This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, February 24, 2013

ဒေါက်တာမောင်မောင်၏ သက်ရှိရာဇ၀င်စာအုပ်မှ မှတ်တမ်းဓာတ်ပုံအချို့

ဒေါက်တာမောင်မောင် ၊ သက်ရှိ ရာဇ၀င်။


ဒေါက်တာမောင်မောင်သည် သက်ရှိရာဇ၀င် စာအုပ်ကို ၁၉၅၅ ခုနှစ်က ရေးသားထုတ်ဝေခဲ့ပါသည်။ ၁၉၅၅ ခုနှစ်ခန့်က ဖဆပလ အစိုးရအဖွဲ့အတွင်းမှ ၀န်ကြီးများ၊ ပုဂ္ဂိုလ်ကြီးများအကြောင်းကို ဒေါက်တာမောင်မောင်က ကိုယ်တိုင် မေးမြန်းပြီး ရေးသားထားခဲ့သည့် စာအုပ်ဖြစ်ပါသည်။
 
ယခုချိန် ဖတ်လျှင်တော့ အဖြေထွက်ပြီး ဖြစ်သည့် သင်္ချာပုစ္ဆာတစ်ပုဒ်ကို အဆုံး အဖြေမှ အစသို့ နောက်ပြန် ပြန်ဖတ်သလို အဖြေကိုသိပြီး ဖြစ်မည်ထင်ပါသည်။ ရခဲ့ပြီးသည့် အဖြေသည် ကောင်းသည်ဖြစ်စေ ဆိုးသည့်ဖြစ်စေ၊ ကြိုက်သည့်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ နှစ်သက်သည့်ဖြစ်စေ မုန်းသည်ဖြစ်စေ စာဖတ်သူ ကျွန်တော်တို့အတွက်တော့ ပြောင်းလဲလို့မရတော့သည့် အဖြေများ ဖြစ်နေပါပြီ။
 
ဤစာအုပ်ကို အလွယ်တကူ ဖတ်ရှုမရနိုင်မည့် နိုင်ငံရပ်ခြားမှ စိတ်ဝင်စားသူများ အမြည်းလေ့လာနိုင်ရန်နှင့် ဓါတ်ပုံများကို မြင်ဖူးပြီး ရည်ညွှန်း အသုံးပြုနိုင်ကြစေရန် ရည်ရွယ်၍ ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဓါတ်ပုံများ၏ မူရင်းနေရာသည် သက်ရှိရာဇ၀င် စာအုပ်မှသာ ဖြစ်သည်။ စီးပွားရေးအတွက် မဟုတ်ဘဲ မြန်မာအင်တာနက်လောကတွင် လိုအပ်နေသည့် ပုံရိပ်များကို ဖြည့်ဆည်းနိုင်ရန် ဖော်ပြခြင်းသာ ဖြစ်သဖြင့် ခွင့်ပြုပါရန် ဤစာအုပ်၊ ဓါတ်ပုံများနှင့် သက်ဆိုင်သူများအား လေးစားစွာ ပန်ကြားအပ်ပါသည်။


ဒေါက်တာမောင်မောင် ၊ သက်ရှိ ရာဇ၀င်

ပထမအကြိမ် ၊ သမာမ္ပိတ္တ အပြည်ပြည်ဆိုင်ရာ ပညာရေးစာအုပ် ဖြန့်ချိရေး ဌာန ၊ ၁၉၅၆ ခုနှစ် ၊ ဒုတိယအကြိမ် ၊ Unity Publishing House ၊ ၂၀၁၁ သြဂုတ်လ ၊
 
ဒုတိယအကြိမ်ထုတ် စာအုပ် မျက်နှာဖုံး ၊ ဒီဇိုင်း - ခွန်ကျော်စွာ




ဦးသိမ်းမောင်
နိုင်ငံတော် တရားသူကြီးချုပ် (၁၇ ဇူလိုင် ၁၈၉၀ - ၁၁ မတ် ၁၉၇၅) ပေါင်းတည်မြို့


ဗိုလ်ချုပ်ကြီး နေ၀င်း
ကာကွယ်ရေး ဦးစီးချုပ် ၊ ၁၄ မေ ၁၉၁၁ - ၅ ဒီဇင်ဘာ ၂၀၀၁ ၊ ပြည်ခရိုင် ပေါင်းတလည်မြို့

ဦးကျော်ငြိမ်း
စက်မှုလက်မှုဌာန၀န်ကြီး ၊ ၁၉ ဇန်န၀ါရီ ၁၉၁၃ - ၂၉ ဇွန် ၁၉၈၆ ၊ ပျဉ်းမနားမြို့


 ဦးဗဆွေ
ကာကွယ်ရေး နှင့် သ္ပတ္တုတွင်းဌာန ၀န်ကြီး ၊ ၇ အောက်တိုဘာ ၁၉၁၅ - ၆ ဒီဇင်ဘာ ၁၉၈၇၊ ထားဝယ်မြို့ ၊ အုန်းပင်ကွင်း


ဗိုလ်မှူးအောင်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ၊ ၃၀ သြဂုတ် ၁၉၁၀ - ၉ နိုဝင်ဘာ ၂၀၀၄ ၊


ဗိုလ်ခင်မောင်ကလေး
ပြည်ထဲရေးဌာန၀န်ကြီး ၊ ၁၂ အောက်တိုဘာ ၁၉၁၂ - ၂၇ စက်တင်ဘာ ၁၉၈၅ ၊ မန္တလေးမြို့


ဦးထွန်းဝင်း
ပြန်ကြားရေး ဌာန၀န်ကြီး ၊ ၃၁ ဒီဇင်ဘာ ၁၉၁၇ - ၁၉၇၀ ၊ ထားဝယ်မြို့


သခင်ချစ်မောင်
ပြည်သူ့လုပ်ငန်းဌာန၀န်ကြီး ၊ ၁၄ ဇူလိုင် ၁၉၁၄ - ၉ အောက်တိုဘာ ၁၉၇၉ ၊ ကြံခင်းမြို့


ဦးသန်းအောင် (ခ) မစ္စတာရစ်ဗား
ပညာရေးဌာန၀န်ကြီး ၊ ၈ သြဂုတ် ၁၉၀၂ - ၁၄ ဇန်န၀ါရီ ၁၉၈၆ ၊

Mingalarpar ဘလော့မှ ကူးယူဖော်ပြပါသည်။

မယားလေးယောက်နဲ့လူသား

ဒီဇာတ်လမ်းလေးက တကယ့်အဖြစ်အပျက်ဆိုပဲ...
ဘယ်ဆီဘယ်တုန်းကမှန်းမသိရတဲ့ ကာလတစ်ခုကပဲလို့ ထားပါတော့။
မယားလေးယောက်ရှိတဲ့ ကုန်သည်တစ်ယောက်အကြောင်းပါ။
ဒီဇာတ်လမ်းလေးကို သူသေခါနီးဆဲဆဲမှာ ရေးခဲ့တာပါ။
မယားလေးယောက်နဲ့လူရဲ့ ဖွင့်ဟ၀န်ခံချက်လို့လဲ ဆိုချင်ဆိုနိုင်ပါတယ်။
ဒီလိုပါ။
စောစောက ပြောတဲ့အတိုင်းပဲ သူ့မှာ မယားလေးယောက်ရှိပါတယ်။
အဲဒီလေးယောက်ထဲမှာ လေးယောက်မြောက်မယားကို သူက အချစ်ဆုံးပါတဲ့။
သူလေးအတွက်ဆိုရင် ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ အ၀တ်အစားတွေ ဆင်တယ်။ သူလေးကို အနူးညံ့ဆုံး အပျော့ပြောင်းဆုံး ဆက်ဆံတယ်။
သူ့မှာ ရှိသမျှ အကောင်းဆုံးဆိုတဲ့ အရာတွေကို သူလေးအတွက် ရည်ရွယ်ပါတယ်တဲ့။
တတိယမယားကိုကျတော့လဲ သူသိပ်ချစ်တာပဲတဲ့။ ဒီမယားလေးကတော့ သူ့အတွက်
ဂုဏ်ယူစရာတစ်ခုပါတဲ့။ သူလေးနဲ့တွဲပြီး မိတ်ဆွေအပေါင်းအသင်းတွေကြား
ပွဲတက်ရတာ အတော်ကျေနပ်ဖို့ကောင်းဆိုပဲ။ ဒါပေမယ့် သူလေး ဘယ်အချိန်မှာများ
ဘယ်သူနဲ့ လိုက်ပြေးသွားမလဲလို့ သူ့မှာ အမြဲစိတ်တထင့်ထင့်နဲ့
စိုးရိမ်နေရပါတယ်တဲ့။
ဒုတိယဇနီးကိုလည်း သူက ချစ်တာပဲတဲ့။ အင်း.. အချစ်တွေ တယ်ပေါနော်။
သူလေးကတော့ သိပ်ကိုကြင်နာတက်ပြီး အကူအညီအရမ်းရတဲ့ မိန်းမပါတဲ့။ အမြဲလည်း
သည်းခံတတ်တယ်။ တကယ်တော့ သူလေးဟာ သူ့ရဲ့ တီးတိုးဖော် တိုင်ပင်ဖက်ပါတဲ့။
ကြမ်းတမ်းခက်ခဲမှုတွေ ကြုံလာရတဲ့အခါတိုင်း သူ့ကိုကူညီပြီးတော့
အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပေးတတ်သူပါတဲ့။
ပထမ မယားကြီး။ သူကတော့ သိပ်ကို သစ္စာရှိတဲ့ အဖော်ပါတဲ့။ သူ့ရဲ့
စည်းစိမ်ဥစ္စာရှာဖွေမှုတွေ စီးပွားရေးလုပ်ငန်းတွေမှာ
အများဆုံးကူညီအကျိုးပြုခဲ့တဲ့ ဇနီးသည်တစ်ယောက်ပေါ့။ တစ်အိမ်လုံးရဲ့
ကိစ္စ၀ိစ္စတွေကိုလည်း သူပဲ စီမံခန့်ခွဲတာတဲ့။ ဒါပေမယ့်ပေါ့ဗျာ။ အဲဒီ
ပထမမယားကြီးကိုကျတော့ သူက မချစ်ဘူးတဲ့ဗျ။ ဟိုကတော့ သူ့ကို တကယ့်ကို
နှစ်နှစ်ကာကာ ချစ်ရှာပါတယ်။ သူကတော့ တစ်ခါတစ်လေမှာ ရှိတယ်လို့တောင်
အမှတ်မထား ဂရုမစိုက်မိတတ်ပါဘူးတဲ့။
တစ်နေ့မှာတော့ ကုန်သည်ဟာ နာမကျန်းဖြစ်လာပါတယ်။
သိပ်မကြာခင်အချိန်အတွင်းမှာပဲ သူဟာ သေရတော့မယ်ဆိုတာကို
သဘောပေါက်လာပါတယ်တဲ့။ စည်းစိမ်ဥစ္စာတွေ ပြည့်စုံကြွယ်ဝတဲ့
သူ့ဘ၀အကြောင်းကို စဉ်းစားမိလာပါတယ်။ အင်းပေါ့ မယားလေးယောက်အကြောင်းလဲ
ပါတာပေါ့။ သူက “အခုငါ့မှာ မယားလေးယောက်တောင်ရှိနေတယ်။ ဒါပေမယ့်
ငါသေသွားရင် တမလွန်မှာ ငါတစ်ယောက်ထဲ ဖြစ်နေတော့မှာပဲ။ အရမ်းကို
အထီးကျန်မှာပဲ” လို့ စဉ်းစားမိသတဲ့။
အဲဒါနဲ့ပဲ သူ့ရဲ့အချစ်ဆုံး စတုတ္ထမယားလေးကိုခေါ်ပြီး ပြောပါတယ်။ “မိန်းမရေ
မင်းကို ကိုယ်အချစ်ဆုံးပါ။ မင်းအတွက်ဆို ကောင်းပေ့ညွန့်ပေ့ဆိုတဲ့
အ၀တ်အစားတွေ ပုံအောပေးခဲ့တယ်။ မင်းကိုလည်း အရမ်းကို ဂရုစိုက်ခဲ့တယ်။
အခုတော့ ကိုယ်သေရတော့မယ်။ မင်း ကိုယ်နဲ့လိုက်ပြီး အဖေါ်လုပ်ပေးနိုင်မလားကွယ်”
“ဟင့်အင်း လုံးဝမဖြစ်နိုင်ပါဘူး” သူလေးက ပြန်ပြောပါတယ်။ နောက်ထပ်လည်း
စကားတစ်ခွန်းတောင် ထပ်မပြောတော့ပဲ အနားကထွက်သွားပါသတဲ့။
ဒီအဖြေဟာ သူ့ရဲ့နှလုံးသားကို ဓါးထက်ထက်နဲ့ မွှန်းလိုက်သလိုပါပဲတဲ့။
ကုန်သည်ဟာ သိပ်ကို ၀မ်းနည်းကြေကွဲသွားပြီး တတိယ မယားကို ခေါ်ပြီး
ပြောပြန်ပါတယ်။
“မိန်းမရေ ကိုယ့်ဘ၀တစ်လျှောက်လုံးမှာ မင်းကို သိပ်ချစ်ခဲ့ပါတယ်။ အခုတော့
ကိုယ်သေရတော့မယ်။ မင်း ကိုယ်နဲ့လိုက်ပြီး အဖေါ်လုပ်ပေးနိုင်မလားကွယ်”
“ဟင့်အင်း မဖြစ်နိုင်ပါဘူးရှင်” တတိယမယားက ပြန်ပြောပါတယ်။ “ဘ၀ဆိုတာ
ရှင်သန်နေရတာ သိပ်ကိုပျော်ရွှင်ဖို့ကောင်းပါတယ်။ ရှင်သေသွားခဲ့ရင်
ကျမကတော့ နောက်အိပ်ထောင်ပြုမှာပါ”
ကုန်သည်ရဲ့ နှလုံးသားဟာ ကွဲအက်ကြေမွသွားပြီး အေးခဲသွားခဲ့ပါတယ်။ သူက တတိယ မယားကို ခေါ်ပြီးမေးပြန်ပါတယ်။ “မိန်းမရေ ကိုယ်
အကူအညီလိုတဲ့အခါတိုင်း မင်းဆီကို လာခဲ့တယ်နော်။ မင်းကလဲ ကိုယ့်ကို
အမြဲတမ်း ကူညီပေးခဲ့တယ်။ အခု ကိုယ်မင်းရဲ့ အကူအညီကို လိုနေပြန်ပြီကွယ်။
ကိုယ်သေသွားတဲ့အခါ မင်း ကိုယ်နဲ့လိုက်ပြီး အဖေါ်လုပ်ပေးနိုင်မလားဟင်”
“မဖြစ်နိုင်ပါဘူးရှင်၊ ဒီတစ်ခါတော့ အစ်ကို့ကို ကျမ မကူညီနိုင်တော့ပါဘူး”
တတိယဇနီးသည်က ပြန်ဖြေပါတယ်။ “ကျမအလွန်ဆုံးလုပ်ပေးနိုင်တာကေ တာ့ အစ်ကို့ရဲ့
နောက်ဆုံးခရီးကို လိုက်ပို့ပေးနိုင်တာ တစ်ခုပါပဲ”
ဒီအဖြေဟာ မိုးကြိုးသွားတစ်ခုလို သူ့ရဲ့ နှလုံးသားကို ချေမွဖျက်ဆီးလိုက်ပြီး သူဟာ
ဝမ်းနည်းပက်လက်နဲ့ ယူကြုံးမရဖြစ်သွားပါတယ်တဲ့။
အဲဒီအချိန်မှာပဲ အသံတစ်သံက ပြောပါတယ်။ “ကျမ ရှင်နဲ့အတူ သွားပါ့မယ်။
ရှင်ဘယ်ကိုပဲ သွားသွား ကျမအတူလိုက်ခဲ့ပါမယ်” ကုန်သည်က
မော့ကြည့်လိုက်တဲ့အခါမှာတော့ အစာအဟာရ မပြည့်ဝတဲ့လူတစ်ယောက်လို
ပိန်လှီပြီး အရိုးနဲ့အရေပဲ ဖြစ်နေတဲ့ သူ့ရဲ့ ပထမဇနီးသည်ကို တွေ့လိုက်ရပါတယ်တဲ့။
အဲဒီတော့မှ ကုန်သည်ဟာ ၀မ်းနည်းကြေကွဲစွာနဲ့ ပြောရှာပါတယ်။
“ကိုယ် ဂရုစိုက်နိုင်တဲ့အချိန်တုန်းက မင်းကို အခုထက်အများကြီး ပိုပြီး ဂရုစိုက် ခဲ့
သင့်တာပါကွယ်”
အခုတော့ ကုန်သည်ဟာ သေဆုံးသွားလောက်ရောပေါ့။ သူ့ရဲ့ ပထမဇနီးသည်လဲ သူနဲ့အတူ လိုက်သွားလောက်ရောပေါ့နော်။
တကယ်တော့ ကျနော်တို့အားလုံးရဲ့ ဘ၀မှာ မယားလေးယောက်စီ ရှိတယ်ဆိုတာကို ဆိုလိုချင်တာပါ
၁။ စတုတ္ထမယားဆိုတာ ကျနော်တို့ရဲ့ ရုပ်ခန္ဓာကိုယ်ပါတဲ့။ ဘယ်လောက်ပဲ သူ့ကို
ကြိုးစားပမ်းစား ရက်ရက်ရောရော အလှဆင်ပေမယ့် ကျနော်တို့သေဆုံးသွားတဲ့အခါ
ကျနော်တို့ကို စွန့်ခွာသွားမှာပါပဲတဲ့။
၂။ တတိယမယားဆိုတာ ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုတွေ ရာထူးဂုဏ်သိမ်
စည်းစိမ်ဥစ္စာတွေပေါတဲ့။ ကျနော်တို့ သေဆုံးသွားတဲ့အခါ တခြားသူတွေဆီကို
ရောက်သွားမယ့် အရာတွေပါတဲ့။
၃။ ဒုတိယ မယားဆိုတာကတော့ ကျနော်တို့ရဲ့ မိသားစုတွေနဲ့
မိတ်ဆွေသင်္ဂဟတွေပါတဲ့။ ရှင်သန်နေထိုင်စဉ်အတွင်းမှာ ဘယ်လောက်ပဲ
ရင်းနှီးချစ်ကျွမ်းဝင်မှုတွေရှိ ကြပေမယ့် သူတို့တစ်တွေ အလွန်ဆုံး
အတူရှိနေနိုင်တဲ့အချိန်ဟာ ကျနော်တို့ရဲ့ နောက်ဆုံးခရီးကို
လိုက်ပါပို့ဆောင်ချိန် အထိပါပဲတဲ့။
၎။ ပထမ မယားကြီးဆိုတာကတော့ ကျနော်တို့ရဲ့ စိတ်ဝိဥာဉ်ပါတဲ့။ ရုပ်ဝတ္ထုတွေ
စည်းစိမ်ချမ်းသာတွေနဲ့ ကာမဂုဏ်အာရုံတွေနောက်ကို ကောက်ကောက်ပါအောင်
လိုက်ရင်း အမြဲလိုလို မေ့လျော့ ဥပေက္ခာပြုထားခြင်းခံနေရတဲ့ အရာပါတဲ့။
စဉ်းစားကြည့်လိုက်ပါ။ တကယ်တော့ စိတ်ဝိဥာဉ်ကသာ ကျနော်တို့ ဘယ်သွားသွား
အမြဲအတူလိုက်နေမယ့် အရာပါ။ အိပ်ယာပေါ်မှာ သေငယ်ဇောနဲ့ မျောနေမယ့်
အချိန်အထိမစောင့်ပဲနဲ့ အခုကတည်းက သူ့ကို ကျန်းမာသန်စွမ်းလာအောင်
လေ့ကျင့်ပျိုးထောင်ထားဖို့ဆိုတာ အကြံကောင်း ဥာဏ်ကောင်းတစ်ခု မဟုတ်လားဗျာ။
(အင်တာနက်မှာ တွေ့ရတဲ့ စာလေးတစ်ပုဒ်ကို ဆီလျှော်အောင် ဘာသာပြန်ထားတာပါ။
တကယ်တော့ ဒါဟာ ဘာသာခြားပုံပြင်လေးတစ်ပုဒ်ပါ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့
စိတ်ဝိဥာဉ် ဆိုတဲ့နေရာမှာ ‘ကမ္မ’ သို့မဟုတ် ‘ကံ’ လို့ အစားထိုး မှတ်ယူနိုင်ပါတယ်။

