Tuesday, May 7, 2013
မြန်မာစာကြည့်တိုက် APK (စာအုပ်ထောင်ချီပြီးရှိသည်) Shwebrary
မြန်မာ APK လေးတစ်ခု မိတ်ဆက်ပေးပါရစေ စာကြည့်တိုက်လေးတစ်ခုဆိုလည်း
မမှားပါဘူး အရင်ဆုံး ဒီ APK လေးကိုဒေါင်းလိုက်ပါ 2.0MB နာမည်က
Shwebrary
စာအုပ်ပေါင်း ထောင်ချီပြီးရှိပါတယ် နေ့စဉ် update များ တင်ပေးပါတယ်
ဒါပေမယ့် စစခြင်းတော့ စာကြည့်တိုက်တွေရဲ့ ထုံးစံ Register လုပ်ရပါမယ်
username , password နဲ့ email အကောင့်ထည့်ပြီး ခဏစောင့်ပေးရုံပါ ပြီးရင်
ခုနက ပေးထားတဲ့ အတိုင်း login ၀င်ပြီး စာအုပ်တွေရှာရင်း ဒေါင်းနိုင် ဖတ်နိုင်ပါတယ်
အောင်ကျော်ခိုင်(ပုသိမ်)
www.aungkyaw.com
GSM နှင့် WCDMA ဖုန်းလိုင်း လေးသန်းတိုးချဲ့မည်ဟုသိရ
Browse › Home ›
မြန်မာ့သတင်း
» GSM နှင့် WCDMA ဖုန်းလိုင်း လေးသန်းတိုးချဲ့မည်ဟုသိရ
GSM နှင့် WCDMA ဖုန်းလိုင်း လေးသန်းတိုးချဲ့မည်ဖြစ်ကြောင်း မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ လက်ရှိ CDMA 800MHz
ဖုန်းများကိုချထားခဲ့ပြီး အဆိုပါဖုန်းများ ချထားပြီးပါက GSM နှင့် WCDMA
ဖုန်းလိုင်းများကို ချထားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ့ ဆက်သွယ်ရေး
လုပ်ငန်း၏ GSM နှင့် WCDMA ဖုန်းလိုင်းများ လိုင်းလေးသန်းတိုးချဲ့ရန်
သတင်းစာများမှ တင်ဒါများ ခေါ်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သစ်ထူးလွင်
စစ်တပ်ထိုးစစ် ၀ နယ်ကို ဦးတည်ဟု ခွန်ထွန်းဦးပြော
Browse › Home ›
မြန်မာ့သတင်း
» စစ်တပ်ထိုးစစ် ၀ နယ်ကို ဦးတည်ဟု ခွန်ထွန်းဦးပြော
လက်ရှိ အစိုးရ စစ်တပ်ကနေ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် ထိန်းချုပ်
နယ်မြေတွေကို တိုက်ခိုက်တာဟာ ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်
ထိန်းချုပ်ထားတဲ့ ၀ ဒေသကို ဦးတည်နေတာ ဖြစ်ကြောင်း သမ္မတကို ပြောခဲ့တယ်လို့
ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦးက
ဒီဗွီဘီကို ပြောပါတယ်။
ဒီလို ဆက်ပြီးတိုက်ခိုက်နေရင် တိုင်းရင်းသားတွေဟာ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်ရင်း ၂၀၁၄ သန်းခေါင်စာရင်း ကောက်တဲ့အခါ ပါလာမှာ မဟုတ်ဘဲ နောင်မှာ နိုင်ငံမဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်သွားနိုင်ကြောင်း သမ္မတကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၅ ရက် နေပြည်တော်မှာ သမ္မတ နဲ့ နိုင်ငံရေးပါတီ ၁၈ ခုက ခေါင်းဆောင်တွေ တွေ့ဆုံစဉ် သူက ခုလို ဆွေးနွေးခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ကတော့ အတတ်နိုင်ဆုံး ဖြေရှင်းပေးမယ်လို့ ကတိပေးကြောင်း ပြောပါတယ်။
by ဒီဗွီဘီ
ဒီလို ဆက်ပြီးတိုက်ခိုက်နေရင် တိုင်းရင်းသားတွေဟာ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်ရင်း ၂၀၁၄ သန်းခေါင်စာရင်း ကောက်တဲ့အခါ ပါလာမှာ မဟုတ်ဘဲ နောင်မှာ နိုင်ငံမဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်သွားနိုင်ကြောင်း သမ္မတကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၅ ရက် နေပြည်တော်မှာ သမ္မတ နဲ့ နိုင်ငံရေးပါတီ ၁၈ ခုက ခေါင်းဆောင်တွေ တွေ့ဆုံစဉ် သူက ခုလို ဆွေးနွေးခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ကတော့ အတတ်နိုင်ဆုံး ဖြေရှင်းပေးမယ်လို့ ကတိပေးကြောင်း ပြောပါတယ်။
by ဒီဗွီဘီ
![]() |
| ဦးခွန်ထွန်းဦး |
သစ်ထူးလွင်
1500တန် CDMA 800Mhz ဆင်းကဒ် စတင် အသုံးပြုနည်း
1500တန် CDMA 800Mhz ဆင်းကဒ် စတင် အသုံးပြုနည်း
ကျွန်တော့်ဆီကိုတော့ အခုမှ ဒီဖုန်းကလာအပ်လို့ အခုမှပဲ တင်ပေးလိုက်တာပါ။
ကျွန်တော်တို့တစ်တွေ 1500 တန် cdma
ဖုန်းတွေသုံး မယ်ဆိုရင်တော့ အရင်ဆုံး ကဒ်ချိုးပြီး 800Mh ဟန်းဆက်အတွင်းထည့်လိုက်ပါ။
ပြီးရင် လိုင်းပေါ်လာအောင် စောင့်ပါ။
လိုင်းတက်လာပြီဆိုလျှင် မိမိနီးစပ်ရာ ဖုန်းတစ်လုံးကို ခေါ်လိုက်ပါ။
လိုင်းမဝင်သော တီတီတီ အသံကြားလျှင် ပြန်ချလိုက်ပါ။
နောက်တစ်ကြိမ် ပြန်ခေါ်ပါ။ ပြီးလျှင် ပြန်ချထားလိုက်ပြီး ခေတ္တစောင့်လိုက်ပါ။
003456 မှ အောက်ပါအတိုင်း Message ပေးပို့ပါလိမ့်မည်။
Dear 959330—–, You have been Activated. Your balance is (credit)300.00and will be expired at 2013-05-09 00:00:00.
