Saturday, February 23, 2013

အလျှူဒါန အမျိုးမျိုး

အို သူတော်ကောင်းတို့ သူတော်ကောင်းတို့ပေးလျှူလိုက်သောအလျှူဒါနအမျိုးမျိုးကိုသေချာဝေဖန်ပိုင်းခြားလိုက်သောအခါအလျှူ ၅ မျိုးထွက်
သည်ကိုတွေ့ရှိခဲ့ရပေသည် ကျွန်တော်တို့သည် လျှူရမည်သာသည် လျှူရခြင်း၏အကျိုးရလဒ်ကားသိသူအလွန်
နည်းပါတယ် ဒါကြောင့် ကျွန်တော်တင်ပြပါရစေ

ထိုအလျှူ ၅ မျိုး မှာ . . .
၁။ သဒ္ဓါဒါန
၂။ သက္ကစ္စဒါန
၃။ ကာလဒါန
၎။ အနုဂ္ဂဟိတဒါန
၅။ အနုပဟစ္စဒါန တို့ဖြစ်ကြသည်

၁။သဒ္ဓါဒါန
ကံကံ၏ အကျိုးကို ယုံကြည်ပြီးအလျှူခံပုဂ္ဂိုလ်တို့အား
လေးမြတ်စွာပေးလျှူမှုမျိုးကိုခေါ်သည်
ထိုပုဂ္ဂိုလ်တို့သည် ဖြစ်လေရာဘဝ၌
၁။ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာခြင်း ။
၂။ များစွာသောအသုံးအဆောင် ပစ္စည်းရှိခြင်း ။
၃။ ရုပ်ဆင်းအင်္ဂါ ရှုချင့်စဖွယ် ရှိခြင်း ။
၎။ စိတ်ကြည်လင် ချမ်းမြေ့မှုရှိခြင်း ။
၅။ ပိုမိုလွန်ကဲသော အဆင်းသဏ္ဌာန်နှင့် ပြည်စုံခြင်း ။

၂။ သက္ကစ္စဒါန
လျှူဖွယ်ဝတ္ထုတို့ကို ကောင်းကောင်းမွန်မွန်သပ်သပ် ရပ် ရပ်သန့်သန့်ရှင်းရှင်း
ပြုပြင်၍အလျှူခံပုဂ္ဂိုလ်တို့အားရိုသေစွာပေးလျှူခြင်းမျိုးကိုခေါ်သည်
ထိုပိုဂ္ဂိုလ်မျိုး တို့သည် ဖြစ်လေရာဘဝ၌
၁။ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာခြင်း ။
၂။ များစွာသောအသုံးအဆောင်ပစ္စည်းရှိခြင်း ။
၃။ သားမယား ကျေးကျွန် အခြံအရံတို့မိမိစကားကိုနားထောင် ခြင်း ။
၎။ တတ်သိနားလည်လွယ်သောဥာဏ် ရှိခြင်း ။

၃။ ကာလဒါန
လျှူဖွယ်ဝတ္ထုပစ္စည်းတို့ကိုအချိန်ကာလ နှင့်လျော်ညီစွာလျှူဒါန်းခြင်းမျိုးကိုခေါ်သည်
ထိုပုဂ္ဂိုလ်တို့သည်ဖြစ်လေရာဘဝ၌
၁။ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာခြင်း ။
၂။ များစွာသော အသုံးအဆောင် ပစ္စည်းရှိခြင်း ။
၃။ အချိန်ကာလနှင့်လျော်ညီစွာအကျိုးတရားများရရှိခြင်း ။
၎။ လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းများကို ရတတ်ခြင်း ။

၎။အနုဂ္ဂဟိတဒါန
အလျှူခံပုဂ္ဂိုလ်တို့အား ချီးမြှောက်လို၍ လျှူဒါန်းခြင်းကို ခေါ်သည်
ထိုပုဂ္ဂိုလ်တို့သည်ဖြစ်လေရာဘဝ၌
၁။ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာခြင်း ။
၂။ များစွာသောအသုံးအဆောင် ပစ္စည်းရှိခြင်း ။
၃။ ရရှိလာသောစည်းစိမ်ဥစ္စာတို့အပေါ်၌သုံးဆောင်ခံစားလိုစိတ် ရှိခြင်း ။
၎။ သုံလည်းသုံးဆောင် နိုင်ခြင်း

၅။ အနုပဟစ္စဒါန
မိမိကိုယ်ကိုလည်းကောင်းသူတပါးအားကိုလည်းကောင်း
မငြိစွန်းမထိခိုက်ဘဲပေးလျှူခြင်းမျိုးကိုခေါ်သည်
ထိုပုဂ္ဂိုလ်မျိုးတို့သည်ဖြစ်လေရာဘဝ၌
၁။ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာခြင်း ။
၂။ များစွာသောအသုံးအဆောင်ပစ္စည်း ရှိခြင်း ။
၃။ မိမိ၏ ပစ္စည်းဥစ္စာ တို့ကိုရန် သူမျိုးငါးပါးမဖျက်ဆီးနိုင်ခြင်း ။
၎။ အမွေခံသားဆိုးသမီးဆိုးများမမွေးဖွားနိုင်ခြင်း ။

ဆက်လက်ဖေါ်ပြပါဦးမည်

ဒို့ခေတ်စာပေ မိသားစု
အလျှူအမျိုးမျိုး အကျိုးအဖြာဖြာ

0 ကွန်မန့်ရေးရန်:

Post a Comment