This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, June 25, 2013

Gothere Myanmar 2013 v1.1.1.1 for Android


---------------------------------------------------
Android ဖုန်း/Talet တွေအတွက် နာမည်ကြီး မြန်မာဆော့ဝဲလေးတစ်ခုဖြစ်တဲ့ Gothere Myanmar 2013 v1.1.1.1 for Android ကိုတင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲလေးကလုပ်ဆောင်ပေးနိုင်တဲ့အချက်တွေကတော့-
- စီးပွားရေးလမ်းညွှန် နှင့်အခြား လမ်းညွှန်များပါဝင်ခြင်း
- ရန်ကုန်ရှိဘတ်စ်ကား မှတ်တိုင်ဂိတ်များကို ဖော်ပြပေးထားခြင်း
- ပြည်တွင်းပြည်ပ သတင်းဦး ၊ သတင်းထူးများကို ဆော့ဝဲတွင်ဖတ်ရှုနိုင်ရန်စီစဉ်ပေးထားခြင်း
- လက်ရှိရောက်ရှိနေသော နေရာနားတွင်ရှိသော စားသောက်ဆိုင် ၊ ဆေးရုံ ၊ ဟိုတယ် ၊ အများသုံးသန့်စင်ခန်း စသည်တို့ကိုရှာဖွေပြသပေးနိုင်ခြင်း
-စီးပွားရေးလုပ်ငန်းရှင်များမှ ငုင်းတို့ရဲ့လုပ်ငန်းများ ၊ တည်နေရာများကို GoThere Myanmar ဆော့ဝဲထဲသို့ မိုဘိုင်းဖုန်းမှတစ်ဆင့်အချက်အလက်များအလွယ်တကူ ပို့ဆောင်ထည့်သွင်းနိုင်ခြင်း
-မြေပုံနှင့် GPS စနစ်ထည့်သွင်းပေးထားခြင်း
-အဆောက်အဦးအတွင်းမှာ GPS ဖမ်းမမိပါက Wifi ကဲ့သို့သော Network တစ်ခုခုကိုအသုံးပြု၍ Location ကိုဖော်ပြပေးနိုင်ခြင်း
- GoThere Myanmar app ထည့်သွင်းထားသော သင့်ရဲ့ဖုန်းအခိုးခံရပါက ဖုန်းရဲ့တည်နေရာကိုရှာဖွေပေးနိုင်ခြင်း

စတဲ့ features များပါဝင်ပါတယ်။ ဖုန်းထဲမှာရှိထားသင့်တဲ့ Android application လေးတစ်ခုပါပဲ။ Gothere Myanmar 2013 v1.1.1.1 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

http://www.myanmarmobileapp.com/2013/06/24/gothere-myanmar-2013-v1-1-1-1-for-android/

အမေရိကန်ဒေါ်လာ ၄၃.၈ သန်းတန် ပန်းချီကား



International news for myanmar

ပုံမှာ မြင်တွေ့နေရတဲ့ ပန်းချီကားက နယ်နယ်ရရ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ မေလအတွင်းကပဲ အမေရိကန်ဒေါ်လာ ၄၃.၈ သန်းနဲ့ အရောင်းအဝယ် ဖြစ်သွားတဲ့ ပန်းချီကား ဖြစ်ပါတယ်။

ရေးဆွဲသူကတော့ ၁၉၇၀ ဇူလိုင်မှာ ကွယ်လွန်သွားတဲ့ ကမ္ဘာကျော် ဆီဆေး ပန်းချီဆရာ Barnett Newman ဖြစ်ပါတယ်။ Abstract expression ပန်းချီ အမျိုးအစား ဖြစ်ပါတယ်။ ပိုင်ဆိုင်ထားသူ မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ Paul Allen က တစ်ဆင့် ပြန်ရောင်းချလိုက်တာ ဖြစ်ပါတယ်။

ဖုန်းထဲမှာပဲ အရောင်းအဝယ်ဖြစ်သွားပြီး အမည်မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဝယ်လိုက်တာ ဖြစ်ပါတယ်။ Paul Allen လည်း အမေရိကန်ဒေါ်လာ ၄၃.၈ သန်း တကယ်ရသွားပါတယ်။

ပန်းချီကား ကတော့ ပုံမှာမြင်တွေ့ရတဲ့အတိုင်း အပြာရောင်ဆေးခြယ် ကားချပ်မှာ အဖြူရောင်အကြောင်းက ထပ်ခြမ်းခွဲထားပါတယ်။

၁၉၇၀ ကျော်က ခေတ်စားတဲ့ Pong ဗီဒီယိုဂိမ်း မျက်နှာပြင် အတိုင်းပါပဲ။

အခြား ကမ္ဘာကျော်ပန်းချီဆရာများဆွဲသော ယင်းကဲ့သို့ အလားတူ Abstract expression ပန်းချီကားများလည်း အမေရိကန်ဒေါ်လာ သန်း ရာနဲ့ ချီပြီး လေလံဈေးကွက်မှာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။

Ref: nypost

Saturday, June 22, 2013

ဆရာတော် ဦးဝီရသူအနေနဲ့ အကြမ်းဖက်ဝါဒကို ဘယ်တော့မှ လက်မခံသလို အစွန်းရောက်ဝါဒကိုလည်း ဆန့်ကျင်တဲ့အကြောင်း ဆရာတော်က မိန့်ပါတယ်။

တိုင်းမ်းမဂ္ဂဇင်း မျက်နှာဖုံးဆောင်းပါး ရေးသားချက် ဆရာတော် ဦးဝီရသူ လက်မခံ
==========================================
21/6/2013

ဗုဒ္ဓဘာသာနဲ့ အမျိုးဘာသာ စောင့်ရှောက်ရေး လှုပ်ရှားမှုတွေကြောင့် ထင်ရှားလာသူ မန္တလေး မစိုးရိမ်တိုက်သစ်ကျောင်းတိုက်က ဆရာတော် အရှင်ဝီရသူကို ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီးက ဗုဒ္ဓဘာသာ အကြမ်းဖက်မှု ပြယုဒ်အဖြစ် ဇူလိုင်လဆန်းထုတ် မဂ္ဂဇင်းမျက်နှာဖုံးမှာ ဖော်ပြလိုက်ပါတယ်။

ဒီဖော်ပြချက်တာဟာ မိမိကို ချိုးနှိမ်ရေးသားလိုက်တာဖြစ်ကြောင်း အရှင်ဝီရသူက RFA ကို မိန့်ကြားပါတယ်။

"ခြင်္သေ့ကို မြေခွေးနဲ့ အနှိုင်းခံရသလို၊ ဘုရားလောင်းကို ဒေဝဒတ်လောင်းနဲ့ အနှိုင်းခံရသလို ခံစားရတာပေါ့၊ ဦးဇင်းတို့ဟာ ကလောင်ကိုင်တဲ့လက်တွေ၊ သူတပါးအကြမ်းဖက်တာကို မပြောနဲ့၊ ကိုယ်ကိုတိုင်က အကြမ်းဖက်ခံရတဲ့လူတောင်မှ၊ အကြမ်းဖက်ပြီး တုန့်ပြန်တာကို မလိုလားတဲ့လူလေ၊ သူလာပြီးတော့မေးတုန်းက ဒီစကားတွေမပါဘူး၊ ဦးဇင်းဖြေတဲ့အထဲမှာလည်း ဒီစကားတွေမပါဘူး၊ ဒါပေမယ့် သူ့ဘာသာသူ ရေးချင်တာ ရေးချသွားတာကိုး၊ အဲဒါကြောင့်မို့ ဒီမီဒီယာတွေကို မွတ်စလင်တွေက ချုပ်ကိုင်ထားတယ်ဆိုတာ ဒီတိုင်းမ်မဂ္ဂဇင်းမှာ ထင်ရှားသွားတာပေါ့နော်"

အမေရိကန်ပြည်ထောင်စုမှာ မနေ့ကထုတ်ဝေတဲ့ Time မဂ္ဂဇင်းမှာ ဆရာတော် ဦးဝီရသူကို မွတ်စလင် ဆန့်ကျင်ရေးလှုပ်ရှားသူ ဗုဒ္ဓဘာသာအကြမ်းဖက်ဝါဒီအဖြစ် ဖော်ပြထားပါတယ်။ သူ့အနေနဲ့ အကြမ်းဖက်ဝါဒကို ဘယ်တော့မှ လက်မခံသလို အစွန်းရောက်ဝါဒကိုလည်း ဆန့်ကျင်တဲ့အကြောင်း ဆရာတော်က မိန့်ပါတယ်။

Source: RFA Burmese

သီတဂူဆရာတော်ဘုရားကြီးက အမျိုးသားရေးဝါဒကိုဆုပ် ကိုင်ထားရမယ်လို့သြဝါဒပေးပြီ


••••••••••••••••••••••••••••

"လူအခွင့်ရေးဆိုတာ ဥပဒေမဟုတ်ပါဘူး။ ဘယ်နိုင်ငံကိုမှ
ချုပ်ကိုင်လို့မရဘူ။ သူတို့မကြိုက်ရင် သူတို့ကတော့လူအ
ခွင့်ရေးချိုးဖောက်တယ် ဆိုပြီးအော်မှာဘဲ ကြိုက်သလောက်
အော်ပါစေ"။
ငါတို့ကတော့မြန်မာတိုင်းရင်းသား အားလုံးရဲ့ အကျိုး
စီးပွားကို ပဲကြည့်ရမယ်။ ဒါကြောင့် "အမျိုးသားရေးဝါဒ"
ကိုဆုပ်ကိုင်ထားရမယ် အမျိုးသားရေးဝါဒဆိုတာ
အကုသိုလ်တခုမှမပါဘူး လုပ်ကိုလုပ်ရမယ်။

(ဒေါက်တာဓမ္မပိယ၊ အရှင်ဆေကိန္ဒ နှင့်သီတဂူအရှင်ဒေဝိန္ဒာဘိဝံသ တို့အားလွန်ခဲ့သောရက်
မိန့်ကြားခဲ့သည့်သြဝါဒဖြစ်ပါတယ်)
_________________________

Dhamma Wizaya ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

Times Magazine အား ပြင်းထန်စွာကန့်ကွက် ရှုတ်ချ

Kyaw Ko Kyaw shared ဗဟုသုတ ဟင်းပေါင်းအိုးကြီး's photo.
The First Weekly News Journal နှင့်
The First Media Group မှ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။

Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏ မျက်နှာဖုံးတွင် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ရာဖြစ်သည့် ရတနာသုံးပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော သံဃာတော်အရှင်သူမြတ် (ဆရာတော်ဦးဝီရသူ)၏ဓာတ်ပုံအား ဖော်ပြကာ ဗုဒ္ဓဘာသာအကြမ်းဖက်သမားဟူသော အဓိပ္ပာယ်ရသည့် စွပ်စွဲရေးသားချက်များ၊ မြန်မာဘင်လာဒင်ဟူသော အကြမ်းဖက်လူသတ် ကမ္ဘာအား ဖျက်ဆီးနေသည့် အိုစမာဘင်လာဒင်နှင့် ခိုင်းနှိုင်းကာ ရေးသားဖော်ပြထားချက်များအား ကျွန်ုပ်တို့ First Media Group အနေဖြင့် Times Magazine ကြီးနှင့် ပါဝင်ပတ်သက်သူများအား ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်။

