Saturday, February 23, 2013

ကိုရေ......

Red Kyaw shared We Love True's photo.
ကိုရေ......
ဒီမှာ မီးမလာလို့ ဆန္ဒပြကြတယ်တဲ့
ရပ်ကြည့်ပြီးး ရီချင်လိုက်တာနော်
ဘာလို့ ကိုတို့စစ်သားတွေကျ စစ်မြေပြင်မှာ မီးမရဘဲ
မှောင်မှောင်မဲမဲ နေရလဲ ဆန္ဒပြဖို့စိတ်မကူးးတာလဲ

ကိုရေ......
အင်တာနက်လိုင်းမကောင်းလို့ ဆန္ဒပြကြတယ်တဲ့
ကိုတို့စစ်သားတွေ စစ်မြေပြင်မှာ အင်တာနက်မပြောနဲ့
ရေဒီယိုလေးတောင် အနိုင်နိုင်နားထောင်နေရတဲ့ဘဝကို
သူတို့တစ်ပတ်လောက်အလည်ရောက်ရင် ဘယ်လောက်တောင် ဆန္ဒပြလိုက်မလဲနော်...
ဒါတောင်ကိုတို့ နောက်တန်းပြန်လို့ အားလပ်ချိန်မှာ 
အင်တာနက်သုံးမိရင် စစ်သားအင်တာနက်သုံးစရာလားတဲ့
သူတို့အပြောတွေကိုရီချင်လိုက်တာ

ကိုရေ.....
လမ်းတွေမကောင်းလို့တဲ့ အပြစ်တင်နေကြတဲ့သူတွေ
ကိုတို့စစ်သားတွေလျှောက်ရတဲ့ ခရောင်းလမ်း မြေနီကြမ်းနဲ့ ရွံဗွက်နွှံတော တွေကိုသာ လျှောက်ရင် ဘယ်လောက်အပြစ်တင်ကြမလဲနော်
ကိုတို့စစ်သားတွေကြ ဘာလို့ အပြစ်မတင်တတ်ကြတာလဲ......

ကိုရေ.....
ကချင်ပြည်နယ်ငြိမ်းချမ်းရေးတွက် လမ်းလျှောက်တဲ့သူ တွေကို ကြိုဆိုနေကြတာ လမ်းမှာတွေ့လိုက်တယ်
ကိုတို့စစ်သားတွေ တစ်နေ့ မိုင်၂၀ခရီးပေါက်အောင်သွားပြီ တစ်တောဝင် တစ်တောင်တက် အန္တရာယ်တွေကြားမှာ မမောမပန်း နိုင်ငံဝန်ထမ်းနေတာကိုကျ ဘာလို့အသိအမှတ်ပြု ကြိုဆိုတာ ဂျာနယ်တွေမှာဝေဝေဆာဆာဖော်ပြတာမရှိရတာလဲ
ဒါတောင် ကိုတို့စစ်သားတွေ အပစ်မမြင် ချစ်ခင်ဆဲ သူတို့အသက်အိုးအိမ်တွေအတွက် ကာကွယ်စောက်ရှောက်ဆဲနော်

ကိုရေ.....
ချစ်သူက တစ်ရက်လောက် မလာလို့စိတ်ကောက်တဲ့ သူငယ်ချင်းတွေကိုမြင်ရင် ဘယ်လိုရီချင်မှန်းမသိဘူး တစ်နှစ်မှာ နှစ်လလောက်တောင် အတူမနေနိုင်တဲ့ စစ်သားချစ်သူ စစ်သားမိန်းမတွေကျ စိတ်ကောက်ဖို့နေနေသာသာ ပြန်လာမဲ့ရက်ကိုရေတွက်ရင်း ချစ်တဲ့သူအမောပြေအောင အပြုံးလေးနဲ့ကြိုဆိုနေကြတယ်လေ သူတို့ကိုတော့ မခံစားဖူးတဲ့သူတွေမို့ အပစ်မဆိုပါဘူး စစ်သားနဲ့သူ့ရဲ့ပါရမီဖြည့်ဖက်တွေဘဝကို နည်းနည်းလောက် စာနာပေးရင်ဘဲ ကျေးဇူးတင်လှပါပီ

