This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Wednesday, November 21, 2012
Night Camera v2 For Android 3Mb
ညဘက်ကင်မရာရိုက်တဲ့သူငယ်ချင်းတွေအတွက် အသုံးဝင်မယ်ထင်ပါတယ်
play.google  မှာလေ့လာနိုင်ပါတယ်
Download>>>mediafire(or)go4up
လုပ်ငန်းရှင်တွေ မြန်မာပြည်မှာ မြုပ်နှံဖို့ စိတ်ဝင်စား
မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင်းပင်
သမ္မတ အိုဘားမားက သူ့မိန့်ခွန်းထဲမှာမြန်မာနိုင်ငံမှာ စီးပွားရေး ပြန်နလန်ထူလာဖို့ ကူညီသွားမယ်လို့ ပြောသွားသလို အမေရိကန် လုပ်ငန်းရှင်တွေကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ စိုင်းပြင်းနေတဲ့ အတွက် အမေရိကန်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလို နေတာဟာ မဟာဗျူဟာရှုထောင့်အရ ရင်းနှီးမြှုပ်နှံလိုတဲ့ သဘောလား၊ ဒါမှမဟုတ် စီးပွားရေး အရ သက်သက် ရင်းနှီး မြှုပ်နှံလိုတဲ့ သဘောပါလား ဆိုတာကို သြစတြေးလျနိုင်ငံ Macquarie University စီးပွားရေးဌာနက မြန်မာ့စီးပွားရေးရာ ကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ Sean Turnell ကို ဆက်သွယ် မေးကြည့်တော့ သူက နှစ်မျိုးစလုံး ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံဖို့ အရင်ကတည်းက စိတ်ဝင်စားနေကြတာပါ ၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့စတဲ့ သယံဇာတ လုပ်ငန်းတွေအတွက်တင်မက တခြား စီးပွားရေး လုပ်ငန်းတွေမှာလည်း ရင်းနှီးမြုပ်နှံဖို့ ဆန္ဒရှိကြပြီး အာရှဒေသအပေါ် အဓိက အာရုံထားတဲ့ အမေရိကန်ရဲ့ ပေါ်လစီထဲမှာ မြန်မာနိုင်ငံကို တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု အောက်ကနေ လွှဲဖယ်ချင်တာက တစိတ်တဒေသ ပါတယ် ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေကြောင်း ၊ ဒီတော့ မြန်မာနိုင်ငံမှာ အမေရိကန်က ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လိုတာ အကြောင်းရင်းခံ နှစ်ခု ရှိတယ်လို့ ပြောလို့ ရပေမယ့် မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာရေးကို အမေရိကန်တို့ဘက်က အတော်လေး လိုလားနေတာ ကတော့ မုချ သေချာကြောင်း ဒီတော့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ ဈေးကွက် ချဲ့ထွင် ချင်နေသလို တဖက်မှာလည်း မဟာ ဗျူဟာ ရှုထောင့်အရ မြန်မာနိုင်ငံ အပေါ် စိတ်ဝင်စားမှု ရှိနေတယ်လို့ ပြောလို့ ရကြောင်း မစ္စတာ ရှောင်တာနာက ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတဲ့ တရုတ် ကုမ္ပဏီ တခိျု့အနေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး နဲ့ ပတ်သက်လို့ လိုက်နာမှုမျိုး မရှိတာ တွေ့နေရတာတွေ မဖြစ်အောင် မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီး မြှုပ်နှံမယ့် အနောက်အုပ်စုကုမ္ပဏီတွေ အနေနဲ့ ဘယ်လို စည်းမျဉ်း ကျင့်ဝတ်မျိုးတွေကို လိုက်နာ သင့်ပါသလဲလို့ သူ့ကို မေးကြည့်တော့ ဒါဟာ သိပ်ကို အရေးကြီးတဲ့ ကိစ္စရပ်ဘဲလို့ သူက ဖြေပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံမှာတင်မက ဘယ်နိုင်ငံမှာမဆို သယံဇာတ တူးဖေါ် ထုတ်လုပ်ရေး လုပ်ငန်း အပိုင်းကဏ္ဍမှာ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်မယ် ဆိုရင် ပွင့်လင်း မြင်သာမှု ရှိဖို့ အရေးကြီးပါတယ်။
အရင် စစ်အစိုးရလက်ထက်တုန်းက သယံဇာတ ထုတ်လုပ်ရေး လုပ်ငန်းတွေကို စစ်တပ်က လက်ဝါးကြီးအုပ် ချယ်လှယ် ကြီးစိုးထားတဲ့ အတွက် စီးပွားရေး အပိုင်းမှာ အတော်လေးကို ထိခိုက်နစ်နာမှုတွေ ရှိခဲ့ပါတယ်။
ဒီတော့ အခု ရင်းနှီး မြှုပ်နှံမှုတွေ လုပ်မယ့် ကုမ္ပဏီတွေအနေနဲ့ ငွေပေးချေမှု ကိစ္စတွေမှာ ပွင့်လင်း မြင်သာမှု ရှိဖို့ လိုသလို ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုင်ရာနဲ့ လုပ်သား ခိုင်းစေမှုတွေမှာလည်း စည်းမျဉ်း ကျင့်ဝတ်တွေအတိုင်းလိုက်နာ ဆောင်ရွက်ကြဖို့ လိုကြောင်း သူက ပြောပြပါတယ်။
မြန်မာနိုင်ငံမှာက အစိုးရနဲ့ နီးစပ်တဲ့ ခရိုနီတွေက စီးပွားရေး လုပ်ငန်းတွေကို ချုပ်ကိုင်ထားတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ကနေ ရလာတဲ့ အသီးအပွင့် အကျိုးကျေးဇူးတွေက ပြည်သူတွေ လက်ထဲ ရောက်ဖို့ကိုရော အာမခံနိုင်မှာပါလား ဆိုတဲ့ မေးခွန်းကိုတော့ သူက ဒီကိစ္စနဲ့ ပတ်သက်လို့ အတော်လေး စိုးရိမ်ကြပြီး မြန်မာအစိုးရအနေနဲ့ အနောက်အုပ်စုနိုင်ငံတွေနဲ့ ဖက်စပ်လုပ်ကိုင်တဲ့အခါမှာ ပွင့်လင်းမြင်သာမှု ရှိတယ် ဆိုတာကို ပြနိုင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၆လလောက်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာ့ ရေနံနဲ့ စွမ်းအင် လုပ်ငန်းနဲ့ ပတ်သက်လို့ ပြောသွားတဲ့အထဲမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ ပြောသွားတဲ့ အတွက် မြန်မာ အစိုးရအနေနဲ့ ဒီလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဆုံးဖြတ်ချက် ပေါ်လစီတွေ ချမှတ်ဖို့ လိုသလို ဒီလို အရေးပါတဲ့ ဆောင်ရွက်ချက်မျိုးတွေ လုပ်နိုင်ဖို့ အတော်လေး အချိန်ယူပြီး လုပ်ရမယ့် အခြေအနေ ရှိနေကြောင်း သူက ရှင်းပြပါတယ်။
ဒီတော့ မြန်မာနိုင်ငံမှာ ရေရှည် ရင်းနှီး မြှုပ်နှံမှုတွေ လုပ်မယ် ဆိုရင် အမေရိကန် လုပ်ငန်းရှင်တွေဘက်က ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်မလဲ ၊ ဘယ်လို အခက်အခဲမျိုးတွေနဲ့ရောကြုံတွေ့နိုင်စရာ ရှိပါသလဲလို့ ပါမေက္ခ ရှောင်တာနာကို မေးကြည့်တော့ သူက အမေရိကန် ကုမ္ပဏီတွေ တင်မကပါဘူး၊ မြန်မာနိုင်ငံမှာ လာရင်းနှီးမြှုပ်နှံကြမယ့် နိုင်ငံခြား ကုမ္ပဏီတွေအနေနဲ့ အခက်အခဲ ပြဿနာ အတော်များများ ကြုံရနိုင်တယ်လို့ သူက ပြောပါတယ်။