ကျွန်ုပ်တို့ မြတ်ဗုဒ္ဓ၏သားတော် ဆရာတော်ဦးဝီရသူသည် အမျိုးချစ်စိတ်၊ ဘာသာချစ်စိတ်ပြင်းထန်သည်ကို ကျွန်ုပ်တို့ ၀န်ခံပါ၏။ သို့သော် ဆရာတော် ဦးဝီရသူသည် ဒေသတွင်းငြိမ်းချမ်းရေးအားခြိမ်းခြောက်သော အစွန်းရောက် အကြမ်းဖက်သမား ဗုဒ္ဓဘာသာခေါင်းဆောင်တစ်ဦးမဟုတ်ပါ။ လူ့အသက် အိုးအိမ်စည်းစိမ်တို့အား ဖျက်ဆီးချေမွသည့် အစွန်းရောက်အကြမ်းဖက် ခေါင်းဆောင်တစ်ဦးမဟုတ်ပါ။ ယနေ့အထိ ဆရာတော်ဦးဝီရသူမှ အခြားအခြားသော ဘာသာဝင်များအား သတ်ဖြတ် စေခိုင်းခြင်း၊ အဆောက်အအုံဖျက်ဆီးခြင်း စသည့်အစွန်းရောက် လုပ်ရပ်များအား စေခိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသူမဟုတ်ဟု ကျွန်ုပ်တို့ဗုဒ္ဓဘာသာဝင်အများစုမှ ယုံကြည်သည်။

မြတ်ဗုဒ္ဓကိုယ်တိုင်ပင်လျှင် မေတ္တာဓာတ်ဖြင့် ရန်ပြုတိုက်ခိုက် သူများအား အောင်နိုင်ခြင်းဖြစ်ကြောင်း သာသနာ့သမိုင်းတွင် အထင်အရှား ပြသလမ်းညွှန်ခဲ့ပြီးဖြစ်သလို သံဃာတော်အစစ်အမှန်တို့ မည်သည် မေတ္တာဓာတ်ဖြင့်သာ ဘာသာအားလည်းကောင်း၊ အမျိုးအနွယ် အားလည်းကောင်း၊ တိုင်းနိုင်ငံအားလည်းကောင်း ကာကွယ်စောင့်ရှောက် ကယ်တင်ခဲ့ကြသည်ကို နိုင်ငံ့သမိုင်းနှင့် သာသနာ့သမိုင်းက သက်သေ ပြပြီးလည်းဖြစ်ပါသည်။

ထို့အတူ Times Magazine ၏ရေးသား ဖော်ပြချက်များသည် အခြားဘာသာတစ်ခုမှ အခြားဘာသာ တစ်ခုကို ထင်ယောင်ထင်မှားဖြစ်စေသည့် စွပ်စွဲရေးသားချက်များဖြစ်သလို ဗုဒ္ဓဘာသာ သာသနာတော်အား ညှိုးနွမ်းစေရန် ရည်ရွယ်ခြင်းဟု ကျွန်ုပ်တို့ ယူဆသည်။

ထို့ကြောင့် ကမ္ဘာကျော် Times Magazine ကြီး၏ အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ တောင်ပစိဖိတ်ဒေသအတွက် ရိုက်နှိပ်ဖြန့်ချိသော ဆရာတော် ဦးဝီရသူ၏ဓာတ်ပုံနှင့် ရေးသားစွပ်စွဲချက်များအား ကျွန်ုပ်တို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကန့်ကွက်သည်။ ဖြေရှင်းချက် တစ်စုံတစ်ရာအားလည်း အဆိုပါ Times Magazine ကြီး၏ တာဝန်ရှိသူ များမှ မီဒီယာကျင့်ဝတ်နှင့်အညီ ဖြေရှင်းပေးရန် ကျွန်ုပ်တို့တောင်းဆို လိုက်သည်။

The First Weekly News Journal နှင့်
The First Media Group

SIM ကဒ်ကို အခမဲ့ ဖြန့်ဝေမည်ဖြစ်ပြီး ခေါ်ဆိုခနှုန်းအဖြင့် ၀.၈ ကျပ် (ပြား ၈၀ ) နှုန်းအဖြင့် သတ်မှတ်ပေးမည်ဟုလည်း သိရ

Sim ကဒ် အခမဲ့၊ ဖုန်းခေါ်ခ ပြား၈၀ ဖြစ်မည်
========================

ဆက်သွယ်ရေး လုပ်ကိုင်ခွင့်နဲ့ ပက်သတ်ပြီး အပြိုင်အဆိုင်လျှောက်ထားသည့် ကုမ္ဗဏီပေါင်း ၁၂ ခုအနက်မှ ပြင်သစ်အခြေစိုက် Orange ဆက်သွယ်ရေး ကုမ္ဗဏီတစ်ခုမှ ယနေ့ ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက စာနယ်ဇင်း မိတ်ဆက်ပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်ခန်းမ၌ ကျင်းပ ခဲ့ပါသည်။

၎င်းကုမ္မဏီက မြန်မာ့ဆက်သွယ်ရေး အတွက် လုပ်ပိုင်ခွင့် ရရှိလာပါက (၅) နှစ် အတွင်း တစ်တိုင်းတပြည်လုံး အတွက် ဖြန့်ချိသွားမည်ဟုသိရပါသည်။

ရွေးချယ်ခံရပါက SIM ကဒ်ကို အခမဲ့ ဖြန့်ဝေမည်ဖြစ်ပြီး ခေါ်ဆိုခနှုန်းအဖြင့် ၀.၈ ကျပ် (ပြား ၈၀ ) နှုန်းအဖြင့် သတ်မှတ်ပေးမည်ဟုလည်း သိရပါသည်။

Source: Mizzima - News in Burmese

မိန်းမမြတ်များ လိုက်နာကျင့်သုံးသော ၀တ္တရားကိုးပါး

မိန်းမမြတ်တို့ ဂုဏ်အင်္ဂါ ၉ပါး။ ။ မိန်းမမြတ်များ လိုက်နာကျင့်သုံးသော ၀တ္တရားကိုးပါးဟူ၏ ၊သာမုန္ဒြိက ကျမ်းမှ။

(၁) အိမ်တွင်းမှု သန့်ရှင်းရေး ပြုလုပ်စီမံတတ်ရခြင်း ၊
(၂) ကိုယ့်လင်မှတပါး အခြားယောက်ျားသို့ စိတ်မျှ မကူးခြင်း၊
(၃) လင်ရှာရသောဥစ္စာကို သိမ်းဆည်းတတ်ရခြင်း။
(၄) လင်၏ရှေးဦးစွာ အိပ်ရာမှ ထရခြင်း ၊
(၅) လင်အိပ်ပြီးမှအိပ်ရခြင်း ၊
(၆) လင်၏ စီမံတိုင်ပင်မူကို ခံယူကူညီရခြင်း ၊
(၇)လင့်အလိုအကြိုက်ကို သိတတ် ပြုတတ်ရခြင်း ၊
(ဂ)ပြုံးသောမျက်နှာ ချိုသာသော စကားရှိရခြင်း ၊
(၉) အပူအအေးနှင့်လျော်စွာ လင့်အား ၀တ်ဆင်ပေးတတ်ရခြင်း ။
 
မိန်းမမြတ်ဖြစ်ကြောင်း တရား ၄-ပါး။ ။မိန်းမမြတ် ဖြစ်နိုင်ရန် ကိုယ်ကျင့်တရားလေးပါး။ ကောသလ မင်းကြီးအား ဘုရားဟောသည်။

(၁) သီလ၀တီ-အကျင့်သီလ ဣနြေ္ဒသိက္ခာရှိခြင်း
(၂) မေဓာဝိနီ- အမြော်အမြင်ဆင်ခြင်ဥာဏ်နှင့် ပြည့်စုံခြင်း၊
(၃) သဿုဒေ၀ါဥာဏ်-ယောက္ခမကို အိမ်ဦးနတ်ကဲ့သို့ ဆည်းကပ်ခြင်း ၊
(၄) ပတိဗ္ဗတာ-လင်ကို ရိုသေယုယ မြတ်နိုးခြင်း ။
 
မိန်းမတို့ ဖောက်ပြန် ပျက်စီးတတ်သော အကြောင်းရင်း ၁၃-ပါး၊ တနည်း။ ။ဟိတောပဒေသ ကျမ်းမှ။
(၁) သ ပဋ္ဌာန- ကိစ္စတိုင်း၌ ကိုယ်တိုင် စိုးမိုးလုပ်ကိုင်အာဏာပိုင် ပြဋ္ဌာန်းမှု ရနေခြင်း၊
(၂) ပိတု မန္ဒိရ နိဝသန- အဘနှင့်သာ ကြာမြင့်စွာ အုပ်ထိန်းခံ၍ နေရခြင်း၊
(၃) ယာတြောဿဝအင်္ဂတိ- အထူးစီစဉ်သော ပျော်ပွဲသဘင်တို့၌ ပါဝင်ဆင်နွှဲခြင်း၊
(၄) ပုရိသ သနိဓိဂေါဋ္ဌီ- ယောက်ျားတို့နှင့် ၀ိုင်းဖွဲ့ရယ်မော တသောသော နေထိုင်ခြင်း၊
(၅) အ နိယမ၀ါသ- အိမ်တကာလျှောက်လည်၍ နေခြင်း၊
(၆) ၀ိဒေသ၀ါသ- တမြို့တရွာ တနယ် တရပ်သို့ အမြဲမတည်တယောက်တည်း လှည့်လည်နေထိုင်ခြင်း၊
(၇) သ ကုလဋ သံသဂ္ဂ- လော်လီ သော့သွမ်းသောမိန်းမရမ်းတို့နှင့် အတူ ပေါင်းသင်း နေထိုင်ခြင်း၊
(၈) နိဇာယ ၀ုတ္တိ ဗျသန- သက်မွေးဝမ်းကျောင်းကောင်းသောလုပ်ငန်း၏ မကြာခဏ ပျက်စီးဆုတ်ယုတ်ခြင်း၊
(၉) ပတိ ၀ုဒ္ဓက- လင်ယောက်ျား၏သက်ကြီးရွင်းယို အရွယ်အိုခြင်း၊
(၁၀) ဣဿိတ- လင်ဖြစ်သူက အချောင်မယား အမြှောင်ထား၍ ပျော်ပါးကာနေခြင်း၊
(၁၁) ပ၀ါသန-လင်ယောက်ျားနှင့် ကွေကွင်းကွဲကွာ ကြာမြင့်စွာ နေရခြင်း၊
(၁၂) ပါန- သေအရက်သောက်ခြင်း၊
(၁၃) သုပ္ပ- ယောက်ျားတပါးနှင့် ပျော်ပါးပေါင်းဖက်ရသည်
 
မိန်းမတို့ ပျက်စီးခြင်း အကြောင်းရင်း ၉-ပါး။ ။လောကနီတိ အဖွင့်မှ။

(၁) မိမိတယောက်တည်း လှည့်လည် သွားလာ နေထိုင်ခြင်း၊
(၂) လင်ကိုပစ်ထား မိဘနေအိမ်သွား၍ များစွာနေတတ်ခြင်း၊
(၃) လူများစွာ စည်းဝေး သော အရပ်သို့ သွားလာ ထွက်ဝင်တတ်ခြင်း၊
(၄) ပွဲလမ်းသဘင် အပျော်အရွှင် လိုက်စားတတ်ခြင်း၊
(၅) ယောက်ျား ပုဂ္ဂိုလ်တို့နှင့် ပူးကပ်ရောဝင်စွာ နေတတ်ခြင်း၊
(၆) အမြဲပြုဘွယ် အလုပ်အကိုင်မရှိ ပျင်းရိနေခြင်း၊
(၇) လင်ယောက်ျား အိုမင်း၍ ကာမမှု၌ မစွမ်းနိုင်ခြင်း၊
(၈) လင်ယောက်ျားနှင့် ၃-၄ လ ကင်း၍ နေခြင်း၊
(၉) ၀တ်စားဘွယ်ရာ ဥစ္စာချို့တဲ့ခြင်း။
 
 
 

***မွတ်စလင်နှင့် လက်ထပ်ခွင့် မပြုသောနိုင်ငံ (သို့မဟုတ်) ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသောနိုင်ငံ (သို့မဟုတ်) စင်ကာပူ**




ရုပ် ဆိုး and L-Zaw Sai shared ခင် ခင် မျိုး's photo.

