးကျူးမယ်. မယုံမရှိနဲ့. ခင်ဗျားရဲ့ ပို့စ်မှာ ကော်မန့် 1+ ရလာလိမ့်မယ်.
ကော်မန့်တစ်ခုကတော့ သေချာတယ်. နောက်ထပ် + က ကျွန်တော်ဝင်ရေးမယ့်
ကော်မန့်လို့ ပြောတာ. (ဟတ်ဟတ်)

ကျောင်းသွားတုန်း၊ ရုံးသွားတုန်း ကြုံကြိုက်လိုက်ရတဲ့ အဆင်မပြေမှုတစ်ခုခုကို ရေးပါ. အဲဒါလည်း ပို့စ်ကောင်းတစ်ခုပါပဲ…

Rule of thumb (ယေဘုယျသဘော) ပြောမယ်. ကြိုက်တာရေး..

ခင်ဗျားရဲ့စေတနာမှန်ကန်ရင်၊
ဆဲဆိုပုတ်ခတ်မှုမပါရင် ခင်ဗျားရေးတဲ့ ပို့စ်တွေ ကောင်းတာပဲ. ခင်ဗျားဟာ
ဘလော့ဂါကောင်းတစ်ယောက် ဖြစ်လာမှာပဲ.. တစ်ချို့ Rapper တွေ အောင်မြင်တယ်
ဆိုတာလည်း သူတို့က တကယ့်လက်တွေ့ဘ၀ထဲက အဖြစ်တွေကို ပြောင်မြောက်တဲ့
စကားလုံးတွေ သုံးပြီး အပြင်မှာ စကားပြောနေတဲ့ ပုံစံမျိုးနဲ့
သီဆိုသွားကြတာပဲလေ. ဒီလိုပဲပေါ့. Blogger နဲ့ Rapper သိပ်မကွာပါဘူး.
သူတို့က မိုက်ကိုင်ပြီး ဘ၀အကြောင်းပြောတယ်. ကျွန်တော်တို့ ဘလော့ဂါတွေက
Keyboard ကိုင်ပြီး ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေအကြောင်းကို ပြောတယ်.
ဒါပါပဲ.

အချက် (၅) ကတော့ ဘလော့ဂါတိုင်းနဲ့ ပတ်သက်ပါတယ်.
ဘလော့ဂါတစ်ချို့က ကိုယ့် စိတ်ခံစားချက်၊ အမြင်နဲ့ မကိုက်ညီရင်
ပစ်ပစ်ခါခါကို ဝေဖန်တတ်ကြပါတယ်. အပြစ်တင်တဲ့ ကော်မန့်တွေ
ဝင်ရေးသွားတတ်ကြပါတယ်. အဲဒါမကောင်းပါဘူး.

ခံစားရသူဖက်ကကြည့်ပါ.
သူလည်းကြိုးစားပြီး ရေးထားရတာပဲ. အဲဒါကို တစ်ဖက်လူက ပျစ်ပျစ်နှစ်နှစ်
ဝေဖန်သွားရင် စိတ်မကောင်းဖြစ်ရပြီပေါ့. သူရေးတဲ့ပို့စ်က သိပ်ကို
ရိုင်းပျနေရင်၊ အဓိပ္ပါယ်ယုတ္တိမရှိရင်တော့ ဆက်ဖတ်မနေပါနဲ့တော့. အဲဒီ့အတွက်
ခင်ဗျားရဲ့ အချိန်တွေ ပေးနေရတာ မတန်ပါဘူး. ဒါမှမဟုတ်ဘဲ သူမြင်တာကို
ပွင့်လင်းရိုးသားစွာ ရေးသားထားရင်တော့ အဲဒါကို ခင်ဗျားက ဖွင့်ထားတဲ့စိတ်နဲ့
စာဖတ်တတ်ဖို့လိုမယ်.

လူတိုင်းမှာ ကိုယ်နှစ်သက်လို့ စီးထားတဲ့
ကိုယ်နဲ့တော်တဲ့ ဖိနပ်တစ်ရံစီရှိကြတယ်. ခင်ဗျားခြေထောက်နဲ့တော်တိုင်း
ခင်ဗျားရဲ့ ဖိနပ်နဲ့လူတိုင်းကို လိုက်စီးခိုင်းနေလို့ မရဘူး.
ကိုယ်နဲ့အမြင်မတူတိုင်း သူဟာ အဆင့်မရှိတဲ့လူတစ်ယောက်လို့ ယူဆနေရင်
ခင်ဗျားဟာ အဆင့်ရှိတဲ့ ပညာတတ်တစ်ယောက်မဖြစ်သေးဘူး. အဲဒါကို
နားလည်သဘောပေါက်မိဖို့ လိုတယ်.

အခုဖြစ်နေတာက အဲလိုမဟုတ်ဘူး.
မင်းကဒီလိုရေးတယ်. မင်းက ဘာလဲ. မင်းဒါတွေကို မသိဘူးလား. ငါပြောပြမယ်.
မင်းနားထောင် …. ဒီလို လေသံမျိုးတွေပါတဲ့ ကော်မန့်တွေကို တွေ့နေရတယ်.

ဒီတော့ အပြောခံရတဲ့သူက နားထောင်မယ်ထင်လား..

ခင်ဗျားရဲ့ စေတနာကမှ မမှန်ဘဲ သူလည်းနာလိုစိတ်မရှိဘူး. သူ့မှာလည်း ခိုင်လုံတဲ့
အကြောင်းပြချက်တွေ
ရှိနေတယ်. သူကလည်း ပြန်ချေပတယ်. အဲဒီ့မှာ အမုန်းတရားတွေ ဖြစ်လာတယ်.
တိုက်ပွဲတွေပြင်းထန်လာတယ်. ရည်ရွယ်ချက်တွေ ဘေးရောက်ကုန်ပြီ
ကိုယ်ရေးကိုယ်တာတိုက်ပွဲ သဘောမျိုးထိ ဖြစ်လာတယ်.

တစ်ခါတစ်လေမှာ
ကိုယ်က တကယ်ကို စေတနာအမှန်နဲ့ ထောက်ပြပြောဆိုတယ်. သူက လက်မခံဘူး. ဒါဆိုရင်
ဘယ်သူ့မှာ အပြစ်ရှိလဲဆိုတော့ ကိုယ့်မှာပဲ အပြစ်ရှိတယ်.

ခင်ဗျားမပြောတတ်သေးလို့.
တစ်ဖက်လူနာခံတတ်အောင် ပြောနည်းဆိုနည်း လူမှုရေးနည်းပညာကို
ခင်ဗျားနားမလည်သေးလို့၊ ပြောရမယ့် အချိန်အခါကို မသိတတ်သေးလို့ ဆိုပြီး
ကိုယ့်ကိုယ်ကို အပြစ်တင်ရမယ်.

ဒါဟာ ဘလော့ဂ်ရေးတဲ့ ပတ်ဝန်းကျင်ကို
ကျော်လွန်သွားပြီနော်. တကယ့်ကို လူမှုဆက်ဆံရေးနည်းပညာတွေ ဖြစ်လာပြီ.
ဟုတ်တယ်. လက်တွေ့မှာလည်း ကျွန်တော်တို့ ဘလော့ဂ်လောကက Reality
သဘောမျိုးဖြစ်လာနေပြီ. ဒါကြောင့် လောကကြီးအကြောင်းကို
ဘလော့ဂ်ရေးသားရင်းနဲ့လည်း သင်ယူနိုင်နေပြီလို့ဆိုရင် မှားမယ်မထင်ပါဘူး

ဒီတော့
ကိုယ်နဲ့မကိုက်ညီတဲ့ အမြင်တွေ၊ မှားယွင်းကောင်းမှားယွင်းနေနိုင်မယ့်
သဘောတရားတွေကို ရေးထားတာတွေ့လို့ ဝေဖန်အကြံပြုတော့မယ်ဆိုရင်…

၁. သူနာလိုအောင် ပြောတတ်ရမယ်
၂. ပြောရမယ့် အချိန်အခါကို သိတတ်ရမယ်
၃. ထွက်ပေါက်ပေးထားရမယ်

“စကားခြောက်ခွန်း လူ၌ထွန်း၊ လေးခွန်းကိုပယ် နှစ်ခွန်းတည်”ဆိုသလို မှန်တိုင်းပြောလို့မရတဲ့ စကားတွေ ရှိနေပါတယ်.

ဘာတွေလဲ ဆိုတော့

(၁) မဟုတ်မမှန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်၍ မပြောသင့်တစ်ခွန်း
(၂) မဟုတ်မမှန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သော်လည်း မပြောသင့်တစ်ခွန်း
(၃) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်၍ မပြောသင့်တစ်ခွန်း
(၄) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးမရှိ၍ ကြားသူနှစ်သက်သော်လည်း မပြောသင့်တစ်ခွန်း
(၅) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးရှိ၍ ကြားသူမနှစ်သက်စေကာမူ ပြောသင့်တစ်ခွန်း
(၆) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးရှိ၍ ကြားသူနှစ်သက်သဖြင့် ပြောဆိုသင့်တစ်ခွန်း

(နှာ-၁၃၆၊ စံမြင့်မှတ်စု၊ မင်းလှစံမြင့်)

နံပါတ်
(၅) နဲ့ (၆) ကိုပဲ ပြောသင့်ပါတယ်. ဒါပေမယ့် ပြောရမယ့် အချိန်အခါကို
သိတတ်ဖို့လည်း သိပ်အရေးကြီးပါတယ်. မြတ်စွာဘုရားတောင်မှ လူတစ်ယောက်ကို
တရားဓမ္မဆေးတိုက်ကျွေးတော့မယ်ဆိုရင် သူ့ရဲ့ ကျွတ်တမ်းဝင်ချိန်ကို
မျှော်ကြည့်ပါတယ်. အချိန်အခါကျရောက်မှ သူနဲ့သင့်တော်တဲ့ တရားတော်ကို
ဟောကြားတော်မူပါတယ်. အချိန်အခါမကျသေးဘဲ ပြောဟောရင်
ဒီတရားစကားပဲဖြစ်နေပေမယ့် အကျိုးတရားဖြစ်ထွန်းမှာ မဟုတ်ပါဘူး.