ထို message ဝင်လာလျှင် စတင် အသုံးပြုနိုင်ပါပြီ။
ဖုန်းအတွင်း ပါဝင်သော ၃၀၀ကျပ်မကုန်မီ ၅၀၀၀တန် ငွေဖြည့်ကဒ်ကို ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။
ငွေဖြည့်ရန် code မှာ
*124*ခဲခြစ်နံပတ် ၁၈လုံး#
ဖြစ်သည်။ ငွေလက်ကျန် မေးရန်မှာ *123 ဖြစ်သည်။
သတင်းကောင်းတစ်ခုကတော့ 1500 cdma 800MHZ တွေက
အင်တာနက်လျှောက်ထားလို့ရနိုင်ပါ ပြီဆိုတဲ့အကြောင်းလေးပါ ခင်ဗျား။
myanmar mobile family မှာပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ
ကိုလတ်(ကျွဲဆင်း)
အပူချိန်မြင့်မားမှုကြောင့် မွေးမြူရေးလုပ်ကိုင်သူများ အရှုံးနှင့် ရင်ဆိုင်နေရ
Browse › Home ›
မြန်မာ့သတင်း
» အပူချိန်မြင့်မားမှုကြောင့် မွေးမြူရေးလုပ်ကိုင်သူများ အရှုံးနှင့် ရင်ဆိုင်နေရ
အပူချိန် မြင့်မားမှုကြောင့် ရန်ကုန်မြို့က မွေးမြူရေးခြံတွေမှာ တိရစ္ဆာန်တွေ
အသေအပျောက် ဆုံးရှူံးမှုတွေ ဖြစ်နေတဲ့အတွက် မွေးမြူရေးလုပ်ကိုင်သူတွေ
အရှုံးနဲ့ ကြုံတွေ့နေရတယ်လို့ ကြက်မွေးမြူရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာလှလှသိန်းက
ပြောပါတယ်။
“အသားတိုးကြက်ရဲ့ သဘောတရားက ၂၉ ဒီဂရီစင်တီဂရိတ်မှာ နေလို့အကောင်းဆုံး။ အခုက ၃၈ တို့ ၄၀ ဒီဂရီစင်တီဂရိတ်တို့ဖြစ်လာတော့ ခြားနားချက် အရမ်းများသွားတော့၊ အသားတိုးကြက်ရဲ့ သဘာဝက ကြက်တွေရဲ့ မူလ ဒီဂရီပင်သည်လျှင် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် ရှိတယ်။ သူက အစာ စားတာများလေ ခန္ဓာကိုယ်က အပူချိန်ပိုထွက်တယ်။ အဲတော့ အပြင်က ရာသီဥတုလည်း ပူလာတော့ ဦးနှောက်သွေးကြောပြတ်သေတာ။ အပူချိန်များလာတော့ အစာ မစားနိုင်ဘူး။ အသက်ရှူလမ်းကြောင်းရောဂါဖြစ်တယ်။ ဒါပေမယ့် ဒါက စားသုံးသူကိုတော့ ထိခိုက်မှုမရှိပါဘူး။ ကူးတဲ့ရောဂါမဟုတ်ပါဘူး။”
အများစုသေဆုံးတဲ့ တိရစ္ဆာန်တွေကတော့ ကြက်၊ ဘဲနဲ့ ငါးတွေ များနေပြီး ပြင်းထန်တဲ့ အပူချိန်ကို မခံနိုင်ဘဲ မွေးမြူရေးခြံတွေမှာ ၆၀ ရာခိုင်နှုန်းလောက် အသေအပျောက်ဖြစ်နေပါတယ်။
ငါးမွေးကန်တွေမှာလည်း ငါးတွေသေဆုံးမှုဟာ အရင်နှစ်တွေထက် ပိုများလာပြီး မွေးမြူရေးသမားတွေက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပေမယ့် အသေအပျောက် များနေတယ်လို့ ငါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနှင်းဦးက ပြောပါတယ်။
“ဖြစ်တာ ၃ ပတ်ကာလလောက်ပဲရှိသေးတော့ အတိအကျတော့ မသိရသေးဘူး။ အသေအပျောက်က တချို့များတယ်၊ တချို့လည်း နည်းတယ်။ ငါးတွေမွေးထားတော့ အပူသက်သာအောင်ဆိုပြီး ဗေဒါလိုဟာမျိုးတွေကို စောင်အုပ်ပြီး ရေထဲထည့်ထားမယ်ဆိုရင် ငါးတွေ အရိပ်အာဝါသရပြီး အပူသက်သာမယ်။ နောက် အုန်းလက်ချထားပေးတာမျိုးဆိုလည်း အရိပ်ရတာပေါ့” လို့ ဆိုပါတယ်။
မိုးဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့ရဲ့ အပူချိန်ဟာ ဒီနေ့ ၃၈ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိတယ်လို့ သိရပြီး လက်ရှိမိုးကြိုကာလဖြစ်လို့ လူတွေခံစားရတာ ၅၂ ဒီဂရီစင်တီဂရိတ်ထိ ဖြစ်တာကြောင့် လူတွေသတိထားကြဖို့ နှိုးဆော်ပါတယ်။
“ပူတာက တခြားအကြောင်းကြောင့် ပူတာပါ။ ရန်ကုန်မှာ သာမန်အားဖြင့် အပူချိန်ဟာ ၃၈ ဒီဂရီ စင်တီဂရိတ်လောက်ပဲရှိပါတယ်။ ဒါဟာ ပူတဲ့အဆင့်ဖြစ်ပေမယ့် လွန်လွန်ကဲကဲဖြစ်တဲ့ အဆင့်တော့ မဟုတ်ပါဘူး။ တကယ်ပူရင် ၄၀ ကျော်ရမယ်လေ။ ဒါပေမယ့် အခုရက်ပိုင်းအတွင်းမှာ မိုးကြိုကာလဖြစ်တော့ လေငွေ့မှာ ရေငွေ့တွေက တိုးတိုးလာတယ်။ လေငွေ့မှာ ရေငွေ့တိုးလာလေ၊ အပူချိန်မြင့်မြင့်နဲ့ ရေငွေ့များများနဲ့ ဆိုရင် လူတွေအပေါ် ခံစားရတဲ့ အပူချိန်ရှိတယ်။ ခံစားရတဲ့အပူချိန်ဆိုတာဟာ Air Temperature ရယ်၊ ရေငွေ့ အပူချိန် ၂ ခုပေါင်းလိုက်ရင်၊ ကျနော်တို့ပြောတဲ့ အပူချိန်ဟာ ၃၈ ဆိုပေမယ့် လူခံစားရတာက ၅၂-၅၄ လောက်ရှိတယ်။ ဒါဟာ အန္တရာယ်အလွန်ကြီးပါတယ်။”
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁၁ ထက်ကျော်ရင် အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ အခုအခါ ရန်ကုန်မြို့ရဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းဟာ ၁၂ ကျော်နေပြီး လာမယ့် မေ ၈ ရက်နေ့မှာ ၁၃ ခွဲလောက်ထိ တက်လာမှာဖြစ်လို့ အန္တရာယ်ရှိမူ လွန်ကဲသည့် အဆင့်ထက် ကျော်လွန်နေတယ်လို့လည်း ဦးထွန်းလွင်က ပြောပါတယ်။
by ဂျူးဂျူး (ဒီဗွီဘီ)
“အသားတိုးကြက်ရဲ့ သဘောတရားက ၂၉ ဒီဂရီစင်တီဂရိတ်မှာ နေလို့အကောင်းဆုံး။ အခုက ၃၈ တို့ ၄၀ ဒီဂရီစင်တီဂရိတ်တို့ဖြစ်လာတော့ ခြားနားချက် အရမ်းများသွားတော့၊ အသားတိုးကြက်ရဲ့ သဘာဝက ကြက်တွေရဲ့ မူလ ဒီဂရီပင်သည်လျှင် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် ရှိတယ်။ သူက အစာ စားတာများလေ ခန္ဓာကိုယ်က အပူချိန်ပိုထွက်တယ်။ အဲတော့ အပြင်က ရာသီဥတုလည်း ပူလာတော့ ဦးနှောက်သွေးကြောပြတ်သေတာ။ အပူချိန်များလာတော့ အစာ မစားနိုင်ဘူး။ အသက်ရှူလမ်းကြောင်းရောဂါဖြစ်တယ်။ ဒါပေမယ့် ဒါက စားသုံးသူကိုတော့ ထိခိုက်မှုမရှိပါဘူး။ ကူးတဲ့ရောဂါမဟုတ်ပါဘူး။”
အများစုသေဆုံးတဲ့ တိရစ္ဆာန်တွေကတော့ ကြက်၊ ဘဲနဲ့ ငါးတွေ များနေပြီး ပြင်းထန်တဲ့ အပူချိန်ကို မခံနိုင်ဘဲ မွေးမြူရေးခြံတွေမှာ ၆၀ ရာခိုင်နှုန်းလောက် အသေအပျောက်ဖြစ်နေပါတယ်။