‘ဒီနှစ်တန်ခူးအတာကူးပြီးလို့ နှစ်သစ်ရောက်ရင် ဒို့တိုင်းပြည်ကြီး တိုးတက်တော့ မယ်’ လို့ ဆရာတော်ကြီးတစ်ပါး မိန့်ကြားထားတာကြောင့် နှစ်သစ်ကို မျှော်လင့်ချက်အသစ်တွေနဲ့ ယုံကြည်စွာ စောင့်မျှော်နေမိပါတယ်။ နှစ်ဟောင်းကုန်ခါနီး မှာတော့ မိတ္ထီလာအရေးအခင်းက စခဲ့တဲ့ မြန်မာပြည် အလယ်ပိုင်းနဲ့ ပဲခူးတစ်ဝိုက်က အရေးအခင်းတွေကြောင့် ကမ္ဘာ့အလယ်မှာ ကဲ့ရဲ့စရာ အဖြစ်မျိုးတွေတော့ ကြုံခဲ့ရတာပေါ့ဗျာ။ ဥပဒေဘောင်အတွင်းကပဲ ဖြေရှင်းကြဖို့ ၀ိုင်းဝန်းတိုက်တွန်းကြတာကြောင့် ''တကယ်ပဲ လက်ရှိဥပဒေတွေ အတိုင်းဖြေရှင်းရင် လက်ရှိကြုံတွေ့နေရတဲ့ ကိစ္စတွေအားလုံးပြေလည် သွားမလား၊ လက်ရှိဥပဒေတွေက ကိုယ့်တိုင်းရင်းသူတွေကို တကယ်ပဲ ထိထိရောက်ရောက်ကာကွယ် နိုင်သလား၊ မွတ်တွေရဲ့ လူမျိုတိုက်စစ်ကြီးကို ကာကွယ်နိုင်ရဲ့လား'' လို့ စဉ်းစားမိပါတယ်။ တကယ်လို့ လူမျိုတိုက်စစ်ကြီးကို မကာကွယ်နိုင်ဘူးဆိုရင်တော့ လိုအပ်တဲ့ ဥပဒေအသစ်တွေကို အခြေခံ ဥပဒေတွေပြင်ဆင်ရေးဆွဲခြင်း နှင့် အတူ ပြင်သင့်တာပြင်၊ အသစ်ရေး သင့်တာကိုရေးပြီး ပြဋ္ဌာန်းကြဖို့ လိုအပ်မယ်လို့ ယုံကြည်မိပါတယ်။ ကျွန်တော် တို့လို ပဲ မွတ်စလင်တွေနဲ့ အတူနေရပါလျက်နဲ့ မွတ်တွေဝါးမျိုတာကို မခံရတဲ့ စင်ကာပူဟာ ဘယ်လိုအစီအမံတွေကြောင့်လဲ ဆိုတာကို ဆွေးနွေးချင်ပါတယ်။

တကယ်တော့ စင်ကာပူမှာ မွတ်စလင်နဲ့ အခြားဘာသာဝင်တွေကို လက်ထပ်ခွင့် ပေးမထားပါဘူး။ စင်ကာပူမှာ လက်ထပ်မော်ကွန်းရုံးကြီး ၂ ရုံးရှိပါတယ်။
(၁) လက်ထပ်မော်ကွန်းရုံး Registry of Marriages (ROM) http://app.rom.gov.sg/index.asp

(၂) မွတ်စလင် လက်ထပ်မော်ကွန်းရုံး Registry of Muslim Marriages (ROMM) http://app.romm.gov.sg/index.asp
ဆိုပြီး ရုံး ၂ ရုံး ထားရှိပါတယ်။

ပထမ ROM လက်ထပ်မော်ကွန်းရုံးက မွတ်စလင်မှ လွဲလို့ အခြားသော ဘာသာဝင်တွေအားလုံးကို လွတ်လပ်စွာ လက်ထပ်ပေးတဲ့ တရားရုံးပဲဖြစ် ပါတယ်။ ဗုဒ္ဓဘာသာ အချင်းချင်းသော်လည်းကောင်း၊ ဗုဒ္ဓဘာသာ နဲ့ ခရစ်ယာန်သော်လည်းကောင်း၊ ခရစ်ယာန်နဲ့ ဟိန္ဒူကိုသော်လည်းကောင်း ... ကျန်ဘာသာတွေအားလုံး လွတ်လွတ်လပ်လပ် လက်ထပ်ခွင့် ရှိပါတယ်။

Women’s Charter http://www.scwo.org.sg/index.php/resources အတိုင်းဆောင်ရွက်ကာ တစ်လင်တစ်မယားစနစ် ဥပဒေကို ပြဌာန်းတယ် ဆိုပါတော့ဗျာ။ အခြားဘာသာဝင်အားလုံး တစ်လင်တစ်မယားစနစ်ပဲ ကျင့်သုံးခွင့်ပေးထားပါတယ်။ ဒါပေမယ့် ဒီတရားရုံးမှာ လက်ထပ်မယ်ဆိုရင် မိမိဟာ မွတ်စလင်မဟုတ်ကြောင်း ထွက်ဆိုရပါတယ်။ မောင်နှံ နှစ်ယောက်စလုံး တစ်ယောက်မှ မွတ်ဖြစ်လို့ မရပါဘူး။ မွတ်အ၀င် မခံဘူးလို့ အလွယ်ပြောလို့ရပါတယ်။ ဒုတိယ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံး ကတော့ မွတ်စလင်အချင်းချင်းကိုပဲ လက်ထပ်ပေးပါတယ်။ အခြား ဘာသာဝင်အမျိုးသမီး ခေါ်လာလို့ မရဘူးပေါ့ဗျာ။ (ဒီလင့်မှာလည်းhttp://en.wikipedia.org/wiki/Matrimonial_law_of_Singapore လေ့လာနိုင်ပါတယ်။)

ဒါဆိုရင် .. ဆိုပါတော့ .. မွတ်တစ်ယောက်က ဗုဒ္ဓဘာသာအမျိုးသမီး တစ်ယောက်ကို လက်ထပ်ချင်ရင်ဘယ်လိုလုပ်မလဲ .. ?
အဖြေက 'လက်ထပ်ခွင့် မရှိ'တဲ့.. ။ ဒါကိုမှ လက်ထပ်ချင်ရင် နည်း ၂ နည်းတော့ ရှိပါတယ်။

(၁) မွတ်က ဗုဒ္ဓုဘာသာကိုပြောင်းပြီး ပထမ ROM လက်ထပ်မော်ကွန်းရုံးမှာ လက်ထပ်ရမယ်။ (သို့မဟုတ်)

(၂) ဗုဒ္ဓုဘာသာအမျိုးသမီးက မွတ်ဘာသာကို ၀င်ပြီး ဒုတိယ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံးမှာ လက်ထပ်ရမယ်။

.. ဟာ ... ဒါဆိုဘာထူးမှာလဲကွာ .. မွတ်က ဗုဒ္ဓုဘာသာအမျိုးသမီးကို မွတ် ဘာသာထဲ ၀င်ခိုင်းပြီး လက်ထပ်မှာပေါ့ကွာ လို့ စောဒကတက်နိုင်ပါတယ်။ .. ဒီလိုရှိပါတယ် ..။ ကျွန်တော်တို့ ဆီမှာ ကျတော့ မွတ်က မြန်မာမ တစ်ယောက် ကို ''လူကိုပဲယူပါ။ ယူပြီး မင်းလည်းမင်းဘာသာကို ကိုးကွယ်၊ ငါလည်း ငါ့ဘာသာကို ဆက်ကိုးကွယ်မယ်'' ဆိုပြီး လက်ထပ်ပါတယ်။ ယူပြီးနည်းနည်း ကြာမှ နည်းမျိုးစုံးသုံးပြီး မွတ်ဘာသာထဲ ၀င်ခိုင်းတယ်ပေါ့ဗျာ။ ဒီအချိန်မှာ နှိပ်စက်ရင် တရားရုံးမှာ တိုင်နိုင်တယ်ဆိုပေမယ့် ... ဒီအခြေအနေရောက် မှတော့ တိုင်ပါတော့မလား ...။

တိုင်လိုက်လို့ ဖမ်းပြီဆိုရင်တောင် သူ့ရဲ့ ပကတိအပျိုစင်ဘ၀ကို ပြန်ရပါဦး မလား? ဒီတော့ ဒီအခြေအနေရောက်မှတော့ မတိုင်တော့ဘူးပေါ့ဗျာ... သူတို့ဘာသာထဲပဲ ၀င်လိုက်တော့တာပေါ့။ တကယ်တော့ မွတ်စလင်အမျိုးသား တစ်ယောက်က သူ့အမျိုးသမီးက အခြားဘာသာ ဖြစ်နေရင် မွတ်ဘာသာထဲကို ရအောင်သွတ်သွင်းရပါတယ် .. မသွင်းနိုင်ရင် သူဟာတာဝန်မကျေဘူးပေါ့ဗျာ။

ဒီသဘောကို ကောင်းကောင်းနောကြေတဲ့ စင်ကာပူသားတွေက လိမ်ယူပြီး သူတို့အိမ်ရောက်မှ ဘာသာပြောင်းခိုင်းမယ့် အစား အစကတည်းက ရအောင်ပြောင်းခိုင်းနိုင်မှ ယူခွင့်ပြုပါတယ်။ … မယူခင်ဘာသာပြောင်းခိုင်းဖို့ ဆိုတာကြတော့ မွတ်အိမ်ထဲရောက်မှ ဘာသာပြောင်းခိုင်းရတာလောက် မလွယ်တော့ဘူးဗျ။ မိန်းကလေးဘက်က အလိုလိုနေရင်းစဉ်းစားစရာပို များသွားစေပါတယ်။
လူလည်းယူရမယ်? ..
ဘာသာလည်းပြောင်းရမယ်? ။
ဒီလိုဆိုတော့ မိဘတွေ၊ အသိုင်းအ၀ိုင်းတွေဘက်ကလည်း ပိုအချိန်ရသွား တာပေါ့ဗျာ။ ဒါကို အချိန်ဆွဲနိုင်ဖို့ စင်ကာပူသားတွေက ဒီနေရာမှာ တစ်ဆင့်ခံ ထားပြန်သေးသဗျ။ ဘာသာပြောင်းမယ်ဆိုရင်တောင် ချက်ချင်းပြောင်းလို့ မရဘူး။ အခြေခံ မွတ်ဘာသာသင်တန်းတွေ .. ဘာတွေတက်ခိုင်းသေးတယ် .. အဓိပ္ပါယ်က သူတို့ဘာသာကို အသေအချာမြည်းကြည့်ပြီး၊ ပြန်စဉ်းစားပြီးမှ၊ ကိုယ့်ဘာသာနဲ့ သေသေချာချာနှိုင်းယှဉ် စဉ်စားပြီးမှ ၀င်ပါဆိုတဲ့ သဘောပါ။ .. ဒီမှာတင် သတို့သမီးတစ်ချို့က ပြန်စိတ်ပြောင်းသွားတာပေါ့ဗျာ။