တကယ်တော့
How to do ထက် When to do က အများကြီး ပိုခက်နေတတ်ပါတယ်. အဲလိုပါပဲ. How
to say ထက် When to say ကလည်း အများကြီး ပိုအရေးကြီးနေတတ်ပါတယ်. ဒါကို
မှန်ကန်စွာ ရှုမြင်သုံးသပ်တတ်ဖို့ကတော့ မိမိကိုယ်တိုင်ရဲ့
ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်နေပါတယ်. ဒါပေမယ့် ဒါတွေက သတိထားပြီးသင်ယူရင်
တတ်ပါတယ်.

နံပါတ် (၃) ဖြစ်တဲ့ ထွက်ပေါက်ပေးထားရမယ် ဆိုတာကတော့
တစ်ဖက်လူကို ချောင်ပိတ်ပြီး စကားစစ်မထိုးပါနဲ့. လူမှာ အတ္တဆိုတာရှိပါတယ်.
ကိုယ့်အတ္တကိုထိရင် လူတိုင်းဆတ်ဆတ်ထိမခံ ဖြစ်တတ်ပါတယ်.

ခွေးပိန်လေးတစ်ကောင်ကို
ချောင်ပိတ်ပြီးရိုက်ကြည့်ပါ. သူ့မှာ ထွက်ပေါက်မရှိတော့တာ သေချာရင်
ရိုက်တဲ့သူကို ရှိတဲ့အင်အားလေးနဲ့ ပြန်ကိုက်ဖို့ ကြိုးစားပါလိမ့်မယ်.

ဒီလိုပါပဲ.
ဘယ်သူ့ကိုမှ ထွက်ပေါက်ပိတ်ရလောက်အောင် ဖိမပြောပါနဲ့. ကိုယ်ပြောချင်တာကို
ပြောပါ. Pros and Cons (အကျိုးအပြစ်) တွေကို ချပြပါ. ပြီးရင်တော့
သူကိုယ်တိုင်ပဲ စဉ်းစားဆုံးဖြတ်ပါစေ.

ခေါင်းဆောင်ကောင်း၊
မန်နေဂျာကောင်းတွေက တစ်ဖက်လူကို ဇွတ်မတိုက်တွန်းဘူး. သူဖြစ်စေချင်တာကို
ချပြပြီးတော့ တစ်ဖက်သားကို စဉ်းစားခိုင်းတယ်. နောက်ဆုံးမှာ
ကျွန်တော်ဒီလိုစဉ်းစားမိလိုက်တယ်ဆိုပြီး တစ်ဖက်သားက ထုတ်ပြောလာတဲ့အထိ
ကိုယ့်ရဲ့ အကြံဥာဏ်က သူ့စိတ်ထဲကို စီးဝင်နစ်မြောသွားစေရမယ်.

အဲဒါခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းပဲ.

လူတစ်ယောက်ကို
ပြောင်းလဲလာစေချင်ရင်လည်း ဒီသေ****. ပြောင်းလဲသင့်တဲ့ အချက်တွေကို
ပြောပြရမယ်. သူယူဆတာတွေ ဘယ်နေရာမှာ လွဲချော်သွားတယ်ဆိုတာကို သူမြင်လာအောင်
ရှင်းပြရမယ်. ကိုယ့်အမြင်ကိုလည်း သူ့အတ္တကို မထိခိုက်စေဘဲ တင်ပြတတ်ရမယ်.
ပြီးတော့မှ ကိုယ့်ဖက်ပါအောင် စကားအလိမ္မာသုံးပြီး စည်းရုံးတတ်ရမယ်.

ဒီတိုင်းသွားပြီး

ဟေ့ကောင်. မင်းထင်တာ မှားနေတာ. ဒါကမှ အမှန်. မင်းမသိဘူးလား. ငါတို့အားလုံးသိတယ်. မင်းတို့မို့မသိတာ ငါသိပ်အံ့ဩတယ်.

ဒါမျိုးသွားပြောကြည့်.
ဘယ်သူမှ မခံဘူး. သူများမှားကြောင်းပြောနေတဲ့ ခင်ဗျားကိုယ်တိုင်ရဲ့
ပြောဆိုပုံမှားနေတယ်. ဒါကြောင့် ခင်ဗျားလိုချင်တဲ့ ရလာဒ်ရလာမှာ မဟုတ်ဘူး.

နိုင်ငံခြားကလာတဲ့
ဆေးတောင့်လေးတွေကို အခွံချွတ်ပြီး သောက်ကြည့်ဖူးတယ်. ခါးလိုက်တာဗျာ.
အခွံလေးကို ကိုက်စားကြည့်တော့ ချိုနေတာပဲ. ဒီလိုပဲပေါ့ဗျာ.
ကောင်းတယ်ဆိုတိုင်း ဒီတိုင်းသွားပြောလို့ မရဘူး. အပေါ်က သကာအုပ်တတ်ရတယ်.
အဓိကက ကိုယ့်စကားနားဝင်ဖို့ပဲ. ပြောတတ်ရတယ်. မဟုတ်ရင်တော့ ခင်ဗျား
ရန်သူတစ်ယောက် ကောက်ရလိုက်တာနဲ့ အတူတူပဲ. မယုံရင်စမ်းကြည့်ပေါ့.
ကျွန်တော်အပိုမပြောဘူး.

မိဘတောင်မှ သားသမီးကို ဆုံးမတယ်ဆိုပြီး
နိုင့်ထက်စီးနင်းပြောတာနဲ့ ချိုချိုသာသာနဲ့ နားဝင်အောင်ပြောတာ
ဘယ်လောက်ကွာတယ်ဆိုတာ ငယ်ရာကကြီးလာခဲ့တဲ့ ကျွန်တော်တို့အားလုံးသိပါတယ်.
ဒါတွေကို လက်တွေ့လူမှုဘ၀ကြီးထဲမှာကျတော့ ဘာလို့ မသိကျိုးကျွံပြုထားကြတာလဲ.

“တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ချိုလှစေ…” တဲ့.

အဲလိုမကျင့်သုံးဘဲ
ငါ့စကားနွားရပြောနေကြတာကို ဘလော့ဂါတွေကြားမှာ တွေ့နေရတယ်. ဒါတွေကို
မဆင်ခြင်ဘဲ ဒုံရင်းအတိုင်းနေလည်း သဘောပါ. ဒါပေမယ့် ဆင်ခြင်မယ်၊ ပြုပြင်မယ်၊
ကြိုးစားလိုက်နာမယ် ဆိုရင်တော့ ခင်ဗျားဟာ အရှိန်အ၀ါကြီးတဲ့ ဩဇာကြီးတဲ့
အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက် ဖြစ်လာပါလိမ့်မယ်.

ပြဿနာတစ်ခုဖြစ်တဲ့
အခါမှာ ၀င်တိုင်းမကောင်းပါဘူး. ၀င်သင့်တဲ့အချိန်ကို ပညာမျက်စိနဲ့
ကြည့်တတ်ရပါတယ်. အခြေအနေနဲ့ အချိန်အခါကို နားလည်ကျင့်သုံးတတ်ဖို့လိုတယ်လို့
စကားဟောင်းတစ်ခုကိုပဲ ပြန်သုံးလိုက်ပါရစေ..

ဒါကြောင့် အောင်မြင်တဲ့
ဘလော့ဂါတစ်ယောက်ဖြစ်ချင်ရင် ဘလော့ဂ်တွေကို လျှောက်လည်ရုံသာမက
ကော်မန့်လည်းရေးတတ်ရပါမယ်. ရေးသင့်ရေးထိုက်တာကို ရေးတတ်ဖို့လိုသလို
ရေးရမယ့် အချိန်အခါကိုလည်း နားလည်သင်ယူတတ်ဖို့လိုပါတယ်. မဟုတ်ရင်တော့
ခင်ဗျားကိုယ်တိုင်ပါ ကော်မန့်တိုက်ပွဲထဲ ၀င်ပါသွားပြီးတော့ အရည်မရအဖတ်မရ
ငြင်းခုန်မှုတွေနဲ့ အချိန်ကုန်၊ လူမုန်းများဖို့ပဲ ရှိပါတယ်.