ငါးမွေးကန်တွေမှာလည်း ငါးတွေသေဆုံးမှုဟာ အရင်နှစ်တွေထက် ပိုများလာပြီး မွေးမြူရေးသမားတွေက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပေမယ့် အသေအပျောက် များနေတယ်လို့ ငါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနှင်းဦးက ပြောပါတယ်။
“ဖြစ်တာ ၃ ပတ်ကာလလောက်ပဲရှိသေးတော့ အတိအကျတော့ မသိရသေးဘူး။ အသေအပျောက်က တချို့များတယ်၊ တချို့လည်း နည်းတယ်။ ငါးတွေမွေးထားတော့ အပူသက်သာအောင်ဆိုပြီး ဗေဒါလိုဟာမျိုးတွေကို စောင်အုပ်ပြီး ရေထဲထည့်ထားမယ်ဆိုရင် ငါးတွေ အရိပ်အာဝါသရပြီး အပူသက်သာမယ်။ နောက် အုန်းလက်ချထားပေးတာမျိုးဆိုလည်း အရိပ်ရတာပေါ့” လို့ ဆိုပါတယ်။
မိုးဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့ရဲ့ အပူချိန်ဟာ ဒီနေ့ ၃၈ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိတယ်လို့ သိရပြီး လက်ရှိမိုးကြိုကာလဖြစ်လို့ လူတွေခံစားရတာ ၅၂ ဒီဂရီစင်တီဂရိတ်ထိ ဖြစ်တာကြောင့် လူတွေသတိထားကြဖို့ နှိုးဆော်ပါတယ်။
“ပူတာက တခြားအကြောင်းကြောင့် ပူတာပါ။ ရန်ကုန်မှာ သာမန်အားဖြင့် အပူချိန်ဟာ ၃၈ ဒီဂရီ စင်တီဂရိတ်လောက်ပဲရှိပါတယ်။ ဒါဟာ ပူတဲ့အဆင့်ဖြစ်ပေမယ့် လွန်လွန်ကဲကဲဖြစ်တဲ့ အဆင့်တော့ မဟုတ်ပါဘူး။ တကယ်ပူရင် ၄၀ ကျော်ရမယ်လေ။ ဒါပေမယ့် အခုရက်ပိုင်းအတွင်းမှာ မိုးကြိုကာလဖြစ်တော့ လေငွေ့မှာ ရေငွေ့တွေက တိုးတိုးလာတယ်။ လေငွေ့မှာ ရေငွေ့တိုးလာလေ၊ အပူချိန်မြင့်မြင့်နဲ့ ရေငွေ့များများနဲ့ ဆိုရင် လူတွေအပေါ် ခံစားရတဲ့ အပူချိန်ရှိတယ်။ ခံစားရတဲ့အပူချိန်ဆိုတာဟာ Air Temperature ရယ်၊ ရေငွေ့ အပူချိန် ၂ ခုပေါင်းလိုက်ရင်၊ ကျနော်တို့ပြောတဲ့ အပူချိန်ဟာ ၃၈ ဆိုပေမယ့် လူခံစားရတာက ၅၂-၅၄ လောက်ရှိတယ်။ ဒါဟာ အန္တရာယ်အလွန်ကြီးပါတယ်။”
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁၁ ထက်ကျော်ရင် အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ အခုအခါ ရန်ကုန်မြို့ရဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းဟာ ၁၂ ကျော်နေပြီး လာမယ့် မေ ၈ ရက်နေ့မှာ ၁၃ ခွဲလောက်ထိ တက်လာမှာဖြစ်လို့ အန္တရာယ်ရှိမူ လွန်ကဲသည့် အဆင့်ထက် ကျော်လွန်နေတယ်လို့လည်း ဦးထွန်းလွင်က ပြောပါတယ်။
by ဂျူးဂျူး (ဒီဗွီဘီ)
သစ်ထူးလွင်
ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးနောင် ၁၀ နှစ်အထိဒေါင်ဒေါင်မြည်
Browse › Home ›
မြန်မာ့သတင်း
» ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးနောင် ၁၀ နှစ်အထိဒေါင်ဒေါင်မြည်
အသက် ၆၈ နှစ် ပြည့်တော့ မည်ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်း စုကြည်မှာ နောင် ၁၀ နှစ်ခန့်အထိ ကျန်းမာရေး အတွက်
စိတ်ချရကြောင်း ၎င်း၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက အာမခံပြောကြားသည်။
“အရမ်းကျန်းမာတယ်။ အရမ်း နေကောင်းတယ်။ နောက်ထပ် ၁၀ နှစ်လောက် အထိတော့
တာဝန်ယူလို့ ရတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
![]() |
| မွန်ဂိုလီးယားနိုင်ငံတွ |
သစ်ထူးလွင်
မိတ္ထီလာ ဘုန်းကြီးကို သတ်မှုနဲ့ မွတ်ဆလင် ၇ဦးကို စွဲချက်တင်
Browse › Home ›
မြန်မာ့သတင်း
» မိတ္ထီလာ ဘုန်းကြီးကို သတ်မှုနဲ့ မွတ်ဆလင် ၇ဦးကို စွဲချက်တင်
မိတ္ထီလာမြို့မှာ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတပါးကို သတ်ခဲ့မှုနဲ့ အစ္စလာမ် ဘာသာဝင် ၇ဦးကို ဒီကနေ့ စွဲချက် တင်လိုက်ပါတယ်။
အဲဒီ ဆရာတော် ဦးသောဘိတ အသတ်ခံခဲ့ရမှုဟာ ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေ အကြား ဘာသာရေး အဓိကရုဏ်းရဲ့ အဓိက အကြောင်းရင်းတွေထဲမှာ တခု အပါအဝင် ဖြစ်ပါတယ်။
ဒီအမှုကို ရှေ့နေကွန်ယက်က ရှေ့နေ ဦးသိန်းသန်းဦး အပါအ၀င် ရှေ့နေ ၅ဦးက တရားခံတွေရဲ့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေပါတယ်။
ဖမ်းထားတဲ့ ၇ယောက်ထဲက ၆ယောက်ကို စွဲချက်တင်လိုက်ပြီး ညီညီနိုင်ဆိုတဲ့ တယောက်ကိုတော့ အသက် ၁၆နှစ် မပြည့်သေးတာကြောင့် တရားစွဲတဲ့ အဖွဲ့က အမှုကို တရားရှင် ရုပ်သိမ်းလိုက်ပြီး ၁၉၉၃ခုနှစ် ကလေးသူငယ် ဆိုင်ရာ အက်ဥပဒေ အရ ကလေးသူငယ် တရားရုံးမှာ ဆက်ပြီး အမှု ရင်ဆိုင်ရမယ်လို့ ပြောပါတယ်။
အခု စွဲချက် တင်ခံရသူ ၆ဦးကတော့ အမှုမြောက်လို့ စီရင်ချက်ချခံ ရမယ်ဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ သေဒဏ် ဒါမှမဟုတ် တသက်တကျွန်း ကျခံ ရနိုင်ဖွယ် ရှိပြီး ကလေးသူငယ် အက်ဥပဒေအရ လျှော့ပေါ့ စဉ်းစားပေးတဲ့ ညီညီနိုင်ကတော့ အမြင့်ဆုံး ပြစ်ဒဏ် ၇နှစ်ထက် ပိုပြီး ကျနိုင်ဖွယ် မရှိဘူးလို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ အဓိကရုဏ်း အတွင်းမှာ လူ၄၀ ကျော် သေဆုံးခဲ့ရပြီး ဒီအဓိကရုဏ်းမှာ ပါဝင်ပတ်သက်သူ ၇၀ ကျော်ကို သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေးနေပါတယ်။
အဓိကရုဏ်း စဖြစ်ပွားစေခဲ့တဲ့ နယူးဝိန့် စိန်ရွှေဆိုင်က ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ နှစ်ယောက်နဲ့ ၀န်ထမ်းတယောက်ကို ဧပြီလ ဒုတိယအပတ်တုန်းက ထောင်ဒဏ် ၁၄နှစ်စီချမှတ်ခဲ့ပါတယ်။