ဒီတော့ ဒီမှာလို သူတို့ဘာသာထဲ မ၀င်ဝင်အောင်ရိုက်နှက်ရတာတို့၊ ဘုရားပုံတော်ကို နင်းပြီး ပြောင်းခိုင်းရတာတို့ ဆိုတဲ့ ဖြစ်ရပ်မျိုးတွေ စင်ကာပူ မှာ မဖြစ်တော့ဘူးပေါ့ဗျာ။ ကိုယ့်ဘာသာကို စွန့်ခွာပြီး မွတ်ဘာသာကို ပြောင်းကာ မွတ်ကုလားနဲ့ သွားလက်ထပ်တယ်ဆိုတဲ့ စင်ကာပူ ဗုဒ္ဓုဘာသာ အမျိုးသမီး အရေအတွက်ဟာ အင်မတန်နည်းပါတယ်။ ဒီနေရာမှာတော့ ဥပဒေကြောင့် အပြင် နဂိုကတည်းက လူမျိုး၊ ဘာသာချစ်စိတ် အခြေခံကောင်း တဲ့ စင်ကာပူ တရုတ်အမျိုးသမီးတွေကိုလည်း ချီးကျူးရမှာပေါ့ဗျာ။

မွတ်တစ်ချို့ကတော့ အမျိုးသမီးကို စည်းရုံးလို့ မရတဲ့အခါမှာ သူတို့ကိုယ်သူတို့ အခြားဘာသာပါလို့ လိမ်ညာပြီး ROM လက်ထပ်ရုံးမှာ လက်ထပ်တာ ရှိပါတ ။ .. ဒါဆိုကော ဘာထူးသေးလဲကွာ .. ဆိုရင် .. မတူတဲ့ အချက်က အဲဒီအမျိုးသမီး ကို မွတ်ဘာသာထဲ ၀င်ခိုင်းလို့ မရတော့ပါဘူး။ အတင်းအကြပ် ၀င်ခိုင်းခဲ့ရင် သူ့ကိုယ်သူ အခြားဘာသာပါလို့ ရုံးတော်မှာလိမ်ငြာ ထွက်ဆို တာက တစ်မှု၊ မွတ်ဘာသာထဲကို အတင်းအကြပ်ဝင်ခိုင်းတာက တစ်မှုဆိုတော့ အမှုနှစ်မှု ဖြစ်မယ်ပေါ့ဗျာ။ ဒီအပြင် ROM လက်ထပ်ရုံးမှာ လက်ထပ်လိုက်ပြီ ဆိုတာနဲ့ နောက်တစ်ယောက်တော့ လုံးလုံးလျားလျားယူလို့ မရတော့ပါဘူး။ အမွေဆက်ခံမှုတွေက အစ မွတ်ထုံးစံကို လိုက်လို့မရတော့ပါဘူး။

ဒါဆို .. ဟုတ်ပါပြီ .. မွတ်အချင်းချင်း ၄ယောက်ယူပြီး လူနဲ့ မျိုမယ်ဆိုရင်ကော ?? … ဆိုတော့လည်း .. အလွယ်တကူ နောက်တစ်ယောက်ထပ်ယူလို့ မရအောင် ဥပဒေကို ပညာသားပါပါ ပြဋ္ဌာန်းတားမြစ်ထားပါတယ်။ ဒီနေရာမှာ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံးကို MUSLIM LAW ACT နဲ့ အုပ်ချုပ်ပါတယ်။ မွတ်တွေကို ၄ ယောက်ယူခွင့်ပေးတယ်ပေါ့ဗျာ ... ဒါပေမယ့် တကယ်ယူဖို့ မလွယ်ဘူး။ နောက်တစ်ယောက်ယူချင်တယ်ဆိုတာနဲ့ နောက် တစ်ယောက်ကို ကျွေးနိုင်လောက်အောင်ချမ်းသာကြောင်း ပိုင်ဆိုင်မှုတွေ အကုန်ပြရပါတယ်။ ဒါဟာ ဘာကို တားလိုက်တာလည်း ဆိုတော့ သာမာန် လူတန်းစားနဲ့ ဆင်းရဲသားမွတ်တွေ နောက်မိန်းမယူခွင့် မရှိဆိုတာကို သွယ်ဝိုက်သောနည်းနဲ့ တားလိုက်တာပါ။ ယူခွင့်ရှိတဲ့ မွတ်အရေအတွက် အလိုအလျောက်နည်းသွားတာပေါ့ဗျာ။

ဒါဆိုသူဋ္ဌေးမွတ်တွေ လွတ်လွတ်လပ်လပ်ယူမှာပေါ့ ဆိုပြန်တော့လည်း ... ဒီလို ‘ထစ်’ထားပြန်တယ်။ နောက်တစ်ယောက်ယူမယ်ဆိုတာနဲ့ တရားရုံးမှာ လျှောက်ရပါတယ်။ ဒီအခါမှာ တရားရုံးက ဘာလုပ်သလဲဆိုတော့.. Kadi လို့ ခေါ်တဲ့ အရာရှိက .. ပထမ မိန်းမရော၊ နောက်ယူမယ့် မိန်းမကော နှစ်ယောက်စလုံးကို သီးခြားစီခေါ်ယူတွေ့ဆုံပြီး အသေးစိတ် အင်တာဗျုးပါတယ်။

လက်ရှိမိန်းမကို အဓိကမေးတာက နောက်တစ်ယောက်ယူတာကို မင်းသဘောတူရဲ့လား? လက်ခံနိုင်ရဲ့လား?

နောက်တစ်ယောက်ရောက်လာရင် မင်းစိတ်ချမ်းသာမှာ သေချာရဲ့လား ? ခြိမ်းခြောက်ထားလို့ သဘောတူနေရတာလား?

ဆိုတာတွေကို ခရေစေ့တွင်းကျ မေးတယ်ပေါ့ဗျာ။ သူက ‘NO’ ဆိုရင်ယူခွင့် မရှိပါဘူး ... ဘယ်လိုလဲ? မွတ်မတွေ သိပ်သဘောထားကြီးမယ်ထင်သလား? ကျွန်မယောက်ျား နောက်မိန်းမတစ်ယောက်ထပ်ယူမှာကို သိပ်ပျော်တာပဲလို့ ဖြေမယ်ထင်သလား? ...

အိုစမာဘင်လာဒင်ကို ခြေရာခံမိသွားတာဟာ သူ့ရဲ့ ပထမ မယားကြီးရဲ့ သတင်းပေးချက်ကြောင့်ပါလို့ စီအိုင်အေအရာရှိတစ်ဦးက ၀န်ခံ ပြောဆိုသွား ခဲ့ပါတယ်။ အငယ်ဆုံးမိန်းမကို ဂရုစိုက်လွန်းတာကို သည်းမခံနိုင်တော့လို့ ကိုယ့်ယောက်ျားကို သတ်မယ့်သူကိုတောင် မိတ်ဖွဲ့နိုင်တာကို ကြည့်လိုက်ရင် မွတ်စလင် အမျိုးသမီးတွေ မယားကြီး၊ မယားငယ်လုပ်ရတာကို မပျော်ပိုက်ကြဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကို အသေအချာနားလည်တဲ့ စင်ကာပူသားတွေက မင်းတို့ရဲ့ ‘မယားကြီးရဲ့ သဘောတူလက်ခံမှု’ ရရင် နောက်မိန်းမတစ်ယောက်ထပ်ယူပါ ဆိုတာဟာ 'မယူနဲ့’ လို့ ပညာသားပါပါ တားထားတဲ့ ဥပဒေတစ်ရပ်ပဲ ဖြစ်ပါတယ်။

အခြားအသေးစိတ် အချက်အလက်တွေကို ဒီလင့်မှာ [http://policy.mofcom.gov.cn/english/flaw!fetch.action?id=bfd32cf9-e1e7-4378-8455-beb6d4f28c16&pager.pageNo=7#934446910-002016] ဖတ်ကြည့်နိုင်ပါတယ်။

၁၉၆၆ မှာ စတင်ပြီး တင်းကျပ်စွာရေးဆွဲကာ ကျပ်ကျပ်မတ်မတ်ဆောင် ရွက်လိုက်တာ ၁၉၇၀ နဲ့ ၁၉၇၄ အကြားမှာ လက်ထပ်ကြတဲ့ မွတ်အတွဲပေါင်း ၁၃,၁၂၃ မှာ ၃၅ ယောက်ပဲ မိန်းမတစ်ယောက်ထက်ပိုယူပါတော့တယ်။ ယနေ့အခါမှာ တော့ မိန်းမတစ်ယောက်ထက်ပိုယူတဲ့ စင်ကာပူမွတ်စလင် ဆိုတာ မရှိသလောက်တောင် ရှားသွားပြီ ဖြစ်ပါတယ်။

နောက်တစ်ခါ .. ဟုတ်ပါပြီ .. မိန်းမတစ်ယောက်ယူပြီး ကလေး တစ်ဒါဇင်လောက်မွေးနေရင်ရောလို့ စောဒကတက်နိုင်ပါသေးတယ်။ ဒါကိုလည်း သမ္မတကြီး လီကွမ်ယုက ၁၉၇၀ ခုနှစ်မှာ ‘Stop at Two’ ဆိုတဲ့ မူဝါဒကို ချမှတ်အကောင်အထည်ဖော်ခဲ့ပါတယ်။ မွတ်အပါအ၀င် မိသားစု အားလုံး ကလေး ၂ယောက်ထက်ပို မွေးခွင့်မရှိဘူးပေါ့ဗျာ။

ဒီလိုဆိုတော့ မွတ်တွေအနေနဲ့ မိန်းမကလည်း တစ်ယောက်ထက်ပို မယူရ၊ ကလေးကလည်း ၂ယောက်ထက်ပို မယူရဆိုတော့ သူတို့ ရဲ့ လူမျိုစီမံကိန်းကြီး လုံးဝရပ်ဆိုင်းသွားလေသတည်းပေါ့ဗျာ။ [ယခုအချိန်မှာတော့ စင်ကာပူဟာ ချမ်းသာနေပြီမို့ Stop at two ပေါ်လစီကို ဆက်လက် မကျင့်သုံးတော့ပါဘူး။ ကလေးပြန်မွေးခိုင်းပါပြီ။ ဒါပေမယ့် လူဦးရေအချိုးကိုတော့ သေသေချာချာ စောင့်ကြည့်နေပါတယ်။] ကျွန်တော့်တို့မြန်မာတော်တော်များများက မွတ်ဆိုရင် ကလေးယူနှုန်းတားခွင့်မရှိလို့ ပဲ သိကြတဲ့သူများပါတယ်။

တကယ်တော့ မဟုတ်ပါဘူး။ မိန်းမ ၄ ယောက်ယူသလိုပါပဲ။ တန်းတူထား ရင်ယူခွင့်ရှိတယ် လို့ပဲ ပြောထားတာပါ။ ကလေးမွေးတဲ့ကိစ္စလည်း ဒီသဘောပါပဲ ။ သူတို့ဘာသာမှာ ကလေးများများယူတာကို အားပေးတယ်ပဲ ပြောထားပါတယ်။ လုံးဝတားမြစ်ခွင့်မရှိလို့ ပိတ်ပင်ထားတာမဟုတ်ပါဘူး။ ဒါကြောင့်လည်း အခုအခါမှာ မွတ်စလင်နိုင်ငံ တော်တော်များများမှာ သားဆက်ခြား စီမံကိန်းတွေကို ဆောင်ရွက်လာနေကြပါပြီ။

ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ သားဆက်ခြား စီမံကိန်းအကြောင်း အနည်းငယ် ဝေဖန်ဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့ ဆီမှာ တစ်မိသားစု ကလေး ဘယ်နှစ်ယောက်လို့ အတိအကျသတ်မှတ် လိုက်ပြီလို့တော့ မကြားမိသေးပါဘူး။ ကျေးရွာတွေမှာ ဆရာဝန်၊ ဆရာမတွေ က ရွာသူရွာသားတွေကို သားဆက်ခြားဖို့ နားချကြပါတယ်။ မြန်မာတွေရဲ့ ထုံးစံအတိုင်း ပြောတဲ့စကားကို နားထောင်ကြတဲ့ အတွက် တားဆေးသုံးလာ ကြပါပြီ။ ဒါပေမယ့် မွတ်ရွာတွေမှာကျတော့ သူတို့ဘာသာက မတားခိုင်းဘူး ဆိုပြီး သိပ်မသုံးကြပါဘူး။

ဒီအတိုင်းဆက်သွားကြရင် တစ်ချိန်မှာ မြန်မာတွေနည်းပြီး မွတ်တွေများတဲ့ အနာဂတ်မြန်မာနိုင်ငံ ဖြစ်လာနိုင်ပါတယ်။ တစ်မိသားစု ကလေး ၄ ယောက်ဆို ၄ ယောက် .... စသဖြင့် တိတိကျကျ သတ်မှတ်ဖို့ လိုပါတယ်။ ဆရာဝန်၊ ဆရာမတွေရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အုပ်ချုပ်သူတွေနဲ့ နိုင်ငံရေး သမားများအားလုံး သေသေချာချာ လေးလေးနက်နက် စဉ်းစားချင့် ချိန်ပြီး တိကျတဲ့ မူဝါဒတွေချမှတ်ဖို့ လိုပါတယ်။ ရှေးယခင်ကာလတွေတုန်းက ‘အိမ်ထောင်၊ သားမွေး’ဆိုတာ လူမှုရေးကိစ္စသက်သက် ဖြစ်ခဲ့ပေမယ့် ယခု အခါမှာတော့ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးမက တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာနဲ့ပါ သက်ဆိုင်နေပြီဆိုတာကို သတိထားမိဖို့ လိုပါတယ်။

လက်ရှိကျွန်တော်တို့ နိုင်ငံမှာ ထွန်းကားလာတဲ့ အမျိုးသားရေးစိတ်ဓါတ်နဲ့ ပတ်သက်လို့လည်းဆွေးနွေးချင်ပါတယ်။ တကယ်တော့ ဒီအမျိုးသားရေး ၀ါဒဟာ ၁၉ ရာစုနဲ့ ၂၀ ရာစုမှာ အကြီးအကျယ်ထင်ရှားခဲ့ပါတယ်။ ဒီမျိုးချစ် စိတ်တွေပြင်းထန်ခဲ့တဲ့အတွက် ဥရောပသားတွေဟာ သူတို့လူမျိုးကောင်းစား ဖို့အတွက် ကမ္ဘာကို ကျွန်ပြုခဲ့တယ်ဆိုပါတော့။

ဟစ်တလာလို သိပ်အစွန်ရောက်သူတွေပေါ်လာတော့ ကမ္ဘာစစ်ကြီးတွေဖြစ်ပြီး ပြာကျခဲ့ကြပါတယ်။ စစ်ကြီးတွေပြီးတော့မှ ပြန်စဉ်းစားကျတော့ .. အော် မျိုးချစ်စိတ်တွေကြောင့် ငါတို့တွေ စစ်ဖြစ်ခဲ့ကြတာလို့ တွေးမိပြီး မျိုးချစ်စိတ်တွေ ကို အပြစ်မြင်ကာ ပြန်လျှော့ချကြတယ်ပေါ့ဗျာ။ ဒီနေရာမှာ ကျွန်တော်တို့ မြန်မာတွေ သံယောင်မလိုက်မိဖို့ လိုပါတယ်။ ကျွန်တော်တို့ နဲ့ သူတို့နဲ့က သမိုင်းကြောင်းချင်း မတူပါဘူး။

မြန်မာပြည်ဟာ သီပေါမင်းလက်ထက်မှာ ပါတော်မူတယ်ဆိုပေမယ့် အဓိကတာဝန်ရှိတာ မင်းတုန်းမင်းပါ။ သူလက်ထက်မှာ ပြင်ဆင်ဖို့ အချိန်ရပေ မယ့် တရားဝင်မိဖုရား ၆၀ အပြင် မောင်းမမိဿံ၊ မိဖုရားငယ်အပါအ၀င် မိန်းမ ၁၀၀ ကျော်နဲ့ အပျော်ကျုးနေတော့ တိုင်းပြည်အတွက် ပြင်ဆင်ဖို့ သတိမရနိုင် ဘူးပေါ့ဗျာ။ မင်းတုန်းမင်းသာ ကနောင်မင်းသားကြီး တစ်ဝက်လောက် တိုင်းပြည် အတွက် စိတ်ဝင်စားခဲ့ရင်၊ အမျိုးသားရေး ပေါ့ပေါ့မတွေးခဲ့ရင် သီပေါလို အရည်အချင်းမရှိသူ ဘုရင်တက်ဖြစ်ပြီး ပါတော်မမူနိုင်ဘူးပေါ့ဗျာ။

လက်နက်ချင်းကွာလို့သက်သက် ရှုံးတာမဟုတ်ပါဘူး။ [သီပေါမင်းသား ၁၆ နှစ်မှာ မင်းဖြစ်သလို အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ချူလာလောင်ကောင် မင်းသားဟာ အသက် ၁၄နှစ် နဲ့ သီပေါဘုရင်နဲ့ မရှေးမနှောင်းမှာ ဘုရင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တိုင်းပြည်ကို အပြည့်အ၀စိတ်ဝင်စားပြီး အသေအချာ ဥာဏ်ကစားနိုင်ခဲ့တော့ ပြင်သစ်လက်ကလွတ်သလို အဂ๎လိပ်လက်ကလည်း လွတ်ခဲ့ပါတယ်။] ဒီတော့ ဥရောပသားတို့က မျိုးချစ်စိတ်ပြင်ထန်ခဲ့လို့ နယ်ချဲ့တွေဖြစ်ခဲ့ချိန်မှာ ကျွန်တော်တို့က အမျိုးသားရေးပေါ့ပေါ့တွေးခဲ့ကြလို့ သူ့ကျွန်ဖြစ်ခဲ့ကြပါတယ်။ ဗိုလ်မင်းရောင်တို့၊ ၀န်းသိုစော်ဘွားကြီးတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးဆောင်ခဲ့တဲ့ ကျွန်တော်တို့ ဘိုးဘွားတွေသာ ‘မဟာလူသားဆန်ဝါဒ’ ကျင့်သုံးပြီး British လည်းလူပဲ၊ မြန်မာလည်းလူပဲ .. လူ လူချင်းအုပ်ချုပ်တာ အရေးမကြီးဘူးလို့ တွေးခဲ့ကြရင် ကျွန်တော်တို့ အခုထိတောင် လွတ်လပ်ရေး ရဦးမှာ မဟုတ်သေးပါဘူး။

ဒါကြောင့် ဥရောပသားတွေအတွက် မျိုးချစ်စိတ်ဟာ အဆိပ်ဖြစ်ခဲ့တယ် ဆိုရင်တောင် ကျွန်တော်တို့အတွက် ကတော့ ဆေးလို့ပဲ ယုံကြည်ပါတယ်။ တကယ်တော့ သူတို့တတွေက မျိုးချစ်စိတ်များလွန်းနေတာ ဖြစ်ပြီး၊ ကျွန်တော်တို့တတွေက နည်းလွန်းနေတာပါ။ ဒီနေရာမှာ ဆရာတော်များက အမျိုးသားရေးစိတ်ဓါတ်များ မွေးကြဖို့၊ ကိုယ့်လူမျိုး၊ ဘာသာဝင်အချင်းချင်းချစ်ကြဖို့ ဆုံးမတာကို ခါးခါးသီးသီး ဖြစ်ကြတဲ့ မြန်မာတွေကို တွေ့လို့ အံ့အားသင့်မိပါတယ်။

ဆန့်ကျင်ပြောဆိုသူတွေကိုချည်းပဲ အံ့သြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာတွေရဲ့ နားမှာ မျိုးချစ်စိတ်ဆိုတာကို အင်မတန်စိမ်းနေကြတာကို တွေ့မိလို့ပါ။ (အစွန်းရောက် မျက်ကန်းမျိုးချစ်မျိုးကို အားမပေးသလို ကောက်ရိုးမီး မျိုးချစ်စိတ်မျိုးကိုလည်း အားမပေးပါ။) မျိုးချစ်စိတ်ဆိုတာ ကျွန်တော်တို့ တစ်နိုင်ငံတည်းများ ကွက်ပြီး ပျောက်ဆုံးနေသလားလို့တောင် စဉ်းစားမိပါတယ်။ တကယ်တော့ ဘာသာခြား၊ လူမျိုးခြား တော်တော်များများ ဟာ ကလေးဘ၀ကတည်းက ကိုယ့်လူမျိုးကို ချစ်ကြဖို့၊ စည်းလုံးကြဖို့ သွန်သင်ခံခဲ့ကြရပါတယ်။ သူတို့လူမျိုးသူတို့ ချစ်ရမယ်ဆိုတာကို ဘယ်သူကမှ ကြီးလာမှ တစ်ကူးတစ်က ထပ်ပြီးသင်နေစရာ မလိုအောင်ကို သိကြပါတယ်။ စင်ကာပူမှာလည်း ဒီအတိုင်းပါပဲ။ စင်ကာပူ တရုတ်အမျိုးသမီးတွေဟာ သူတို့ နဲ့လူမျိုးတူ၊ ဘာသာတူတွေကို ပဲ ယူကြတာများပါတယ်။

သေသေချာချာပြန်စဉ်းစားကြည့်ရင် စင်ကာပူဆိုတာ မြို့သေးသေးလေးပါဗျာ။ မလေးရှားနဲ့ အင်ဒိုနီးရှားလို မွတ်စလင်နိုင်ငံကြီး ၂ နိုင်ငံရဲ့ အလယ်နားမှာ နေရတဲ့ မြို့လေးတစ်မြို့ပါ။ ‘မွတ်စလင်ပတ်လည် ၀န်းရံနေသောမြို့ကို စင်ကာပူဟုခေါ်သည်’ လို့တောင် ပြောလို့ ရပါတယ်။ တကယ်လို့များ ...
- စင်ကာပူသားတွေသာ သူတို့ခြံစည်းရိုးကို အသေအချာမကာရံခဲ့ကြရင် ...
- စင်ကာပူအစိုးရကသာ မွတ်တွေရဲ့ မျိုးပွားနှုန်းထိမ်းချုပ်တဲ့ ဥပဒေတွေကို ပညာသားပါပါ မပြဋ္ဌာန်းထားခဲ့ရင် …

