This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, October 13, 2013

ကွမ်း ကြိုက်တဲ့ မောင်

Golden Eagle and Khin Mya Htwe Naing shared Pe ter Pau's photo.
ကွမ်း ကြိုက်တဲ့ မောင် (ကွမ်းယာ) ~~~~~~~~~~~~~~~~~~ သူ့နာမည်က ကိုချိုကြီးပါ… ကျွန်တော်သူ့ကို (--.၄.၀၆)မှာစတင်တွေ့ဘူးခဲ့တာပါ.. သူဟာမြေလတ်ပိုင်းက အခမဲ့ဆေးခန်းလေး တစ်ခုမှာ လာရောက်ကုသမှုခံယူခဲ့တာပဲ ဖြစ်ပါတယ် ။ အဲဒီမှာသူနဲ့ စတင်တွေ့ခဲ့ရတာပါ… သူ့ကိုတွေ့တော့ သူ့ရဲ့ထူးခြားမှုကို ပထမဆုံး သတိထားမိပါတယ်…၊သူဟာ အခြားလူနာများနဲ့ ခပ်ခွာခွာထိုင်ရင်း မျက်နှာကို တဘက်ရှည်လေးတစ်ထည်နဲ့ ပါတ်ထားပါတယ် .. ခေါင်းမြီးခြုံမလေးတွေလို သူ့မျက်လုံးကိုသာ မြင်နေရပါတယ်… ဒီလိုနဲ့သူပြသခွင့်ရတဲ့အလှည့်အရောက်မှာ ..သူ ဆေးခန်းထဲကို ဖြည်းဖြည်းပဲ.. ၀င်ရောက်လာပါတယ်..၊ သူ့နံဘေးမှာ အခြားလူနာများလို ဖေးမမယ့်လူနာစောင့်ပါမလာပါဘူး ။ ဒါနဲ့ စပ်းသပ်ခုတင်ပေါ် သူထိုင်ပါတယ်… ဆရာဝန်နဲ့အတူ စမ်းသပ်မယ့် ဆရာမလေးက သွေးပေါင်ချန်စက် ကလေး သူ့နဘေးချ ၊ ဆရာဝန်က သူ့ကို မေးပါတယ်…“ဘာဖြစ်တာပါလဲ” …. သူ့ဆီက စကားပြန်မလာပါဘူး… နောက်ထပ်တစ်ကြီမ် ထပ်မေးရပြန်ပါတယ်… “ဘာဖြစ်ပါသလဲ” သူ ဆရာဝန်ကိုကြည့်ပါတယ်.. နောက်ဆရာမလေးကိုကြည့်ပါတယ်… ဆေးခန်းလေးဟာ တဒင်္ဂ တိပ်နေပါတယ်…. ဖြည်းညှင်းစွာဘဲ သူ့လက်တွေ စတင်လှုပ်ရှားပါတယ် …သူ့မျက်နှာကပါတ်ထားတဲ့. တဘက်ဝါလေးကို ခွာချလိုက်ပါတယ်… သူနာပြုဆရာမလေး ရုပ်တရက် ခြေတစ်လှမ်းနောက်ဆုတ်သွားပါတယ်…ဆရာဟာ အံ့အားသင့်စွာနဲ့ဘဲ ခေတ္တ ဆိပ်ငြိမ်နေပါတယ်…သူ့ထံက စကားပြောဖို့ ကြိုးစားပါတယ် တရှဲရှဲ အသံနဲ့ လက်ဟန်ခြေဟန်ဘဲပြနိုင်ပါတယ် သူ..စာရွက်နဲ့ဘောပင်တောင်းနေတာပါ သူ့ရဲ့ စကားပြော ရာ အထောက်အကူပြု့ / ဋ္ဌာန် ၊ ကရိုင်းတို့ဖြစ်တည်ရာ .နှုတ်ခမ်းတစ်ခုလုံးနဲ့ ပါးတစ်ခြမ်းလုံးဟာ မရှိသလောက်ဖြစ်နေပါပြီ မျက်နှာရဲ့ တစ်ဝက်နီးပါးဟာ အနာအတိနဲ့ ရုပ်တရက်မြင်ရသူတို့ လန့်ဖြန့်သွားလောက်သလို… အနာများရဲ့အနံ့အသက်ဟာလည်း ဆိုးဝါးလှပါတယ်… လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကွမ်းစားရင်း စဖြစ်ခဲ့တာပါဆိုတဲ့ သူရေးပြတာလေး ဖတ်ရလို့သိ၇ပါတယ် ၊ သူ့အကြောင်းကိုစာနဲ့ရေးပြခဲ့ပါတယ် ..သူ့အသက်က. ၄၀ ကျော်လောက်ပါ… သူ..ကွမ်းကို ခုံမင်စွာစားခဲ့ပါတယ် တဲ့ … ဘယ်လောက်ထိကြိုက်ခဲ့ပါသလဲဆိုရင် ညအိပ်ရင်း ကွမ်းငုံအိပ်တဲ့ထိပါတဲ့ … ကွမ်းစားဆေးများကိုလဲ ခုံမင်ပါတယ်..ဆိုင်ကပုံမှန်ယာပေးတာထက် ပိုထည့်ခိုင်းမိပါတယ်တဲ့ … ဒီလိုနဲ့တနေ့တော့ သူ့ပါးစောင်မှာ အနာသေးသေး ဖြစ်လာပါတယ်… သူအမှတ်တမဲ့ဘဲထားလိုက်ရာက …အနာက ပိုဆိုးလာပါတယ် …၊ ဆေးခန်းကို သွားပြဖြစ်ပါသေးတယ် စားဆေးလေး သောက်လိုက်လို့ သက်သာသလိုရှိတော့ နောက်ထပ် ဆေးခန်းကို မရောက်ပြန်ဘူး ။ ဒီတစ်ခါထပ်ဖြစ်တော့ ပါးအပြင်ထိ အနာကဖောက်ထွက်လာပါတော့တယ် သူလက်လှမ်းမှီရာဆေးခန်းများပြရင်း ရန်ကုန်ကိုသွားကုဖြစ်ပါတယ် ၊ သမားတော်ဆီရောက်လို့ သံသယရှိ တဲ့အတွက် သူ့အသားဆဲလ်ကိုယူပြီး ဓါတ်ခွဲခန်းမှာ စစ်ဆေးကြည့်တော့ ကင်ဆာပါတဲ့…။ သူစိုးရီမ်စိတ်နဲ့ တတ်စွမ်းသမျှ ပျောက်ကင်းနိုင်ဖို့ကြိုးစားပါတယ် … သူပိုင်ဆိုင်မှုဟာ သူ့ရောဂါကို. ပျောက်ကင်းနိုင်တဲ့ထိ မလုံလောက်တော့ပါဘူး… သူ စိတ်လျှော့လိုက်ပါတယ်…. သူ့ရပ်ရွာမှာဘဲ သူခေါင်းချချင်ပါတယ် ..သူမြို့သူပြန်ပါတယ်… ဒီလိုနဲ့ ဝေဒနာနဲ့ စိတ်ဒုက္ခကြားမှာ သူ့ရောဂါဟာပိုဆိုးလာပါတယ်…စိတ်ညစ်ညစ်နဲ့နေလာခဲ့ရင်း… သတင်းတစ်ခု သူကြားပါတယ်…သူနေတဲ့ မြိုလေးမှာ အခမဲ့ဆေးခန်းလေးတစ်ခု ဖွင့်ပါတယ်တဲ့.. သူ့ရဲ့မိတ်ဆွေကောင်းလေးဆီက သီတင်းလေးပါ ။ မိတ်ဆွေလေးက ဆိုက်ကားဆရာလေးပါ… ဆိုက်ကားခမယူဘဲ နံက်ပိုင်းကုသခွင့်အတွက် တန်းစီရတဲ့ ခုံတန်းလေးမှာ သူ့ကိုပို့ပေးခဲ့ပါတယ် ၊ နောက် ဆိုက်ကားဆရာလေးက သူ့ကိုပြန်လာကြိုပေးပါတယ် ..။ ဒီလိုနဲ့ သူ အခမဲ့ဆေးခန်းလေးမှာ ဆေးကုသ ခံယူခဲ့ပါတယ်…၊ သူသိပါတယ်…သူဟာ မပျောက်ကင်းနိုင်ဘဲ ကင်ဆာဆဲလ်များရဲ့ နှိပ်စက်မှုဒဏ်နဲ့ တစ်နေ့ထက်တစ်နေ့မရဏမင်းရဲ့ ခံတွင်းဝကို တစ်လှမ်းချင်းတိုးနေရသူပါဆိုတာ…။ အခမဲ့ဆေးခန်းလေးရဲ့ တာဝန်ခံဆရာဝန်ကလဲ သူ့အခြေအနေကိုသိသလို ဆရာမများနဲ့ဆေးခန်းလေးရဲ့တာဝန်ရှိသူတွေလည်း သိကြမှာပါဘဲ သူ အားနာစွာနဲ့ အီမ်မှာ နှစ်ရက်လောက်ငိုကြွေးနေမိပါတယ်…၊မမျှော်လင့်ဘဲ အခမဲ့ဆေးခန်းလေးမှာ ဆေးကုသမှုခံယူနေတဲ့ တစ်ရပ်ထဲနေ လူနာတစ်ယောက် သူ့အိမ်ရောက်လာပါတယ် ဆေးခန်းကိုသူရောက်မလာလို့ စကားကြုံပါးလိုက်တာပါ …ခရီးစရိတ်လေးပါပေးလွှတ်လိုက်ပါတယ်တဲ့ သူမျက်ရည် ကျမိပါတယ်… ၊ဒီတစ်ခါတော့..သူ့မျက်ရည်ဟာ…သူ့အပေါ်ဂရုတစ်စိုက်ရှိလှပြီး စာနာမှု အပြည့်နဲ့ ကမ်းလင့်လာတဲ့ မေတ္တာလက်များအတွက်… ကြည်နူးမှုအပြည့်နဲ့ ကျရတဲ့ “ပီတိ”မျက်ရည်စက် များပါဘဲ….။ သူ့ရင်ထဲမှာကျေနပ်မှု အပြည့်နဲ့ပါ။ သူကိုယ်တိုင်လည်း သိပြီးဖြစ်သလိုဆရာများနဲ့ ဆေးခန်းတာဝန်ရှိသူများလဲ သိပြီးဖြစ်ပါလိမ့်မယ် သူဟာ သေလူပါ ။ ဒါပေမယ့် သူကျေနပ်ပါတယ် …၀မ်းသာတယ်…ပီတိဖြစ်တယ်… သူသေရရင်တောင်… လူသားတစ်ယောက်ရသင့်တဲ့ အပြည့်အ၀ စောင့်ရှောက်ကုသမှုကို ခံယူရတဲ့အတွက် …သူ.. ကျေနပ်ပါတယ်…စိတ်ချမ်းသာပါတယ်… သူဟာ. အခမဲ့ဆေးခန်းလေးမှာ ( ၆ ) လလောက် လာရောက်ကုသမှုခံယူသွားပါတယ်( .၁၂ . ၀၇) မှာသူဆုံးပါးသွားပါတယ်..။ဆေးကုသမှုခံယူနေစဉ်မှာဘဲ…သူ့ဆန္န သူ့ရဲ့ခွင့်ပြုချက်နဲ့ သူ့ကိုဓါတ်ပုံရိုက်ခဲ့ပါတယ်..၊သူ့လိုကွမ်းချစ်သူများကိုဆင်ခြင်နိုင်ဖို့ မှတ်တမ်းနဲ့ဓါတ်ပုံအတွက် ကြည်ဖြူစွာခွင့်ပြုချက်ပေးခဲ့ပြီး သူ့ဘ၀နဲ့ရင်းခဲ့ရတဲ့ သင်္ခန်းစာတစ်ခုကို အများသိရှိနိုင်စေဖို့ ခုလိုတင်ပြပေးရခြင်းပါ…။ https://www.facebook.com/photo.php?fbid=535576046525239&set=a.535575546525289.1073741852.233304330085747&type=1&theater — with Christopher Sphonemin and 19 others.

ငွေကို ရေလို တကယ်ချိုးပြသည့် ဓာတ်ပုံကြောင့် အခွန်ရှောင်မှုပေါ် ....................