အခု ဆရာတော် ဦးသောဘိတ အသတ်ခံခဲ့ရတဲ့ အမှုကိုတော့ လာမယ့် မေလ ၈ ရက်နေ့မှာ တရားခံတွေကို စစ်ဆေးမှာဖြစ်ပြီး မကြာခင်မှာ စီရင်ချက်ချနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။
ဒီအမှုမှာ ရဲအလိုရှိတာ ၁၁ယောက် ဖြစ်ပေမယ့် ၄ယောက်က ထွက်ပြေး တိမ်းရှောင်နေတာကြောင့် ၇ယောက်ကိုပဲ ရုံးတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
အဲဒီ ဆရာတော် ဦးသောဘိတ အသတ်ခံခဲ့ရမှုဟာ ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေ အကြား ဘာသာရေး အဓိကရုဏ်းရဲ့ အဓိက အကြောင်းရင်းတွေထဲမှာ တခု အပါအဝင် ဖြစ်ပါတယ်။
ဒီအမှုကို ရှေ့နေကွန်ယက်က ရှေ့နေ ဦးသိန်းသန်းဦး အပါအ၀င် ရှေ့နေ ၅ဦးက တရားခံတွေရဲ့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေပါတယ်။
ဖမ်းထားတဲ့ ၇ယောက်ထဲက ၆ယောက်ကို စွဲချက်တင်လိုက်ပြီး ညီညီနိုင်ဆိုတဲ့ တယောက်ကိုတော့ အသက် ၁၆နှစ် မပြည့်သေးတာကြောင့် တရားစွဲတဲ့ အဖွဲ့က အမှုကို တရားရှင် ရုပ်သိမ်းလိုက်ပြီး ၁၉၉၃ခုနှစ် ကလေးသူငယ် ဆိုင်ရာ အက်ဥပဒေ အရ ကလေးသူငယ် တရားရုံးမှာ ဆက်ပြီး အမှု ရင်ဆိုင်ရမယ်လို့ ပြောပါတယ်။
အခု စွဲချက် တင်ခံရသူ ၆ဦးကတော့ အမှုမြောက်လို့ စီရင်ချက်ချခံ ရမယ်ဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ သေဒဏ် ဒါမှမဟုတ် တသက်တကျွန်း ကျခံ ရနိုင်ဖွယ် ရှိပြီး ကလေးသူငယ် အက်ဥပဒေအရ လျှော့ပေါ့ စဉ်းစားပေးတဲ့ ညီညီနိုင်ကတော့ အမြင့်ဆုံး ပြစ်ဒဏ် ၇နှစ်ထက် ပိုပြီး ကျနိုင်ဖွယ် မရှိဘူးလို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ အဓိကရုဏ်း အတွင်းမှာ လူ၄၀ ကျော် သေဆုံးခဲ့ရပြီး ဒီအဓိကရုဏ်းမှာ ပါဝင်ပတ်သက်သူ ၇၀ ကျော်ကို သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေးနေပါတယ်။
အဓိကရုဏ်း စဖြစ်ပွားစေခဲ့တဲ့ နယူးဝိန့် စိန်ရွှေဆိုင်က ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ နှစ်ယောက်နဲ့ ၀န်ထမ်းတယောက်ကို ဧပြီလ ဒုတိယအပတ်တုန်းက ထောင်ဒဏ် ၁၄နှစ်စီချမှတ်ခဲ့ပါတယ်။
အခု ဆရာတော် ဦးသောဘိတ အသတ်ခံခဲ့ရတဲ့ အမှုကိုတော့ လာမယ့် မေလ ၈ ရက်နေ့မှာ တရားခံတွေကို စစ်ဆေးမှာဖြစ်ပြီး မကြာခင်မှာ စီရင်ချက်ချနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။
ဒီအမှုမှာ ရဲအလိုရှိတာ ၁၁ယောက် ဖြစ်ပေမယ့် ၄ယောက်က ထွက်ပြေး တိမ်းရှောင်နေတာကြောင့် ၇ယောက်ကိုပဲ ရုံးတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
![]() |
| တရားခံ ၆ယောက် အနေနဲ့ သေဒဏ် (သို့) တသက်တကျွန်း ကျခံရဖွယ် ရှိတယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြော |
သစ်ထူးလွင်

ပထမဆုံး စက်ရုပ်လက်တုနှင့် ဗြိတိန်ဆယ်ကျောက်သက်

ဗြိတိန်နိုင်ငံတွင် ဆယ်ကျော်သက် လူငယ်လေး တစ်ဦးအား ပထမဆုံးအကြိမ်အဖြစ် စက်ရုပ် လက်တုတစ်ခု အောင်မြင်စွာ တပ်ဆင်ပေးလိုက်ပြီ ဖြစ်သည်။ အဆိုပါ လက်တုမှာ အလွန်ခေတ်မီပြီး စမတ်ဖုန်း တစ်ခုကို အသုံးပြုပြီးလည်း ထိန်းချုပ်နိုင်စွမ်း ရှိသည်။ အသက်(၁၆)နှစ်သာ ရှိသေးသည့် ပက်ထရစ်ကိန်းသည် ကလေးဘဝ ကတည်းက ခြေတစ်ဖက်နှင့် လက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။
ယခုအခါတွင်မူ i-limbဟု အမည်ပေးထားသည့် ခေတ်မီ စက်ရုပ်လက်တု တစ်ခုက ၎င်းအတွက် ဘဝသစ် တစ်ခုကို မွေးဖွားပေးနိုင်ခဲ့သည်။ အလွန်အနုစိတ်သော လုပ်ငန်းများကိုပါ ဆောင်ရွက်နိုင်အောင် စီစဉ်ထားသည့် လက်တုသည် အသုံးပြုသူကို ကိုယ်တိုင် ဖိနပ်ကြိုးချည်နိုင်သည်အထိ လုပ်ဆောင်စေနိုင်သည်။

"ခုဆိုရင် ကျွန်တော် ကိုယ်တိုင် လုပ်ချင်တာ အားလုံး လုပ်လို့ ရနေပြီ"ဟု ပက်ထရစ်က ဝမ်းသာအားရ ပြောဆိုခဲ့သည်။ iOSသုံး ကိရိယာများတွင် ထည့်သွင်းနိုင်သည့် Appဖြင့် ယင်းစက်ရုပ်လက်ကို အကောင်းဆုံး ထိန်းချုပ်နိုင်သလို ပက်ထရစ် ကိုယ်တိုင်ကလည်း အခြားလက်တစ်ဖက်၏ လှုပ်ရှားမှုများဖြင့် လက်တုကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ယခုတီထွင် တပ်ဆင်ထားသော အမျိုးအစားသည် စကော့တလန် အခြေစိုက် Touch Bionics ကုမ္ပဏီ၏ အကောင်းဆုံးနှင့် ခေတ်အမီဆုံး လက်ရာလည်း ဖြစ်နေသည်။
လန်ဒန်ဇာတိ
ဖြစ်သော ပက်ထရစ်သည် (၉)လအရွယ်တွင် ပြင်းထန်သော ဦးနှောက် အမြှေးရောင်
ရောဂါကြောင့် ဘယ်ဘက်လက်မှ လက်ချောင်းလေး အားလုံးကို ဖြတ်တောက်ခဲ့ရသည်။
ထို့အပြင် ညာဘက်ခြေထောက်ကိုလည်း ဒူးအောက်မှ ဖြတ်ပစ်ခဲ့ရသလို ညာလက်မှ
လက်ချောင်း အစိတ်အပိုင်းလေး အချို့ကို ဖယ်ရှားခဲ့ရသည်။ ယခုအခါ i-limbကို
ပိုင်ဆိုင်လာခြင်းကမူ ကံဆိုးခဲ့သော ပက်ထရစ်၏ ဘဝတွင် လက်ဆောင်မွန်
တစ်ခုသဖွယ် ဖြစ်လာခဲ့သည်။ i-Limbသည် အသုံးပြုသူ၏ ဦးနှောက်လှိုင်းများကို
အခြေခံကာ လှုပ်ရှားနိုင်စွမ်း ရှိပြီး ယင်းအပေါ်တွင် အရေပြားတုကို ဖုံးအပ်
တပ်ဆင်နိုင်သည့် အခြေအနေလည်း ရှိနေသည်။ref:planet

လွန်ခဲ့သောနှစ်ပေါင်း ၁၂ဝဝ ခန့်က မြေထဲပင်လယ်အတွင်း နစ်မြုပ်သွားခဲ့သည့် အီဂျစ်မြို့

လန်ဒန် ဧပြီ ၂၉
လွန်ခဲ့သော
နှစ်ပေါင်း ၁၂ဝဝ ခန့်က မြေထဲပင်လယ် ကြမ်းပြင်သို့ နစ်မြုပ်သွားခဲ့သည့်
Heracleion မြို့ကို သိပ္ပံပညာ ရှင်များက 3 D နည်းပညာ၏ အကူအညီဖြင့်
ပြန်လည်ပုံဖော် နိုင်ခဲ့သည်ဟု အင်တာနက် သတင်း တစ်ပုဒ် အရ သိရသည်။