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နည်း



မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။

မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။
...See More
ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နည်း

မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။

မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။


အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

--
Aung Kham (TSJ team)
ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နည်း

မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။

မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။


အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

--
Aung Kham (TSJ team)

Saturday, February 23, 2013

မိခင်ဖြစ်သူ သေခါနီးဖြစ်နေသဖြင့် ဖခင်က သားသမီးများကိုသတ်ကာ မိမိကိုယ်ကို အဆုံးစီရင်

မိခင်ဖြစ်သူ သေခါနီးဖြစ်နေသဖြင့် ဖခင်က သားသမီးများကိုသတ်ကာ မိမိကိုယ်ကို အဆုံးစီရင်
Thursday, February 21, 2013

မိခင်ဖြစ်သူ သေအံ့မူးမူး ဝေဒနာခံစားနေရချိန်တွင် ဖခင်ဖြစ်သူက သားသမီးများအားလုံးကို သတ်ပစ်လိုက် သည့် ပြစ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

အသက် ၃၅ နှစ်အရွယ်ရှိ စီရီ ဖူးလားဆိုသူသည် အသက် ၁၂ နှစ်အရွယ် သားဖြစ်သူ ဆမ်၊ သမီးများဖြစ်သည် ရေဘက်ကာ (၈ နှစ်)၊ ရှားလော့ (၇ နှစ်) တို့အား ဓားဖြင့်ထိုးသတ်ပြီး နောက် သူကိုယ်တိုင် ပေ ၈၀ ခန့်နက်သည့် ချောက်ထဲသို့ ခုန်ချကာ သတ်သေခဲ့သည့် ပြစ်မှုတစ်ခု အမေရိကန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည်။

ထိုသို့ ကလေးများကို မသတ်မီ တစ်ရက်အလိုတွင် အိပ်ယာထဲ၌ လဲနေသည့် သေလုမြောပါးဖြစ်နေသော အသက် ၃၄ နှစ်အရွယ်ရှိ မိခင် ရုသ်က “အားလုံး ပျက်စီးသွားပြီ” ဆိုသည့် စာတစ်စောင်ကို ရေးသား
ခဲ့ကြောင်း၊ ကလေးများ သေဆုံးပြီး ဆွေမျိုးများက နှစ်သိမ့်
အားပေးထားရ ကြောင်း သတင်းရရှိသည်။

ကလေးများအလောင်းကို အသုံးမပြုဘဲ စွန့်ပစ်ထားသည့် မိုင်းတွင်းဟောင်းတစ်ခု အတွင်း ရက်အတန်ကြာမှ တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။

ရွှေမောင်
မောက္ခ
မိခင်ဖြစ်သူ သေခါနီးဖြစ်နေသဖြင့် ဖခင်က သားသမီးများကိုသတ်ကာ မိမိကိုယ်ကို အဆုံးစီရင် Thursday, February 21, 2013 မိခင်ဖြစ်သူ သေအံ့မူးမူး ဝေဒနာခံစားနေရချိန်တွင် ဖခင်ဖြစ်သူက သားသမီးများအားလုံးကို သတ်ပစ်လိုက် သည့် ပြစ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အသက် ၃၅ နှစ်အရွယ်ရှိ စီရီ ဖူးလားဆိုသူသည် အသက် ၁၂ နှစ်အရွယ် သားဖြစ်သူ ဆမ်၊ သမီးများဖြစ်သည် ရေဘက်ကာ (၈ နှစ်)၊ ရှားလော့ (၇ နှစ်) တို့အား ဓားဖြင့်ထိုးသတ်ပြီး နောက် သူကိုယ်တိုင် ပေ ၈၀ ခန့်နက်သည့် ချောက်ထဲသို့ ခုန်ချကာ သတ်သေခဲ့သည့် ပြစ်မှုတစ်ခု အမေရိကန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည်။ ထိုသို့ ကလေးများကို မသတ်မီ တစ်ရက်အလိုတွင် အိပ်ယာထဲ၌ လဲနေသည့် သေလုမြောပါးဖြစ်နေသော အသက် ၃၄ နှစ်အရွယ်ရှိ မိခင် ရုသ်က “အားလုံး ပျက်စီးသွားပြီ” ဆိုသည့် စာတစ်စောင်ကို ရေးသား ခဲ့ကြောင်း၊ ကလေးများ သေဆုံးပြီး ဆွေမျိုးများက နှစ်သိမ့် အားပေးထားရ ကြောင်း သတင်းရရှိသည်။ ကလေးများအလောင်းကို အသုံးမပြုဘဲ စွန့်ပစ်ထားသည့် မိုင်းတွင်းဟောင်းတစ်ခု အတွင်း ရက်အတန်ကြာမှ တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။ ရွှေမောင် မောက္ခ
 credit to Myanmar Online News
စာပေဝေမျှသူ
မော်နီကာ

(ကမ္ဘာ့အကြီးဆုံးတွင်းနက်ကြီး)

တောင်အာဖရိကမှာရှိတဲ့ kimberley big h*** (ကမ္ဘာ့အကြီးဆုံးတွင်းနက်ကြီး)

ဒီနေရာကို ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံး တွင်းနက်ကြီးလို့ ယူဆရပါတယ်။ အနက်အားဖြင့်တော့ ၁၀၉၇ မီတာနက်ပြီး၁၉၁၄ မှာ ဒီတွင်းနက်ကြီးကို မပိတ်ခင် အထိတော့ စိန် ၃ တန်လောက် ထွက်ရှိခဲ့တယ်လို့သိရပါတယ်။ အကယ်၍ဒီတွင်းနက်ကြီးကို လူတွေကသာ ဖန်တီးမယ်ဆိုရင် မြေကြီးပေါင်း ၂၂.၅ မီလီယံတန်လောက်ဖယ်ရှားပစ်ရမယ်လို့သိရပါတယ်။
Photo: တောင်အာဖရိကမှာရှိတဲ့ kimberley big hole (ကမ္ဘာ့အကြီးဆုံးတွင်းနက်ကြီး) ဒီနေရာကို ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံး တွင်းနက်ကြီးလို့ ယူဆရပါတယ်။ အနက်အားဖြင့်တော့ ၁၀၉၇ မီတာနက်ပြီး၁၉၁၄ မှာ ဒီတွင်းနက်ကြီးကို မပိတ်ခင် အထိတော့ စိန် ၃ တန်လောက် ထွက်ရှိခဲ့တယ်လို့သိရပါတယ်။ အကယ်၍ဒီတွင်းနက်ကြီးကို လူတွေကသာ ဖန်တီးမယ်ဆိုရင် မြေကြီးပေါင်း ၂၂.၅ မီလီယံတန်လောက်ဖယ်ရှားပစ်ရမယ်လို့သိရပါတယ်။

ထူးထူးဆန်းဆန်း အလူမီနီယံ တိုက်လေယာဉ်လေးပါ............