October 12th, 2013

12.10.2013-kst2
အောက်တိုဘာ ၁၂။
ဖိလစ်ပိုင်သူ Jeane Napoles သည် ရေချိုးကန်ထဲတွင် ငွေအပြည့်ထည့်ကာ ငွေကိုရေလို တကယ် သုံးပြထားသည့် ဓာတ်ပုံကို အွန်လိုင်းပေါ် တင်မိရာမှ အခွန်ရှောင်သည့် အမှုတစ်ခု ပေါ်ပေါက်ခဲ့သည်။
လက်တလောတွင် အမေရိကန်တွင် နေထိုင်နေသော ဖိလစ်ပိုင်နိုင်ငံသား Jeane Napoles  အသက် ၂၃ နှစ်သည် ငွေကန်ထဲတွင် စိမ်နေသည့်ပုံများ၊ အကောင်းစား ကွန်ဒိုတိုက်ခန်းတွင် ပျော်ရွှင်နေသည့် ပုံများနှင့် အဖိုးတန် လက်ဝတ်ရတနာများ ၀တ်ဆင်ကာ ရိုက်ကူးထားသည့် ပုံများကို သူမ၏ လူမှုကွန်ရက်တွင် တင်မိရာမှ ပြည်တွင်းအခွန်ဌာနမှ သတိပြုမိကာ အခွန်ရှောင်သည့် အမှုနှင့် စွဲဆိုခံနေရသည်။
ဖိလစ်ပိုင် နိုင်ငံသားများအနက် ၂၈ ရာခိုင်နှုန်းသည် ဆင်းရဲမွဲတေမှုဒဏ် ခံစားနေရသည်။ ပြည်တွင်း အခွန်ဌာနမှ အကြီးအကဲဖြစ်သူ Kim Henares အင်တာနက်မှ တစ်ဆင့် သူမကိုခြေရာခံနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လော့စ်အိန်ဂျလိတွင် ဖက်ရှင်ဒီဇိုင်းပညာ သင်ယူနေသည့် Jeane Napoles  ၏ တိုက်ခန်းမှာ အမေရိကန်ဒေါ်လာ ၁.၃သန်းတန်ကြောင်းနှင့် သူမ ပေးဆာင်းရမည့်အခွန်များကို ၂၀၀၈ ခုနှစ်ကလည်းက ပျက်ကွက်ခဲ့ ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။
Jeane Napoles  သည် အမေတူ သမီး ဟု ဆိုရမည်လားမသိ။ လက်ရှိအချိန်တွင် သူမ၏ မိခင် Janet Napoles သည် ဖိလစ်ပိုင်နိုင်ငံ၏ အကြီးမားဆုံး ငွေအလွဲသုံးစားမှုဖြင့် အချုပ်ထဲတွင် အမိန့်ချမည့် ရက်ကို စောင့်နေရသူ ဖြစ်သည်။ Janet Napoles အလွဲသုံစားလုပ်သည့် ငွေပေါင်းမှာ ဒေါ်လာ၂၃၂သန်း အထိ ဖြစ်သည်။
ဖိလစ်ပိုင်တွင် ယင်းသို့သော အမှုမျိုးဖြင့် ထောင်ဒဏ် အပြစ်ပေးခံရသူများထဲတွင် သမ္မတဟောင်း ဂလိုရီယာအာရိုယို သည်လည်း တစ်ဦး အပါအ၀င်ဖြစ်သည်။ Henares က ယခု Jeane Napoles ကိုစွဲဆိုချက်သည် နိုင်ငံရေးကိစ္စ တစ်စုံတစ်ရာမပါဘဲ အခွန်ဥပဒေသက်သက်ကြောင့်သာ ဖြစ်သည်ဟု အတိအလင်း ဆိုထားသည်။
Ref; Mail-online(UK)

Friday, October 11, 2013

ငွေအကြွေစေ့ အလေးချိန် (၁၅)တန်ကို ဖြန့်ကျဲ ပြီး အခုလို ဆန္ဒထုတ်ဖော်တဲ့ ရည်ရွယ်ချက်ကတော့ အစိုးရအနေနဲ့ နိုင်ငံသားတိုင်း တလကို ၀င်ငွေ ဒေါ်လာ $2800 (2500 francs) ရအောင် ဆောင်ရွက်ပေးဖို့ ဖြစ်တယ်လို့ ဆို

ရွှေလမ်း ငွေလမ်း ခင်းနေတဲ့ Switzerland နိုင်ငံသားများ...



ပုံတွေကတော့ Switzerland နိုင်ငံ၊ ပဉ္စမမြောက်လူဦးရေ အများဆုံး မြို့ဖြစ်တဲ့ Bern မြို့ရှိ လွတ်တော် ပါလီမန်အပြင်ဘက်က နေရာကွပ်လပ်မှာ ငွေအကြွေစေ့ အလေးချိန် (၁၅)တန်ကို ဖြန့်ကျဲပြီး သရုပ်ပြနေတာဖြစ်ပါတယ်... ငွေအရေအတွက်အားဖြင့် ဒေါ်လာ $438,885 (400,000 francs) ဖြစ်ပါတယ်... အခုလို ဆန္ဒထုတ်ဖော်တဲ့ ရည်ရွယ်ချက်ကတော့ အစိုးရအနေနဲ့ နိုင်ငံသားတိုင်း တလကို ၀င်ငွေ ဒေါ်လာ $2800 (2500 francs) ရအောင် ဆောင်ရွက်ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်...
















izismile/ကိုမျိုး

Full ScreenCaller ID အသစ်လေး

Full Screen Caller ID - BIG! Pro ( for Android )

  

Android မိတ်ဆွေများအတွက် Full ScreenCaller ID အသစ်လေး
ထွက်လာပြန်ပြီဗျာ.. ထွေထွေထူးထူးပြာပြစရာမလိုဘူးထင်ပါတယ် ဗျာ..
သုံးဖူးတဲ့သူတွေပဲဖြစ်မှာပါနော်. လေ့လာခြင်တယ်ဆိုရင်တော့အောက်မှာ
ဖတ်နိုင်ပါတယ်ဗျာ..လိုချင်ရင်တော့အောက်မှာယူသွားပါဗျာ..

Full Screen Caller ID - BIG! Pro play.google.com.screencallerkey
Set a full-screen photo for your friends and enjoy vivid and high definition caller photos.
Connect with Facebook to download friends photos.
Doesn't work with MIUI ROM - they block third party apps of this type.

Features:
    * connect with facebook, and download full-screen photos automatically(and browse     
       albums!),
    * customize caller ID screen content,
    * switch between caller screen Themes, choose click or slider,
    * choose full screen caller ID for all or only a few contacts,
    * full screen caller for incoming calls,
    * full screen caller for outgoing calls.

Themes Editor

   1. go to Themes,
   2. select and edit,
   3. move buttons by holding and dragging,
   4. switch to slider with a single click on a button (FIRST you need to drag a button to the
      edge of the screen)
   5. change default contact photo from the MENU button,
   6. switch to other states of a call by swiping left or right,
   7. reset to default from the MENU button

What's in this version : (Updated : Oct 10, 2013)
    * Version 3.0 with a completely redesigned UI and more features of a stock contacts list.
      Now you can call, text, email and more through your friends' profiles. Tell us what     
      you think in comments!
    * And:
    * Google Plus integration
    * Dropbox integration
    * Timer added to call screen

Required Android O/S : 2.1+



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

ဖုန်းအတွင်းဝင်ပြီး Spy လုပ်ပေးမယ့် phone-tracker ( for Android ).....



မိတ်ဆွေများအတွက်ထူးဆန်းတဲ့ဆော့ဖ်ဝဲလေးလို့ပြောလို့ရမယ့်
ဖုန်းဆော့ဖ်ဝဲလေးပေးခြင်ပါတယ်ဗျာ.. ဒီကောင်လေးကိုသိပြီးသား
သူတွေလဲရှိမှာပါ.. မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်ဗျာ.
သူများဖုန်းထဲကို ၀င်ပြီး Spy သဘောမျိုးလုပ်ပေးမယ့်ကောင်လေးပါ..
Internet လိုင်းတော့လိုမယ်နော်...ဒီကောင်လေးကို  ကိုယ်ဝင်ပြီး
ထောက်လှမ်းခြင်တဲ့သူရဲ့ဖုန်းထဲကို Install လုပ်ပေးထားလိုက်..
(သူမသိအောင်ပေါ့နော်.. ) ပြီးရင် ဆော့ဝဲကိုဝင်လိုက်ပါ..ပြီးရင်
sign up လုပ်ပြီးactivate လုပ်ပေးပါ...ကျန်တာကလွယ်တာမို့
မပြောတော့ဘာဘူးနော်....ကဲ..စိတ်ဝင်စားတဲ့သူရှိရင်အောက်မှာ
ယူနိုင်ပါတယ်ဗျာ..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Thursday, October 10, 2013

ကေအိုင်အိုနဲ့ အစိုးရ ဒုတိယမြောက်နေ့ ဆက်လက်ဆွေးနွေး



ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပနေတဲ့ အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေရဲ့ ဒီနေ့ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယမြောက်နေ့မှာ ရှေ့လအတွင်းပြုလုပ်ဖို့ရှိတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ကေအိုင်အို တက်ရောက်နိုင်ရေးကိစ္စ အလေးထားဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

နှစ်ဖက်တပ်တွေ နေရာချထားရေးနဲ့ တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားအောင် ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်နေတဲ့ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက RFA ကိုအခုလိုပြောပါတယ်။

"ကျနော်တို့ မြေပုံနဲ့ပတ်သက်ပြီးတော့ မပြတ်သေးတဲ့ဟာလေးတွေ ပြန်ကြည့်တာပါ၊ ကျနော်တို့တပ်တွေနေရာကို မြေပုံမှာပြန်ကြည့်ပြီးတော့ ဆက်လုပ်တဲ့ဟာလေးတွေ ရှင်းလင်းတာပေါ့၊ တပ်နေရာတွေမှာ တိုက်ပွဲဖြစ်နိုင်တဲ့ နေရာလေးတွေပေါ့၊ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ မြေပုံနဲ့ပြန်ပြီးတော့ရှင်းတာ၊ တပ်နေရာချထားမှုဆိုတာက အပစ်အခတ်ရပ်စဲရေးလုပ်မှ တပ်နေရာချထားမှုတွေက အသေးစိတ်ဆွေးနွေးလို့ရမှာ၊ လက်တလောကတော့ အပစ်အခတ်ရပ်စဲရေးအတွက် သွားမယ့်အနေအထားပဲရှိသေးတယ်၊ အပစ်အခတ်ရပ်စဲရေးလုပ်ပါ့မယ်ဆိုတဲ့ သဘောတူညီချက်ကတော့ နည်းနည်းဆက်ပြီးတော့ ကြိုးစားရဦးမယ်၊ "

ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကလည်း ဒီနေ့ပြုလုပ်ခဲ့တဲ့ နှစ်ဖက်တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲမှာ ရလဒ်ကောင်းတွေ ရရှိခဲ့တယ်လို့ RFA ကို အခုလို ပြောပါတယ်။

"ဒီနေ့ကတော့ ကျနော်တို့ အစည်းအဝေး အစီအစဉ်အရ တပ်ပိုင်းဆိုင်ရာကိစ္စတွေရယ်၊ IDP ရယ် ပြီးတော့ တခြားလိုအပ်တဲ့ကိစ္စရပ်များရယ်ဆိုပြီးမှ ခေါင်းစဉ် ၃ ခုဆွေးနွေးတာဖြစ်ပါတယ်၊ အဓိကက တပ်ပိုင်းဆိုင်ရာကလည်း တိုက်ပွဲတွေလျှော့ချမယ်၊ အရင်ဆွေးနွေးပွဲကအချက်တွေ လိုက်နာမယ်စသဖြင့် သဘောတူတာရှိပါမယ်၊ ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ဖို့အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိုလုပ်မယ်ဆိုရင် ကျနော်တို့ကို စီမံချက်တွေပေးဖို့နဲ့ ဒီအပေါ်မှာ ကေအိုင်အိုကဆွေးနွေးပြီးတော့ ပြန်ပြီးအကြောင်းကြားမယ် ဆိုတဲ့အချက်တွေကို ဆွေးနွေးတာဖြစ်ပါတယ်၊ ဒီနေ့ဆွေးနွေးတဲ့ အခြေအနေကတော့ ရလာဒ်ကောင်းတွေရရှိတယ်လို့ ပြောလို့ပါတယ်"

မနက်ဖြန် ဆွေးနွေးပွဲအပြီးမှာ သဘောတူညီချက် ၅ ချက်ပါတဲ့ ကြေညာချက်ကို ထုတ်ပြန်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဆွေးနွေးပွဲတက်ရောက်နေသူတွေက ပြောပါတယ်။

ရန်ကုန်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ ရှိနေပြီး ဒီတခေါက် လေဆိပ်မှာ ဖမ်းဆီးရမိတာကတော့ အများဆုံးပဲလို့ ရဲတပ်ဖွဲ့က ပြော

အမျိုးသမီးတစ်ယောက် သယ်ဆောင်လာတဲ့ ကျပ်သိန်း ၃ဝဝဝ နီးပါး တန်ဖိုးရှိ ယာဘ စိတ်ကြွဆေးပြားတွေကို ရန်ကုန်လေဆိပ်မှာ တနင်္လာနေ့က ဖမ်းဆီး ရမိခဲ့ပါတယ်။

ထိုင်းနိုင်ငံကနေ တဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သယ်ယူသွားမယ့် ဆေးပြား အရေ အတွက် ၅၄၇၂၀ ပြားကို ဖမ်းမိတာ ဖြစ်ပါတယ်။

ထိုင်းမြန်မာ နယ်စပ်ဘက်က လာတဲ့ WY ဆေးပြား အမျိုးအစား ဖြစ်တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဗဟို နိုင်ငံတကာဌာနက ဒုတိယ ရဲမှူးကြီး ခင်မောင်ထွန်းက ပြောပါတယ်။

ရန်ကုန်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ ရှိနေပြီး ဒီတခေါက် လေဆိပ်မှာ ဖမ်းဆီးရမိတာကတော့ အများဆုံးပဲလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အမျိုးသမီးတစ်ယောက်က မင်ခံ စက္ကူတွေနဲ့ ပတ်ထားတဲ့ စိတ်ကြွဆေးတွေကို ထိုးမုန့်ဗူးတွေထဲ ထည့်ပြီး သူ့ရဲ့ ခရီးဆောင်အိတ်ထဲမှာ သယ်ယူလာခဲ့တာလို့ ရဲမှူးကြီးက ပြောပါတယ်။