အဲလိုပြောလို့
လူချစ်အောင် ဘာမှမဝေဖန်တော့ဘဲ ဒီတိုင်းလေးနေလို့ မဆိုလိုဘူးနော်.
လူတိုင်းရဲ့ စိတ်ဆန္ဒကို သိမ်းကျုံးယူနိုင်ဖို့ တကယ်တော့ မလွယ်ပါဘူး.
ကိုယ်ယုံကြည်ရာ၊ ကိုယ်လုပ်ချင်ရာကို မည်သူ့အကျိုးစီးပွားကိုမျှ
မထိခိုက်စေဘဲ ယုံကြည်စွာနဲ့ပဲ တစိုက်မတ်မတ်လုပ်ပါ. လူချစ်အောင်မလုပ်ပါနဲ့.
လူကြည်ညိုအောင်လည်း ပြုံးပြုံးပြုံးပြုံးလေးနဲ့ သဘောကောင်းဟန်ပြပြီး
မနေပါနဲ့. လုပ်သင့်တာ ရေးသင့်တာ ပြောသင့်တာ ဆိုသင့်တာကိုသာ လုပ်ပါ ရေးပါ
ပြောပါ ဆိုပါ. မိတ်ဆွေစစ်တစ်ယောက်ရတိုင်း ခင်ဗျားမှာ ရန်သူတစ်ယောက်ပါ
ရလာလိမ့်မယ်. ဘာလို့လဲဆိုတော့ မိတ်ဆွေရဲ့ရန်သူဟာ ခင်ဗျားရဲ့ ရန်သူပဲလေ.
ဒါကြောင့် ရန်သူမရှိတဲ့သူမှာ မိတ်ဆွေမရှိဘူးလို့ စကားပုံဖြစ်ပေါ်လာတာပေါ့.

ဒီလိုပါပဲ.
ကျွန်တော်တို့ မိတ်ဆွေချည်းသက်သက်ပဲ လိုချင်တယ်ဆိုလို့တော့ မရဘူး.
ဘလော့ဂ်လောကမှာလည်း သူ့ဖာသာ အသိုင်းအ၀ိုင်းလေးတွေ ဖွဲ့ပြီးနေနေကြတဲ့
ဘလော့ဂါတစ်ချို့ရှိတယ်ဆိုတာ ကြာလာတာနဲ့အမျှ သိလာပါလိမ့်မယ်. ကြာလေကြာလေ
ဘလော့ဂ်လောကကြီးက ပြင်ပလက်တွေ့ဘ၀ကြီးနဲ့ တူလာလေ ဖြစ်နေတယ်ဆိုတာ
ဘလော့ဂ်ရေးတဲ့ သက်တမ်းကြာလာရင် သိလာမှာပါခင်ဗျာ.

တစ်ချိုးတစ်ကွေ့မှာ
ခင်ဗျားနဲ့ ဘလော့ဂါတစ်စုံတစ်ယောက် ကတောက်ကဆဖြစ်ခဲ့ရင်တောင်မှ ပညာတတ်ပီသစွာ
ငြင်းခုန်ဆွေးနွေးပါလို့ ကျွန်တော်အကြံပြုချင်ပါတယ်. ဒါဆိုရင် တစ်ဖက်လူက
ခင်ဗျားကို အမြင်မတူတာတောင်မှ လေးစားမှုပေးပါလိမ့်မယ်. ရေရှည်လည်း
အမုန်းမပွားဘဲ ဆက်ဆံသွားနိုင်ပါလိမ့်မယ်. ကျွန်တော်တို့ဟာ
တစ်ဦးတစ်ယောက်တည်း ရပ်တည်လို့ မရပါဘူး. ဘလော့ဂ်လောကမှာလည်း ဒီလိုပါပဲ.
အွန်လိုင်းက ကိစ္စတွေပါကွာဆိုပြီး ခင်ဗျားတစ်ဦးတည်းနေကြည့်ပါ.
ဘာဖြစ်လာမလဲဆိုတာ မကြာခင်သိလာပါလိမ့်မယ်.

ဒါကြောင့်
မိတ်ဆွေတိုးပွားအောင် ရယူပါ. မိမိကို တစ်ဖက်သတ် တိုက်ခိုက်ပြီး
စကားတင်းဆိုလာခဲ့ရင်တောင် တည်ငြိမ်ရင့်ကျက်စွာ ဖြေရှင်းပါ၊ ဆွေးနွေးပါ၊
ထိပ်တိုက်ရင်ဆိုင်ပါ၊ စိန်မခေါ်ပါနဲ့။ ဒါဆိုရင် ခင်ဗျားကို ရန်သူကတောင်
လေးစားပါလိမ့်မယ်. လက်တွေ့ ပြင်ပဘ၀ထဲမှာလည်း ဒီလိုသဘောတရားတွေကို
အသုံးချနိုင်ပါတယ်.

ပြီးတော့လည်း ငါ့ဘလော့ဂ်ပဲကွာဆိုပြီး
ရေးချင်ရာတွေ လျှောက်မရေးပါနဲ့. မိမိဘလော့ဂ်အတွက် မိမိသာလျှင် အယ်ဒီတာပါ.
ဒါကြောင့် ပိုတာဝန်ကြီးပါတယ်. မကြီးဘူးလို့ ယူဆရင်လည်း မကြီးဘူးပေါ့လေ.
ကျွန်တော်ကတော့ သုံးလိုက်တဲ့ စကားလုံးအသုံးအနှုန်းကအစ စာဖတ်သူကို စော်ကားတဲ့
ပုံစံမပါအောင် သေချာစိစစ်ရွေးချယ်ပြီး သုံးပါတယ်. ဘလော့ဂ်ပေါ်မှာ
အတင်းအဖျင်းပြောတာမျိုး၊ လူမှုရေးအရ မသင့်တော်တဲ့ ဓာတ်ပုံတွေ တင်တာမျိုးလည်း
မလုပ်သင့်ပါဘူး.

ယောင်္ကျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်နဲ့
လက်ရှိမှာ ချစ်နေပေမယ့်လည်း သူက ကိုယ့်ရဲ့ အိမ်ထောင်ဖက် မဟုတ်သေးပါဘူး.
(လုံးဝကိုသေချာနေရင်တော့ တစ်မျိုးပေါ့လေ.) ဒါပေမယ့် ကိုယ့်ရဲ့ဂုဏ်သိက္ခာ၊
တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် ဓာတ်ပုံတွေ မတင်သင့်ပါဘူး.
ဒါက အားလုံးအတွက်ရည်ရွယ်ပြီးပြောတာပါ. (ကြိုက်သလိုကွဲလွဲစွာ
မြင်နိုင်ပါတယ်ခင်ဗျာ)

ကြမ်းကျွံရင် နှုတ်ရတယ်. စကားကျွံရင်
နှုတ်မရဘူးဆိုတာတောင် ရှိနေသေးတာပဲ. ခုလိုမျိုး အားလုံးသိအောင်
လူသိရှင်ကြားလုပ်ပြီးမှ အကြောင်းတစ်ခုခုကြောင့် လက်မတွဲဖြစ်တော့ရင်
တစ်ဖက်သား သိပ်နစ်နာပါတယ်. အခုဟာက အကုန်ကျွံကုန်တာပါ. ဒါကြောင့်
လူမှုရေးရှုထောင့်ကနေ ကြည့်ပြီး ဒါမျိုးမလုပ်သင့်ပါဘူး. မိန်းကလေးတစ်ယောက်
ကိုယ့်ကို ဆက်ပြီး မချစ်နိုင်တော့လို့ လက်တွဲဖြုတ်သွားမယ်ဆိုရင် ဒါကို
နားလည်လက်ခံပေးနိုင်ဖို့လိုပါတယ်. ကြေကွဲပါ. ခံစားပါ. ဒါပေမယ့် လက်စားတော့
မချေပါနဲ့. ယောင်္ကျားကောင်းပီသစွာ ရင်ဆိုင်ဖြေရှင်းပါ. ကျွန်တော်တို့
Gentleman ပီသဖို့လိုပါတယ်. မကျေနပ်ရင် အပြင်မှာ
ထိပ်တိုက်တွေ့ဆုံဆွေးနွေးပါ. ဘလော့ဂ်ပေါ်တင်ပြီး အရှက်ခွဲတဲ့ပုံစံမျိုး၊
ကြေကွဲတမ်းတနေတဲ့ ပုံစံမျိုးလုပ်ရင်တော့ မိန်းကလေးလည်း နစ်နာတယ်.
ခင်ဗျားကိုလည်း အားလုံးက အထင်သေးရွံရှာသွားမှာ သေချာပါတယ်.
ကိုယ်နဲ့ချစ်နေစဉ်က ယုံကြည်စွာပေးခဲ့တဲ့ သူ့ဓာတ်ပုံလေးတွေကို
ခုလိုဖြစ်တော့မှ တစ်ဖက်သားအတွက် ထည့်မစဉ်းစားဘဲ ကိုယ်လုပ်ချင်တာတွေကို
ဇွတ်မလုပ်သင့်တာ လောကနီတိထဲမှာ ထည့်မရေးထားတဲ့ unwritten law တစ်ခုပါ.
ဒါတွေကို ဂရုမစိုက်ဘူးဆိုရင်တော့ ဆက်လုပ်ပါ. ဘာမှ ဆက်ပြောစရာမရှိတော့ပါဘူး.
လူတိုင်း ကိုယ့်သမိုင်းကိုယ်ရေးတာချည်းပါပဲ.

