Tuesday, June 25, 2013

အမေရိကန်ဒေါ်လာ ၄၃.၈ သန်းတန် ပန်းချီကား



International news for myanmar

ပုံမှာ မြင်တွေ့နေရတဲ့ ပန်းချီကားက နယ်နယ်ရရ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ မေလအတွင်းကပဲ အမေရိကန်ဒေါ်လာ ၄၃.၈ သန်းနဲ့ အရောင်းအဝယ် ဖြစ်သွားတဲ့ ပန်းချီကား ဖြစ်ပါတယ်။

ရေးဆွဲသူကတော့ ၁၉၇၀ ဇူလိုင်မှာ ကွယ်လွန်သွားတဲ့ ကမ္ဘာကျော် ဆီဆေး ပန်းချီဆရာ Barnett Newman ဖြစ်ပါတယ်။ Abstract expression ပန်းချီ အမျိုးအစား ဖြစ်ပါတယ်။ ပိုင်ဆိုင်ထားသူ မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ Paul Allen က တစ်ဆင့် ပြန်ရောင်းချလိုက်တာ ဖြစ်ပါတယ်။

ဖုန်းထဲမှာပဲ အရောင်းအဝယ်ဖြစ်သွားပြီး အမည်မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဝယ်လိုက်တာ ဖြစ်ပါတယ်။ Paul Allen လည်း အမေရိကန်ဒေါ်လာ ၄၃.၈ သန်း တကယ်ရသွားပါတယ်။

ပန်းချီကား ကတော့ ပုံမှာမြင်တွေ့ရတဲ့အတိုင်း အပြာရောင်ဆေးခြယ် ကားချပ်မှာ အဖြူရောင်အကြောင်းက ထပ်ခြမ်းခွဲထားပါတယ်။

၁၉၇၀ ကျော်က ခေတ်စားတဲ့ Pong ဗီဒီယိုဂိမ်း မျက်နှာပြင် အတိုင်းပါပဲ။

အခြား ကမ္ဘာကျော်ပန်းချီဆရာများဆွဲသော ယင်းကဲ့သို့ အလားတူ Abstract expression ပန်းချီကားများလည်း အမေရိကန်ဒေါ်လာ သန်း ရာနဲ့ ချီပြီး လေလံဈေးကွက်မှာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။

Ref: nypost

0 ကွန်မန့်ရေးရန်:

Post a Comment