အလူမီနီယံနှင့်ပြုလုပ်ထားသော တိုက်လေယာဉ်ပုံစံငယ်

အင်ဂျင်၊လက်နက်၊ထိန်းချုပ်ကရိယာ စသည်ဖြင့်အသေးစိပ်ပြုလုပ်ထားတာပါ။၎င်းကိုနာရီပေါင်း ၆၀၀၀ ကြာအောင်ပြုလုပ်ခဲ့ရပါတယ်။
Photo: အလူမီနီယံနှင့်ပြုလုပ်ထားသော တိုက်လေယာဉ်ပုံစံငယ် အင်ဂျင်၊လက်နက်၊ထိန်းချုပ်ကရိယာ စသည်ဖြင့်အသေးစိပ်ပြုလုပ်ထားတာပါ။၎င်းကိုနာရီပေါင်း ၆၀၀၀ ကြာအောင်ပြုလုပ်ခဲ့ရပါတယ်။

ကမ္ဘာ့အသန်မာဆုံးမိန်းကလေးငယ် ဂရင်းနစ် စံချိန်ကို နှစ်ကြိမ်ဆက်တိုက်ရရှိခဲ့................

ကမ္ဘာ့အသန်မာဆုံးမိန်းကလေးငယ်

သူမကို မိန်းကလေးဟာကြူလီလို့ သူငယ်ချင်းတွေက ခေါ်ကြတယ် ။ ဒီကလေးနာမည်က Varya Akulova ဖြစ်ပါ တယ် ။ သူမ ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်ရှိကတည်းက ၃၅၀ ကီလိုဂရမ်ကို သာသာလေးမ နိုင်ခဲ့တယ် ။ ကမ္ဘာ့အ သန်မာဆုံးမိန်းကလေးငယ်ပါပဲ ။ ဒီအချက်ကို ဂင်းနစ်မှတ်တမ်းကလည်း နှစ်ကြိမ်တိုင်တိုင် သက်သေ ပြုခဲ့ပြီး ပါပြီ ။

Varya ရဲ့ ကြွက်သားတွေက မြင်သာတယ်ဆိုယုံလေးပါ အရမ်းကြီးသန်မာထွားကြိုင်နေတာတော့မဟုတ်ခဲ့ဘူး ။ ဒါပေမယ့် သူ့ရဲ့ အလေးချိန်တွေကို ` မ ´ နိုင်တဲ့ စွမ်းအင်ကတော့ အံ့သြလောက်စရာပါပဲ ။ သူ့မှာ တောင့် တင်းတဲ့ ခန္ဓာနဲ့ ကြိုးတွေလို အရွတ်တွေလည်းပိုင်ဆိုင်ထားတယ် ။

Varyaကပြောတာကတော့ ` ကျွန်မ ကြီးထွားချင်ပါတယ်တကယ့်ကို ကြီးထွားချင်ပါတယ် ၁၉၀ စင်တီ မီတာလောက်အရပ်မြင့်ပြီး ကိုယ်အလေးချိန် ၁၀၀ ကီလို ဂရမ်ထက်ပိုလေးချင်ပါတယ် ဖေဖေ့လိုပေါ့ ´ တဲ့ ။ တ ကယ်တော့ Verya ဟာ သူမအတန်းမှာလည်း အတော်ဆုံးကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ် ။ အခုဆို သူမ ၇ တန်းကိုတက်ရောက်နေပြီဖြစ်ပါတယ် ။

Source : http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPo...
Photo: ကမ္ဘာ့အသန်မာဆုံးမိန်းကလေးငယ် သူမကို မိန်းကလေးဟာကြူလီလို့ သူငယ်ချင်းတွေက ခေါ်ကြတယ် ။ ဒီကလေးနာမည်က Varya Akulova ဖြစ်ပါ တယ် ။ သူမ ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်ရှိကတည်းက ၃၅၀ ကီလိုဂရမ်ကို သာသာလေးမ နိုင်ခဲ့တယ် ။ ကမ္ဘာ့အ သန်မာဆုံးမိန်းကလေးငယ်ပါပဲ ။ ဒီအချက်ကို ဂင်းနစ်မှတ်တမ်းကလည်း နှစ်ကြိမ်တိုင်တိုင် သက်သေ ပြုခဲ့ပြီး ပါပြီ ။ Varya ရဲ့ ကြွက်သားတွေက မြင်သာတယ်ဆိုယုံလေးပါ အရမ်းကြီးသန်မာထွားကြိုင်နေတာတော့မဟုတ်ခဲ့ဘူး ။ ဒါပေမယ့် သူ့ရဲ့ အလေးချိန်တွေကို ` မ ´ နိုင်တဲ့ စွမ်းအင်ကတော့ အံ့သြလောက်စရာပါပဲ ။ သူ့မှာ တောင့် တင်းတဲ့ ခန္ဓာနဲ့ ကြိုးတွေလို အရွတ်တွေလည်းပိုင်ဆိုင်ထားတယ် ။ Varyaကပြောတာကတော့ ` ကျွန်မ ကြီးထွားချင်ပါတယ်တကယ့်ကို ကြီးထွားချင်ပါတယ် ၁၉၀ စင်တီ မီတာလောက်အရပ်မြင့်ပြီး ကိုယ်အလေးချိန် ၁၀၀ ကီလို ဂရမ်ထက်ပိုလေးချင်ပါတယ် ဖေဖေ့လိုပေါ့ ´ တဲ့ ။ တ ကယ်တော့ Verya ဟာ သူမအတန်းမှာလည်း အတော်ဆုံးကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ် ။ အခုဆို သူမ ၇ တန်းကိုတက်ရောက်နေပြီဖြစ်ပါတယ် ။ Source : <a rel=nofollow href=http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPo..." height="403" width="403"/>
ခေါင်းစဉ်ခွဲ : မျှဝေ, သတင်း

“မကြီးပွားကြောင်း ဆယ့်တစ်ပါး”

"မေတ္တာဖြင့် စီးပွားရှာခြင်း"