တစ်ချိန်တည်းမှာပဲ
ပညာဗဟုသုတတိုးပွားအောင် ကြိုးစားလေ့လာမှတ်သားပါ. ဘလော့ဂ်ကိုလည်း
ပို့စ်မှန်မှန်လေးတင်ပေးပါ. မတင်နိုင်သေးရင်လည်း မတင်နိုင်သေးကြောင်း
လေးစားစွာ အသိပေးပါ. ဒါဟာ စာဖတ်သူအပေါ်ထားရှိတဲ့ ကိုယ့်စေတနာကို ပြသရာလည်း
ရောက်ပါတယ်. တစ်ပတ်မှာ ပို့စ်တစ်ခုလောက်တော့ တင်ပေးနိုင်အောင် ကြိုးစားပါ.
မိမိဘလော့ဂ်ကိုလည်း တန်းပလိတ်ခဏခဏမပြောင်းပါနဲ့. စာဖတ်သူက
သူအကျွမ်းဝင်နေပြီးသား တန်းပလိတ်မှာ စာလာဖတ်ရတာ ပိုပြီးတော့
သက်တောင့်သက်သာဖြစ်တယ်လို့ ခံစားရပါတယ်. တန်းပလိတ်ကို
ကြိုက်တာသေချာလိုက်ရွေးပါ. ကြိုက်ပြီဆိုရင် အဲဒါကိုပဲသုံးပါ.
တဖြည်းဖြည်းချင်း feature တွေကို ပြောင်းယူပါ. တန်းပလိတ်တစ်ခုလုံးကြီး
ပြောင်းရတာက တကယ်ကို လိုအပ်မှပဲ
လုပ်သင့်ပါတယ်. ခဏခဏပြောင်းနေတာထက်
အချိန်အတော်ကြာမှ နောက်တစ်ခုပြောင်းတာ ပိုကောင်းပါတယ်.
ပို့စ်ကောင်းကောင်းလေးတွေ ရေးတဲ့ဖက်ကို ပိုပြီး အာရုံစိုက်သင့်ပါတယ်.

ပညာဥာဏ်ကြီးမားအောင် စာများများဖတ်ပါ. စာမျိုးစုံဖတ်ပါ
လေ့လာဆည်းပူးခဲ့တာတွေကို ဝေငှပါ. အများဆီကလည်း ပြန်သင်ယူပါ.
မိတ်ဆွေအပေါင်းအသင်းတိုးပွားအောင် လုပ်ပါ
ကိုယ်ရေးကိုယ်တာခံစားချက်ကို ထိန်းသိမ်းပါ
စာဖတ်သူကို လေးစားပါ

ဒါဆိုရင် မြေကြီးလက်ခတ်မလွဲဘူး
ခင်ဗျားဟာ အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ရုံသာမကဘူး. အောင်မြင်တဲ့လူသားတစ်ယောက် ဖြစ်လာဖို့ပါ ၁၀၀ % သေချာနေပါပြီ..

ခင်မင်လေးစားလျက်

ရန်အောင်



(ကျွန်တော်လေးစားခဲ.တဲ.ဘလော.ဂါကိုရန်အောင်ရဲ.ပိုစ်.လေးကိုပြန်လည်မျှဝေပါတယ်)

Shwe Min Wun

Monday, December 9, 2013

Activation Code တောင်းစရာ/ထည့်စရာ မလိုတဲ့ Viber နောက်ဆုံး version 3.0.1.3

သူငယ်ချင်းများအတွက် Activation Code တောင်းစရာ/ထည့်စရာ မလိုတဲ့ Viber နောက်ဆုံး version 3.0.1.3 ကိုရယူနိုင်ပါပြီ။
Android ဖုန်းအားလုံးအတွက် Activation code မရတဲ့ ၊ code တောင်းရတဲ့ ဒုက္ခတွေကနေ ကင်းဝေးစေ မယ့် Activation Code ဖြည့်စရာမလိုတဲ့ Viber v3.0.1.3 ကိုတင်ပေးလိုက်ပါတယ်။ 
Code သီးသန့်တောင်းစရာမလိုတော့တဲ့အတွက်တော်တော်လေးအဆင်ပြေကြမှာပါ။ အခု Viber ဆော့ဝဲ ထဲမှာ မိမိတို့ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်တာနဲ့ သူ့ဘာသာသူ code ဖြည့်ပြီး activate ဖြစ်သွားမှာပါ။ ဆော့ဝဲသွင်း ဖုန်းနံပါတ်ရိုက်ပြီးအသင့်သုံးရုံပါပဲ။ ကြိုက်တယ်ဆိုရင်အောက်မှာ ဒေါင်းလုပ်ရယူလိုက်ပါ။
Click Here =>>Downloads
အောက်ကလင့်မှာ သွားရောက် ကြည့်ရှု့လိုက်ပါ..

တရုတ်ခရီးမှာ ရန်ကုန်က ဝတ်သွားတဲ့အတိုင်း၂ ရက်တိတိ နေခဲ့ရသူများ .........................

Sunday, December 8, 2013



တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်မှာ အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ရုပ်ရှင်ဇာတ်ကားကို သွားရောက်ပြသခဲ့ပါတယ်။


တရုပ်ပြည်ရောက် စိုင်းစိုင်းခမ်းလှိုင်နဲ့ သက်မွန်မြင့် (ဓာတ်ပုံ- Thet Mon Myint's facebook)  
ဒီရုပ်ရှင် ပွဲတော်ကို မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ ဦးသိန်းနိုင်၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ အောင်ခိုင်၊ Heart & Soul ရုပ်ရှင် ထုတ်လုပ်ရေးမှ ခင်စန္ဒာမြင့်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့် တို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ရွှေကြက်ဖ ရုပ်ရှင်ပွဲတော် တက်ရောက်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်က ပွဲတော်သွားရောက်မှု အတွေ့အကြုံနဲ့ ပတ်သက်ပြီး

 “ကျနော်တို့ တဖွဲ့လုံးက တရုတ်စကား ပြောတတ်တဲ့သူ တယောက်မှ မပါဘူး ဆိုတော့ သွားတဲ့ရက်မှာ ကျနော်တို့ လေယာဉ် အကူးအပြောင်းလုပ်တဲ့ ကူမင်းမြို့မှာ လေယာဉ်ချိန် ပြောင်းသွားတယ်။ အဲဒါကြောင့် လေကြောင်းလိုင်းကနေ တာဝန်ယူပြီး ဟိုတယ်တခုကို ပို့ပေးတယ်။
စကား လုံးဝ မပေါက်တဲ့အတွက် လန့်လည်းလန့်တယ်။ စိတ်လည်း ပူတယ်။ ညကြီး ဖြစ်နေတဲ့အတွက် ဘယ်သူ့ကိုမှ ဖုန်းဆက်လို့ မရဘူး။ ရင်ခုန်စရာလေးနဲ့ အမှတ်တရ တခုလေးပါ။ နောက်တနေ့ ရောက်တော့လည်း ကူမင်းကနေ ပွဲတော်လုပ်တဲ့ ၀ူဟန်မြို့ကို လေယာဉ် အဆင်ပြေပြေနဲ့ ရောက်ပေမဲ့ ဟိုရောက်တော့ ကျနော်တို့ရဲ့ အိတ်တွေ မပါလာဘူး။
ခရီးသွားတုန်း ၀တ်ထားတဲ့ အ၀တ်အစားတွေ ကျနော်တို့ တဖွဲ့လုံး နှစ်ရက်ဆက်တိုက် ၀တ်လိုက်ရတယ်။ ပြန်တွေးကြည့်တော့ ပျော်စရာကြီးဗျ။
ပွဲတော်က တရုတ်ရုပ်ရှင် ပွဲတော် ပါတယ်၊

 International
ရုပ်ရှင်ပွဲတော် ပါတယ်။ တရုတ်နိုင်ငံရဲ့ ရုပ်ရှင်ဆုပေးပွဲ ပွဲတော်ရှိတယ်။ အဲဒီထဲက ပွဲတော်တခုကို ဒီကနေ ၀တ်သွားတဲ့ နှစ်ရက်စာ အ၀တ်အစားနဲ့ ကျနော်တို့ တက်လိုက်ရတယ်” လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ International ရုပ်ရှင်ပွဲတော်မှာ ပြပွဲတင် ၂၈ ကားရှိပြီး အဲဒီ ၂၈ ကားထဲမှာ အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ဇာတ်ကားပါတယ်။

“ပြပွဲဝင်တဲ့ကားတွေကို သူအချိန်နဲ့သူ ပြပါတယ်။ ဒါပေမဲ့ ဆွေးနွေးတာမျိုးတွေ မရှိပါဘူး။ အခြား ရုပ်ရှင်ကား ကြည့်ဖို့လည်း အခွင့်အရေး မရပါဘူး။
ကျနော်တို့ကို နောက်တရက်မှာ ဧည့်သည်တွေ အနေနဲ့ သူတို့ မြို့တွင်းနေရာများကို လိုက်ပို့ပါတယ်။ လည်ဖို့ ပတ်ဖို့ စီစဉ်ပေးတယ်။ Dinner တွေ ဖိတ်ကျွေးတယ်။
တရက်က International ရုပ်ရှင် ဆုပေးပွဲ တက်ရပါတယ် ” လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။

ပြပွဲမှာ ပြသတဲ့ ရုပ်ရှင်ဇာတ်ကားများအတွက် ဆုပေးပွဲကို ရုပ်ရှင်ရုံ တရုံမှာ အကျဉ်းရုံး ပြုလုပ်တာ ဖြစ်ပြီး တရုတ်ရှပ်ရှင် ပွဲတော်ရဲ့ ဆုပေးပွဲ အခမ်းအနားကို အကြီးအကျယ်၊ အခမ်းအနားဆုံး ပြုလုပ်တယ်လို့ သိရပါတယ်။