ပထမ တချက်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ လုံးဝ တည်ငြိမ်မှု ရှိတယ်လို့ မပြောနိုင်သေးပါဘူး ၊ နောက်ပြီး အခြေခံ အဆောက်အအုံ တည်ဆောက်မှု၊ သယ်ယူ ပို့ဆောင်ရေး စနစ်၊ စတာတွေမှာ ခိျု့ယွင်းမှုတွေ ရှိနေသလို လျှပ်စစ်မီး လုံလုံလောက်လောက်မရတဲ့ ပြဿနာလည်း ရှိနေပြီး ၊ တခါ ဘဏ်လုပ်ငန်း စနစ်မှာလည်း လိုအပ်မှုတွေ ရှိနေသေးတဲ့အတွက် နိုင်ငံခြား လုပ်ငန်းရှင်တွေအနေနဲ့ ငွေအပြောင်းအလွှဲ ကိစ္စတွေမှာ အခက်ကြုံနိုင်တယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ပညာရေးစနစ် ခိျု့ယွင်းမှုကြောင့် အမေရိကန်နဲ့ နိုင်ငံခြား ကုမ္ပဏီတွေ လိုအပ်နေတဲ့ အရည်အချင်းပြည့်မှီ လုပ်သား နည်းပါး ခိျု့တဲ့မှုကိုလည်း ရင်ဆိုင်ရနိုင်သလို တဘက်ကလည်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ တကယ်တမ်း ရှိလာခဲ့မယ် ဆိုရင် အကျိုးအမြတ်တွေ ဖြစ်ထွန်းနိုင်မယ်လို့ နိုင်ငံခြားကုမ္ပဏီတွေက တထစ်ချ ယုံကြည်ထားကြတဲ့ အတွက် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့ ကတော့ လိုအပ်နေတယ်လို့ ကျနော့်အနေနဲ့ ယူဆကြောင်း ပါမေက္ခ ရှောင်တာနာက ရှင်းပြ သွားခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
Huawei ရဲ့ စိုးရိမ် စရာ အခြေနေ
Huawei အားပေး သူ တွေ အတွက် စိုးရိမ် စရာ သတင်း လေး ပါ ။
Huawei ကို တရုတ် က နေ နာမည် ခိုး ပြီး တရုတ် Android ဖုန်း ထွက် လာပါပြီ ။မသိ တဲ့ သူတွေ အတွက် ဆို Huawei နဲ့ မှား နိုင် ပါတယ် ။
ဘက်ထရီ ဖြုတ်ကြည့် လိုက် ပါ ။မော်ဒယ် က တော့ မတူ ပါ ဘူး ။
အဲ့ ဒါ အပြင် ခု နောက် ပိုင်းဝင် တဲ့ အသုတ် တွေ Error အရမ်း များ လာ ပါ ပြီ ။
c8812 ဆို software ကြောင် ပြီး လုံးဝ ရေး မရ တော့ တာ မျိုး ။
u9200  ဆို ကဒ် ထုတ် ရင်း လိုဂို မှာ ရပ် နေ ပြီး လုံး ၀ ဆော့ဝ် ရေး မရတော့ တာ မျိုး ။
စသဖြင့် ပြင် မရ တဲ့ Error တွေ တက် နေ ပါတယ် ။ဒါ တောင် ကျွှန်တော် မတွေ့ ဖူး တဲ့ Error များ ရှိ နေ နိုင် ပါသေးတယ် ။
Huawei ၀ယ် မည့် သူ အနေ နဲ့ လက်ရှိ အသုံးပြုနေသူများ ကို သေချာ   မေး မြန်း ပြီး စဉ်းစား ၀ယ် ယူ ကြ ရန် တိုက်တွန်း လိုက် ပါတယ် ။
အိုဘားမားခရီးစဉ်မှ ကန့်လန့်ဖြစ်သွားသော ဓာတ်ပုံများ (လွတ်လပ်စွာ..သဘောကွဲလွဲကြပါကုန်)
ကိုယ်တိုင်လည်း နေရာစုံ ဓာတ်ပုံလိုက်မရိုက်နိုင်တော့ သူများ ရိုက်နိုင်တာလေးတွေကို ကြည့်ပြီး သဘော ကျ ရသည်။ ထို သဘောကျရသည့် ပုံများထဲမှာမှ ကန့်လန့်ဖြစ်ရသော ပုံများစွာ လည်း တွေ့ရ သည်။ အောက်တွင် ဖော်ပြမည့် ပုံများမှာ ကျွန်တော့်အတွက် ကန့်လန့်ဖြစ်စေသော ပုံများ ပင်ဖြစ်သည်။ လွတ် လပ်စွာ ကွဲလွဲကြပါကုန်။
ဒါကို အမေရိကန်-မြန်မာ ချစ်ကြည်ရေးဆိုပြီး ခေါင်းစဉ်တပ်မှာလား
 ရောက်တုန်းလေး ကယ်ကြပါဆိုပြီး ပြောရသေးတယ်
စိမ်းစိမ်း၊ဖြူဖြူ မျက်မှန်နက်ကြီးက လက်ဆန့်ဆိုတော့ ဆန့်ပေါ့
ချိပ်ထမီနဲ့ ကားရားကားယား
 ဒါတွေက ဘယ်သူ့စနက်လဲ
 မန္တလေးမှာလဲ အားကျမခံ အုတ်တံတိုင်းမှာ ဆွဲသတဲ့
 စီးပွားရေး အကွက်မြင်ချက်ကတော့ ရတုန်းလေး ၀င်ကြော်ငြာ
 ဘုန်းဘုန်းတို့ကတော့လွန်တယ်
ဂတုံးက ရခိုင်အရေးကျတော့ နှေးတယ်၊ ရထားပေါ်အတင်းတုပ်ဖို့နဲ့ ဒါမျိုးကျ ရှေ့ဆုံး
 ရွှေတိဂုံကို ဖူးခွင့်ရတဲ့ အမေရိကန်ခွေး  
 မြန်မာနိုင်ငံက မြန်မာဆိုင်မှာ မြန်မာအလံတောင် ရှာရ ခက်ခက်
သနပ်ခါး ပါးကွက်ကြားနဲ့ မြန်မာကျောင်းသား
 The Hulk ရဲ့သမီး ၀တ်ရုံကြီးခြုံပြီးဘယ်သူခေါ်လာတာပါလိမ့်
 မြန်မာမိန်းကလေးကို ပါးမနမ်းရဘူးလေလို့ ငြင်းခွင့်မရှိလေရော့သလား
အမေရိကန် သမ္မတအဆက်ဆက် ကြိုးစားခဲ့ကြတာ.. ကဲခုတော့... မြန်မာနိုင်ငံထဲလာပြီး အားလုံးကို ဒီလို လုပ်ပြသွားလေရဲ့
.oppositeyes မှ ကူးယူဖော်ပြခြင်းမျှသာ ဖြစ်သည်။
မြန်မာနိုင်ငံ၏ အံ့အားသင့်ဖွယ်ရာ အသွင်ကူးပြောင်းမှုနှင့် ထူးခြားလှသည့် ခရီးစဉ်တို့က ပိုမိုပွင့်လင်းလွတ်လပ်သော ဒီမိုကရက်တစ် အဖွဲ့အစည်းဆီသို့ ဦးတည်နေကြောင်း အမေရိကန်သမ္မတ အိုဘားမားပြောကြား
 Monday, 19 November 2012 12:12
မြန်မာနိုင်ငံ မင်္ဂလာပါ......
လူသားရဲ့ဂုဏ်သိက္ခာပေါ်မှာ အမေရိကန်ရဲ့ယုံကြည်မှုကြောင့် ကျွန်တော် မြန်မာနိုင်ငံကို ရောက်လာခဲ့တာပါ။ ကျွန်တော်တို့နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာမှာ သူစိမ်းတွေလို ဖြစ်နေခဲ့ကြပါတယ်။ ‘ဒါပေမဲ့ ဒီနေ့မှာတော့ ဒီနိုင်ငံရဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ အမြဲတမ်းမျော်လင့်နေခဲ့တယ်ဆိုတာကို ကျွန်တော် ပြောနိုင်ပါပြီ။
မြန်မာပြည်သူတွေက ကျွန်တော်တို့ကို မျော်လင့်ချက်တွေ ပေးခဲ့ပါတယ်။ ခင်ဗျားတို့ရဲ့ ရဲရင့်မှုကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။ တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားမိသားစုတွေဆီကို အဖြူရောင်ဝတ်စုံနဲ့ တက်ကြွလှုပ်ရှားသူတွေ လည်ပတ်တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ သံဃာတော်တွေက ငြိမ်းချမ်းစွာကန့်ကွက် ဆန္ဒပြကြတာကိုလည်း ကျွန်တော်တို့မြင်တွေ့ခဲ့ရပါပြီ။
ဆိုင်ကလုန်းဒဏ်ကို ခံခဲ့ရတဲ့သူတွေကို ကူညီဖို့အတွက် သာမန် ပြည်သူတွေက ကယ်ဆယ်ရေးအဖွဲ့တွေ စုစည်းဖွဲ့စည်းခဲ့ကြတာကိုလည်း ကျွန်တော်တို့ သိခဲ့ရပါတယ်။ လွတ်လပ်မှုရဲ့ အသံကို မျော်လင့်နေတဲ့ ဟစ်ဟော့ပ်အနုပညာရှင်တွေရဲ့ စည်းချက်တွေ၊ ကျောင်းသားတွေရဲ့ အသံတွေကိုလည်း ကြားခဲ့ရပါတယ်။ သူတို့ရဲ့ မွေးရပ်နဲ့ မိသားစုတွေဆီကို ဘယ်တော့မှာ အဆက်အသွယ်မပြတ်ကြတဲ့ ဒုက္ခသည်တွေ၊ ပြည်ပသွားရောက်နေထိုင်သူတွေကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ရပြီးပါပြီ။
အဲဒါတွေအပြင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ဆန္ဒပြင်းထန်တဲ့ ဂုဏ်သရေကြောင့် ကျွန်တော်တို့ဟာ စိတ်အားတက်ကြွခဲ့ရပါတယ်။ မျော်လင့်ချက်တွေ ခင်ဗျားရဲ့နှလုံးသားထဲမှာ တောက်လောင်နေမယ်ဆိုရင် ဘယ်လူသားကိုမှ အကျဉ်းချထားလို့မရဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်က သက်သေပြခဲ့ပါတယ်။ " ကျွန်တော် သမ္မတတာဝန်ထမ်းဆောင်တုန်းက အကြောက်တရားနဲ့ အုပ်စိုးနေတဲ့ အစိုးရတွေဆီကို ''ခင်ဗျားတို့ရဲ့ လက်သီးဆုပ်ကို ဖြည်ဖို့ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့က လက်ကမ်းပေးမှာပါ''လို့ ကျွန်တော်သတင်းစကားတစ်ခု ပါးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်အတွင်းမှာ အံ့အားသင့်ဖို့တဲ့ အသွင်ကူးပြောင်းမှုတွေ စတင်ဖြစ်လာခဲ့ပါတယ်။