X-ray ဓာတ်ရောင်ခြည်စက်နဲ့ စစ်ဆေးစဉ် မသင်္ကာစရာ တွေ့လို့ ရှာဖွေကြည့်ရာက အခုလို တွေ့ခဲ့တာလို့လည်း သူက ပြောပါတယ်။

အဲဒီ အမျိုးသမီးက ကယ်ရီခ ကျပ်ငွေ နှစ်သိန်းနဲ့ သယ်ဆောင်ပေးတာ ဖြစ်ပြီး သူ့ကို သယ်ခိုင်းသူ သာကေတ နော်မန် ရပ်ကွက်က ပွဲစားကိုလည်း ဖမ်းမိထားပြီလို့ ဆိုပါတယ်။

ပိုင်ရှင်ကတော့ ထိုင်းနိုင်ငံက ဖြစ်တယ် ဆိုပြီး စုံစမ်း စစ်ဆေးနေကြောင်းလည်း ရဲက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ယာဘ စိတ်ကြွဆေးပြား ၁၈ သန်းကျော် ဖမ်းဆီးရမိခဲ့ပါတယ်။

အခုနှစ်မှာတော့ ဖမ်းဆီးရရှိမှု နည်းလာတယ်၊ ဒါဟာ နယ်စပ် ကုန်သွယ်မှု လျှင်မြန်စေဖို့ နယ်စပ်နဲ့ ဆက်စပ်တဲ့ လမ်းတစ်လျှောက်မှာ စစ်ဆေးရေး ဂိတ်တွေ ဖျက်သိမ်းလိုက်တာကြောင့် ဖြစ်တယ်လို့ ရဲအရာရှိတွေက ဘီဘီစီကို ပြောပါတယ်။

၂၀၀၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Miss Chinese International 2009 ဒုတိယဆုရရှိခဲ့သူက ယခု Miss Myanmar 2013 ကို ရယူခဲ့တဲ့ မိုးစက်ဝိုင် Moe Sat Y ခေါ် တရုတ်အမျိုးသမီး Yang Xinrong (杨鑫荣) ဖြစ်

မြန်မာနိုင်ငံက Miss Universe ပြိုင်ပွဲတာဝန်ရှိသူများ၊ ဒိုင်လူကြီးမင်းများဖြေရှင်းပေးပါ
=============================================
မိုးစက်ဝိုင် Moe Sat Y ဟာ တရုတ်အမျိုးသမီး Yang Xinrong (杨鑫荣) ဖြစ်ပါတယ်။
.......................................................................................................
၂၀၀၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Miss Chinese International 2009 မှာ ပထမရရှိခဲ့သူက လားရှိုးက တရုတ်အမည် Peng Hanzhen ဖြစ်ပြီး၊ ဒုတိယဆုရရှိခဲ့သူက ယခု Miss Myanmar 2013 ကို ရယူခဲ့တဲ့ မိုးစက်ဝိုင် Moe Sat Y ခေါ် တရုတ်အမျိုးသမီး Yang Xinrong (杨鑫荣) ဖြစ်ပါတယ်။ ဒီ Miss Chinese International 2009 မှာ မိုးစက်ဝိုင် Moe Sat Y ခေါ် Yang Xinrong (杨鑫荣) က အကောင်းဆုံးခန္ဓာကိုယ်
အလှပိုင်ရှင်ဆုသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ထို့ အတူဘဲ Golden Phoenix Chinese Newspaper Myanmar Golden Phoenix Cup ကို ရရှိခဲ့ပြန်ပါတယ်။

杨鑫荣 MOESAT.Y,身高5'8",亚军,最佳身材奖 来自仰光市,学历.

Yang Xinrong MOESAT.Y, height 5'8 ", runner-up, the best body award from Yangon City.

ယခု တရုတ်သတင်းဌာနတွေမှာ ၀မ်းသာအားရနဲ့  ဖေါ်ပြနေတာတွေကတော့ တရုတ်
အမျိုးသမီး ခေါ် Yang Xinrong (杨鑫荣) ကလာမယ့် နိုဝင်ဘာလ ရုရှမှာကျင်းပမယ့်
Miss Universe ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စား ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့  ဂုဏ်ယူဖေါ်ပြနေကြပါတယ်။

10月3日,在缅甸仰光,华裔选手杨鑫荣获得缅甸环球小姐选美冠军。缅甸在仰光国家剧场当日举行2013缅甸环球小姐选美比赛,华裔选手杨鑫荣获得冠军, 并将代表缅甸参加11月在俄罗斯举行的2013环球小姐大赛。杨鑫荣2009年曾获得缅甸金凤凰中文报主办的金凤凰杯中华小姐大赛亚军

October 3, in Yangon, Myanmar, Chinese athletes Yang Xinrong get Miss Universe beauty pageant winner. Myanmar in Yangon, Myanmar National Theatre to be held 2013 Miss Universe pageant, Chinese athletes Yang Xinrong won the championship, and will participate on behalf of Burma held in Russia in November 2013 Miss Universe contest. Yang Xinrong 2009 was awarded the Golden Phoenix Chinese newspaper Myanmar Golden Phoenix Cup sponsored by Miss China contest runner-up.

ကျွန်တော်တို့  မြန်မာနိုင်ငံသူ နိုင်ငံသား ပြည်သူလူထုကို အကွက်ကျကျ စီစဉ်ပြီး ၀ိုင်းဝန်းညာခဲ့တဲ့ လုပ်ရပ်ပါ။ ကိုယ်တိုင်းပြည်ကို ကိုယ်စားပြုမယ့် အလှမယ်တစ်ဦး
ဟာ မြန်မာနိုင်ငံသားစစ်စစ်တစ်ဦးဖြစ်ရမယ့်အစား၊ဘယ်အချိန်ကာလက ရောက်ခဲ့မှန်းမသိတဲ့ တရုတ်မိဘနှစ်ဦးက မွေးဖွားပြီး မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ်အမျိုးသမီးကို ပုံစံပြောင်းပြီး မြန်မာအလှမယ်အဖြစ် ဖန်တီးကာ အားကစားဝန်ကြီးဌာနက ၀န်ကြီး
တွေ၊ မယ်ရွေးပြိုင်ပွဲကို ၀ိုင်းဝန်းစီစဉ်လှည့်ပတ်ခဲ့ကြသူတွေ အားလုံးနဲ့  Miss Universe ပြိုင်ပွဲ လက်ခံကျင်းပမယ့် ရုရှနိုင်ငံရော နောက်ဆုံး မိုးစက်ဝိုင် Moe Sat Y ခေါ် တရုတ်အမျိုးသမီး Yang Xinrong (杨鑫荣) ပါ ၀ိုင်းဝန်းလိမ်ညာကြခြင်းဟာ
မြန်မာနိုင်ငံတော်နဲ့  မြန်မာပြညသူလူထုကို ရိုင်းပြစွာ စော်ကားလိုက်ခြင်းဘဲ
ဖြစ်ပါတော့တယ်။

Posted by Nik Nayman.
394Like ·
Peng Hanzhen has won the first title of Miss Chinese Burma (Myanmar) on Thursday January 15, 2009 in Rangoon. Runners-up are Yang Xinrong and Yang Ansi.
Peng Hanzhen, Miss Chinese Burma 2009
The winners Yang Xinrong, Peng Hanzhen et Yang Ansi

Final results

  1. Winner : Peng Hanzhen - 彭汉珍 (n°10), from Lashio
  2. 1st Runner-up : Yang Xinrong - 杨鑫荣 (n°5), Rangoon (Yangon)
  3. 2nd Runner-up : Yang Ansi - 杨安思 (n°7), Rangoon (Yangon)
Peng Hanzhen, Miss Chinese Burma 2009
Ten contestants attended the beauty pageant was organised by the « Gold Phenix » - 金凤凰, a local Chinese newspaper.

The 10 contestants

  • Yang Xinrong - 杨鑫荣 (Rangoon)
  • Liang Yuhua - 梁玉华 (Rangoon)
  • Yang Ansi - 杨安思 (Rangoon)
  • Li Jiaojiao - 李交交 (Lashio)
  • Cai Xiuzhen - 蔡秀珍 (Mandalay)
  • Xiao Shanshan - 肖珊珊 (Mandalay)
  • Zhai Yunyi - 翟云懿 (Taunggyi)
  • Chen Meiyu - 陈美玉 (Mandalay)
  • Peng Hanzhen - 彭汉珍 (Lashio)
  • Chen Meihua - 陈美华 (Rangoon)

More information

Wednesday, October 9, 2013

ဦးသန်းရွှေကို ဟိုလူကြီးလို့ပဲခေါ်

စစ်တပ် အထဲမှာ ဦးသန်းရွှေ အာဏာ ကျဆင်း နေတယ် ဆိုတဲ့ သတင်းဟာ မှန်ကန်တဲ့ သတင်းဖြစ်ကြောင်း ဦးခင်ညွန့် အတည်ပြုပြောကြား

 
လက်ရှိ အခြေအနေမှာ ဦးသန်းရွှေ တစ်ယောက် စစ်တပ်ထဲမှာ အာဏာ ကျဆင်းနေတယ် ဆိုတဲ့ သတင်းဟာ မှန်ကန်တဲ့ သတင်းဖြစ်တယ်လို့ ဦးခင်ညွန့်ကပြောကြားခဲ့ပါတယ် ၊

အဘက တပ်ထဲမှာ ဟိုလူကြီးတစ်ယောက် အခြေအနေ မကောင်းတော့ ဘူး ဆိုတာ ပြောပါတယ် ၊ ဟုတ်ပါတယ် ၊ အဘပြန်ထွက်လာကတည်းက က ဦးသန်းရွှေကို ဟိုလူကြီးလို့ပဲခေါ်တာပါ...

ကျနော်တို့ အုပ်စုကိုလည်း ဝင်မပါကြဖို့ ခပ်ဝေးဝေးနေကြဖို့ ပြောထားပါတယ် ၊

ကိုယ်လုပ်ခဲ့တဲ့ စေတနာတွေ ပြန်အကျိုးပေးတဲ့ အချိန်နဲ့ ကံဇာတာ နိမ့်တဲ့ အချိန်နဲ့ တိုက်ဆိုင်နေရင် ဘယ်ယတြာမှ မစွမ်းတော့ ဘူးလို့လဲ အဘကပြောပါတယ် ၊

ဟုတ်ပါတယ် ၊ အဲဒီ ဦးသန်းရွှေ ရဲ့ မွေးနေ့ မွေးရက် မွေးတဲ့ အချိန်တွေကို အဘက အမှန်ကို သိထားပါတယ် ၊ ဦးသန်းရွှေ က သူ့မွေးနေ့ မွေးရက် မွေးချိန်တွေကို ဘယ်သူ့ကိုမှ အမှန်ပြောလေ့မရှိပါဘူး ၊ ဦးသန်းရွှေက သူ့ကို နေရာပေးခဲ့တဲ့ ဦးနေဝင်းကိုတောင်မှ

အမှန်မပြောခဲ့ပါဘူး ၊ အဘလည်း နေအိမ်အကျဉ်းမကျမှီကမှ ဦးသန်းရွှေရဲ့ မွေးနေ့ မွေးရက် မွေးချိန်အမှန်တွေကို သိခဲ့ရတယ်လို့ ပြောပါတယ် ၊

ဟုတ်ပါတယ် ၊ အဘက ကျနော်တို့ အားလုံးကို ဒီ ရက် ၉၀ အတွင်း ၊ တိတိကျကျပြောမယ်ဆိုရင်ပေါ့လေ လာမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ မြန်မာပြည်ပြည်အတွင်းမှာ အပြောင်းအလဲ ကြီးကြီးမားမား
တစ်ခုဖြစ်လိမ့်မယ်လို့ပြောပါတယ် ၊

ဟုတ်ပါတယ် ၊ အဘပြောတဲ့ ရက် ၉၀ နဲ့ ဦးသန်းရွှေ ကံဇာတာနိမ့်နေတဲ့ ရက် ၉၀ က လာတူနေတာကို သတိပြုမိပါတယ် ၊

ဟုတ်ကဲ့ ကျနော်လည်း ဒီရက် ၉၀ အတွင်း အိမ်မပြန်ပဲ တစ်နေရာရာမှာ ရှောင်နေတာ အကောင်းဆုံးပါပဲ ၊ ကျနော့်လိုပဲ ကျနော်တို့အုပ်တွေ အိမ်တွေမှာ မရှိကြတော့ပါဘူး ၊ အဘလက်ရင်း မဟုတ်တဲ့သူ တွေကတော့ အိမ်တွေမှာ ရှိကောင်းရှိနိုင်ပါတယ် ၊ ဒါပေမယ့်

သူတို့လည်း ဒီသတင်းရရင် အိမ်တွေမှာ မရှိနေဖို့ကများပါတယ် ၊

ကျနော်တို့က အချင်းအချင်းတော့ အဆက်အသွယ်ရှိပါတယ် ၊

ဖွဲ့စည်းပုံပြင်တာကိုလည်း ကျနော်တို့ထောက်ခံပါတယ် ၊ အဘကိုယ်တိုင်လည်း ဖွဲ့စည်းပုံပြင်တာကိုထောက်ခံတဲ့သဘောနဲ့ ၂၀၁၂ တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့တာ ဖြစ်ပါတယ် ၊