“ဆုပေးပွဲကတော့ ကျနော်တို့ဆီမှာလိုပါပဲ၊ တင်ဆက်မှုတွေ၊ ဆုတဆုနဲ့ တဆုကြားမှာ Performance တွေ၊ သီချင်းဆိုတာတွေ၊ တင်ဆက်တာတွေကို ခမ်းခမ်းနားနား လုပ်ပါတယ်။
 ပြီးတော့ ထူးခြားတာက ပွဲမစခင်မှာ Celebrity တွေ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေရဲ့ Red Carpet (ကော်ဇောနီ) လျှောက်တဲ့ အခမ်းအနား ပါဝင်ပါတယ်။
ကော်ဇောနီ လျှောက်တဲ့ အခမ်းအနားကို စနစ်တကျ သီးသီးသန့်သန့် စီစဉ်ထားတာပါ။
 ၅ နာရီမှာ ကော်ဇောနီလျှောက်ဖို့ စမယ်ဆိုရင် ၄ နာရီလောက် ကတည်းက တဖွဲဖွဲ ရောက်လာပြီး နားနေခန်းထဲမှာ နေကြတယ်။ ၅ နာရီမှာ ကော်ဇော်နီ စလျှောက်တယ်။
ကော်ဇောနီပေါ် ပရိသတ်တွေရော၊ စာနယ်ဇင်းတွေရော၊ ကင်မရာမန်းတွေရော တက်လို့မရဘူး။ အားလုံး သူ့နေရာနဲ့သူ ရှိနေကြတယ်။
အဲ့ဒီတော့ ကျနော်တို့ဆီမှာလို ၀ရုန်းသုန်းကား ရှုပ်ပွနေတာတော့ မရှိဘူး
” လို့ စိုင်းစိုင်းခမ်းလှိုင်က တရုတ်နိုင်ငံရဲ့ ရုပ်ရှင်ဆုပေးပွဲနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

တရုတ်နိုင်ငံ ရုပ်ရှင်ပွဲတော်ရဲ့ ကော်ဇောနီပေါ် လမ်းလျှောက်ရတာနဲ့ မြန်မာနိုင်ငံရဲ့ အကယ်ဒမီပေးပွဲ ၀င်တဲ့ လမ်းကြောင်းပေါ် လျှောက်ရတာ ခံစားမှု ကွာခြားလားဆိုတာနဲ့ ပတ်သက်ပြီး

“ဘယ်လိုပဲ ခမ်းနားအောင် ပြင်ဆင်ထားပေမဲ့လည်း ဒီပရိသတ်က ကိုယ့်ပရိသတ်မှ မဟုတ်တာ။ ဘယ်သူမှ မသိဘူး။
ဒီအတိုင်းပဲ လျှောက်တယ်ဆို လျှောက်သွားတာပဲပေါ့။
သူတို့မင်းသားတွေ အတွက်ကတော့ သူတို့ပရိသတ်တွေနဲ့ ပျော်စရာကောင်းမှာပေါ့၊
ကျနော်ကကျတော့ ကျနော့်ပရိသတ်က ဒီမှာပဲရှိတာကိုး၊
ဒီမှာ ကျနော်တို့ကို ချစ်တဲ့လူတွေ ပရိသတ်တွေ ရှိတယ်ဆိုတော့ ကော်ဇောနီပဲ လျှောက်ရ လျှောက်ရ ကော်ဇောမပါပဲ ဖြစ်ဖြစ် ကျနော်ကတော့ ကိုယ့်ပရိသတ်ကြားမှာ လျှောက်သွားရတဲ့ အရသာကိုပဲ ပိုကြိုက်တာပေါ့။ ပိုပြီးပျော်တယ် ” လို့ စိုင်းစိုင်းခမ်းလှိုင် က ဆိုပါတယ်။

အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ရုပ်ရှင်ကားကို တရုတ်နိုင်ငံရဲ့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်မှာ ၀င်ရောက်ပြသမှုနဲ့အတူ အတွေ့အကြုံ ရချင်လို့၊ ရောက်ဖူးချင်လို့ စိုင်းစိုင်းခမ်းလှိုင်က သွားခဲ့တာ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရှိပေမဲ့ နောက်ထပ် ရုပ်ရှင်ပွဲတော်တွေကို သွားဖို့ မပြောတတ်သေးဘူးလို့ သိရပါတယ်။

  • ခင်လေးမြင့်
မူရင်း - အလင်းတန်းဂျာနယ်    အောက်တိုဘာ 

အလင်းတန်းဂျာနယ်ရဲ့ခွင့်ပြုချက်နဲ့ ပြန်လည် ဖော်ပြပါတယ်။



ဆီးဂိမ်းကိုဂုဏ်ပြုကာ ဧရာဝတီမြစ်အား တစ်ကိုယ်တော် လက်ပစ်ကူး .....................

Sunday, December 8, 2013

ဓါတ်ပုံ - Lusoe Lay



မုံရွာ၊ မဇ္ဈိမ။        ။ ဆီးဂိမ်းပြိုင်ပွဲကို ဂုဏ်ပြုသည့်အနေဖြင့် စစ်ကိုင်းတိုင်း မြင်းမူမြို့တွင် နေထိုင်သော အသက်၅၈နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် တစ်မိုင်ကျော်ကျယ်သော ဧရာဝတီမြစ်ကို ဒီဇင်ဘာလ ၆ရက် နံနက် ၁၀နာရီခန့်က အသွားအပြန်လက်ပစ်ကူးဂုဏ်ပြုခဲ့သည်ဟု မြင်းမူမြို့နယ် အားကစားနှင့် ကာယဗလအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ အမျိုးသားကြီးသည် မြန်မာ့ရိုးရာလက်ဝှေ့သမားဟောင်း ထာဝရကျောင်းသားကြီး၊ ST သိုင်းရိုင်းဖြူ(ခ) ဘကြီး၊ ဗိုလ်ကြီး(ခ) ဦးသိန်းဇော်ဖြစ်ပြီး မြင်းမူမြို့၊ ဘုရင့်နောင်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။

သိုင်းရိုင်းဖြူ(ခ) ဘကြီးသည် ဒီဇင်ဘာလ ၆ရက် နံနက် ၁၀ နာရီတွင် မြင်းမူမြို့၊ ညောင်ဦးဖီးဆိပ်ကမ်းမှ  ဧရာဝတီမြစ်ကြီးကို မိကျောင်းကူးနည်းဖြင့် လက်ပစ်ကူးစွမ်းရည်ပြသခဲ့ပြီး မနက် ၁၁ နာရီ ၅၅ မိနစ်တွင် မြစ်တစ်ဘက်ကမ်းရှိ ငါန်ဇွန်မြို့နယ်၊ ရေလည်သောင်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။

ထိုဆိပ်ကမ်းတွင် ခေတ္တ အနားယူပြီးနောက် ဘကြီးသည် နေ့လည် ၁၂ နာရီခွဲ အချိန်တွင် ငါန်ဇွန်မြို့နယ်၊ ရဲပဒိုင်း ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကို ပြန်လည်ကူးခတ်လာခဲ့ရာ နေ့လည် ၁ နာရီ ၁၅မိနစ်တွင် မြင်းမူမြို့နယ်၊ အာသောကရပ်ကွက်၊ သုံးအိမ်တန်း ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။

ယင်းသို့ တစ်ကိုယ်တော် စွမ်းရည်ပြကာ ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကို ဂုဏ်ပြုခဲ့ခြင်းကို ဒေသခံ (၅၀၀)ကျော်က လာရောက်ကြည့်ရှုခဲ့ပြီး ဆုငွေချီးမြှင့်မှုများလည်း ရှိခဲ့သည်ဟု အားကစားနှင့် ကာယဗလအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

Written by  ကိုတိုးကြီး

Mizzima - News in Burmese

Thit Htoo Lwin - News

အမျိုးသမီးငယ်တဦးကို ပြည့်တန်ဆာ လုပ်ငန်းသို့ ပို့ဆောင်ခဲ့သူအား လူကုန်ကူး ရဲတပ်ဖွဲ့ထံ တိုင်ကြားသော်လည်း အရေးယူခြင်းမရှိ ..............