Heracleion
မြို့သည် ကလီယိုပါထရာ မင်းသမီး ဘိသိက်ခံယူခဲ့သည့် ဘုရားကျောင်း တည်ရှိရာ
မြို့တစ်မြို့ ဖြစ်ပြီး ပင်လယ်ကြမ်းပြင်သို့ မနစ်မြုပ်မီက မြေထဲပင်လယ်
ဒေသတွင် အဓိက အချက်အချာ ကျသော ကုန်သွယ်ရေး မြို့ တစ်မြို့ ဖြစ်ခဲ့သည်။
ယင်းမြို့ကို တူးဖော်ရေး ပညာရှင်များက ဆယ်စုနှစ် တစ်ခုကျော်ကြာ ပြုလုပ်ပြီး
နောက်၂ဝဝ၁ ခုနှစ်တွင် ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
တူးဖော်သူများသည်
သဲများ၊ ရွှံ့လွှာများကို ဖယ်ရှားပြီး နောက်တွင် Heracleion မြို့၏
ပန်းချီကား တစ်ချပ်နှင့် ထူးခြားသော ပစ္စည်း များစွာကို တွေ့ရှိ ခဲ့ကြသည်။
ထို့အပြင် တူးဖော်သူများသည် အီဂျစ် ကမ်းရိုးတန်း အလွန် လေးမိုင်အကွာရှိ
ပင်လယ်ကြမ်းပြင် အောက်၌ နစ်မြုပ်နေသော သင်္ဘော ၆၄ စင်း ကျော်၏ အပိုင်းအစ
များကို တွေ့ရှိခဲ့ကြပြီး ယင်းကဲ့သို့ တွေ့ရှိမှုသည် နေရာ တစ်နေရာတည်း၌
ရှေးဟောင်း သင်္ဘော များစွာကို ပထမဆုံး အကြိမ် အဖြစ် စုပုံ တွေ့ရှိရခြင်းပင်
ဖြစ်သည်။
သုတေသီများသည်
ယခု အချိန်တွင် အဆိုပါမြို့၏ ပုံစံကို 3D နည်းပညာသုံး၍ ပြန်လည်
ပုံဖော်ပြီး ၎င်းမြို့ကြီး ပင်လယ်ကြမ်းပြင်အောက် နစ်မြုပ်သွားရသည့်
အကြောင်းရင်း အတိအကျကို ဖော်ထုတ်နိုင်ရန် သုတေသန ပြုမှု များကို
လုပ်ဆောင်လျက် ရှိသည်ဟု သိရသည်။
ref:မြ၀တီ

ကောင်းကင် ကျွမ်းဘားမယ် တစ်ဦး ရင်သပ် ရှုမောဖွယ် ကျွမ်းဘား ပြကွက်ကို ပြသ

ပဲရစ် မေ ၁
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ
ရော့စ်နီဆူဘွား အရပ်မှ ကောင်းကင် ကျွမ်းဘားမယ် တစ်ဦးဖြစ်သူ ရော့ဇ်အိန်း
ဂီလီယန်သည် လေထီး ခုန်ချသူနှင့် အတူ လိုက်ပါ၍ ဝေဟင်အမြင့် မီတာ ၆၀၀ ခန့်၌
လေထီး ကြိုးပေါ်တွင် ကြည့်ရှုသူ ပရိသတ်များ အံ့အား သင့်စေမည့် ရင်သပ်
ရှုမောဖွယ် ကျွမ်းဘား ထိုးခြင်းကို အန္တရာယ် ကင်းစွာဖြင့် ပြသ နိုင်ခဲ့သည်ဟု
သိရသည်။
အဆိုပါ ပြကွက်ကို ပြင်သစ်နိုင်ငံ
အတွင်းရှိ Annecy ရေကန်ကို လေထီးဖြင့် ဖြတ်သန်း နေချိန်၌ ပြသခဲ့ခြင်း
ဖြစ်သည်။ ပြကွက်ကို ပြသခဲ့ ချိန်တွင် ဂီလီယန်သည် ဦးထုပ်ကိုပင် မဆောင်းဘဲ
လေထီးခုန်သူ ဂီးလ်စကီနီဒါ၏ ၃ ဒသမ ၅ မီတာ အရှည်ရှိသော ကြိုးပေါ်၌ သူမ၏
ကိုယ်ခန္ဓာကို တွဲလောင်းချ၍ ပြသခဲ့ခြင်း ဖြစ်သည်။
ref:မြ၀တီ
ကမ္ဘာ့ ရှေးအကျဆုံး မီးရထား ဥမင်လိုဏ်ခေါင်း တစ်ခု အင်္ဂလန် နိုင်ငံတွင် ရှာဖွေ တွေ့ရှိ

လန်ဒန် မေ ၂
ရှေးဟောင်း သုတေသန ပညာရှင်များသည် ကမ္ဘာ့
ရှေးအကျဆုံးဟု ယူဆရသော နှစ်ပေါင်း ၂၂ဝ သက်တမ်းရှိ မီးရထား
ဥမင်လိုဏ်ခေါင်းတစ်ခုကို အင်္ဂလန်နိုင်ငံ ဒါဘီ ရှိုင်းယားပြည်နယ်
ခရစ်ခ်ျဒေသရှိ ကျောက်ပုံ ဥယျာဉ်၏ မြေအောက် အနက် ၁ဝ ပေတွင် ရှာဖွေ
တွေ့ရှိခဲ့ကြောင်း သိရသည်။
Fritchley Tunnel အမည်ရှိ အဆိုပါ
သမိုင်းဝင် ဥမင်လိုဏ် ခေါင်းသည် ၁၇၉၃ ခုနှစ် အတွင်းက တည်ဆောက်
ခဲ့ဖွယ်ရှိပြီး ယခင်က မှတ်တမ်းတင်သော ကမ္ဘာ့ ရှေးအကျဆုံး ဥမင်လိုဏ်ခေါင်းထက်
နှစ်နှစ် စောကြောင်းနှင့် အဆိုပါ ဥမင်လိုဏ်ခေါင်းကို မီးရထားလမ်းနှင့်
ချိတ်ဆက်၍ သံထည် အလုပ်ရုံသို့ ထုံးကျောက်များ ပို့ဆောင်ရာတွင်
စက်မှုလုပ်ငန်း ရှင်များက အသုံးပြုခဲ့သည်။
အဆိုပါ မြေကွက်အား ယခင်က
ပိုင်ဆိုင်ခဲ့သည့် မြေပိုင်ရှင်က ကျောက်ပုံဥယျာဉ် တည်ဆောက်ရန် အတွက် ၁၉၇၇
ခုနှစ်က ယင်းဥမင် လိုဏ်ခေါင်းကို ရောင်းချခဲ့သည့် အချိန်မှစ၍ ဥမင်
လိုဏ်ခေါင်း မှာ ပျောက်ကွယ် ခဲ့ရခြင်းဖြစ်သည်။
အသက် ၅၅ နှစ်အရွယ်ရှိ ဂျွန်မစ်ဂလေးဆိုသူ
လက်ရှိ မြေပိုင်ရှင်နှင့် ရှေးဟောင်း သုတေသနပညာရှင်များ အကြား ဆွေးနွေးပွဲ
ပြုလုပ်ပြီးနောက် အဆိုပါ မြေအား တူးဖော်မှုများ ပြုလုပ် ရန်
ငွေကြေးထောက်ပံ့မှုများ လုပ်ဆောင်ခဲ့သည်။
၁၈ မီတာ အရှည်ရှိသော အဆိုပါ ရထားလမ်း
ဥမင်လိုဏ်ခေါင်းကို ပြန်လည်ဖွင့်ရန် အတွက် ဇန်နဝါရီလ မှစ၍ စက်ယန္တရား
ကြီးများ အသုံးပြု၍ တူးဖော် မှုများကို လုပ်ဆောင်ခဲ့သည်။
အဆိုပါ ဥမင်လိုဏ်ခေါင်းကို ဒေသတွင်း
အင်ဂျင်နီယာ ကုမ္ပဏီကြီး တစ်ခု ဖြစ်သော The Buttlerley ကုမ္ပဏီက ၁၇၉၃ ခုနှစ်က
တည်ဆောက်ခဲ့သော မြင်းကောင်ရေအားသုံး မီးရထားလမ်း Butterley Gangroad နှင့်
ချိတ်ဆက် အသုံးပြု ခဲ့သည်။
အဆိုပါ မီးရထား ဥမင်လိုဏ်ခေါင်း
အတွင်းပိုင်းကို 3D ပုံစံ ဖန်တီးရန် အတွက် လေဆာ အသုံးပြု၍ စကန်ဖတ်ခြင်းကို
Lottery၏ ထောက်ပံ့မှုဖြင့် စတာလင်ပေါင် ၁၇၉ဝဝဝ အကုန် အကျခံ ပြုလုပ်
သွားမည်ဖြစ်သည်။
၂ဝ၁၄ ခုနှစ် စက်တင်ဘာတွင် လုပ်ငန်းများ
ပြီးစီးခဲ့ပါက အနာဂတ်မျိုး ဆက်သစ်များအတွက် ယင်းဥမင်လိုဏ် ခေါင်းကို တစ်ဖန်
ကာကွယ်စောင့်ရှောက် ရန်အတွက် စီမံကိန်း အဖွဲ့က ထိန်း သိမ်း
စောင့်ရှောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ref:မြ၀တီ
ကွေးညွတ်နိုင်သော ဖန်သားပြင်ဖြင့် ပြုလုပ်ထားသည့် ကမ္ဘာ့ ပထမဆုံး OLED TV စတင်ရောင်းချ

ဆိုးလ် မေ ၎
တောင်ကိုရီးယား နိုင်ငံ၏ လျှပ်စစ်ပစ္စည်း
ထုတ်လုပ်သော ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် LG ကုမ္ပဏီသည် ကမ္ဘာ့ ပထမဆုံး
ကွေးညွတ်နိုင်သော ဖန်သားပြင်ဖြင့် ပြုလုပ်ထားသည့် Organic Light-emitting