ကျနော်ပြောတာက ဖွဲ့စည်းပုံကို ပြင်တာပဲထောက်ခံတယ် အသစ်ရေးတာကို မထောက်ခံဘူးလို့ပြောတာမဟုတ်ပါဘူး ၊ ပြင်ပြင် အသစ်ပဲရေးရေး ဒါဟာ ပြည်သူတွေ ဆုံးဖြတ်ရမယ့် ကိစ္စပဲဖြစ်ပါတယ် ၊ အဘက ဘယ်နေရာမှ ဝင်မပါဖို့ ပြောထားပါတယ် ၊

ဝင်မပါရဘူးဆိုတာ အေးအတူပူအမျှ မရှိဘူးလို့ပြောတာမဟုတ်ပါဘူး ၊ နဂိုကတည်းကမှ ရှိသမျှအပြစ်တွေကို ကျနော်တို့အပေါ် ပုံချချင်နေကြတာ ၊ ကျနော်တို့ အနေတတ်မှ တော်ကာကျမယ် ဆိုတဲ့သဘောမျိုးပြောတာပါ ၊ မြန်မာပြည်သူတွေအတွက် တကယ့်

အရေးဆိုရင် ဝင်ပါဖို့ အဘကိုယ်တိုင်က အမိန့်ပေးပါလိမ့်မယ် ၊

ဟုတ်ပါတယ် ၊ ဒီပဲရင်း အရေးတုန်းက သေဆုံးသွားတဲ့သူတွေ စာရင်းထဲမှာ ကျနော်တို့ ထောက်လှမ်းရေးတပ်ကလည်း ပါပါတယ် ၊

ဦးခင်ညွန့် အနီးကပ် တပည့်ဟောင်း တစ်ဦးနှင့် တယ်လီဖုန်းမှ အင်တာဗျူးခဲ့ခြင်းဖြစ်သည် ၊ ကာယကံရှင်၏ တောင်းဆိုချက်အရ နာမည်နှင့် တယ်လီဖုန်း နံပါတ်ကို မဖော်ပြတော့ပါ ၊

မိသားစုလုံခြုံရေးကို အာမခံချက်ပေးလျှင် ဦးသန်းရွှေအကြောင်း ဖွင့်ချရန် အဆင်သင့်ရှိသော အငြိမ်းစား တပ်မတော် အရာရှိများ ရှိနေပြီဖြစ်ကြောင်းကို မကြာသေးခင်ကာလက အင်တာဗျူးတစ်ခုတွင် ဦးခင်ညွန့်မှ ပြောကြားခဲသေးသည်
 
အင်တာနက်စာမျက်နှာသတင်းမှ

ကွေးကွေး ကောက်ကောက် Samsung စမတ်ဖုန်း တရားဝင် ပြသပြီ









ဓာတ်ပုံကို eveleak မှ ဖော်ပြလိုက်ခြင်း ဖြစ်ပြီး Samsung ရဲ့  တရားဝင် မိတ်ဆက်ပွဲ ကိုတော့ အောက်တို
ဘာလ အတွင်း မှာပဲ ပြုလုပ်သွား မှာ ဖြစ်ပါ တယ်။

ဖုန်းတစ်ခုလုံးကို ကွေးကောက် သွားနိုင်တာ တစ်ခု ပိုသွားပေမယ့် အတွင်းက Specification များက နိမ့်မ
သွား ပါဘူး။ Samsung Galaxy Note 3 က အရည်အသွေးများကိုပဲ အများစု ပြန်လည် မြင်တွေ့ ရမယ်လို့
ဆိုပါတယ်။ အရွယ်အစားကလည်း ၅ လက်မနဲ့ ၆ လက်မကြား ရှိမယ်လို့ ခန့်မှန်းထား ပါတယ်။

Note 3 လို Pen တော့ မပါလာလောက်ပါဘူး။ ကွေးကောက်နိုင်တဲ့ OLED မျက်နှာပြင်ဖြစ်ပြီး အရည်အ
သွေးလည်း ပိုကောင်းလာမှာ ဖြစ်ပါ တယ်။

Samsung နဲ့ ပြိုင်ဘက်ဖြစ်တဲ့ တစ်နိုင်ငံတည်းထွက် LG က လည်း ကွေးကောက်နိုင်တဲ့ OLED Display
များကို ၎င်းတို့ စမတ်ဖုန်းမှာ အသုံးပြုဖို့အတွက် အရေအတွက် အမြောက်အများ ထုတ်လုပ်နေပါပြီ။ လပိုင်း
အတွင်းက LG ကလည်း ရှေ့ ဆင့်နောက်ဆင့် Samsung နဲ့ ယှဉ်ပြိုင်ပွဲထုတ်မှာ ဖြစ်ပါတယ်။ Samsung ရဲ့ 
Curve လုပ်နိုင်တဲ့ စမတ်ဖုန်း ကို Galaxy Round လို့ အမည်ပေးထားပါတယ်။

ဈေးနှုန်းကလည်း မသေးပါဘူး။ အမေရိကန်ဒေါ်လာ ၉၃၃ သတ်မှတ် ထားပြီး မြန်မာပြည်မှာလည်း ၉
သိန်းခွဲ ဝန်းကျင်လောက် ပေါက်ဈေး ရှိလာနိုင်မယ့် စမတ်ဖုန်းပါ။ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ တရား
ဝင် ရောင်း ချသွားနိုင်ချေ ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( TSJ Team )

ကလေးတစ်ဦးနေအိမ် အတွင်း အိပ်ပျော်နေစဉ် သေနတ် ထိမှန်မှုဖြစ်ပွားခဲ့ကြောင်း

Wednesday, October 9, 2013

မြန်မာကလေးငယ်တစ်ဦး အိပ်နေစဉ် သေနတ်ထိမှန်

ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ တောင် ဘက် ဖုတ်ဖရ်မြို့နယ် စအိုတိုက် နယ်ရှိ ၃၆ကီလိုမီတာတွင် အောက် တိုဘာ ၆ရက် ည ၁၁နာရီ မိနစ် ၂ဝခန့်တွင် ကလေးတစ်ဦးနေအိမ် အတွင်း အိပ်ပျော်နေစဉ် သေနတ် ထိမှန်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

နေအိမ်အိပ်ခန်းတွင် မောင် နှမသုံးဦးအိပ်ပျော်နေရာမှ၊ မိဘ နှစ်ပါးက မိမိတို့သားငယ်ငိုသံကြား ပြီး အိပ်ခန်းထဲဝင်ကြည့်ရာမှ ကလေး ၏ညာဘက်ပေါင်တွင် ထုတ်ချင်း ပေါက်သေနတ်မှန်ခဲ့ပြီး၊ သေနတ် ကျည်ဆန်ထိပ်ဖူးကိုလည်း အိပ်ရာ ပေါ်တွင် တွေ့ရှိခဲ့ရသည်ဟု ဖခင် ဖြစ်သူက ပြောသည်။

''သားရဲ့ငိုသံကြားတော့ ကျွန် တော်တို့ လင်မယားနှစ်ယောက် လုံးအိပ်ပျော်နေရာကနေ အိပ် ခန်းထဲကို ဝင်ကြည့်ကြတယ်လေ။ ထင်တာက သားကိုမြွေ(သို့)အ ကောင်တစ်ကောင်ကောင်ကိုက် သွားတယ်ထင်နေတာလေ။ နောက် မှအိပ်ရာပေါ်မှာ သွေးကွက်တွေနဲ့ အတူ ကျည်ဆန်ထိပ်ဖူးကိုတွေ့ရ တယ်''ဟုဆိုပြီး ကလေးငယ်၏ဖခင်ဖြစ်သူက ရှင်းပြခဲ့သည်။

သေနတ်ထိမှန်သောကလေး ငယ်ကိုညတွင်းချင်းပင် မဲဆောက် ဆေးရုံကြီး သို့ပို့ဆောင်ခဲ့ကြောင်း၊ မဲဆောက်ဆေးရုံကြီးမှ ဒဏ်ရာ အားစစ်ဆေးကြည့်ရာ အရိုးထိ မှန်သွားခြင်း မရှိသောကြောင့်၊ အောက်တိုဘာ ရရက်တွင် ဆေး ရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရ သည်။

ကျည်ဆန်မှာ အိမ်နောက် ဘက်ရှိ လမ်းမဘက်မှလာသည် ဟုခန့်မှန်းရပြီး နေအိမ်ထရံ ကို ဖောက်ဝင်ပြီး အိပ်ပျော်နေသော ကလေးအား လာရောက်ထိမှန် ခြင်းဖြစ်နိုင်ကြောင်း သိရသည်။

အိမ်နီးချင်း၏ ပြောကြား ချက်အရ ယင်းညတွင်သေနတ် သံသုံးချက်ကြားရကြောင်း သိရ သည်။

အောက်တိုဘာ ရရက် နေ့ လယ်ပိုင်းတွင် ကလေးငယ်၏ အိမ် သို့ ထိုင်းလူမျိုးနှစ်ဦးမှ လာရောက် ပြီး ယခုဖြစ်သောကိစ္စတွင် မည် သူပစ်သွားသည်ကို မသိရသေး ကြောင်းနှင့် ထိုင်းအာဏာပိုင်များ အား အသိပေးပြီး အမှုမဖွင့်ရန် လာရောက်ပြောဆိုခဲ့ကြပြီး ကလေး ငယ်အတွက် မုန့်ဖိုးဘတ် ၁၀၀၀ နှင့် နစ်နာကြေးဘတ် ၅၀၀၀ ကို ပါပေးမည်ဟု လာရောက်ညှိနှိုင်း ခဲ့ကြကြောင်း မိဘများက ပြော သည်။
သို့သော် ကလေးငယ်၏ မိဘများမှ ငွေကိုလက်မခံဘဲ ယခု ဖြစ်သော ကိစ္စတွင် အမှုမှန်ပေါ် ပေါက်ရေး အတွက် မြန်မာရွှေ့ ပြောင်း အလုပ်သမား အကူအညီ ပေးရေးအဖွဲ့နှင့် ကလေးအခွင့် အရေးနှင့် ကာကွယ်စောင့်ရှောက် ရေး အဖွဲ့တို့အပေါ်တွင်မူ တည် ကြောင်းရှင်းပြခဲ့ကြောင်း သိရ သည်။

သေနတ်ထိမှန်သော ကလေး ငယ်မှာ မောင်စိုင်းဝဏ္ဏဖြိုး အသက် ၁၂ နှစ်ဖြစ်ပြီး မြန်မာရွှေ့ပြောင်း စာသင်ကျောင်းဖြစ်သော မိတ်ဆွေ ကောင်းကျောင်း (The Best Friend School)တွင် ပထမတန်း တက်ရောက်နေသော ကျောင်း သား ဖြစ်သည်။

ယခုဖြစ်ပွားခဲ့သော အမှု ကို ထိုင်းရှေ့နေများကောင်စီ (Labour Law Clinic)မှ ဖုတ် ဖရ်မြို့နယ်စအိုတိုက်နယ် ရဲစခန်း တွင် တရားလိုပြုလုပ်ပြီး အမှု မှန်ပေါ်ပေါက်နိုင်ရန်နှင့် ကလေး ငယ်အတွက် ကျန်းမာရေးကုသ စရိတ်နှင့်နစ်နာကြေးတို့ရရှိရန် အတွက် ဥပဒေဘောင်အတွင်း မှ အမှုဖွင့်ထားသည်။

မွန်ကြီး (မဲဆောက်)

Yangon Media Group

Thit Htoo Lwin - News

မော်ဒယ်လောကနှင့် အာဏာရှင် အဆက်အစပ် .....................