Sunday, December 8, 2013

ဒီဇင်ဘာလ ၇ ရက် (ပုသိမ်)

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်မှ အမျိုးသမီးငယ်တဦးအား အလုပ်ပေးမည်ဟု ဖျားယောင်းသွေးဆောင်ကာ နေပြည်တော်ရှိ ပြည့်တန်ဆာလုပ်ငန်းသို့ ပို့ဆောင်ခဲ့သူအား ပုသိမ်မြို့နယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုထံ တိုင်ကြား ထားသော်လည်း ယနေ့ထက်တိုင် တစုံတရာ အရေးယူခြင်းမရှိကြောင်း သတင်းရရှိသည်။

ကန်ကြီးထောင့်မြို့နယ်မှ အသက် ၂၄ နှစ်အရွယ် အိမ်ထောင်မရှိဖူးသူ (အပျို) အမျိုးသမီးငယ်တဦးအား ကန်ကြီးထောင့်မြို့နယ် ၀ါးထူးအုပ်စု အကယ်ကျေးရွာနေ နန့်ကြူကြူငွေက ပြီးခဲ့သည့် အောက်တိုဘာလ ကုန်ပိုင်းတွင် နေပြည်တော်သို့ ခေါ်ဆောင်သွားပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သော နေအိမ်သို့ ပို့ဆောင်ခဲ့ကြောင်း၊ နန့်ကြူကြူငွေမှာ လူပို့ပေးခ ၅ သိန်းကျပ် ရရှိခဲ့ကြောင်း၊ ပို့ဆောင်ခံရသူ အမျိုးသမီးငယ်မှာ ကိုယ်လွတ်ရုန်းထွက် ပြေးလာပြီး ပုသိမ်လူကုန်တား ရဲတပ်ဖွဲ့ထံ နိုဝင်ဘာလ ၁၃ ရက်နေ့က တိုင်ကြားခဲ့ရာ ယနေ့အထိ အရေးယူခြင်း မရှိကြောင်း
အမျိုးသမီးငယ်အား လိုက်ပါကူညီ ပေးနေသည့် လူ့အခွင့်အရေး လှုပ်ရှားသူ ကိုဝင်းထွန်းနိုင်က Myanmar News Now ကို ပြောသည်။

“ကောင်မလေးအမေက နေမကောင်းဘူး။ သူတို့မိသားစုက ဆင်းရဲတော့ ဆေးကုဖို့ ငွေလိုနေတယ်။ ကောင်မလေးကလည်း ငွေလိုလို့ အလုပ်ရှာနေတဲ့အချိန် နန့်ကြူကြူငွေက ရန်ကုန်မှာ စားပွဲထိုး အလုပ်ရမယ်လိုက်မလားဆိုပြီး ခေါ်တယ်။ ကောင်မလေးကလည်း နန့်ကြူကြူငွေနဲ့ သူငယ်ချင်းတွေ။ မိသားစုချင်းတွေကလည်း ရင်းနှီးနေတာကြောင့် လိုက်သွားတယ်။ ပြီးတော့ ရန်ကုန်ကိုမပို့ဘဲ နေပြည်တော်ခေါ်သွားပြီး ပြည့်တန်ဆာအိမ်ကို ပို့ပစ်လိုက်တယ်။ သူ့ကို
ဟိုအိမ်က ၅ သိန်းပေးတယ်လို့ သိရတယ်။ နောက်တော့ ပြည့်တန်ဆာအိမ်မှာ ရောက်နှင့်ပြီးသား မိန်းကလေးတွေက ဒီကလေးမကို သနားတာနဲ့ သူတို့လိုမဖြစ်အောင် ၀ိုင်းကယ်ပြီး အိမ်ပြန်နိုင်အောင် ၀ိုင်းကူညီလိုက်ကြတယ်။ ရွာပြန်ရောက်လာတော့ ကောင်မလေးက မကျေနပ်လို့ တိုင်ချင်တယ်ဆိုတော့ ကျနော်ကိုယ်တိုင် လူကုန်ကူးအဖွဲ့ဆီကို လိုက်ပို့ပေးပြီး တိုင်ချက်ဖွင့်ထားတယ်။ ဒါပေမယ့် ဒီနေ့ထက်ထိ ဘာမှအရေးယူတာ မရှိဘူး”ဟု သူက ပြောသည်။

နန့်ကြူကြူငွေက အမျိုးသမီးငယ်အား အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပုသိမ် - နေပြည်တော် ပြေးဆွဲနေသည့် “ထွန်းတောက်” အမြန်ယာဉ်ဖြင့် နေပြည်တော်သို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

နန့်ကြူကြူငွေနှင့် ငယ်သူငယ်ချင်းများဖြစ်သည့်အတွက် ယုံကြည်ပြီးလိုက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ စားသောက်ဆိုင်၌ စားပွဲထိုးလုပ်ရမည်ဟု ပြောဆို၍ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မူလက ရန်ကုန်၌အလုပ်ရှာပေးမည်ဟုပြောဆိုသော်လည်း နေပြည်တော်သို့ ခေါ်ဆောင်သွားပြီး မိမိအား ပြည့်တန်ဆာအိမ်၌ ထားရစ်ခဲ့ကာ နန့်ကြူကြူငွေ ပြန်သွားခဲ့ကြောင်း အသက် ၂၄ နှစ်အရွယ် ကာယကံရှင် အမျိုးသမီးငယ်က Myanmar News Now ကို ပြောသည်။

“သူပြောတော့ ရန်ကုန်ဆိုပြီး ရန်ကုန်ရောက်တော့ ဒီမှာအလုပ်မကောင်းဘူး။ နေပြည်တော်မှာဘဲ အလုပ်ဆက်ရှာပေးမယ် ဆိုပြီး ခေါ်သွားတယ်။ နေပြည်တော်ရောက်တော့ မှောင်နေပြီ။ သူက ဖုန်းနဲ့ဆက်လိုက်တော့ အစ်မကြီးတယောက်က ဆိုင်ကယ်နဲ့  လာခေါ်တယ်။ နှစ်ထပ်အိမ်တအိမ်ကို ခေါ်သွားတယ်။ သူ (နန့်ကြူကြူငွေ) က ဆိုင်ရှင်ဆိုတဲ့အစ်မကြီးနဲ့ မိတ်ဆက်ပေးတယ်။ အဲဒီအစ်မကြီးက နင်ပင်ပန်းနေပြီ။ သွားနားလိုက်တော့ဆိုပြီး သူတို့လူတွေနား တဲ့နေရာကို ခေါ်သွားခိုင်းတယ်။”

“အခန်းထဲရောက်တော့ ကောင်မလေးတွေက ကျမကိုကြည့်ပြီး နင်ဒီမှာ ဘာလာ လုပ်တာလဲတဲ့။ ကျမက အလုပ်လာလုပ်တာလို့ပြောတယ်။ ဒါဆို နင်ကအိမ်ထောင်သည်လား ကလေးဘယ်နှစ်ယောက်ရှိလဲလို့ မေးတယ်။ ကျမက ကလေးလည်းမရှိဘူး။ အိမ်ထောင်လည်း မရှိပါဘူးလို့ပြောတော့ သူတို့က နင်ဒီမှာမနေနဲ့။ ဒီမှာရှိတဲ့လူတွေအကုန်လုံးက မကောင်းတာ လုပ်စားတဲ့လူတွေချည်းပဲ။ အဲ့ဒီအလုပ်မလုပ်ရင်လည်း ပိုက်ဆံမရဘူးဆိုပြီးပြောတော့ ကျမ ချက်ခြင်းပဲ နန့်ကြူကြူငွေကို လိုက်ရှာတယ်။ သူ့ကိုတွေ့တော့ နင်ငါ့ကိုပြန်ခေါ်ပါ။ ငါဒီမှာ မနေပါရစေနဲ့လို့ပြောတယ်။ ငါဒီအလုပ်တွေလည်း မလုပ်ချင်ဘူး။ မလုပ်နိုင်ဘူးလို့ပြောတယ်။ ငါ့မှာနင့်ကိုပြန်ခေါ်ဖို့ လမ်းစရိတ်မရှိဘူး။ လမ်းစရိတ်ရှာ လိုက်ဦးမယ်ဆိုပြီး ကျမကို အဲဒီအိမ်မှာ ထားခဲ့ပြီး သူထွက်သွားတယ်”ဟု သူမက ပြောသည်။

“ကျမဒါတွေမလုပ်နိုင်ဘူး။ ပြန်မယ်ဆိုပြီး ဆိုင်ရှင်မိန်းမကိုသွားပြောတော့ နင်ပြန်လို့ မရဘူး။ နင့်ပိုက်ဆံတွေ သူယူသွားတယ်လို့ ဆိုင်ရှင်ကပြောတယ်။ ပိုက်ဆံက ၅ သိန်း ယူသွားတာ။ အဲဒါနဲ့ ကျမလည်း ပြန်စရာလည်းငွေမရှိ။ နေလည်းမနေချင်တော့ ဘာမှမကြံတတ်တာနဲ့ ငိုနေတော့တယ်။ အဲဒီမှာ အဲဒီအိမ်ကကောင်မလေးတွေက နန့်ကြူကြူငွေကို ဖုန်းဆက်ပြီး ယူသွားတဲ့ ၅ သိန်းကို ပြန်ပေးဖို့၊ မပေးရင် ရဲတိုင်မယ်ဆိုတော့မှ အဲဒီငွေကိုလူကြုံနဲ့ ပြန်ထည့်ပေးတယ်။ ကျမတို့တော့ ပြန်မခေါ်ဘူး။ အဲဒါနဲ့ အဲဒီအိမ်က ကောင်မလေးတွေကပဲ သူတို့လိုဘ၀ မရောက်အောင်ကူညီပြီး လမ်းစရိတ်တွေပါဝိုင်းထုတ်ပေးပြီး ဧရာဝတီတိုင်းကို ပြန်လွှတ်လိုက်တာ။ အသွားတုန်းကလည်း ထွန်းတောက်ကားနဲ့ပဲ။ အပြန်ကျတော့လည်း ထွန်းတောက်ကားနဲ့ပဲ ပြန်လာခဲ့တာ”ဟု သူမက ပြောသည်။