ဆယ်စုနှစ် ငါးစုလောက် အာဏာရှင်အုပ်စိုးမှုဟာ စတင်ဖြေလျော့လာပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြောင်းလဲမှုအတွက် ဆန္ဒဟာ ပြုပြင်ပြောင်းလဲဖို့အတွက် အစီအစဉ်တွေနဲ့ လိုက်လျော်ညီထွေဖြစ်နေပါတယ်။ အခုတော့ အစိုးရအဖွဲ့ကို အရပ်သားတစ်ဦးက ဦးဆောင်နေပြီး ပါလီမန်ကလည်း ကိုယ်တိုင်အားကောင်းမောင်းသန် ရပ်တည်နေနိုင်ပါပြီ။ တစ်ချိန်က တရားမ၀င် ကြေညာခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလည်း ရွေးကောက်တစ်ခုမှာ ၀င်ပြိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာလည်း လွှတ်တော်အမတ်တစ်ယောက် ဖြစ်လာပါပြီ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ရာပေါင်းများစွာကိုလည်း ပြန်လွှတ်ပေးခဲ့ပြီးသလို အဓမ္မခိုင်းစေမှုကိုလည်း ပိတ်ပင်ပြီးပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ကနဦး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေရခဲ့ပြီဖြစ်သလို ပိုလွတ်လပ်ပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပဒေသစ်တွေလည်း ပေါ်ထွက်လာခဲ့ပါပြီ။
ဒါကြောင့် ဒီကနေ့မှာ ကျွန်တော့်ကတိစကားကို တည်ဖို့ ကျွန်တော်လာခဲ့တာပါ။ မိတ်ဆွေဖြစ်မှုဆိုတဲ့ လက်ကမ်းဖို့လာခဲ့တာပါ။ အမေရိကဟာ ရန်ကုန်မှာ သံအမတ်တစ်ယောက်ရှိနေပါပြီ။ အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့ပြီးပါပြီ။ ပြည်သူတွေအတွက် အခွင့်အလမ်းတွေဆောင်ကြဉ်းပေးနိုင်တဲ့ ကမ္ဘာကြီးဖွံ့ဖြိုးရေးအတွက် အင်ဂျင်တစ်လုံးအဖြစ် ပါဝင်လည်ပတ်မောင်းနှင်ပေးနိုင်တဲ့ စီးပွားရေးကို တည်ဆောက်ဖို့ ကျွန်တော်တို့ ကူညီပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမှတ်မှတ်ထင်ထင်ရှိလှတဲ့ ခရီးဟာ အစပဲရှိပါသေးတယ်။
အများကြီး ရှေ့ဆက်သွားရဦးမှာပါ။ ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ မှိတ်တုတ်မှိတ်တုတ် တိုးတက်မှုလေးတွေဟာ ငြှိမ်းသတ်ခံရတာမျိုး ဖြစ်သွားလို့မရပါဘူး။ ဒီမှိတ်တုတ်မှိတ်တုတ် တိုးတက်မှုကလေးတွေကနေ ဒီတိုင်းပြည်ရဲ့ပြည်သူတွေအတွက် တောက်ပတဲ့ ဥတ္တရကြယ်တစ်စင်း ဖြစ်လာရပါမယ်။ ပြည်သူတွေရဲ့ အတူတကွစုဝေးခွင့်ကို ဖိနှိပ်ချုပ်ချယ်နေမယ့်အစား အပြည့်အ၀လေးစားမှုပေးရပါမယ်။ ဖိနှိပ်ပိတ်ပင်နေမယ့်အစား မီဒီယာအပေါ်ဆင်ဆာ လွှမ်းမိုးထားတာကို ဆက်ပြီး ရုပ်သိမ်းပေးရပါမယ်။
ဒီခြေလှမ်းတွေကို ဆက်လျောက်လာနိုင်တာနဲ့အမျှ ခင်ဗျားတို့ တိုးတက်လာနိုင်ပါတယ်။ မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းကို နိုင်ငံသားတွေက ကန့်ကွက်ဆန္ဒပြတဲ့အသံကို လျစ်လျူမရှုဘဲ နားထောင်ပေးခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေကို တရားမ၀င်မလုပ်ဘဲ ပါဝင်ခွင့်ပြုခဲ့ပါတယ်။ လွှတ်တော်ရွေးကောက်ပွဲကာလအတွင်းမှာ မဲဆန္ဒရှင်တစ်ယောက်က ''ကျွန်တော်တို့မိဘတွေ၊ ဘိုးဘွားတွေ ဒီအတွက် စောင့်ခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ခါမှ မြင်မသွားခဲ့ရပါဘူး''လို့ ပြောခဲ့ပါတယ်။ မဲဆန္ဒရှင်တွေရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ အာဏာရှိတဲ့သူတွေဟာ အကန့်အသတ်ရှိမှုတွေကို လက်ခံရပါမယ်။ ကျွန်တော်တို့ရဲ့ အမေရိကန်စနစ်က အဲဒီလိုဖြစ်အောင် ဖန်တီးထားတာပါ။
အမေရိကန်ဟာ ကမ္ဘာမှာ အင်အားအကြီးဆုံး စစ်ရေးအင်အားရှိကောင်းရှိမယ်။ ဒါပေမဲ့ အဲဒါဟာ အရပ်ဘက်ထိန်းချုပ်မှုအောက်မှာပဲရှိရပါမယ်။ သမ္မတလည်းဖြစ်၊ စစ်သေနာပတိချုပ်လည်းဖြစ်တဲ့ ကျွန်တော့်အနေနဲ့ တစ်ခါတရံမှာ ကျွန်တော်လုပ်ချင်ရင်တောင် ကွန်ဂရက်လွှတ်တော်အပေါ်မှာ ကျွန်တော့် ဆန္ဒအတိုင်းလွှမ်းမိုးလို့မရပါဘူး။ တရားသူကြီးအချို့ကို ကျွန်တော်ခန့်ရပေမယ့် သူတို့ဘယ်လိုတရားစီရင်မလဲဆိုတာကို ကျွန်တော်ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကမှာ ဆင်းဆင်းရဲရဲနဲ့ နေနေရတဲ့ကလေးတစ်ယောက်ကနေ သမ္မတအထိ လူတိုင်းဟာ ဥပဒေအောက်မှာ သာတူညီမျှပါပဲ။ အနာဂတ်တစ်ခု၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတစ်ယောက်ရှိနေရင်တောင် အရမ်းများနေတဲ့၊ ဘယ်ခေါင်းဆောင်ထက်မဆို ဥပဒေက ပိုအားကောင်းတဲ့၊ ဘယ်ကလေးမှ စစ်သားအဖြစ် အလုပ်မခံရတဲ့၊ ဘယ်အမျိုးသမီးမှ နှိမ့်ချမဆက်ဆံခံရတဲ့၊ အမျိုးသားလုံခြုံရေးကို အရပ်ဘက်ထိန်းချုပ်မှုအောက်မှာ တာဝန်ထမ်း ဆောင်တဲ့စစ်ဘက်ကသာ အင်အားတောင့်တင်းစေတဲ့၊ လူထုက ရွေးကောက်တင်မြှောက်သူတွေသာ အုပ်ချုပ်ခွင့်ရဖို့အာမခံပေးတဲ့ အခြေခံဥပဒေတစ်ခုရှိတဲ့ အနာဂတ်၊ အဲဒီအနာဂတ်ဟာ ခင်ဗျားတို့ရောက်ရှိရမယ့် ခင်ဗျားတို့နဲ့ ထိုက်တန်တဲ့အနာဂတ်ပါပဲ။ အဲဒီခရီးမှာတော့ အရပ်ဘက်လူ့အဖွဲ့အစည်းကို အားကောင်းစေဖို့ ကျွန်တော်တို့ရဲ့ အထောက်အပံ့တွေကို သုံးပြီးတော့၊ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ လူ့အခွင့်အရေးမြှင့်တင်ဖို့အတွက် ခင်ဗျားတို့ရဲ့ စစ်ဘက်ကို စေ့စပ်ညှိနှိုင်းပြီးတော့၊ စီးပွားရေးဖွံ့ဖြိုးမှုရှိတဲ့ ဒီမိုကရေစီဖြစ်လာဖို့ ခင်ဗျားတို့ရဲ့ တိုးတက်အောင်အားထုတ်မှုတွေမှာ မိတ်ဖက်ဖွဲ့ပြီးတော့ အမေရိကဟာ ခင်ဗျားတို့ခြေလှမ်းတိုင်းကို ထောက်ပံ့ကူညီပေးသွားမယ်။