  မေတ္တာရှင်ဆရာတော်သည် ၄င်းကိုယ်တိုင် မြို့နယ်ပေါင်း (၇၅) မြို့နယ် တွင် တရားဟောပြီး ပရိသတ်လက်ခံမှုကိုလည်း အပြည့်အ၀ရထားသော “ဗုဒ္ဓဟောကြား ကြီးပွားကြောင်းတရား”ဟူသည့် ဟောတရားကို ပြင်ဆင်ဖြည့် စွက်ကာ ရေးသားထား သော စာအုပ်ဖြစ်၏။ ၎င်းဤစာအုပ်တွင် မြန်မာ တစ်မျိုးသားလုံးကို ကြီးပွားစေလိုသော မေတ္တာရှင်ဆရာတော်၏ စေတ နာ မေတ္တာကို တွေ့နိုင်ပါသည်။ တစ်မျိုးသားလုံးဆင်းရဲ သားဘ၀ရောက်၍ နိမ့်ကျနေမှုသည် ဗုဒ္ဓတရားတော်နှင့်မဆိုင်၊ ဗုဒ္ဓဘာသာရွှေမြန်မာ အများစုက ဗုဒ္ဓတရားတော်အတိုင်း လိုက်နာကျင့်ကြံအားထုတ်မှု မရှိသောကြောင့်သာ ထိုကဲ့သို့နိမ့်ကျနေရခြင်းဖြစ်ကြောင်း၊ထို့ကြောင့် တစ်မျိုးသားလုံးအနေဖြင့် အဘက်ဘက်မှ မနိမ့်ကျရအောင် ယနေ့မှစ၍ ပြုပြင်ကြိုးစားသင့်ကြောင်း ၊ စေတနာမောင်းခတ်ထားသောစာအုပ်ဖြစ်၏။                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           
                     “မကြီးပွားကြောင်း ဆယ့်တစ်ပါး”
       မေတ္တာရှင်ဆရာတော် နိုင်ငံခြားသို့ သာသနာပြုကြွစဉ်၊ နိုင်ငံခြားရောက် ဗုဒ္ဓဘာသာဝင် အများစု မေးတတ်လေ့ရှိသော မေးခွန်းတစ်ခုကို အကျဉ်းဖြေ၍ အကျယ်ရှင်းပြရာမှ ဤစာအုပ်ဖြစ်ပေါ်လာရခြင်းဖြစ်၏။
မေး -   မြန်မာတိုင်းရင်းသားအများစုသည် အမြတ်ဆုံးဗုဒ္ဓဘာသာကို ကိုးကွယ်နေပါလျက်၊ အလှူဒါန များစွာပြုနေကြပါလျက်၊ ကြီးပွားတိုးတက်သူကနည်းပြီး ဆင်းရဲ နွမ်းပါးသူက များပြားနေရသည်မှာ အဘယ်ကြောင့်ပါနည်း။
ဖြေ -    ဗုဒ္စဘာသာဝင်များဖြစ်နေပါလျက် ဗုဒ္ဓ၏စကားကို နားမထောင် ကြသောကြောင့် ကြီးပွားသင့်သလောက် မကြီးပွားကြခြင်းဖြစ်၏။
                                                                                                                                         ( စာ - ၆ )
       ဆက်လက်၍ မေတ္တာရှင်ဆရာတော်သည် ဗုဒ္ဓဘာသာ ရွှေမြန်မာတို့၏ ဗုဒ္ဓစကား နားမထောင်ပုံကို အချက် (၁၁) ချက်ဖြင့် မှတ်တမ်းတင်ပြထား၏။
၁။     ဗုဒ္ဓကဒါနပြုလျှင် လောကကောင်းစားရေးကိုကြည့်ပြီး လိုအပ်သောနေ ရာတွင် လှူခိုင်း၏။ ဗုဒ္ဓဘာသာဝင်အများစုက ငါကောင်းစားရေးကို ရှေ့တန်း တင်ပြီး  မလိုအပ် သောနေရာတွင် ပုံ၍လှူတတ်ကြ၏။
၂။     ဗုဒ္ဓကစီးပွားရှာလျှင် သမ္ပဒါတရားလေးပါးနှင့် ပြည့်စုံရမည်ဟုညွှန်ပြ၏။ ဗုဒ္ဓဘာသာဝင်အများစုကား တစ်ခါမျှ မပြည့်စုံကြ။
၃။     ဗုဒ္ဓကဘာသာရေး အပေါ်မှာထားသော မေတ္တာစေတနာမျိုး၊ စီးပွားရေးအပေါ်မှာ ထားခိုင်း၏။ ဗုဒ္ဓဘာသာဝင်အများစုက မလိုက်နာကြ။
၎။     ဗုဒ္ဓက ကြီးပွားတိုးတက်ရန် မိမိကိုယ်ကိုမပျက်စီးအောင် ထိန်းသိမ်းသော “အတ္တသမ္မာပဏိဓိ” မင်္ဂလာနှင့် ပြည့်စုံရန် ညွှန်ပြခဲ့၏။ အများစုက မလိုက်နာကြ။
၅။     ဗုဒ္ဓဟောကြားသော ရောင့်ရဲခြင်းအစစ်ကို မကျင့်သုံးကြဘဲ အကုသိုလ်တွင် ပါဝင်သော “ကောသဇ္ဇ”ခေါ် ပျင်းရိခြင်းကို ရောင့်ရဲခြင်းဟု မှားယွင်းကျင့်သုံးနေမိကြ၏။
၆။     ဗုဒ္ဓကကြီးပွားတိုးတက်လိုသူများသည် အချိန်မှန်သမျှထဲမှ ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်မျိုးမျိုးကို အမြဲရအောင်ယူရမည်ဟု ညွှန်ပြ၏။ ဗုဒ္ဓဘာသာဝင်အများစုကား အချိန် မှန်သမျှထဲမှ  အကုသိုလ်၊ မောဟ၊ မွဲပြာကျဆေး (အသုံးအဖြုန်းကြီးခြင်း) တို့ကိုသာ ထုတ်ယူနေကြ၏။
၇။      နိုင်ငံတကာ ဗဟုသုတ မရှိခြင်း။
၈။      စာပေ ဗဟုသုတ မရှိခြင်း။
၉။      ကိုယ်ထက်သာလျှင် မနာလိုခြင်း။
၁၀။    ခေါင်းဆောင်စိတ် နည်းပါးခြင်း။
၁၁။    မိမိကိုယ် မိမိ အားကိုးလိုစိတ် မရှိခြင်းများသည် ဗုဒ္ဓဘာသာဝင် အများစု၏ မကြီးပွားခြင်းအကြောင်းများပင်ဖြစ်၏။         ( စာ-၆-၇ )
        အထက်ပါအချက် (၁၁) ချက်သည် ဤစာအုပ်(မေတ္တာဖြင့် စီးပွားရှာခြင်း)၏ ဗဟိုမဏ္ဍိုင် ဖြစ်၏။ ဤစာအုပ်၌ မေတ္တာရှင်ဆရာတော်သည် ထိုအချက်များကို တစ်ချက်ချင်း ရှင်းလင်းဖွဲ့ဆိုထားပေသည်။
ပထမအချက်
       မေတ္တာရှင်ဆရာတော် ထောက်ပြသော မြန်မာလူမျိုးတို့၏ ပထမ အားနည်းချက်မှာ လောကကောင်းစားရေးအတွက် မလှူဘဲ၊ ငါကောင်းစားရေးအတွက် လှူကြခြင်းဖြစ်သည်။ ဤအခန်း၌ မေတ္တာရှင် ဆရာတော်သည် ကျောင်းဒကာ ကျောင်းအမ အမည်ခံသာ ခံယူလိုကြပြီး၊ ကုဋီဒကာ၊ ကုဋီဒကာမ အမည်မခံလိုကြသော  ဗုဒ္ဓဘာသာဝင်အ များစု၏ အားနည်းချက်ကို ထောက်ပြ၍ ကိုယ်တိုင်ကုဋီလှူဒါန်းပြထား၏။ ဂဏန်းပေးသော ဆရာတော်ထံ လှူဒါန်းထားသော ငွေကျပ်ဘီလီယံ (၄၀)မှာ အဟောတိကံဖြစ်နေ၍ အမျိုးဘာသာ သာသနာအတွက် အကျိုးမများပုံ၊ ထိုအချိန်တွင် လူငယ်ဖွံ့ဖြိုးရေး၊ ပရဟိတ ဂေဟာများ၌ မိဘမဲ့ကလေးများမှာ မ၀ရေစာ စားနေရပုံ၊ ဘုရားတည်ခြင်းကို သာသနာပြုခြင်းဟု မခေါ်နိုင်ဘဲ ဒါနပြုခြင်းဟုသာခေါ်ဆိုနိုင်ပုံ၊ ဒကာ ဒကာမများက ဘုရားတည်သော ဘုန်းကြီးများကိုသာ လှူဒါန်းပြီး စာသင်တိုက်များ၊ ရိပ်သာများကိုပစ်ထားကြ၍၊ ပြည်နယ်တစ်ခု၌ သာသနာကွယ်ရပုံတို့ကို ပြဆိုထားပြီး ရုပ်ပွားတစ်ထောင်၊ ဘာတစ်ထောင်၊ ညာတစ်ထောင် စသည်တို့ဖြင့် ဘုရားဖူးများကို ဆွဲဆောင်နေသည့် အမည်ခံသာသနာပြုများကိုလည်း ရုပ်ပွားတွေတိုးလာပြီး ကလေး တွေလျော့ပါးသွားပါက သာသနာလျင်မြန်စွာပျောက်ကွယ်နိုင်ကြောင်း ထောက်ပြထား ၏။
  ထို့အပြင်မြေပြင်မှာ ဘုရားတည်ခြင်းဖြင့် သာသနာတော်ကို မစောင့်ရှောက်နိုင်ပုံကို အင်ဒိုနီးရှားရှိ ဗောဓေါဗုဓု ကျောက်စေတီကြီးနှင့် အာဖဂန်မှ ရုပ်ပွားတော်များကို သာဓ ကပြုထား၏။ နှလုံးသားမှာဘုရားတည်ခြင်းကသာ သာသနာပြု ကုသိုလ်အစစ်ဖြစ်ပုံ၊ သာသနာကို ကာကွယ်စောင့်ရှောက်နိုင်ပုံတို့ကို ကိုယ်တွေ့အဖြစ်အပျက်များဖြင့် သာဓက ပြုထား၏။
        ထို့အပြင် “ဗုဒ္ဓဘာသာအများစုသည် မည်သည့်ကောင်းကျိုးမျှ မရနိုင်သည့် ပကာ သနဒါနများကို လျှော့၍ လူမှုရေးဒါနများကိုသာ ဦးစားပေးသင့်ကြပြီ”ဟု ကျွန်ုပ်တို့အား အတိအလင်း သတိပေးထားသည်ကိုတွေ့ရ၏။   
        ဤစာအုပ်ကိုဖတ်မိသော ကျွန်ုပ်သည် ဤအခန်း(၁) ဖြင့်ပင်“တန်”ပြီဟု မှတ်ယူမိ၏။ ဤစာအုပ်သည် ဖတ်ရှုသူတို့အတွက် ပေးရသောအချိန်၊ ကုန်သောငွေကြေး၊ ရင်းနှီးရ သောလုပ်အား တန်ဖိုးနှင့်ထိုက်တန်သော အသိတရားနှင့် ဗဟုသုတကို ပေးစွမ်းနိုင်စွမ်း ရှိသော စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်ဟု ယုံကြည်မိ၏။ သို့သော် ဤစာအုပ်၌ ဆရာတော်သည် ဗုဒ္ဓဘာသာဝင် အများစုကို အပြစ်ဆိုထားသည်ကိုတွေ့ရ၏။
        ကျွန်ုပ်အလိုမူ သာသနာဤသို့အားနည်းရခြင်း၊ ရွှေမြန်မာ ဤသို့ဆင်းရဲ ရခြင်း၌ အဓိကတာဝန်ရှိသူမှာ ကျွန်ုပ်တို့ရဟန်းသံဃာ များ ဖြစ်သည်ဟု ဆိုချင်ပါသည်။ လွန်ခဲ့ သည့် ဆယ်နှစ်ကျော်က၊ သံဃာ့အဖွဲ့အစည်းတစ်ခု၏ အမြင့်ဆုံးရာထူးရသူ ဆရာတော် ကြီးတစ်ပါး၏ သက်တော်ရှည်မွေးနေ့ပွဲ၌ သိန်းပေါင်းရာချီထောင်ချီ သုံးစွဲခဲ့သည်ကို တွေ့ရ၏။ ဤသည်ကို ကျွန်ုပ်၏ဆရာ ဘဒ္ဒန္တသီရိန္ဒာဘိဝံသဆရာတော်ကြီးက- “နှမြောလိုက်တာ ကွာ” ဟု သူ၏တပည့်ကြီးများဖြစ်သော မစိုးရိမ်နာယကများရှေ့၌ ဣဿာ ကင်းကင်း မစ္ဆရိယရှင်းရှင်းဖြင့် သာသနာအတွက်ရင်လေးဟန် အပြည့်နှင့် ညဉ်းတွားခဲ့ဖူး၏။ အမှန်အားဖြင့် ဗုဒ္စဘာသာဝင်တို့သည် “ရှေ့ဆောင်နွားလား အဖြောင့်သွားက နောက်နွားတစ်သိုက်အဖြောင့်လိုက်၏”ဟူသော သဘောမျိုး ရှိကြ၏။ ယခုပင် ဆရာတော်က ကုဋီရေအိမ်ကို ရှေ့ကလှူပြသည့် အခါ နောက်မှလိုက်လှူသူ များ၊ ဓမ္မာရုံအတွက် မျက်နှာကျက် လှူကြသူများ စသည်ဖြင့် လိုအပ်ရာ နေရာတို့ကို ရွေးချယ်လှူဒါန်းလာကြသည်ကို တွေ့ရ ၏။ ထို့ကြောင့် ကျွန်ုပ်အလိုအရမှု ဘာသာရေး ခေါင်းဆောင်ပိုင်း ဖြစ်သော ကျွန်ုပ်တို့ရဟန်းသံဃာများ၌သာ တာဝန်ရှိ၏ဟု ဆိုရခြင်း ဖြစ်၏။
ဒုတိယအချက်
        ဤအခန်းသည် သမ္ပဒါလေးပါးနှင့်ပတ်သက်၍ အကျယ်ဖွင့်ဆိုပြ ထားသောအခန်း ဖြစ်၏။ စာတွေ့မှတ်တမ်းရော၊ ငါတွေ့စစ်တမ်းပါ စုံလင်လှ ၏။ မြန်မာသူကြွယ်များ ကမ္ဘာအဆင့်သို့မရောက်ရခြင်း အကြောင်းတရားကို သတ္တုချ ကောက်ချက်ဆွဲပြထားပြီး၊ တစ်ချိန်က ကျွန်ုပ်တို့ထံသို့လာရောက် နည်းယူနေရသော ကျွန်းနိုင်ငံငယ်လေးက ယခုအခါ ကျွန်ုပ်တို့ကို ကျော်တက် သွားပြီး ကမ္ဘာမှာ စင်ကာပူ ဟု အောင်လံတလူလူ လွှင့်ထူနိုင်နေပြီဖြစ်ကြောင်း မီးမောင်းထိုးပြထား၏။
       မေတ္တာရှင်ဆရာတော်၏ အောက်ပါအကြံပြုချက်လေးကို ဖတ်ရသည်မှာ ဆင်းရဲ မွဲတေခြင်းကို သရုပ်ဖော်ပေးသလို ရှိလှ၏။ မှန်၏။ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ” ဟု မြတ်စွာဘုရား ဟောကြားတော်မူ၏။ ဤသည် ကို စေတနာမှန်သော ကံတရားဟု ကျွန်ုပ်တို့နားလည်ထားကြ၏။ စေတနာမွဲ လျှင် ကံမွဲမည်။ ကံမွဲလျှင် လူမွဲမည်။ စေတနာဆင်းရဲလျှင် ကံဆင်းရဲမည်။ ကံဆင်းရဲ လျှင် လူဆင်းရဲမည်ဖြစ်၏။ (စေတနာမွဲလျှင် ငွေအသပြာ မွဲမည် ဟူလို ) ထို့ကြောင့် အလုပ်သမားဘ၀မှ အလုပ်ရှင်ဘ၀ရောက်လိုသူများသည် အလုပ်ရှင်အပေါ်၊ လုပ်ငန်းအပေါ်၊ စားသုံးသူအပေါ် စေတနာကောင်းများ များစွာထားဖို့ လိုအပ်ပေသည်။
       အလုပ်သမားဟူသည် အလုပ်အပေါ်၊ စားသုံးသူအပေါ် အလုပ် ရှင်လောက် ဘယ်သော အခါမှ စေတနာထားလိမ့်မည် မဟုတ်ပေ။ ထိုသို့ စေတနာ မထားသောကြောင့် အလုပ် ရှင်ဘ၀သို့ မရောက်ဘဲ အလုပ်သမားဘ၀နှင့် နေကြရခြင်းပင်ဖြစ်၏။ အကယ်၍ အလုပ်ရှင် ၏ စေတနာမျိုးထားပြီး ကြိုးစားမည်ဆိုလျှင် နှစ်အနည်းငယ်အတွင်း အလုပ်သမားသည် အလုပ်ရှင်ဖြစ်လာပေလိမ့်မည်။ (စာ-၃၉)
တတိယအချက်
       “မေတ္တာဖြင့် စီးပွားရှာခြင်း”အမည်သည် ဤအခန်း၏ အမည်ဖြစ်၏။ ဘာသာရေး အပေါ်ထားသော မေတ္တာ၊ စေတနာမျိုး၊ စီးပွားရေးအပေါ် ထားနိုင်မှ ကြီးပွားချမ်းသာမည် ဟု ဆိုထား၏။ ဈေးရောင်းကောင်းအောင် ဓါတ်၊ ယတြာ၊ ဂါထာ၊ မန္တန်ဆောင်သာများ အမှန်ကန်သော နည်းလမ်းဖြင့် တစ်နပ်စားညဏ်ကြံသူများကို ရှုတ်ချထား၏။ လာဘ် ခေါ်ဇီးကွက်ရုပ်က မကြီးပွားစေနိုင်။ မေတ္တာစေတနာကသာ ကြီးပွားစေနိုင်သည်။ ရက်ရာဇာက ကောင်းကျိုးမပေး၊ မေတ္တာစေတနာကသာ ကောင်းကျိုးပေးနိုင်သည်။ ထို့ကြောင့် ရွှေမြန်မာများ အဆောင်မမှားဖို့ သတိပေးထားခြင်းဖြစ်၏။ အမှန်အားဖြင့် “မေတ္တာဆောင်မှ အောင်ပါမည်” “စေတနာထားမှ ငွေအလာ များမည်”ဖြစ်၏။ ဤသည်ကို ရွှေမြန်မာတို့ အထူးသတိချပ်အပ်၏။
စတုတ္ထအချက်
       ဤအခန်း၌ မေတ္တာစေတနာကြောင့် ကြီးပွားလာသူများအကြောင်းကို “မခင်ပြည့်၏ စေတနာ”၊“မြိတ်မြို့က ဦးစိုးကြီး ကွမ်းယာ” “အင်ဒရှုး ကာနက်ဂျီ ၏ မေတ္တာ”စသည့် ဖြင့် ရပ်ကွက်အဆင့်မှ ကမ္ဘာအဆင့်ထိ ပြဆိုထားသည်မှာ အားကျစရာကောင်းလှပါသည်။