အမျိုးသမီးငယ်မှာ အောက်တိုဘာလ ၂၆ ရက်နေ့တွင် နေရပ်သို့ပြန်လည်ရောက်ရှိလာခဲ့ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ (ပုသိမ်တပ်ဖွဲ့စု) ထံ သွားရောက်တိုင်တန်းခဲ့ရာ ဒုရဲအုပ် သက်ဦးက စစ်ဆေးမေးမြန်းခဲ့ကြောင်း အမျိုးသမီးငယ်အား လိုက်ပါကူညီပေးနေသူ ဒေါ်သန်းလွယ်က ပြောသည်။

“လူကုန်တားတပ်ဖွဲ့က ကိုသက်ဦးက ကောင်မလေးကို စစ်ဆေးမေးမြန်းတာတွေလုပ်တယ်။ နောက်တနေ့မှာ နန့်ကြူကြူငွေကို စခန်းကိုခေါ်စစ်တယ်လို့ သိရတယ်။ ဒါပေမယ့် ဘာကြောင့်လဲတော့မသိဘူး။ နန့်ကြူကြူငွေကို ဒီနေ့ထက်ထိ ဘာအရေးယူမှုမှ မလုပ်ဘူး။ အဲတော့ နန့်ကြူကြူငွေက ရွာမှာပြန်လာပြီး ငါကစေတနာနဲ့ အလုပ်ရှာပေးတာကို စော်ကားတယ်။ ဘာညာဆိုပြီး ကြိမ်းဝါးနေတော့တာ။ ကောင်မလေးခမျာမှာ ကံကောင်းလို့ ပြည့်တန်ဆာဘ၀မရောက်ဘဲ လွတ်လာတာ။ ခုကျတော့ သူ့ကိုအဲဒီလို ဖာတန်းပို့တဲ့လူ ကျတော့ ဘာမှအရေးယူမခံရဘဲဖြစ်နေတော့
ကျမတို့နိုင်ငံမှာ တရားဥပဒေဆိုတာက ရှိမှ ရှိသေးရဲ့လားလို့တောင် အံ့သြမိတယ်”ဟု သူက ပြောသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေး ပုသိမ်တပ်ဖွဲ့စုစခန်းမှာ ပုသိမ်မြို့ကိုးသိန်းဘောလုံးကွင်းအနီးတွင် တည်ရှိပြီး တပ်ဖွဲ့စုမှူးမှာ ရဲမှူး ဒေါ်ခင်ခင်စိုးဖြစ်သည်။

by Thit Htoo Lwin

Thit Htoo Lwin - News

::: အခြားမိန်းမတစ်ယောက်နှင့် ချိန်းတွေ့ခြင်း ::: ...............


 အိမ်ထောင်သက် ၂၁နှစ်ကြာပြီးနောက်ပိုင်းမှာ ကျွန်တော့်ဇနီးဟာ ကျွန်တော့်ကို အခြားမိန်းမတစ်ယောက်ကိုခေါ်၊ ညစာထွက်စား၊ ရုပ်ရှင်သွားကြည့် ပြုလုပ်စေချင်ပါတယ်။ ဇနီးဖြစ်သူကပြောတယ်။ “ ကျွန်မရှင့်ကို ချစ်ပါတယ်။ ဒါပေမယ့် အဲဒီအခြားမိန်းမဖြစ်သူကလည်း ရှင့်ကိုချစ်နေတယ်၊
နောက်ပြီး သူဟာ ရှင်နဲ့အတူ နေချင်တဲ့အချိန်ရှီလိမ့်မယ်ဆိုတာ ကျွန်မသိနေတယ်” တဲ့။ - ကျွန်တော့်ဇနီးက ကျွန်တော်သွားတွေ့စေချင်တဲ့ အခြားမိန်းမ ဆိုတဲ့သူကတော့ ကျွန်တော့်အမေပဲဖြစ်ပါတယ်။ အမေဟာ မုဆိုးမအဖြစ်နဲ့နေထိုင်လာတာ ၁၉ နှစ်ရှိနေပါပြီ။ သို့သော်လည်း ကျွန်တော့်မှာ အလုပ်ကတစ်ဘက်၊ ကလေးသုံးယောက်ကလည်းရှိဆိုတော့ အမေ့ဆီကို ရံဖန်ရံခါမှသာရောက်ဖြစ်တာမျိုးပါ။ - အဲဒီနေ့ညမှာပဲ အပြင်ထွက် ညစာစား၊ ရုပ်ရှင်သွားကြည့်ဖို့ အမေ့ကို ကျွန်တော်ဖုန်းဆက် ဖိတ်ကြား လိုက်ပါတယ်။ “ ဘာဖြစ်လို့လဲ? ငါ့သားနေမကောင်းဘူးလား?” လို့အမေကပြောတယ်။ သူဟာ တစ်ခုခုကို သံသယဖြစ်နေပုံရပါတယ်။ “မဟုတ်ပါဘူးအမေ၊ အမေနဲ့အတူတူ အချိန်လေးယူပေးရတာ ကောင်းမယ်လို့ ကျွန်တော်တွေးမိလို့ပါ” လို့ ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။ “ အမေနဲ့ကျွန်တော် နှစ်ယောက်တည်းပဲ”။ အမေဟာ အတန်ကြာအောင်စဉ်းစားပြီးမှ ပြန်ပြောပါတယ်။ “ အဲဒီလိုဆိုရင် အမေ သိပ်ကြိုက်ပါတယ်” တဲ့။ အဲဒီသောကြာနေ့ အလုပ်ကနေအပြန်မှာ ကျွန်တော်အမေ့ကို ကားနဲ့သွားကြိုတဲ့အချိန်မှာ အမေဟာ ကုတ်အကျီ င်္ကိုဝတ်ပြီး အိမ်ရှေ့တံခါးဝမှာ ရပ်စောင့်နေပါတယ်။ သူဟာ ဆံပင်လေးတွေကို ကောက်ထားပြီး ၀တ်ထားတဲ့အ၀တ်အစားဟာ သူ့ရဲ့နောက်ဆုံးမင်္ဂလာပွဲမှာ ၀တ်ဆင်ခဲ့ဖူးတဲ့ မင်္ဂလာဝတ်စုံနဲ့ပါ။ နတ်သမီးတစ်ပါးရဲ့လင်းရောင်ခြည်တွေလိုဖြာနေတဲ့ အမေ့မျက်နှာက ကျွန်တော့်ကိုပြုံးပြပါတယ်။ “ အမေ့သူငယ်ချင်းတွေကို အမေပြောပြထားတယ်။ ဒီနေ့ သားတော်မောင်နဲ့အတူတူ အပြင်ထွက်မလို့ဆိုတာပြောတော့ သူတို့တွေ အမေ့ကို အထင်တွေကြီးနေကြတယ် သားရယ်” လို့ ကားထဲမှာဝင်ထိုင်ရင်းပြောပါတယ်။ - တော်တော်ကောင်းပြီး ဇိမ်ကျလှတဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်ဆီကို ကျွန်တော်တို့သွားကြပါတယ်။ အမေဟာ ကျွန်တော့်လက်မောင်းကို ကိုင်ထားတာများဆိုရင် သမ္မတ ကတော် လေလား ထင်ရပါတယ်။ ဆိုင်စားပွဲမှာထိုင်တော့ ကျွန်တော်ဟာ အစားအသောက်စာရင်းကိုကြည့်ပေးဖို့ဖြစ်လာပါတယ်။ အမေ့မျက်လုံးတွေဟာ စာလုံးကြီးကြီးမှပဲ မြင်နိုင်တော့တဲ့အတွက်ပါ။ အစားအသောက်စာရင်းကိုကြည့်နေတုန်း တစ်ဝက်လောက်အရောက်မှာ အမေ့ကိုကြည့်လိုက်တော့ အမေဟာ ကျွန်တော့်ကို စိုက်ကြည့်နေတာတွေ့လိုက်ရပါတယ်။ အမေ့နှုတ်ခမ်းပေါ်ကအပြုံးကတော့ လွမ်းဆွတ်နေတဲ့အပြုံးဖြစ်ပါတယ်။ “ ငါ့သား ငယ်ငယ်လေးတုန်းက menu ကိုဖတ်ပေးခဲ့တာ အမေပေါ့” လို့ပြောပါတယ်။ ကျွန်တော်က “ အခုအမေကအနားယူဦး ဒီတစ်ခါသားကို တလှည့် ဖတ်ခွင့်ပြုပါဦး” လို့တုံ့ပြန်ပြောဖြစ်ပါတယ်။ ညစာစားရင်း စကားပြောကြတာမှာ ကျေနပ်နှစ်သက်စရာကောင်းလှပါတယ်။ စကားကတော့ ထူးခြားတဲ့ အကြောင်းအရာမပါပါဘူး။ တစ်ဦးချင်းစီရဲ့လတ်တလောကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကိုသာ ပြောဆိုမိကြတာပါ။ စကားပြောတာကောင်းသွားတော့ ကျွန်တော်တို့ဟာ ရုပ်ရှင်ကိုမမီလိုက်တော့ပါဘူး။ အဲဒါနဲ့ အမေ့ကို သူ့အိမ်ပြန်ပို့တော့ အမေကပြောပါတယ်။ “ အမေသားနဲ့ အပြင်ကို နောက်ထပ်သွားချင်ပါသေးတယ်- ဒါပေမယ့်လည်း သားကဖိတ်မှ အမေလိုက်မှာပါ” တဲ့။ ကျွန်တော် ခေါင်းငြိမ့်ခဲ့ပါတယ်။ - “ ညစာစားရင်း ချိန်းတွေ့တာ ဘယ်နှယ်လဲ?” လို့အိမ်ပြန်ရောက်တော့ ဇနီးဖြစ်သူကမေးပါတယ်။ ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။ “သိပ်ကိုကောင်းတာပဲကွာ။ အဲဒီလောက် ကောင်းလိမ့်မယ်လို့ ကိုယ်တော့ မတွေးတောမိခဲ့ဘူး”။ - ရက်အနည်းငယ်ကြာအပြီးမှာ ပြင်းထန်တဲ့နှလုံးတိုက်ခိုက်မှုကြောင့် အမေကွယ်လွန်သွားခဲ့ပါတယ်။ ချက်ချင်းလက်ငင်းကြီးဖြစ်သွားတာကြောင့် အမေ့အတွက်တစ်ခုခုလုပ်ကိုင်ပေးဖို့ရာ ကျွန်တော့်မှာ အခွင့်မသာခဲ့ပါဘူး။ ဒီလိုနဲ့ အချိန်လေးတော်တော်ကြာလာတော့ စားသောက်ဆိုင်တစ်ဆိုင်က စာအိတ်လေးနဲ့အတူ ငွေလက်ခံဖြတ်ပိုင်းလေးရောက်လာပါတယ်။ အမေနဲ့ကျွန်တော်အတူတူ သွားခဲ့ကြတဲ့ စားသောက်ဆိုင်ကပါ။ စာအိတ်မှာအတူတွဲပါလာတဲ့ စာကိုဖတ်ကြည့်လိုက်တော့ “ အမေဒီစာရင်းအတွက် ပိုက်ဆံကြိုတင်ပေးခဲ့လိုက်ပါတယ်။ အမေ အဲဒီဆိုင်ကိုရောက်ဖြစ်ဦးမယ်၊ မရောက်ဖြစ်ဘူးဆိုတာကိုတော့ မသေချာပါဘူး။ ဘယ်လိုပဲဖြစ်ပါစေ နှစ်ပွဲစာဖိုးကို ပိုက်ဆံချေခဲ့လိုက်တယ်။ တစ်ပွဲက သားအတွက်နဲ့ နောက်တစ်ပွဲက မင်းမိန်းမအတွက်ပါ။ အဲဒီနေ့ညက အမေ့အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိခဲ့တယ်ဆိုတာ ငါ့သားသိချင်မှ သိပါလိမ့်မယ်။ မင်းကိုအမေချစ်တယ် သား ။” - အဲဒီအခိုက်အတန့်လေးမှာပဲ ချစ်တယ်ဆိုတဲ့စကားကို အချိန်မီပြောလိုက်ခြင်းဟာ အရေးပါတယ်ဆိုတာရယ် ကျွန်တော်တို့ချစ်တဲ့သူတွေကို သူတို့နဲ့ထိုက်တန်တဲ့ အချိန်ကိုပေးဖို့ဆိုတာ ကို ကျွန်တော် သဘောပေါက်နားလည်လိုက်ပါတယ်။ ဘ၀မှာ မိသားစုထက် ဘယ်အရာကမှ ပိုပြီးအရေးမကြီးပါဘူး။ သူတို့တွေနဲ့ထိုက်တန်တဲ့အချိန်ကိုပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအရာတွေဟာ “နောက်တော့မှ” ဆိုပြီးရွှေ့ဆိုင်းလို့မရတဲ့အရာတွေဖြစ်နေလို့ပါပဲ။

