Saturday, June 22, 2013

မိန်းမမြတ်များ လိုက်နာကျင့်သုံးသော ၀တ္တရားကိုးပါး

မိန်းမမြတ်တို့ ဂုဏ်အင်္ဂါ ၉ပါး။ ။ မိန်းမမြတ်များ လိုက်နာကျင့်သုံးသော ၀တ္တရားကိုးပါးဟူ၏ ၊သာမုန္ဒြိက ကျမ်းမှ။

(၁) အိမ်တွင်းမှု သန့်ရှင်းရေး ပြုလုပ်စီမံတတ်ရခြင်း ၊
(၂) ကိုယ့်လင်မှတပါး အခြားယောက်ျားသို့ စိတ်မျှ မကူးခြင်း၊
(၃) လင်ရှာရသောဥစ္စာကို သိမ်းဆည်းတတ်ရခြင်း။
(၄) လင်၏ရှေးဦးစွာ အိပ်ရာမှ ထရခြင်း ၊
(၅) လင်အိပ်ပြီးမှအိပ်ရခြင်း ၊
(၆) လင်၏ စီမံတိုင်ပင်မူကို ခံယူကူညီရခြင်း ၊
(၇)လင့်အလိုအကြိုက်ကို သိတတ် ပြုတတ်ရခြင်း ၊
(ဂ)ပြုံးသောမျက်နှာ ချိုသာသော စကားရှိရခြင်း ၊
(၉) အပူအအေးနှင့်လျော်စွာ လင့်အား ၀တ်ဆင်ပေးတတ်ရခြင်း ။
 
မိန်းမမြတ်ဖြစ်ကြောင်း တရား ၄-ပါး။ ။မိန်းမမြတ် ဖြစ်နိုင်ရန် ကိုယ်ကျင့်တရားလေးပါး။ ကောသလ မင်းကြီးအား ဘုရားဟောသည်။

(၁) သီလ၀တီ-အကျင့်သီလ ဣနြေ္ဒသိက္ခာရှိခြင်း
(၂) မေဓာဝိနီ- အမြော်အမြင်ဆင်ခြင်ဥာဏ်နှင့် ပြည့်စုံခြင်း၊
(၃) သဿုဒေ၀ါဥာဏ်-ယောက္ခမကို အိမ်ဦးနတ်ကဲ့သို့ ဆည်းကပ်ခြင်း ၊
(၄) ပတိဗ္ဗတာ-လင်ကို ရိုသေယုယ မြတ်နိုးခြင်း ။
 
မိန်းမတို့ ဖောက်ပြန် ပျက်စီးတတ်သော အကြောင်းရင်း ၁၃-ပါး၊ တနည်း။ ။ဟိတောပဒေသ ကျမ်းမှ။
(၁) သ ပဋ္ဌာန- ကိစ္စတိုင်း၌ ကိုယ်တိုင် စိုးမိုးလုပ်ကိုင်အာဏာပိုင် ပြဋ္ဌာန်းမှု ရနေခြင်း၊
(၂) ပိတု မန္ဒိရ နိဝသန- အဘနှင့်သာ ကြာမြင့်စွာ အုပ်ထိန်းခံ၍ နေရခြင်း၊
(၃) ယာတြောဿဝအင်္ဂတိ- အထူးစီစဉ်သော ပျော်ပွဲသဘင်တို့၌ ပါဝင်ဆင်နွှဲခြင်း၊
(၄) ပုရိသ သနိဓိဂေါဋ္ဌီ- ယောက်ျားတို့နှင့် ၀ိုင်းဖွဲ့ရယ်မော တသောသော နေထိုင်ခြင်း၊
(၅) အ နိယမ၀ါသ- အိမ်တကာလျှောက်လည်၍ နေခြင်း၊
(၆) ၀ိဒေသ၀ါသ- တမြို့တရွာ တနယ် တရပ်သို့ အမြဲမတည်တယောက်တည်း လှည့်လည်နေထိုင်ခြင်း၊
(၇) သ ကုလဋ သံသဂ္ဂ- လော်လီ သော့သွမ်းသောမိန်းမရမ်းတို့နှင့် အတူ ပေါင်းသင်း နေထိုင်ခြင်း၊
(၈) နိဇာယ ၀ုတ္တိ ဗျသန- သက်မွေးဝမ်းကျောင်းကောင်းသောလုပ်ငန်း၏ မကြာခဏ ပျက်စီးဆုတ်ယုတ်ခြင်း၊
(၉) ပတိ ၀ုဒ္ဓက- လင်ယောက်ျား၏သက်ကြီးရွင်းယို အရွယ်အိုခြင်း၊
(၁၀) ဣဿိတ- လင်ဖြစ်သူက အချောင်မယား အမြှောင်ထား၍ ပျော်ပါးကာနေခြင်း၊
(၁၁) ပ၀ါသန-လင်ယောက်ျားနှင့် ကွေကွင်းကွဲကွာ ကြာမြင့်စွာ နေရခြင်း၊
(၁၂) ပါန- သေအရက်သောက်ခြင်း၊
(၁၃) သုပ္ပ- ယောက်ျားတပါးနှင့် ပျော်ပါးပေါင်းဖက်ရသည်
 
မိန်းမတို့ ပျက်စီးခြင်း အကြောင်းရင်း ၉-ပါး။ ။လောကနီတိ အဖွင့်မှ။

(၁) မိမိတယောက်တည်း လှည့်လည် သွားလာ နေထိုင်ခြင်း၊
(၂) လင်ကိုပစ်ထား မိဘနေအိမ်သွား၍ များစွာနေတတ်ခြင်း၊
(၃) လူများစွာ စည်းဝေး သော အရပ်သို့ သွားလာ ထွက်ဝင်တတ်ခြင်း၊
(၄) ပွဲလမ်းသဘင် အပျော်အရွှင် လိုက်စားတတ်ခြင်း၊
(၅) ယောက်ျား ပုဂ္ဂိုလ်တို့နှင့် ပူးကပ်ရောဝင်စွာ နေတတ်ခြင်း၊
(၆) အမြဲပြုဘွယ် အလုပ်အကိုင်မရှိ ပျင်းရိနေခြင်း၊
(၇) လင်ယောက်ျား အိုမင်း၍ ကာမမှု၌ မစွမ်းနိုင်ခြင်း၊
(၈) လင်ယောက်ျားနှင့် ၃-၄ လ ကင်း၍ နေခြင်း၊
(၉) ၀တ်စားဘွယ်ရာ ဥစ္စာချို့တဲ့ခြင်း။
 
 
 

0 ကွန်မန့်ရေးရန်:

Post a Comment