- စင်ကာပူတရုတ်အမျိုးသမီးတွေသာ လင်ယူပက်စက်ခဲ့ကြရင် …
....... ''Islamic Republic of Singapore'' ဆိုတဲ့ နိုင်ငံသစ်တစ်နိုင်ငံဟာ ဒီကမ္ဘာမြေမှာ ပေါ်ထွန်းလာခဲ့တာ အတော်လေးတောင်ကြာနေလောက်ပါပြီ။ စင်ကာပူမှာ လက်ရှိမွတ်စလင် ၁၅ % ရှိပါတယ်။ ၁၉၆၅ မှာ လွတ်လပ်ရေး ရခဲ့တဲ့ စင်ကာပူဟာ လွတ်လပ်ရေးရခါစတုန်းကလည်း မွတ်စလင် ၁၅% ၊ အခုလည်း ၁၅% ပါ။ မွတ်ရာခိုင်နှုန်းတွေလုံးဝ တိုးမလာပါဘူး။

စင်ကာပူသားတွေဟာ အခုလိုကမ္ဘာကတောင် လေးစားရအောင် ချမ်းသာ ကြီးပွား တိုးတက်အောင် ဆောင်ရွက်နိုင်ရုံမက မွတ်စလင်တွေရဲ့ လူမျိုတိုက်စစ်အောက်မှာ ၀ါးမျိုမှုကို မခံခဲ့ကြရဘူးဆိုတာဟာ အစိုးရနဲ့ ပြည်သူ လက်တွဲညီညီ ဆောင်ရွက်နိုင်ခဲ့လို့ပါ။ အစိုးရက လိုအပ်တဲ့ ဥပဒေပြဋ္ဌာန်း ကာကွယ်နေချိန်မှာ ပြည်သူတွေကလည်း ကိုယ့်လူမျိုးတူ၊ ဘာသာတူချင်း အားပေးခဲ့ကြ၊ လက်ထပ်ခဲ့ကြပါတယ်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံမှာလည်း လူမျိုး၊ ဘာသာ၊ သာသနာ မကွယ်ပျောက်ရလေအောင် ပြည်သူပြည်သားတွေဘက်ကလည်း အမျိုးသားရေးစိတ်ဓါတ်တွေ ပြန်လည်နိုးကြားကြဖို့ လိုသလို အစိုးရအနေ နဲ့လည်း ကိုယ့်လူမျိုး၊ ဘာသာ၊ သာသနာကို ရေရှည်တည်တံ့အောင် ထိမ်းသိမ်းကာကွယ်ပေးနိုင်မယ့် လက်တွေ့ကျတဲ့ ဥပဒေအသစ်တွေ ပြဌာန်းပေးနိုင်ပါစေလို့ နှစ်သစ်ဦးမှာ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်

လူမျိုး၊ ဘာသာ၊ သာသနာ အဓွန့်ရှည်တည်တံ့ပါစေလို့ ဆန္ဒပြုလျက် -
 

--

Friday, June 21, 2013

ရန်ကုန် မြစ်ဖြတ် ချစ်ကြည်ရေးတံတား တောင်ကိုရီးယား လက်ဆောင်ပေးမည်





တောင်ကိုရီး ယားအစိုးရက မြန်မာ-တောင် ကိုရီးယားချစ်ကြည်ရေးတံတား တစ်စင်းကို ရန်ကုန်မြစ်ဖြတ်တည် ဆောက်ပေးရန် သဘောတူလိုက် ပြီဖြစ်သည်။ ထိုချစ်ကြည်ရေးတံတားက တောင်ကိုရီးယား၏ ပုံရိပ်အား မြန်မာပြည်သူများအတွင်း မြှင့် တင်ပေးနိုင်လိမ့်မည်ဟု တောင် ကိုရီးယား အစိုးရက ယုံကြည်နေ ကြောင်း ယွန်ဟပ်သတင်းကရေး သားလိုက်သည်။

... မြန်မာနိုင်ငံ နေပြည်တော် သို့ရောက်ရှိ နေသည့် တောင်ကို ရီးယားဘဏ္ဍာရေးဝန်ကြီးဦး ဆောင်သည့်အဖွဲ့နှင့် မြန်မာအစိုးရ သက်ဆိုင်ရာ ဝန်ကြီးဌာနတို့ ဆွေးနွေး အပြီး အဆိုပါသဘောတူညီ ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ တံတားတစ်ဖက်ခြမ်းတွင် တောင်ကိုရီးယားက စက်မှုဇုန် တစ်ခုကို အကောင်အထည်ဖော် ပြီး ကိုရီးယား ကုမ္ပဏီများ ထိုစက် မှုဇုန်တွင် လာရောက်ရင်းနှီးမြှုပ် နှံမှုပြုနိုင်ရန်လည်း တောင်ကိုရီး ယားက မြန်မာအစိုးရအားဆက် လက်တိုက်တွန်းမည်ဟုဆိုသည်။ ထို့ပြင် တောင်ကိုရီးယား က ယင်း၏စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးတွင် အောင်မြင်ခဲ့သော Saemaul(ကျေးရွာသစ်များ)လှုပ် ရှားမှုအတွေ့အကြုံများကို မြန်မာ နိုင်ငံ အား မျှဝေပေးရန် မြန်မာ အစိုးရနှင့် သဘောတူညီမှုရရှိ လိုက်သည်။

မြန်မာ နိုင်ငံသို့ ရောက်ရှိ နေသော တောင်ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Hyun Ohseok နှင့် မြန်မာနိုင်ငံ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီး ဦးဝင်းရှိန်တို့သည် ယနေ့ တွင် နေပြည်တော်၌ တွေ့ဆုံဆွေး နွေးကြပြီးနောက် ယင်းကဲ့သို့ သ ဘောတူလိုက်ကြခြင်းဖြစ်ကြောင်း တောင်ကိုရီးယား သတင်း ဌာန ယွန် နပ်က ရေးသားသည်။

နှစ်နိုင်ငံ ဝန်ကြီးဌာနအဖွဲ့ များ တွေ့ဆုံဆွေးနွေးကြပြီးနောက် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ အ ခြေခံအဆောက်အအုံ၊ စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးကဏ္ဍ၊ ဆေးဝါး နှင့် အသံလွှင့်လုပ်ငန်းများ အထိ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်ကြရန်လည်း သဘော တူခဲ့ကြသည်ဟု သိရသည်။ ''မြန်မာနိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်မှုကအစ တရုတ်နိုင်ငံလိုပဲ တိုးတက်ပြီး နိုင်ငံတွေရဲ့ပြိုင်ကွင်း တစ်ကွင်းအဖြစ် ပေါ်ထွန်းလာခဲ့ ပြီဖြစ်တယ်'' ဟု တောင်ကိုရီးယား ဝန်ကြီး က ပြောသည်။

''ပထမဆုံး သော ပူးတွဲကော် မတီအစည်းအဝေးကို အခွင့်ကောင်း ယူပြီး မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးအ စောပိုင်းအဆင့်အတွက် ကျွန် တော်တို့ လက်ဦး မှု ရယူ ဖို့ကြိုးစား နေပါတယ်။ ကျွန်တော်တို့က ကိုးရီ ယားဟန် ဖွံ့ဖြိုးတိုးတက်မှုပုံစံကို မြန်မာတွေကျင့်သုံးစေဖို့ တတ်နိုင် သလောက် ကြိုး စားမယ်''ဟု ဝန် ကြီး ကဆက်လက် ပြောဆိုသည်။ ၁၉၇၀ ကျော်နှစ်များက တောင်ကိုရီးယား၏ အဆိုပါလှုပ် ရှားမှုကြီးသည် ကျေးလက်ဖွံ့ဖြိုးမှု ကိုအခြေခံခဲ့ပြီး ယင်းက ဆင်းရဲ မွဲတေ မှုကို ကျော် လွှား နိုင်ခဲ့သည် ဟုသိရသည်။

ဒလမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ''မနေ့တုန်း က ကိုရီးယားဘက်က ဘဏ်ဥက္ကဋ္ဌ တစ်ဦးနဲ့ ရှစ်ဦးပါတဲ့အဖွဲ့လာပြီး တော့ ကြည့်သွားတယ်။ ဒလမြို့ နယ် ကမ်းနားလမ်း တစ်လျှောက် ကြည့်သွားတယ်။ နာရီစင်လမ်းအတိုင်း ဓနုတ်ဘုရားကြီး ဘက်က လယ်ကွင်းတွေကိုလဲ ကြည့်သွားတယ်။ အဲဒီ လယ်ကွင်း တွေက စက်မှု ဇုန်ဖော်ထုတ်လို့ ရနိုင်တယ်ဆိုပြီး တော့လဲ ပြောသွားတယ်။ တံတား ထိုးမယ့်နေရာက ဘုန်းကြီးလမ်း ဆိပ်ကမ်း ဘက်က နေပြီး တော့ ဖြစ် ဖို့များ တယ်''ဟု အတည်ပြုပြော သည်။

ယင်းကဆက်လက်ပြီး ''ဒီစီမံကိန်းကြောင့် လာမယ့်နှစ်နှစ် လောက်အတွင်းမှာ ဒလမြို့နယ်က လက်ရှိအခြေအနေကနေ ပြောင်း ပြန်အနေအထားမျိုး တိုးတက် ဖွံ့ ဖြိုးသွား ဖို့ရှိတယ်။ ဒလမြို့နယ်မှာ ရှိတဲ့ လူ ၅ဝဝဝဝ လောက်က ရန်ကုန် ဘက်ကို နေ့စဉ်သင်္ဘောတွေနဲ့ ကူး ပြီးအလုပ်သွားလုပ်နေရတာလဲ အဆင် ပြေသွား မယ်။ ဒီဘက် မှာ စက်မှုဇုန်တွေ ပေါ်လာမှာဖြစ်တဲ့ အတွက် ကိုယ့်မြို့နယ်မှာ ကိုယ့် အ လုပ်အကိုင်နဲ့ကိုယ်ဖြစ်သွားမယ်''ဟု ပြောသည်။
ညီလတ်
 
Copy from - Yangon Media Group

ဒီလိုဆိုရင်တော့ အိုင်သမားတေဒုတ်ခပဲ

ဒီလိုဆိုရင်တော့ အိုင်သမားတေဒုတ်ခပဲ

iOS များကို Jailbreak လုပ်နိုင်ရန် အစဉ်တစ်စိုက် အမြဲကြိုးပမ်းနေကြသော iOS hackers အကျော်အမော်ကြီးများထဲမှ တစ်ဦးဖြစ်သူ၊ Greenpois0n နှင့် မကြာသေးမီကမှ ဖွဲ့ စည်းထားသော Evasi0n တို့ ၏ အဖွဲ့ သား တစ်ဦးဖြစ်သော "pod2g" က iOS 7 ဟာ သိပ်ကို စိတ်ပျက်စရာကောင်းလွန်းလို့  Android လမ်းကြောင်းပေါ် ပြောင်းချင်စိတ် ဖြစ်နေပြီလို့  သူ့ ရဲ့  Twitter မှာ ရင်ဖွင့်လိုက်ပါတယ်...

သူ့ ရဲ့  ရင်ဖွင့်သံကတော့...

iOS 7 Beta 1 ကို ရက်အနည်းငယ်လောက် စမ်းသပ်လိုက်ပြီးတဲ့နောက်မှာ ကျွန်တော် Android လိုင်းကို ပြောင်းချင်စိတ် ဖြစ်လာတယ် ဆိုတာ ဝန်ခံရမှာပဲ...

Apple ရဲ့  လုပ်ဆောင်မှု သက်တမ်းတစ်လျှောက်လုံးမှာ ဒီ iOS က အဆိုးရွားဆုံးပါပဲ..

iOS 7 ရဲ့  ဒီဇိုင်းက ညံ့တယ်၊ သုံးရတာ လေးတယ်၊ အဆိုးဆုံးက ဘက်ထရီ အတော် စားတယ်။
UI (User Interface) မှာလဲ Bugs တွေ အပြည့်နဲ့  Crash လဲဖြစ်တယ်။

ရှိပါစေတော့လေ ဒါက Beta 1 version ဆိုတော့...