diode (OLED)TV အမျိုးအစားသစ် တစ်မျိုးကို စတင် ရောင်းချခဲ့ကြောင်း
၎င်းကုမ္ပဏီမှ တာဝန်ရှိသူ များက ပြောကြားခဲ့သည်။
အဆိုပါ OLED TV အမျိုးအစားသည် ၅၅ လက်မ
အရွယ်အစား ရှိပြီး ၎င်း TV အားဝယ်ယူရန် လက်လီ ရောင်းဝယ်ရေး ကုမ္ပဏီ ၁၄၀၀
ကျော်မှ ကြိုတင် အမှာစာများ လက်ခံ ရရှိထား ကြောင်း၊ ၎င်း TV များကို
လာမည့်လတွင် စတင် ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း အွန်လိုင်း အစီရင်ခံ
စာများအရ သိရသည်။
OLED TV အမျိုးအစား သစ်၏ တန်ဖိုးမှာ ၀မ်
၁၅ သန်း (အမေရိကန် ဒေါ်လာ ၁၃၅၀၀ ၀န်းကျင်) ရှိပြီး ၂၀၁၆ ခုနှစ်တွင် TV
အလုံးရေ ခုနစ်သန်းထိ တိုးမြှင့်ထုတ်လုပ် ရောင်းချ ရန်
မျှော်မှန်းထားကြောင်း LG ကုမ္ပဏီက ပြောကြားထားသည်။
ref:မြ၀တီ
အိမ်ဖော်မလေးကို ညှင်းဆဲပြီး မျက်နှာကိုကျဉ်ပွေ့ နဲ့ ထုတဲ့ အိမ်ရှင်အမျိုးသမီးကိစ္စ
အိမ်ဖော်မလေးကို
ညှင်းဆဲပြီး မျက်နှာကိုကျဉ်ပွေ့ နဲ့ ထုတဲ့ အိမ်ရှင်အမျိုးသမီးကိစ္စ
စံနမူနာဖြစ်ရေးအတွက် ထိရောက်ပြင်းထန်စွာ အရေးယူရန်လို

မေ-၀၆
အိမ်၌ ခိုင်းစေရန် လခတစ် လကျပ် (၃၀၀၀၀)ဖြင့် ခေါ်ယူထားခြင်းခံရသော နွမ်းပါးအိမ် ဖော် မိန်းကလေး တစ်ဦးအား တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက် အိမ်အမှတ်(၄၉)၊ ၄ လွှာနေ အိမ်ရှင်အမျိုး သမီးဖြစ် သူ တင်တင်ရီမှ နေ့စဉ်ဆိုသလို ညှင်းဆဲမှုများပြုလုပ်ခဲ့ပြီး အလုပ် ကို အကြောင်းပြ၍ အိမ်ဖော်ဖြစ်သူ မတင်တင်ထွေး အသင်(၁၈) နှစ်အား အိမ်ရှင်ဒေါ်တင်တင်ရီ မှ ရိုက်ပုတ်နှိပ်စက်ခဲ့ရာ အိမ်ဖော် ဖြစ်သူ မတင်တင်ထွေးမှာ နှုတ် ခမ်းကွဲ၊ ဘယ်ညာမျက်လုံးညိုမဲစွဲ၊ ညာမျက်လုံးဖူးရောင်၊ ဘယ်မျက်လုံးသွေးခြေ ဥသည့် အပြင် အခြား သော ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့သည့်အတွက် ယင်းအိမ်ရှင်အမျိုးသမီးအား စံနမူနာအဖြစ် ပြင်းထန်ထိရောက်စွာ အရေးယူရန်လိုကြောင်း တာမွေမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ် လဲ့လဲ့ဝင်းဆွေကဆိုသည်။
““ကျွန်မနေပြည်တော်မှာ ရောက်နေတုန်း ဒီအိမ်ဖော်မလေးကို အိမ်ရှင်အမျိုးသမီးက မတရား ရိုက်ပုတ် ညှင်းဆဲတာကိုသိရပြီး သက်ဆိုင်ရာတွေနဲ့ အမြန်ဆက်သွယ်ပြီး အဲဒီအိမ်ဖော်မလေးကို ကယ်တင်ဖို့ကြိုးစား ခဲ့ပါတယ်။ ကျွန်မသိရသလောက် ဒီအိမ်ဖော် မလေးကို အိမ်ရှင် အမျိုးသမီး က ငွေ တစ်ထောင် ခိုးတယ် ၊ ရေမချိုးဘူး၊ ပန်းကန်မဆေးဘူး၊ တံမျက်စဉ်းမလှဲဘူးစတဲ့ အကြောင်းပြချက်တွေနဲ့ ရိုက်နှက်ခဲ့တာ သိရသလောက် ဒီကလေးစရောက်တဲ့ နေ့ကစပြီး နှိပ်စက်တာ၊ ကလေးကို ကယ်ဖို့ တာမွေစခန်းကတာဝန် ရှိသူတွေသွားတော့လည်း အိမ်ရှင်အမျိုးသမီးက တံခါးလုံးဝမဖွင့် ပေးဘဲ တံခါးဖွင့်တဲ့အခါ နှိပ်စက် ခံထား ရတဲ့ အိမ်ဖော်မလေးက တာဝန်ရှိသူတွေဆီပြေးပြီး အကူ အညီတောင်းတာကိုတောင် အိမ် ရှင် အမျိုးသမီး က လက်နဲ့ကာ ထားသေးတယ်။ ဒီကိစ္စကို တာဝန် ရှိသူတွေအနေနဲ့ ထိရောက်စွာ အရေးယူဖို့လိုပါတယ်။ ဒီအမျိုးသမီးကို ထိထိရောက်ရောက် အရေးယူတာက စံနမူနာ တစ်ခု ဖြစ်သွားရင် ဒီလို အဓမ္မညှင်းဆဲ မှုတွေ လျာ့သွားနိုင်ပါတယ်””ဟု လွှတ်တော်တရားဥပဒေစိုးမိုးရေး ကော်မတီဝင် ဒေါ်လဲ့လဲ့ဝင်းဆွေ ကဆို သည်။
အဆိုပါ အိမ်ဖော်မလေး အား အိမ်ရှင်အမျိုးသမီးမှ မ တရားညှင်းဆဲမှုနှင့်ပတ်သက်၍အရေး ယူဆောင်ရွက် ထားရှိမှု အခြေအနေအား တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမြင့်၊ စခန်းမှူး ရဲအုပ်ကျော် ကျော်ခိုင်တို့အား Hot News မှ တွေ့ဆုံမေးမြန်းခဲ့ရာတွင်လည်း ယင်းအမျိုးသမီးအား အချုပ် တွင်း ထိန်းသိမ်းထားကြောင်း၊ စခန်းမှ ပုဒ်မ-၂၉၄၊ ၃၂၆၊ ၃၂၅၊ ၄၃၂ (ပ)၁၈၅/၁၃ ဖြင့် အရေး ယူဆောင်ရွက်လျက် ရှိကြောင်း ပြောကြား ခဲ့သည်။ နှိပ်စက်ခံရ သော အိမ်ဖော်အမျိုးသမီးလေး ၏ ပြောပြမှုအရ အိမ်ရှင်ဖြစ်သူ မှာ အလုပ် မလုပ် သည်ကို အကြောင်းပြ၍ ငရုတ်ကျည်ပွေ့ ဖြင့် မျက်နှာသို့ထုကြောင်း၊ ဓားဦး ချွန်ဖြင့် ထိုးဆွမှုပြုကြောင်း၊ မိန်းမအင်္ဂါစပ်အားလည်း ဆေး လိပ်မီးနှင့်ထိုးထားကြောင်း၊ ရင် ဘက်နှင့် ကျောအားလည်း ကျည်ပွေ့ဖြင့် ထုကြောင်း သိရှိခဲ့သည်။
ခန့်ခန့်(ဒဿနိက)
ံHotNewsWeekly
စာပေဝေမျှသူ
မော်နီကာ
ရန်ကုန် လုံခြုံရေး မစိုးရိမ်ရန် ဦးမြင့်ဆွေပြော
ရန်ကုန် လုံခြုံရေး မစိုးရိမ်ရန် ဦးမြင့်ဆွေပြော

ရန်ကုန်မြို့တနေရာတွင် လုံခြုံရေး စောင့်နေသည့် ရဲများကို ဧပြီလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
“လုံခြုံရေးအရ ရဲတပ်ဖွဲ့အပြင် အထူးလေ့ကျင့်သင်ကြားထားသည့် ရဲတပ်ရင်းများလည်း ချထားတယ်။ ရန်ကုန်က စီးပွားရေး အချက်အချာကျတဲ့နေရာတစ်ခုပါ။ ဒီနေရာကို အထိပါးမခံရအောင် လုပ်ဆောင်ထားပါတယ်။ ပြည်သူ့အသက်အိုးအိမ်တွက် အကောင်းဆုံး ကာကွယ်သွားမှာပါ” ဟု ဦးမြင့်ဆွေက ဧရာဝတီသို့ ပြောကြားသည်။
မြန်မာနိုင်ငံအပေါ် ဘာသာရေးစစ်ပွဲဆင်နွဲရန် ဘာလီဗုံးဖေါက်ခွဲမှုအတွက် ယခုအခါ ထောင်ဒဏ် ၁၅ နှစ်ကျခံနေရသူ အဘူဘာကာ ဘာရှာက တိုက်တွန်းထားကြောင်း၊ အခြေခံဝါဒီများကလည်း မြန်မာသံရုံးရှေ့ ဆန္ဒပြရာတွင်လည်း အလားတူ ပြောဆိုကြောင်းနှင့် မြန်မာသံရုံးကို ဗုံးခွဲရန်ကြံစည်မှုဖြင့် အင်ဒိုနီးရှား လုံခြုံရေးတပ်ဖွဲ့များက လူ ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းများပေါ်ထွက်ခဲ့ရာ မြန်မာနိုင်ငံရှိ သတင်းစာများကလည်း ရေးသား ဖော်ပြကြသည်။ ယခုအခါ မြန်မာသံရုံးနှင့် မြန်မာသံတမန်များကို အင်ဒိုနီးရှားက လုံခြုံရေး အပြည့်အဝ ပေးထားရသည်။