အခု မိုးစက်ဝိုင် ပြိုင်ကားပေါ်ရောက်တဲ့ကိစ္စ နာမည်ကြီးနေတော့
ဒါမျိုးက ဘာဆန်းသေးလဲလို့သာ ပြောချင်တော့တယ်။
အင်း … တစ်ချို့ကိစ္စတွေက အတွင်းကျကျမသိကြလို့ပါလေ။
ဒီတော့ အားလုံးသိသွားအောင် နည်းနည်း ဖော်ကောင်လုပ်မယ်နော်။
အများကြီးတော့ မဖော်ရဲဘူးဗျာ။ မျက်နှာနာစရာတွေရှိနေလို့။
ခုလတ်တလောအကြောင်းလဲ သိပ်မပြောဘူးဗျာ။
အရင်ခေတ်ကလို့ပဲ ထားပါတော့ ဟဲ ဟဲ။

ဖြစ်ရပ် - ၁
---------

အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်ရဲ့ဝင်ငွေဟာ
တစ်လကို အနည်းဆုံးသိန်း၃၀ အထက်မှာရှိတယ်။
အဲဒါ ဘယ်ကရတယ် ထင်သလဲ?
မြန်မာပြည်မှာ မော်ဒယ်ရှိုးလဲ ဒီလောက်မများလှဘူးနော်။

အဓိကအားဖြင့် ဖဲကြိုးဖြတ်ပွဲတွေက ရတယ်။
ဖဲကြိုးဖြတ်အခမ်းအနားတွေမှာ မိတ်ကပ်တွေအဖွေးသားနဲ့
ကြွကြွရွရွလေးဝတ်ပြီး လက်ခုပ်တီးပေးရုံနဲ့
တစ်ပွဲ ၅သိန်းလောက်ပေးတယ်။

ဒါဆို
မော်ဒယ်ထက်မြင့်တဲ့မင်းသမီဆို ပိုရမှာပေါ့လို့တော့
မထင်လိုက်နဲ့နော် မရဘူး
ငယ်မှ။ ချောမှ။ အင်း … အဘတွေကြိုက်မှ

မကြာသေးခင်ကတော့ ဒီလို ဖဲကြိုးဖြတ်ပွဲတွေကို
အဘများမြို့တော်မှာ တော်တော်ကျင်းပခဲ့သတဲ့။
ခုတော့ … သိဘူး … ဟဲ ဟဲ။

ဖြစ်ရပ် - ၂
---------

နည်းနည်းလေးကြာပါပြီ။
သင်္ကြန်ဆို အဘတွေနဲ့ မင်းသမီး၊ မော်ဒယ်တွေ တရုန်းရုန်း။
အဲဒီတုန်းက တီဗီမှာတောင်ပါသေးတယ်လေ။
အင်း တီဗီမှာရိုက်ပြရင်တော့ ငွေဖလားလေးနဲ့ ရေကစား၊
သပြေခက်လေးနဲ့ ရေပက်ပေါ့။
ကင်မရာလည်း တစ်ဘက်လှည့်ရော
ငွေဖလားလဲချ သပြေခက်လဲချ
အင်း … …

အဲဒီလိုသင်္ကြန်တစ်ခုတုန်းက မန်းမှာ
တိုင်းအဆင့်ကြီးရဲ့သားမဏ္ဍပ်။
မော်ဒယ်တွေ မင်းသမီးတွေ အဲဒီမဏ္ဍပ်မှာ ရေလာကစားပေးရုံနဲ့
သိန်းဆယ်ချီရသဗျ။ တစ်ချို့ ရာချီသဗျ။
မဏ္ဍပ်အောက်မှာ အိပ်ဆောင်တွေက အသင့်ပဲဗျ။
ရေကစားလို့မောရင် အပန်းဖြေဖို့ပေါ့လေ
အင်း … …

ဖြစ်ရပ် - ၃
---------

ဟို သီချင်းဆိုတဲ့ဆရာ သိတယ်ဟုတ်
မင်းသမီးတွေ မော်ဒယ်တွေ ထည်လဲတွဲပြီး
နေကာမျက်မှန်ကြီးမချွတ်တမ်းနဲ့
တစ်ခွေပြီးတစ်ခွေ ထုတ်နေတာလေ။
ဒီလောက် သုံးမကုန်တဲ့ပိုက်ဆံတွေ သူဘယ်ကရသလဲ?

ပြီးတော့ သူ့အဆင့်က ရာထူးဘယ်လောက်မှ ရှိသေးတာဟုတ်ဘူး။
သူတောင် ဒီလောက်ချမ်းသာနေရင်
သူ့အထက်အဆင့်ဆင့်ဆို တွေးကြည့်ပေါဗျာ။

ဖြစ်ရပ် - ၎
---------

ကျနော်မြင်တာကို ဒဲ့ပြောရရင်
မြန်မာ့ဘောလုံးရယ် မြန်မာ့မော်ဒယ်ရယ်ဟာ
ခရိုနီတွေအတွက် အပျင်းဖြေဖို့သာသာ ဖြစ်နေပါတယ်။
ဘောလုံးက သူတို့ချင်း အင်အားယှဉ်ဖို့
မော်ဒယ်က … အင်း …

အခု မိုးစက်ဝိုင်ကိစ္စပဲကြည့်။
အမှန်က Miss Myanmar ဆိုပြီးအရင်ရွေးရမှာ။
တိုင်းနဲ့ပြည်နယ် အားလုံးက အဆင့်ဆင့်တက်လာ
နောက်ဆုံးမှ တစ်ပြည်လုံးအဆင့် တစ်ယောက်ကိုရွေး။
အဲဒီတစ်ယောက်ကမှ တိုင်းပြည်ကိုယ်စားပြုဝင်ပြိုင်

ခုတော့ ဒီလို မဟုတ်ဘူး။
Miss Universe ပြိုင်ပွဲလွှတ်ဖို့ စရိတ်ခံနိုင်သူကို စပွန်ဆာပေးခိုင်းပြီး
မော်ဒယ်ပြိုင်ပွဲပေါင်းများစွာထဲက နောက်ထပ်ပြိုင်ပွဲတစ်ခုအဖြစ် လုပ်တော့
ဒီပြိုင်ပွဲဆုရမော်ဒယ်ဟာ
ဒီပြိုင်ပွဲစပွန်ဆာ ခရိုနီကြီးတွေလောင်းရိပ်ကို
ဘယ်ကျော်နိုင်ပါ့မလဲ။
ခရိုနီဆိုတာကလဲ အာဏာပိုင်ရဲ့လူလေ။

ဟိုးအရင်က UMFCCI ကလား လုပ်တယ်ထင်တယ်
အဲဒီမော်ဒယ်ပွဲကမှ ဒီ့ထက်ပိုလွှမ်းခြုံနိုင်ပါသေးတယ်။

ကဲ …
ဒီလောက်ပါပဲဗျာ
သိပ်လဲ ပြောချင်ဘူးဗျ။

မော်ဒယ်လေးတွေခမျာလဲ
မိတ်ကပ်ဖိုး အဝတ်စားဖိုးက မနည်းဘူး။
ကျနော်တို့လို စာနယ်ဇင်းတွေကခေါ်ရိုက်ရင်
တပြားမှပေးကြတာ မဟုတ်ဘူး။
မိဘနောက်ခံကောင်းရင် ကောင်း
မဟုတ်ရင် မလွယ်လှဘူး။
အဘတွေနဲ့ ခရိုနီဦးဦးတွေရှိနေပေလို့သာပေါ့။ ဟဲ ဟဲ

Thorn Nay Soe
http://www.lubo601.com/2013/10/blog-post_6381.html

Huawei ဟန်းဆက် မြန်မာပြည် ဖုန်းဈေးကွက်မှာ လူကြိုက်များ အရောင်းသွက်................









ဟန်းဆက် အသုံးပြု ဖုန်းပြောနေသူ တဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မြန်မာ့ ဆက်သွယ်ရေး တင်ဒါ အောင်မြင်ထားတဲ့ Telenor ကုမ္ပဏီနဲ့ ခေတ်မီ တယ်လီဖုန်းကွန်ရက် တည်
ဆောက်ဖို့ သဘောတူထားတဲ့ တရုတ်နိုင်ငံထုတ် Huawei အမှတ်တံဆိပ် ဟန်းဆက်တွေက ဖုန်းအရောင်း
အဝယ် ဈေးကွက်မှာ အရောင်းသွက်ပြီး လူကြိုက် အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံထုတ် Huawei အမှတ်တံဆိပ် ဟန်းဆက်တွေက တချို့ ဟန်းဆက်တွေထက် ဈေးသက်သာပြီး
အင်တာနက် 3G စနစ်ရသလို ဖုန်းကင်မရာကလည်း ကောင်းမွန်တာကြောင့် နာမည်ကြီး တံဆိပ်တွေဖြစ်
ပြီး ဈေးနှုန်းမြင့်တဲ့ Apple နဲ့ ဆမ်ဆောင်းထက် လူကြိုက်များနေပြီး ရောင်းအားကောင်းနေတာ ဖြစ်တယ်
လို့ ဖုန်းအရောင်းဆိုင်တွေက ဆိုပါတယ်။

“Huawei ဟန်းဆက်တွေက ဈေးသက်သာပြီး ဖန်ရှင်ကအစ စုံလင်အောင် ထည့်ထားပေးတယ် ဆိုတော့
သုံးတဲ့သူတွေ အတွက် အရမ်း အဆင်ပြေတယ်လေ၊ ဆမ်ဆောင်းတို့ Apple တို့ ကျတော့ ဈေးလည်းမြင့်
တော့ အရမ်းကြီး အရောင်း မသွက်ဘူး” လို့ လှည်းတန်းက Mr. Fone အရောင်းဆိုင် တာဝန်ခံ ကိုဇင်မင်း
ဖြိုးက ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ နေရာအများစုမှာလည်း Huawei အမှတ်တံဆိပ် သီးသန့်အရောင်းဆိုင်တွေ အများအပြား ဖွင့်
လှစ်ရောင်းချ လာသလို ဖုန်းအရောင်းအဝယ် ဈေးကွက်မှာလည်း Apple၊ ဆမ်ဆောင်းစတဲ့ နာမည်ကြီး တံ
ဆိပ်တွေနဲ့ ယှဉ်ပြိုင်နေရာယူဖို့ ကြော်ငြာအား ကောင်းကောင်းနဲ့ ဝင်လာတာကို တွေ့နေရပါတယ်။

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးတင်ဒါ အောင်မြင်ထားတဲ့ နော်ဝေနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီနဲ့
ခေတ်မီတယ်လီဖုန်းကွန်ရက် တည်ဆောက်ဖို့အတွက် Huawei ကုမ္ပဏီကEricsson၊ Wipo ကုမ္ပဏီ
တွေနဲ့ အတူ နားလည်မှု စာချွန်လွှာလက်မှတ် ရေးထိုးထားတယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း ဖုန်းကိုင်သူအများစုက Huawei ဟန်းဆက်တွေဟာ အနာဂတ် ဖုန်းဈေးကွက်ကို ဦးဆောင်
လာနိုင်တယ်လို့ ယူဆပြီး ဝယ်ယူ အသုံးပြုမှု များပြားနေတယ်လို့ ဖုန်းဈေးကွက်ကို သုံးသပ်သူတွေက ဆိုပါ
တယ်။

လက်တလော ဖုန်းဈေးကွက်မှာတော့ Hauwei ဟန်းဆက်အမျိုးအစားတွေက အနိမ့်ဆုံး ကျပ်လေးသောင်း
ကနေ အမြင့်ဆုံး ၃ သိန်းကျော်အထိ ရှိနေပါတယ်။

အင်တာနက် facebook မှာ ဖွင့်ထားတဲ့ ပစ္စည်း အရောင်းအဝယ် စာမျက်နှာတွေမှာလည်း အသုံးပြုပြီးသား
Huawei ဟန်းဆက်တွေ အပါအဝင် ဆမ်ဆောင်း၊ Apple ဟန်းဆက်တွေကိုပဲ အလဲအထပ် လုပ်တာမျိုးအ
ပြင် ကြိုက်ဈေးပေးအရောင်းအဝယ် ဖြစ်နေကြပါတယ်။

“တခြားဟန်းဆက် အမျိုးအစားတွေထက် Huawei ဟန်းဆက်က အရမ်းရောင်းနေရတယ်။ ဆမ်ဆောင်းနဲ့
Apple ဆိုရင်တော့ နောက်ဆုံးထွက် မော်ဒယ်လ်တွေက ကြိုတင် အမှာစာရှိနေတယ်” ဟု လူကြီးမင်းဖုန်း
ဆိုင် ရုံးချုပ်က Pharchasing Manager မမီးက ဧရာဝတီကို ပြောပါတယ်။

ကမ္ဘာ့ Window စမတ်ဖုန်း ဈေးကွက်မှာ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ ထိုင်ဝမ်နိုင်ငံထုတ် HTC အမျိုးအ
စား ဖုန်းတွေ ကလည်း မြန်မာနိုင်ငံရဲ့ ဖုန်းဈေးကွက်မှာ နေရာချဲ့ထွင်ဖို့ ကြော်ငြာအား ကောင်းကောင်းနဲ့
ဝင်နေသလို၊ တရုတ်နိုင်ငံထုတ် Lenovo တံဆိပ် စမတ်ဖုန်းတွေလည်း ဖုန်းဈေးကွက်ထဲကို အပြိုင်အဆိုင်
ဝင်ရောက်နေပေမယ့် Huawei အမှတ်တံဆိပ် လောက် ဝယ်သူစိတ်ဝင်စားမှု မရှိသလို ရောင်းအား နည်း
နေသေးတယ်လို့ သိရပါတယ်။

Telenor ကုမ္ပဏီကို ဧရာဝတီက မေးမြန်းရာမှာတော့ Telenor နဲ့ အတူ Huawei၊ Ericssonနဲ့ Wipo ကုမ္ပဏီ
တွေနဲ့အတူ ခေတ်မီ တယ်လီဖုန်းကွန်ရက် တည်ဆောက်ဖို့ သဘောတူထားပေမယ့် အသေးစိတ် ဆောင်
ရွက်မယ့် အချက်အလက်တွေကိုတော့ တရားဝင်လုပ်ငန်းလိုင်စင်ရရှိပြီးမှသာ ပြောပြနိုင်မယ်လို့ ဆိုပါတယ်။

ဧရာဝတီ-သတင်းဋ္ဌာန by Nyatasay

လိုင်စင်ရ အပ်ပုန်းဆေးခန်းများကို သတိထားပါ ..............