ဒါပေမယ့် iOS 7 ရဲ့  Features တွေကို ကြည့်ပြီးတော့ ကျွန်တော် တော်တော် စိတ်ပျက်မိတယ်၊ ကလေးပန်းချီလို ဆေးရောင် လှလှခြယ်ထားတာက လွဲရင် ဘာမှလည်း ထွေထွေထူးထူး ပြောင်းလဲမှု အသစ်မရှိဘူး။

ဒါနဲ့ တောင် သူတို့ ရဲ့  software ကို "Amazing" တဲ့ Apple က လူတွေကို သိမ်းသွင်းတဲ့နေရာမှာတော့ "စံပဲ"...

............

ဒါတွေက "pod2g" သူ့ ရဲ့  Twitter မှာ ပြောသွားတာတွေကို ဆီလျှော်အောင် ရေးသားထားတာပါ။ ဘာပဲဖြစ်ဖြစ် "pod2g" လို Hacker တစ်ယောက် တစ်ကယ် စိတ်ပြောင်းသွားရင်တော့ Jailbreak အသိုင်းဝိုင်း အတွက် အများကြီး နစ်နာစရာ ရှိပါတယ်။

Apple က နောက်ထပ် ထုတ်ပေးမယ့် iOS 7 အပေါ်မှာ ကျေနပ်မှုရပြီး ပြောင်းရွှေ့  မသွားပါစေနဲ့  လို့ ပဲ ဆုတောင်းရတော့မှာပေါ့....

969 အကြမ်းမဖက်ပါ

Yezar Ni and Kyaw Ko Kyaw shared We Love True's photo.
တိုင်းမ် မဂ္ဂဇင်းမှာ မိမိတို့ ကိုးကွယ်တဲ့ သံဃာတော်ကို ...မျက်နှာဖုံးပြည့် အကြမ်းဖက်သမားလို့ စွပ်စွဲဖော်ပြခံလိုက်ရတဲ့အတွက် မြန်မာလူမျိုး ဗုဒဘာသာဝင်တစ်ယောက်အနေနဲ့
ဝမ်းနည်းစွာ ယူကျုံးမရ ခံစားရတဲ့အကြောင်း အရင်ပြောချင်ပါတယ်

လောကမှာ အမှန်ရယ် အမှားရယ်က ဒွန်တွဲနေပါတယ်..
ဘယ်သူမှန်တယ် မှားတယ်ဆိုတာကို ဆုံးဖြတ်ဖို့ အတွက် ...
လူတွေက ဥပဒေဆိုတာကြီး သတ်မှတ်ပြီး ... တရာရုံးတွေ တရားသူကြီး ဆိုတာတွေကို
ဖန်တီးခဲ့ကြတယ်....

ကျွန်တော်တို့ တိုင်းပြည်မှာ တရားဥပဒေရှိပါတယ်..
တရားရုံးတွေလဲ ရှိပါတယ်..
တရားသူကြီးတွေလဲ ရှိပါတယ်..

မြန်မာလူမျိုး တစ်ဦးတစ်ယောက် ဒါမှ မဟုတ် ... ဗုဒဘာသာ သံဃာတစ်ပါးရဲ့ လုပ်ရပ်တွေ
မှားတယ် မှန်တယ် ဆိုတာကို ... ဆုံးဖြတ်ပိုင်ခွင့်က ..
နိုင်ငံတော်တည်ဆဲ ဥပဒေတွေနဲ့ပဲ ဆုံးဖြတ်နိုင်ခွင့်ရှိပါတယ်..

ဘယ်နိုင်ငံ ဘယ်မဂ္ဂဇင်းကမှ .. ၀င်ရောက် စွတ်ဖက်ပြီး ..
အကြမ်းဖက်သမားလို့ သုံးနှုန်းဖော်ပြပိုင်ခွင့် ... ဘာသာရေးအဓိကရုဏ်းတွေရဲ့ တရားခံအဖြစ်
ဆုံးဖြတ်ခွင့် မရှိပါဘူး ..

ဒါဟာ မှားယွင်းသောလုပ်ဆောင်မှု ..လူ့အခွင့်အရေးဖောက်ဖျက်မှု
တစ်ပါးသော တိုင်းရေးပြည်ရေးမှာ ၀င်ရောက် စွတ်ဖက်မှု ..
မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုး ..ဗုဒဘာသာ ..သံဃာတော်တွေကို ..
မျက်နှာပြောင်တိုက်ပြီး စော်ကားတဲ့ အပြုအမူပဲ ဖြစ်ပါတယ်

ဒီကိတ်စကို လုံးဝ မကျေနပ်ပါဘူး ..
မီဒီယာသည် မည်သူ့ကို မဆို .... ကိုယ်လိုရာဆွဲပြီး စော်ကားပိုင်ခွင့်အတွက်
ချွင်းချက်ရထားသော အဖွဲ့အစည်းတစ်ခု မဟုတ်ပါ..

ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ..ဓါတ်ပုံကို ယူငင် သုံးစွဲမှု
ကိုယ်လိုရာ စွဲချက်နဲ့ .. ခေါင်းစည်းတပ်ပြီး အသရေ ဖျက်မှု
တိုင်းပြည်တစ်ခု နဲ့ ဘာသာကြီးတစ်ခုကိုပါ ...တစ်ဖက်သက် အမြင်တွေနဲ့
စော်ကားမှုတွေအတွက် .....

Time မဂ္ဂဇင်းရဲ့ လုပ်ရပ်ကို အကြီးအကျယ် ကန့်ကွက် ရှုံ့ချပါတယ်..

ဒီလို စော်ကားခံခဲ့ရခြင်းအတွက် ... အာဏာပိုင်အဖွဲ့အစည်း
အစိုးရတာဝန်ရှိသူတွေမှလဲ Time မဂ္ဂဇင်းကို သတိပေး ကန့်ကွက်စေချင်ပါတယ်..

လူနေခြုံကြား စိတ်နေ ဘုံကြား ...
တိုင်းပြည်က ဘယ်လောက် အောက်တန်းကျခဲ့ ကျခဲ့ ...
မြန်မာလူမျိုးနဲ့ မြန်မာလူမျိုးတွေ အလေးထားကိုးကွယ်တဲ့ ဗုဒဘာသာကိုတော့
ဒီလို အသားလွတ် အစော်ကားမခံနိုင်ပါဘူး..

မိုးကောင်းတုန်းတော့ ရွာထားကြပါ...မင်းတို့ ဒီလိုဖော်ပြမှုအတွက်
ခွေးတွေက လေလည်သံလေးနဲ့ ၀မ်းသာကြပေမယ့်
ငါတို့စိတ်ထဲမှာတော့ .. ဒီတစ်သက် မကျေဘူး မှတ်ပါကွာ..


ဆရာ ကြယ်

ပုဂံအာနန္ဒာဘုရား ဆင်းတုတော်ရှေ့ ကြမ်းပြင်ဖောင်းကြွ လာခြင်းကို ရှေးဟောင်း သုတေသနမှ စောင့်ကြည့် လေ့လာခဲ့

AddThis Social Bookmark Button
6.20.18
ပုဂံ ရှေးဟောင်းနယ်မြေရှိ အာနန္ဒာဘုရား ဆင်းတုတော်ရှေ့ရှိ ကြမ်းခင်းကြွေပြား ဖောင်းကြွလာသည်ကို တွေ့ရစဉ်
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရား (အေဒီ၁၁ရာစု) အတွင်း လိုဏ်ပတ်လမ်း၊ အရှေ့ဘက် ဆင်းတုတော်ရှေ့ ကြွေပြားခင်းကြမ်းပြင် နေရာတချို့သည် သာမန် အနေအထားထက် ဖောင်းကြွလာသည့် အနေအထား ဖြစ်လာရာ ရှေးဟောင်း သုတေသနဌာနမှ စောင့်ကြည့်လေ့လာခဲ့ပြီး ဇွန် ၁၈ ရက် မွန်းလွဲပိုင်းတွင် ကြမ်းပြင်အား ဖယ်ခွာကြည့်ခဲ့ကြောင်း သတင်းရရှိသည်။
ဆင်းတုတော်ရှေ့ ကြမ်းပြင်အား ကြွေပြားများ ခင်းကျင်းခဲ့သည်မှာ မြန်မာသက္ကရာဇ် ၁၂၉၀ ခုနှစ် ၀န်းကျင်က ဖြစ်ကြောင်း၊ ဘုရားတွင်း အလှူမှတ်တမ်း တစ်ခုအရ ခန့်မှန်းရပြီး၊ အဆိုပါ ဆင်းတုတော်ရှေ့ ကြွေပြားများ နေရာတချို့ တစ်လက်မခန့် မျက်နှာပြင်ထက် ဖောင်းကြွ တက်နေသည်ကို ဇွန် ၁၅ ရက် နံနက်ပိုင်းက ဘုရားဝန်ထမ်း တစ်ဦးက စတင်ပြီး သတိထားမိခဲ့ကြောင်း၊ ထို့နောက် ပုဂံရှေးဟောင်း သုတေသနဌာနအား သတင်းပို့ခဲ့ရာ သုတေသန ဌာနမှ သုံးရက်ကြာ စောင့်ကြည့်ပြီးနောက် ကြမ်းပြင်အား ဖယ်ထုတ် လေ့လာခဲ့ကြောင်း သိရသည်။
''ကြွေပြားအောက်က ခင်းထားတဲ့ထုက ခြောက်လက်မလောက် ရှိတယ်။ အဲ့ဒီအောက်က အုတ်တွေရှိတယ်။ ခင်းတာ နှစ်ငါးဆယ် ခြောက်ဆယ် ရှိပြီဆိုတော့ မွကုန်တာ တွေ့ရတယ်။ ပြီးတော့ အဲ့ဒီတုန်းက မဖောက်ထုံးလို ပါခဲ့တဲ့အခါမှာ ခုမှတစ်နည်းနည်းနဲ့ ဖောက်သလို ဖြစ်သွားပြီး မွသွား ပွသွားပြီး ဗိုက်ဖောင်းသလို ဖြစ်သွားတဲ့အတွက် ခုလိုဖြစ်သွားတယ်လို့ ယူဆပါတယ်' ဟု လေ့လာကြည့်ရှုခဲ့သူ ရှေးဟောင်းဌာနမှ အရာရှိ တစ်ဦးက ပြောကြားသည်။
ဂေါပက အဖွဲ့မှ အဆိုပါ ကြမ်းပြင်အား အလေးဂရုပြု ပြန်လည်ပြုပြင်သွားမည် ဖြစ်ကြောင်း သိရသည်။ အာနန္ဒာဘုရားသည် ပုဂံခေတ်လက်ရာများတွင် အနုပညာလက်ရာ အမြောက်ဆုံး ဘုရားတစ်ဆူဖြစ်ပြီး ပြည်တွင်းပြည်ပ ဘုရားဖူး လေ့လာသူများနှင့် စည်ကားသည့် ဘုရားတစ်ဆူ ဖြစ်သည်။ အိန္ဒိယ နိုင်ငံမှ ပညာရှင်များနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေသည့် ဘုရားတစ်ဆူဖြစ်ကြောင်း သတင်းရရှိသည်။http://www.news-eleven.com/local/mandalay-news-and-local/20283