 - A Date with another woman 
=================
 After 21 years of marriage, my wife wanted me to take another woman out to dinner and a movie. She said, “I love you, but I know this other woman loves you and would love to spend some time with you.” - The other woman that my wife wanted me to visit was my MOTHER, who has been a widow for 19 years, but the demands of my work and my three children had made it possible to visit her only occasionally. - That night I called to invite her to go out for dinner and a movie. “What’s wrong, are you well ?” she asked. She was suspicious of something. “I thought that it would be pleasant to spend some time with you,” I responded. “Just the two of us.” She thought about it for a moment, and then said, “I would like that very much.”That Friday after work, as I drove over to pick her up , She was waiting at the door with her coat on. She had curled her hair and was wearing the dress that she had worn to celebrate her last wedding anniversary. She smiled from a face that was as radiant as an angel’s. “I told my friends that I was going to go out with my son, and they were impressed, “she said, as she got into the car. - We went to a restaurant that was very nice and cozy. My mother took my arm as if she were the First Lady. After we sat down, I had to read the menu. Her eyes could only read large print. Half way through the entries, I lifted my eyes and saw Mom sitting there staring at me. A nostalgic smile was on her lips. “It was I who used to have to read the menu when you were small,” she said. “Then it’s time that you relax and let me return the favor,” I responded. During the dinner, we had an agreeable conversation – nothing extraordinary but catching up on recent events of each other’s life. We talked so much that we missed the movie. As we arrived at her house later, she said, “I’ll go out with you again, but only if you let me invite you.” I agreed. - “How was your dinner date?” asked my wife when I got home. “Very nice. Much more so than I could have imagined,” I answered. - A few days later, my mother died of a massive heart attack. It happened so suddenly that I didn’t have a chance to do anything for her. Some time later, I received an envelope with a copy of a restaurant receipt from the same place mother and I had dined. An attached note said: “I paid this bill in advance. I wasn’t sure that I could be there; but nevertheless, I paid for two plates – one for you and the other for your wife. You will never know what that night meant for me. I love you, son.” - At that moment, I understood the importance of saying in time: “I LOVE YOU” and to give our loved ones the time that they deserve. Nothing in life is more important than your family. Give them the time they deserve, because these things cannot be put off till “some other time.” Credit to English-မြန်မာ စာပဒေသာ။
You might also like:

စင်္ကာပူက ကားမတော်တဆ တိုက်မှုမှ ပွားလာတဲ့ Little India ဆူပူလှုပ်ရှားမှု....................


စင်္ကာပူနိုင်ငံရှိ Little India တွင် တနင်္ဂနွေနေ့ည ၉နာရီ ၂၃မိနစ် အချိန်က ဖြစ်ပွားခဲ့သော ကားမတော်တဆတိုက်မှုကနေ ရဲကားငါးစီး ၊ ဆေးရုံကားတစ်စီးနဲ့ အခြားကိုယ်ပိုင်ကားများ မီးရှို့ ၊ ဖျက်ဆီးခံရသော ဆူပူလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အကြမ်းဖက်သော ဆူပူသူဦးရေဟာ ခန့်မှန်းခြေအားဖြင့် ၄၀၀ ခန့်ရှိကြောင်း သိရသည်။ ထိုဆူပူမှုကြောင့် စင်္ကာပူရဲအရာရှိ (၁၀)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။
အနည်းဆုံး စင်္ကာပူရဲကား နှစ်စီးဟာ ပြောင်းပြန်လှန်ထားခြင်း ခံထားရကာ ဆေးရုံကားကတော့ မီးရှို့ခံခဲ့ရတာဖြစ်ကြောင်း သိရသည်။
LI riot
ဖြစ်ပွားပုံမှာ Little India ရှိ Race Course လမ်းဆုံတွင် တနင်္ဂနွေနေ့ည ၉နာရီ ၂၃မိနစ် အချိန်က ကိုယ်ပိုင်ဘတ်စ်ကားတစ်စီးဟာ ဘင်္ဂါလီဟု ယူဆရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အလုပ်သမားတစ်ဦးအား မတော်တဆတိုက်မိ၍ အတိုက်ခံရသူ ပွဲချင်းပြီး သေဆုံးသွားသည့်ကိစ္စကို မကျေနပ်သော အနီးရှိသူများက စတင်၍ တိုက်သည့်ဘတ်စ်ကားအား မှန်ရိုက်ခွဲဖျက်ဆီးကာ အကြမ်းဖက် ဆူပူလှုပ်ရှားပြီးနောက် ထိုကဲ့သို့ အုပ်စုလိုက် ဖျက်ဆီး ၊ မီးရှို့မှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စင်္ကာပူရဲတပ်ဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်များအရ တနင်္ဂနွေနေ့ ညသန်းခေါင်နီးပါး ည၁၁နာရီ ၄၇မိနစ်အထိ ဆူပူလှုပ်ရှားမှုများဟာ ဆက်လက်ရှိနေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တာဝန်ရှိသူများက ထိုအကြမ်းဖက် ဆူပူမှုများ ဖြစ်ပွားနေခဲ့သော Little India ဧရိယာသို့ ဖြတ်သန်းသွားလားခြင်း မပြုကြဖို့ အများသူငါကို သတိပေး နှိုးဆော်ခဲ့ရကြောင်းလည်း သိရသည်။
အကြမ်းဖက် ဆူပူလှုပ်ရှားကြသူအများစုဟာ စင်္ကာပူနိုင်ငံသို့ ပြည်ပနိုင်ငံမှ အလုပ်လာရောက်လုပ်ကိုင်ကြသော ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း စင်္ကာပူ The Straitstimes သတင်းစာက ရေးသား ဖော်ပြထားခဲ့သည်။
Source : Yahoo
Credit ပုံရိပ်(burmesehearts.com)
မီးရှို့ခံထားရသောကားများ
မီးရှို့ခံထားရသောယာဉ်များ