“ပြည်သူတွေဘက်ကတော့ စိုးရိမ်တာတော့ ရှိမှာပါ။ မစိုးရိမ်စေချင်ဘူး။ လုံခြုံရေးပိုင်းကို အပြည့်အ၀ တာဝန်ယူထားပါတယ်။ အေးချမ်းသာယာရေးကို အဓိကထား ဆောင်ရွက်နေပါတယ်။ ဒီမှာ ရပ်ရွာအေးချမ်းသာယာရေးက အဓိကပဲ။ ဒါကိုဦးစားပေး ဆောင်ရွက်နေပါတယ်”ဟုလည်း ဦးမြင့်ဆွေကပြောသည်။
သို့ရာတွင် တိကျသည့် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားနှင့် မည်သို့ စီမံထားကြောင်း တိကျစွာ ထုတ်ဖော်မပြောပေ။
ယခင်အပတ်မူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥကံ္ကမြို့နယ်တွင် လူသတ် လုယက် မီးရှို့မှုများ ဖြစ်ပွားခဲ့ရာ လူတဦး သေဆုံးပြီး လူ ၉ ဦး ဒဏ်ရာရခဲ့သည်။ မွတ်စလင်ပိုင် ဆိုင်များ အိမ်များလည်း မီးရှို့ခံခဲ့ရသည်။
ရန်ကုန်မြို့တွင်လည်း ဘာသာရေး လူမျိုးရေး အကြမ်းဖက်တိုက်ခိုက်မှုများ ကူးစက်လာမည်ကို စိုးရိမ်နေကြသည်။ ထို့အတွက် လုံခြုံရေးဆောင်ရွက်ရာတွင် ရဲဌာနများသာမက ရပ်ကွက်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးများပါ အဆိုင်းလိုက် လုံခြုံရေးတာဝန် များချထားကြောင်း ရန်ကုန်တိုင်းဒေသအဖွဲ့ရုံးမှ ဆိုသည်။
“ရပ်ကွက်တိုင်းမှာတော့ လုံခြုံရေးအနေနဲ့ စောင့်ပေးတာပါ။ ဘယ်ဘာသာဝင်မှ ကင်းစောင့်ရမယ် မရှိပါဘူး။ တတ်နိုင်သရွှေ့လုပ်တယ်။ ဧည့်စာရင်းစစ်တယ်။ လိုအပ်လို့ အထက်ကခိုင်းလို့ လုပ်ဆောင်တာပါ။ လုံခြုံရေး လုပ်ပေမယ့် ပြည်သူ့လွတ်လပ်ခွင့်ကို မထိပါးစေတဲ့ လုံခြုံရေးမျိုး လုပ်ဆောင်နေတာပါ”ဟု မင်္ဂလာဈေးအနီးတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသူ ရပ်ကွက်အုပ်ချုပ်ရေးမှုး တဦးက ပြောသည်။
လက်ရှိမြန်မာနိုင်ငံ၌ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခများတွင် လုံခြုံရေးပိုင်း ကိုင်တွယ်ဆောင်ရွက်မှု အားနည်းမှုများရှိကြောင်း လေ့လာသူများက ဝေဖန်လျက်ရှိပြီး လုံခြုံရေး ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည် အားနည်းမှု၊ ခေတ်မီ နည်းပညာနှင့် ပစ္စည်းအင်အား မလုံလောက်မှုများကြောင့် ယခုကဲ့သို့ ဆုံးရှုံးမှုများခဲ့ကြောင်း ဆိုကြသည်။
“ရဲတွေမှာကတော့ သတ်မှတ်ချက်အလိုက် မြို့နယ်တွေမှာ တာဝန်ထမ်းဆောင်ဖို့ ၀န်ထမ်းတွေ ထားထားပါတယ်။ ဒါပေမယ့် ခေတ်မီ နည်းပညာနဲ့ လက်နက်တော့ လိုအပ်နေတယ်။ ဒီတော့ ဒီအပိုင်းကို နိုင်ငံတော်က ဖြည့်ဆည်းပေးရင် ခိုင်မာတောင့်တင်းလာမယ်။ တပ်မတော်ကို တည်ဆောက်သလိုပေါ့။ နိုင်ငံမှာ အခြေခံက ရဲ၊ ပြီး အထူးအေးဂျင့်စုံထောက်၊ ပြီးမှ တပ်မတော် ဒီလိုဖြစ်ရမှာပေါ့။ လက်ရှိ တပ်မတော် အစွမ်း ဘယ်လောက်ရှိလဲ မသိဘူး။ ဦးခင်ညွှန့်တုန်းက စသုံးလုံးက နိုင်ငံတကာမှာ တန်းဝင်တဲ့ အေးဂျင့်တခု သတ်မှတ်ခံရဖူးတယ်။ နောက်ပိုင်းတော့ မရှိတော့ဘူး။ လက်ရှိက ကြားရသလောက် မူခင်းတွေ များလာတယ်။ ရဲတွေ အသုံးမကျဘူးဆိုတာထက် ပံ့ပိုးမှု မရှိတာကြောင့် တိုးတက်မှုနှေးတာ” ဟု အငြိမ်းစား ရဲမှုးတဦးဖြစ်သူက ပြောသည်။
မြန်မာနိုင်ငံ၏ လုံခြုံရေးအတွက် ရဲဝန်ထမ်း လေးသောင်းကျော် လိုအပ်နေသေးကြောင်း၊ ရဲသားတဦးလျှင် လူ ၁၅၀၀ လောက်ကို ထိန်းနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ ဗိုလ်မှုးကြီးတင်ဝင်းက တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး တခုတွင် ပြောကြားခဲ့ဖူးသည်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက “ရဲတပ်ဖွဲ့တွေ နေ့ကောညပါ တာဝန်ယူထားပါတယ်။ အသေခံ ဗုံးခွဲတာကို တားနိုင်မလားဆိုတော့ ရအောင်တားမယ်။ ကိုယ့်နိုင်ငံအတွက် ကိုယ်ကာကွယ်သွားမှာပါ။ ဘာလက်နက်တွေရှိတယ်။ ဘယ်လိုတွေ ကာကွယ်မယ်။ ဘယ်သူတွေက တာဝန်ယူတယ်ဆိုတာထက် လူအင်အား၊ ခေတ်မီနည်းတွေက တခြားနိုင်ငံတွေထက် အားနည်းချင် နည်းမယ်။ ဒါပေမယ့် စိတ်ဓါတ်တော့ မနည်းပါဘူး”ဟု ဧရာဝတီသို့ပြောသည်။
http://burma.irrawaddy.org/archives/38924#.UYeOFD3Lu9E.facebook
နွေည
Airasia အထူး အထူး အထူး ဈေးနှုန်းများ
Inbox
x
Inbox
|
1:51 PM (11 hours ago)
![]() | ![]() ![]() | ||
| ||||

Images are not displayed. Display images below - Always display images from mail@edinooyin.com
|
မင်္ဂလာပါ
ယခုတစ်ပတ် အထူးအထုး အထူး ပရိုမိုးရှင်း လက်မှတ်ဈေးများကို မလေးရှား ၊ ထိုင်း ၊ မြန်မာ တို့တွင်နေထိုင်သောမြန်မာအားလုံ
ကျွန်တော်တို့ရောင်းချမှု့
တစ်လျှောက် အထူးပရိုမိုးရှင်းဖြစ်တာကြောင့် မလေးမှ သူငယ်ချင်များ
70ဖြင့် မြန်မာပြည်အလည်ပြန်ဖို့ အထူးကြော်ငြာပေးလိုက်ရပါတယ် ။
သချာဖတ်ရှု့ပြီး မိမိသူငယ်ချင်းများကိုလည်း အကြောင်းကြားပေးဖို့ရွှေလူငယ်မှေ
(မလေးရှားမှမြန်မာများအတွက်)
Kulala Lumpur - Yangon - Kuala Lumpur
1.6.2013 မှ 30.6.2013 အထိ(ဇွန်လတစ်လလုံး)
တစ်ကြောင်းတည်း 177.00RM (လက်ဆွဲ 7 ကီလိုပါ)
သွားပြန် 352.00RM (လက်ဆွဲ 7 ကီလိုပါ)
Kuala Lumpur - Yangon - Kuala Lumpur