နိုင်ငံတိုင်းဟာ နိုင်ငံသားသတ်မှတ်ရေးအတွက် ရုန်းကန်နေရပါတယ်။ အမေရိကဟာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အကြီးအကျယ်အငြင်းပွားမှု တွေရှိခဲ့ပြီး ဒီနေ့အထိလည်း ဆက်ရှိနေတုန်းပါပဲ။ ဒါပေမဲ့ တစ်ကမ္ဘာလုံးအတွက် မှန်ကန်တဲ့စည်းမျဉ်းတချို့တော့ရှိပါတယ်။ သူတို့ ဘယ်သူ ဖြစ်တယ်၊ သူတို့ ဘယ်ကနေလာတယ်ဆိုတာ သက်သက်ကြောင့် သူတို့မိသားစုတွေကို ထိခိုက်မယ့် သူတို့အိမ်တွေမီးလောင်ခံရမယ့် ခြိမ်းခြောက်မှုတွေမရှိဘဲ လူတွေနေထိုင်ခွင့်ပါပဲ။ အခြေခံအရကတော့ ဒီတိုင်းပြည်ရဲ့လူတွေကိုသာ ခင်ဗျားတို့ရဲ့ယူနီယံအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားလိုပဲ ကျွန်တော် ယုံကြည်တာက အမျိုးမျိုးအထွေထွေ ကွဲပြားနေမှုဟာ အင်အားတစ်ရပ်ပါ။ ဒါဟာ အားနည်းမှု မဟုတ်ပါဘူး။ ကျွန်တော် ဘာလို့ဒီလိုပြောရသလဲဆိုတော့ ကျွန်တော့် တိုင်းပြည်၊ ကျွန်တော့်ဘ၀က ဒါကိုသင်ကြားပေးလိုက်လို့ပါ။ အမေရိကန်ပြည်ထောင်စုဟာ ခရစ်ယာန်တွေ၊ ဂျူးတွေ၊ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူနဲ့ ဘယ်ဘာသာ ကိုမှမယုံကြည်သူတွေ စုပေါင်းနေထိုင်တဲ့နိုင်ငံပါ။ ကျွန်တော်တို့နိုင်ငံ အကြောင်းကို ဘာသာစကားတိုင်းက ပုံသွင်းပေးပြီး ယဉ်ကျေးမှုတိုင်းက ကြွယ်ဝစေပါတယ်။ ကျွန်တော်တို့ဟာ ပြည်တွင်းစစ်နဲ့ လူမျိုးရေးခွဲခြားမှုတွေရဲ့ ခါးသီးမှုကို မြည်းစမ်းခဲ့ကြရပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့သမိုင်းက လူတွေရဲ့နှလုံးသားထဲက မုန်းတီးမှုတွေလျော့ကျပြီး လူမျိုးနွယ်တွေနဲ့ လူမျိုးစုတွေအကြား ခွဲခြားသတ်မှတ်ထားတဲ့ မျဉ်းတွေပျက်ပြယ်သွားတဲ့အကြောင်း ကျွန်တော်တို့ကို ပြသခဲ့ပါပြီ။ ပြီးတော့ ဘာများကျန်ရစ်ခဲ့ပါသလဲ။
အမေရိကန်မှာ ရိုးရှင်းတဲ့အမှန်တရား တစ်ခုပဲကျန်ခဲ့ပါတယ်။ အများကြီးထဲမှာမှ ကျွန်တော်တို့ဟာ တစ်နိုင်ငံတည်း၊ ကျွန်တော်တို့ဟာ ပြည်သူတစ်ရပ်တည်းဆိုတာပါပဲ။ အချိန်နဲ့အမျှ ဒီအမှန်တရားဟာ ကျွန်တော်တို့ ယူနီယံကို ပိုပြီးအင်အားကောင်းအောင် လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ချစ်မြတ်နိုးစွာ ဆုပ်ကိုင်ထားတဲ့ ဒီမိုကရေစီအခြေခံ စည်းမျဉ်းတွေကိုချဲ့ထွင်ဖို့ ကျွန်တော်တို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။ တစ်ချိန်က ကျွန်တော့်ကို မဲပေးခွင့်ရဖို့တောင် ငြင်းပယ်ခဲ့တဲ့အစဉ်အလာရှိခဲ့ဖူးတဲ့ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံရဲ့ သမ္မတအဖြစ် ဒီကနေ့မှာ ကျွန်တော်ဟာ ခင်ဗျားတို့ရဲ့ရှေ့မှာ ရပ်နေပါတယ်။ ဒါကြောင့် ကျွန်တော် အလေးအနက်ယုံကြည်တာက ဒီတိုင်းပြည်ဟာ သူရဲ့မတူကွဲပြားမှုတွေကို ကျော်လွှားနိုင်ပြီး ဒီနယ်နိမိတ်တွေအတွင်းရှိနေတဲ့ လူသားတိုင်း ခင်ဗျားတို့နိုင်ငံရဲ့ အကြောင်းအရာတစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ပါပဲ။
ကျေးဇူးတင်ပါတယ်...။
ထိပ်တန်း Android Application Download ဝက်ဘ်ဆိုက် ၁၀ ခု
by Moenge Aung on Monday, November 19, 2012 at 3:37pm 
Photo
Android Device တွေမှာ ထည့်သွင်း အသုံးပြုနိုင်ဖို့အတွက် Application တွေကို အွန်လိုင်းမှတစ်ဆင့် အခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအခမဲ့ ရယူနိုင်တဲ့ ဝက်ဘ်ဆိုက်တွေဟာလည်း များစွာပေါ်ထွက်လျက် ရှိနေပြီး ထိပ်တန်း Android Application Download ဝက်ဘ်ဆိုက် ၁၀ ခု အကြောင်းကို ဖော်ပြပေးလိုက် ပါတယ်။
1. 1mobile
1mobile ကတော့ Android User အများစု သိရှိပြီးသားဖြစ်မယ့် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ Page ပေါင်း နှစ်သောင်းခုနှစ်ထောင်ကျော် ပါဝင်တဲ့ 1mobile မှာတော့ အခြားဝက်ဘ်ဆိုက်တွေထက်ကို ဝင်ရောက်လေ့လာပြီး ဒေါင်းလုပ်ရယူသူ များပြားလှပါတယ်။ ဝက်ဘ်ဆိုက်ရဲ့လင့်ကတော့ www.1mobile.com
ဖြစ်ပါတယ်။
2. Approb
Android Application တွေ အခမဲ့ ရယူနိုင်မယ့် ဝက်ဘ်ဆိုက်တွေအကြောင်းကို ပြောမယ်ဆိုရင် Approb ကို ကျော်သွားလို့ရနိုင်မှာ မဟုတ်ပါဘူး။ နေ့စဉ်ဝင်ရောက်ကြည့်ရှုသူပေါင်း နှစ်သောင်းကျော်ရှိပြီး ပမာဏကြီးမားတဲ့ ဂိမ်းများကိုပါ ရယူနိုင်မှာ ဖြစ်ပါတယ်။ Application Installation ပိုင်းနဲ့ပတ်သက်လို့လည်း ရှင်းလင်းချက်များ ပါဝင်နေပါတယ်။ ဝက်ဘ်ဆိုက်ရဲ့လင့်ကတော့ www.approb.com ဖြစ်ပါတယ်။
3. Android freeware
ဝက်ဘ်ဆိုက်ရဲ့ နာမည်ကိုက Android freeware ဖြစ်ပြီး Android Application တွေကို အခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။ အခမဲ့ ရယူနိုင်မယ့် Application နဲ့ Game များစွာကို ဝက်ဘ်ဆိုက်အတွင်းမှာ ထည့်သွင်းပေးထားပြီး Android freeware ရဲ့ Fan ပေါင်း နှစ်သောင်းလေးထောင်ကျော် အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်ရဲ့လင့်ကတော့ www.androidfreeware.net
ဖြစ်ပါတယ်။
4. Androidapps
Androidapps ဟာလည်း Android Application တွေကို အခမဲ့ ရယူနိုင်မယ့် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ Application တွေကို Category အလိုက် ခွဲခြားပေးထားပြီး စာမျက်နှာပေါင်း တစ်သောင်းငါးထောင်ကျော် ပါဝင်နေပါတယ်။ ဝက်ဘ်ဆိုက်ရဲ့လင့်ကတော့ www.androidapps.com
ဖြစ်ပါတယ်။
5. Androidgamesroom
Android Application နဲ့ Game အမျိုးအစားပေါင်းစုံလင်စွာရှိတဲ့ ဝက်ဘ်ဆိုက်တစ်ခုကို ထပ်မံဖော်ပြပေးရမယ် ဆိုရင်တော့ Androidgamesroom မှာ ဝင်ရောက် လေ့လာရယူနိုင်မှာ ဖြစ်ပါတယ်။ မိမိဒေါင်းလုပ်ရယူလိုတဲ့ Application နဲ့ Game တွေကို အလွယ်တကူ ရှာဖွေနိုင်မှာဖြစ်ပြီး နေ့စဉ်ဝင်ရောက် ကြည့်ရှုသူပေါင်း တစ်သောင်းနှစ်ထောင်ကျော် ရှိပါတယ်။ ဝက်ဘ်ဆိုက်ရဲ့လင့်ကတော့ www.androidgamesroom.com
ဖြစ်ပါတယ်။
6. Playandroid
နံပါတ် ၆ နေရာမှာရှိတဲ့ Playandroid ကိုတော့ နေ့စဉ်ဝင်ရောက်လေ့လာသူပေါင်း တစ်သောင်းကျော်ရှိနေတဲ့ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ Category အလိုက်ခွဲခြားထားတဲ့ Application နဲ့ Game တွေကို အခမဲ့ ရယူနိုင်မှာဖြစ်ပြီး Register ပြုလုပ်ထားသူများအနေနဲ့ ပိုမိုများပြားတဲ့ Application တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်ရဲ့လင့်ကတော့ www.playandroid.com
ဖြစ်ပါတယ်။
7. Best android downloads
Best android downloads မှာတော့ အရွယ်အစားကြီးမားတဲ့ ဂိမ်းအမျိုးအစား http://www.appdoll.com
တွေကို ရယူနိုင်ဖို့ အခွင့်အလမ်းများပါတယ်။ များစွာသော Category တွေထဲက Application နဲ့ Game တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။ မိမိရယူလိုတဲ့ ဖိုင်တွေကို ရှာဖွေဖို့အတွက်လည်း Keywords တွေကတဆင့် အလွယ်တကူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်ရဲ့ လင့်ကတော့ www.bestandroiddownloads.com