Wednesday, October 9, 2013

ပုဂ္ဂလိကဆေးခန်းငယ်များတွင် အပ်ပုန်းဟုခေါ်သည့် ရမ်းကုများက အပေါစားကျန်းမာရေးဝန်ဆောင်မှုများကိုသာ မှီခိုနေရသည့် အများပြည်သူလူနာများကို ဆရာဝန်အယောင်ဆောင် လှည့်ဖြားကုသနေခြင်းသည် မလိုလားအပ်သော ပြဿနာများဆီသို့ ဦးတည်နေကြောင်း ကျန်းမာရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။

ရန်ကုန်မြို့စွန် ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် အစိမ်းရောင်ဆိုင်းဘုတ်ငယ်လေးများ တန်းစီချိတ်ထားသည့် ဆေးခန်းတစ်ခုကို တွေ့ရသည်။ အထွေထွေရောဂါကု၊ ကလေးအထူးကု၊ သားဖွားမီးယပ် စသည်ဖြင့် အစုံဖြစ်သည်။ ၂၄ နာရီဖွင့်လှစ်သည့် ဆေးခန်းဖြစ်ကြောင်းလည်း ထင်ထင်ရှားရှားရေးထားသည်။

ဆေးခန်းအတွင်း ၀င်ကြည့်လိုက်သည့်အခါ ဆိုင်းဘုတ်ချိတ်ထားသော ဆရာဝန်တစ်ယောက်မှမရှိ။

ပုံမှန်အားဖြင့် အထွေထွေရောဂါကု ဆရာဝန်တစ်ဦးရှိသည်။ သို့သော် ညနေ ၃ နာရီကျော်လျှင် ဆရာဝန်မရှိတော့။ ထို့ကြောင့် ဆေးခန်းပိုင်ရှင်နှင့် ဆေးခန်းအကူက အလိုအလျောက် ဆရာဝန်များဖြစ်သွားကြသည်ဟု ယင်းဆေးခန်းတွင် အကူအလုပ်လုပ်ကိုင်နေသည့် မမျိုးမျိုးကပြောသည်။

“ဆရာဝန်မရှိပေမယ့် မရှိကြောင်းမပြောခိုင်းဘူး။ တစ်ခါတစ်ခါ ကျွန်မတို့တောင် လူနာတွေကို ဆေးထိုးပေးရတယ်”ဟု ရိုးရိုးဘွဲ့ရတစ်ဦးဖြစ်သူက ၎င်းမတတ်ကျွမ်းသော ဆေးပညာနှင့် လူနာများအပေါ် လှည့်စားနေရခြင်းကို စိုးရွံ့စွာပြောဆိုသည်။

အများပြည်သူ ကျန်းမာရေးဝန်ဆောင်မှုအဖြစ် အထွေထွေရောဂါကု ဆေးခန်းများက လူဦးရေသိပ်သည်းများပြားသော ရန်ကုန်မြို့စွန် ဆင်ခြေဖုံးရပ်ကွက်များတွင် မိုးတွင်းကာလ မှိုပေါက်သလို နေရာယူလာကြသည်။

ဆင်ခြေဖုံးရပ်ကွက်များအတွင်းရှိ ပုဂ္ဂလိကဆေးခန်းငယ်များ၌ လိုင်စင်ရအပ်ပုန်းများက အပေါစား ကျန်းမာရေးဝန်ဆောင်မှုများကိုသာ မှီခိုနေရသည့် လူနာများကို လှည့်ဖြားကုသနေခြင်းသည် မလိုလားအပ်သော ပြဿနာများအပေါ် ဦးတည်နေကြောင်း ဆရာဝန်အသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။

ယခင်က ညနေပိုင်းမှသာ ဆေးခန်းဖွင့်သည့် အလေ့အထရှိခဲ့သော်လည်း စီးပွားရေးအကွက်မြင်သူအချို့က နှစ်ဆယ့်လေးနာရီ အချိန်ပြည့် ၀န်ဆောင်မှုပေးသည့် အထွေထွေရောဂါကု ဆေးခန်းများကို ဖွင့်လှစ်ကြ၏။ ဆေးပညာဘွဲ့ရ ကျောင်းဆင်းပြီးခါစ ဆရာဝန်များနှင့် လုပ်ငန်းခွင်မ၀င်ရသေးသော ဆရာဝန်များကို အချိန်ပိုင်းငှားရမ်း၍ လုပ်ကိုင်ကြခြင်းဖြစ်သည်။

သို့သော် ဆရာဝန်အလွယ်တကူ ငှားရမ်းမရသော အချို့ဆေးခန်းများတွင် ဆေးခန်းဖွင့်လှစ်ထားသူနှင့် ဆေးခန်းအကူတို့က ကျန်းမာရေးအသိပညာ အားနည်းသော လူနာများကို ဆရာဝန်များသဖွယ် ဟန်ဆောင်၍ ဆေးကုသမှုပေးနေခြင်းများ တွေ့လာရသည်။

“ဆေးခန်းပိုင်ရှင်က ဆရာဝန်မရှိဘူးလို့ လာတဲ့လူနာကိုပြောရင် မကြိုက်ဘူး”ဟု မမျိုးမျိုးက ၎င်းနေ့စဉ်ကြုံတွေ့နေရသော ဆေးခန်း၏အခြေအနေကို ပြောပြသည်။

နားကြပ်ကို လည်ပင်းမှာချိတ်ဆွဲသည်။ သွေးပေါင်ချိန်ပေး၊ ဟိုစမ်းသည်စမ်းပြုလုပ်ကာ တတ်ကျွမ်းသူသဖွယ် ရောဂါရှာဖွေမှုပြုလုပ်ကြသည်။ ဗိုက်အောင့်လျှင် ဘာဆေးသောက်၊ ခေါင်းကိုက်ဖျားနာနှင့် ၀မ်းလျှော အစရှိသည့်ရောဂါများဖြစ်လျှင် ဘာဆေးသောက်ရမည် စသည့် သာမန်ဆေးပညာအသိကို အခြေခံပြီး ကုသမှုပေးကြသည်။ ထိုမျှမက အသားဆေး၊ အကြောဆေး စသည်တို့ကို ဆေးထိုးအပ်ကိုင်ကာ လက်ရဲဇက်ရဲပြုမူသည်။ အပြိုင်အဆိုင်ဖြစ်နေသော အထွေထွေရောဂါကုဆေးခန်း ဈေးကွက်တွင် မိမိဆေးခန်း၌ ဆရာဝန်မရှိလျှင် အခြားဆေးခန်းသို့ လမ်းညွှန်မှုမပေးကြ။ အကျိုးစီးပွားကို ရှေးရှုကာ လူနာများများရရှိရေး... ဒို့အရေး ဖြစ်လာပါသည်။

“အခုနောက်ပိုင်းမှာ ဆရာဝန်မရှိရင် တချို့ဆေးခန်းပိုင်ရှင်တွေက သူတို့ကိုယ်တိုင် ၀င်ပြီးကုသတာတွေ လုပ်လာကြတယ်။ ဆရာဝန်မရှိရင် မရှိဘူးပြောကြပေါ့။ လူနာတွေက သူတို့ရဲ့ အစမ်းသပ်ခံမဟုတ်ဘူး”ဟု ရွှေပြည်သာမြို့နယ်၌ နှစ်ဆယ့်လေးနာရီ ဖွင့်လှစ်ထားသော အထွေထွေရောဂါကု ဆေးခန်းတစ်ခုတွင် အချိန်ပိုင်းလုပ်ကိုင်နေသူ ဒေါက်တာထူးလွင်ကပြောသည်။

လူနာများအနေဖြင့် ရောဂါအသေးအမွှားမှအစ မိမိတို့၏ကျန်းမာရေးအခြေအနေကို ပြည့်ပြည့်စုံစုံ သိရှိလိုကြပြီး တတ်ကျွမ်းနားလည်သော ဆရာဝန်တစ်ယောက်၏ မှန်ကန်အားကိုးထိုက်သော လမ်းညွှန်ကုသမှုကို လိုအပ်ကြောင်း၊ ဆေးခန်းများအနေဖြင့်လည်း ပေးဆောင်ရသော အခကြေးငွေနှင့် ထိုက်တန်သောဝန်ဆောင်မှုများ ပေးရမည်ဖြစ်ကြောင်း အဆိုပါဆရာဝန်က ဆက်လက်ပြောကြားသည်။

“ဆေးခန်းတွေမှာ ဆရာဝန်မရှိရင် နောက်တစ်ယောက်ကို ခဏတာဝန်ယူခိုင်းပြီး ထိုင်ခိုင်းရပါတယ်။ သူနာပြုဆရာမတွေ၊ ဆေးခန်းအကူတွေက လူနာတွေကို တာဝန်ခံဆရာဝန်မရှိချိန်မှာ ဆေးကုသပေးနေတာက တရားမ၀င်ဘူး။ ဒီလိုလုပ်လို့မရဘူး။ ဆေးကုသခွင့်လိုင်စင်မရှိဘဲလုပ်ရင် ဆေးခန်းလိုင်စင်ကို သိမ်းလို့ရတယ်။ ဆရာဝန်မရှိချိန်မှာ ဒီလိုမျိုးလုပ်လို့ လူနာတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်ကြမလဲ။ ပြဿနာတစ်စုံတစ်ရာဖြစ်လို့ တိုင်တန်းရင်၊ ဒါမှမဟုတ် သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိရင် ဥပဒေအရအရေးယူလို့ရတယ်”ဟု ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းထွဋ်ကပြောကြားသည်။

ဆေးခန်းဖွင့်လှစ်သည်မှာ အချိန်ကြာမြင့်သည်နှင့်အမျှ ဆရာဝန်များထံမှတစ်ဆင့် မည်သည့်ရောဂါဖြစ်လျှင် မည်ကဲ့သို့သော ဆေးသောက်ရမည်ကို ဆေးခန်းအကူများနှင့် ပိုင်ရှင်ဖြစ်သူတို့က နားလည်လာကြသည်။ သို့သော် အဆိုပါ အခြေခံအသိ အနည်းငယ်သည် အသက်အရွယ်နှင့်လိုက်၍ ပေးရမည့် ဆေးပမာဏ၊ ဖြစ်ပွားသည့်လက္ခဏာများ ဆင်တူသယောင်ရှိသော်လည်း ကွဲပြားမှုရှိသော ရောဂါများကို သိရှိနိုင်ရန်နှင့် ကျွမ်းကျင်သည့် သမားတော်အထူးကုများနှင့် ဆက်လက်ပြသရန် လို၊ မလို စသည်တို့ကို သိရှိနိုင်မည်မဟုတ်ပါ။

အချို့ဆေးခန်းပိုင်ရှင်များမှာ အစိုးရဆေးရုံများမှ အနီဝတ်၊ အပြာဝတ် စသည့် သူနာပြုဆရာမများဖြစ်သော်လည်း ဆရာဝန်နှင့်ပြမည်ဟု စိတ်ဆုံးဖြတ်ကာ လာရောက်သော လူနာများအတွက် ကျေနပ်မှုကို ပေးစွမ်းနိုင်မည်မဟုတ်ပါ။ ဆရာဝန်များသာ ကုသနိုင်သော ရောဂါအခြေအနေမျိုးကို အချိန်နှောင်းမှ သိခွင့်ရခဲ့လျှင် အပ်နှင့်ထွင်းရမည့်အရာကို ပုဆိန်နှင့်ထွင်းရမည့် အခြေအနေမျိုး လူနာများအနေဖြင့် ကြုံတွေ့လိုမည်မဟုတ်ပါ။

“ချောင်းဆိုးရင်ကျပ်ဖြစ်တာကြာလို့ ဆေးခန်းသွားပြတာ။ နားကြပ်နဲ့စမ်းတယ်။ ဘာဖြစ်တာလဲ။ ဘာရောဂါလဲမပြောဘူး။ ဆေးထိုးပြီး ဆေးခြောက်ခွက်စာ ပေးလိုက်တယ်။ နောက်မှသိတာက အဲဒီသူက ဆရာဝန်မဟုတ်ဘူးတဲ့”ဟု အသက် ၂၀ အရွယ် လှိုင်သာယာစက်မှုဇုန်(၅)မှ အလုပ်သမားတစ်ဦးဖြစ်သူ ကိုပြည့်ဖြိုးက သူကြုံတွေ့ခဲ့ရသည်များကို ပြောပြသည်။

ဆေးခန်းလိုင်စင် လျှောက်သောအခါ တာဝန်ခံဆရာဝန်တစ်ဦးဦးနာမည်ဖြင့် လျှောက်ထား၍ စီးပွားရေးအရ ဆေးခန်းပိုင်ရှင်များက တတ်ကျွမ်းနားလည်သူများအား အချိန်ပိုင်းငှားရမ်းလုပ်ကိုင်ကြပြီး မြန်မာနိုင်ငံဆေးကောင်စီက အသိအမှတ်ပြု လက်မှတ်ရရှိထားသော ဆေးပညာဘွဲ့ရများသာ ဆေးကုသခွင့်ရှိကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်မှုများရှိနေခြင်းကို သေချာစိစစ်ရန်လိုအပ်ကြောင်း လှိုင်သာယာမြို့နယ်မှ အငြိမ်းစားမြို့နယ်ဆရာဝန်တစ်ဦးကပြောသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးသော ဆေးခန်းများတွင် နာမကျန်းဖြစ်သော လူနာများအား ကုသမှုပေးရာ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးပညာဘွဲ့ရ ဆရာဝန်များသာ ဆေးထိုးအပ်ကိုင်ခွင့်ရှိသည်။ မည်သည့်ရောဂါဖြစ်သည်၊ မည်သည့်ဆေးထိုးမည် စသည့် မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ကုသမှုပေးရသော ကိစ္စရပ်များကို ဆေးခန်းအကူလူများနှင့် သူနာပြုဆရာမများက ပြုလုပ်ခွင့်မရှိပေ။