“မေတ္တာစေတနာကို အဓိကထားပြီး စီးပွားရှာလျှင် ကုသိုလ်လည်းရမယ်၊ အမြတ် လည်းရမယ်။ လုပ်ငန်းလည်း အဆမတန် အောင်မြင်မယ်။ အမြန်ရဖို့ အဓိကထားပြီး စီးပွားရှာရင် အမြတ်သာရမယ်၊ ကုသိုလ်လည်းမရဘူး။ တကယ့်အောင်မြင်မှုကိုလည်းမရဘူး”                                                                            (စာ-၉၀)    မှန်၏။ရွှေမြန်မာတို့ မေတ္တာစေတနာကို နယ်ပယ်အားလုံးမှာ အသုံးချတတ်ဖို့ လို၏။ သို့မှသာ ဆရာတော်ပြောသည့် စီးပွားရေး နယ်ပယ် ၌သာမက လူမှုရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ နိုင်ငံရေး စသည့်နယ်ပယ် အားလုံးမှာပါ ရွှေမြန်မာတို့ ကမ္ဘာနှင့်ချီ၍ အောင်မြင်လာ မည်ဖြစ်၏။ ဟင်နရီကစ်ဆင်းဂျား၊ ဘီလ်ဂိတ်၊ မာသာထရီဇာ၊ မဟတ္တမ ဂန္ဓီ၊ ဦးသန့်၊ လီကွမ်ယုတို့သည် မေတ္တာကြောင့် အောင်မြင်ခဲ့ကြသူများဖြစ်၏။ သို့သော် ရွှေမြန်မာ အများစုကမူ သံဃာတော်များအပေါ် ခြေသုတ် ပုဆိုး မြေစွယ်ကျိုးသို့ ရိုကျိုးနိုင်ကြပါလျက်၊ အိမ်ဖော်နှင့် အလုပ်သမားများ အပေါ်မှာတော့ မောက်မာလွန်းကြ၏။ သိန်းပေါင်း ရာချီ ထောင်ချီ အကုန်အကျခံ၍ ကျောင်းဆောက် လှူဒါန်းနိုင်ပါလျက်၊ ခေါင်းရွက်ဈေး သည်များအပေါ် မတန်တဆ ဈေးနှိမ်ဆစ်တတ်ကြ၏။ အလကားနှင်နှင် အချောင်လည်း ရချင်ကြ၏။ ဤကဲ့သို့ တစ်ဘက်စောင်းနင်း မေတ္တာ စေတနာ ထားမူများကို ရှောင်ကြဉ် နိုင်ပါမှ၊ ဘုရားအလိုတော်ကျ ဗုဒ္ဓသာဝကအစစ် များ ဖြစ်နိုင်မည်ဆိုသည်ကို သတိထား စေချင်ပါသည်။
ပဉ္စမအချက်
        ဤအခန်း၌ ပျင်းရိခြင်းကို ရောင့်ရဲခြင်း ဟုအထင်းမှားနေသော ရွှေမြန် မာများကို ပြုပြင်ထား၏။ ဆရာချစ်စံဝင်းနှင့် ကိုးရီးယားသူဌေးတို့၏ ဆွေးနွေး ခန်းကို ဖတ်ရသည် မှာ ကျွန်ုပ်တို့လူမျိုးအတွက် အားတတ်စရာပင်-
ဆရာ - “ခင်ဗျား တော်တော် လောဘကြီးတာပဲ၊ တခြားနိုင်ငံမှာရှိတဲ့ စက်ရုံတွေနဲ့တင် ခင်ဗျားဆွေးမျိုးသားချင်း အားလုံးစားလို့မကုန်ပါဘူး။ ဒါနဲ့တောင် အပင်းပန်းခံပြီး စက်ရုံ တစ်ခု ထပ်တိုးချဲ့နေရသေးတယ်”
သူဌေး - “ပထမ မိသားစုအတွက်ရှာတယ်။ ဒီထက် တတ်နိုင် ရင်တော့ ဆွေမျိုးသားချင်း အားလုံးအတွက်ရှာတယ်။ ဒီထက်တတ်နိုင်လာခဲ့တော့ ကိုယ့်နိုင်ငံတစ်ခုလုံးအ တွက်ရှာတယ်”                                                             (စာ-၁၂၄)
ဗုဒ္ဓ၏ အဆုံးအမမှာ-
“အစွမ်းကုန်ရှာ ချွေတာစုဆောင်း၊ ကောင်းကျိုးဆောင်ရွက်”ဟူ၍ ဖြစ်၏။ သို့သော် ရွှေမြန်မာ အများစုမှာ ပျင်ရိခြင်းနှင့် ရောင့်ရဲခြင်းကို မခွဲခြားတတ်၍ အစွမ်းကုန် ရှာရမည့် အခွင့်အရေးကို ဖင့်နှေးနေကြခြင်း ဖြစ်၏။ ယခုအခါ ကျွန်ုပ်တို့လူမျိုးသည် အားလုံးထက်နောက်ကျနေပြီ၊ အားလုံးအောက် နိမ့်ကျနေပြီဖြစ်၏။ ဗုဒ္စဘာသာ ချင်းပင်တူသော်လည်း ကျွန်ုပ်တို့က အယူ ဘက်ကဖြစ်နေ၏။ ထိုင်းနိုင်ငံကလည်း လာလှူ၏။ စင်ကာပူ နိုင်ငံလေးက လည်း လာလှူ၏။ ဟောင်ကောင်၊ ထိုင်ဝမ်၊ ကိုးရီးယား စသည့် နိုင်ငံကြီး များကလည်း လာလှူကြ၏။ကျွန်ုပ်တို့သည် အမြဲတမ်း အယူဘက်ကချည်း မနေလိုပါ။ သူတစ်ပါး ပေးစာကမ်းစာဖြင့်သာ  အသက်မရှင်လိုပါ။ ကျွန်ုပ်တို့ကလည်း ပေးလိုကျွေးလို ပါသေး၏။ လူမျိုး နိမ့်ကျလျှင် သာသနာ နိမ့်ကျမည်။ လူမျိုးဆင်းရဲလျှင် သာသနာ ဆင်းရဲမည်။ ထို့ကြောင့် ကျွန်ုပ်တို့ အထွတ်အမြတ်ထားသော သာသနာကို လူဆင်းရဲတို့၏ သာသနာ မဖြစ်စေလိုပါ။ ဤသည်ကို တက်လူတို့ သတိမူဖို့လို၏။ အရေးတယူရှိဖို့ လို၏။
ဆဋ္ဌမ အချက်။
ဤအခန်း၌ အချိန်၏တန်ဖိုးကို မသိခြင်းကြောင့် ရွှေမြန်မာတို့ မကြီး ပွားခြင်းဖြစ် ကြောင်းပြဆိုထား၏။ ဂျပန်လူငယ်လေးတစ်ယောက်က ဆရာချစ်စံဝင်းအား ကျွန်ုပ်တို့လူမျိုးအကြောင်း ဝေဖန်ထောက်ပြထားသည်မှာ သင်ခန်းစာယူစရာကောင်းလှ၏။
“ကျွန်တော့်အမြင်အရ ပြောရရင် မြန်မာလူငယ်များ လက်ဖက်ရည်ဆိုင်တွေမှာ အခုလိုအချိန်ဖြုန်းနေသရွေ့၊ ဘယ်တော့မှ ကြီးပွားတိုးတက်မှာ မဟုတ်ဘူး” (စာ-၁၅၄)
မှန်၏။ အချိန်တန်ဖိုးမသိခြင်း၊ အချိန်မလေးစားခြင်း၊ အချိန်ဖြုန်းခြင်း တို့၌ ရွှေမြန်မာတို့သည်ထိပ်ဆုံးက သရဖူဆောင်းသူများဖြစ်ကြ၏။ အများနည်းတူ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ပါမှ အများနည်းတူ ကြီးပွားတိုးတက်မည်ဖြစ်ကြောင်းကို ခေတ်လူငယ်တို့ သတိပြုစေချင်ပါသည်။
သတ္တမအချက်။
ဤအခန်း၌ ခေါင်းဆောင်စိတ်နှင့် နောက်လိုက်စိတ်ကို ခွဲခြားပြဆိုထား ၏။ ခေါင်းဆောင်စိတ်ထားမှ ကြီးပွားမည်။ ခေါင်းဆောင်စိတ်မထားပါက ဆင်းရဲမည်ဟု ဆိုလိုရင်းဖြစ်၏။ ပြည်သူတစ်ရပ်လုံးက ဘုရင်အဖြစ်တင်မြှောက်ပါလျက် ဘုရင်မလုပ် လိုဘဲ စော်ကဲမင်းကိုသာ ဘုရင်တင်မြှောက်ခိုင်းသည့် ရမည်းသင်းမြို့စား သီလ၀မင်း အကြောင်း ဖတ်ရသည်မှာ ကြည်ညိုစရာကောင်းလှပါသည်။
သီလ၀ကား ဘုရင်အဖြစ်ကို အမြင့်ဆုံးစည်းစိမ်ချမ်းသာ ခံစားသောနေရာဟု  မသတ်မှတ်ဘဲ၊ အကြီးဆုံးတာဝန် ထမ်းဆောင်ရသော နေရာဟု ယူဆခဲ့၏။ တစ်နည်း အားဖြင့် မင်းအာဏာထက် နိုင်ငံကိုပိုချစ်ခဲ့ခြင်းပင်ဖြစ်၏။ သီလ၀ကား အလုပ်ကို အများကြီးလုပ်ပြီး အခွင့်အရေးကို အနည်းငယ်သာယူလိုသော ခေါင်းဆောင် စိတ်ရှိသူပင်ဖြစ်၏။
မြန်မာဘုရင် အဆက်ဆက် ထိုကဲ့သို့သော ခေါင်းဆောင်စိတ်မျိုး မွေးမြူခဲ့ကြမည်ဆိုလျှင် ကမ္ဘာ့သမိုင်းသည် ပြောင်းပြန်လန်သွားလိမ့်မည်ဖြစ်၏။ အင်္ဂလိပ်က မြန်မာကို လာမသိမ်းနိုင်ဘဲ မြန်မာတွေကသာ အင်္ဂလန်ကို သွားသိမ်း နိုင်မည်ဖြစ်၏။                                            ( စာ- ၂၀၂ ၊ ၂၀၃ )
ဤသို့လျှင် ဆရာတော် ထောက်ပြသော အချက်ဆယ်ချက်လုံးကို နာယူမှတ်သား၍ လိုက်နာကျင့်ကြံပါက ဗုဒ္ဓဘာသာ ရွှေမြန်မာတို့အနေဖြင့် တစ်ဦးချင်း၊ တစ်ယောက်ချင်း အဆင့်မှသည်နိုင်ငံနှင့် လူမျိုးဂုဏ်ကို ဆောင်နိုင်သည်အထိ ဘာသာ သာသနာ၏  ဂုဏ်ကျေးဇူးကို မြှင့်တင်နိုင်သည်အထိ ကမ္ဘာနှင့်ချီ၍ အောင်မြင်နိုင်မည် ဟု ယုံကြည်ပါ၏။
သို့သော် တစ်ခုသတိပြုရန်မှာ နိုင်ငံတစ်ခုကြီးပွားတိုးတက်ဖို့အတွက် နိုင်ငံသူ၊ နိုင်ငံသားတို့၌ ဆရာတော် ထောက်ပြသည့် အချက်များပြည့်စုံရန် လိုအပ်သကဲ့သို့ ထိုနိုင်ငံ၌ ကျင့်သုံးသောစနစ် (သို့) Policy (ပေါ်လစီ ) မူဝါဒနှင့်လည်း သက်ဆိုင်ပေ သည်။ ဥပမာ- ကျူးဘား၊ မြောက်ကိုးရီးယားနှင့် ဆရာမြသန်းတင့် သာသာပြန်ဆိုထား သော “သုခမြို့တော်” မှ အိန္ဒိယနိုင်ငံတို့ ဖြစ်၏။
ရောထွေးနေသော စကားလုံးများ။
မေတ္တာရှင်ဆရာတော်သည် ဤစာအုပ်အခန်း(၂) ၌ “စည်းကမ်းရှိခြင်းနှင့် နှမြောခြင်း”ကို ရှင်းလင်းအောင် သရုပ်ခွဲပေးထား၏ သာကေတ သူဌေးကတော်နှင့် မန္တလေးမှ ဆေးပွဲစားကြီးတို့ကို သာဓကပေးထား၏။ အခန်း(၅)၌ ပျင်းရိခြင်းနှင့် ရောင့်ရဲခြင်းကို ခွဲခြားပြထား၏။  ကျွန်ုပ်တို့လူမျိုးသည် စကားလုံး ရောထွေးမူဒဏ်ကို ခံခဲ့ရသည်မှာ နှစ်ပေါင်းများစွား ကြာမြင့်ခဲ့ပါပြီ။
ထိုစကားလုံး ရောထွေးမူ အရှုပ်တော်ပုံကို ဖြေရှင်းပေးမည့် ဆရာသမားများ မပေါ်ပေါက်ခဲ့။ ယခုအခါ မေတ္တာရှင်ဆရာတော်က ရှေးဦးစွာဖြေရှင်းပေးခဲ့ပြီဖြစ်၍ စကား လုံးရောထွေးမှု လောင်းရိပ်မိနေသော ကျွန်ုပ်တို့ မြန်မာလူမျိုးအတွက် အားတက် ခဲ့ရ ပေပြီ။ ထို့ပြင် ဤသို့ရောထွေးနေ၍ မကွဲပြားသေးသော အခြားစကားလုံးများရှိသေး၏။ ဤသည်ကို မေတ္တာရှင်ဆရာတော်အနေဖြင့် ထပ်မံခွဲခြားပေးသင့်သေး၏။
ဥပမာ- လေဘနှင့်ဆန္ဒ၊ ကျေးဇူးသိခြင်းနှင့် သစ္စာရှိခြင်း၊ ပျော့ညံ့ခြင်းနှင့် သည်းခံခြင်း….. တို့ဖြစ်၏။
ခြင်္သေ့မှန်ငြား မြက်မစား။
ဤစာအုပ်၌ ရေနံ့သာ လူနာများအကြောင်းဖတ်ရသည်မှာ ရင်နာစရာကောင်းလှ ပါသည်။ အထူးသဖြင့် အဘစံ ကျတဲ့မျက်ရည်အကြောင်း ဖတ်ရသည်မှာ ပို၍ စိတ်မကောင်းပါ အဘစံ၏ ဘ၀သည် သုပ္ပဗုဒ္ဓလိုဘ၀မျိုး ဖြစ်၏။ အဘစံ၏ သဒ္ဓါတရားသည် သုပ္ပဗုဒ္ဓလို သဒ္ဓါမျိုးဖြစ်၏။ အဘစံ၏ နှလုံးသားသည်လည်း သုပ္ပဗုဒ္ဓ၏ နှလုံးသားလိုပင်ဖြစ်၏။ ထို့ ကြောင့် အဘစံသည် လာဘ်လာဘဖြင့် စည်းရုံးခံရသော် လည်း သရဏဂုံ အပျက်မခံနိုင်ဘဲ အငတ်ခံကာတောင့်တင်းထားနိုင်ခြင်းဖြစ်၏။
သီဟောနာမ ဇိဃစ္ဆောပိ ပဏ္ဍဒီနိ န ခါဒတိ- ခြင်္သေ့မည်သည် ဆာလောင်သော် လည်း မြက်သစ်ရွက်ကိုတော့ မစားပေ။ ခြင်္သေ့လို ရဲရင့်သော သဒ္စါတရားနှင့် ပြည့်စုံ သော အဘစံတစ်ယောက် ယခုအခါ နတ်ဘုံနတ်နန်းစံမြန်းလျက် ရှိနေမည်ကိုကား မည်သူမျှ မငြင်းနိုင်ပါပေ။
ဤနေရာ၌ မေတ္တာရှင်ဆရာတော်က ခရစ်ယာန် သာသနာပြုများကို  ချီးကျူးထား၏။ မှန်၏။ ကျွန်ုပ်တို့၏ ဘာသာဓမ္မက မည်မျှပင်မြင့်မားသည် ဖြစ်ပါစေ၊ ကျွန်ုပ်တို့ သာသ နာပြုနည်းဗျူဟာကား လုံးဝနိမ့်ကျလျက်ရှိ၏။ ကျွန်ုပ်တို့သည် ခရစ်ယာန်ဓမ္မဆရာများ ကို အမီလိုက်နိုင်ဖို့ အများကြီး ကြိုးစားရပေဦးမည်။
တစ်မျိုးသားလုံး ကိုးစားရမည့်ဆရာတော်။
ငွေကြေးချို့တဲ့၍ မျက်စိခွဲမကုနိုင်သည့် လူနာများကို ဆရာတော်၏ အိပ်ကပ်ထဲမှ စိုက်ထုတ်၍ အကုန်အကျခံ ခွဲစိတ်ကုသပေးနေသည်ကို တွေ့ရသောအခါ ကျွန်ုပ် မုဒိတာတရားဖြင့် အကြိမ်ကြိမ် သာဓုခေါ်မိပါသည်။
      ငွေရှင်ကြေးရှင်၊ ဓနရှင်တို့ နိဗ္ဗာန်မရောက်ခင် ပါရမီရှင်များဖြစ်လိုပါက မေတ္တာရှင် ဆရာတော်နောက် ခြေရာကောက်လိုက်စေချင်ပါပြီ။
      ဤစာအုပ်၌ ဆရာတော်သည် ဘုန်းကြီးအချင်းချင်းကိုပင်၊ သိန်းနှစ်ဆယ် အကြွေးတင်ခံ၍ လှူဒါန်းသည်ကိုတွေ့ရ၏။ သီလ၀ နာဂရာဇာ ဇာတ်တော်ထဲကလို လမ်းမှားခရီးသည်မျိုးနှင့် တိုးထိမှာကို စိုးမိပါသေးသည်။ တချို့ဘုန်းကြီးများမှာ ကျောင်း မြေအတွက် ကြိုးစားကြသော်လည်း သာသနာပြုလုပ်ငန်းများကိုကား မယ်မယ်ရရ မလုပ်ကြပေ။ သတင်းစာထဲမှာ နေ့စဉ်လိုလို အလှူခံကြော်ငြာပါနေသည့် ဆရာတော် တစ်ပါးမှာမူ သာသနာပြုဆိုင်းဘုတ်သာတင်ထားပြီး သာသနာပြုလုပ်ငန်းဟူ၍ ကြီးကြီး မားမား တစ်ခုမျှမလုပ်သေးပေ။
အပြင်အဆင်နှင့် အသွင်းသဏ္ဍန်။
ဤစာအုပ်၏ မျက်နှာဖုံးဒီဇိုင်းလေးကား ရိုးရှင်းလှပ၍ တည်ကြည်ခန့်ညား လွန်း၏။ ဤစာအုပ် အပြင်အဆင်ကား  အလွန့်အလွန် ညံ့ပါသည် ။ခေါင်းစဉ်နှင့်စာသားကား တစ်နေရာစီ ဖြစ်လိုဖြစ်၊ အကြောင်းအရာနှင့်ကဗျာက တစ်ခြားစီဖြစ်လိုဖြစ်နှင့် လုံးဝပသာဒမဖြစ်ပေ။ ဤသို့ညံ့ဖျင်းရခြင်း၌ ဒကာစိုးတင့်အဖွဲ့မှာ တာဝန်ရှိ၏။ ထို့ကြောင့် အားလုံး စနစ်ကျအချိုးညီ ပြင်ဆင်ပြီးမှ နောက်တစ်ကြိမ် ထုတ်ဝေစေလို ပေသည်။
                                                                  ( ၁၀-၆-၂၀၀၈ )
                                                            အရှင်ဝိစိတ္တာဘိဝံသ (၀ီရသူ)