ဖြစ်ပါတယ်။
8. Appsapk
ရိုးရှင်းတဲ့ ဒီဇိုင်းသွင်ပြင်ရှိပြီး၊ Application တွေကို အခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူများအတွက် အဆင်အပြေဆုံးပုံစံနဲ့ တည်ဆောက်ထားပြီး နေ့စဉ်အသုံးပြုသူပေါင်း နှစ်ထောင်ကျော် ရှိပါတယ်။ အလွန်ကောင်းမွန်တဲ့ ရှာဖွေမှုစနစ်ကို ထည့်သွင်းထားတဲ့ Appsapk ရဲ့ လင့်ကတော့ www.appsapk.com
ဖြစ်ပါတယ်။
9. Android software download
Android software download ကတော့ စာမျက်နှာပေါင်း ငါးရာကျော်နဲ့ နံပါတ်ကိုးနေရာမှာ ရှိနေပါတယ်။ Android Application နဲ့ Game တွေကို အခမဲ့ ရယူနိုင်မှာဖြစ်ပြီး လင့်ကတော့ www.androidsoftwaredownload.com
ဖြစ်ပါတယ်။
10. Appdoll
နံပါတ်တစ်ဆယ်နေရာမှာတော့ Appdoll က ရယူထားပတယ်။ ဒီဝက်ဘ်ဆိုက်အတွင်းမှာတော့ Android နဲ့ပတ်သက်တဲ့ Application နဲ့ Game တွေကို အခမဲ့ ရယူနိုင်မှာဖြစ်ပြီး အလွယ်တကူ ရယူနိုင်ဖို့အတွက် Category အလိုက် ခွဲခြားပေးထားပါတယ်။ ဝက်ဘ်ဆိုက်လင့်ကတော့ www.appdoll.com
ဖြစ်ပါတယ်။
ေ၇ွှမန်းသားလေးဝေယံ (နည်းပညာ) ဆိုက်ကူးယူဖေါ်ပြသည်။
လူသေက မိသားစုထံ ဖုန်းခေါ်ခဲ့
ယုံတဲ့သူ ရှိသလို မယုံတဲ့သူများလည်း ရှိပြီး ဇဝေဇ၀ါနဲ့ ကျန်ခဲ့တဲ့ ဖြစ် ရပ်လေး တစ်ခု ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ San Fernando တောင်ကြားက မီးရထားလမ်းမှ မီးရထား ခေါင်းချင်းဆိုင်တိုက်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ရလဒ် ကတော့ ၁၃၅ ဦး ဒဏ်ရာရပြီး ၂၅ ဦး သေဆုံးခဲ့ပါတယ်။ ယင်းသေဆုံးသူ ထဲမှာ တစ်ယောက်ကတော့ သူ့မိသားစုထံ ဖုန်းခေါ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါ တယ်။
အသက် ၄၉ နှစ်အရွယ် Charles E.Peck ဟာလေဆိပ်မှာ အလုပ်လုပ်တဲ့ ၀န်ထမ်းတစ်ဦး ဖြစ်ပြီး အရွယ်ရောက် သားသမီး ၃ ဦးနဲ့ ဇနီးတစ်ဦး ရှိပါတယ်။ အလုပ်အတွက် အင်တာဗျူးသွားဖြေ
ရန် လော့အိမ်ဂျလစ်မြို့ သို့ ရထားနဲ့ သွားတာ ဖြစ်ပါတယ်။ ခရီးသည် ၂၂၅ ဦး တင်ဆောင်တဲ့ ယင်းရထား တစ်နာရီ ၈၃ မိုင်အရှိန်ရှိပြီး က တစ်ဖက်ကလာတဲ့ ရထား နဲ့ ခေါင်းချင်းဆိုင် တိုက်ပါတယ်။ အလူးလူး အလိမ့်လိမ့်နဲ့ နှစ်စီးလုံး တိမ်းမှောက်ပြီး ကယ်ဆယ်ရေးများ လာရောက်ခဲ့ရပါတယ်။
ရထားမောက်ပြီး ၁၂ နာရီကြာမှ သေဆုံးနေသူ Charles ကိုတွေ့ရှိပါတယ်။ သို့ပေမယ့် ရထားမှောက်ပြီး ၁၁ နာရီလုံးလုံး ချားစ်ဟာ သူ့ဇနီးနဲ့ သားသမီး ၃ ဦးစီ ဖုန်း ၃၅ ကြိမ် တိတိ ခေါ်ဆိုခဲ့ပါတယ်။ ဖုန်းကိုင်တဲ့အချိန်ကျ ပြန်ဖြေ တဲ့ အသံမကြားရပါဘူး။ ပြန်ခေါ်တော့လည်း Message ထားခဲ့ပါရန် ဆိုတဲ့ အော်တို answer ကပဲ ဖြေကြားပါတယ်။
နောက်တော့ မိသားစုဟာ ချားစ်မသေသေးဘူး ယုံကြည်ချက်နဲ့ တိမ်းမှောက်တဲ့ နေရာကိုလာပြီး စောင့်ဆိုင်းပါတယ်။ ဖုန်းအခေါ် နောက်ဆုံး call ပြီး တစ်နာရီကြာပြီးမှာတော့ အသက်မရှိတော့တဲ့ ချားစ်ကို တွေ့ရှိခဲ့ပါတယ်။ တစ်ခုထူးဆန်းတာက ချားစ်အနားမှာ သူ့ဖုန်း လုံးဝ မရှိပါဘူး။ အသက်သေလုနီးနီးမှာ သူချစ်ရတဲ့ မိသားစုကို ဖုန်းခေါ်တာ မှန်ပေမယ့် ဖုန်းကျတော့ အနီးဝန်းကျင်မှာ လုံးဝ မရှိပဲ ပျောက်ပါပျောက် ဆုံးနေပါတယ်။ နောက်တော့ အလောင်းတွေ့ပြီးချိန် မှာ တော့ဖုန်းကို ခေါ်လို့ မရတော့ပါဘူး။  ရထားမှောက်ပြီး ပေါက်ကွဲမှုထဲမှာ ဖုန်းပါသွားတယ်လို့လည် ယူဆကြပါတယ်။
ယင်းကို ယုံကြည်သူ ရှိသလို မယုံကြည်သူများလည်း ရှိပါတယ်။ သို့ပေမယ့် ကြောက်စရာ၊ ၀မ်းနည်းစရာ ဖြစ်ရပ်တစ်ခုကတော့ သေပြီးတဲ့ လူက သူ့မိသားစုထံ ဖုန်းခေါ်ခြင်း ဆိုတာပဲ ဖြစ်ပါတယ်။
--
Ref: snopes.com
by- .innewsmyanmar
ဗုံးအတုဖြင့် စိတ်ဒုက္ခဖန်တီးခဲ့သူအား သြစတြေးလျက ထောင် ၁၀ နှစ်ထက်မနည်း ချမှတ်မည်
(ဗုံးအတု လည်ပင်းတွင် ချိတ်ဆွဲခံခဲ့ရသည့် မက်ဒယ်လင်း ပူလ်ဗာ)
 အသက်(၅၂)နှစ်ရှိ ပေါလ်ဒေါက်ဂလက်စ် ပီတာစ်အား ဆယ်ကျော်သက် မိန်းကလေးငယ် တစ်ဦးကို စိတ်ပိုင်းဆိုင်ရာ ရက်စက်စွာ ပြုမူညှင်းပန်းမှုအတွက် ဆစ်ဒနီ တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသမီးငယ် တစ်ဦးအား ဗုံးအတုကို လည်ပင်းတွင် ချိတ်ဆွဲကာ ဆိုးရွားသော စိတ်ဒုက္ခမျိုး ဖန်တီးခဲ့သူအား ထောင်ဒဏ် (၁၀)နှစ်ထက်မနည်း ချမှတ်ရန် ဩစတြေးလျ တရားရုံး တစ်ခုက ဆုံးဖြတ်လိုက်သည်။ အသက်(၅၂)နှစ်ရှိ ပေါလ်ဒေါက်ဂလက်စ် ပီတာစ်အား ဆယ်ကျော်သက် မိန်းကလေးငယ် တစ်ဦးကို စိတ်ပိုင်းဆိုင်ရာ ရက်စက်စွာ ပြုမူညှင်းပန်းမှုအတွက် ဆစ်ဒနီ တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 
ထိုဖြစ်စဉ်တွင် ကိုယ်တိုင်ကိုယ်ကျ သားကောင်ဖြစ်ခဲ့ပြီး ယခုအခါ အသက်(၁၈)နှစ်အရွယ် ရှိပြီဖြစ်သော မိန်းကလေး မက်ဒယ်လင်း ပူလ်ဗာက အဆိုပါ တရားရုံး ပြစ်ဒဏ်အတွက် ကျေနပ်ကြောင်း ဆိုသည်။ ပေါလ်သည် (၁၀)နှစ်မှ (၁၃)နှစ်ခွဲအတွင်း ထောင်ဒဏ်ကို ကျခံရန် တရားရုံးက စီရင်သတ်မှတ်ခဲ့သည်။
မက်ဒယ်လင်းသည် အလွန်ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ဆိုးရွားသော အချိန်ကာလ (၁၀)နာရီကျော်ကို ဖြတ်သန်းခဲ့ရသည်။ သူမအား ပေါလ်က လည်ပင်းတွင် သတ္တုသေတ္တာ တစ်လုံးကို စက်ဘီးချည်သည့် သံကြိုးဖြင့် ခတ်ကာ ဗုံးဟု ပြောဆိုသွားခဲ့သည်။ ပြီးခဲ့သည့် ဩဂုတ်လက ဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့မှ ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူများသည် ယင်းသေတ္တာကို (၁၀)နာရီကျော် အချိန်ယူပြီး ဖြုတ်ထုတ် ဖယ်ရှားခဲ့ရသည်။ သို့သော်လည်း နောက်ပိုင်းတွင် ဗုံးမှာ အတုသာဖြစ်ကြောင်း ဖော်ထုတ်လာနိုင်ခဲ့သည်။