ပုဂ္ဂလိကအထွေထွေရောဂါကု ဆေးခန်းများတွင် တာဝန်ခံပုဂ္ဂိုလ်နှင့် ကျန်းမာရေးစောင့်ရှောက်ပေးသူတို့၏ တာဝန်ဝတ္တရားများ ပျက်ကွက်ပါက သတ်မှတ်ထားသော ဒဏ်ငွေရိုက်ခြင်း၊ လိုင်စင်ကို အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊ လိုင်စင်ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်ကြောင်း မြန်မာနိုင်ငံဆေးကောင်စီ၏ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ထို့အပြင် တာဝန်ခံပုဂ္ဂိုလ်နှင့် ကျန်းမာရေးစောင့်ရှောက်ပေးသူတို့ ပေါ့လျော့စွာဆောင်ရွက်မှုများအပေါ် တရားမနစ်နာမှုဥပဒေအရ တရားစွဲဆိုနိုင်ပြီး အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်မရှိဟု အထက်ပါဥပဒေတွင် ဖော်ပြထားသည်။

သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းကြီးကြပ်ရေးကော်မတီအနေဖြင့်လည်း ဆေးခန်းလိုင်စင်၊ အခွန်ဆောင်မှု၊ တာဝန်ခံဆရာဝန်၏ ဆေးကုသခွင့်လိုင်စင် စသည်တို့ကို နှစ်စဉ်စစ်ဆေးပေးနေသော်လည်း ယခုကဲ့သို့ လက်တစ်လုံးခြား လုပ်ဆောင်နေမှုများကို အတိအကျသိရှိနိုင်ရန် ခက်ခဲမည်ဟု မေးမြန်းမှုပြုလုပ်ခဲ့သော အထွေထွေရောဂါကုဆရာဝန်များက ပြောကြားကြသည်။

“တစ်နှစ်တစ်ခါ စစ်ရုံနဲ့တော့ အခုလို မျက်မြင်ကိုယ်တွေ့ ဖြစ်ပျက်နေတာတွေကို တွေ့ရမှာမဟုတ်ဘူး”ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာစည်သူကပြောသည်။

အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အပြည့်အ၀အားကိုးမှုမပြုနိုင်သေးသော ဆင်းရဲသားပြည်သူများအနေဖြင့် ရပ်ကွက်အတွင်း ဖွင့်လှစ်ထားသော အထွေထွေရောဂါကု ဆေးခန်းများတွင်သာ မိသားစုကျန်းမာရေးအတွက် ဖြေရှင်းနေရခြင်းဖြစ်သည်။

“အရမ်းကြီးရောဂါသည်းနေမှ ဆေးခန်းကိုလာတာ။ တော်ရုံတန်ရုံဆို စပ်ဆေးနဲ့ပဲပြီးတာ”ဟု နှစ်ဆယ့်လေးနာရီ ၀န်ဆောင်မှုပေးသော အထွေထွေရောဂါကု ဆေးခန်းတစ်ခုမှ ထွက်လာသူ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။

ဆေးခန်းရှိလျှင် ဆရာဝန်ရှိသည်ဟု အားကိုးထင်မှတ်၍ လာရောက်ကြသော လူနာများအား မျှတသောငွေကြေးဖြင့် အရည်အသွေးမြင့်မားသောဝန်ဆောင်မှု ပေးရေးသည် ပုဂ္ဂလိကအထွေထွေရောဂါကု ဆေးခန်းများ၏ တာဝန်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။ ။

ရေးသားသူ- ရဲနောင် - 7Day News Journal

Ovahima လူမျိုးတွေဟာ Namibia မြောက်ပိုင်းမှာနေထိုင်ကြပြီး သူတို့ ရဲ့ဓလေ့ထုံးတမ်းအရ သူတို့ တွေဟာ မွေးကထဲကသေတဲ့အထိရမချိုးပဲနေကြ

မွေးကထဲကသေတဲ့အထိရမချိုးပဲနေကြတဲ့ လူမျိုး

ဒီ Ovahima လူမျိုးတွေဟာ Namibia မြောက်ပိုင်းမှာနေထိုင်ကြပြီး
သူတို့ ရဲ့ဓလေ့ထုံးတမ်းအရ
သူတို့ တွေဟာ မွေးကထဲကသေတဲ့အထိရမချိုးပဲနေကြပြီး
အ၀တ်အစားတွေကိုလဲ လျှော်လေ့မရှိကြပါဘူး။
သူတို့ တွေအိမ်ထောင်ကျတဲ့အချိန်ကျမှ သူတို ရဲ့သားရေအ၀တ်အအစား
တွေကိုစတင်သန့် စင်လေ့ရှိကြပြီး ဒီလိုသန့် စင်တဲ့အခါမှာလည်း
ဆေးဘက်ဝင်အပင်တွေကိုမီးခိုးကျပ်တိုက်ပြီးတော့
ထွက်လာတဲ့မီးခိုးငွေ့ တွေနဲ့ အနံ့ အသက်တွေကို
ပြောက်ကင်းသန့် စင်စေပါတယ်။

ZK(ကနောင်)
Scientist Myanmar

ဆင်းကတ်နှစ်ခု ထည့်သုံးနိုင်တဲ့ HTC စမတ်ဖုန်းအသစ် .................


အဲဒါကတော့ ဆင်ကတ် ၂ ခု ထည့်သုံးနိုင်တဲ့ဖုန်းပါပဲ။ အဲဒီ စမတ်ဖုန်းကို HTC Desire 600c လို့ အမည်ပေးထားပါတယ်။
ရောင်းဈေးက သုံးသိန်းခွဲ ဖြစ်ပါတယ်။
အတိအကျ ပြောရရ ကျပ် ၃၄၉,၀၀၀
ဒီဖုန်းကို အဖြူ နဲ့ အနက် အရောင် နှစ်မျိုး ၀ယ်နိုင်ပါတယ် တဲ့။
ဆိုခဲ့သလိုပဲ ဆင်ကတ် ၂ ခု ထည့်သုံးနိုင်တဲ့ဖုန်း ဆိုတော့ ကတ် ၂ ခု ရှိတဲ့သူတွေ သဘောကျပါလိမ့်မယ်။
ကတ် ၂ ခု ပိုင်ဆိုင်မယ့် အစီအစဉ် ရှိသူများလည်း စိတ်ဝင်စားကြမှာပါ။
ဖုန်း ၂ လုံး ကိုင်စရာ မလိုတော့ဘူးပေါ့။
တပြိုင်နက်တည်းမှာတော့ ကတ် ၂ ခုလုံးကနေ စကားပြောလို့ မရပါဘူး။
ဖုန်းလိုင်းတခု သုံးနေတုန်း နောက်ဖုန်းလိုင်းတခုရဲ့ အ၀င်ခေါ်ဆိုမှုကို လက်ခံပေးထားနိုင်ပါတယ် တဲ့။
(ဆိုလိုတာကတော့ … ဖုန်းကတ်တခုသုံးနေ ပြောနေတုန်း တခြားကတ်တခုကို ၀င်လာတဲ့ဖုန်းကလည်း အသံမြည်နေပါလိမ့်မယ်)
“ဒီဖုန်းလေးက မြန်မာနိုင်ငံက အများဆုံး အသုံးပြုတဲ့ CDMA နှင့် GSM SIM ကဒ် နှစ်ခုစလုံး အသုံးပြုလို့ရတဲ့ ဖုန်းပါ” လို့ HTC Myanmar ရဲ့ အရာရှိတယောက်ဖြစ်တဲ့ ဦးခိုင်စိုးက ပြောပါတယ်။
ဒီဖုန်း ၀ယ်မယ် ဆိုရင် အာမခံ တနှစ်ခွဲ ပေးပါတယ် တဲ့။
ထည့်ထားတဲ့ ကင်မရာလည်း တခြား HTC စမတ်ဖုန်းတွေလိုပဲ အရည်အသွေး ပထမတန်းစားပါပဲ လို့ ဆိုပါတယ်။
မြန်မာပြည်မှာ ဟွာဝေး ဟန်းဆက်တွေ လူသုံးများပါတယ်။ ဆမ်ဆောင်းကိုလည်း သုံးကြပါတယ်။
ဒီဈေးကွက်ကို HTC ၀င်တိုးနေတာ ဖြစ်ပါတယ်။
ဧရာဝတီသတင်း

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

မြန်မာနိုင်ငံသားများ Master Card သုံးနိုင်ပြီ...................



မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံပေါင်း ၂၁၀ ကျော်တွင် သယ်ဆောင် အသုံးပြုနိုင်သည့် အွန်လိုင်းငွေပေးချေမှုစနစ် Easi Travel Master Card ကို အောက်တိုဘာလ ၈ ရက်နေ့မှ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်တွင်း ပုဂ္ဂလိက ဘဏ်တခုဖြစ်သော သမ၀ါယမဘဏ်(CB Bank) နှင့် Master Card တို့ ပူးပေါင်း၍ ပြည်ပနိုင်ငံပေါင်း ၂၁၀ ကျော် ရှိ ATM ငွေထုတ်စက်များ တွင် ငွေသားထုတ်ယူနိုင်ပြီး ဈေးဝယ်စင်တာများ၊ ဘဏ်များ၊ စားသောက်ဆိုင်များ၊ ဟိုတယ် အခန်းဌားရမ်းခြင်းများ အပါအဝင် နေရာအများစုတွင် လက်ခံ အသုံးပြုနေသော အွန်လိုင်း ငွေပေးချေမှုစနစ် Master Card ကို မြန်မာနိုင်ငံသားများ အတွက် ပထမဆုံး စတင်ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ အနေဖြင့် CB ဘဏ်တွင် Master Card ပြုလုပ်ပြီး ကမ္ဘာ့နိုင်ငံအများအပြားသို့ သယ်ဆောင် အသုံးပြု နိုင်ပြီ ဖြစ်ကြောင်း CBဘဏ် ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ဧရာဝတီသို့ပြောသည်။

“ပြည်ပနိုင်ငံ သွားမယ့် မြန်မာတွေအနေနဲ့ Master Card သုံးစွဲချင်တယ်ဆိုရင် လျှောက်လို့ရပြီ၊ မန္တလေး အပါအဝင် နယ် မြို့တွေ မှာလည်း ကတ်တွေ လျှောက်လို့ရအောင် လုပ်ဖို့ရှိတယ်၊ လောလောဆယ်တော့ နယ်ကလူတွေက ရန်ကုန် မှာ လာလျှောက်ရမယ်။ ကတ်လျှောက်ပြီး ၄ ရက် လောက် စောင့်ပြီးတာနဲ့ Master Card ထုတ်ယူ သုံးလို့ရပြီ”ဟု ဦးဖေမြင့် က ရှင်းပြသည်။

မြန်မာနိုင်ငံသား များအနေဖြင့် Master Card ပြုလုပ်ရာတွင် ကတ်အတွင်း အမေရိကန်ဒေါ်လာ ၅၀ မှ ၅၀၀၀ အထိ ထည့်သွင်း ထားနိုင်ပြီး မြန်မာငွေဖြင့် ငွေသားထည့်သွင်းမည်ဆိုပါက မြန်မာငွေနှင့်အမေရိကန်ဒေါ်လာ ပေါက်ဈေး ပေါ် မူတည် တွက်ချက် ရရှိလာသော ဒေါ်လာငွေတန်ဖိုးကို Master Card တွင် ထည့်သွင်းပေးထားမည်ဖြစ်ကြောင်း၊ Master Card အသုံးပြု နိုင်သော ပြည်ပနိုင်ငံများတွင် ယင်းကတ် ဖြင့် ငွေထုတ် သုံးမည်ဆိုပါက ငွေတခါ ထုတ်တိုင်း ဝန်ဆောင်ခ ၃ ဒေါ်လာ ပေးရမည် ဖြစ်ပြီး ကတ် ပျက်စီးခြင်းနှင့် ပျောက်ဆုံးခြင်း တို့အတွက် လျှောက်ထားပါက ဝန်ဆောင်ခ မြန်မာငွေ ကျပ် ၁၀၀၀၀ ပေး၍ ကတ် အသစ် ပြန်လျှောက်ရမည်ဟု သိရှိရသည်။

လတ်တလော Master Card အသုံးပြုရန် လျှောက်ထားသော မြန်မာနိုင်ငံသားအရေအတွက် ၅၀၀ကျော် ရှိပြီး ကတ် လျှောက်လိုသူ များအနေဖြင့် သမဝါယမဘဏ်ရုံးချုပ်နှင့် သတ်မှတ်နေရာ များတွင် ဝန်ဆောင်ခ ကျပ်ငွေ ၈၀၀၀ပေး၍ စတင် လျှောက်ထား နိုင်ကြောင်း၊ နိုင်ငံခြားသို့ ချက်ချင်း ထွက်ခွာမည့်သူများအနေဖြင့် အွန်လိုင်းဖြင့်လည်း လျှောက်ထား နိုင်ကြောင်း သိရသည်။