              (သံတိုင်ကြားက ချီသောလက်အုပ် စာအုပ်ထဲမှ မေတ္တာရှင်ဆရာတော်ရဲ့ ဆောင်းပါးလေးတစ်ပုဒ်ဖြစ်ပါသည်။)
ဝီရသူ(မစိုးရိမ်) ဆိုဒ်မှတဆင့်တင်ပြသည်။

စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်နေ သည့် အကြီးအကဲပုဂ္ဂိုလ်များ၏ သားသမီးများ မြန်မာနိုင်ငံအတွင်း၌ စည်းကမ်းဖေါက်ဖျက်မှုများ ပြုလုပ်လျှင်

ရဲ ။ ။ ဟေ့ .. မင်း က ဘယ် သူလဲ ?

လူကြီးသား ။ ။ ငါ ဘာကောင်လဲဆိုတာ ပြောပြီး ရင် မင်းကို ပါးတစ်ချက် ရိုက်မယ် ..
ငါ့ အဖေ ဘယ်သူလဲ ဆိုတာ ပြောပြီးရင် မင်း ကို ပါးတစ်ချက် ထပ်ရိုက်မယ် ..
ကဲ .. မင်း သိချင်သေးလား ?

( လူကြီးသား တစ်ဦး)

၂၀၀၁ ခန့် က ဘောဂ ဆိုင်ရှေ့တွင် လမ်းမတော် လှည့်ကင်း ရဲတပ်ဖွဲ့ဝင် အား ပြောသွားသော လူကြီးသား ဆိုသူ၏ စကားလုံးများ
-----------------------------------------------------------------------------

မြန်မာနိုင်ငံ အတွင်းမှာ အခွင့်ထူးခံ လူတန်းစား ဆိုတာရှိမှာမဟုတ်ဘူး။
လူကြီးသားသမီးလည်း အပြစ်လုပ်ရင်အရေးယူမှာဘဲ။ နိုင်ငံတော် အနေနဲ့
ဘယ်သူ့မျက်နှာကိုမှ ကြည့်မှာမဟုတ်ဘဲ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ပေးမှာဘဲ။

စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်နေ သည့် အကြီးအကဲပုဂ္ဂိုလ်များ၏ သားသမီးများ
မြန်မာနိုင်ငံအတွင်း၌ စည်းကမ်းဖေါက်ဖျက်မှုများ ပြုလုပ်လျှင်လည်း သာမန်ပြည်သူ
ပြည်သားများနှင့် တန်းတူ ညီတူအတိုင်း အရေးယူမှု ပြုလုပ်သွားမည်။

ဦးစိုးသိန်း (သမ္မတရုံးဝန်ကြီး)

MEDIA One Journal, Vol. 1, No. 28
http://www.mediafire.com/view/?5z99wx9a3z685a8 (Journal Download Link)
-------------------------------------------------------------------------------------------

without ကားစီးလာသော လူကြီးသားတစ်ဦး စိတ်မရှည်သဖြင့် ဆိုင်ကယ်သမားတစ်ဦးအား လက်သီးဖြင့်ဆင်းထိုး....
==================================
မုံရွာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူကြီးတစ်ယောက်၏သားသည် ယခုလ(၂၀)ရက်နေ့ မွန်းလွဲချိန်ခန့်က မုံရွာမြို့ ဆူးလေကုန်ရပ်ကွက် ဘူတာလမ်းအတိုင်း အရှေ့မှ အနောက်သို့ without ကားတစ်စီးအားမောင်းနင်းလာရာတွင် ရိုးမဘဏ်အနီးနေရာ`၌ နယ်မှ ဘဏ်ငွေလာထုတ်သော ကျေးလက်ဆိုင်ကယ်သမားတစ်ဦးနှင့် ညိမိဟန်ပြုခဲ့ရာ ၀တ်သောက်ကားစီး လူကြီးသားမှ ကားပေါ်မှဆင်း၍ ဆိုင်ကယ်သမားအား လက်သီးဖြင့် နိုင်ထက်စီးနင်းထိုခဲ့ကြောင်းသိရသည်။

" ဘဏ်ရှေ့က လူတွေဝိုင်းပြီးတောင်းပန်တာတောင် အဲ့ဒီကိုယ်တော်လေးက ဂရုမစိုက်ဘူးဗျ..။ ဆိုင်ကယ်သမားက တောနယ်ဘက်ကလာပြီးငွေထုတ်တဲ့သူဆိုတော့ မျက်လုံးလေးပေကလပ်လပ်နဲ့ စိတ်အားငယ်စွာ ခေါင်းငုံ့ခံနေရပါတယ်..။ အားလုံးက သနားတာကြောင့် ၀ိုင်းပြီးတောင်းပန်တောင် လူကြီးသားက စိတ်မပြေဘူး။ ဒါနဲ့ ယာဉ်ထိန်းကို ဖုန်းဆက်အကြောင်းအကြားတဲ့အခါ ယာဉ်ထိန်းရဲရောက်လာတယ်..။ စီစစ်ကြည့်တဲ့အခါ လူကြီးသားစီးလာတဲ့ကား လိုင်စင်မဲ့ကားဖြစ်နေတာကိုတွေ့ရပါတယ်" ဟု ရိုးမဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးမှ မုံရွာတိုင်မ်းပြောပါတယ်။

လူကြီးသားဖြစ်သူက ယာဉ်ထိန်းကိုဖုန်းဆက်ပြီးတိုင်ရမလားဆိုပြီး ..ရန်ငြိုးထားကာ မနေ့ ညပိုင်းက အား/ကာ တိုက်တန်းမှာ ရှိတဲ့ ကုဋေစု အရက်ဆိုင်ကို တုတ်၊ဓား လက်နက်ကိုယ်စီကိုင်ထားတဲ့ လူငယ် ၂၀ လောက်နဲ့ ဖုန်းဆက်တိုင်သူကို ၀င်လာပြီးရှာဖွေခဲ့ကြောင်းသိရပါတယ်..။
မင်းမဲ့စရိုက်အဖြစ် အသွင်သဏ္ဍန်ဆန်ဆန်လုပ်လာတဲ့ လူကြီးသားကို မြို့ခံပြည်သူတွေက ကျေနပ်မှုမရှိကြောင်းသိရသည်။
(ဤ သတင်းပါ လူကြီးသားနှင့်ပတ်သက်၍ သတင်းကျင့်ဝတ်အရ လူပုဂ္ဂိုလ်နာမည်များ မသုံးခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်အား ဗီဒီယို မှတ်တမ်းရိုက်ကူးထားပါသည်..။)
(Monywa Times)
— with U Win Cho and 26 others.
ရဲ ။   ။ ဟေ့ .. မင်း က ဘယ် သူလဲ ?

လူကြီးသား ။   ။ ငါ ဘာကောင်လဲဆိုတာ ပြောပြီး ရင် မင်းကို ပါးတစ်ချက် ရိုက်မယ် ..
ငါ့ အဖေ ဘယ်သူလဲ ဆိုတာ ပြောပြီးရင် မင်း ကို ပါးတစ်ချက် ထပ်ရိုက်မယ် ..
ကဲ .. မင်း  သိချင်သေးလား ?