တရားရုံး စီရင်ချက် ပြစ်ဒဏ်ကို ကြားသိရချိန်တွင် မက်ဒယ်လင်းနှင့် မိသားစုသည် ပျော်ရွှင်မှုကြောင့် မျက်ရည်ပင် ကျခဲ့သေးသည်။ "ကျွန်မ ပျော်ရွှင်မိတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်။ ကိစ္စအားလုံး ပြီးပြတ်သလောက် ဖြစ်ခဲ့ပါပြီ။ ကျွန်မ ကြုံတွေ့ခဲ့တာတွေက အရမ်းခြောက်ခြားဖို့ ကောင်းခဲ့တာပါ"ဟု မက်ဒယ်လင်းက သတင်းထောက်များအား ပြောကြားခဲ့သည်။ တရားရုံးက တရားခံသည် ပြစ်မှုကျူးလွန်ချိန်တွင် စိတ်ဝေဒနာ တစ်စုံတစ်ရာ လွှမ်းမိုးဖိနှိပ်မှု ခံထားရခြင်း မရှိဟု ဆုံးဖြတ်ခဲ့သည်။
တရားသူကြီး ပီတာဇာဟာရာက "ဒီပြစ်မှုရဲ့ ကြီးလေးတဲ့ ရည်ရွယ်ချက်ကို ဂျူရီလူကြီး အားလုံး သဘောပေါက်ပါတယ်။ တရားလိုအပေါ် သူဘယ်လို ထိခိုက် နာကျင်စေခဲ့တယ်ဆိုတာ ခံစားနိုင်ပါတယ်။ သူ့စိတ်အခြေအနေက သာမန်ထက် နည်းနည်းလောက် တည်ငြိမ်မှု ပျက်ပြားနေတယ် ဆိုရင်တောင် မိန်းကလေး အနေနဲ့ ဘယ်လောက် ကြောက်ရွံ့ တုန်လှုပ်နေခဲ့သလဲ ဆိုတာကို တရားခံက ကောင်းကောင်း သိနေတာပါ။ အဲဒီ အကြောက်တရားကို ဖော်ပြဖို့တောင် ခက်ခဲပါလိမ့်မယ်"ဟု ပြောဆိုခဲ့သည်။
တရားခံသည် ထိုကိစ္စအတွက် အစစ်ဆေးခံစဉ် မိမိ၏ ငွေရေးကြေးရေး အကျပ်အတည်းနှင့် ကျရှုံးခဲ့သော အိမ်ထောင်ရေးတို့ကြောင့် ယခုကဲ့သို့ စိတ်ရူးပေါက်သော လုပ်ရပ်မျိုး ကျူးလွန်မိခဲ့ကြောင်း တရားသူကြီးများထံ ငိုကြွေး လျှောက်လှဲခဲ့သေးသည်။ ၎င်းသည် မက်ဒယ်လင်း တစ်ဦးတည်း ရှိနေစဉ် အိမ်ထဲသို့ ချဉ်းနင်းဝင်ရောက်ကာ ယခုပြစ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ ပေါလ်အား ရက်ပိုင်းအတွင်း အမေရိကန်တွင် ဖမ်းဆီးမိခဲ့ပြီးနောက် တရားစွဲဆိုခဲ့ခြင်းဟု သိရှိရသည်။  ဧဒင်မှ
အမေရိကန် အရာရှိများပါသော အဖွဲ့ ဘင်္ဂါလီ ဒုက္ခသည်စခန်း လေ့လာ
ငြိမ်းချမ်း
အမေရိကန်နိုင်ငံမှ အဆင့်မြင့် အရာရှိများပါဝင်သည့် အဖွဲ့တဖွဲ့သည် ယခုလ ၁၆ ရက်နေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊စစ်တကောင်း တိုင်း၊ ကော့စ်ဘာဇာခရိုင်၊ ဦးကီယာမြို့နယ်ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။
အမေရိကန် Civilian Security, Democracy And Human Rights Department မှ အတွင်းရေးမှူး Maria, ဒုတိယ လက်ထောက် အ တွင်း ရေးမှူး Keli Clements နှင့် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမေရိကန်သံအမတ် Dan Mozena တို့ ပါဝင်သောအဖွဲ့သည် ကူတူပါလန်ကျေး ရွာရှိ ကု လသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသည့် စခန်းနှင့် UNHCR မှ ဒုက္ခသည်အ ဖြစ် အသိအမှတ်မပြုသည့် စခန်းများကို သွားရောက်ကာ လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ကူတူပါလန် ဒုက္ခသည်စခန်းရှိ UNHCR အသိအမှတ်ပြု ဒုက္ခသည်များ၊ အသိအမှတ်ပြုမခံရသော ဒုက္ခသည်များ နေ ထိုင် သည့် နေရာများနှင့် စာသင်ကျောင်းများကို လှည့်လည် ကြည့်ရှုကြောင်း ဒုက္ခသည်တဦးဖြစ်သူ ကိုမောင်သိန်း (ခ) အအူအာမက်က ပြော သည်။
၎င်းက “ကျနော်တို့ စခန်းတခုလုံးကို လိုက်ကြည့်တယ်။ ကျနော်တို့ ဒုက္ခသည်တွေထဲက ကလေး ငယ် တွေနဲ့ သက်ကြီးရွယ်အိုတချို့ကို ခေါ် ပြတယ်။ ဒုက္ခသည်တွေကို စစ်ဆေးမေးမြန်းတာမျိုးတော့ မရှိဘူး။ စခန်းတာဝန်ခံတွေနဲ့ပဲ ပြော ဆိုသွားတာကို တွေ့ရပါတယ်” ဟု ဆို သည်။
ယင်းအဖွဲသည် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရသူတွေကို ကျန်းမာရေး အကူအညီပေးနေသည့် ဟော်လန် နယ်စည်းမခြား ဆရာ ဝန် အ ဖွဲ့ (MSF – Holland) ၏ ဆေးခန်းသို့လည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဒုက္ခသည်တဦးဖြစ်သည့် နိုဒူဟောက် မာဇီ က “UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး အပြည့်အဝ ထောက်ပံ့ပေးတာက နည်း နည်း ပဲရှိတယ်။ ကျန်တဲ့အများစုက ဘာအကူအညီမှ မရဘူး။ ဒုက္ခသည်တွေ စားစရာ မလောက် ဘူး၊ ကျောင်းမတက်နိုင်တဲ့ ကလေးတွေ လည်း အများကြီးပဲ” ဟု ပြောသည်။
ဘင်္ဂလာဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက်တွင် နော်ယာပါရာ၊ လေဒန်းနှင့် ကူတူပါလန် ဒုက္ခသည်စခန်းများ ရှိသည့်အနက် ကူတူပါလန် ဒုက္ခ သည်စခန်းတွင် UNHCR မှ အသိအမှတ်ပြုပြီး ကူညီထောက်ပံ့ပေးထားသူ ၁၂၀၀၀ ကျော်၊ UNHCR ဒုက္ခသည်ကတ်သာ ရရှိသူ ၁၇၀၀၀ ကျော်နှင့် UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်မပြုသူ ၁ သိန်းကျော်ရှိကြောင်း သိရသည်။
“UN က ဒုက္ခသည် စခန်းထဲမှာ သူငယ်တန်းကနေ ၇ တန်းအထိ တက်နိုင်တဲ့ ကျောင်းတွေ ဆောက် ပေးထားတယ်။ ၇ တန်းအောင်ရင် တော့ အပြင်မှာတက်ရတယ်။ အပြင်မှာ တက်တဲ့လူတွေကိုလည်း UN က စရိတ်ထောက်ပံ့ပေးတယ်” ဟု စခန်းအတွင်းမှ ကျောင်းဆရာ တ ဦးက ပြောသည်။
စာသင်ကျောင်းများတွင် ဘင်္ဂါလီစာ၊ အင်္ဂလိပ်စာ၊ မြန်မာစာ၊ သင်္ချာ စသည်တို့ သင်ကြားကြောင်း၊ ဒုက္ခသည်အဖြစ် အသိမှတ်ပြုမခံရသူ များ၏ သားသမီးများမှာမူ မိဘ အုပ်ထိမ်းသူများ၏ အခြေအနေပေါ် မူတည်ပြီး ကျောင်းမတက်နိုင်သူများလည်း ရှိကြောင်း သိရသည်။
ကိုမောင်သိန်း (ခ) အအူအာမက်က ကျောင်းထားနိုင်သည့် မိသားစုများနှင့် ပတ်သက်၍ “သူတို့ကျတော့ တရားမဝင် လမ်းကြောင်းကနေ ပြည် ပရောက်သွားကြတဲ့ လူတွေက ထောက်ပံ့တာတွေ ရှိတယ်။ ဒေသတွင်းမှာ အလုပ် ထွက်လုပ်ကြတာတွေ ရှိတယ်။ အဆင်ပြေတဲ့ လူ တွေကျ တော့ ကလေးတွေကို ကျောင်းထားနိုင်တယ်။ အဆင်မပြေတဲ့ လူတွေကျတော့ ကျောင်းမထားနိုင်ဘူး” ဟု ပြောသည်။
မပုပ်မသိုး စွန်းလွန်း ဆရာတော်ဘုရားကြီး ရုပ်ကလာပ် နိုင်ငံခြား ဧည့်သည်များ အထူးစိတ်ဝင်စား
မပုပ်မသိုး စွန်းလွန်းဆရာတော်ဘုရားကြီး ရုပ်ကလာပ် နိုင်ငံခြား
ဧည့်သည်များအထူးစိတ်ဝင်စား
Tuesday, 20 November 2012 
ဘ၀နတ်ထံပျံလွန်သွားသည်မှာ နှစ်ပေါင်း(၆၀)ကျော်ခဲ့ပြီဖြစ်သော်လည်း
ယနေ့တိုင်မည်သည့် ဆေးဝါးအကူအညီမျှမပါ မပုပ် မသိုးဘဲ ပကတိအတိုင်းရှိနေသည့်  စွန်းလွန်းဆရာတော်ဘုရားကြီး ဦးက၀ိ ရုပ်ကလာပ်တော်နှင့်ပတ် သက်၍ အနယ်နယ်အရပ်ရပ်မှ  ဘုရားဖူးဧည့်သည်များ အထူး ကြည်ညိုစိတ်ဝင်စားကြသကဲ့သို့
ပြည်ပနိုင်ငံများမှ ဧည့်သည်များ ကလည်း ဆရာတော်ကြီး၏ မပုပ် မသိုးရုပ်ကလပ်တော်အား အထူး စိတ်ဝင်စားကြောင်း စွန်းလွန်းဂူကျောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
““ဆရာတော်ကြီးက သက်တော်(၇၅) ၀ါတော်(၂၈)မှာ ပျံလွန်တော်