CB ဘဏ်အနေဖြင့် Master Card ၀န်ဆောင်မှုအပြင် မြန်မာနိုင်ငံသားများ Visa Card အသုံးပြုနိုင်ရေးကိုပါ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

MasterCard ၏ အရှေ့တောင် အာရှဆိုင်ရာ ဥက္ကဋ္ဌ ဖြစ်သူ Mr Matthew Driver က “အရင်က အပျော်ခရီးသွားတာ ပဲဖြစ်ဖြစ်၊ စီးပွားရေးအရ ခရီးသွားတာပဲဖြစ်ဖြစ် ငွေသားတွေ အများကြီးယူသွားဖို့လိုအပ်တဲ့ မြန်မာနိုင်ငံသားတွေအတွက်
Master Card က ရွေးချယ်စရာနည်းလမ်း တခုပဲဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သူတို့တွေကို လုံခြုံစိတ်ချရတဲ့ ငွေပေးချေ မှုစနစ်ကို ပြည်ပနိုင်ငံတွေမှာ အသုံးပြုနိုင်ဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုကြောင်း CB ဘဏ်၏ ၀က်ဘ်ဆိုက် တွင် ဖော်ပြထားသည်။

ကမ္ဘာလှည့်ခရီးသည်များအပါအ၀င် နိုင်ငံခြားသားဧည့်သည်များအတွက် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များ၏ ATMငွေထုတ် စက်များတွင် Master Card နှင့် Visa Card ဖြင့် ငွေသားထုတ်ယူနိုင်သည့် စနစ်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့ သည်။

ဧရာဝတီ

iPhone 6 မျက်နှာပြင် ကျယ်ဖြင့် ထွက်ရှိမည်









iPhone 5S နဲ့ 5C တောင်ထွက်တာ မကြာသေးဘူး။ iPhone 6 နဲ့ ပက်သက်တဲ့ သတင်းတွေက ထွက်ရှိလာ
လာပြန်ပါပြီ။ Apple က ယခုရက်ပိုင်း အတွင်းတင်ပဲ ၎င်းတို့ရဲ့  အသစ်ထုတ်လုပ်မယ့် ဖုန်း အတွက် မူပိုင်ခွင့်
တင်လိုက်တဲ့ သတင်းကြောင့် iPhone 6 ဘယ်လိုဖြစ်လာ မယ်ဆိုတာ ပညာရှင်များက ခန့်မှန်းခြင်း ဖြစ်ပါ
တယ်။

အဓိက ကတော့ မျက်နှာပြင် ပိုကျယ်လာခြင်း ဖြစ်ပါတယ်။ အနည်းဆုံး ၄.၈ လက်မ ကနေ ၆ လက်မ
ကြားအထိ ကျယ်လာနိုင်ပြီး Retina+IGZO အမျိုးအစား အရည်အသွေးကောင်း မျက်နှာပြင်ကို အသုံးပြု
ပြီး ကမ္ဘာ့ အကြည်လင်အပြတ်သားဆုံး စမတ်ဖုန်း မျက်နှာပြင်အဖြစ် စံချိန်တင်အုံးမှာ လို့ ဆိုပါတယ်။

Chip အမျိုးအစားက A7 ထက်တစ်ဆင့်မြင့် တဲ့ A7X 64 Bit architechture, ကင်မရာက 13 Megapixel
(1.5u pixels f/2.2 aperture တို့ပါဝင်ပြီး မထုတ်ရသေးတဲ့ iOS ဗားရှင်း အသစ်နဲ့ မြင်တွေ့ ရမယ်လို့ ဆို
ပါတယ်။

Samsung နဲ့ LG တို့က ကွေးကောက်မျက်နှာပြင် ထုတ်လုပ်မှုနဲ့အတူ Apple ကလည်း လိုက်လံ စမ်းသပ်
နေပေမယ့် iPhone 6 မှာ လက်တွေ့ အသုံးချ ရန် ရှိမရှိ ကတော့ ဘယ်သူမှ မပြောနိုင် သေးပါဘူး။ သေ
ချာ တာကတော့ မျက်နှာပြင်ကြီးကြီးနဲ့ ထုတ်မှာမို့ Display အကျယ်များနဲ့ တကယ် လက်တွေ့ စမ်းသပ်
လျက် ရှိပါတယ်။

iPhone 6 အနေနဲ့ ဘယ်လိုဖြစ်လာမယ်ဆိုတာကို အောက်ပါ ဗီဒီယိုက ခန့်မှန်းချက်မှာ လေ့လာနိုင်ပါတယ်။


အောင်ခမ်း ( TSJ Team )

ပန်ကာနှင့် အိပ်စက်ခြင်း

ပန်ကာနှင့် အိပ်စက်ခြင်း အိပ်မပျော်သူများအတွက် ပန်ကာနှင့်အိပ်စက်ခြင်းက ညင်သာစွာ လှုပ်သိပ်စေသလိုဖြစ်သည်။ သို့သော် ဘေးထွက်ဆိုးကျိုးများက လူတစ်ယောက်၏ ကျန်းမာရေးကိုထိခိုက်စေသည်။ အိပ်စက်သူ၏အသက်အရွယ် ပေါ်မူတည်ပြီး ကွဲပြားသောကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်စေသည်။အချို့ကလက်ကပ်ခြင်း၊ နှာစေးခြင်း၊ ကျောအောင့်ခြင်း၊ အဆုတ်အအေးမိခြင်း၊ ခေါင်းကိုက် ခြင်း၊ ဇက်ခိုင်ခြင်း၊ ခြေထောက်များ လေးခြင်း စသည်ဖြင့် အမျိုးမျိုးကွဲပြားတတ်သည်။ ထို့အပြင်- (၁)အသံ ပန်ကာမှ ထွက်သောအသံကြောင့် အိပ်ချိန်တွင် နှောင်ယှက်မှုအသေးအမွှားကို ဖြစ်စေသည်။ ပန်ကာအ သေးများက နှောင့်ယှက်မှုနည်းသော်လည်း၊ မျက်နှာကျက်ပန်ကာမျိုးက မိမိ၏အိပ်ချိန်ကို အနှောင့်အယှက် ပို၍ ဖြစ်စေသည်။ (၂)ရုတ်တရက်ကလေးများသေဆုံးမှုများ ကျန်းမာရေးစောင့်ရှောက် မှုကွပ်ကဲရေးအဖွဲ့အစည်းတစ်ခု၏ ရှာဖွေတွေ့ရှိချက်အရ ကလေးအိပ်ခန်းတွင် ပန်ကာနှင့်အိပ်စက်ခြင်းဖြင့် ကလေးများ ၇၀%ခန့် ကျန်းမာ ရေးထိခိုက်စေခြင်း ၊ သေဆုံးခြင်းတို့ကို ဖြစ်စေ http://www.todaymyanmar.net/2013/10/blog-post_2090.html

လောင်းကစား



လောင်းကစားသည်လည်း လူသားတို့၏ ဗီဇစိတ် တွင်ပင် တည်ရှိနေပြီး ဦးနှောက်တွင်း စွဲမြဲစွာ အမြစ်တွယ်နေဟန် ရှိရာ ဤသည်က အဆုံးတွင် ပျက်စီးဆုံးရှုံးမှုနှင့်သာ အဆုံးသတ်မည့် စရိုက်တစ်ခုသည် အဘယ်ကြောင့် ထမင်းစားရေသောက် ဆန်နေရသနည်း ဆိုသော မေးခွန်းအတွက် အဖြေတစ်ခု ဖြစ်နိုင်ပါသည်။ မျောက်များလည်း လောင်းကစားသည်။ သစ်သီးဖျော်ရည် ဆုပေးသော လောင်းကစား တစ်ခုတွင် မျောက်များ၏ လောင်းကစား လုပ်ချင်သော ဆန္ဒကို စမ်းသပ်ရာ ရနိုင်မည့် ဆုလာဘ်အား လျှော့ချလိုက်သည့် အချိန်တွင်သော်မှ အနည်းမျှလေးသာ ပိုရနိုင်မည့် အခွင့်အလမ်းကို မျှော်ကိုးကာ လူသားတို့၏ ဆွေမျိုးများက တက်ကြွစွာ လောင်းကစားကြသည်ကို တွေ့ရ၏။ ယမန်နှစ်က Neuron ဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့သည့် လေ့လာမှုတစ်ခုတွင် ဦးနှောက်တွင်းရှိ အနိုင်ရမှုနှင့် ဆက်နွယ်သည့် ဇီဝဆားကစ်များက လောင်းကစားမိစေရန် မြှောက်ထိုးပင့်ကော် လုပ်သည်ဟု ဆို၏။ လောင်းကစားသူသည် ကပ်လွဲခြင်းအား ထူးခြားဖြစ်စဉ် (နီးစပ်လာပြီဟု ယူဆခြင်း) ဟု ဘာသာပြန်ပြီး ဤသည်က ဆက်လက် လုပ်ဆောင်မိစေရန် အားပေးအားမြှောက် ပြုသည်ဟု Cambridge တက္ကသိုလ်မှ Luke Clark က ဆိုသည်။ အဖြူအမဲ ရလဒ်မှာ လုံးလုံးလျားလျား အရှုံး ဖြစ်သော်လည်း ကပ်လွဲခြင်းများအား ဦးနှောက်မှ အနိုင်ရခြင်းကဲ့သို့ပင် တုံ့ပြန်ကြောင်း ၎င်းတို့၏ လေ့လာမှုများအရ တွေ့ရှိခဲ့သည်ဟု သူက ဆိုသည်။ အခြားသော လေ့လာမှုများတွင် အရှုံးသည် လောင်းကစားသူအား ရှုံးမဲ,မဲစေသည်ဟုလည်း ဖော်ပြကြသည်။ မည်သည့် ပမာဏခန့် လောင်းကစားမည် ဆိုသည်ကို ကြိုတင်ပြင်ဆင်ခြင်းတွင် လူများသည် အေးဆေးတိကျပြီး ဆင်ခြင်တုံတရား လက်ကိုင်ထားနိုင်ကြသည်။ သို့ရာတွင် ရှုံးပြီဆိုသည်နှင့် ဆင်ခြင်တုံတရားအား မြေပေါ်ချနင်းကာ မူလ သတ်မှတ်ထားသည့် ပမာဏအား မေ့ပစ်ပြီး ပို၍ပင် ရှုံးမဲမဲ လောင်းထပ်လေ့ ရှိကြသည်ဟု လေ့လာမှုတစ်ခုက ယမန်နှစ်က ဖော်ပြခဲ့သည်။

အမေရိကန်ဒေါ်လာ ၁၀၀ တန် အသစ် အင်္ဂါနေ့ စထွက်မည်






http://burmese.voanews.com/content/new-us-dollar-one-hundred-note/1764983.html
အောက်တိုဘာလ (၈) ရက်၊ အင်္ဂါနေ့မှာ စတင်ထုတ်ဝေမယ့် အမေရိကန်ဒေါ်လာ ၁၀၀ တန်အသစ်ပုံ။

Facebook မှာဘယ်သူငါ့ကို Unfriend လုပ်ထားလဲကြည့်မယ်.........................

ကျွန်တော်တို့ Gtalk မှာသူငယ်ချင်းတွေသော်လည်းကောင်း ၊ မိမိကောင်မလေးပဲဖြစ်ဖြစ်လိုင်းပေါ်မှာ
မတွေ့တာကြာရင် ကိုယ့်ကိုများ Blocked လုပ်ထားလားဆိုပြီး ကြည့်တာမျိုးဟိုးအရင်တုန်း ခေတ်စားခဲ့ပါ
တယ်။ ဒီလိုပါပဲအခုကျွန်တော်ပြောပြချင်တာက  Facebook မှာ မိမိသူငယ်ချင်းတွေထဲက ဘယ်သူကများ
မိမိကို Unfriend လုပ်ထားလဲ ဆိုတာ ကြည့်တဲ့နည်းလေးပါ။ အောက်မှာပုံလေးတွေနဲ့ပြထားပါတယ်။
အဆင်တိုင်းကြည့်လိုက်ပါ။  ပထမဆုံး..  ဒီလင့်ထဲကိုနှိပ်ပြီး   အရင်ဝင်လိုက်ပါ။
1)အောက်ကပုံပေါ်လာရင်  Login with Facebook ကိုနှိပ်လိုက်ပါ။ ဘောက်တစ်ခုပေါ်လာရင်
မိမိ Facebook အကောင့်ဝင်လိုက်ပါ။


2) ပြီးရင် Ok နှိပ်ပါ။
3) နောက်တစ်ခုမှာ Skip နဲ့ကျော်လိုက်ပါ။
မြင်တဲ့အတိုင်းပါပဲ  ရှိနေတဲ့သူငယ်ချင်းကဘယ်နှစ်ယောက် ၊ မိမိ ကို Unfriend လုပ်ထားတာ
ဘယ်နှစ်ယောက်ဆိုတာ တွေ့ရမှာပါ။  ကျွန်တော်သူငယ်ချင်းတွေကတော့ကျွန်တော်ကိုချစ်ကြပါတယ်။
ဘယ်သူမှ Unfriend လုပ်မထားကြပါဘူး။
ပြီးရင်တော့ Disconnet နှိပ်ပြီးပိတ်လို့ရပါပြီ။  အားလုံးပဲအဆင်ပြေကြပါစေ....
                       
                                                          www.mm-knowledge.com

                                                                နည်းပညာမြို့တော်