ပုဂံအာနန္ဒာဘုရား ဆင်းတုတော်ရှေ့ ကြမ်းပြင်ဖောင်းကြွ လာခြင်းကို ရှေးဟောင်း သုတေသနမှ စောင့်ကြည့် လေ့လာခဲ့

AddThis Social Bookmark Button
6.20.18
ပုဂံ ရှေးဟောင်းနယ်မြေရှိ အာနန္ဒာဘုရား ဆင်းတုတော်ရှေ့ရှိ ကြမ်းခင်းကြွေပြား ဖောင်းကြွလာသည်ကို တွေ့ရစဉ်
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရား (အေဒီ၁၁ရာစု) အတွင်း လိုဏ်ပတ်လမ်း၊ အရှေ့ဘက် ဆင်းတုတော်ရှေ့ ကြွေပြားခင်းကြမ်းပြင် နေရာတချို့သည် သာမန် အနေအထားထက် ဖောင်းကြွလာသည့် အနေအထား ဖြစ်လာရာ ရှေးဟောင်း သုတေသနဌာနမှ စောင့်ကြည့်လေ့လာခဲ့ပြီး ဇွန် ၁၈ ရက် မွန်းလွဲပိုင်းတွင် ကြမ်းပြင်အား ဖယ်ခွာကြည့်ခဲ့ကြောင်း သတင်းရရှိသည်။
ဆင်းတုတော်ရှေ့ ကြမ်းပြင်အား ကြွေပြားများ ခင်းကျင်းခဲ့သည်မှာ မြန်မာသက္ကရာဇ် ၁၂၉၀ ခုနှစ် ၀န်းကျင်က ဖြစ်ကြောင်း၊ ဘုရားတွင်း အလှူမှတ်တမ်း တစ်ခုအရ ခန့်မှန်းရပြီး၊ အဆိုပါ ဆင်းတုတော်ရှေ့ ကြွေပြားများ နေရာတချို့ တစ်လက်မခန့် မျက်နှာပြင်ထက် ဖောင်းကြွ တက်နေသည်ကို ဇွန် ၁၅ ရက် နံနက်ပိုင်းက ဘုရားဝန်ထမ်း တစ်ဦးက စတင်ပြီး သတိထားမိခဲ့ကြောင်း၊ ထို့နောက် ပုဂံရှေးဟောင်း သုတေသနဌာနအား သတင်းပို့ခဲ့ရာ သုတေသန ဌာနမှ သုံးရက်ကြာ စောင့်ကြည့်ပြီးနောက် ကြမ်းပြင်အား ဖယ်ထုတ် လေ့လာခဲ့ကြောင်း သိရသည်။
''ကြွေပြားအောက်က ခင်းထားတဲ့ထုက ခြောက်လက်မလောက် ရှိတယ်။ အဲ့ဒီအောက်က အုတ်တွေရှိတယ်။ ခင်းတာ နှစ်ငါးဆယ် ခြောက်ဆယ် ရှိပြီဆိုတော့ မွကုန်တာ တွေ့ရတယ်။ ပြီးတော့ အဲ့ဒီတုန်းက မဖောက်ထုံးလို ပါခဲ့တဲ့အခါမှာ ခုမှတစ်နည်းနည်းနဲ့ ဖောက်သလို ဖြစ်သွားပြီး မွသွား ပွသွားပြီး ဗိုက်ဖောင်းသလို ဖြစ်သွားတဲ့အတွက် ခုလိုဖြစ်သွားတယ်လို့ ယူဆပါတယ်' ဟု လေ့လာကြည့်ရှုခဲ့သူ ရှေးဟောင်းဌာနမှ အရာရှိ တစ်ဦးက ပြောကြားသည်။
ဂေါပက အဖွဲ့မှ အဆိုပါ ကြမ်းပြင်အား အလေးဂရုပြု ပြန်လည်ပြုပြင်သွားမည် ဖြစ်ကြောင်း သိရသည်။ အာနန္ဒာဘုရားသည် ပုဂံခေတ်လက်ရာများတွင် အနုပညာလက်ရာ အမြောက်ဆုံး ဘုရားတစ်ဆူဖြစ်ပြီး ပြည်တွင်းပြည်ပ ဘုရားဖူး လေ့လာသူများနှင့် စည်ကားသည့် ဘုရားတစ်ဆူ ဖြစ်သည်။ အိန္ဒိယ နိုင်ငံမှ ပညာရှင်များနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေသည့် ဘုရားတစ်ဆူဖြစ်ကြောင်း သတင်းရရှိသည်။http://www.news-eleven.com/local/mandalay-news-and-local/20283

သရုပ်ဆောင်မေဇွန်အား အလုပ်နှင့်ထောင်ဒဏ် ၉ နှစ် ၄ လချမှတ်


************************************
အိမ်အကူမလေး သေဆုံးမှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခြင်း ခံထားရသည့် သရုပ်ဆောင် မေဇွန်အား ဇွန် ၂၀ ရက်က အပြီးသတ် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

သရုပ်ဆောင် မေဇွန်အား အနောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး (၃) မှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၂)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၉ နှစ်၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ်သုံးလနှင့် ပုဒ်မ ၃၂၃ အရ ထောင်ဒဏ် ၁ လ တို့ကို သီးခြားကျခံစေရန်နှင့် ချုပ်ရက်ကို ထုတ်နုတ်ခံစားစေပြီး အယူခံဝင်ခွင့် ရှိကြောင်း ဇွန် ၂၀ ရက် မွန်းလွဲပိုင်းက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

မေဇွန်မှာ MRTV-4 ၏ Flower & Butterfly ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက် ဗဟိုလမ်းတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၀ ရက် ညက အိမ်ဖော်မလေးသေဆုံးမှုနှင့် ပတ်သက်ပြီး တရားစွဲဆိုခံရခဲ့ရပြီး ဇွန် ၂၀ ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မေဇွန်သည် ကျောင်းကိစ္စ အရေးကြီးသဖြင့် ခရီးထွက်စဉ် သော့မှာ ၎င်းနှင့်အတူ ပါသွားပြီး ယင်းသော့ကို မနုနုလွင်အား ပြန်လည်ပေးအပ်ခြင်း မရှိသဖြင့် အခန်းထဲတွင် သော့ခတ်ခံထားရကြောင်း ထင်ရှားခဲ့ပြီး...

အဆိုပါ ပြစ်ဒဏ်အပေါ် တရားခံ၏ ရှေ့နေဖြစ်သူ ဦးအောင်မြင့်က ''ဒီပြစ်ဒဏ်က ပြင်းထန်တယ်လို့ ထင်မိပါတယ်။ နောက်ပြီး မေဇွန်က ကျောင်းတက်နေဆဲ ကျောင်းသူဖြစ်ပြီး ငယ်ရွယ်တဲ့သူ ဖြစ်တာရယ်၊ အရင်က ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့ဖူးတာရယ်ကြောင့် ဒီပြစ်ဒဏ်အပေါ် သက်ညှာပေးဖို့ အယူခံ တက်သွားမှာပါ'' ဟု ဇွန် ၂၀ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်က The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

သေဆုံးခဲ့သည့် မနုနုလွင်သည် နောက်စေ့၊ လက်မောင်း၊ ပခုံးတို့တွင် ဖူးယောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ လက်ဖျံ၊ ညာလက်ကောက်ဝတ်နှင့် ၀ဲပါးစောင်းတွင် သွေးခြည်ဥသည့် ဒဏ်ရာများနှင့်တကွ အရေပြားတွင် အစင်းရာများ တွေ့ရှိခဲ့ကြောင်း၊ သေဆုံးပြီး ရင်ခွဲ စစ်ဆေးချက်အရ သေဆုံးသူသည် ရရှိသည့် ဒဏ်ရာများကြောင့် ကျောက်ကပ်ပျက်စီးပြီး ဇီဝကမ္မ ဖြစ်စဉ်အရ စိတ်ဓာတ်ကျဆင်း၍ သေဆုံးနိုင်ခြင်း ဖြစ်ဖွယ်ရှိကြောင်း ဆေးစာတွင် ဖော်ပြချက်အရ စစ်ဆေးတွေ့ရှိရကြောင်း အဆိုပါ တရားသူကြီးက ဆိုသည်။

အခြားအိမ်အကူဖြစ်သည့် မဇင်ဇင်ထိုက်၏ ထွက်ဆိုချက်အရ မေဇွန်သည် အိမ်အကူများအား မကြာခဏ နှိပ်စက်ခဲ့ကြောင်းနှင့် မေဇွန်သည် ကျောင်းကိစ္စ အရေးကြီးသဖြင့် ခရီးထွက်စဉ် သော့မှာ ၎င်းနှင့်အတူ ပါသွားပြီး ယင်းသော့ကို မနုနုလွင်အား ပြန်လည်ပေးအပ်ခြင်း မရှိသဖြင့် အခန်းထဲတွင် သော့ခတ်ခံထားရကြောင်း ထင်ရှားခဲ့ပြီး မေဇွန်နှိပ်စက်သဖြင့် သေဆုံးရခြင်းသာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသည်ဟု တရားသူကြီးက ပြောကြားခဲ့သည်။

ထို့ပြင် မေဇွန်မှာ စိတ်အလိုမကျပါက အိမ်ဖော်များအား ညှဉ်းပန်းနှိပ်စက်မှုများ ရှိကြောင်း၊ ပါးရိုက်ခြင်း၊ ဆံပင်ဆွဲဆောင့်၍ ကြမ်းပြင်၊ နံရံများဖြင့် ရိုက်ခြင်း၊ ပက်လက် လှန်ခိုင်းပြီး ဗိုက်ပေါ်သို့ တက်ခုန်ခြင်းများနှင့် အိမ်ဖော်များ အချင်းချင်း ကြက်မွေးဖြင့် ရိုက်ခိုင်းခြင်းများ ပြုလုပ်လေ့ ရှိသည်ဟု
ရဲစစ်ချက်များတွင် ဖော်ပြထားသည်။
_________________________

EMG ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

လပွတ္တ္တာမြို့၁ရပ်ကွက်သဃာန်းကြီးကားလမ်းသွားတံတားကြီးအနီးကွမ်းယာဆိုင်လေးကိုတိုက်မိပြိး ဒိန်းဒေါင်းတစီးလမ်းဘေးချောက်တွင်းထိုးကျ

ညနေ၅နာရီခန့်လပွတ္တ္တာမြို့၁ရပ်ကွက်သဃာန်းကြီးကားလမ်းသွားတံတားကြီးအနီးကွမ်းယာဆိုင်လေးကိုတိုက်မိပြိး ဒိန်းဒေါင်းတစီးလမ်းဘေးချောက်တွင်းထိုးကျသွားပါသည်ကားပေါ်ပါလာသူမိန်းမတယောက်မျက်နှာထိခိုက်သတိမကောင်းတကောင်းနှင့်နှလုံးသားကားအကူအညီနှင့်ဆေးရုံခေါ်သွားပါသည်ခင်ဗျားထို့ကြောင့်လည်းကောင်းတံတားအတက်မှာမြင့်မားသည့်အပြင်လမ်းကလဲအတန်ငယ်ကျဉ်းပါသဖြင့်ရပ်ကွက်နေပြည်သူများကျောင်းသားကျောင်းသူလေးများယာဉ်အန္တယ်စီုးရိမ်ရပါသဖြင့်ကောင်းမွန်သော်လမ်း,တံတားဖြစ်စေရန်သက်ဆိုင်ရာလူကြီးမင်းများအားပန်ကြားအပ်ပါသည်ခင်ဗျား