ကိုရေ.....
ပြည်တွင်းစစ်ခုရပ်လို့အော်နေတဲ့သူတွေကိုတော့ သိပ်ကြည့်လို့မရဘူး
သူတို့က အိမ်ထဲကနေ သားနဲ့မယားနဲ့ မိသားစုနဲ့ အစားအသောက်မပြတ်အော်နေရတာပါ
ကိုတို့စစ်သားတွေနဲ့ စစ်သလင်းက မြေစာပင် ပြည်သူတွေက အစားဆင်းရဲ အနေဆင်းရဲ အိုးပစ် အိမ်ပစ် နဲ့ ဒုက္ခဆင်းရဲပေါင်းစုံကို ရင်ဆိုင်ခံစားနေရတာပါ
ဘယ်သူက စစ်ပွဲတွေကိုဆင်နွဲချင်မှာလဲ
ငြိမ်းချမ်းရေး ခ်ျုးငှက်တွေ မြန်ပြည်တစ်ခွင်လွမ်းခြုံ နိုင်ဖို့
ကိုတို့စစ်သား ရဲဘော်ရဲဘက်တွေရဲ့ အသက်သွေးချွေးတွေနဲ့ စတေးနေရတာလေ ကိုတို့က စစ်ပွဲတွေအမြန်ဆုံး ရပ်ချင်မှာပေါ့

ကိုရေ.....
စစ်တိုက်ရတာကို သေနတ်ပစ်တတ်ရင် တိုက်လို့ရတယ်
စစ်တပ်မရှိလဲဖြစ်တယ်လို့ထင်နေတဲ့သူတွေရှိတယ် သိလား
သေနတ်ပစ်တာလွယ်လားးးးပြောပြလိုက်ပါလေ
ဒီလိုသေနတ်လွယ်ပြီးတိုက်ပွဲဝင်နိုင်ဖို့ ဘယ်လောက်လေ့ကျင့်ခဲ့ရလဲ ချွေးထွက်များမှသွေးထွက်နည်းမည် ဆိုတဲ့ဆောင်ပုဒ်ကို
ဘယ်လောက်လိုက်နာခဲ့ရလဲ အခွင့်ကြုံရင်တော့ ပြောပြလိုက်ပါလေ သေနတ်မှန်ရင် ပရုတ်ဆီလူးလို့မရဘူး သေတတ်တယ်လို့ မခံစားဖူးတဲ့သူတွေ နားလည်အောင်တော့ အခွင့်ကြုံရင်ပြောပြလိုက်ပါ သေအတူရှင်မကွာ လက်တွဲပြီးတိုက်ပွဲဝင်လာတဲ့ ရဲဘော်ရဲဘက်တွေ မတော်တဆ ကျဆုံးသွားရင် နှလုံးခိုက်အောင်နာပြီး ၀မ်းနည်းယူကြုံးမရဖြစ်ရတာတွေ ကြုံကြိုက်ရင်တော့ပြောပြလိုက်ပါလေ

ကိုရေ.....
ကိုတို့ စစ်သားတွေရဲ့ ဝါသနာကိုအခြေခံတဲ့အနစ်နာခံပေးဆပ်မှုတွေကို စော်ကားနေတဲ့သူတွေကို မေတ္တာမဆူးပါစေနဲ့လို့ဘဲ
ဆုတောင်းပေးလိုက်တယ်
ကို့တို့စစ်သားတွေကို စစ်ခွေးလို့ခေါ်တဲ့သူတွေက စစ်သားတွေနဲ့နှိုင်းယှဉ်ဖို့မပြောနဲ့ ခွေးလေးတစ်ကောင်လောက်တောင် သစ္စာတရားကိုနားမလည်ပါဘူး သူတို့စကားက သူတို့ ရဲ့ဘဝဖြစ်တည်မှုကို လစ်ပြနေတာမို့ အလေးထားပြီး စိတ်မကောင်းဖြစ်မနေပါနဲ့
နိုင်ငံတော်ကို သစ္စာ စောင့်သိတဲ့သူတွေကို လေးစားဂုဏ် ယူပြီး ချစ်မြဲချစ်နေတဲ့သူတွေ အများကြီးပါ

ကိုရေ......
အောင်ပွဲတွေနဲ့အတူ ပြန်လာနိုင်ပါစေ
ကို့ရဲဘောရဲဘက် ကိုသံယောဇဉ်ကြီးတဲ့ ကို့စစ်သားတွေလဲ ဘေးအန္တရာယ်ကင်းရှင်းပါစေ
အောင်သပြေနဲ့စောင့်ကြိုပြီး အောင်ပွဲတွေအတွက်ဂုဏ်ယူ နေမှာပါ ...……………………………

##တိုင်းပြည်နဲ့လူမျိုး အမျိုးဘာသာသာသနာကို စောင့်ရှောက်နိုင်တဲ့ စစ်သားကောင်း တွေနဲ့သူတို့ရဲ့ပါရမီဖြည့်ဖက်တွေအတွက်

Magnolia Virginiana

0 ကွန်မန့်ရေးရန်:

Post a Comment