1.7.2013 မှ 31.7.2013 အထိ (ဇူလိုင်လတစ်လလုံး)
တစ်ကြောင်းတည်း 97.00 RM (လက်ဆွဲ 7 ကီလိုပါ)
သွားပြန် 182.00RM (လက်ဆွဲ 7 ကီလိုပါ)
Kuala Lumpur - Yangon - Kuala Lumpur
1.8.2013 မှ 12.12.2013 အထိ (အထူးပရိုမိုးရှင်း)
တစ်ကြောင်းတည်း 70.00 RM (လက်ဆွဲ 7 ကီလိုဖြင့်)
သွားပြန် 150.00 RM (လက်ဆွဲ 7 ကီလိုဖြင့်)
အထက်ပါဈေးနှုန်းဖြင့် ရောင်းချပေးမှု့တွင် Airasia မှ သတ်မှတ်ချက်များအတိုင်းရောင်းချ
ရန်ကုန် - မလေးရှား - ရန်ကုန်
10.6.2013 မှ 30.6.2013 ကြား (ဇွန်လတစ်လလုံး)
ရန်ကုန်-မလေးရှား-ရန်ကုန် အသွားအပြန် - 360.00 MYR ONLY
ရန်ကုန်-ဘန်ကောက်-ရန်ကုန် အသွားအပြန် - 315.00 MYR ONLY
ရန်ကုန်- မလေးရှား-စင်္ကာပူ-ဘန်ကောက်-ရန်ကု
V Link Travels & Tours Co., LTD နှင့် ရွေလုငယ်ဝန်ဆောင်မှု့ အထူးအစီအဖြစ်
လေယာဉ်လက်မှတ်အားလုံးကို အွန်လိုင်းပရိုမိုးရှင်းဈေြး
တတိယ အထူး အစီအစဉ်
(မြန်မာပြည်တွင်း ကားလက်မှတ်များ မလေးရှားတွင်ဝယ်နိုင်ပြီ)
(အထက်ပါ EXPRESS BUS များသည်၊AIR-CON နှင့် ၂ယောက်ထိုင်ခုံများဖြစ်သည်။
(ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကားလက်မှတ်လဲနိုင်မည်။)
လေဆိပ်မှ အောင်မင်္ဂလာကားဂိတ်သို့ခရီးသည်ကိ
TAXI ခမှာ ခန့်မှန်းခြေ ကျပ် 3000 ခန့်ဖြစ်ပါသည်။ ၄၅ မိနစ်ခန့်မောင်းနှင်ရပါသည်။
မှတ်ချက်။ ။ကားဂိတ်သို့ ကားထွက်ချိန်တွင်အချိန်မှီမရော
အဆိုပါဈေးနှုန်းများဖြင့်ရောင်း
12.5.2013 အထိဦးရာလူစနစ်
ဖြစ်သည် ။
အကယ်၍
အခြားနိုင်ငံများမှ မြန်မာများအနေဖြင့် မလေးရှားတွင် Transit လုပ်ပြီး
ပရိုမိုးရှင်းလက်မှတ်ဖြင့် ပျံသန်းမည်ဆိုပါက သက်ဆိုင်ရာ
မလေးရှားသံရုံးများတွင် ဗီဇာလျှောက်ထားရမည်ဖြစ်သည် ။ တိုက်ရိုက် Transit
မရနိုင်ပါ ။
ရွှေလူငယ်ဝန်ဆောင်မှု့မှ
ရောင်းချသည့် လက်မှတ်တိုင်းတွင် သက်ဆိုင်ရာလေကြောင်းများ၏
ငွေပြေစာဖြတ်ပိုင်း နှင့်အတူ Check-In လက်မှတ်ထုတ်ပေးသည်အထိ ဖြစ်သည်။
ရွှေလူငယ် လက်မှတ်ရောင်းချပေးသူတိုင်းသည် အထက်ပါဈေးနှုန်းများအတိုင်းသာ
ရောင်းချပေးမည်ဖြစ်ပါသည် ။
Malaysia 0124468842
ရွှေကမ္ဘာစားသောက်ဆိုင်ပေါ် ဒုတိယထပ် ၊
ကွာလာလမ်ပူ ။
Myanmar - +951 1220394 , 095171204
V LINK TRAVELS & TOURS CO., LTD.
အမှတ် 103 ၊ ပထမထပ် ၊ ရွှေလိပ်ပြာ Apartment Block -1 ၊
အောက်ကြည့်မြင်တိုင်လမ်း ၊ ကြည့်မြင်တိုင်မြို့နယ် ရန်ကုန် ။
Office(Yangon) - 1220394
ဦးမင်း - 09450008945
ကိုအောင် - 09420009438
ကိုတူး - 095170410
ကိုလင်း - 095171204
luggage အပိုကီလိုသယ်ပါက
15KG - 35.00 RM
20KG - 40.00 RM 25KG - 50.00 RM 30KG - 70.00 RM 40KG - 120.00 RM
FAQ. (Frequently Ask Questions)
မေး ၁. ကျွန်တော်တို့မတွက်တတ်ဘူး အပေါ်ကရက်စွဲအတိုင်းပြန်မယ်ဗျာ အသွားအပြန် ကီလို 20 စီလဲပါမယ် ဘယ်လောက်လဲ?
ဖြေ . ဟုတ်ကဲ့ အပေါ်က ကျွန်တော်တို့ ရောင်းတဲ့ဈေးမှာ ကီလို 20 ဆို ၄၀ ပေါင်းပေးရင်ပြီးပါပြီ ။ အခြားအပိုတစ်ပြားမှ မပေးရပါဘူး ။
မေး ၂. စိတ်မရှိနဲ့ အဲ့တာတွေအပြင်ဝန်ဆောင်ခပေးရသေး ဖြေ . တစ်ပြားမှ ထပ်ပေးဖို့မလိုပါဘူးခင်ဗျာ ။ အသက်အာမခံဝယ်ပါက 10.50 RM ဖြင့်ဝယ်ယူနိုင်ပါတယ် ။ မဝယ်ချင်လည်း ရပါတယ် ။
မေး ၃. အဲ့တာလေဆိပ်အထိ ပို့ပေးသလား ?
ဖြေ
.မပို့ပေးပါဘူး လေဆိပ်ကိုကားငှားစရာလဲမလိုပါဘူး Airasia လေဆိပ်နဲ့ KL
Central ကို 24 နာရီလုံး နာရီဝက်တစ်စီး ပြေးဆွဲပေးနေပြီး ကြိုက်သလောက်
လက်ဆွဲအိတ်ပါလာပါစေ 7.00 RM ပဲပေးရပါတယ် ။ သို့သော် မြန်မာ taxi
ငှားမည့်သူများရှိပါက ကူညီပေးပါတယ်။
မေး ၄. ပီနန်း ၊ ဂျုဟိုး ၊ စင်္ကာပူ ကလာမယ်ဆိုရင်ရော အကိုတို့လေယာဉ်စီစဉ်ပေးပါသလား ?
ဖြေ
. ပီနန်း ၊ ဂျိုဟိုး ၊ စင်္ကာပူ မှ ကွာလာလမ်ပူ Airasia လေဆိပ်သို့
ပရိုမိုးရှင်းဈေး 39.00RM မှ 90.00 အတွင်း နေ့တိုင်း တစ်ရက် 9 ကြောင်း
ပျံသန်းပေးသည် ။ မိမိသွားလိုသောရက်သာပြောပါ ၊ ကျွန်တော်တို့စီစဉ်ပေးပါသည် ။
မေး ၅. ခုဝယ်မယ့်လက်မှတ်က သွားခါနီးလဲစရာလိုသေးလား ?
ဖြေ . ရွှေလူငယ်တွင်မှာယူသောလက်မှတ်သည် မြန်မာပြည်သာမက Airasia ပျံသန်းသော လေဆိပ်တိုင်းတွင် တိုက်ရိုက် Checking ဝင်ပြီးလေယာဉ်စီးရန်သာဖြစ်သည် မည်သည့် ရုံးများတွင်မှလဲလှယ်ရန်မလိုပါ ။ ထိုမျှမက မလေးရှားမှ ကီလိုမပါပဲပြန်မည့်သူများအတွက် လေယာဉ်ပေါ်တန်းတက်စီးရန် တိုက်ရိုက် Checkin ဝင်ပေးသည်။
မေး ၆. မြန်မာပြည်တွင် ရွှေလူငယ်ဝန်ဆောင်မှု့ရှိပါသလား ?
ဖြေ . ယနေ့မြန်မာပြည်တွင် ရွေလူငယ်ဝန်ဆောင်မှု့အောင်မြင်စွ
မေး
၇. ကျွန်တော်တို့ လက်မှတ်ကိုသူဌေး / အေးဂျင်းကဝယ်ပေးထားတာ အဲ့တာ
ကီလိုပိုဝယ်လို့ရလား ၊ ပြီးတော့ လေဆိပ်မှာလူအရမ်းများလို့ ကြိုပြီး Checkin
ဝင်ချင်တာရောရလား ?
ဖြေ
.မည်သူဝယ်ပေးသည့်လက်မှတ်ဖြစ်စေ ရွှေလူငယ်တွင် ကီလိုပိုဝယ်နိုင်ပြီး ။
ခရီးမထွက်ခင် ၂ ပတ် (14) ရက်အလိုမှာ မည်သူမဆို Checkin ဝင်ရန်အတွက်
လာရာက်ဆောင်ရွက်နိုင်ပြီဖြစ်သည် ။
မေး ၈ . အိုကေဗျာ ကြိုက်ပြီ ဘယ်မှာဝယ်ရမလဲ ?
ဒီလိုဆိုတော့လဲ မလေးရှားကဆို အောက်ကဖုန်းနံပတ်
0124468842
|