( လူကြီးသား တစ်ဦး)

၂၀၀၁ ခန့် က ဘောဂ ဆိုင်ရှေ့တွင် လမ်းမတော် လှည့်ကင်း ရဲတပ်ဖွဲ့ဝင် အား ပြောသွားသော လူကြီးသား ဆိုသူ၏ စကားလုံးများ
-----------------------------------------------------------------------------

မြန်မာနိုင်ငံ အတွင်းမှာ အခွင့်ထူးခံ လူတန်းစား ဆိုတာရှိမှာမဟုတ်ဘူး။ 
လူကြီးသားသမီးလည်း အပြစ်လုပ်ရင်အရေးယူမှာဘဲ။ နိုင်ငံတော် အနေနဲ့
ဘယ်သူ့မျက်နှာကိုမှ ကြည့်မှာမဟုတ်ဘဲ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ပေးမှာဘဲ။

စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်နေ သည့် အကြီးအကဲပုဂ္ဂိုလ်များ၏ သားသမီးများ
မြန်မာနိုင်ငံအတွင်း၌ စည်းကမ်းဖေါက်ဖျက်မှုများ ပြုလုပ်လျှင်လည်း သာမန်ပြည်သူ
ပြည်သားများနှင့် တန်းတူ ညီတူအတိုင်း အရေးယူမှု ပြုလုပ်သွားမည်။

ဦးစိုးသိန်း (သမ္မတရုံးဝန်ကြီး)

MEDIA One Journal, Vol. 1, No. 28
http://www.mediafire.com/view/?5z99wx9a3z685a8 (Journal Download Link)
-------------------------------------------------------------------------------------------

without ကားစီးလာသော လူကြီးသားတစ်ဦး  စိတ်မရှည်သဖြင့် ဆိုင်ကယ်သမားတစ်ဦးအား လက်သီးဖြင့်ဆင်းထိုး....
==================================
မုံရွာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူကြီးတစ်ယောက်၏သားသည် ယခုလ(၂၀)ရက်နေ့ မွန်းလွဲချိန်ခန့်က မုံရွာမြို့ ဆူးလေကုန်ရပ်ကွက် ဘူတာလမ်းအတိုင်း အရှေ့မှ အနောက်သို့ without ကားတစ်စီးအားမောင်းနင်းလာရာတွင် ရိုးမဘဏ်အနီးနေရာ`၌ နယ်မှ ဘဏ်ငွေလာထုတ်သော ကျေးလက်ဆိုင်ကယ်သမားတစ်ဦးနှင့် ညိမိဟန်ပြုခဲ့ရာ ၀တ်သောက်ကားစီး လူကြီးသားမှ ကားပေါ်မှဆင်း၍ ဆိုင်ကယ်သမားအား လက်သီးဖြင့် နိုင်ထက်စီးနင်းထိုခဲ့ကြောင်းသိရသည်။

" ဘဏ်ရှေ့က လူတွေဝိုင်းပြီးတောင်းပန်တာတောင် အဲ့ဒီကိုယ်တော်လေးက ဂရုမစိုက်ဘူးဗျ..။ ဆိုင်ကယ်သမားက တောနယ်ဘက်ကလာပြီးငွေထုတ်တဲ့သူဆိုတော့ မျက်လုံးလေးပေကလပ်လပ်နဲ့ စိတ်အားငယ်စွာ ခေါင်းငုံ့ခံနေရပါတယ်..။ အားလုံးက သနားတာကြောင့် ၀ိုင်းပြီးတောင်းပန်တောင် လူကြီးသားက စိတ်မပြေဘူး။ ဒါနဲ့ ယာဉ်ထိန်းကို ဖုန်းဆက်အကြောင်းအကြားတဲ့အခါ ယာဉ်ထိန်းရဲရောက်လာတယ်..။ စီစစ်ကြည့်တဲ့အခါ လူကြီးသားစီးလာတဲ့ကား လိုင်စင်မဲ့ကားဖြစ်နေတာကိုတွေ့ရပါတယ်" ဟု ရိုးမဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးမှ မုံရွာတိုင်မ်းပြောပါတယ်။

လူကြီးသားဖြစ်သူက ယာဉ်ထိန်းကိုဖုန်းဆက်ပြီးတိုင်ရမလားဆိုပြီး ..ရန်ငြိုးထားကာ မနေ့ ညပိုင်းက အား/ကာ တိုက်တန်းမှာ ရှိတဲ့ ကုဋေစု အရက်ဆိုင်ကို တုတ်၊ဓား လက်နက်ကိုယ်စီကိုင်ထားတဲ့ လူငယ် ၂၀ လောက်နဲ့ ဖုန်းဆက်တိုင်သူကို ၀င်လာပြီးရှာဖွေခဲ့ကြောင်းသိရပါတယ်..။
မင်းမဲ့စရိုက်အဖြစ် အသွင်သဏ္ဍန်ဆန်ဆန်လုပ်လာတဲ့ လူကြီးသားကို မြို့ခံပြည်သူတွေက ကျေနပ်မှုမရှိကြောင်းသိရသည်။
(ဤ သတင်းပါ လူကြီးသားနှင့်ပတ်သက်၍ သတင်းကျင့်ဝတ်အရ လူပုဂ္ဂိုလ်နာမည်များ မသုံးခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်အား ဗီဒီယို မှတ်တမ်းရိုက်ကူးထားပါသည်..။)
(Monywa Times)

အလျှူဒါန အမျိုးမျိုး

အို သူတော်ကောင်းတို့ သူတော်ကောင်းတို့ပေးလျှူလိုက်သောအလျှူဒါနအမျိုးမျိုးကိုသေချာဝေဖန်ပိုင်းခြားလိုက်သောအခါအလျှူ ၅ မျိုးထွက်
သည်ကိုတွေ့ရှိခဲ့ရပေသည် ကျွန်တော်တို့သည် လျှူရမည်သာသည် လျှူရခြင်း၏အကျိုးရလဒ်ကားသိသူအလွန်
နည်းပါတယ် ဒါကြောင့် ကျွန်တော်တင်ပြပါရစေ

ထိုအလျှူ ၅ မျိုး မှာ . . .
၁။ သဒ္ဓါဒါန
၂။ သက္ကစ္စဒါန
၃။ ကာလဒါန
၎။ အနုဂ္ဂဟိတဒါန
၅။ အနုပဟစ္စဒါန တို့ဖြစ်ကြသည်

၁။သဒ္ဓါဒါန
ကံကံ၏ အကျိုးကို ယုံကြည်ပြီးအလျှူခံပုဂ္ဂိုလ်တို့အား
လေးမြတ်စွာပေးလျှူမှုမျိုးကိုခေါ်သည်
ထိုပုဂ္ဂိုလ်တို့သည် ဖြစ်လေရာဘဝ၌
၁။ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာခြင်း ။
၂။ များစွာသောအသုံးအဆောင် ပစ္စည်းရှိခြင်း ။
၃။ ရုပ်ဆင်းအင်္ဂါ ရှုချင့်စဖွယ် ရှိခြင်း ။
၎။ စိတ်ကြည်လင် ချမ်းမြေ့မှုရှိခြင်း ။
၅။ ပိုမိုလွန်ကဲသော အဆင်းသဏ္ဌာန်နှင့် ပြည်စုံခြင်း ။

၂။ သက္ကစ္စဒါန
လျှူဖွယ်ဝတ္ထုတို့ကို ကောင်းကောင်းမွန်မွန်သပ်သပ် ရပ် ရပ်သန့်သန့်ရှင်းရှင်း
ပြုပြင်၍အလျှူခံပုဂ္ဂိုလ်တို့အားရိုသေစွာပေးလျှူခြင်းမျိုးကိုခေါ်သည်
ထိုပိုဂ္ဂိုလ်မျိုး တို့သည် ဖြစ်လေရာဘဝ၌
၁။ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာခြင်း ။
၂။ များစွာသောအသုံးအဆောင်ပစ္စည်းရှိခြင်း ။
၃။ သားမယား ကျေးကျွန် အခြံအရံတို့မိမိစကားကိုနားထောင် ခြင်း ။
၎။ တတ်သိနားလည်လွယ်သောဥာဏ် ရှိခြင်း ။

၃။ ကာလဒါန
လျှူဖွယ်ဝတ္ထုပစ္စည်းတို့ကိုအချိန်ကာလ နှင့်လျော်ညီစွာလျှူဒါန်းခြင်းမျိုးကိုခေါ်သည်
ထိုပုဂ္ဂိုလ်တို့သည်ဖြစ်လေရာဘဝ၌
၁။ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာခြင်း ။
၂။ များစွာသော အသုံးအဆောင် ပစ္စည်းရှိခြင်း ။
၃။ အချိန်ကာလနှင့်လျော်ညီစွာအကျိုးတရားများရရှိခြင်း ။
၎။ လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းများကို ရတတ်ခြင်း ။

၎။အနုဂ္ဂဟိတဒါန
အလျှူခံပုဂ္ဂိုလ်တို့အား ချီးမြှောက်လို၍ လျှူဒါန်းခြင်းကို ခေါ်သည်
ထိုပုဂ္ဂိုလ်တို့သည်ဖြစ်လေရာဘဝ၌
၁။ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာခြင်း ။
၂။ များစွာသောအသုံးအဆောင် ပစ္စည်းရှိခြင်း ။
၃။ ရရှိလာသောစည်းစိမ်ဥစ္စာတို့အပေါ်၌သုံးဆောင်ခံစားလိုစိတ် ရှိခြင်း ။
၎။ သုံလည်းသုံးဆောင် နိုင်ခြင်း

၅။ အနုပဟစ္စဒါန
မိမိကိုယ်ကိုလည်းကောင်းသူတပါးအားကိုလည်းကောင်း
မငြိစွန်းမထိခိုက်ဘဲပေးလျှူခြင်းမျိုးကိုခေါ်သည်
ထိုပုဂ္ဂိုလ်မျိုးတို့သည်ဖြစ်လေရာဘဝ၌
၁။ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာခြင်း ။
၂။ များစွာသောအသုံးအဆောင်ပစ္စည်း ရှိခြင်း ။
၃။ မိမိ၏ ပစ္စည်းဥစ္စာ တို့ကိုရန် သူမျိုးငါးပါးမဖျက်ဆီးနိုင်ခြင်း ။
၎။ အမွေခံသားဆိုးသမီးဆိုးများမမွေးဖွားနိုင်ခြင်း ။

ဆက်လက်ဖေါ်ပြပါဦးမည်

ဒို့ခေတ်စာပေ မိသားစု
အလျှူအမျိုးမျိုး အကျိုးအဖြာဖြာ

ဒေါက်တာခင်မောင်ညိုပြောတဲ့ Any Way

People are unreasonable, illogical and self-centered.
Love Them anyway....
လူတွေဟာ အကျိုးအကြောင်း မဆင်ခြင်ဘူး။ ရှေ့နောက်မညီဘူး။ အတ္တကြီးတယ်။
ဘာပဲဖြစ်ဖြစ် သူတိုကိုချစ်ပါ။
If you do good. people will accuse you
of selfish ulterior motives.
ကောင်းတာလုပ်ရင် လူတွေကသင့်ကို နောက်ကွယ်က မဟုတ်တာတွေကို
ဖုံးကွယ်နေတယ်လို့ ယူဆကြတယ်။
If you are successful, you will win false friends and true enemies.
Succeed anyway.........
သင်အောင်မြင်တဲ့အခါ မိတ်ဆွေအတုယောင်များနဲ့
ရန်သူအစစ်အမှန်ကိုသာ ရပြန်လေရော။
Honesty and frankness make you vulnerable.
Be honest and frank anyway.
ရိုးသားဖြောင့်မက်သိက္ခာပြီး ပွင့်ပွင့်လင်းလုပ်ဆောင်ရင်  အန္တရာယ်များတယ်။
ဘယ်လိုဖြစ်ဖြစ် သိက္ခာရှိပါ။ ပွင့်လင်းပါ။


ကျန်းမာရေးအတွက် သိထားသင့်သော အချက် ၂၀

ကျန်းမာရေးအတွက် သိထားသင့်သော အချက် ၂၀

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, February 22, 2013 at 10:24am

အောက်ပါတို့ကတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သိသင့်တဲ့ သတိမထားမိကြတဲ့ အချက် ၂၀ ပါ။

၁။ ဗီတာမင်ဒီကို နေရောင်ခြည် ဗီတာမင်လို့လည်း ခေါ်ကြပါတယ်။ အရေပြားပေါ် နေရေင်ခြည်ကျရောက်တဲ့အခါ ထွက်ရှိလာခြင်းကြောင့်ပါ။ ဗီတာမင်ဒီ လုံလောက်စွာ ရရှိမှ အရိုးကြံ့ခိုင်သန်စွမ်းမှာပါ။ ဒါ့အပြင် ခန္ဓာကိုယ်ခုခံအားစနစ်အတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ
ပါဝင်နေသလို သက်ကြီးရွယ်အိုတွေမှာ ကြွက်သားသန်မာဖို့လည်း ဗီတာမင်ဒီ လိုအပ်ပါတယ်။
၂။ ချောကလက် ကြိုက်သူတွေအတွက် သတင်းကောင်းပါ။ ချောကလက်စစ်ကို စားသုံးလေ့ရှိသူတွေဟာ မစားသူတွေနဲ့ ယှဉ်လိုက်တဲ့အခါ သက်တမ်းတစ်နှစ် ပိုရှည်ကြောင်း ဟားဗက်တက္ကသိုလ်ကနေ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုတာကိုတော့ သတိထားသင့်ပါတယ်။ အများကြီးစားရင်လည်း အဝလွန်တတ်လို့ပါ။

၃။ သံဓာတ် ဟာ သွေးအားကောင်းစေနိုင်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အစိမ်းရင့်ရောင်ဟင်းရွက် (ဟင်းနုနယ်ရွက်လိုမျိုး) ကို ချက်စားတာဟာ အစိမ်းစားတာထက်စာရင် သံဓာတ်စုပ်ယူနိုင်စွမ်း လေးဆပိုရရှိနိုင်ပါတယ်။

၎။ အိုမီဂါ-၃ ဖက်တီးအက်စစ် ဟာ ဦးနှောက်စွမ်းအား မြင့်မားစေနိုင်ပါတယ်။ လေ့လာချက်တွေအရ စိတ်ဓာတ်ကျရောဂါ ခံစားနေရသူတွေမှာ ထိုအက်စစ်ပမာဏ လျော့နည်းနေတတ်ကြောင်း၊ ထိုအက်စစ် ပမာဏ မြင့်အောင် လုပ်ပေးပြီးနောက် စိတ်ကျရောဂါလက္ခဏာတွေသက်သာလာကြောင်း တွေ့ရပါတယ်။

၅။ အသက်ရှည်ဖို့ အစားအစာတွေ ထဲမှာ ပန်းဂေါ်ဖီစိမ်း (Brocoli)၊ ငရုတ်သီးတောင့်၊ အချဉ်ဓာတ်ပါတဲ့ အသီး၊ ကြက်သွန်ဖြူ၊ ဘလူးဘယ်ရီး၊ ဒိန်ချဉ်၊ ငါးသေတ္တာ၊ အဆီများငါး၊ ပဲပိစပ်၊ အယ်လ်မွန်စေ့၊ ဟင်းနုနယ်၊ အုပ်ဂျုံ(Oat)နဲ့ ခရမ်းချဉ်သီးတွေ ပါရှိပါတယ်။