မူခဲ့တာပါ။လက်ရှိဒီမှာထားရှိ ပူဇော်တာကတော့ နှစ် (၆၀)ကျော်ပါပြီ။
အနယ်နယ်အရပ်  ရပ်က လူတွေ ဆရာတော်ကြီးရဲ့   ရုပ်ကလာပ်ကို လာရောက်ဖူးမျှော် ကြည်ညိုကြသလို ပြည်တွင်းက   ခရီးသွား
ကုမ္ပဏီတွေရဲ့အစီအစဉ်  နဲ့မြင်းခြံကိုရောက်လာတဲ့ နိုင်ငံခြား ဧည့်သည်တွေကလည်း ဆရာ တော်ကြီးရဲ့မပုပ်မသိုးတဲ့ ရုပ်က လာပ်တော်ကို အံဖွယ်တစ်ခုလို  အရမ်းစိတ်ဝင်စားကြပါတယ်””
ဟု  စွန်းလွန်းကျောင်းတာဝန်ရှိသူ ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြော ကြားသွားသည်။
ဆရာတော်ကြီး၏ ရုပ်က လာပ်တော်အား လာရောက်လေ့ လာသည့် UK နိုင်ငံသား မစ္စတာ ဘင်းဒရစ်အားHot News သတင်းထောက်က ဆရာတော် ကြီးရုပ်ကလပ်နှင့်ပတ်သက်၍မေး မြန်းကြည့်ရာ ““ထူးခြားတဲ့အံ့သြ  ဖွယ်ရာတွေ ကမ္ဘာမှာအများကြီး ရှိပါတယ်။အဲဒီထဲကမှ မြန်မာပြည် မှာက သဘာဝနဲ့ဆန့်ကျင်တဲ့ သူ တော်စင်၊သူတော်မြတ်တွေရဲ့ဆေး အကူအညီမပါတဲ့၊မပုပ်တဲ့ရုပ်က လာပ်တွေ အံ့သြဖွယ်ရာ တွေ့ရ ပါတယ်။ဒီလိုမျိုးတွေကိုကျွန်တော်      တို့အနေနဲ့မှတ်တမ်းယူပြီး ကမ္ဘာ  မှာပြန် Share မှာပါ””ဟု ပြော ကြားသွားသည်။
စွန်းလွန်းဆရာတော်ဘုရား ကြီးအား အဘဦးသန့်၊အမိဒေါ်တုတ်တို့မှ
မြန်မာသက်္ကရာဇ် ၁၂၃၉    ခုနှစ် တပေါင်းလဆန်း(၂)ရက်၊ တနင်္လာနေ့နံနက်(၃)နာရီတွင် ဖွားမြင်ခဲ့ပြီး သာသနာ့ဘောင်သို့ ၀င်ပြီးနောက် ၁၂၈၂ခုနှစ် ၀ါဆို လပြည့်ကျော် (၁၃)ရက်၌ ပထမ   တရားထူး၊၁၂၈၂ခုနှစ် ၀ါခေါင်လ ပြည့်ကျော်(၁၃)ရက်၌ ဒုတိယ တရားထူး၊၁၂၈၂ခုနှစ် တော်သလင်း     လပြည့်ကျော် (၁၃)ရက်၌ 
တတိယ တရားထူးနှင့် ၁၂၈၂ခုနှစ် သီတင်းကျွတ်လပြည့် (၁၃)ရက်၌   စတုတ်္ထတရားထူးများကို ရရှိတော် မူခဲ့ပြီး ၁၃၁၄ခုနှစ် ကဆုန်လပြည့် 
ကျော်(၉)ရက် စနေနေ့ ညနေ  (၄း၄၅)အချိန်၌ ပရိနိဗ္ဗာန်ပြု တော်မူခဲ့သည်။
ခန့်ခန့်(ဒဿနိက)
Hot News
Tuesday, 20 November 2012
ဘ၀နတ်ထံပျံလွန်သွားသည်မှာ နှစ်ပေါင်း(၆၀)ကျော်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင်မည်သည့် ဆေးဝါးအကူအညီမျှမပါ မပုပ် မသိုးဘဲ ပကတိအတိုင်းရှိနေသည့် စွန်းလွန်းဆရာတော်ဘုရားကြီး ဦးက၀ိ ရုပ် ကလာပ်တော် နှင့်ပတ် သက်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ အထူး ကြည်ညို စိတ်ဝင် စားကြသကဲ့သို့ ပြည်ပနိုင်ငံများမှ ဧည့်သည်များ ကလည်း ဆရာတော်ကြီး၏ မပုပ် မသိုးရုပ် ကလပ်တော်အား အထူး စိတ်ဝင်စားကြောင်း စွန်းလွန်းဂူကျောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
““ဆရာတော်ကြီးက သက်တော်(၇၅) ၀ါတော်(၂၈)မှာ ပျံလွန်တော် မူခဲ့တာပါ။လက်ရှိဒီမှာထားရှိ ပူဇော်တာကတော့ နှစ် (၆၀)ကျော်ပါပြီ။ အနယ်နယ်အရပ် ရပ်က လူတွေ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို လာရောက်ဖူးမျှော် ကြည်ညိုကြသလို ပြည်တွင်းက ခရီးသွား ကုမ္ပဏီတွေရဲ့အစီအစဉ် နဲ့မြင်းခြံကို ရောက်လာတဲ့ နိုင်ငံခြား ဧည့်သည်တွေကလည်း ဆရာ တော်ကြီးရဲ့မပုပ်မသိုးတဲ့ ရုပ်က လာပ်တော်ကို အံဖွယ်တစ်ခုလို အရမ်း စိတ်ဝင်စားကြပါတယ်”” ဟု စွန်းလွန်းကျောင်းတာဝန်ရှိသူ ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြော ကြားသွားသည်။
ဆရာတော်ကြီး၏ ရုပ်က လာပ်တော်အား လာရောက်လေ့ လာသည့် UK နိုင်ငံသား မစ္စတာ ဘင်းဒရစ်အားHot News သတင်းထောက်က ဆရာတော် ကြီးရုပ်ကလပ်နှင့်ပတ်သက်၍မေး မြန်းကြည့်ရာ ““ထူးခြားတဲ့အံ့သြ ဖွယ်ရာတွေ ကမ္ဘာမှာအများကြီး ရှိပါတယ်။ အဲဒီထဲကမှ မြန်မာပြည် မှာက သဘာဝနဲ့ဆန့်ကျင်တဲ့ သူ တော်စင်၊ သူတော်မြတ်တွေရဲ့ ဆေး အကူအညီ မပါတဲ့၊ မပုပ်တဲ့ရုပ်က လာပ်တွေ အံ့သြဖွယ်ရာ တွေ့ရ ပါတယ်။ ဒီလိုမျိုးတွေကိုကျွန်တော် တို့အနေနဲ့ မှတ်တမ်းယူပြီး ကမ္ဘာ မှာပြန် Share မှာပါ””ဟု ပြော ကြားသွားသည်။
စွန်းလွန်းဆရာတော်ဘုရား ကြီးအား အဘဦးသန့်၊အမိဒေါ်တုတ်တို့မှ မြန်မာသက်္ကရာဇ် ၁၂၃၉ ခုနှစ် တပေါင်းလဆန်း(၂)ရက်၊ တနင်္လာနေ့နံနက်(၃)နာရီတွင် ဖွားမြင်ခဲ့ပြီး သာသနာ့ဘောင်သို့ ၀င်ပြီးနောက် ၁၂၈၂ခုနှစ် ၀ါဆို လပြည့်ကျော် (၁၃)ရက်၌ ပထမ တရားထူး၊၁၂၈၂ခုနှစ် ၀ါခေါင်လ ပြည့်ကျော်(၁၃)ရက်၌ ဒုတိယ တရားထူး၊၁၂၈၂ခုနှစ် တော်သလင်း လပြည့်ကျော် (၁၃)ရက်၌ တတိယ တရားထူးနှင့် ၁၂၈၂ခုနှစ် သီတင်းကျွတ်လပြည့် (၁၃)ရက်၌ စတုတ်္ထတရားထူးများကို ရရှိတော် မူခဲ့ပြီး ၁၃၁၄ခုနှစ် ကဆုန်လပြည့် ကျော်(၉)ရက် စနေနေ့ ညနေ (၄း၄၅)အချိန်၌ ပရိနိဗ္ဗာန်ပြု တော်မူခဲ့သည်။
ခန့်ခန့်(ဒဿနိက)
Copy from - Myanmar Online News
ဘောလုံးသတင်းအကြောင်း ဖတ် နိုင် မည့် Android မြန်မာ ဆော့ဝ်
 ဘော လုံး ၀ါသနာ ပါတဲ့ သူ တွေ အကြိုက် ဖြစ် မှာ ပါ ။
ဒီမှာဒေါင်း ပါ ။
hotfile Download MyanmarSoccer.apk.
....
ဗန္ဓုလတံတားအဆင်း ဒေါပုံသင်္ဘောကျင်းအနီး ဘရိတ်ပေါက်ကာ ယာဉ် ၈ စီး ဆင့်တိုက်မှု ဖြစ်စဉ်မြင်ကွင်း
Updated 10 hours ago
ဗန္ဓုလတံတားအဆင်း(သာကေတ) ဒေါပုံသင်္ဘောကျင်းအနီး တွင် ဆီတင်ယာဉ် ဘရိတ်ပေါက်ကာ ယာဉ် ၈ စီး ဆင့်တိုက်မှု ယနေ့ (နိုဝင်ဘာလ ၂၀ရက်နေ့) ၁၁နာရီ ၀န်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း သိရသည်။လက်ရှိအချိန်တွင် ဒဏ်ရာရရှိသူ အရေအတွက်အား အတည်ပြုနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။
နိဗယ် မောင်နှမ
Kyaw Swar shared Tun Wai's photo.
နိုဗယ်မောင်နှမ
အမေစုနဲ့ အို ဘားမား
ကမ္ဘာပေါ်မှာ ထင်ကာရှား
သွေးသားလားလို့ ခေါ်ပါလား
ပြည်သူတွေက အမြဲအားထား
နိုဗယ် ဆုတံဆိပ်တွေနဲ့ 
ကမ္ဘာပေါ်မှာအရမ်းပျော်
အခင်အခဲများဖြေကာပေး
လက်ခုပ်သံက မြိုင်မြိုင်လေး။
နိုဗယ်မောင်နှမသတင်း
နေရာတိုင်းမှာမွှေးထုံသင်း
ကမ္ဘာမှာ ဒီမြင်ကွင်း
ဆုတွေ က တ၀င်းဝင်း
ချစ်လျက်ထုံသင်း။
ရင်ဘတ်ကြားကမေတ္တာစကား
ယုံတမ်းစကားနဲ့ 
ပြောလိုက်မယ်
အသည်းနှစ်မွှာကိုလဲ
စွဲလာသမျှ ပြောကာပြမယ်
တသက်လုံးအားထားစေ့ချင်တယ်။  ။
ကိုထွန်းဝေ
20.11.2012
အင်္ဂါနေ့ 
ဒီဇိုင်း ခွပ်ဒေါင်းအော်သံမှ..ကျေးဇူးတင်စွာဖြင့်..