၆။ ဆေးလိပ်ဖြတ်ခြင်းကို မြန်မြန်လုပ်သင့်ပါတယ်။ ဆေးလိပ်ဖြတ်ပြီး ငါးနှစ်အကြာမှာ ဘယ်ရောဂါနဲ့မဆို သေဆုံးနိုင်ခြေ ၁၃ ရာခိုင်နှုန်းထိ လျော့ကျသွားနိုင်ကြောင်း တွေ့ရလို့ပါ။

၇။ ဗီတာမင်စီ များများစားပေးပါ။ ဗီတာမင်စီက ကိုယ်ခံစွမ်းအားကောင်းစေတဲ့အပြင် သွားနဲ့ သွားဖုံးကျန်းမာရေး၊ သံဓာတ်စုပ်ယူရေးတို့အတွက်လည်း အရေးပါတဲ့ ဗီတာမင်ဓာတ်ဖြစ်ပါတယ်။

၈။ ခရမ်းရောင် အသီးအနှံ တွေဖြစ်တဲ့ ခရမ်းသီး၊ ဆီးသီး၊ စပျစ်သီးတို့မှာပါတဲ့ ရောင်ခြယ်ဓာတ်တွေဟာ အဝလွန်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၉။ အိုမီဂါ ၃ အဆီဓာတ် တွေဟာ ဦးနှောက်ကျန်းမာရေး စွမ်းအား၊ မျက်စိကျန်းမာရေး၊ နှလုံးကျန်းမာရေးအတွက် ကောင်းစေသလို အရေပြားကိုလည်း နူးညံ့ ချောမွေ့စေနိုင်ပါတယ်။ အဓိက ရရှိတဲ့ နေရာကတော့ ငါးကြီးဆီမှ ဖြစ်ပါတယ်။ အိုမီဂါ ၃ ဓာတ်ကို အစားအစာတွေကနေ အလုံအလောက် မရရှိနိုင်တာကြောင့် ဆေးဝါးအဖြစ် မှီဝဲပေးဖို့ လိုပါတယ်။ ငါးကြီးဆီ တစ်နေ့ကို နှစ်လုံးလောက် သောက်ပေးသင့်ပါတယ်။

၁၀။ အရေပြားအလေးချိန် ဟာ သင့်ခန္ဓာကိုယ်တစ်ခုလုံး အလေးချိန်ရဲ့ ၁၅ ရာခိုင်နှုန်းရှိပါတယ်။
၁၁။ ကြိုးခုန်ခြင်းက ခြေထောက်နဲ့ ပခုံးကို ကြံ့ခိုင်သန်မာစေနိုင်သလို နာရီဝက်အတွင်း ကယ်လိုရီ ၁၄၆၃ ကီလိုဂျူး (KJ) ကျစေနိုင်ပါတယ်။

၁၂။ အိမ်မွေးတိရစ္ဆာန်တွေက ကျန်းမာရေးကို အထောက်အပံ့ပေးနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်မွေးထားသူတွေဟာ တော်ရုံတန်ရုံ နေမကောင်းဖြစ်ခဲသလို နေမကောင်းဖြစ်ပါကလည်း ပိုပြီး မြန်မြန်ပြန်ကောင်းတက်ပါတယ်။

၁၃။ နှလုံးရောဂါဟာ အမျိုးသမီးတွေမှာ မီးယပ် သွေးဆုံးပြီးနောက် ဖြစ်နိုင်ခြေများစွာ တိုးလာတတ်ပါတယ်။ ဒါကြောင့် မီးယပ်သွေးဆုံးပြီး အမျိုးသမီးတွေ အနေနဲ့ နှလုံးကျန်းမာရေးကို အထူးဂရုစိုက်ပေးသင့်ပါတယ်။

၁၄။ အိပ်ရေးဝဝအိပ်ခြင်း က နာကျင်မှုတွေကို ပိုခံနိုင်ရည်ရှိကြောင်း တွေ့ရပါတယ်။ အိပ်စက်ခြင်းက နာကျင်မှုကို ဟန့်တားပေးတဲ့ အင်ဒိုဖင်း (Endorphin) ဟော်မုန်းတွေကို လွှင့်ထုတ်ပေးခြင်းကြောင့်ပါ။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ခြောက်နာရီမှ ရှစ်နာရီကြာ အိပ်ချိန်ရှိအောင် ဂရုစိုက်ပေးပါ။

၁၅။ လက်တိုဖာရင် (Lactoferrin) ဆိုတာ ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက်တွေ့ရတဲ့ ဓာတ်ပေါင်းတစ်မျိုးဖြစ်ပြီး ခုခံအားဆဲလ်တွေကနေ ရောဂါပိုးတိုက်ဖျက်ရာမှာ ကူညီဖို့ လွှင့်ထုတ်ပေးပါတယ်။ Lactoferrin ပါတဲ့ အားဆေးတွေကို ခုခံအားဆဲလ်လုပ်ငန်းဆောင်တာကောင်းစေဖို့ သောက်ပေးနိုင်ပါတယ်။

၁၆။ အိုင်အိုဒင်းဓာတ် ဟာ လူတိုင်းအတွက် အရေးပါပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နို့စို့ကလေးတွေနဲ့ ကလေးငယ်တွေမှာ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးတိုးတက်ဖို့ အိုင်အိုဒင်းဓာတ် အရေးကြီးပါတယ်။ အိုင်အိုဒင်းကြွယ်ဝတဲ့ အစားတွေကတော့ ပင်လယ်စာ၊ ငါး၊ နို့ထွက်ပစ္စည်းတွေနဲ့ ကြက်ဥတို့ပဲ ဖြစ်ပါတယ်။

၁၇။ ခရမ်းချဉ်သီး မှာ ဗီတာမင်စီများစွာ ပါဝင်ခြင်းကြောင့် အသားအရေကို လှပစေနိုင်သလို ခုခံအားလည်းကောင်းစေနိုင်ပါတယ်။

၁၈။ ဗီတာမင်မျိုးစုံပါရှိတဲ့ အားဆေး ကို နေ့စဉ်သောက်ပေးခြင်းဖြင့် ကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။ ဂျင်းဆင်းပါရှိတဲ့ အားဆေးကို ပိုအစွမ်းထက်ပါတယ်။

၁၉။ ယောကဂကျင့်စဉ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်ကတည်းက ခန္ဓာကိုယ်အတွင်း အားကောင်းစေဖို့၊ ကျန်းမာကြံ့ခိုင်စေဖို့၊ အသက်ရှည်စေဖို့အတွက် ကျင့်ကြံခဲ့ကြပါတယ်။

၂၀။ ဘယ်ရီသီးတွေဟာ ကျန်းမာရေးကို ကောင်းစေပါတယ်။ Raspberry သီးဖျော်ရည်ဟာ အစာအိမ်ရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယား ပိုးမွှားတွေကို သတ်ပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။ ထိုဖျော်ရည်တွေကို စူပါမားကက်တွေမှာ ရှာတွေ့နိုင်ပါတယ်။
Ref: Good Health
Last Updated (Wednesday, 30 January 2013 02:20)

လူကြီးမင်းတို့လည်း ငွေဖြည့်ကဒ်ကို ငွေဖြည့် ရင် ဆိုင်ကကောင်မလေးတွေကိုဘဲ ငွေဖြည့်ခိုင်းပါ

Yinn Thee and Ayesandar Tun shared Tanintharyi Thar's photo.
အထူးသတိပေးချက် အထူးသတိပေးချက် အထူးသတိပေးချက်

ကဲ အရေးကြီးတာလေး သတိပေးမယ်နော် ဒီကောင်လေးကလည်း

တကယ်အရေးကြီးတယ်နော် လုပ်ကြံပြောနေတာလည်း မဟုတ်ပါ

တကယ် ကိုယ်တွေ့ပါ ကျွန်တော်တို့ ဆိုင်မှာ ဖြစ်တဲ့ ဟာလေးပါ

ဘာရယ်မဟုတ်ပါဘူး လူသိအောင်လို့ တင်ပေးတာပါ

လူတိုင်းမှတ်ထားသင့်တဲ့ အချက်လေးပါ

ဒီညနေ ၆း၀၀ ထိုးလောက်က ဖြစ်တဲ့ အရာလေးပါ

ငွေဖြည့်ကဒ်ကို ဖြည့်ရင် ခဲလေးခြစ်ပြီးတော့ အထဲက pas code တွေ

ဖြည့်ရတယ်မှတ်လား ဒီနေ့ဆိုင်မှာ ကောင်မလေး တစ်ယောက် customer

တစ်ယောက်ကို ငွေဖြည့်ဖို့ ကြည့်လိုက်တော့ pas code က

GSM MPT GSM MPT ဘဲပေါ်နေတယ် ဆက်သွယ်ရေးကို ဖုန်းဆက်တော့

ဆက်သွယ်ရေးက ပိတ်သွားပြီလေ စနေ ၊ တနင်္ဂနွေ ၂ရက်တောင် စောင့်ရ

အုန်းမယ် တကယ်ပြောတာပါ လူကြီးမင်းတို့လည်း ငွေဖြည့်ကဒ်ကို ငွေဖြည့်

ရင် ဆိုင်ကကောင်မလေးတွေကိုဘဲ ငွေဖြည့်ခိုင်းပါ အဲဒါမှ ပြသာနာ တက်လာ

ရင် ဖြေရှင်းလို့ ရမှာပေါ့ နို့မို့ဆို ငွေဖြည့်ကဒ်ကို အိမ်ယူသွားပြီး အိမ်ရောက်မှ

ဖြည့်ရင်တော့ ခုနကလို GSM MPT GSM MPT လို့ ပေါ်လာရင် ဆိုင်က ဖြေ

ရှင်းပေးလိမ့်မယ် မထင်ပါဘူး ဒါကြောင့် သင်တို့လည်း ငွေဖြည့်ရင် ဆိုင်မှာဘဲ

ငွေဖြည့်ခိုင်းပါ ...............ခုဖြစ်သွားတဲ့ ကဒ်က ၁၀၀၀၀ တန်ကဒ်ပါ MPT

ရေဒီကိစ္စကို ဘယ်လိုဖြေရှင်းပေးမလဲ သိချင်ပါတယ် ...........လူအများက

လည်းသိချင်နေပါတယ် ဒီစာလေးကို ရှယ်ပေးပါရန်................

ပုံတွေကို ကြည့်ချင်တယ် ဆိုရင်တော့ ဒီမှာ ကြည့်ပါ

http://www.facebook.com/groups/MyanmarMobileSoftwareDeveloper/
MMSD(Myanmar Mobile Software Developer)
အထူးသတိပေးချက် အထူးသတိပေးချက် အထူးသတိပေးချက်

ကဲ အရေးကြီးတာလေး သတိပေးမယ်နော် ဒီကောင်လေးကလည်း

တကယ်အရေးကြီးတယ်နော် လုပ်ကြံပြောနေတာလည်း မဟုတ်ပါ

တကယ် ကိုယ်တွေ့ပါ ကျွန်တော်တို့ ဆိုင်မှာ ဖြစ်တဲ့ ဟာလေးပါ

ဘာရယ်မဟုတ်ပါဘူး လူသိအောင်လို့ တင်ပေးတာပါ

လူတိုင်းမှတ်ထားသင့်တဲ့ အချက်လေးပါ

ဒီညနေ ၆း၀၀ ထိုးလောက်က ဖြစ်တဲ့ အရာလေးပါ

ငွေဖြည့်ကဒ်ကို ဖြည့်ရင် ခဲလေးခြစ်ပြီးတော့ အထဲက pas code တွေ

ဖြည့်ရတယ်မှတ်လား ဒီနေ့ဆိုင်မှာ ကောင်မလေး တစ်ယောက် customer

တစ်ယောက်ကို ငွေဖြည့်ဖို့ ကြည့်လိုက်တော့ pas code က

GSM MPT GSM MPT ဘဲပေါ်နေတယ် ဆက်သွယ်ရေးကို ဖုန်းဆက်တော့

ဆက်သွယ်ရေးက ပိတ်သွားပြီလေ စနေ ၊ တနင်္ဂနွေ ၂ရက်တောင် စောင့်ရ

အုန်းမယ် တကယ်ပြောတာပါ လူကြီးမင်းတို့လည်း ငွေဖြည့်ကဒ်ကို ငွေဖြည့်

ရင် ဆိုင်ကကောင်မလေးတွေကိုဘဲ ငွေဖြည့်ခိုင်းပါ အဲဒါမှ ပြသာနာ တက်လာ

ရင် ဖြေရှင်းလို့ ရမှာပေါ့ နို့မို့ဆို ငွေဖြည့်ကဒ်ကို အိမ်ယူသွားပြီး အိမ်ရောက်မှ

ဖြည့်ရင်တော့ ခုနကလို GSM MPT GSM MPT လို့ ပေါ်လာရင် ဆိုင်က ဖြေ

ရှင်းပေးလိမ့်မယ် မထင်ပါဘူး ဒါကြောင့် သင်တို့လည်း ငွေဖြည့်ရင် ဆိုင်မှာဘဲ

ငွေဖြည့်ခိုင်းပါ ...............ခုဖြစ်သွားတဲ့ ကဒ်က ၁၀၀၀၀ တန်ကဒ်ပါ MPT

ရေဒီကိစ္စကို ဘယ်လိုဖြေရှင်းပေးမလဲ သိချင်ပါတယ် ...........လူအများက

လည်းသိချင်နေပါတယ် ဒီစာလေးကို ရှယ်ပေးပါရန်................

ပုံတွေကို ကြည့်ချင်တယ် ဆိုရင်တော့ ဒီမှာ ကြည့်ပါ

http://www.facebook.com/groups/MyanmarMobileSoftwareDeveloper/
MMSD(Myanmar Mobile Software Developer)