နိဗယ် မောင်နှမ
အမေစုနဲ့ အို ဘားမား
ကမ္ဘာပေါ်မှာ ထင်ကာရှား
သွေးသားလားလို့ ခေါ်ပါလား
ပြည်သူတွေက အမြဲအားထား
နိုဗယ် ဆုတံဆိပ်တွေနဲ့ 
ထင်ပေါ်လို့ တကျော်ကျော်
ကမ္ဘာပေါ်မှာအရမ်းပျော်
အခင်အခဲများဖြေကာပေး
လက်ခုပ်သံက မြိုင်မြိုင်လေး။
နိုဗယ်မောင်နှမသတင်း
နေရာတိုင်းမှာမွှေးထုံသင်း
ကမ္ဘာမှာ ဒီမြင်ကွင်း
ဆုတွေ က တ၀င်းဝင်း
ချစ်လျက်ထုံသင်း။
ရင်ဘတ်ကြားကမေတ္တာစကား
ယုံတမ်းစကားနဲ့
ပြောလိုက်မယ်
အသည်းနှစ်မွှာကိုလဲ
စွဲလာသမျှ ပြောကာပြမယ်
တသက်လုံးအားထားစေ့ချင်တယ်။ ။
ကိုထွန်းဝေ
20.11.2012
အင်္ဂါနေ့ 
ဒီဇိုင်း ခွပ်ဒေါင်းအော်သံမှ..ကျေးဇူးတင်စွာဖြင့်..
အသက် ၂၇ နှစ်အရွယ် အင်္ဂလန်နိုင်ငံသူ Hazel Jones ဟာ အမျိုးသမီး အင်္ဂါနှစ်ခု ၊ သားအိမ် နှစ်ခု ၊ သားအိမ်ပြွန် နှစ်ခု ပါရှိ
Kotoke Gyi shared ရွှေမြန်မာများ Myanmar The Golden Land's photo.
အသက် ၂၇ နှစ်အရွယ် အင်္ဂလန်နိုင်ငံသူ Hazel Jones ဟာ အမျိုးသမီး  အင်္ဂါနှစ်ခု ၊ သားအိမ် နှစ်ခု ၊ သားအိမ်ပြွန် နှစ်ခု ပါရှိပါတယ်။
လက်ရှိအချိန်မှာ Jones ဟာ ITV ရဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာ သူ့ရဲ့ အပျိုရည် နှစ်ခါပျက် ခြင်းအကြောင်းနဲ့ပတ်သက်ပြီး ဆွေးနွေးနေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့မိတ်ဆွေတွေကိုအားလုံးကို ပြောပြပါသေးတယ်
လို့ Jones က ITV အစီအစဉ် ကြေငြာသူ Willoughby နဲ့ Phillip Schofield ကိုပြောပြပါတယ်။
ကျွန်မထင်တာကတော့ ဒါဟာ အရမ်းအံ့သြဖွယ်ကောင်းပြီး ကြားရတဲ့သူတွေကိုဆွံ့အ စေတယ်လို့ Jones က ဆက်လက်ပြီး ပြောပြသွားပါတယ်။
ထို့နောက် Jones က ဒါကိုကြည့်ချင်တဲ့ မည်သည့် အမျိုးသမီးကိုမဆို ပြသဖို့ ၀န်လေးမှာမဟုတ်သလို နည်းနည်းလေးမှတောင် ရှက်မိမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။
 ဒီ ထူးဆန်းအံသြဖွယ်ကောင်းတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး သူမ ၁၈ နှစ်အရွယ်အထိ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခဲ့သေးတယ်လို့ ပြောပြခဲ့ပါတယ်။
သူ့ကျောင်းနေဖက် သူငယ်ချင်းမိန်းကလေးတွေကို အမျိုးသမီး လစဉ်သုံးပစ္စည်း အတွက် ဘယ်….တစ်ခုကို (ဘယ်တစ်ခုကနေ လာနိုင်သလဲ) ဆိုတာကို မေးကြည့်ခဲ့သေးတယ်လို့ ပြောပြခဲ့ပါတယ်။ တစ်ကယ်တမ်းကျတော့ စိတ်ကသိကအောက် ဖြစ်စရာအခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်လို့ Jones က ပြောဆိုခဲ့ပါတယ်။
ကျွန်မရဲ့ဘ၀မှာ ထိတ်လန့်စရာ ကြွက်တက်ခြင်း အဖြစ်တွေကို ဆိုးရွားစွာ ကြုံတွေ့ခဲ့ရတယ်လို့ သူမက ဆက်လက်ပြောသွားခဲ့ပါတယ်။ဒါဟာ ခံထိုက်လို့ ခံရတာပဲလို့ သူမကပြောခဲ့ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူမမှာ သားအိမ်က နှစ်ခုရှိတာကိုး လို့ ပြောခဲ့ပါတယ်။
ဒါဆိုရင် ကျွန်မ ကိုယ်ဝန်ဆောင်တဲ့အချိန် အခြားသားအိမ်တစ်ခုမှာ သန္ဓေမတည်မိအောင် ဆင်ခြင်ဖို့ ဗဟုသုတ တစ်ခု ရခဲ့ပါတယ်။
သူမ အဲဒီလို အမျိုးသမီး အင်္ဂါ နှစ်ခုပါတာကို လူတွေသိပြီး သိပ်မကြာခင် ပုရိသအကြိုက် မဂ္ဂဇင်း Vivid Entertainment ကနေပြီးတော့ ရုပ်ရှင်ရိုက်ဖို့ ဒေါ်လာ ၁ သန်းပေးပြီး ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒါကို သူမ ငြင်းဆန်ခဲ့ပါတယ်။ 
http://satekuupuyar.blogspot.sg/2012/11/blog-post_8572.html
အသက် ၂၇ နှစ်အရွယ် အင်္ဂလန်နိုင်ငံသူ Hazel Jones ဟာ အမျိုးသမီး အင်္ဂါနှစ်ခု ၊ သားအိမ် နှစ်ခု ၊ သားအိမ်ပြွန် နှစ်ခု ပါရှိပါတယ်။
လက်ရှိအချိန်မှာ Jones ဟာ ITV ရဲ့ ရုပ်
မြင်သံကြား အစီအစဉ်မှာ သူ့ရဲ့ အပျိုရည် နှစ်ခါပျက် ခြင်းအကြောင်းနဲ့ပတ်သက်ပြီး ဆွေးနွေးနေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့မိတ်ဆွေတွေကိုအားလုံးကို ပြောပြပါသေးတယ်
လို့ Jones က ITV အစီအစဉ် ကြေငြာသူ Willoughby နဲ့ Phillip Schofield ကိုပြောပြပါတယ်။
ကျွန်မထင်တာကတော့ ဒါဟာ အရမ်းအံ့သြဖွယ်ကောင်းပြီး ကြားရတဲ့သူတွေကိုဆွံ့အ စေတယ်လို့ Jones က ဆက်လက်ပြီး ပြောပြသွားပါတယ်။
ထို့နောက် Jones က ဒါကိုကြည့်ချင်တဲ့ မည်သည့် အမျိုးသမီးကိုမဆို ပြသဖို့ ၀န်လေးမှာမဟုတ်သလို နည်းနည်းလေးမှတောင် ရှက်မိမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။
ဒီ ထူးဆန်းအံသြဖွယ်ကောင်းတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး သူမ ၁၈ နှစ်အရွယ်အထိ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခဲ့သေးတယ်လို့ ပြောပြခဲ့ပါတယ်။
သူ့ကျောင်းနေဖက် သူငယ်ချင်းမိန်းကလေးတွေကို အမျိုးသမီး လစဉ်သုံးပစ္စည်း အတွက် ဘယ်….တစ်ခုကို (ဘယ်တစ်ခုကနေ လာနိုင်သလဲ) ဆိုတာကို မေးကြည့်ခဲ့သေးတယ်လို့ ပြောပြခဲ့ပါတယ်။ တစ်ကယ်တမ်းကျတော့ စိတ်ကသိကအောက် ဖြစ်စရာအခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်လို့ Jones က ပြောဆိုခဲ့ပါတယ်။
ကျွန်မရဲ့ဘ၀မှာ ထိတ်လန့်စရာ ကြွက်တက်ခြင်း အဖြစ်တွေကို ဆိုးရွားစွာ ကြုံတွေ့ခဲ့ရတယ်လို့ သူမက ဆက်လက်ပြောသွားခဲ့ပါတယ်။ဒါဟာ ခံထိုက်လို့ ခံရတာပဲလို့ သူမကပြောခဲ့ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူမမှာ သားအိမ်က နှစ်ခုရှိတာကိုး လို့ ပြောခဲ့ပါတယ်။
ဒါဆိုရင် ကျွန်မ ကိုယ်ဝန်ဆောင်တဲ့အချိန် အခြားသားအိမ်တစ်ခုမှာ သန္ဓေမတည်မိအောင် ဆင်ခြင်ဖို့ ဗဟုသုတ တစ်ခု ရခဲ့ပါတယ်။
သူမ အဲဒီလို အမျိုးသမီး အင်္ဂါ နှစ်ခုပါတာကို လူတွေသိပြီး သိပ်မကြာခင် ပုရိသအကြိုက် မဂ္ဂဇင်း Vivid Entertainment ကနေပြီးတော့ ရုပ်ရှင်ရိုက်ဖို့ ဒေါ်လာ ၁ သန်းပေးပြီး ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒါကို သူမ ငြင်းဆန်ခဲ့ပါတယ်။
http://satekuupuyar.blogspot.sg/2012/11/blog-post_8572.html